Friend - Termites & Pest Solutions

Friend - Termites & Pest Solutions " Friend - Termites & Pest Solutions " , a local pest service provider , is providing high quality services with IPM standards.

We care our customer satisfaction with weekly phone calls, 24/7 operating hours and active and quick service response. “ Friend - Termites & Pest Solutions” is established in 1st of January,2017. Our vision is to be a birth place of well-trained and skillful burmese pest management professionals. To make our mother country free from vector borne diseases , to make our environment clean and hygien

ic all the time are our future main objectives.
�We are providing best and safe pest solutions by friendly and well-trained professionals to all residential area and public area. We only use selective and high quality public health chemicals which are environmental-friendly,human-friendly and pet-friendly. Tools and equipments used in our work places are all professional use. We operate innovative and serious IPM ( Integrated Pest Management ) standards and our services with tailored methods, quick response, effectiveness and efficiency. Customer satisfaction comes the first and profits come the second.
�What does “ Friend “ stand for ? Well, it stands for friendliness to everyone or everything. We are as same as your best friend, who care about you, whom you can rely on and help you finding solutions for your problems. Also our services are environmental friendly, human and pet friendly. Out technicians and customer care are friendly and helpful as well.

🤝မန္တလေးရုံးခွဲအတွက် အသင်းဖော်များအမြန်အလိုရှိသည်။ 🤝
13/03/2026

🤝မန္တလေးရုံးခွဲအတွက် အသင်းဖော်များအမြန်အလိုရှိသည်။ 🤝

☄️ 🧪အရှိန်အဟုန်ကောင်းကောင်းဖြင့်တိုးတက်နေတဲ့သိပ္ပံနည်းကျလေ့လာအဖြေရှာရတဲ့လုပ်ငန်းမှာ အားဖြည့်ဖွဲ့စည်းရန်အောက်ပါအသင်းဖော်များ❗️အမြန်ဆုံး❗️လိုအပ်နေပါတယ်။ 🧪☄️

🕵️‍♂️ရာထူး - Pest Specialist 🕵️‍♂️
ခေါ်ယူနေသောလူအရေအတွက် - (၁) ယောက်
လစာ - ၄၀၀ ၀၀၀ - ၆၀၀ ၀၀၀ ကျပ် + အခြားခံစားခွင့်များ

👷ရာထူး - Technician👷
ခေါ်ယူနေသောအရေအတွက် - (၃)ယောက်
လစာ - ၃၀၀ ၀၀၀ - ၃၅၀ ၀၀၀ ကျပ် + ရက်မှန်ကြေး(အခြားခံစားခွင့်များအား စာမေးပွဲဖြေပြီးနောက်ရရှိမည်။)

👨ရာထူး - Newbie Technician👨
ခေါ်ယူနေသောလူအရေအတွက် - (၃)ယောက်
လစာ - ၃၀၀ ၀၀၀ ကျပ်+ရက်မှန်ကြေး (အခြားခံစားခွင့်များအား အစမ်းခံကာလအပြီး စာမေးပွဲဖြေပြီးနောက်ရရှိမည်။)

လုပ်ကိုင်ရမည့်မြို့ - မန္တလေး

အမြန်ခေါ်ယူနေတာဖြစ်သည့်အတွက် အသေးစိတ်သိလိုသည်များကို messenger chat box မှာမေးမြန်းနိုင်သလို အောက်ပါဖုန်းနံပါတ်များကိုလည်းဆက်သွယ်စုံစမ်းနိုင်ပါသည်။

📱 09-421 111 499, 09-972 190 720

*** Pest Management ကိုတတ်ကျွမ်းနားလည်ထားသူများ၊ အရည်အသွေးရှိရှိလုပ်သက်ရှိထားသူများ၊ ပညာတစ်ခုကိုတတ်ကျွမ်းနားလည်လိုသူများအဓိကလာရောက်လျောက်ထားစေလိုသည်။***

📣 Friend - Mandalay is now HIRING 📣 ပိုးမွှားနှိမ်နင်းရေးအထူးကျွမ်းကျင်တဲ့ Pest Specialist အနေဖြင့်အလုပ်လုပ်ကိုင်ရန် “ F...
07/12/2025

📣 Friend - Mandalay is now HIRING 📣

ပိုးမွှားနှိမ်နင်းရေးအထူးကျွမ်းကျင်တဲ့ Pest Specialist အနေဖြင့်အလုပ်လုပ်ကိုင်ရန် “ Friend - Mandalay “ မှအလုပ်ခေါ်နေပါတယ်။

သင့်ကိုယ်သင် ပိုးမွှားနှိမ်နင်းရေးကျွမ်းကျင်ပညာရှင်လို့ ခံယူထားတယ်ဆိုရင် အခုပဲ
Friend-Termites & Pest Solutions မှာ အလုပ်လာလျောက်လိုက်ပါ။

ပိုးမွှားနှိမ်နင်းရေးလုပ်ငန်းတစ်ခုမှာ သိပ္ပံနည်းကျအဖြေရှာရတာ၊ လေ့လာသင်ယူမှုတွေ အစဉ်အမြဲလုပ်နေရတာ၊ ပိုးမွှားတွေရဲ့ဇီဝဗေဒအကြောင်းတွေသင်ယူရတာ၊ နေ့စဉ်မတူကွဲပြားတဲ့ customer များရဲ့ လိုအပ်ချက်တွေကို တာဝန်ယူဆောင်ရွက်ပေးရတာ စတဲ့လုပ်ငန်းစဉ်တွေကို စိတ်ဝင်စားတဲ့သင့်အတွက် ကျွန်တော်တို့ “ Friend - Termites & Pest Solutions ( Mandalay Branch ) “ မှာအလိုရှိပါတယ်။

တာဝန်ယူရမယ့် ရာထူးနေရာ
🕵️‍♂️ Pests Specialist 🕵️‍♂️

ခေါ်ယူနေသော လူအရေအတွက် - (၂) ယောက်

🔶အခြေခံလိုအပ်ချက်များ🔶

🔶Pest Specialist တစ်ယောက်အနေနဲ့ Urban ပိုးမွှားမျိုးစိတ်တွေ အကုန်လုံး သိကျွမ်းတာမျိုးမဟုတ်ရင်တောင် အနည်းဆုံး ကိုယ်တတ်ကျွမ်းတဲ့ ပိုးမွှားမျိုးစိတ်တစ်မျိုးမျိုးရဲ့ အခြေခံဇီဝဗေဒနဲ့နေထိုင်ပြုမှုပုံတွေ၊ ပိုးသတ်ဆေးတွေနဲ့ပတ်သက်ပြီး အခြေခံကျတဲ့ ဆေးအုပ်စုတွေအကြောင်းနဲ့ mode of action တွေအကြောင်း၊ ပိုးမွှားနှိမ်နင်းနည်း method တွေအကြောင်း၊ ပိုးသတ်ဆေး ထည့်သွင်းအသုံးပြုရတဲ့ စက်ပစ္စည်းတွေအကြောင်း စတဲ့ကျွမ်းကျင်တတ်မြောက်မှုတွေရှိဖို့လိုအပ်ပါတယ်။

🔶Pest Management Operations လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၁) နှစ်ရှိရပါမယ်။

🔶လုပ်ငန်းလိုအပ်ချက်အရ ကား၊ ဆိုင်ကယ်မောင်းတတ်သူကိုဦးစားပေးပါမယ်။ ယာဉ်မောင်းလိုင်စင်ရှိသူဦးစားပေးပါမယ်။

🔶ကွန်ပျူတာအခြေခံ၊ စာရွက်စာတမ်းကိုင်တွယ်နိုင်မှုအခြေခံရှိရပါမယ်။

🔶ပညာရှင်တစ်ယောက်အနေနဲ့ တာဝန်ယူရမှာဖြစ်တဲ့အတွက် ဘွဲ့ရ(သို့) အဝေးသင်တက္ကသိုလ်တစ်ခုခုတက်ရောက်နေတဲ့သူဖြစ်ရပါမယ်။ စာဖတ်တဲ့ အလေ့အကျင့်ကောင်းရှိရပါမယ်။ သင်ယူလိုချင်စိတ်ရှိသူ၊ အစဉ်မပြတ်လေ့လာချင်မှုရှိသူဖြစ်ရပါမယ်။

🔶စကားအပြောအဆိုလိမ္မာပြီး customerများကိုကောင်းမွန်စွာ ဆက်ဆံကိုင်တွယ်နိုင်သူဖြစ်ရပါမယ်။

🔶မန္တလေးမှာလုပ်ကိုင်ရမှာဖြစ်ပြီး လိုအပ်ပါကနယ်မြို့များကို လွတ်လပ်စွာ သွားလာနိုင် လုပ်ကိုင်နိုင်ရပါမယ်။

🔶Specialist တစ်ယောက်အဖြစ် လုပ်ကိုင်ပြီး မိမိလက်အောက်တွင် လုပ်ကိုင်မည့် pest control technician များရှိသောကြောင့် team တစ်ခုကိုဦးဆောင်နိုင်သူဖြစ်ပြီး တာဝန်ယူနိုင်တဲ့သူ ဖြစ်ရပါမယ်။

🔶မိမိအထက်အရာရှိရဲ့သင်ပြမှု၊ညွှန်ကြားမှုများကို တိတိပပ လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရပါမယ်။

🔶အသက်မွေးဝမ်းကြောင်း အဖြစ်ရပ်တည်နိုင်ရန်ပညာသင်ရင်းအလုပ်လုပ်ရမည်ဖြစ်သောကြောင့် ရေရှည်လုပ်ကိုင်နိုင်သူ တစ်ယောက်ဖြစ်ရပါမယ်။

🔴 (အကယ်၍ လုပ်သက်အတော်အတန်ရှိပြီးအပေါ်မှာပြောထားသလို ကျွမ်းကျင်မှုနည်းပါးနေတယ်ဆိုလည်း Friend Pest Solutions မှသင်ကြားပို့ချပေးမှာဖြစ်တဲ့အတွက် စမ်းသပ်အလုပ်လျောက်ထားနိုင်ပါတယ်။ ) 🔴

🔷“Friend - Pest Solutions“ မှ ကမ်းလှမ်းမှုများ🔷

🔷လစာ - ( ၄၀၀,၀၀၀ - ၆၀၀,၀၀၀ ) + bonus

🔷နေရာထိုင်ခင်း နှင့် ဆန်ပေးမည်။

🔷လုပ်ငန်းသဘာဝကြောင့်ပုံမှန်အားလပ်ရက်တိတိကျကျမသတ်မှတ်ထားတာဖြစ်တဲ့အတွက်အပတ်စဉ်အားလပ်ရက်ကိုလုပ်ငန်းအပေါ်မူတည်ပြီး (၁)ရက်နားရက်ပေးပါမယ်။

🔷တန်ဖိုးအရှိဆုံးဖြစ်တဲ့ pest management ပညာရပ်ကိုတတ်ကျွမ်းပြီး အသက်မွေးဝမ်းကြောင်းနိုင်တဲ့သူတစ်ယောက်၊ နိုင်ငံတကာမှာရှိတဲ့ urban pest management များလုပ်ကိုင်နေသော technical ပိုင်းဆိုင်ရာများကို သိကျွမ်းသောpest manager တစ်ယောက်အဖြစ်သင်ကြားပေးပါမယ်။

🟩 တာဝန်ယူဆောင်ရွက်ပေးရန်များ 🟩

🟩 customer service and complaint handling - အရေးအကြီးဆုံးဖြစ်တဲ့ customer များရဲ့ လိုအပ်ချက်တွေကို နားထောင်ပေးပြီးအဆင်ပြေစွာ ဆောင်ရွက်ပေးရပါမယ်။

🟩 site surveys and reporting - အလုပ်အတွက် survey ပြုလုပ်ခြင်းနဲ့ internal/external reporting ပြုလုပ်ပေးရပါမယ်။

🟩 pests identification, controlling and service evaluating အပေါ်မှာ ပြောထားတဲ့ pests specialists ဆိုတဲ့ ရာထူးနဲ့အညီ pest တွေရဲ့ ID ကိုသေချာစွာခွဲခြားပြီး pest control တစ်ခုကို အစမှအဆုံး သေချာစွာကိုင်တွယ် ပေးရပါမယ်။

🟩 service quality check and monitoring - specialist တစ်ယောက်အနေနဲ့ မိမိကိုင်တွယ်နေတဲ့ ဆိုက်တွေရဲ့ service အရည်အသွေး အမြဲကောင်းမွန်နေစေရန်နဲ့ pest infestation level များကိုအမြဲစစ်ဆေးစောင့်ကြည့်နေရပါမယ်။

🟩 အလုပ်အချိန်အတွင်း ဝတ်စားဆင်ယင်မှု၊ ပြောဆိုနေထိုင်မှုများသည် professional တစ်ယောက်ပီသပြီး သပ်ရပ်နေမှု အမြဲရှိရပါမယ်။

🟩 pest control service ကိုspecialist အနေနဲ့ မှန်ကန်တဲ့ဆေး၊ အလုပ်တစ်ခုချင်းစီအလိုက်သင့်လျော်သော PPE၊ သတ်မှတ်ထားသောအလုပ် method statement များနှင့် safety protocol များအတိုင်း သေချာစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရပါမယ်။ မိမိအဖွဲ့ team တစ်ခုကိုလည်း လိုက်နာဆောင်ရွက်စေဖို့ဦးဆောင်ရပါမယ်။

🟩 မိမိအထက်အရာရှိကို နေ့စဉ်အလုပ်များပြီးဆုံးမှု အခြေအနေများကို report လုပ်ပေးရပါမယ်။

အခုလိုအပေါ်မှာပြောထားတဲ့ အခြေခံလိုအပ်ချက်တွေရယ်၊ တာဝန်ယူပေးရမယ့်အလုပ်တွေရယ်ကို ယုံကြည်မှုရှိရှိ လုပ်ကိုင်နိုင်တယ်ဆိုရင်အောက်ဖော်ပြပါဖုန်းတွေကိုဆက်ပြီးအခုချက်ချင်းပဲ အလုပ်လျောက်နိုင်ပါပြီ။

☎️ 09-972190720, 09-421111499

@ #“ Pest Manager တစ်ယောက်ဖြစ်လာဖို့ Friend - Pest Solutions မှာအလုပ်ဝင်စို့ “ 🦾🦾🦾

ပိုးမွှားကာကွယ်နှိမ်နင်းရေးပညာရှင်အသစ်များမွေးထုတ်ပေးရန် မန္တလေးရုံးမှ သင်ယူလိုစိတ်ရှိသူများအားအလိုရှိနေပါတယ်။
12/10/2025

ပိုးမွှားကာကွယ်နှိမ်နင်းရေးပညာရှင်အသစ်များမွေးထုတ်ပေးရန် မန္တလေးရုံးမှ သင်ယူလိုစိတ်ရှိသူများအားအလိုရှိနေပါတယ်။

Friend - Mandalay is now hiring ( မန္တလေးရုံး )

🐜🧪🦠🛡စိတ်ဝင်စားဖွယ်ကောင်းသော ပိုးမွှားပြဿနာများအား သိပ္ပံနည်းကျလေ့လာအဖြေရှာသော "Friend" ပိုးမွှားနှိမ်နင်းရေးလုပ်ငန်းမှ အောက်ပါဝန်ထမ်းများအလိုရှိနေပါသည်။ 👋

👨Newbie Technicians - male (2) posts

အသက် ၁၈ - ၂၅ အတွင်းဖြစ်ရမည်။

၁၀ တန်းအောင်ရမည်။

အတွေ့အကြုံမလို၊ ဆက်ဆံရေးကောင်းမွန်ပြေပြစ်ရမည်။

မြို့ပြအိမ်တွင်းပိုးမွှားများအကြောင်းကိုနားလည်တတ်ကျွမ်းသော professional တစ်ယောက်ပီသသည်အထိသင်ရမည်ဖြစ်သောကြောင့် စာလေ့လာချင်စိတ်၊သင်ယူချင်စိတ်ရှိရန်အထူးလိုအပ်သည်။

အချိန်မရွေး နယ်ဝေးသွားလာလုပ်ကိုင်နိုင်ရမည်။

နေရာထိုင်ခင်း၊ချက်ပြုတ်စားသောက်ရန်ဆန်နှင့် အိုးခွက်ပေးမည်။

အစမ်းခန့် (၃)လရှိသည်။ (၃)လအတွင်းသင်ကြားပေးထားမှုများအား စာမေးပွဲစစ်ပြီး အမှတ်အပေါ်မူတည်ပြီး လခတိုးနှုန်းအနည်းအများရှိသည်။

☎️ဆက်သွယ်ရန်ဖုန်းနံပါတ် >>> 09972190720, 09-42111499

🌋👾 မန္တလေးမြေငလျင် နှင့် မြေအောင်းခြများအကြောင်း 👾🌋 “ Friend - Termites & Pest Solutions “ ရဲ့မန္တလေးရုံးခွဲမှာတွေ့ကြုံရ...
04/09/2025

🌋👾 မန္တလေးမြေငလျင် နှင့် မြေအောင်းခြများအကြောင်း 👾🌋

“ Friend - Termites & Pest Solutions “ ရဲ့မန္တလေးရုံးခွဲမှာတွေ့ကြုံရတဲ့ တွေ့ရှိချက်လေးတွေမျှဝေပေးထားတာဖြစ်ပါတယ်။

“ Improving Everyday To Serve You Better “

📚 💡 Pest Management အလုပ်တစ်ခုကိုဆောင်ရွက်ရာမှာ Identification ဆိုတဲ့ pest တွေရဲ့ မျိုးစိတ်ခွဲဲခြမ်းခြင်းဟာအရေးကြီးလှပါတ...
12/07/2025

📚 💡 Pest Management အလုပ်တစ်ခုကိုဆောင်ရွက်ရာမှာ Identification ဆိုတဲ့ pest တွေရဲ့ မျိုးစိတ်ခွဲဲခြမ်းခြင်းဟာအရေးကြီးလှပါတယ်။

ကျွန်တော်တို့ အလုပ်ရှင်တွေအတွက်ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုများကိုအစဉ်မပြတ်ပေးနိုင်ရန်လေ့လာသင်ယူမှုများကိုအစဉ်အမြဲပြုလုပ်လျက်ရှိပါတယ်ခင်ဗျာ။ 💡📚

“ Improving Everyday to Serve You Better “

🏨🚫🦟Our Mandalay team conducting commercial pest control service in healthcare facilities 🦟🚫🏨
11/07/2025

🏨🚫🦟Our Mandalay team conducting commercial pest control service in healthcare facilities 🦟🚫🏨

26/06/2025

🌏🤎 ကျွန်တော်တို့ pest management လုပ်ငန်းတွေဟာ ကျွန်တော်တို့ရဲ့ အလုပ်ရှင်တွေကို ဂရုစိုက်ရသလို ကျွန်တော်တို့နဲ့ရှင်တွဲနေထိုင်နေရတဲ့သက်ရှိသတ္တဝါတွေရယ်၊ ကမ္ဘာကြီးရယ်ကိုပါဂရုစိုက်ပေးရပါတယ်။ 🤎🌏

ကျွန်တော်တို့ “ Friend - Termites & Pest Solutions” ပိုးမွှားကာကွယ်နှိမ်နင်းရေးကို နည်းစနစ်ကျကျလေ့လာထားသမျှအသိပညာများအား ဉာဏ်အားရှိသလောက်ဝေမျှနိုင်ရေးအတွက် PMPs Network - Myanmar နှင့်လက်တွဲပြီး တတ်နိုင်တဲ့ဘက်ကပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။

“ Improving Everyday To Serve You Better “

17/06/2025

“ Friend - Mandalay “ နှင့် မန္တလေးမှ PCO ညီအစ်ကိုအဖွဲ့များစုပေါင်းပြီး တာဝန်ယူဆောင်ရွက်ပေးခဲ့တဲ့ ကျွန်တော်တို့ PMPs Network - Myanmar ရဲ့social project လေးတစ်ခုပါ။

Together we are stronger 🦾🦾🦾

PMPs Network - Myanmar ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ကျွန်တော်တို့ “ Friend - Termites & Pest Solutions “ သည်အင်းလေးဒေသ၊ သပြေပင်ကျေ...
24/05/2025

PMPs Network - Myanmar ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ကျွန်တော်တို့ “ Friend - Termites & Pest Solutions “ သည်အင်းလေးဒေသ၊ သပြေပင်ကျေးရွာရှိ ငလျင်ဘေးသင့်သံဃာများအပါအဝင်ကျောင်းနေသံဃာများနေထိုင်လျက်ရှိသော သပြေပင်စာသင်တိုက်တွင် ၂၃ရက်၊မေလ၊၂၀၂၅ ၌သံဃာတော်အပါး ၃၀၀ ခန့်နေထိုင်သောကျောင်းဆောင်တစ်ခုအား ကြမ်းပိုးဆေးဖျန်းခြင်းနှင့် လိုအပ်သောပိုးသတ်ဆေးများအားပေးအပ်လှူဒါန်းခဲ့ပါသည်။ ကျောင်းအကျိုးတော်ဆောင်များကိုလည်း ကြမ်းပိုးနှင့်ပတ်သက်သောသဘာဝ၊ ပိုးသတ်ဆေးကိုင်တွယ်နည်းနှင့်ဆေးဖျန်းနည်း၊ ဆေးရောစပ်နည်း စသည်များကိုသင်ကြားပေးခဲ့ပါသည်။

Together We Are Stronger strong🦾🦾

ဒီနေ့ည မန္တလေးရဲ့လမ်းမီးတိုင်တွေအောက်မှာ ပလူ(သို့) မျိုးပွါးခြများ အသိုက်အသစ်တည်ထောင်ဖို့ မိခင်အသိုက်များကိုစွန့်ခွါလာကြ...
07/05/2025

ဒီနေ့ည မန္တလေးရဲ့လမ်းမီးတိုင်တွေအောက်မှာ ပလူ(သို့) မျိုးပွါးခြများ အသိုက်အသစ်တည်ထောင်ဖို့ မိခင်အသိုက်များကိုစွန့်ခွါလာကြတာပဲဖြစ်ပါတယ်။

📣 မန္တလာမြေမှာ လူကြီးမင်းတို့ရဲ့ နေအိမ် အဆောက်အအုံများအတွက် ခြ ရန်မှ ကာကွယ်နှိမ်နင်းချင်တယ်ဆို subterranean termites တွေ...
28/02/2025

📣 မန္တလာမြေမှာ လူကြီးမင်းတို့ရဲ့ နေအိမ် အဆောက်အအုံများအတွက် ခြ ရန်မှ ကာကွယ်နှိမ်နင်းချင်တယ်ဆို subterranean termites တွေနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့ “ Friend - Mandalay “ ကို အချိန်မရွေးဆက်သွယ်လိုက်ပါ။ 📣

⛰️🐜🪆ခြတောင်ပို့ပူဇော်ကြသော အလေ့အထများနှင့် ခြတောင်ပို့များအကြောင်းတစေ့စောင်း 🪆⛰️ 🐜 ခြတောင်ပို့တွေမှာ အမွှေးတိုင်တွေထွန်း...
16/02/2025

⛰️🐜🪆ခြတောင်ပို့ပူဇော်ကြသော အလေ့အထများနှင့် ခြတောင်ပို့များအကြောင်းတစေ့စောင်း 🪆⛰️ 🐜

ခြတောင်ပို့တွေမှာ အမွှေးတိုင်တွေထွန်း၊ တချို့နေရာတွေမှာ စင်တွေ၊ အင်္ဂတေတွေနဲ့အကျအနဆောက် ပြီးပူဇော်ကြတာကျွန်တော်တို့ပတ်ဝန်းကျင်မှာမြင်ဖူးကြမယ်ထင်ပါတယ်။ ဒါက ပုံမှန်ပဲလို့သတ်မှတ်လို့ရပေမယ့် ကျွန်တော်တို့ pest management ရှုထောင့်ကကြည့်ရင် စိတ်ဝင်စားဖို့ကောင်းတာအမှန်ပါပဲ။ တကယ်ဆိုရင် ခြတွေဟာသဘာဝပတ်ဝန်းကျင်မှာ သစ်ဆွေး၊သစ်ဟောင်း dead wood တွေကိုခြေဖျက်ပေးခြင်းဖြင့် မြေဆီလွှာကိုအကျိုးကျေးဇူးဖြစ်စေတာမှန်ပေမယ့် ကျွန်တော်တို့လူ့ပတ်ဝန်းကျင်လူနေထိုင်တဲ့နေရာတွေမှာခြတောင်ပို့တွေရှိနေတာဟာ ကျွန်တော်တို့ရဲ့ဥစ္စာပစ္စည်းတွေပျက်စီးဆုံးရှုံးစေတာ အလွန်များပါတယ်။ အဲ့လိုဆိုရင် ဘာကြောင့် လူတွေခြတောင်ပို့ကိုပူဇော်နေကြတာပါလိမ့်? 🧐

သေချာစာတွေလိုက်ဖတ်ကြည့်၊ internet ပေါ်မှာလိုက်ရှာမိတဲ့အခါ ကျွန်တော်တို့တစ်နိုင်ငံတည်းဒီလိုမျိုးအလေ့အထရှိကြတာမဟုတ်ပါဘူးဆိုတာသွားတွေ့မိတယ်။ အာရှတိုက်၊ အာဖရိကတိုက်တွေရဲ့နိုင်ငံတွေမှာ သူ့နေရာနဲ့သူ ခြတောင်ပို့နဲ့ပတ်သက်ပြီး အယူအသီးသီးရှိကြပါတယ်။

မလေး၊ စင်္ကာပူ၊ တရုတ်နိုင်ငံတွေမှာ သူတို့ယုံကြည်တဲ့ “ datok kong “ လို့ခေါ်တဲ့ ကံကောင်းခြင်း၊ ကျန်းမာခြင်းတွေဆောင်ကျဉ်းပေးတဲ့ နတ်ဘိုးဘိုးကြီးကို ခြတောင်ပို့မှာ နေတယ်ဆိုပြီး ပူဇော်ပသကြပါတယ်။ 🪭

ထိုင်းနိုင်ငံမှာဆိုရင် မြေနဲ့အိမ်ကိုစောင့်ရှောက်ပေးတဲ့နတ်တွေဟာ ခြတောင်ပို့မှာနေထိုင်တယ်လို့ ယုံကြည်ကြပြီး ပူဇော်ကြပါတယ်။ 🪆

အိန္ဒိယနိုင်ငံမှာတော့ ခြတောင်ပို့မှာမြွေတွေဝင်ရောက်နေထိုင်တတ်တာကြောင့် မြွေနတ်ဘုရားကိုအလေးမြတ်ထားလို့ပူဇော်ကြပါတယ်။ ဟိန္ဒူဘာသာမှာလည်း ခြတောင်ပို့ကမွေးဖွားလာတဲ့ “valmiki” ဆိုတဲ့ ပုဂ္ဂိုလ်ထူးရဲ့အကြောင်းလည်းရှိပါတယ်။ 🐍

အာဖရိကမှာရှိတဲ့နိုင်ငံတစ်ချို့မှာ ခြတောင်ပို့ရဲ့မြေကြီးကိုစားပေးခြင်းကြောင့် ကိုယ်ဝန်ဆောင်နိုင်စွမ်း၊ ကျန်းမာသန်စွမ်းမှု တွေပေးတယ်လို့အယူရှိကြပါတယ်။ 🤰

ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ အစောင့်အရှောက်တွေရှိလို့၊ ခြံထဲမှာ ခြတောင်ပို့တက်လာလေလေစီးပွါးတက်လေလေဖြစ်လို့စတာတွေကြောင့် ပူဇော်ကြတယ်လို့ဆိုကြပါတယ်။ 💰

အားလုံးခြုံပြီးစဉ်းစားကြည့်မယ်ဆိုရင် ခြတောင်ပို့ကိုပူဇော်ကြခြင်းကြောင့် ကျန်းမာရေး၊ ကံကောင်းခြင်း၊ စီးပွါးရေး၊ စိတ်လုံခြုံမှုစတဲ့ positive ဆောင်တဲ့ အရာတွေရစေလို့ ပူဇော်ကြခြင်းဖြစ်ပါတယ်။ ခြတောင်ပို့ကို ဖျက်ဆီးထိခိုက်မိရင် မကောင်းသောအရာတွေဖြစ်စေမယ်လို့ယူဆကြပါတယ်။

ဒီနေရာမှာ ဖော်ပြလိုတာက ဖတ်မိသလောက်၊ တွေ့မိသလောက်ကိုရေးထားချင်းသပ်သပ်သာဖြစ်ပြီး အယူဝါဒ “ belief “ ဖြစ်တာကြောင့် နေရာဒေသအလိုက်၊ လူတစ်ဦးချင်းစီအလိုက် လက်ခံတယ်/ လက်မခံဘူး ကွဲလွဲကြပါလိမ့်မယ်။

ဆိုတော့ကျွန်တော်တို့ pest management ရဲ့ရှုထောင့်အရ ခြတောင်ပို့ဆိုတာ ဘယ်လို သဘာဝရှိပြီး ဘယ်လိုမျိုးတောင်ပို့တွေကကြီးလာကြတာရယ်၊ ခြတောင်ပို့ mound တွေဖွဲ့စည်းနေထိုင်တဲ့ခြတွေရဲ့အကြောင်းရယ်ကိုဆက်ပြီး ပြောပြချင်ပါတယ်။ 💡⛰️🐜

တောင်ပို့ mound ဆောက်လုပ်ပြီးနေထိုင်ကြတာ higher termites လို့ခေါ်တဲ့ ရှုပ်ထွေးတဲ့လုပ်ငန်းဆောင်တာတွေနဲ့ နေထိုင်ကြတဲ့ မြေအောင်းခြတွေပါ။ macrotermes ၊ globitermes ၊ odantotermese အစရှိတဲ့ မျိုးစိတ်တွေအပါအဝင်အခြားမျိုးစိတ်တွေလည်းရှိကြပါတယ်။ 🐜

နေရာဒေသအလိုက် ခြမျိုးစိတ်တွေရဲ့ ခြတောင်ပို့တွေပြန့်ပွါးမှုမတူညီကြပါဘူး။ မြန်မာနိုင်ငံမှာဆို ရန်ကုန်မြို့အတွင်းမှာ ခြတောင်ပို့တွေပြန့်ပွါးမှုဟာ နေပြည်တော်လောက်မများတာတွေ့ရပါတယ်။ ရန်ကုန်အတွင်းမှာ odantotermes မျိုးစိတ်နဲ့ macrotermes မျိုးစိတ်ရဲ့ ခြတောင်ပို့များတွေ့ရပြီး နေပြည်တော်မှာဆိုရင် ချွန်ချွန်ရှည်ရှည်အစုလိုက်ဖြစ်တည်တဲ့ macrotermes မျိုးစိတ်တစ်မျိုးရဲ့တောင်ပို့အများအပြားကိုတွေ့ရနိုင်ပါတယ်။ နေပြည်တော်မဝင်ခင် အမြန်လမ်းပေါ်မှာ ကြည့်ကြည့်ရင် လမ်းဘေးဘီတွေမှာ ချွန်ချွန်ရှည်ရှည်တောင်ပို့အစုစုလေးတွေတွေ့ရပါလိမ့်မယ်။ အဲ့လောက်ထိကိုများတာပါ။⛰️

တောင်ပို့ အတွင်းထဲမှာဆို ရင် လေဝင်လေထွက်ပေါက်တွေ၊ မှိုစိုက်ပျိုးရေးအခန်းတွေ၊ ခြသားလောင်းပြုစုပျိုးထောင်ရေးအခန်းတွေ၊ ခြဘုရင်နဲ့ဘုရင်မနေထိုင်တဲ့ တော်ဝင်အိပ်ခန်း royal chamber တွေ နဲ့ဖွဲ့စည်းတည်ဆောက်ပြီး ခြတွေဟာနေထိုင်ကြပါတယ်။ ( ခြတွေရဲ့စနစ်တကျ တာဝန်ခွဲယူပြီး ခြအတန်းအစားခွဲကာနေထိုင်ကြပုံကို ခြဘုရင်မနှင့်သူ၏နောက်ပါများဆိုပြီး အရင် post ရေးထားပြီးဖြစ်လို့ စိတ်ဝင်စားရင် page မှာ ဝင်ဖတ်နိုင်ပါတယ်။ )💡

ဒီတောင်ပို့တွေဘယ်လိုကြီးထွားလာကြသလဲဆိုရင် မြေအောင်းခြတွေဟာ ပြင်ပ အပူချိန်ကိုမခံနိုင်ကြပါဘူး။ ပြီးတော့ သူတို့ကိုရန်မူမယ့် သားရဲကောင် predator တွေရန်ကိုလည်းကြောက်ရတဲ့အတွက် သူတို့ဟာ ရွှံ့လမ်းကြောင်းလေးတွေဆောက်ပြီး အဲ့ရွှံ့လေးတွေအောက်ထဲကနေသွားလာအလုပ်လုပ်ကြပါတယ်။ တောင်ပို့တွေကလည်းသူ့အလိုလိုကြီးထွားလာကြတာမဟုတ်ပဲ ညအချိန်အပူချိန်လျော့တဲ့အချိန်တွေမှာ ခြလုပ်သားလေးတွေကတောင်ပို့ကို တိုးချဲ့ဆောက်လုပ်ကြရင်းနဲ့ တဖြည်းဖြည်းလူတွေသတိမထားမိပဲ ကြီးကြီးလာကြတာပါ။ အဲ့လိုမျိုး ရွှံ့လမ်းကြောင်းတွေအောက်မှာ တိတ်တဆိတ်အလုပ်လုပ်ရင်း၊ တောင်ပို့ကိုညဘက်တွေမှာခိုးခိုးဆောက်ကြရင်းနဲ့ တောင်ပို့တွေကြီးထွားလာကြတာပါ။ တစ်ချို့ ခြမျိုးစိတ်တွေမှာ ပေ -၂၀ လောက်ထိမြင့်တဲ့တောင်ပို့တွေတောင်ရှိကြပါတယ်။ တောင်ပို့တွေမှာ active colony ရှိမှဆက်လက်ကြီးထွားပါတယ်။ ခြတွေမရှိတော့ရင် အခြား တွင်းအောင်းသတ္တဝါတွေကလှည့်ပြောင်းနေထိုင်တတ်ကြပါတယ်။ ⛰️🐜

ဒါတွေကတော့ လေ့လာမိသလောက် pest management နဲ့ပတ်သက်တဲ့ ခြတောင်ပို့တွေအကြောင်းရယ်၊ လူတွေရဲ့ခြတောင်ပို့နဲ့ပတ်သက်ပြီးရှိတတ်ကြတဲ့ အယူတွေရယ်ဖြစ်ပါတယ်။

“ ခြနှင့် ပိုးမွှားပြသနာများအတွက်အားထားယုံကြည်ရာ၊ Friend ပိုးမွှားနှိမ်နင်းရေးလုပ်ငန်းပါ။ “

Yangon Office
☎️ 0️⃣9️⃣9️⃣7️⃣0️⃣1️⃣0️⃣0️⃣5️⃣5️⃣1️⃣
☎️ 0️⃣9️⃣9️⃣7️⃣0️⃣1️⃣0️⃣0️⃣5️⃣5️⃣2️⃣

📧 [email protected]

Mandalay office
☎️0️⃣9️⃣9️⃣7️⃣2️⃣1️⃣9️⃣0️⃣7️⃣2️⃣0️⃣
☎️0️⃣9️⃣5️⃣0️⃣0️⃣9️⃣8️⃣2️⃣8️⃣

📧 [email protected]

Address

Yaydashay Street
Yangon
959

Alerts

Be the first to know and let us send you an email when Friend - Termites & Pest Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Friend - Termites & Pest Solutions:

Share