18/01/2025
ကုမ္ပဏီတစ်ခုမှာအစုရှယ်ယာရှင်များနှင့်ပတ်သက်သည့်အစည်းအဝေးဘယ်နှစ်မျိုးရှိသလဲ၊ အစည်းအဝေးကျင်းပရမယ့် ကာလကန့်သတ်ချက်တွေ ဘာလိုရှိမလဲ၊ အစည်းအဝေးဘယ်နှစ်ရက် ကြိုတင်ဖိတ်ကြားဖို့လိုမလဲ?
👉အစည်းအဝေးအမျိုးအစားများ
~~~~~
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ အစုရှယ်ယာရှင်များနှင့် ပတ်သက်သည့် အစည်းအဝေးအမျိုးအစား ၃ ရပ်ရှိပါတယ်။
၁။ နှစ်ပတ်လည်အထွေထွေအစည်းအဝေး (Annual General Meeting)
၂။ အထူးကျင်းပသည့်အထွေထွေအစည်းအဝေး (Special General Meeting)
၃။ ဥပဒေအရ လိုက်နာဆောင်ရွက်ရသည့် အစည်းအဝေး (Statutory Meeting) တို့ဖြစ်ပါတယ်။
👉အစုရှယ်ယာရှင်များအနေဖြင့်ဘယ်လိုအချိန်တွေမှာအစည်းအဝေး ကို ကျင်းပဖို့လိုအပ်ပါသနည်း။
~~~~~
၁။ နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကို ကုမ္ပဏီတစ်ခုဖွဲစည်းတည်ထောင်သည့်နေ့ရက်မှစတင်ပြီး ၁၈ လ (၁နှစ်နှင့် ၆လ) အတွင်းနှင့် ပြက္ခဒိန်နှစ် တစ်နှစ်ကို တစ်ကြိမ်ကျင်းပရန်လိုအပ်ပါတယ်။ နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ကုမ္ပဏီ၏ ဒါရိုက်တာများ နှင့် အစုရှယ်ယာရှင် ရွေးချယ်ခြင်း၊ ကုမ္ပဏီ နှစ်စဉ် ဘဏ္ဍာရေးအစီရင်ခံစာ၊ ဒါရိုက်တာများ၏ အစီရင်ခံစာ နှင့် စာရင်းစစ် အစီရင်ခံစာတိုကို ပြုစုရန်လိုအပ်ပါက နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အစုရှယ်ယာရှင်များကို တင်ပြရပါမယ်။
၂။ အထူးကျင်းပသည့်အထွေထွေအစည်းအဝေး ကို နှစ်ပတ်လည်အထွေထွေအစည်းအဝေးမှ တစ်ပါး ကုမ္ပဏီ၏ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍အရေးတကြီးဆုံးဖြတ်ရန်လိုအပ်သောအကြောင်းအရာတို့တွင် ကျင်းပရန်လိုအပ်ပါသည်။ ဥပမာအားဖြင့် ကုမ္ပဏီအမည်ပြောင်းလဲခြင်း၊ ကုမ္ပဏီ၏ ဖွဲစည်းပုံစည်းမျဉ်းများ ပြောင်းလဲခြင်း၊ရှယ်ယာရှင်နှုတ်ထွက်ခြင်းနှင့် ကမ်းလှမ်းခြင်း တို့ဆောင်ရွက်ရာတွင် အစုရှယ်ယာရှင်များ ကိုခေါ်ယူလေ့ရှိသည်။
၃။ ဥပဒေအရ လိုက်နာဆောင်ရွက်သည့် အစည်းအဝေး ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီများ (Public Company) နှင့် ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် အစုရှယ်ယာမတည်ငွေရင်း ရှိသော ကုမ္ပဏီများ သည် ဖွဲစည်းတည်ထောင်သည့်နေ့မှ စတင်ပြီး ၂၈ ရက်အောက်မနည်း ၆လအတွင်း အစည်းအဝေးခေါ်ယူရန် လိုအပ်ပါသည်။
👉အစည်းအဝေးကျင်းပဖို့ ဘယ်နှစ်ရက်လောက်ကြိုတင်ဖိတ်ကြားဖို့ လိုအပ်မလဲ
~~~~~
အစည်းအဝေးတစ်ရပ်ပြုလုပ်ရာတွင် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီများ (Private Company) ၏ အထွေထွေအစည်းအဝေးများအတွက် ၂၁ရက် ကြိုတင်၍ အကြောင်းကြားစာ ပေးပို့ရမည်ဖြစ်ပြီး အများနှင့် သက်ဆိုင်သောကုမ္ပဏီများ၏ အထွေထွေအစည်းအဝေးကို အနည်းဆုံး ၂၈ ရက် ကြိုတင်ပြီးအကြောင်းကြားစာ ပေးပိုရန်လိုအပ်ပါတယ်။
ကုမ္ပဏီဒါရိုက်တာများသည် အထွေထွေအစည်းအဝေးများ ခေါ်ယူရန် အခွင့် အာဏာရှိသလို ကုမ္ပဏီမှ ထုတ်ဝေသော အနည်းဆုံးအစုရှယ်ယာ ၁၀ရာခိုင်နှုန်း (၁၀%) ကိုပိုင်ဆိုင်ထားသော အစုရှယ်ယာရှင်များ သည်လည်း အစည်းအဝေးတစ်ရပ်ခေါ်ယူကျင်းပရန်တောင်းဆိုနိုင်ပါတယ်။
မှတ်ချက်။ ။ အထက်ပါ အစည်းအဝေးအမျိုးအစားများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီတွင် မဖြစ်မနေကျင်းပရန်လိုအပ်သော အမျိုးအစားများဖြစ်ပါသည်။ သို့သော်မိမိတို့ ကုမ္ပဏီရှိလုပ်ငန်းလိုအပ်ချက်အရ ရှယ်ယာရှင်များ၊ ဒါရိုက်တာများ စုစည်းကျင်းပလေ့ရှိသော အစည်းအဝေးများလည်းရှိပါသည်။ ယင်းအစည်းအဝေးများကို ထည့်သွင်းဖော်ပြထားခြင်း မရှိပါ။
Myanmar Enterprise Solutions ကဆိုရင် ကုမ္ပဏီနှင့် ပတ်သက်သော ကုမ္ပဏီတည်ထောင်ခြင်းမှ စတင်ပြီး နှစ်စဉ်အစီရင်ခံစာတင်ပေးခြင်း၊ ဆိုင်းငံ့စာရင်းမှ ပြန်လည်လျှောက်ထားပေးခြင်း၊ ကုမ္ပဏီပယ်ဖျက် စာရင်းကို တရားရုံးတော်မှ တစ်ဆင့်လျှောက်ထားပေးခြင်း၊ ကုမ္ပဏီစာရင်း ရှင်းလင်းဖျက်သိမ်းခြင်းများကို One Stop Financial Solutions ဝန်ဆောင်မှုပေးလျက် ရှိပါသည်။လူကြီးမင်းတိုအနေဖြင့် ကုမ္ပဏီဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်ဆက်သွယ် မေးမြန်းစုံစမ်းလိုပါက 📱page နှင့်☎️ 09-253388177 သိုအခမဲ့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ နောက်တစ်ပတ်တွေမှာ ကုမ္ပဏီ နှင့်ပတ်သက်တဲ့ ဗဟုသုတ ရစရာများကိုလဲ ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို Myanmar Enterprise Solutions Page ကို Like လေးလုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။