AI1 Professional Company

AI1 Professional Company Consultant company AI1Professional Company.Data Center.CAR renting. Branding.Advertising.Project Man

🚩​မာရ်နတ်စစ်သည်တော် ၁၀ မျိုး​၁။ ဝတ္ထုကာမ, ကိလေသာကာမ၂။ အစွန်အဖျားကျောင်း စသည်တို့၌ လည်းကောင်း ၊မြတ်သော ကုသိုလ်တရားတို့၌ လ...
18/07/2026

🚩​မာရ်နတ်စစ်သည်တော် ၁၀ မျိုး

​၁။ ဝတ္ထုကာမ, ကိလေသာကာမ
၂။ အစွန်အဖျားကျောင်း စသည်တို့၌ လည်းကောင်း ၊မြတ်သော ကုသိုလ်တရားတို့၌ လည်းကောင်း မမွေ့လျော်ခြင်း၊
၃။ ဆာလောင်မွတ်သိပ်ခြင်း၊
၄။ တဏှာ၊
၅။ ထိနမိဒ္ဓ၊
၆။ ထိတ်လန့်, ကြောက်ခြင်း၊
၇။ အကျင့်မြတ်၌ ယုံမှားခြင်း ဝိစိကိစ္ဆာ၊
၈။ တရားထူး အနည်းငယ်ရရှိ၍ မာန်တက်ခြင်း၊ ကျေးဇူးဖျက်ခြင်း၊ ကိုယ်စိတ် ခက်ထန်မာကြောလာခြင်း၊
၉။ လာဘသက္ကာရ အကျော်အစော၊
၁၀။ မိမိကိုယ်ကို ချီးမြှောက်ပင့်ခြင်း၊ သူတစ်ပါးကို ရှုတ်ချ, နှိမ်ခြင်း။

(ပိဋကသုံးပုံ သရုပ်စုံအဘိဓာန်)
#တန်ဖိုးရှိတဲ့စာပဒေသာ
Photo credit: Gemini

Credit to owner

သင်္ခါရုပပတ္တိသုတ်🚩ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ...
24/06/2026

သင်္ခါရုပပတ္တိသုတ်

🚩ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းအား ''ငါသည် သေပြီးနောက်၌ များသောဥစ္စာနှစ်ရှိသော မင်းမျိုး အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။ ထိုရဟန်းသည် ထိုစိတ်ကို ထား၏၊ ထိုစိတ်ကို ဆောက်တည်၏၊ ထိုစိတ်ကို ပွါးများ၏။ ဤသို့ ပွားများလေ့လာအပ်သော် ထိုရဟန်း၏ ထို (ဘဝကို) ပြုပြင်တတ်သော တရားတို့သည်လည်းကောင်း ထို (ဘဝအထူးသို့) ဆောင်တတ်သော တရားတို့သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်ကုန်၏။ ရဟန်းတို့ ဤအကြောင်း 'မဂ်'သည် လည်း ကောင်း၊ဤအကျင့်သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်၏။

🚩 ထို့ပြင်လည်း ။ပ။ပုဏ္ဏားမျိုး အဖြစ်သို့။ပ။ သူကြွယ်မျိုးအဖြစ်သို့ ရောက်ရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။ ။ပ။ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်၏။

(အကျဥ်း* နတ်ပြည်၆ထပ်၊ ဗြဟ္မာပြည်
၂၀ တို့၌လည်း ထိုအတူသာမှတ်ယူပါ။)

🚩ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းအား ''ငါသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အရဟတ္တဖိုလ်သမာဓိ အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။
ထိုရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အရဟတ္တဖိုလ်သမာဓိ အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာနေ၏။ ရဟန်းတို့ ဤရဟန်းသည် တစ်စုံတစ်ခုသောဌာန၌မျှ ပဋိသန္ဓေ မနေတော့ချေဟု ( မိန့်တော်မူ၏ )။

Credit to owner

Photo credit: Gemini

#ဓမ္မပဒေသာ

ဂိလာနသုတ်      credit to owner ထိုအခါ မဟာနာမ်သာကီဝင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသော...
22/06/2026

ဂိလာနသုတ် credit to owner

ထိုအခါ မဟာနာမ်သာကီဝင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် ဤစကားကို လျှောက်၏-
🙏 အသျှင်ဘုရား 'ပညာနှင့် ပြည့်စုံသော ဥပါသကာသည် အနာရောဂါ နှိပ်စက်ခံနေရသော၊ ဆင်းရဲခြင်းသို့ ရောက်နေသော၊ ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေသော၊ ပညာနှင့် ပြည့်စုံသော ဥပါသကာကိုဆုံးမထိုက်၏'ဟူသော ဤစကားကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှ
မကြားရဖူးပါ၊ မနာယူရဖူးပါဟု (လျှောက်၏)။

🚩မဟာနာမ် ပညာနှင့် ပြည့်စုံသော ဥပါသကာသည် အနာရောဂါ နှိပ်စက်ခံနေရသော၊ ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေသော၊ ပညာနှင့် ပြည့်စုံသော ဥပါသကာကို သက်သာရာရစေသော တရားလေးပါးတို့ဖြင့် သက်သာစေရမည်-

''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း 'အရဟံ'မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ'မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ'မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ'မည်တော်မူ၏''ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းသည် အသျှင့်မှာ ရှိ၏၊ အသျှင်သည် နှစ်သိမ့်ပါလော့။

တရားတော်၌။ပ။

သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းသည်) အသျှင့်မှာ ရှိ၏၊ အသျှင် သည်နှစ်သိမ့်ပါလော့။

မကျိုး မပေါက် မပြောက် မကျားကုန်သော​ တည်ကြည်မှု 'သမာဓိ' ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့သည် အသျှင့်မှာ ရှိ၏၊ အသျှင်သည် နှစ်သိမ့်ပါလော့။

🚩မဟာနာမ် ပညာနှင့် ပြည့်စုံသော ဥပါသကာသည် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေသော၊ ပညာနှင့် ပြည့်စုံသော ဥပါသကာကို ဤသက်သာရာ ရစေတတ်သော တရားလေးပါးတို့ဖြင့် သက်သာစေပြီးလျှင် ''မိဘတို့၌ ငဲ့ကွက်ခြင်းသည် အသျှင့်မှာ ရှိသလော''ဟု ဤသို့ ပြောဆိုရာ၏၊

''မိဘတို့၌ ငဲ့ကွက်ခြင်းသည် အကျွန်ုပ်မှာ ရှိပါ၏''ဟုအကယ်၍ ပြောဆိုခဲ့မူ

''အသျှင်သည် သေခြင်းနှင့် စပ်၏၊ သေခြင်းသဘောရှိ၏၊ အသျှင်သည် မိဘတို့၌ငဲ့ကွက်ခြင်းကို ပြုစေကာမူ ၊ မပြုဘဲ
​နေကာမူသေရမည်သာ တည်း၊ တောင်းပန်ပါ၏၊ မိဘတို့၌ ငဲ့ကွက်ခြင်းကို အသျှင် စွန့်လွှတ်ပါ''ဟု ပြောဆိုရာ၏။

''မိဘတို့၌ ငါ၏ ငဲ့ကွက်ခြင်းကို စွန့်ပါပြီ''ဟု ဤသို့ ပြောဆိုခဲ့မူ

''သားမယားတို့၌ ငဲ့ကွက်ခြင်းသည်အသျှင့်မှာ ရှိပါသလော''ဟု ထိုသူ့ကို ဤသို့ ပြောဆိုရာ၏၊

''သားမယားတို့၌ ငဲ့ကွက်ခြင်းသည်အကျွန်ုပ်မှာ ရှိပါ၏''ဟု ဤသို့ ပြောဆိုခဲ့မူ ''အသျှင်သည် သေခြင်းနှင့် စပ်၏၊
အသျှင်သည် သားမယားတို့၌ ငဲ့ကွက်ခြင်းကို ပြုစေကာမူ ၊ငဲ့ကွက်ခြင်းကို မပြုစေကာမူ သေရမည်သာတည်း၊သားမယားတို့၌ ငဲ့ကွက်ခြင်းကို စွန့်လွှတ်ပါ''ဟု ထိုသူ့ကို ပြောဆိုရာ၏။

''သားမယားတို့၌ ငဲ့ကွက်ခြင်းကို စွန့်ပါပြီ''ဟု ဤသို့ ပြောဆိုခဲ့မူ

''ကာမဂုဏ်ငါးပါးတို့၌ ငဲ့ကွက်ခြင်းသည် အသျှင့်မှာ ရှိပါသလော''ဟု ပြောဆိုရာ၏၊

''ကာမ ဂုဏ်ငါးပါးတို့၌ ငဲ့ကွက်ခြင်းသည် အကျွန်ုပ်မှာ ရှိပါ၏''ဟု ပြောဆိုခဲ့မူ

''အသျှင် လူတို့၌ဖြစ်သော ကာမဂုဏ်ငါးပါးတို့ထက် နတ်၌ ဖြစ်သော ကာမဂုဏ်တို့သည် ပို၍ နှစ်သက်ဖွယ်လည်းရှိကုန်၏၊ ပို၍ လည်း မြတ်ကုန်၏၊
အသျှင်သည် လူတို့၌ ဖြစ်သောကာမဂုဏ်ငါးပါးတို့မှ စိတ်ကို ထစေ၍ စာတုမဟာ
ရာဇ်နတ်တို့၌ စိတ်ကို ထားပါ''ဟု ထိုသူ့ကို ပြောဆိုရာ၏။

''လူတို့၌ ဖြစ်သော ကာမဂုဏ်ငါးပါးတို့မှ ငါ၏ စိတ်ကို ထစေခဲ့ပြီ၊ စာတုမဟာရာဇ်နတ်တို့၌ စိတ်ကိုထားပြီးပြီ''ဟု ထိုသူသည် ပြောဆိုခဲ့မူ

''အသျှင် စာတုမဟာရာဇ်နတ်တို့ထက် တာဝတိံသာနတ်တို့သည် ပို၍ နှစ်သက်ဖွယ်လည်း ရှိကုန်၏၊ ပို၍လည်း မြတ်ကုန်၏၊ တောင်းပန်ပါ၏၊ အသျှင်သည်စတုမဟာရာဇ်နတ်တို့မှ စိတ်ကို ထစေ၍ တာဝတိံသာနတ်တို့၌ စိတ်ကို ထားပါ''ဟုပြောဆိုရာ၏။

''စာတုမဟာရာဇ်နတ်တို့မှ ငါ၏ စိတ်ကို ထစေခဲ့ပြီ၊ တာဝတိံသာနတ်တို့၌ စိတ်ကို့ထားပြီး ပြီ''ဟု ထိုသူသည် ပြောဆိုခဲ့မူ

''တာဝတိံသာနတ်တို့ထက်ယာမာနတ်တို့သည်။ပ။
တုသိတာနတ်တို့သည်။ပ။
နိမ္မာနရတီနတ်တို့သည်။
ပရနိမ္မိတဝသဝတ္တီနတ်တို့သည်။ပ။

အသျှင် ပရနိမ္မိတ ဝသဝတ္တီနတ်တို့ထက် ဗြဟ္မာ့ဘုံသည် ပို၍နှစ်သက်ဖွယ်လည်း ရှိ၏၊ ပို၍လည်း မြတ်၏၊ တောင်းပန်ပါ၏၊ အသျှင်သည် ပရနိမ္မိတဝသဝတ္တီနတ်တို့မှစိတ်ကို ထစေ၍ ဗြဟ္မာ့ဘုံ၌ စိတ်ကို ထားပါ''ဟု ထိုသူ့ကို ပြောဆိုရာ၏။

''ပရနိမ္မိတဝသဝတ္တီနတ်တို့မှ ငါ၏ စိတ်ကို ထစေခဲ့ပြီ၊ ဗြဟ္မာ့ဘုံ၌ စိတ်ကို ထားပြီးပြီ''ဟု ပြောဆိုခဲ့မူ

''အသျှင် ဗြဟ္မာ့ဘုံသည်လည်း မမြဲပါ၊ မခိုင်မြဲပါ၊ သက္ကာယ၌ အကျုံးဝင်၏၊ ဗြဟ္မာ့ဘုံမှ စိတ်ကို ထစေ၍ သက္ကာယ (ထင်ရှားရှိသော ခန္ဓာ) ၏ ချုပ်ရာ၌ စိတ်ကိုဆောင်ပါ လော့''ဟု ပြောဆိုရာ၏။

''ဗြဟ္မာ့ဘုံမှ ငါ၏ စိတ်ကို ထစေခဲ့ပြီ၊
သက္ကာယ၏ ချုပ်ရာ၌ စိတ်ကို ဆောင်ပါ၏''ဟု ပြောဆိုခဲ့မူ

🚩''မဟာနာမ် ဤသို့ လွတ်မြောက်သော စိတ်ရှိသော ဥပါသကာအား အာသဝမှ လွတ်မြောက်ပြီးသော စိတ်ရှိသော ရဟန်းနှင့် အရဟတ္တဖိုလ်စိတ်အားဖြင့် ထူးခြားမှု တစ်စုံတစ်ရာ မရှိ''ဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။

#သူတော်ကောင်းတရား
Photo credit: Gemini

ဘုရား တရား သံဃာ မိဘ ဆရာ 🙏🙏🙏🙏🙏
20/06/2026

ဘုရား တရား သံဃာ မိဘ ဆရာ 🙏🙏🙏🙏🙏

ဘဝသုတ်🚩ရဟန်းတို့ ဤဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ သိက္ခာသုံးမျိုးတို့၌လည်း ကျင့်အပ်၏။ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝတို့ကိုပယ်အပ်ကု...
20/06/2026

ဘဝသုတ်

🚩ရဟန်းတို့ ဤဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ သိက္ခာသုံးမျိုးတို့၌လည်း ကျင့်အပ်၏။

ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝတို့ကိုပယ်အပ်ကုန်၏။

အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာတို့၌ ကျင့်အပ်၏။

🚩ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ဤဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ ဤသိက္ခာသုံးမျိုးတို့၌လည်း ကျင့်အပ်သော အကျင့်ရှိ၏၊ ရဟန်းတို့ ထိုအခါ ဤရဟန်းကို တဏှာကို ဖြတ်ပြီးသူ၊ သံယောဇဉ်ကို လွန်မြောက်ပြီးသူ၊ ကောင်းစွာ မာနကို ပယ်ခြင်းကြောင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးသူဟူ၍ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

#တရားအားထုတ်ခြင်း

Photo credit: Gemini

Credit to owner

ပဌမ ခတသုတ်🚩 ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော မိုက်မဲသော မလိမ္မာသော သူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သည့် မိမိကိုယ်က...
20/06/2026

ပဌမ ခတသုတ်

🚩 ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော မိုက်မဲသော မလိမ္မာသော သူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူ မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း တိုးပွါးစေ၏။
အဘယ်လေးမျိုးတို့နည်းဟူမူ-

(၁) (ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ ဂုဏ်မထိုက်သူ၏ ဂုဏ်ကို ပြောဆို၏၊

(၂)(ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ ဂုဏ်ထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆို၏၊

(၃)(ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ
မကြည်ညို သင့်သော အရာ၌ ကြည်ညို၏၊

(၄) (ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ ကြည်ညိုသင့်သော အရာ၌ မကြည်ညို။

🚩ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူ မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မကဲ့ရဲ့ မစွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း တိုးပွါးစေ၏။ အဘယ် လေးမျိုးတို့နည်းဟူမူ-
(၁)(ဉာဏ်ဖြင့်) စိစစ် သက်ဝင်၍ ဂုဏ်မထိုက်သူ၏ ဂုဏ်ကို မပြောဆို၊
(၂)(ဉာဏ်ဖြင့်) စိစစ်သက်ဝင်၍ ဂုဏ်ထိုက်သူ၏ ဂုဏ်ကို ပြောဆို၏၊
(၃)(ဉာဏ်ဖြင့်) စိစစ် သက်ဝင်၍ မကြည်ညိုသင့်သော အရာ၌ မကြည်ညို၊ (၄)(ဉာဏ်ဖြင့်) စိစစ်သက်ဝင်၍ ကြည်ညိုသင့်သော အရာ၌ ကြည်ညိုမှုကို့ဖြစ်စေ၏ဟု(မိန့်တော်မူ၏)။

🚩အကြင်သူသည် ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း၏၊ အကြင်သူသည်လည်း ချီးမွမ်းထိုက် သူကို ကဲ့ရဲ့၏၊ ထိုသူသည် နှုတ်ဖြင့် အပြစ်ကို ဆည်းပူးသည် မည်၏၊ ထို အပြစ်ကြောင့် ချမ်းသာကို မရနိုင်။ အကြင်သူသည် ကြွေအန်လောင်းတမ်း ကစားရာတို့၌ မိမိကိုယ်နှင့် တကွ ဥစ္စာပစ္စည်းအားလုံး ဆုံးရှုံး၏၊ ထိုသူ၏ ဤဆုံးရှုံးခြင်းသည် အနည်းငယ်မျှသော အပြစ်သာ ဖြစ်၏၊ အကြင်သူသည် ညီညွတ်သော (ဘုရားအစရှိသော အရိယာ သူတော်ကောင်း) ပုဂ္ဂိုလ်တို့၌ စိတ်ဖြင့်ပြစ်မှား၏၊ ထိုသူ၏ ဤအပြစ်သည်ကား သာလွန်ကြီးလေးသော အပြစ်ဖြစ်၏။ အရိယာပုဂ္ဂိုလ်တို့ကို ကဲ့ရဲ့စွပ်စွဲတတ်သော သူသည် နှုတ်မကောင်းမှု စိတ် မကောင်းမှုကို ဆောက်တည်၍ အကြင် ငရဲသို့ ကပ်ရောက်ရ၏။

Credit to owner

#ဓမ္မပြဿနာများ
Photo credit: Gemini

SOLA C version အသစ် 51.2V 100 ah 2,750,000 mmk အာမခံ 3+2 year fully 09688881145 09788105385 NEXOS   Nexos2
16/06/2026

SOLA C version အသစ် 51.2V 100 ah
2,750,000 mmk အာမခံ 3+2 year fully

09688881145
09788105385

NEXOS Nexos2

အပါယ်ရောက်စေတတ်သောမလှူအပ်သောအလှူ (၁၀) မျိုး၁။ မဇ္ဇဒါန - မူးယစ်စေတတ်သော သေရည်သေရက်လှူခြင်း။၂။ သမဇ္ဇဒါန - ပွဲလမ်းသဘင် စသည်...
16/06/2026

အပါယ်ရောက်စေတတ်သော
မလှူအပ်သောအလှူ (၁၀) မျိုး

၁။ မဇ္ဇဒါန - မူးယစ်စေတတ်သော သေရည်သေရက်လှူခြင်း။
၂။ သမဇ္ဇဒါန - ပွဲလမ်းသဘင် စသည်အားဖြင့် လှူခြင်း။
၃။ ဣတ္ထိဒါန - မေထုန်မှုပြုရန် မိန်းမ လှူခြင်း။
၄။ ဥသဘဒါန - မေထုန်အမှုပြုရန် နွားလားဥဿဘ စသည်လှူခြင်း။
၅။ စိတ္တကမ္မဒါန - ကာမဂုဏ်စိတ် ဖြစ်စေရန် စာပန်းချီကားချပ် လှူခြင်း။
၆။ သတ္တဒါန - သတ်ဖြတ်ညှင်းဆဲရန် ဒုတ် ဓား လက်နက်လှူခြင်း။
၇။ ဝိသဒါန - သေလိုက သေစေရန် အဆိပ်ကို လှူခြင်း။
၈။ သင်္ခလိကဒါန - လက်ထိပ် သံခြေကျဉ်းကိုလှူခြင်း။
၉။ ကုက္ကုဋ သူကရဒါန - သတ်ဖြတ်စားသောက်ရန် ကြက် ဝက်စသည်လှူခြင်း။
၁၀။ တုလာကူဋ မာနကူဋဒါန - ရောင်းဝယ်ရာ၌ စဉ်းလဲ ကောက်ကျစ်ရန် မမှန်သော တင်း တောင်း အလေး ချိန်ခွင် အတိုင်းအတာလှူခြင်း။
#ဒါန

Credit​:
Photo credit: Gemini

Credit to owner

သပ္ပုရိသဒါနသုတ်🚩သူတော်ကောင်းတို့၏ ပေးလှူခြင်းတို့သည် ဤငါးမျိုးတို့တည်း။အဘယ်ငါးမျိုးတို့နည်းဟူမူ -ယုံကြည်သဖြင့် အလှူကို ပ...
15/06/2026

သပ္ပုရိသဒါနသုတ်

🚩သူတော်ကောင်းတို့၏ ပေးလှူခြင်းတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ -
ယုံကြည်သဖြင့် အလှူကို ပေးလှူ၏၊
ရိုသေစွာ အလှူကို ပေးလှူ၏၊ လျောက်ပတ်သောအခါ၌ အလှူကိုပေးလှူ၏၊
(လှူဖွယ်ဝတ္ထု၌ ) မကပ်ငြိသော စိတ်ရှိသည်ဖြစ်၍ အလှူကို ပေးလှူ၏၊
မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း မထိပါးမူ၍ အလှူကို ပေးလှူ၏။

🚩 ယုံကြည်သဖြင့် အလှူကို ပေးလှူသောကြောင့် ထိုပေးလှူသော အလှူ၏ အကျိုးဖြစ်ရာထိုထိုဘုံဘဝ၌ ကြွယ်ဝ၏၊ ချမ်းသာ၏၊ များသော ဥစ္စာရှိ၏၊ အသုံးအဆောင် များပြား၏၊ အလွန်အဆင်းလှ၏၊ ရှုချင်ဖွယ် ရှိ၏၊ စိတ်ကြည်လင်ဖွယ် ရှိ၏၊ လွန်ကဲသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏။

🚩 ရိုသေစွာ အလှူကို ပေးလှူသောကြောင့် ထိုပေးလှူသော အလှူ၏ အကျိုးဖြစ်ရာ ထိုထိုဘုံဘဝ၌ ကြွယ်ဝ၏၊ ချမ်းသာ၏၊ များသော ဥစ္စာရှိ၏၊ အသုံးအဆောင် များပြား၏၊ ထို အလှူရှင်၏သား သမီး မယား ကျွန် အစေခံ အမှုလုပ်တို့သည်လည်း စကားကို နာယူကြကုန်၏၊ နားထောင်ကုန်၏၊ သိနားလည်ရန် စိတ်ကို ဖြစ်စေကြကုန်၏။

🚩 လျောက်ပတ်သောအခါ၌ အလှူကို ပေးလှူသောကြောင့် ထိုပေးလှူသော အလှူ၏ အကျိုးဖြစ်ရာ ထိုထိုဘုံဘဝ၌ ကြွယ်ဝ၏၊ ချမ်းသာ၏၊ များသော ဥစ္စာရှိ၏၊ အသုံးအဆောင် များပြား၏၊ ထိုအလှူရှင်အား အခါအားလျော်စွာ ရောက်လာကုန်သော အကျိုးတို့သည် များပြားကုန်၏။

🚩 (လှူဖွယ်ဝတ္ထု၌ ) မကပ်ငြိသော စိတ်ရှိသည်ဖြစ်၍ အလှူကို ပေးလှူသောကြောင့်ထိုပေးလှူသော အလှူ၏ အကျိုးဖြစ်ရာ ထိုထိုဘုံဘဝ၌ ကြွယ်ဝ၏၊ ချမ်းသာ၏၊ များသော ဥစ္စာရှိ၏၊ အသုံးအဆောင် များပြား၏၊ မြတ်ကုန်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ခံစားရန် စိတ်ညွတ်၏။

🚩 မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း မထိပါးမူ၍ အလှူကို ပေးလှူသောကြောင့် ထိုပေးလှူသော အလှူ၏ အကျိုးဖြစ်ရာ ထိုထိုဘုံဘဝ၌ ကြွယ်ဝ၏၊ ချမ်းသာ၏၊ များသောဥစ္စာရှိ၏၊ အသုံးအဆောင် များပြား၏၊ ထိုအလှူရှင်အား မီးကြောင့်ဖြစ်စေ ရေကြောင့်ဖြစ်စေ မင်းကြောင့်ဖြစ်စေ ခိုးသူကြောင့်ဖြစ်စေ မချစ်မနှစ်သက်အပ်သော အမွေခံဆိုးတို့ကြောင့်ဖြစ်စေ မည်သည့် အကြောင်းကြောင့်မျှ စည်းစိမ်ဥစ္စာတို့ ပျက်စီးခြင်း မဖြစ်။

ရဟန်းတို့ သူတော်ကောင်းတို့၏ ပေးလှူခြင်းတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
#ဒါန

credit to owner

Cre

Photo credit :Gemini

Address

18 , Uwisara Street , North Dagon.
Yangon
11421

Telephone

+959784449811

Website

Alerts

Be the first to know and let us send you an email when AI1 Professional Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share