23/01/2021
စွမ်းဆောင်ရည်ရှိသော ဈေးကွက်ကို ရှာဖွေခြင်း
စွမ်းဆောင်ရည်မြှင့်တင်ခြင်းသည် အမြဲတမ်းဖွံ့ဖြိုးတိုးတက်သော ဈေးကွက်သစ်တစ်ခုပဲဖြစ်ပါတယ်။ဆိုလိုသည့် အဓိပ္ပာယ်မှာ တိုးတက်မှု့များအတွက် နည်းလမ်းသစ်များသည် အစဉ်အဆက်မပြတ်ရှိပါသည်။ကျွန်မတို့သည် ထို နည်းလမ်းများကို ကောင်းစွာအသုံးချသင့်ပါသည်။ထိုစွမ်းဆောင်ရည်မြှင့်တင်သော အချက်များသည် သင်နှင့်သင့် စီးပွားရေးလုပ်ငန်းများအတွက် ပြိုင်ဘက်များနှင့်မတူကွဲပြားသော မဟာဗျူယာများကို ချမှတ်ပေးပါလိမ့်မယ်။ယ နေ့ခေတ်တွင် အင်တာနက်တွင်ကျယ်စွာအသုံးပြုမှု့အပေါ်မိမိ၏ စွမ်းဆောင်မှုအရည်အချင်းကို မြှင့်တင်နိုင်ပါ သည်။ထိုကဲ့သို့သော် စွမ်းဆောင်ရည် ပြောင်းလဲလာမှု့သည် ယခုအချိန်တွင် Digital Markting အဖြစ်အသွင်ပြောင်းလဲလာခဲ့သည်။Digital ဈေးကွက်ရှာဖွေခြင်းသည် နောင်နှစ်ပိုင်း စီးပွားရေးလုပ်ငန်းများအ တွက် ပိုမိုတွင်ကျယ်လာတော့ ကဏ္ဍတစ်ခုလည်းဖြစ်ပါတယ်။
ကိုယ်တိုင်စည်းရုံးနိုင်မှု့ဆိုတာ ကိုယ့်စိတ်ကို ကိုယ်control လုပ်နိုင်မှု့လို့ ပြောလို့ရပါတယ်။ကျွန်မကတော့ ကိုယ်တိုင်စည်းရုံးနိုင်မှု့မှာ အားနည်းတဲ့သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။အထူးသဖြင့် ကိုယ့်ကိုကိုယ် စည်းရုံးတဲ့ နေရာမှာပေါ့။ဒါပေမဲ့ အခြေအနေတစ်ခုအရ ကျွန်မကိုယ် ကျွန်မနားလည်းသဘောပေါက်ပြီး ကြိုတင်ပြင်ဆင်မှု့ တွေလုပ်ဖို့ ကြိုးစားခဲ့တယ်။ကျွန်မအတွက်တော့ အရမ်းအကျိုးရှိခဲ့တယ်။သင်လည်း သူများတွေနဲ့မတူညီတဲ့ရလဒ် ကို လိုချင်ရင် သူများနဲ့မတူတဲ့ လုပ်ဆောင်ချက်တွေနဲ့ ယနေ့မှစ ကြိုးစားကြည့်လိုက်ပါ။
ဘယ်ကစပြီး ကြိုးစားရမလဲမသိပဲ လမ်းပျောက်နေတယ်ဆိုရင် ကျွန်မ Ma Suni ဆီလှမ်းလာဖို့ ဖိတ်ခေါ်အပ်ပါတယ်။Comment Box မှတစ်ဆင့်ဖြစ်စေ/အောက်ပါ Page chat box မှတစ်ဆင့်ဖြစ်စေ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
Page Link;
https://www.facebook.com/professional.development.kp/
လတ်တလော Covid ကာလအတွက် မြန်မာနိုင်ငံအတွင်းရှိ SME Developmentများကို ကျွန်မတို့ Knowledge Powerhouse Training and Development မှ အထောက်အကူပြုပေးနေပါသည်။