က်ေနာ္ VIEMP ကို စလုပ္ျဖစ္တာ ဒီ အလုပ္လုပ္ရင္ ဘယ္ေလာက္၀င္တယ္ ၊ ဘယ္ေလာက္ ရမွာ ဘယ္အခ်ိန္ေလာက္ဆို အဆင္ေျပၿပီ စတဲ႕ စီးပြားေရး ဆန္ဆန္ မစဥ္းစားခဲ႔ဘူး
က်ေနာ္နဲ႔ သိတဲ႔ အလုပ္ရွင္ တစ္ဦး က ျပည္တြင္း ေအဂ်င္စီ လုပ္ပါလားတဲ႔ ငါတို႕ မွာလည္း ၀န္ထမ္းေတြ လိုေနတာ တဲ႔ အဲ႔ လိုေျပာၿပီး က်ေနာ္႕ ကို ၀န္ထမ္း ၁ ဦး ရွာ
က်ေနာ္ လည္း အလြယ္နည္းလမ္း သံုးၿပီး Facebook ေပၚ တင္ၿပီး ရွာလိုက္တယ္ အစကေတာ႕ ကူညီခ်င္ရံု သက္သက္ ပဲ တင္ေပးတာပါ
ဒီအလုပ္ကို ေရွ႕ဆက္ၿပီး လုပ္မယ္ လို႕ လည္း စိတ္ကူး မရွိဘူး က်ေနာ္ က IT ပိုင္းကလာတာ ဆိုေတာ႕ Field လည္း မတူဘူး ၊ အဲ႔ ဒါနဲ႔ အလုပ္ေခၚစာ တင္ၿပီး ၂ နာရီ အတြင္းမွာ လူ အေယာက္ ၂၀၀ လာေလွ်ာက္တယ္
အဲ႔ မွာ တစ္ခု စဥ္းစား မိသြားတာ အလုပ္မရွိေသးတဲ႔ သူ ၊ အလုပ္ရွာေနတဲ႕ သူေတြ အဲ႕ ေလာက္မ်ားလားေပါ႕
ေနာက္တစ္ရက္ ၾကာေတာ႔ က်ေနာ္႕ Mail မွာ CV က ၅၀၀ ေလာက္ရွိေနၿပီ
လိုေနတာက ၁ ဦး တည္း ရထားတာ က ၅၀၀ ေလာက္ရွိတယ္ ဘာလုပ္ရမွန္း ကို မသိတာ
အဲ႕ဒါ နဲ႕ အလုပ္လိုအပ္ေနသူ မ်ားလို႔ က်ေနာ္ တတ္ထားတာနဲ႔ ကူညီေပးခ်င္တယ္
လုပ္ငန္းစဥ္ ကို က်ေနာ္ ေလ႕လာတယ္
အရင္ အလုပ္က ေန သိခဲ႔ တဲ႔ လုပ္ငန္း ရွင္ မိတ္ေဆြ ေတြ ကို ဆက္သြယ္တယ္ က်ေနာ္ ဒီအလုပ္ လုပ္မယ္ ဆိုတဲ႕ အေၾကာင္းေျပာတယ္
က်ေနာ္ က လုပ္ငန္း သာ မကၽြမ္း က်င္သာ ၊ ကိုယ္႕ဘက္က အေကာင္းဆံုး ၀န္ေဆာင္မႈ ျဖစ္ေအာင္ ဘယ္လို ေပးရမလဲ စဥ္းစားတယ္
ပထမဆံုး စိန္ေခၚမွဳ က က်ေနာ္ ဘာမွ မသိပဲ ဒီအလုပ္ ကို ေရြးၿပီး စမိတာပဲ
တကယ္လုပ္ၾကည္႕ မွ အဆင္႔ေတြ ေတာ္ေတာ္မ်ားမွန္း သိလာတယ္
ဒါလည္း က်ေနာ္ ဆက္လုပ္တယ္ အလုပ္ရေအာင္ ကူညီေပးခ်င္တဲ႔ စိတ္ေၾကာင္႕ ဒီေန႔ထိ VIEMP ရွိေနတာလည္း ပါတယ္
ပထမဆံုး က်ေနာ္႔ ရဲ႕ ေက်းဇူး ရွင္ လုပ္ငန္းရွင္ကေတာ႕ Beauty Diary ပါ ၀န္ေဆာင္ခ ကို ေတာ႕ အမ်ားနဲ႔ မတူေအာင္ က်ေနာ္ ၫွိေပးတယ္
အလုပ္ရွင္ဘက္ က ၀န္ထမ္း လိုတဲ႕အခါ အဆင္ေျပေအာင္ ယံုၾကည္မွဳ ရွိေအာင္ ျဖစ္ႏိုင္ေခ် ရွိတဲ႔ CV ေတြကို ေရြးၿပီးပို႔ေပးတယ္
အင္တာဗ်ဴး ကိုလည္း ဖုန္းဆက္ခ်ိန္းေပးတယ္ တစ္လကို ၄၀ နီးပါး အင္တာဗ်ဴး ပို႔ရတယ္ ၁၅ ေယာက္ ၂၀ ေယာက္ ေလာက္ အလုပ္ခန္႕တယ္
အဲ႔အခ်ိန္မွာ က်ေနာ္ယူထားတာ ၀န္ေဆာင္ခက ေတာ္ေတာ္နည္းတယ္ က်ေနာ္ဘယ္လို ၀န္ေဆာင္မွဳ ေပးႏိုင္လည္း ဆိုတာ ကို သိေစ ခ်င္လို႔ ခ်ိတ္လိုက္တာပါ
အျမတ္နည္းေပမယ္႕ တစ္လ ကို ၀န္ထမ္း ၂၀ နီးပါး ကို အလုပ္ရေအာင္ ရွာေပးႏိုင္လို႔ ကိုယ္႕ကိုယ္ကို အရမ္း ေက်နပ္မိတယ္
ကိုယ္တစ္ေယာက္တည္း နဲ႕ တစ္လ လူ ၂၀ ကို ရေအာင္ အလုပ္ရွာေပးႏိုင္ဖို႕ လုံုး၀ ျဖစ္ႏိုင္ေခ် အရမ္းနည္းတယ္
ဒီအလုပ္လုပ္လို႔ သာရွာေပးႏိုင္တာ အဲ႕ဒါနဲ႕ ဒီအလုပ္ကို ေဇာက္ခ်လုပ္ျဖစ္တယ္
ကိုယ္တစ္ေယာက္ စြမ္းေဆာင္လို႕ လူ ၂၀ အဆင္ေျပတယ္ ကိုယ္သာ ဒီအလုပ္ကို ဆက္မလုပ္ေတာ႕ရင္ သူတို႕ ကို ရွာေပးႏိုင္မွာ မဟုတ္ေတာ႔ဘူး
ကိုယ္႔အတြက္ေတာ႔ အျခား အလုပ္ကို ေရြးခ်ယ္လို႕ ရမယ္
အဲ႕လိုေတြးၿပီး ခုခ်ိန္ထိ လုပ္ေနတာပါ ၊ ေနာက္လည္း ဆက္ၿပီး ကူညီေပးမွာပါ
တစ္ခု ေျပာင္းသြားတာက ေအဂ်င္ စီေတြ ေပါလာတယ္ တကယ္ အလုပ္လုပ္တဲ႕ သူေတြလည္းပါသလို ၀န္ေဆာင္ခ သီးသန္႔ ေတာင္းၿပီး ေသခ်ာ မလုပ္ေပးတာေတြ လည္း ေတြ႕တယ္
ေနာက္ၿပီး Facebook Group ေတြကေန အလုပ္ေခၚ စာတတ္လာတာမ်ားေတာ႔ အင္တာဗ်ဴး က ခနခန ၀င္ရတယ္ အလုပ္ေလွ်ာက္တဲ႕ သူေတြ
က အေလးမထားၾကေတာ႕ ဘူး အဲ႔လို နဲ႔ အင္တာဗ်ဴး ပို႕ရင္ မသြားတဲ႕ သူမ်ားတယ္ ၊ အလုပ္ရွင္နဲ႔ မ်က္ႏွာပ်က္ရေရာ
ၾကံဖန္ၿပီး စဥ္းစားရေတာ႔တာေပါ႔ ဗ်ာ
က်ေတာ္တို႕က အလုပ္ေလွ်ာက္တဲ႔ သူေတြကို ေစတနာ ထားၿပီး အခမဲ႔ ကူညီေပးတယ္ အင္တာဗ်ဴး လည္းပို႔ေပးတယ္
ေနာက္ပိုင္း အင္တာဗ်ဴး မေျဖတဲ႕ သူမ်ားေတာ႕ အခမဲ႔ နဲ႕ မန္ဘာ ေတြ ကို ခြဲလိုက္တယ္
အလုပ္တကယ္ လုပ္ခ်င္တဲ႕ သူ ၊ အေလးထားတဲ႕သူ ၊ အလုပ္ရဖို႕ ေငြေၾကး ၁၀၀၀၀ ေလာက္ ရင္းႏွီးႏိုင္တဲ႕ သူကိုပဲ အင္တာဗ်ဴး ပို႔ေပးတယ္
ဘယ္သူမဆို ကိုယ္ ေငြေပးထားရရင္ အေလးေတာ႕ ထားတယ္ အဆင္ေျပတယ္ ၊ အလုပ္ရွင္ေတြ လည္း လက္ခံၾကတယ္ စည္းကမ္းတခ်ိဳ႔သက္မွတ္ထားတယ္
အခမဲ႔ ေလွ်ာက္သူနဲ႔ မန္ဘာ၀င္ၿပီး ေလွ်ာက္တဲ႕ သူကို အလုပ္ရွင္ ဘက္က ယံုၾကည္မွဳ ရွိေအာင္ မတူညီတဲ႕ အေၾကာင္းအရာေတာ႕ရွိတာေပါ႔
အခု ဆို မန္ဘာ၀င္တဲ႔ သူ ေတြ အလုပ္အေတြ႕အၾကံဳ မရွိေသးရင္ အၾကံေပးတယ္ ဘာလုပ္ခ်င္တာလဲ ဘယ္လိုင္းကို ေရြးခ်င္တာလဲ ေသခ်ာေမးတယ္
အင္တာ ဗ်ဴး အတြက္ လိုအပ္တာ သင္ေပးတယ္
အခုဆို သင္တန္း လည္းေပးဖို႕ စီစဥ္ ေနတယ္
On job trainig ပံု စံမ်ိဳး
ကုမၸဏီ ေတြ အတြက္လည္း Out Source Service , Payroll Service , CV Database Service ေတြပါေပးလာႏိုင္တယ္
ရံုးထိမလာႏိုင္တဲ႕ သူေတြ အတြက္ လည္း Online သင္တန္း ဖြင္႔ေပးႏိုင္ဖို႔ စီစဥ္ေပးေနပါတယ္
အခုဆို အလုပ္ရွင္ေတြ ရဲ႕ ၀န္ထမ္း လိုအပ္ခ်က္ ကို ျဖည္႔ဆည္းေပးဖို႔ ပိုၿပီး ယံုၾကည္မွဳ ရွိဖို႕ အတြက္ ၀န္ထမ္းရွာတဲ႕ အခ်ိန္ သက္သာေအာင္ က်ေနာ္ တို႕ VIEMP က ေန အင္တာဗ်ဴး ေပးတယ္
အလုပ္ရွင္ကို Final Interview ပဲပို႔ေပးတယ္
VIEMP ရဲ႕ အင္တာဗ်ဴး ေအာင္ၿပီး သူအမ်ား စု က အလုပ္ရၾကတယ္ အလုပ္ရွင္ေတြ အတြက္လည္း ၀န္ထမ္း ရဖို႔ အတြက္ အခ်ိန္ သီးသန္႔ေပးစရာ မလိုေတာ႔ဘူး
HR ေတြ အတြက္ လည္း ၀န္ထမ္း ရွာေဖြ တဲ႔ အခါ အခ်ိန္ ကုန္သက္သာတယ္ တျခား ဘက္ကို ပိုၿပီး အာရံုစိုက္လို႔ရမယ္
CV ကို Screening လုပ္တယ္ ၊ 1st , 2nd အင္တာဗ်ဴး ထိ လုပ္ေပးတယ္ အဲ႔ အတြက္ ၀န္ေဆာင္ခ ေပးစရာ မလိုပါဘူး
အဲ႔ဒါေၾကာင္႕ Marketing ဘက္က မိတ္ဆက္ရင္ လက္ခံတဲ႔ အလုပ္ရွင္က မ်ားတယ္
အလုပ္ရွာေဖြ သူမ်ားႏွင္႔ ၀န္ထမ္း ရွာေဖြမည္႕ မိတ္ေဆြ မ်ား
အေသးစိတ္ကို ေတာ႕ က်ေနာ္တို႕ ရံုးကအလုပ္ရွာေနသူေတြကို ကူညီေပးေနတဲ႕ လုပ္ေဖာ္ကိုင္ဘက္ေတြ ရဲ႕ ဖုန္းကို ဆက္ၿပီး ေမးလို႔ရပါတယ္
09 769 569 261 , 09 769 569 263 , 09 40 818 7694 ( Viber )
#Unicode
ကျနော် VIEMP ကို စလုပ်ဖြစ်တာ
ဒီ အလုပ်လုပ်ရင် ဘယ်လောက်ဝင်တယ် ၊ ဘယ်လောက် ရမှာ ဘယ်အချိန်လောက်ဆို အဆင်ပြေပြီ စတဲ့ စီးပွားရေး ဆန်ဆန် မစဉ်းစားခဲ့ဘူး
ကျနော် စလုပ်တဲ့ အချိန် မှာ အေဂျင်စီ တွေ အခုလောက်မများဘူး
ကျနော်နဲ့ သိတဲ့ အလုပ်ရှင် တစ်ဦး က ပြည်တွင်း အေဂျင်စီ လုပ်ပါလားတဲ့ ငါတို့ မှာလည်း ဝန်ထမ်းတွေ လိုနေတာ တဲ့ အဲ့ လိုပြောပြီး ကျနော့် ကို ဝန်ထမ်း ၁ ဦး ရှာ
ကြည့် ပါလား ဆိုပြီး Admin / HR တစ်ယောက်ရှာခိုင်းတယ်
ကျနော် လည်း အလွယ်နည်းလမ်း သုံးပြီး Facebook ပေါ် တင်ပြီး ရှာလိုက်တယ် အစကတော့ ကူညီချင်ရုံ သက်သက် ပဲ တင်ပေးတာပါ
ဒီအလုပ်ကို ရှေ့ဆက်ပြီး လုပ်မယ် လို့ လည်း စိတ်ကူး မရှိဘူး
ကျနော် က IT ပိုင်းကလာတာ ဆိုတော့ Field လည်း မတူဘူး ၊ အဲ့ ဒါနဲ့ အလုပ်ခေါ်စာ တင်ပြီး ၂ နာရီ အတွင်းမှာ လူ အယောက် ၂၀၀ လာလျှောက်တယ်
အဲ့ မှာ တစ်ခု စဉ်းစား မိသွားတာ အလုပ်မရှိသေးတဲ့ သူ ၊ အလုပ်ရှာနေတဲ့ သူတွေ အဲ့ လောက်များလားပေါ့
နောက်တစ်ရက် ကြာတော့ ကျနော့် Mail မှာ CV က ၅၀၀ လောက်ရှိနေပြီ
လိုနေတာက ၁ ဦး တည်း ရထားတာ က ၅၀၀ လောက်ရှိတယ် ဘာလုပ်ရမှန်း ကို မသိတာ
အဲ့ဒါ နဲ့ အလုပ်လိုအပ်နေသူ များလို့ ကျနော် တတ်ထားတာနဲ့ ကူညီပေးချင်တယ်
လုပ်ငန်းစဉ် ကို ကျနော် လေ့လာတယ်
အရင် အလုပ်က နေ သိခဲ့ တဲ့ လုပ်ငန်း ရှင် မိတ်ဆွေ တွေ ကို ဆက်သွယ်တယ် ကျနော် ဒီအလုပ် လုပ်မယ် ဆိုတဲ့ အကြောင်းပြောတယ်
ကျနော် က လုပ်ငန်း သာ မကျွမ်း ကျင်သာ ၊ ကိုယ့်ဘက်က အကောင်းဆုံး ဝန်ဆောင်မှု ဖြစ်အောင် ဘယ်လို ပေးရမလဲ စဉ်းစားတယ်
ပထမဆုံး စိန်ခေါ်မှု က ကျနော် ဘာမှ မသိပဲ ဒီအလုပ် ကို ရွေးပြီး စမိတာပဲ
တကယ်လုပ်ကြည့် မှ အဆင့်တွေ တော်တော်များမှန်း သိလာတယ်
ဒါလည်း ကျနော် ဆက်လုပ်တယ် အလုပ်ရအောင် ကူညီပေးချင်တဲ့ စိတ်ကြောင့် ဒီနေ့ထိ VIEMP ရှိနေတာလည်း ပါတယ်
ပထမဆုံး ကျနော့် ရဲ့ ကျေးဇူး ရှင် လုပ်ငန်းရှင်ကတော့ Beauty Diary ပါ ဝန်ဆောင်ခ ကို တော့ အများနဲ့ မတူအောင် ကျနော် ညှိပေးတယ်
အလုပ်ရှင်ဘက် က ဝန်ထမ်း လိုတဲ့အခါ အဆင်ပြေအောင် ယုံကြည်မှု ရှိအောင် ဖြစ်နိုင်ချေ ရှိတဲ့ CV တွေကို ရွေးပြီးပို့ပေးတယ်
အင်တာဗျူး ကိုလည်း ဖုန်းဆက်ချိန်းပေးတယ် တစ်လကို ၄၀ နီးပါး အင်တာဗျူး ပို့ရတယ် ၁၅ ယောက် ၂၀ ယောက် လောက် အလုပ်ခန့်တယ်
အဲ့အချိန်မှာ ကျနော်ယူထားတာ ဝန်ဆောင်ခက တော်တော်နည်းတယ် ကျနော်ဘယ်လို ဝန်ဆောင်မှု ပေးနိုင်လည်း ဆိုတာ ကို သိစေ ချင်လို့ ချိတ်လိုက်တာပါ
အမြတ်နည်းပေမယ့် တစ်လ ကို ဝန်ထမ်း ၂၀ နီးပါး ကို အလုပ်ရအောင် ရှာပေးနိုင်လို့ ကိုယ့်ကိုယ်ကို အရမ်း ကျေနပ်မိတယ်
ကိုယ်တစ်ယောက်တည်း နဲ့ တစ်လ လူ ၂၀ ကို ရအောင် အလုပ်ရှာပေးနိုင်ဖို့ လုံး၀ ဖြစ်နိုင်ချေ အရမ်းနည်းတယ်
ဒီအလုပ်လုပ်လို့ သာရှာပေးနိုင်တာ အဲ့ဒါနဲ့ ဒီအလုပ်ကို ဇောက်ချလုပ်ဖြစ်တယ်
ကိုယ်တစ်ယောက် စွမ်းဆောင်လို့ လူ ၂၀ အဆင်ပြေတယ် ကိုယ်သာ ဒီအလုပ်ကို ဆက်မလုပ်တော့ရင် သူတို့ ကို ရှာပေးနိုင်မှာ မဟုတ်တော့ဘူး
ကိုယ့်အတွက်တော့ အခြား အလုပ်ကို ရွေးချယ်လို့ ရမယ်
အဲ့လိုတွေးပြီး ခုချိန်ထိ လုပ်နေတာပါ ၊ နောက်လည်း ဆက်ပြီး ကူညီပေးမှာပါ
တစ်ခု ပြောင်းသွားတာက အေဂျင် စီတွေ ပေါလာတယ် တကယ် အလုပ်လုပ်တဲ့ သူတွေလည်းပါသလို ဝန်ဆောင်ခ သီးသန့် တောင်းပြီး သေချာ မလုပ်ပေးတာတွေ လည်း တွေ့တယ်
နောက်ပြီး Facebook Group တွေကနေ အလုပ်ခေါ် စာတတ်လာတာများတော့ အင်တာဗျူး က ခနခန ဝင်ရတယ် အလုပ်လျှောက်တဲ့ သူတွေ
က အလေးမထားကြတော့ ဘူး အဲ့လို နဲ့ အင်တာဗျူး ပို့ရင် မသွားတဲ့ သူများတယ် ၊ အလုပ်ရှင်နဲ့ မျက်နှာပျက်ရရော
ကြံဖန်ပြီး စဉ်းစားရတော့တာပေါ့ ဗျာ
ကျတော်တို့က အလုပ်လျှောက်တဲ့ သူတွေကို စေတနာ ထားပြီး အခမဲ့ ကူညီပေးတယ် အင်တာဗျူး လည်းပို့ပေးတယ်
နောက်ပိုင်း အင်တာဗျူး မဖြေတဲ့ သူများတော့ အခမဲ့ နဲ့ မန်ဘာ တွေ ကို ခွဲလိုက်တယ်
အလုပ်တကယ် လုပ်ချင်တဲ့ သူ ၊ အလေးထားတဲ့သူ ၊ အလုပ်ရဖို့ ငွေကြေး ၁၀၀၀၀ လောက် ရင်းနှီးနိုင်တဲ့ သူကိုပဲ အင်တာဗျူး ပို့ပေးတယ်
ဘယ်သူမဆို ကိုယ် ငွေပေးထားရရင် အလေးတော့ ထားတယ် အဆင်ပြေတယ် ၊ အလုပ်ရှင်တွေ လည်း လက်ခံကြတယ် စည်းကမ်းတချို့သက်မှတ်ထားတယ်
အခမဲ့ လျှောက်သူနဲ့ မန်ဘာဝင်ပြီး လျှောက်တဲ့ သူကို အလုပ်ရှင် ဘက်က ယုံကြည်မှု ရှိအောင် မတူညီတဲ့ အကြောင်းအရာတော့ရှိတာပေါ့
အခု ဆို မန်ဘာဝင်တဲ့ သူ တွေ အလုပ်အတွေ့အကြုံ မရှိသေးရင် အကြံပေးတယ် ဘာလုပ်ချင်တာလဲ ဘယ်လိုင်းကို ရွေးချင်တာလဲ သေချာမေးတယ်
အင်တာ ဗျူး အတွက် လိုအပ်တာ သင်ပေးတယ်
အခုဆို သင်တန်း လည်းပေးဖို့ စီစဉ် နေတယ်
On job trainig ပုံ စံမျိုး
ကုမ္ပဏီ တွေ အတွက်လည်း Out Source Service , Payroll Service , CV Database Service တွေပါပေးလာနိုင်တယ်
ရုံးထိမလာနိုင်တဲ့ သူတွေ အတွက် လည်း Online သင်တန်း ဖွင့်ပေးနိုင်ဖို့ စီစဉ်ပေးနေပါတယ်
အခုဆို အလုပ်ရှင်တွေ ရဲ့ ဝန်ထမ်း လိုအပ်ချက် ကို ဖြည့်ဆည်းပေးဖို့ ပိုပြီး ယုံကြည်မှု ရှိဖို့ အတွက် ဝန်ထမ်းရှာတဲ့ အချိန် သက်သာအောင် ကျနော် တို့ VIEMP က နေ အင်တာဗျူး ပေးတယ်
အလုပ်ရှင်ကို Final Interview ပဲပို့ပေးတယ်
VIEMP ရဲ့ အင်တာဗျူး အောင်ပြီး သူအများ စု က အလုပ်ရကြတယ် အလုပ်ရှင်တွေ အတွက်လည်း ဝန်ထမ်း ရဖို့ အတွက် အချိန် သီးသန့်ပေးစရာ မလိုတော့ဘူး
HR တွေ အတွက် လည်း ဝန်ထမ်း ရှာဖွေ တဲ့ အခါ အချိန် ကုန်သက်သာတယ် တခြား ဘက်ကို ပိုပြီး အာရုံစိုက်လို့ရမယ်
CV ကို Screening လုပ်တယ် ၊ 1st , 2nd အင်တာဗျူး ထိ လုပ်ပေးတယ် အဲ့ အတွက် ဝန်ဆောင်ခ ပေးစရာ မလိုပါဘူး
အဲ့ဒါကြောင့် Marketing ဘက်က မိတ်ဆက်ရင် လက်ခံတဲ့ အလုပ်ရှင်က များတယ်
အလုပ်ရှာဖွေ သူများနှင့် ဝန်ထမ်း ရှာဖွေမည့် မိတ်ဆွေ များ
အသေးစိတ်ကို တော့ ကျနော်တို့ ရုံးကအလုပ်ရှာနေသူတွေကို ကူညီပေးနေတဲ့ လုပ်ဖော်ကိုင်ဘက်တွေ ရဲ့ ဖုန်းကို ဆက်ပြီး မေးလို့ရပါတယ်
09 769 569 261 , 09 769 569 263 , 09 40 818 7694 ( Viber )