STP Research Myanmar

STP Research Myanmar Myanmar Research Company
Conduct Quantitative and Qualitative Research
Social and Market Research Company in Myanmar
Working in Research Firm since 2000

Quantitative and Qualitative Research Projects

  AIDS Day 2025
05/12/2025

AIDS Day 2025

Moderator Training for U Reporters22.11.2025
24/11/2025

Moderator Training for U Reporters
22.11.2025



04/11/2025

မိတ်ကောင်းဆွေကောင်း ဆရာကောင်း အရေးကြီးပုံကို အမှတ်ရစေသောနေ့ဖြစ်သည့် တန်ဆောင်လပြည့်နေ့အတွက် ပါမောက္ခချုပ်ဆရာတော်ဘုရား ရေးသားချီးမြှင့်ပေးအပ်သည့် “တန်ဆောင်လပြည့် ဘဝသင်ခန်းစာ”

တန်ဆောင်လပြည့်
ဘဝသင်ခန်းစာ
——————————
(၁) ဗာလ ဆိုတာ အသိမရှိသူ။
(၂) ဗာလ ဆိုတာကောင်းကျိုးကို
ဖျက်ဆီးတတ်သူ။
(၃) ဗာလဆိုတာ ဆိုကျိုးကို။
ဖြစ်စေတတ်သူ။
(၄) ဗာလဆိုတာ မကောင်းမှု၌
စေခိုင်းတတ်သူ။
အဇာတသတ်မင်းသားသည်
ဗာလဖြစ်သည့် ရှင်ဒေဝဒတ်ကို
အထင်ကြီးမိပြီး သူခိုင်းသမျှ
လုပ်မိလို့ အမှားကိုကျူးလွန်ပြီး
ဘဝပျက်ရသည်၊
မြတ်ဗုဒ္ဓ၏အဆုံးအမကြောင့်
လူကောင်းသူကောင်းဖြစ်ရသည်။
တန်ဆောင်လပြည့်နေ့သည်
မိတ်ကောင်းဆွေကောင်း ဆရာ
ကောင်း အရေးကြီးပုံကို အမှတ်
ရစေသောနေ့ဖြစ်သည်။
ဗာလမှန်သမျှကို ရှောင်ကြပြီး
ပညာရှိသူတော်ကိုသာ ပေါင်းကြ
ရန် ဘဝသင်ခန်းစာယူကြပါကုန်။

ပါမောက္ခချုပ်ဆရာတော်
၁၃၈၇ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့

မေးခွန်းများ မေးမြန်းရာတွင် အဓိက မှတ်ရမည့်အချက်များ၊ (အရေအတွက်နှင့်ဆိုင်သော သုတေသန)အပိုင်း (၃)ဆက်သွယ်ရန်၊ comment တွင်ကြ...
26/09/2025

မေးခွန်းများ မေးမြန်းရာတွင် အဓိက မှတ်ရမည့်အချက်များ၊ (အရေအတွက်နှင့်ဆိုင်သော သုတေသန)

အပိုင်း (၃)

ဆက်သွယ်ရန်၊ comment တွင်ကြည့်ပါ။




မေးခွန်းများ မေးမြန်းရာတွင် အဓိက မှတ်ရမည့်အချက်များ၊ (အရေအတွက်နှင့်ဆိုင်သော သုတေသန)အပိုင်း (၂)ဆက်သွယ်ရန်၊ comment တွင်ကြ...
26/09/2025

မေးခွန်းများ မေးမြန်းရာတွင် အဓိက မှတ်ရမည့်အချက်များ၊ (အရေအတွက်နှင့်ဆိုင်သော သုတေသန)

အပိုင်း (၂)

ဆက်သွယ်ရန်၊ comment တွင်ကြည့်ပါ။




မေးခွန်းများ မေးမြန်းရာတွင် အဓိက မှတ်ရမည့်အချက်များ၊ (အရေအတွက်နှင့်ဆိုင်သော သုတေသန)အပိုင်း (၁)သုတေသနစီမံချက်တခု ပြုလုပ်သ...
25/09/2025

မေးခွန်းများ မေးမြန်းရာတွင် အဓိက မှတ်ရမည့်အချက်များ၊ (အရေအတွက်နှင့်ဆိုင်သော သုတေသန)
အပိုင်း (၁)

သုတေသနစီမံချက်တခု ပြုလုပ်သည့်အခါ သုတေသနဦးတည်ချက်များနှင့်အညီ မေးခွန်းများပြည့်စုံစွာဖြင့် မေးခွန်းလွှာ (Questionnaire) ကို တည်ဆောက်ကြပါတယ်။

ထို့နောက် မေးခွန်းမေးမည့်သူ (Interviewer) များ၊ ကြီးကြပ်သူ (Supervisor) များကို မေးခွန်းများ ရှင်းပြပေးခြင်း၊ လေ့ကျင့်ခြင်း၊ Pre-testing (သို့) နှင့် Pilot ပြုလုပ်ခြင်းများ ပြီးစီးမှ အချက်အလက်ကောက်ယူမှုများ စတင်လေ့ရှိကြပါတယ်။

အချက်အလက်ကောက်ယူမည့် မေးခွန်းလွှာသင်တန်း စတင်ပေးချိန်၊ (မေးခွန်းများ ရှင်းပြမှု မစတင်မီ (သို့) အရည်အချင်း ပြည့်မီသည့် Interviewer များ ရွေးချယ်မှုများ ပြုလုပ်ပြီးနောက်) ယခု မေးခွန်းများမေးမြန်းရာတွင် မှတ်သားရမည့်အချက်များကို အရေအတွက်နှင့်ဆိုင်သော သုတေသနအတွက် ရှင်းပြကြရပါတယ်။

သုတေသနနှင့်ဆိုင်သော သင်တန်းများပေးရာတွင် ပါဝင်သည့်အခြားအချက်များ (ဥပမာ-ကျင့်ဝတ်များ၊ အရည်အသွေးနှင့်အရေအတွက်သုတေသနကွာခြားချက်များ၊ နမူနာကောက်နည်း စသည်များကို ဤနေရာတွင် ထည့်သွင်းမပြောတော့ပါ)

(အိမ်တံခါး မခေါက်မီ၊ မိမိထံတွင် မေးခွန်းလွှာ (Hard copy/ Tablet) ဘောပင်၊ Show Card စသည့်အရာများ Interview အတွက် အသင့် ရှိနေရန်။ (အချိန်ဆွဲခြင်း၊ အခြားစကားများပြောခြင်းမှ ရှောင်ကျဉ်ရန်) - Ready to Interview

ဆက်သွယ်ရန်၊ comment တွင်ကြည့်ပါ။




✨ ဖတ်ရှုသူတွေရဲ့ တုံ့ပြန်ချက်ကို သိချင်ပါတယ်! ✨👉👉 STP Research Myanmar page မှာ ရေးသားထားတာတွေကို ဖတ်ရှုပြီး ကိုယ့်အတွက်...
19/09/2025

✨ ဖတ်ရှုသူတွေရဲ့ တုံ့ပြန်ချက်ကို သိချင်ပါတယ်! ✨

👉👉 STP Research Myanmar page မှာ ရေးသားထားတာတွေကို ဖတ်ရှုပြီး ကိုယ့်အတွက် အသစ်အဆန်း၊ စိတ်ဝင်စားစရာ ဒါမှမဟုတ် အသုံးဝင်တဲ့ အချက်တစ်ခုခုကို တွေ့ရှိခဲ့မယ်ဆိုရင် မှတ်ချက်မှာ ခေါင်းစဉ် (သို့) အဓိက အချက်လေးတွေကို ရေးသားခဲ့ပါ။ 👉👉

📚 ဒါ့အပြင် ကျွန်တော့်ရဲ့ သုတေသနစာအုပ် (၃) အုပ်ကို ဖတ်ပြီးသား ဖြစ်ပေမယ့် နားမလည်တာတွေ၊ ကိုယ်သိချင်တာတွေ ထပ်ရှိနေသေးတယ်၊ အဲ့စာအုပ်တွေထဲမှာလည်း ရှာဖွေ ဖတ်ရှုဖို့ အချိန်မရှိဘူးဆိုရင်လည်း၊ ဘယ်အကြောင်းအရာ (သို့) ဘယ်အချက်ကို သိချင်တယ်ဆိုတာကို အတိုချုံး ပြောပြပေးပါ။ နောက်ရေးမယ့် ပို့စ်တွေမှာ အဲဒါကို အလေးပေး ဖော်ပြပေးသွားမှာပါ။ 📚

💡 ဖတ်ရှုသူတွေရဲ့ အကြံပြုချက်တွေက သုတေသနကို စိတ်ဝင်စားသူအားလုံးအတွက် နောက်တင်မယ့်ပို့စ်တွေမှာ ပိုပြီး လက်တွေ့ကျ၊ အသုံးတည့်မယ့် ဗဟုသုတတွေကို မျှဝေပေးလို့ ရပါမယ်။ (Confidentiality အရ ဖော်ပြလို့ မရနိုင်တာတွေ၊ တကယ့်ဥပမာတွေကိုသာ ရေးပြ၊ ပြန်ပြောပြလို့မရနိုင်တာပါ)💡




မြန်မာနိုင်ငံမှာ သုတေသနစီမံချက်များအား လုပ်ကိုင်မှုများကို ယေဘူယျနားလည်ခြင်းမြန်မာနိုင်ငံတွင် သုတေသနနှင့်ပတ်သက်သည်များကိ...
18/09/2025

မြန်မာနိုင်ငံမှာ သုတေသနစီမံချက်များအား လုပ်ကိုင်မှုများကို ယေဘူယျနားလည်ခြင်း
မြန်မာနိုင်ငံတွင် သုတေသနနှင့်ပတ်သက်သည်များကို လုပ်ကိုင်နေကြသော ပုဂ္ဂလိကပိုင်းတွင်
(က) သုတေသနပညာရပ်ဆိုင်ရာ စာတမ်းများ (Academic Thesis)၊
(ခ) NGO၊ UN နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် သုတေသနကုမ္ပဏီအဖွဲ့အစည်းများ (Research Agencies) ၏ သုတေသန စီမံချက် လုပ်ကိုင်နေမှုများ၊
(ဂ) သုတေသနမလုပ်ကိုင်ဖူး‌သော အဖွဲ့၊ ကုမ္ပဏီများ၏ သုတေသန စီမံချက် လုပ်ကိုင်နေမှုများ၊
(ဃ) ကုန်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများ၏ ကိုယ်ပိုင်သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန (R&D) များ ကြားတွင် ကွာခြားချက်များစွာ ရှိပါသည်။ ဤကွာခြားချက်များသည် မကြာခဏ သုတေသနလောကတွင် စတင်လေ့လာလုပ်ကိုင်နေသူများအပေါ် ရှုပ်ထွေး၊ မှားယွင်းမှုများ ဖြစ်နေစေပါသည်။ ထင်ရှားသော အချက်အချို့မှာ -
Research Tools များနှင့် အသုံးအနှုန်းများ၊ သုတေသနနည်းလမ်းများ မသိရှိခြင်း/ မှားယွင်းနေခြင်း၊
(၁) အရည်အသွေးနှင့်ဆိုင်သောသုတေသန (Qualitative Research) တွင် "Discussion Guide" (DG) (ဆွေးနွေးပွဲ လမ်းညွှန်) နှင့် အရေအတွက်နှင့်ဆိုင်သောသုတေသန (Quantitative Research) တွင် "Questionnaire" (မေးခွန်းလွှာ) ကို ရောထွေး/ မှားယွင်း သုံးစွဲခြင်း၊ (Qualitative Questionnaire ဟု မသုံးရပါ)၊ တချို့က Discussion Guideline ဟု သုံးနှုန်းနေကြပါသေးသည်။
(၂) Qualitative Research တွင် Study ဟု မသုံးနှုန်းပဲ “Survey” ဟု သုံးနှုန်းနေကြခြင်း၊
(၃) အသုံးအနှုန်း မှားယွင်းခြင်း - "Contact Sheet" (မြန်မာ သုတေသန ကုမ္ပဏီများအခေါ်အဝေါ်) နှင့် "Call Sheet" (နိုင်ငံခြားသားကုမ္ပဏီများ အခေါ်အဝေါ်)
(၄) KII ဆိုသော အသုံးအနှုန်းကို KII နှင့် IDI (၂) မျိုးလုံးအတွက် KII တခုထဲဖြင့် သုံးနှုန်းနေကြခြင်း၊
(၅) FGD/IDI/KII မှတ်တမ်းများမှ "Overview" (အဖြေအနှစ်ချုပ်) ရေးသားခြင်းကို Qualitative Research လုပ်ကိုင်သူများမှ မသိရှိခြင်း၊
(၆) Qualitative Research တွင် စုံစုံစေ့စေ့ မေးမြန်းခြင်း (Probing) ကို မသိရှိခြင်းနှင့် လိုအပ်ချက် များစွာရှိခြင်း၊
(၇) Projective Techniques များကို မသိရှိခြင်း၊ မသုံးနှုန်းကြခြင်း၊
(၈) သုတေသန ကျင့်ဝတ်များ (Ethical Rules)၊ Informed Consent သဘောတူ ခွင့်ပြုချက်၊ ကိုယ်ရေးကိုယ်တာ လုံခြုံမှုဆိုင်ရာ (Privacy) စသောအချက်များကို နားလည်မှု အားနည်းခြင်း၊
(၉) သုတေသန သင်တန်းပေးခြင်း (Training Vs Briefing), Practices, Pre-testing/ Piloting, Quality Control, Interviewer/ Moderator အရည်အချင်းမပြည့်မီသူများကို အသုံးပြုနေရခြင်း၊ Fieldwork Management (for data collection), Etc.
(၁၀) Cheating (လိမ်ညာခြင်း) - နမူနာရွေးချယ်သည့် နည်းလမ်းများ (Sampling Methods) အတိုင်း မပြုလုပ်ခြင်း (ဥပမာ-အိမ်ကျော် မှားခြင်း/ လိမ်ခြင်း၊ မိမိဖာသာ အဖြေများ ဖြည့်သွင်းခြင်း၊ Qualitative Research တွင်လည်း Probing ကို မသိရှိ၊ နားမလည်သောကြောင့် အကြောင်းပြချက်များ၊ ဥပမာများ မမေးမြန်းခဲ့ပဲ၊ အဖြေများကို မိမိဖာသာ ထည့်သွင်းခြင်း၊ စသဖြင့်၊
(၁၁) သုတေသန ဦးဆောင်လုပ်ကိုင်နေသူမှ သုတေသနအကြောင်း သေချာစွာ မသိရှိကြပဲ (သို့) သုတေသနအစီရင်ခံစာများ၊ Research Fieldwork များကို မဖတ်ဖူး၊ မလုပ်ကိုင်ဖူး၊ သင်တန်းမတက်ဖူးပဲ လုပ်ကိုင်နေကြခြင်း၊ (ဥပမာ-သုတေသန နည်းလမ်းများကို သေချာစွာ မသိရှိခြင်း၊ သေချာနားမလည်ခြင်း၊ Qualitative Research ကို မသိရှိခြင်း၊ မှားယွင်းစွာ လမ်းညွှန်၊ ခိုင်းစေမှုများ ဖြစ်ခြင်း အစရှိသဖြင့်)
(၁၂) မိမိကုမ္ပဏီ/ Organization မှ ထုတ်လုပ်သောပစ္စည်းများ/ ဝန်ဆောင်မှုများကို မိမိသုတေသနဌာနမှ လူများကသာ သုတေသနစီမံချက်များကို လုပ်ကိုင်သောကြောင့် ဘက်လိုက်မှု (Bias) များ ရှိနေခြင်း၊ (အချို့က အားနည်းချက်များ ဖယ်ထုတ်ခြင်း၊ ကောင်းသောအချက်များကို ပိုပိုသာသာ ဖော်ပြခြင်း၊ အချက်အလက်မကောက်ခင် ဖြေဆိုမည့်သူများကို ကြိုတင် သင်ပေးထားခြင်း၊ မေးမြန်းသူက မည့်သည့် ကုမ္ပဏီ/ Organization မှလာမေးသည်ကို ဖြေဆိုသူက သိရှိနေပါက အဖြေများ အမှန်မရနိုင်ခြင်း)

🌱 အရေးပါပုံ
ဤကွာဟချက်များကို ယေဘူယျအားဖြင့် ရှင်းလင်းစွာ နားလည်ခြင်းသည် မြန်မာနိုင်ငံ၏ သုတေသနလောက (သို့) မိမိ သုတေသနလုပ်ကိုင်နေမှု၊ လေ့လာနေမှုများအား အချက်အလက်အရည်အသွေး မြှင့်တင်ရန်နှင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီစေရန် ကူညီပေးပါလိမ့်မည်။

မှတ်ချက်။ သုတေသနကျင့်ဝတ်များ၊ လျှို့ဝှက်ထားရမည့်အချက်များကြောင့် ဥပမာများဖြင့် ရှင်းလင်းစွာ အသေးစိတ်ရေးသားခွင့် မရှိပါသောကြောင့် ယခုယေဘူယျ သဘောတရားများကိုသာ သေချာစွာ ဖတ်ရှု၊ စဥ်းစားပြီး သုတေသနများကို လုပ်ကိုင်ကြပါရန်။





17/09/2025
Professional & InspiringThe moments of learning, practice, and collaboration that strengthen our research work:✅ Project...
13/09/2025

Professional & Inspiring

The moments of learning, practice, and collaboration that strengthen our research work:

✅ Project Training (skills & methods)
🤝 Pair Practice (hands-on application)
🎤 Interviews (field context)
📝 Debrief Sessions (reflection & learning)
👥 Focus Group Discussions (community insights)

Research Myanmar’s Field Journey

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09789099801

Alerts

Be the first to know and let us send you an email when STP Research Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to STP Research Myanmar:

Share