ProAct Myanmar

ProAct Myanmar ProAct Myanmar
Training & Consultancy
Inspiration for Change

04/07/2022

ဘာတွေကို ပြန်လည် တည်ဆောက်ကြမလဲ ?
( လူတိုင်း အတွက် အခြေခံ အရည်အသွေး အမျိုးအစား ဆယ်ရပ် ! )
အမျိုးသားနိုင်ငံတော်များ ပြည်သူများ လူ့အဖွဲ့အစည်းများ မြို့ပြယဉ်ကျေးမှုများ ရဲ့ ဂုဏ်ဒြပ်နဲ့ အကျိုးစီးပွားများ အတွက် အလုပ်လုပ်မယ်လို့ ရွေးချယ်မိသူတွေတိုင်းနီးပါးက -
၁ ။ သမိုင်းကြောင်း နောက်ခံနှင့် ခေတ်ပြိုင် အခြေအနေများကို ဘာသာပြန် အနက်ဖွင့်ဆိုခြင်း
၂ ။ အခြေခံ စံနှုန်းများနဲ့ တန်ဖိုးများကို ရွေးချယ်သတ်မှတ်ခြင်းနဲ့ အနက်ဖွင့်ဆိုခြင်း
၃ ။ ရည်မှန်းချက်များနဲ့ ပန်းတိုင်များကို သတ်မှတ်ခြင်း
၄ ။ မဟာဗျူဟာများ နည်းဗျူဟာများ နည်းစနစ်များ ကို ရေးဆွဲတည်ဆောက်ခြင်း (Developing of Strategies, Tactics & Methodologies)
- များကို ပုံမှန် အားဖြင့် ပြုလုပ်မိရန် အနည်းနဲ့ အများ ကြိုးစားလေ့ ရှိကြပါတယ် ။
များသောအားဖြင့် တစ်စုံလုံး အမြင် (Macro-View) ကနေ စတင် ချဉ်းကပ်ဖို့ ကြိုးစားတတ်ပါတယ် ။
လူပေါင်း မြောက်များစွာဟာ တစ်ခုချင်း အဏုစိတ် အမြင် (Micro-View) ကနေ စတင်ပြီး မိမိကိုယ်ကို မိမိနဲ့ မိမိရဲ့ အလုပ်အဖွဲ့ အတွက် ကြိုတင်ပြင်ဆင်ဖို့ အရည်အချင်းများ တည်ဆောက်မြှင့်တင်ဖို့ကို မြန်မာနိုင်ငံ အပါအဝင် မအောင်မမြင် ဖြစ်နေတဲ့ နိုင်ငံတွေ ပြည်သူတွေ လူ့အဖွဲ့အစည်းတွေ မြို့ပြယဉ်ကျေးမှုတွေမှာ သိသာထင်ရှားစွာ ပျက်ကွက် သို့မဟုတ် ချို့ယွင်း သို့မဟုတ် အားနည်း သို့မဟုတ် ခေတ်နောက်ကျနေတတ်ပါတယ် ။
** အခြေခံ အရည်အသွေး အမျိုးအစား ဆယ်ရပ် **
၁ ။ စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး (Mental Personality or Psycho-Personality)
၂ ။ အခြေခံသဘာဝ ဆင်ခြင်တွက်ချက်နိုင်စွမ်း ပင်ကိုယ်ညဏ်ရည် အိုင်ကျူ (IQ-Intelligence Quotient)
၃ ။ နှလုံးရည် အီးကျူ (EQ-Emotional Quotient)
၄ ။ နှလုံးရည်ပိုင်း ညဏ်ပညာ အီးအိုင် (EI-Emotional Intelligence)
၅ ။ နှလုံးရည်ပိုင်း ညဏ်ပညာဆိုင်ရာ စွမ်းဆောင်ရည် အီးအိုင်ကျူ (EIQ-Emotional Intelligence Quotient)
၆ ။ နှလုံးရည် ခေါင်းဆောင်မှု အရည်အချင်း အီးအယ်လ် (EL-Emotional Leadership)
၇ ။ အတမံ ဝိညဉ်လိပ်ပြာပိုင်း စွမ်းဆောင်ရည် အက်စ်ကျူ (SQ-Spiritual Quotient)
၈ ။ အတမံ ဝိညဉ်လိပ်ပြာပိုင်း ညဏ်ပညာ အက်စ်အိုင် (SI-Spiritual Intelligence)
၉ ။ အတမံ ဝိညဉ်လိပ်ပြာပိုင်း ညဏ်ပညာဆိုင်ရာ စွမ်းဆောင်ရည် အက်စ်အိုင်ကျူ (SIQ-Spiritual Intelligence Quotient)
၁၀ ။ အတမံ ဝိညဉ်လိပ်ပြာပိုင်း ခေါင်းဆောင်မှု အရည်အချင်း အက်စ်အယ်လ် (SL-Spiritual Leadership)
ဆိုတဲ့ အခြေခံ အရည်အချင်း အမျိုးအစား ဆယ်ရပ်ကို လူတစ်ဦးချင်း နဲ့ အလုပ်အဖွဲ့ တစ်ခုချင်း အလိုက် မိုက်ခရိုအမြင် (Micro-View) တစ်ဦးချင်း အဏုစိတ် အမြင်နဲ့ ကြိုတင်ပြင်ဆင်ခြင်း တည်ဆောက်ခြင်း ဖွံ့ဖြိုးတိုးတက်စေခြင်း နဲ့ ထိရောက်စွာ အဆင့်မြှင့်တင်ခြင်းများကို လုပ်ဆောင်နိုင်မှသာလျှင်
- မှန်ကန်သော အခြေခံစံနှုန်းများနဲ့ တန်ဖိုးများ အတွက်
- မှန်ကန်သော ရည်မှန်းချက်များနဲ့ ပန်းတိုင်များ ဆီသို့ ဦးတည်ကာ
လက်တွေ့ အလုပ်လုပ်ဆောင်နိုင်ခြင်း နဲ့ ထိရောက်စွာ အကောင်အထည် ဖေါ်နိုင်ခြင်းများကို အထမြောက် အောင်မြင်ပြီးစီးစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ။
လူမှုတော်လှန်ရေးတွေ လူမှုပြုပြင်ပြောင်းလဲရေးတွေ ကို ဆင်နွှဲရာမှာ ခေတ်သစ် စနစ်သစ် သမိုင်းသစ်တွေကို တည်ဆောက်ရာမှာ အမျိုးသားနိုင်ငံတော်တွေနဲ့ အမျိုးသားတပ်မတော်တွေကို ပြန်လည်စုစည်းပြီး နိုင်ငံတော် ပြန်လည်စည်းရုံးရေး ကို ဆောင်ရွက်တဲ့ နေရာမှာ -
ကိုယ့် တစ်ဦးချင်းနဲ့ ကိုယ့်အစုအဖွဲ့ရဲ့ မကျေနပ်ချက်တွေ နာကျည်းချက်တွေ စိတ်ဒဏ်ရာတွေ အမုန်းတွေ ရန်ညှိုးတွေ အာဃာတတွေ ကို ဖွင့်ထုတ် ရင်ဖွင့်နေရင်း အော်ဟစ် ကြွေးကြော်နေရင်း ညည်းတွားပြောဆိုနေရင်း ဖေါက်ခွဲသရုပ်ဖေါ်ပြနေရင်း ငြင်းခုန်စကားရည်လု‌နေရင်းနဲ့ -
အောင်မြင် တိုးတက်သွားတဲ့ -
အမျိုးသားနိုင်ငံတော်တွေ ပြည်သူတွေ လူ့အဖွဲ့အစည်းတွေ မြို့ပြယဉ်ကျေးမှုတွေ ဆိုတာမျိုးက ခေတ်ဟောင်း ခေတ်သစ် ခေတ်ပြိုင် သမိုင်းတွေမှာ ဘယ်တုန်းကမှ တစ်ခါမှ မရှိခဲ့ပါဘူး ။
နောင်လည်း ရှိလာမှာ မဟုတ်ပါဘူး ။
အထက်မှာ ရေးသားထားတဲ့ အခြေခံ အရည်အသွေး အမျိုးအစား ဆယ်ရပ်ကို ထိထိရောက်ရောက် တည်ဆောက် မြှင့်တင်ရင်းနဲ့ လက်တွေ့မှာ အများကြီး အလုပ်လုပ်ရပါတယ် ။
အလုပ်မဖြစ်တဲ့ အပို အလဟဿ ရုပ်အမှိုက် စိတ်အမှိုက် အတွေးအခေါ်အမှိုက် ဗဟုသုတအမှိုက်တွေ လူအမှိုက် အဖွဲ့အစည်းအမှိုက် အသိုင်းအဝန်းအမှိုက် ပတ်ဝန်းကျင်အမှိုက်တွေကို အဝေးဆုံးကို လွှင့်ပစ် စွန့်ပစ်လိုက်ပါ ။
တကယ်တမ်း အရေးကြီးတဲ့ အလုပ်တွေကိုသာ တကယ်တမ်း ဦးစားပေး အချိန်ပေး အလုပ်လုပ်ပါ ။
ရဲကျော်စွာ
Ye Kyaw Zwa
13th November 2020

Make or Buy (မွေးမလား/ရွှေးမလား)-------------------------------၁) အဖွဲ့အစည်းတခုအတွင်း ဝန်ထမ်း ရှာဖွေခန့်အပ်တဲ့အခါ ကိုယ်အ...
15/05/2022

Make or Buy (မွေးမလား/ရွှေးမလား)
-------------------------------
၁) အဖွဲ့အစည်းတခုအတွင်း ဝန်ထမ်း ရှာဖွေခန့်အပ်တဲ့အခါ ကိုယ်အတွင်းထဲက လူကိုပဲ ပျိုးထောင်းပြီးခန့်အပ်မလား။ အပြင်က စွမ်းဆောင်ရည်ပြည့်ပြီးသားသူတွေကို ရွှေးခန့်အပ်မလားဆိုတာ စီမံခံခွဲမူအတွေ့အကြုံရှိသူတိုင်း ရင်ဆိုင်ရတဲ့ပြသနာမျိုးပါ။
၂) နှစ်မျိုးစလုံးမှာတော့ ပြဿနာ အနည်းငယ်ရှိတတ်ကြပါတယ်။ အပြင်လူဝင်ရင် အဖွဲ့အစည်းရဲ့ culture ကိုမမိတာ။ အတွင်းလူခန့်ရင် ဒီculture အတွင်းမှာ ရေလိုက်ငါးလိုက်ဖြစ်နေတာ။ နောက် စွမ်းဆောင်ရည်ပြဿနာရှိနေတာမျိုးပါ။
၃) ကျွန်တော်ကတော့ တတ်နိုင်သမျှ အတွင်းလူကို ပျိုးထောင်ပါတယ်။ သူက အချိန်ပေးရတယ်။ စိတ်ရှည်ရတယ်။ ဒါပေမယ် သူတိုဒီအလုပ် ဒီနယ်ပယ်မှာ ဝါဿနာပါ စိတ်ဝင်စားတဲ့သူတွေဖြစ်ဖို့လို့ပါတယ်။
၄) အဖွဲ့အစည်းမှာ ideas သစ်တွေလိုပီ။ စီမံခံ့ခွဲမှု စတိုင်တွေပြောင်းဖို့လိုပီ။ အဖွဲ့အစည်းကို Dynamic ဖြစ်ဖို့လိုပီဆိုရင်တော့ အပြင်ကလူတွေကိုထည့်ပြီး သူတိုရဲ့ အတွေ့အကြုံတွေ နည်းစနစ်တွေ အိုင်ဒီယာတွေ ယူဖို့လိုပါပီ။
၅) ကျွန်တော် လူတွေအများကြီး အလုပ်ခန့်ဘူးပါတယ်။ လူတွေကိုလည်း အလုပ်နားဘူးပါတယ်။ ရိုးသားတဲ့သူတွေကို စွမ်းဆောင်ရည်မပြည့်ဝလို့ နားပေးခဲ့ရတာမျိုးတွေရှိသလို။ စွမ်းဆောင်ရည်ပြည့်ဝပြီး အဖွဲ့အစည်းရဲ့ဟန်နဲ့ လုပ်ငန်းသဘာဝနဲ့မကိုက်ညီတဲ့သူတွေကို အနားပေးခဲ့ရတာမျိုးတွေရှိပါတယ်။ ဒီအတွက်လည်း စိတ်မကောင်းခဲ့ရတာတွေအများကြီးပါ။
၆) ခု ကျွန်တော် ProAct Myanmar (Training & Consultancy) လုပ်တော့ ကျွန်တော့မူ အတိုင်း ပျိုးထောင်မွေးမြူပါတယ်။
အတွေ့အကြုံ အားနည်းသေးတယ်ထင်ရင် သူများအဖွဲ့အစည်းမှာ အငှားချထားပါတယ်။ ခုသူတို့ ဖလမ်းဖလမ်းထနေပါပီ။

Brang Yae Htut

04/05/2022

Meeting ကိုပျော်အောင်လုပ်ပါ
-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:
၁။ တက်ကျမ်းဆရာတွေ Management ဆရာကြီးတွေပြောတဲ့့ effective meeting ဆိုတာတွေရှိပါတယ်။ ယျေဘုယပြောရရင် agenda ရှိဖို့၊ time bound ထားဖို့၊ ထိမ်းကြောင်းသူ ဝါ သဘာပတိရှိဖို့၊ အရေးကြီးတာတွေအရင်ဆွေးနွေဖို့၊ အလှည့်ကျပြောဖို့၊ လက်တွေ့လုပ်ငန်းစဉ်တွေချမှတ်ဖို့ ဘာညာပေါ့။
၂။ ဒါတွေကို ငြင်းဖို့ အကြောင်းတရားမရှိပါဘူး။ စနစ်ကျတဲ့့ အဖွဲအစည်းမျိုးးက စနစ်ကြတဲ့ meeting မျိုး လုပ်ချင်ရင်ဒါမျိုးသွားရမှာပါ။ ဒါမေမယ် အဲ့မိတင်မျိုးဟာ ဝန်ထမ်းတွေ အဖွဲဝင်တွေတက်ရတာ
ပျော်ရွင်တဲ့ meeting မျိ ုးဖြစ်လာမှာမဟုတ်ပါဘူး။

၃။ ပျော်ရွင်တဲ့မိတင်မျိုး ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ့
၃က၊ အစည်းအဝေးတက်ရောက်သူအချို့နောက်ကျကောင်းနောက်က်ကျနိုင်ပါတယ်။ ရှိတဲ့သူနဲ့လအရင်စထားပါ။
၃ခ၊ adgenda အသေမလိုပါ။ ငါတို့ဘာအကြောင်းဆွေးနွေးကြမလဲဆိုပီး ဆွေးနွေးစေချင်ကြတဲ့ ခေါင်းစဉ်တွေ သတ်မှတ်နိုင်ပါတယ်။ စိတ်ထဲပေါ်လာလည်း ထပ်ဖြည့်ဆွေးနွေးနိုင်ပါတယ်။
၃ဂ၊ အလှည့်ကျ မလိုပါ။ ပြောချင်တဲ့သူလက်ထောင်ပြောပါ။
လူတိုင်းက ကိစ္စတိုင်းကို ပြောချင်မှ ပြောမှာပါ။ သူစိတ်ဝင်စားတာသူပြောမှာပါ။
၃ဃ၊ အကြောင်းအရာနဲ့ပတ်သက်ပီး ဟိုကျော်ဒီခွ ပြောနိုင်ပါတယ်။ ပြောပါစေ ဘောင်မသွင်းပါနဲ့၊ ဆိုင်ရာကိစ္စမှာ ပေါင်းထည့်ဆွေးနွေးပါ။
၃င၊ လူမူရေးအကြောင်းတွေ့ ဖေစဘွတ် အတင်းသတင်းတွေလည်းပြောပါစေ။ ခဏတဖြုတ်လွတ်ထားပါ။ တခါတလေ သူဝတ်ထားတဲ့ ထောင့်ရှစ်ရာတန် အင်္ကျီလေးကို နင်နဲ့ လိုက်တယ်ဆိုပီးချီကျူး း
မြှောက်ပင့်ပြောပါ။
၃စ၊ ဖြေလျှော့ပေးပါ။ တယောက်ယောက်တ တင်းမာနေတယ်ဆို
ညနေကြရင် ဆာဖျယ်စားမယ်၊ ဘားသွားထိုင်မယ်၊ သီချင်းသွားဆိုမ်ာဆိုပြီး အကြောလျှော့ပါ။
၃ဆ၊ ဆုံးဖြတ်နိုင်ခဲ့တာတွေမှတ်တမ်းတင်ပါ။ မဆုံးဖြတ်နိုင်တာတွေလည်းထားခဲ့ပါ။ ညနေ တယောက်နှစ်ခွက်လောက် သောက်လိုက်ရင် ဆုံးဖြတ်ချက်ကျသွားပါလိမ့်မယ်။
၃ဇ၊ မိတင်တိုင်းဟာ အခန်းထဲထိုင်ပြီးလုပ်တာမဟုတ်ပါ။
၃စျ၊ သက်တောင့်သက်သာရှိပါစေ၊ ထိုင်ထိုင်လှဲလှဲ အိပ်အိပ် သူအဆင်ပြေသလိုပြောပါစေ၊ ခဏနေ အကုန်မတ်တပ်ရပ်ငြင်းကြပါလိမ့်မယ်။
၃ည၊ ပီးချင်တဲ့အချိန်ပီးပါစေ၊ မနေနိုင်တဲ့လူထပြန်ပီး ကျန်တဲ့သူ တွေဆက်ပြောပါလိမ့်မယ်။
၃တ၊ မိတင်ဆုံးဖြတ်ချက်တွေကို မဖြစ်မနေ အကောင်အထည် ဖေါ်ရမည်မျိုး၊ ဟှုလူဒီလူမှာ တာဂန်ရှိသလိုမျိုး အတင်းအကျပ်မလုပ်ပါနဲ့။ မလုပ်နိုင်သလောက် မလုပ်ပါစေနဲ့၊ လုပ်နိုင်သလောက်တာ လုပ်ပါစေ။

၄။ အဖွဲအစည်းသည် psychological bound ဖြစ်ရမည်၊ systematic ထက် systemic ဖြစ်ရမည်။ တနည်းအားဖြင့်
တုတ်နှောင်မူမျိုးထက် အလိုအလျှောက် စည်းနှောင်ထူထောင်မူမျိုးဖြစ်ရမည်။ organic သဘောဆောင်ရမည်။ ဘဝဆန်ရမည်။ သဘာဝဆန်ရမည်။

Organizational Behaviour ရူထောင့်မှရေးပါသည်။
Brang Yae Htut @သူရိန်ထက်လင်း

လူသား ယဉ်ကျေးမှုပျိုးထောင်ခြင်း ------------------------------ကမ္ဘာကြီးတွင် ရင်ဆိုင်ဖြေရှင်းစရာ ပြသနာများ ထုနှင့်ထည်နှင်...
13/04/2022

လူသား ယဉ်ကျေးမှုပျိုးထောင်ခြင်း
------------------------------
ကမ္ဘာကြီးတွင် ရင်ဆိုင်ဖြေရှင်းစရာ ပြသနာများ ထုနှင့်ထည်နှင့် ရှိပါသည်။ ယင်းပြသနာအဖုံဖုံတွင် တန်ဖိုးဆိုင်ရာ ပြဿနာများမှာ အငြင်းပွားဆုံးနှင့် ဖြေရှင်းရအခက်ဆုံး ပြသနာများဖြစ်သည်။ ဥပမာ- အရှေ့နှင့် အနောက်၊ ဒေသနှင့်ကမ္ဘာ၊ ပုဂ္ဂလလူသားနှင့် လောက၊ အစဉ်အလာနှင့် ခေတ်မှီဆန်းသစ်ရေး၊ ပြိုင်ဆိုင်မှုနှင့် အခွင့်အလမ်းတူမျှမှု စသည့်ကွာဟမှု အကြားအလပ်များနှင့် တန်ဖိုးထားမှုဆိုင်ရာများက ယနေ့ခေတ်ပညာရေး ကဏ္ဍကို ကြီးစွာ စိန်ခေါ်လျှက်ရှိသည်။ ပညာရေးသည် ပညာဗဟုသုတ ကျွမ်းကျင်တက်မြောက်မှု၊ သိပ္ပံနည်းပညာ တီထွင်ဖန်တီးနိုင်မှုတို့သာမကဘဲ လူသားတန်ဖိုးပျိုးထောင်ရေးအတွက်ပါ တာ၀န်ရှိလာသည်။ သည့်အတွက် အာရှ၏ သင့်လျှော်ကောင်းမြတ်သော ယဉ်ကျေးမှုတန်ဖိုးများကို ထိန်သိန်စောင့်ရှောက်ရန် ကမ္ဘာသူကမ္ဘာသား တစ်ယောက်အဖြစ် လက်ခံကျင့်သုံးရမည့် လောကပါလ လူသားတန်ဖိုးများ (Universal human values) ကို လေ့ကျင့်ပျိုးထောင်ပေးရမည်။
အရှေ့အနောက် ပညာရှင်များ၊ UNDP, UNESCO ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်း များက ညွှန်ဆိုသော ကမ္ဘာလုံးဆိုင်ရာ ကိုယ်ကျင့်တရာ (global ethics) များအတွက် ပညာရေးက ဖြည့်စွမ်းလေ့ကျင့်ပေးရမည့် လူသားတန်ဖိုးမှာ
(၁) လူမှုတာ၀န်သိစိတ်နှင့် ပေါင်းစည်းထားသည့် လူသားရပိုင်ခွင့်များကို သဘောပေါက်နားလည်မှုရှိခြင်း။
(၂) နိုင်ငံအုပ်ချုပ်ရေးအပိုင်းနှင့် ဆုံးဖြတ်ဆောင်ရွက်မှု အပိုင်းများတွင် ဒီမိုကရေစီနည်းကျ ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုရေးရပိုင်ခွင့်များကို တန်ဖိုးထားခြင်း။
(၃) ယဉ်ကျေးမှုဆိုင်ရာ ခြားနားမှုများနှင့် ဗဟုဝါဒ (Pluralism) သဘောကို နားလည်မှုရှိခြင်း၊ စိတ်ရှည်သည့်ခံခြင်း၊
(၄) လူမှုစာနာစောင့်ရှောက်မှုနှင့် ကရုဏာ တရားမွေးမြူခြင်း။
(၅) ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း
(၆) စွန့်စားဆောင်ရွက်လိုခြင်း၊ ကြံရည်ဖန်ရည်စိတ်ရှိခြင်း၊၊
(၇) တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်း။
(၈) ကျား၊မ သာတူညီမျှစိတ်ရှိခြင်း။
(၉) အပြောင်းအလည်းများအတွက် ပွင့်လင်းလွတ်လပ်သော သဘောထားရှိခြင်း။
(၁၀) သဘာ၀ ပတ်၀န်းကျင်ထိန်သိမ်းရေး နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာ၀န်သိတက်ခြင်း တို့ဖြစ်ပါသည်။
စင်စစ်မူ ယင်းဖော်ပြပါတန်ဖိုးများမှာအာရှသားတို့အတွက် အစိမ်းသက်သက်ကြီးတော့ အဟုတ်ပေ။ ဥပမာ- လူမှုစာနာစောင့်ရှောက်မှုနှင့် ကရုဏာတရားမွေးမြူခြင်း အပိုင်းတွင် ကွန်ဖျူးရှပ်၏ ကောင်းကျိုးပြု့လိုစိတ်၊ မိုဟမ်(Mohist) တို့၏ မေတ္တာပွားများစိတ်၊ ဗုဒ္ဓ၏ မေတ္တာဂရုဏာစိတ် စသည့်လောကပါလတရားများ ပါ၀င်နေပါသည်။ ပတ်၀န်းကျင်ထိန်သိမ်းစောင့်ရှောက်မှုနှင့် ပတ်သက်၍လည်း တာအိုဝါဒီတို့၏ “သဘာ၀တရားထံ ပြန်သွားပါ” ဆိုသည့် သင်ကြားချက်များနှင့် သွေဖီခြင်းမရှိပါပေ။ ကွန်ဖျူးရှပ်၏ အရည်အသွေးပြည့်၀သူများ၏ အုပ်ချုပ်ရေးစနစ် (Aristocracy of merit) သည်လည်း ရှေးဂရိတို့၏ အကောင်းမြတ်ဆုံး လူသားများနှင့် ဖွဲ့စည်းထားသည့် အစိုးရ (Government by the best) အယူအဆနှင့် သဘောတရားရေးအရ နီးကပ်လျက်ရှိသည်။
ပြဿနာမှာ မိမိလူမျိုး၊ မိမိတန်ဖိုး၊ မိမိတိုင်းပြည်၊ မိမိယဉ်ကျေးမှုဟူ၍ တစ်ဘက်မြင် တစ်လမ်းမောင် နေ၍ ဖြစ်သည်။ အနောက်တန်ဖိုး ရှေ့တန်ဖိုးဟူ၍ အငေါ်တူး ထေ့ငေါ့နေ၍မဖြစ်ပေ။ မတူခြားနာသော ယဉ်ကျေးမှု များထဲမှာ မတူခြားနားသော လူမှုစီးပွား ပြဿနာ အသီးသီးကို အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရန် အထက်ဖော်ပြပါ လောကပါလ လူသားတန်ဖိုးများ ပျိုးထောင်မွေးမြူရပါမည်။ ဖွဲ့စည်းသင်းပင်းစိတ်ရှိသော ပုဂ္ဂလလူသား၏ ဂုဏ်ရည်၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပြိုင်ဆိုင်ခြင်း၊ စရဏတန်ဖိုးများနှင့် ကင်းလွတ်သော သိပ္ပံနည်းပညာပိုင်း စွမ်းဆောင်နိုင်စွမ်း တို့မှာ ယနေ့လူသားဘ၀ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကလိုအပ်ချက်များဖြစ်သည်။

သူရိန်ထက်လင်း @ Brang Yae Htut
(ပညာရေး ယဉ်ကျေးမှုနှင့် အာရှတန်ဖိုး)
စံပယ်ဖြူမဂ္ဂဇင်း

------------------------------

စံပယ်​ဖြူမဂ္ဂဇင်း

29/03/2022

လူတွေ ပြသာနာ အကျပ်အတည်းနဲ့ ကြုံတဲ့အခါ ==================

လူ‌တွေကပြဿနာ အကျပ်အတည်းတစ်ခုခုကြုံတွေ့ရပြီး စိတ်ထွက်ပေါက်မရှိတဲ့အခါ ယုံကြည်စိတ်ချရတဲ့သူကိုဖွင့်ဟပြောပြတာဟာစိတ်သက်သာရာရစေတဲ့နည်းလမ်းတစ်ခုပါပဲ။‌နောက်ထပ်စိတ်ကိုသက်သာရာရစေမယ့်နည်းလမ်းတွေလည်းရှိပါသေးတယ်။
_ဘဝမှာ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ‌‌တွေ့ကြုံရပြီး ဆုံးရှုံးမှုကြီးမားတဲ့အခါစိတ်ခံစားချက်တွေပြင်းထန်ဖိစီးလာပါတယ်။သေချင်လောက်အောင်ခံစားရတာတွေ ကမ္ဘာလောကကြီးထဲကပျောက်ဆုံးသွားချင်တာတွေ လူသတ်ချင်စိတ်ပေါက်လာတာတွေ ယူကြုံးမရဝမ်းနည်းအားငယ်နိမ့်ကျမှုနဲ့ အသက်ဆက်မရှင်ချင်တော့တဲ့စိတ်‌တွေဖြစ်ပေါ်လာတတ်ပါတယ်။ လူမူရေး ပြဿနာတွေဟာ စိတ်ခံစားမှုကိုပိုပြီး အကျပ်အတည်းသောကရောက်စေနိုင်ပါတယ်။ ဖြစ်ရပ်ရဲ့အတိုင်းအတာပမာဏ အလေးအပေါ့အရ စိတ်ဒါဏ်ရာအထိ သက်ရောက်မှုရှိတာတွေလည်းတွေ့မြင်နေရပါတယ်။ လူတိုင်းမဟုတ်ပေမယ့် ကိုယ်တို့လူ့ပါတ်ဝန်းကျင်မှာ များသောအားဖြင့် စိတ်ဒါဏ်ရာ တစ်ခုခုရဖူးသူတွေမနည်းမနောပါပဲတဲ့။
နောက်ဆက်တွဲစိတ်ကိုပြန်လည်ထိန်းသိမ်းကုစားရတဲ့အခြေအနေ ထိမရောက်အောင် ဆိုးရွားတဲ့လူ့ဘဝအတွေ့အကြုံတွေကြုံတွေ့ရတဲ့အခါ____

၁။ယုံကြည်စိတ်ချရတဲ့ရင်းနှီးသူတစ်ဦးဦးကိုရင်ဖွင့်ပါ။
၂။တစ်ယောက်တည်းမနေပါနဲ့။ ကိုယ့်အနားမှာကိုယ်ချစ်ခင်တဲ့ ကိုယ့်ကိုလည်းချစ်ခင်တဲ့သူတစ်ဦး ဒါမှမဟုတ် တစ်ဦးမကနဲ့ အတူရှိပါစေ။
၃။ အကူအညီတောင်းဖို့ဝန်မလေးပါနှင့်။လိုအပ်ရင်‌အကူအညီတောင်းပါ။
၄။အချိန်တွေကိုဖြုန်းလို့ရတဲ့ ဝါသနာပါတာတခုခုလုပ်ပေးပါ။အားကစား၊ အနုပညာ၊ ပရဟိတ စသဖြင့်
၅။အရာရာက ခဏတာမျှသာပဲ။ဖြစ်ပြီးရင်ပျက်မယ်၊ခုလိုကိုယ်စိတ်ဆင်းရဲ စိတ်ဓါတ်ကျနေတာတွေဟာလည်း ခေါင်းအေးအေးထားပြီး ရင်ဆိုင်ဖြေရှင်းသင့်တာဖြေရှင်းသွားရင် နောက် ၆လလောက်ကြာတဲ့အခါ အဆင်ပြေသွားမှာကိုယုံကြည်ပါ။
၆။ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ရက်ဖြစ်တဲ့အတွက် လူတွေကဲ့ပါးစပ်အပြောတွေ ဝေဖန်မှု‌တွေကို သွေးအေးအေးနဲ့သာ ရင်ဆိုင်ပါ(ဘယ်သူကမှ ပြည့်စုံနေတာမရှိပါဘူး)
၇။ဖြစ်နိုင်ရင် အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ။တရားထိုင်ပါ။
၈။အရက်သောက်တာ မူးယစ်ဆေးဝါးသုံးစွဲတာတို့ကိုစိတ်ထွက်ပေါက်အနေနဲ့ ရွေးချယ်ကြတာရှိပါတယ်။ အတိုင်းအတာ ပမာဏမများပဲ စိတ်သက်သာရာရဖို့အတွက် ကိုယ့်စိတ်ကိုနိုင်တယ်၊ နောက်လည်းအမြဲတမ်းသုံးစွဲနေတာမျိုးမဟုတ်ပဲ ခဏတာအတွက်အသုံးပြုတာမျိုးဆိုရင်လည်း အဲဒီနည်းလမ်းကိုရွေးချယ်လို့ရပါတယ်။
Myanmar

📘📘📘ဖက်ဒရယ်ပညာရေး ( Education in Federalism)ပညာရေးသည် အများပိုင်ဖြစ်သည်။ ပါတီတစ်ရပ်၊ အစိုးရတစ်ဖွဲ့၊ ပညာရေးဗျူရိုကရေစီ ယန္...
25/01/2021

📘📘📘ဖက်ဒရယ်ပညာရေး ( Education in Federalism)
ပညာရေးသည် အများပိုင်ဖြစ်သည်။ ပါတီတစ်ရပ်၊ အစိုးရတစ်ဖွဲ့၊ ပညာရေးဗျူရိုကရေစီ ယန္တယားတစ်ခု၏ ကိုယ်ပိုင်မဟုတ်။ ပညာရေးသည် Nation Building ဖြစ်သည်။ မိမိတို့တိုင်းပြည်၊ လူ့အဖွဲ့အစည်း ကို ဘယ်လိုအရည်အသွေးရှိသူများဖြင့် ဘယ်၍ဘယ်ပုံ ထူထောင်တည်ဆောက်ရမည် ကိုမျော်မှန်းထား ချက် လည်းဖြစ်သည်။
ကျွန်တော်တို့ တိုင်းပြည်သည် ဖက်ဒရယ်ဒီမိုကရေစီရွေ့သို ဦးတည်နေသည်၊ (ဆိုကြပါစို့)။ ဤအရွေ့သို့ သွားမည်ဆိုလျှင် ကျွန်တော်တို့၏ “အမျိုးသားပညာရေးမှုဝါဒ နှင့် ပညာရေးပြုပြင် ပြောင်းဲမှုများ” သည်လည်း ဖက်ဒရယ်ပညာရေး အနှစ်အသား များ ပါဝင်နေဖို့လိုပါသည်။ ပညာရေးမှုဝါဒရေးဆွဲခြင်း၊ ဥပဒေပြဌာန်းခြင်း၊ ဘဏ္ဍာငွေရှာဖွေခြင်း သုံးဆွဲခြင်း၊ ပညာရေး စီမံခန့်ခွဲခြင်းများနှင့်ပါတ်သက်ပြီး၊ အနာဂတ် အခြေခံဥပဒေ (ဖက်ဒရယ်၊ ပြည်နယ်၊ ဒေသန္တရအစိုးရ များကြား) တွင် ထည့်သွင်းရေးဆွဲထားဖို့လိုသည်။
· ဖက်ဒရယ်အခြေခံ ပညာရေးမူဝါဒ ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားစရာများရှိသည်။
📘ပညာရေးတရားမျှတမှု (Educational Justice)
📘ဗဟုယဉ်ကျေးမှု အကောက်အယူ (Cultural Pluralism)
📘ပညာရေးလွတ်လပ်မှုနှင့် သုတေသန ( Academic Freedom & Research)
📘 စီမံခန့်ခွဲမှုနှင့် အင်စတီကျူရှင်းပြန်လည်ဖွဲ့စည်းမှု (Management & Institutional Reform)
📘အစိုးရများ၏အခန်းကဏ္ဍ (Roles of Federal, State and Regional Governments) စသည်များကို ပညာရေးပြုပြင် ပြောင်းလဲမှုများတွင်
တစ်ထောင့်တစ်နေရာက ပါဝင်ပေးနေကြသော
ဆရာဦးရဲထွဋ်(စာရေးဆရာသူရိန်ထက်လင်း)
ဆရာဦးသိန်းနိုင်(မောက္ခပညာရေး)
ဆရာဒေါက်တာအာကာမိုးသူ(ရန်ကုန်တက္ကသိုလ်)

တို့မှ ဦးဆောင် ဆွေးနွေးပြီး ProAct Myanmar မှ မစုနန္ဒာလှိုင်မှ Moderator အဖြစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။
Zoom Live ဖြင့် တင်ဆက် သွားမည် ဖြစ်ပါသည်။
ပါဝင်နားထောင်ဆွေးနွေးချင်သူများအနေဖြင့် အောက်ပါ Link မှာ
၂၉.၁.၂၀၂၁ ရက်နေ့နောက်ဆုံးထားပြီး စာရင်းသွင်းလို့ရပါပြီ။
👇👇👇
https://docs.google.com/forms/d/1EXgu--vsU0voYFR1AX7a_Cy968oYoFVamKo43U2caJs/edit
လူဉီးရေ - ၁၀၀ ဦး
Live on - ProAct Myanmar Page
မေးမြန်းစုံစမ်းချင်ရင်တော့
Michelle (Program Officer)
09-459720545 ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

၂၀၂၀ အကုန် ၂၀၂၁ ခုနှစ် အကူးမှာ  ProAct Myanmar က အဖွဲ့ဝင်များ ကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ဘောလုံး ဝတ်စုံ များ လက်ဆောင်ပေ...
14/01/2021

၂၀၂၀ အကုန် ၂၀၂၁ ခုနှစ် အကူးမှာ ProAct Myanmar က အဖွဲ့ဝင်များ ကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ဘောလုံး ဝတ်စုံ များ လက်ဆောင်ပေးခဲ့ပါတယ်။
အသင်း အဖွဲ့ စိတ်နဲ့ ဘောလုံးကစားသလို အ‌ေရှ့ထွက်ပြီး ကစားကွင်း မှာ ကစားရသူများ ရှိသလို နည်းပြများ နှင့် နောက်ကွယ်က နေ ပံ့ပိုးသူ အလုပ်လုပ်ပေးသူများ နှင့် အသင်း ဖွဲ့ တစ်ခု က ဘောလုံး အသင်း တစ်သင်းလို ရှိနေ တဲ့ဆိုတဲ့ အဓိပ္ပါယ်ပါ နဲ့ပါ။
၂၀၂၁ မှာလည်း အလုပ်တွေလုပ်ဖို့ အစီအစဥ်််််တွေ ချမှတ် အကောင်အထည် ဖော်််််ရင်း ဖြတ်သန်း ကြပါမယ်။
၂၀၂၁ နှစ်သစ်မှာ အဖွဲ့ဝင်များ နှင့် မိတ်ဖက်အဖွဲ့အစည်းများ ကို ကပ်ရောဂါဘေး မှာ ကင်းလွတ် ပြီး ကျန်းမာပျော််််် ရွှင် စွာ အလုပ်များ လည်း အောင်မြင် စေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ProAct Myanmar

Institutional Leadership Talk(အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်မှု စကားဝိုင်း)----------------------------------------------...
14/12/2020

Institutional Leadership Talk(အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်မှု စကားဝိုင်း)
---------------------------------------------------------------------
လူ့အဖွဲ့အစည်းတစ်ရပ်၏ လူမှုနိုင်ငံရေး အပြောင်းအလဲများကို
ဦးဆောင်အကောင်အထည်ဖေါ်ပေးပါသော
နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများအတွင်း
ကျင့်သုံးဆောင်ရွက်နေသော ခေါင်းဆောင်မှုပုံစံများ၏
သဘောသဘာဝ လာရာ၊ လားရာများကို ဆွေးနွေးအဖြေရှာမည့် စကာဝိုင်း--။

• ခေါင်းဆောင်မူသဘောသဘာဝ၊
• ခေါင်းဆောင်မှု အပြုအမူများ နှင့်
• အပြောင်းအလဲများကြားမှ ခေါင်းဆောင်မှုပုံစံများအကြောင်းကို
ဆရာ မန်းသိုက်ထွန်း (Civic Educator Cum Consultant) ,
ဆရာ သက်နိုင်ထွန်း(ခ) စိုင်းအိမ် (Trainer Cum Consultant (OD & Community Development),
ဆရာမ စိုးသန္တာ (OD & Capacity Development Trainer, ProAct Myanmar) တို့က
ဦးဆောင်ဆွေးနွေး ပေးသွားပါမည် ဖြစ်ပြီးဆရာမ ဖြိုးပြည့်စံ ( HR Specialist ) မှ Moderator အဖြစ်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ပါဝင်နားထောင်ဆွေးနွေးချင်သူများအနေဖြင့် အောက်ပါ Link မှာ
၁၈.၁၂.၂၀၂၀ ရက်နေ့နောက်ဆုံးထားပြီး စာရင်းသွင်းလို့ရပါပြီ။
👇👇👇
https://docs.google.com/forms/d/e/1FAIpQLSe0o2iaUVsyJzgTYfyJvosUL58kO_hheMbE2VWD9SAXQaODbA/viewform?usp=pp_url

လူဉီးရေ - ၁၀၀ ဦး
Live on - ProAct Myanmar Page

မေးမြန်းစုံစမ်းချင်ရင်တော့
Michelle (Program Officer)
09-459720545 ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

2020 General Elections and Civic ParticipationTalk၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနှင့် လူထုပူးပေါင်းပါဝင်မှု စကားဝိုင်း- - - -...
30/11/2020

2020 General Elections and Civic Participation
Talk
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနှင့်
လူထုပူးပေါင်းပါဝင်မှု စကားဝိုင်း
- - - - - - - - - - - - - - - - - - - - - - -
🔹ရွေးကောက်ပွဲတစ်ခုမှာ လူထု ပူးပေါင်းပါဝင်နိုင်တဲ့ အခန်းကဏ္ဍဘာတွေ ရှိမလဲ❓

🔹၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ လူထုရဲ့ ပူးပေါင်းပါဝင်မှု အခြေအနေကဘယ်လိုလဲ❓

🔹လူထုပူးပေါင်းပါဝင်မှုအပေါ် သက်ရောက်နေတဲ့ လက်ရှိ ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်တွေက ဘာတွေလဲ❓

🔹နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ လူထုရဲ့ ပူးပေါင်းပါဝင်မှု မြှင့်တင်ဖို့ ဘာတွေ လိုအပ်မလဲ❓

စတဲ့အကြောင်းအရာများကို ဉီးမြတ်မင်း(Local Governance & Election Expert)၊ဒေါက်တာထက်ထက်အောင်(Peace & Civic Educator)၊ဒေါ်စုနန္ဒာလှိုင်(Civic Educator cm Advocate)နှင့် ဒေါ်ယဉ်လဲ့မွန်(Civic Educator cm Lawyer)
တို့မှ ဦးဆောင်ဆွေးနွေးပေးသွားပါမည်ဖြစ်ပါတယ်။

ပါဝင်နားထောင်ဆွေးနွေးချင်သူများအနေဖြင့် အောက်ပါ Link မှာ
၄.၁၂.၂၀၂၀ ရက်နေ့နောက်ဆုံးထားပြီး စာရင်းသွင်းလို့ရပါပြီ။
👇👇👇
https://docs.google.com/forms/d/1Ysll61qTGiqZHPHqLjGtgIt-lQf-umDS9Xgf8XRXd5U/

လူဉီးရေ - ၁၀၀ ဉီး
Live on - ProAct Myanmar Page

မေးမြန်းစုံစမ်းချင်ရင်တော့
Michelle (Program Officer)
09-459720545 ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Zawgyi
2020 General Elections and Civic Participation
Talk
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနှင့်
လူထုပူးပေါင်းပါဝင်မှု စကားဝိုင်း
- - - - - - - - - - - - - - - - - - - - - - -
🔹ရွေးကောက်ပွဲတစ်ခုမှာ လူထု ပူးပေါင်းပါဝင်နိုင်တဲ့ အခန်းကဏ္ဍဘာတွေ ရှိမလဲ❓

🔹၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ လူထုရဲ့ ပူးပေါင်းပါဝင်မှု အခြေအနေက ဘယ်လိုလဲ❓

🔹လူထုပူးပေါင်းပါဝင်မှုအပေါ် သက်ရောက်နေတဲ့ လက်ရှိ ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်တွေက ဘာတွေလဲ❓

🔹နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ လူထုရဲ့ ပူးပေါင်းပါဝင်မှု မြှင့်တင်ဖို့ ဘာတွေလိုအပ်မလဲ❓

စတဲ့အကြောင်းအရာများကို ဉီးမြတ်မင်း(Local Governance & Election Expert)၊ဒေါက်တာထက်ထက်အောင်(Peace & Civic Educator)၊ဒေါ်စုနန္ဒာလှိုင်(Civic Educator cm Advocate)နှင့် ဒေါ်ယဉ်လဲ့မွန်(Civic Educator cm Lawyer)
တို့မှ ဦးဆောင်ဆွေးနွေးပေးသွားပါမည်ဖြစ်ပါတယ်။

ပါဝင်နားထောင်ဆွေးနွေးချင်သူများအနေဖြင့် အောက်ပါ Link မှာ
၄.၁၂.၂၀၂၀ ရက်နေ့နောက်ဆုံးထားပြီး စာရင်းသွင်းလို့ရပါပြီ။
👇👇👇
https://docs.google.com/forms/d/1Ysll61qTGiqZHPHqLjGtgIt-lQf-umDS9Xgf8XRXd5U/

လူဉီးရေ - ၁၀၀ ဉီး
Live on - ProAct Myanmar Page

မေးမြန်းစုံစမ်းချင်ရင်တော့
Michelle (Program Officer)
09-459720545 ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

ကျေးဇူးတင်လွှာ.....................21.11.2020 ရက်နေ့တွင် ProAct Myanmar မှApplied Philosophy Talk ကိုကျင်းပပြုလုပ်ခဲ့ပါတ...
23/11/2020

ကျေးဇူးတင်လွှာ.....................

21.11.2020 ရက်နေ့တွင် ProAct Myanmar မှ
Applied Philosophy Talk ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲတွင် ဆွေးနွေးခဲ့သော ဆွေးနွေးချက်မှတ်စုများကိုလည်း တက်ရောက်သူများအားလုံးကို တစ်ပတ်အတွင်းမှာ ပို့ပေးသွားမှာဖြစ်ပါတယ်။

Applied Philosophy Talk ပွဲအားဖြစ်မြောက်အောင် အဖက်ဖက်မှ ကူညီပေးခဲ့သူများနှင့် ပါဝင်ဆွေးနွေး
တက်ရောက်ပေးခဲ့ကြသူများအားလုံး တစ်ယောက်စီတိုင်းကို ProAct Myanmar မှကျေးဇူးအထူးတင်ရှိပါတယ်။

နောက်တစ်ပတ်မှာလည်း နောက်ထပ်စကားဝိုင်းရှိဉီးမှာမို့မကြာခင် ထပ်မံအသိပေးကြေငြာပေးသွားပါမယ်။


Address

No. (57), 4th Floor, Mingalar Street, Sanchaung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959421075998

Website

Alerts

Be the first to know and let us send you an email when ProAct Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ProAct Myanmar:

Share