10/09/2026
Solar စနစ်တစ်ခုမှာ အရိပ်ကျတဲ့ပြဿနာ (Shading Issue) ဟာ စွမ်းအင်ထုတ်လုပ်မှုကို အကြီးအကျယ် ထိခိုက်စေတဲ့ အဓိကအချက်တစ်ချက်ပါ။ ဒါကို ဖြေရှင်းဖို့အတွက် Smart Optimizer (DC Optimizer) တွေက ဘယ်လို ကူညီပေးနိုင်လဲဆိုတာကို ရှင်းပြပေးပါမယ်။
ပုံမှန် String Inverter စနစ်တွေမှာ Solar Panel တွေကို တစ်ခုနဲ့တစ်ခု စီးရီး (Series) ချိတ်ဆက်ထားလေ့ရှိပါတယ်။ ဒါဟာ ခရစ္စမတ်မီးသီးတန်းတွေလိုပါပဲ။ မီးသီးတစ်လုံးပျက်ရင် ကျန်တဲ့မီးသီးတွေပါ လိုက်မှိတ်သွားသလိုမျိုးပေါ့။ Panel တစ်ချို့ပေါ်ကို သစ်ပင်ရိပ်၊ အဆောက်အဦးရိပ် ဒါမှမဟုတ် တိမ်ရိပ်ကျသွားတဲ့အခါ အဲဒီ Panel ရဲ့ လျှပ်စီးကြောင်း (Current) ကျဆင်းသွားပါတယ်။ Panel တစ်ချပ်မှာ အရိပ်ကျလာတဲ့အခါ String ရဲ့ Current ကို အဲဒီ Panel က ကန့်သတ်နိုင်တာကြောင့် စနစ်တစ်ခုလုံးရဲ့ ထွက်အား လျော့ကျနိုင်ပါတယ်။
Smart Optimizer ဆိုတာ ဘာလဲ။
Smart Optimizer (သို့မဟုတ်) DC Power Optimizer ဆိုတာ Solar Panel တစ်ချပ်ချင်းစီရဲ့ နောက်ကွယ်မှာ တပ်ဆင်ရတဲ့ Device အသေးလေးတွေ ဖြစ်ပါတယ်။ သူတို့က Panel တစ်ခုချင်းစီကို သီးခြားစီ အလုပ်လုပ်နိုင်အောင် "ဦးနှောက်" တပ်ဆင်ပေးလိုက်သလိုပါပဲ။ Smart Optimizer တွေက MPPT (Maximum Power Point Tracking) နည်းပညာကို Panel တစ်ချပ်ချင်းစီအလိုက် သီးခြားစီ လုပ်ဆောင်ပေးပါတယ်။ Optimizer က Panel တစ်ချပ်ချင်းစီရဲ့ Maximum Power Point (MPP) ကို အမြဲလိုက်ရှာပြီး Voltage နဲ့ Current ကို Dynamic အနေနဲ့ Adjust လုပ်ပေးပါတယ်။ဒါကြောင့် အဲဒီအရိပ်ကျတဲ့ Panel က ထွက်တဲ့ Current နည်းသွားပေမယ့် ကျန်တဲ့ နေရောင်အပြည့်ရနေတဲ့ Panel တွေရဲ့ လျှပ်စီးကြောင်းကို လာပြီး ပိတ်ဆို့ (Block) မလုပ်တော့ပါဘူး။ ဥပမာ Optimizer မရှိရင် Panel ၁၀ ချပ်ရှိပြီး ၁ ချပ်ပေါ် အရိပ်ကျလို့ ၃၀% ပဲ ထွက်ရင်၊ ကျန်တဲ့ ၉ ချပ်စလုံးကပါ ၃၀% ပဲ လိုက်ထွက်ပါတော့တယ်။ စနစ်တခုလုံးရဲ့စွမ်းဆောင်ရည်ကျဆင်းသွားနိုင်ပါ တယ်။ Optimizer ရှိရင် အရိပ်ကျတဲ့ Panel ရဲ့ အကျိုးသက်ရောက်မှုကို အဲဒီ Panel မှာပဲ အများဆုံး ကန့်သတ်ပေးပြီး၊ ကျန်တဲ့ Panel တွေကို သူတို့ရနိုင်တဲ့ Maximum Power အနီးစပ်ဆုံး ဆက်လက်ထုတ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ အရိပ်ပြဿနာကို ဖြေရှင်းပေးရုံတင်မကဘဲ Smart Optimizer တွေမှာ အောက်ပါအားသာချက်တွေပါ ရရှိနိုင်ပါတယ်။
Panel-Level Monitoring: ဖုန်း App ကနေတစ်ဆင့် Solar Panel တစ်ချပ်ချင်းစီရဲ့ ကျန်းမာရေးနဲ့ စွမ်းအင်ထုတ်လုပ်မှုကို အသေးစိတ် စောင့်ကြည့်နိုင်ပါတယ်။ ဘယ်panel မှာ ဖုန်တင်နေလဲ၊ ဘယ်panel ပျက်နေလဲဆိုတာ အလွယ်တကူ သိရတာပေါ့။ ပုံမှန်ဆို Panel တွေကို နေရောင်တပြေးညီရမယ့် အရပ်မျက်နှာ (ဥပမာ- တောင်ဘက်) တစ်ခုတည်းလှည့်ရပေမယ့် Optimizer ရှိရင် ခေါင်မိုးပုံစံကြောင့် အရှေ့၊ အနောက်၊ တောင် ကွဲပြားပြီး တပ်ဆင်ရင်လည်း တစ်ခုနဲ့တစ်ခု ဆွဲမချဘဲ ကောင်းကောင်းအလုပ်လုပ်ပါတယ်။ အရေးပေါ်အခြေအနေမှာ Smart Optimizer က Rapid Shutdown Function ကို အသုံးပြုပြီး Module-Level Voltage ကို Safe Voltage အထိ စက္ကန့်ပိုင်းအတွင်း လျှော့ချပေးနိုင်ပါတယ်။ Smart Optimizer ဆိုတာ Solar Panel တစ်ခုချင်းစီကို သူ့အစွမ်းအစအတိုင်း အပြည့်အဝ အလုပ်လုပ်ခွင့်ပေးတဲ့ နည်းပညာဖြစ်ပါတယ်။ ဒါကြောင့် သင့်အိမ်ခေါင်မိုးမှာ အရိပ်ကျတဲ့နေရာ အနည်းငယ်ရှိနေရင်တောင် Solar စနစ်တစ်ခုလုံးရဲ့ ထွက်နှုန်းမကျသွားအောင် ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးဖြေရှင်းချက် ဖြစ်ပါတယ်။
ပိုမိုသိရှိလိုပါက Huawei’s value added partner (VAP) ဖြစ်ပြီး 3stars CSP ရထားတဲ့ SEC Solar ကိုအခုပဲဆက်သွယ်လိုက်ပါ။
🏠 No-52, Kabar Aye Pagoda Road, 10 Ward, Mayangone Township, Yangon
☎️ 09892110033
📧 [email protected]
================================================
(ENG)
In a solar system, the Shading Issue is one of the major factors that greatly affects energy production. To solve this, I will explain how Smart Optimizers (DC Optimizers) can help.
In normal String Inverter systems, solar panels are often connected to each other in series. It is just like a string of Christmas lights. If one light bulb breaks, the other light bulbs also go out.
When tree shade, building shade, or cloud shade falls on some panels, the current of those panels decreases.
When one panel is shaded, that panel can limit the current of the string, so the output of the whole system can decrease.
What is a Smart Optimizer?
A Smart Optimizer (or DC Power Optimizer) is a small device installed behind each solar panel. It is like giving each panel its own "brain" so that each panel can work independently.
Smart Optimizers perform MPPT (Maximum Power Point Tracking) technology separately for each solar panel.
The optimizer always searches for the Maximum Power Point (MPP) of each panel and dynamically adjusts the voltage and current. Therefore, although the current produced by the shaded panel becomes lower, it does not come and block the current of the other panels that are receiving full sunlight.
For example, without an optimizer, if there are 10 panels and one panel is shaded and can produce only 30%, all of the other 9 panels may also be limited to around 30% because of the string current limitation. The overall performance of the system can decrease.
With an optimizer, the impact of the shaded panel is limited mostly to that particular panel, while the other panels can continue producing as close as possible to their Maximum Power.
Smart Optimizers do not only help solve shading problems; they can also provide the following advantages.
Panel-Level Monitoring: Through a phone app, you can monitor the health and energy production of each solar panel in detail. You can easily know which panel has dust on it or which panel is damaged.
Normally, panels should be installed facing the same direction where they can receive sunlight evenly (for example, facing south). But with an optimizer, even if the panels are installed facing different directions—such as east, west, and south—because of the roof design, they can work properly without pulling down the performance of one another.
In an emergency situation, the Smart Optimizer can use the Rapid Shutdown Function to reduce the module-level voltage to a safe voltage within seconds.
A Smart Optimizer is a technology that allows each solar panel to work fully according to its own capability. Therefore, even if there are a few shaded areas on your rooftop, it can help prevent the output of the entire solar system from decreasing significantly due to shading, making it an effective solution.
For more information, contact SEC Solar, a Huawei Value Added Partner (VAP) and 3-Star Certified Service Partner (CSP), today.
🏠 No-52, Kabar Aye Pagoda Road, 10 Ward, Mayangone Township, Yangon
☎️ 09892110033
📧 [email protected]