LMA Battery Service

LMA Battery Service စုံလင်တဲ့ ဘက်ထရီအမျိုးအစား သင့်တင့်

31/12/2023

🤍 နှစ်သစ်မှာ လူသားအားလုံး ပြုံးပျော်ကြည်နူးနိုင်ကြပါစေ 🤍

WELLCOME 2024

10/06/2022

ဘက်ထရီတွေကိုသင့်သင့်တဲ့ဈေးနဲ့ ရောင်းပေးသွားပါ့မယ်။

 #သင့်ကားBattery အားကုန်ရသောအကြောင်းအရင်းများအသုံးမပြုပဲရပ်ထားသောကားများတွင် Battery အားကုန်ခြင်းများဖြစ်လေ့ရှိပါသည်။ အာ...
25/07/2020

#သင့်ကားBattery အားကုန်ရသောအကြောင်းအရင်းများ

အသုံးမပြုပဲရပ်ထားသောကားများတွင် Battery အားကုန်ခြင်းများဖြစ်လေ့ရှိပါသည်။ အားကုန်နိုင်သောအကြောင်းအရင်းများမှာ-

(၁) Battery စွမ်းဆောင်နိုင်မှုကျဆင်းလာခြင်းကြောင့်အားလျှော့နည်းခြင်း

Battery သက်တမ်းကြာခြင်းနှင့်Battery ချို့ယွင်းမှုများကြောင့် ဖြစ်ပေါ်နိုင်ပါသည်။


(၂) ဝါယာရိန်းစနစ်ပျက်စီးမှုကြောင့် Battery အားကုန်နိုင်ခြင်း

ကားအတွင်းဆက်သွယ်ထားသောဝါယာကြိုးများပေါက်ပြဲခြင်းနှင့် စနစ်တချို့ ချို့ယွင်းမှုကြောင့် အချိန်တိုအတွင်း Battery အတွင်းရှိဗို့အားများအားကုန်စေနိုင်ပါသည်။


(၃) ကားအတွင်း Battery အသုံးပြုသောစနစ်တစ်ခုမှ Battery အတွင်းရှိဗို့အားများအားအသုံးပြုနေခြင်း

ကားအတွင်းခန်းမီးများအသုံးပြုပြီးပြန်မပိတ်မိခြင်း၊ ကားရှေ့မီးများအားဖွင့်ပြီးပြန်မပိတ်မိပဲအချိန်ကြာရှည်မှသိရှိခြင်းကြောင့်ဖြစ်နိုင်ပါသည်။ ဖော်ပြပါ အကြောင်းအရင်းမှာ သတိမပြုပဲဖြစ်လေ့ဖြစ်ထများသောအကြောင်းအရာ ဖြစ်ပါသည်။ ( ကားအတွင်းရှိအချက်ပေးစနစ်များနှင့်မီးအသုံးပြုသောစနစ်များအားသေချာစွာစစ်ဆေးပြီးမှ ရပ်နားသင့်ပါသည်။ )

#မော်တော်ယာဉ်များရပ်ထားပြီးရက်အနည်းငယ်အတွင်းပြန်လည်နိုးမရခြင်းဖြစ်ပေါ်လာပါက ကျွမ်းကျင်ပညာရှင်များနှင့်စမ်းသပ်စစ်ဆေးနိုင်သောစက်များအကူအညီဖြင့်စစ်ဆေးသိရှိနိုင်ပါသည်။

Battery Service
#ဘက်ထရီရောင်း၀ယ်ရေး
#ဘက်ထရီ

ဒီစီလျှပ်စစ်စွမ်းအင်သိုလှောင်သောဘက်ထရီများအ​ကြောင်းဘက်ထရီတစ်လုံးသည်လျှပ်စစ်စွမ်းအင်အားထုတ်လုပ်ပေးသောအရာမဟုတ်ပေ။မော်တော်ယ...
24/07/2020

ဒီစီလျှပ်စစ်စွမ်းအင်သိုလှောင်သောဘက်ထရီများအ​ကြောင်း

ဘက်ထရီတစ်လုံးသည်လျှပ်စစ်စွမ်းအင်အားထုတ်လုပ်ပေးသောအရာမဟုတ်ပေ။မော်တော်ယာဉ်သုံးစွဲသူအများသည်ထိုအရာကိုသတိမပြုမိကြပေ။မော်တော်ယာဉ်အားနိုးမရသောအခါများတွင်ဘက်ထရီအပြစ်ကြောင့်ဖြစ်သည်ဟုသာယူစနေကြသည်။အမှန်တကယ်တွင်ဖြစ်နိုင်ခြေရှိသောအချက်များမှာ-
(၁) မော်တာချိုယွင့်နိုင်ခြင်း
(၂) ဒိုင်နမိုမှအားသွင်းမှုချို့ယွင်းခြင်း
(၃) ဘက်ထရီမှအားသိုလှောင်စွမ်းရည်ကျဆင်းခြင်း
တို့ဖြစ်နိုင်ခြေရှိနိုင်ပါသည်။ အဆိုပါအချက်များအားကျွမ်းကျင်သူများနှင့်တစ်ဆင့်ချင်းစစ်ဆေးပေးသင့်ပါသည်။

သင့်ကားမှလိုရာခရီးတစ်ခုအားစတင်ရန်အတွက်ဘက်ထရီသည် ကားတစ်စီး၏ အသက်ဖြစ်သည်။ ဘက်ထရီမရှိဘဲ ဝါယာရိန်းစနစ် မရှိနိုင်သကဲ့သို့ ဘက်ထရီမရှိဘဲကားတစ်စီးအလုပ်မလုပ်နိုင်ပါ။ ကားဘက်ထရီတစ်လုံးမှ 12 Volt DC လျှပ်စစ်ပါဝါ ထောက်ပံ့နိုင်ပြီးကားအင်ဂျင်စက် စတင်နှိုးရန်၊အင်ဂျင်စက် ထိန်းချုပ်မှု စနစ်များအလုပ်လုပ်ရန်၊အင်ဂျင်မီးပေးစနစ်အလုပ်လုပ်နိုင်ရန်နှင့် အခြားသော Electrical Accessories များအလုပ်လုပ်နိုင်ရန်အတွက် မရှိမဖြစ် အဓိကအရေးပါသောအရာမှာကားဘက်ထရီဖြစ်ပါသည်။

ရှေးယခင်မှစတင်၍ ယနေ့အချိန်အထိအသုံး ပြုနေသောကားဘက်ထရီအမျိုးအစားမှာ ရိုးရှင်းသော ခဲ-အက်ဆစ် ဘက်ထရီသာ ဖြစ်ပါသည်။ ယနေ့ခေတ် ဟိုက်ဘရစ်ကားများတွင် နီကယ်မက်တယ်ဟိုက်ဒရိုက် (NiMH)ဘက်ထရီများ၊ လီသီယမ်အိုင်ယွန်း (Li-ion) ဘက်ထရီများသုံးစွဲသော်လည်းကားတစ်စီးလုံး၏ Electrical System အတွက် သုံးစွဲနေသော 12 ဗို့ ဘက်ထရီမှာခဲ-အက်ဆစ်ဘက်ထရီအမျိုးအစားသာ ဖြစ် ပါသည်။

ကားဘက်ထရီတစ်လုံးတွင် အခန်း(Cell) ခြောက်ခန်းပါဝင်ပြီးအဖိုပြားနှင့်အမပြားကိုခဲပြားများဖြင့် တည်ဆောက်ထားသည်။ အဖိုပြားနှင့်အမပြားကြားတွင် ကြာခံပြား(seperator)ဖြင့် ခြားထားပြီး Electrolyte ခေါ် လျှပ်လိုက်ရည်ထဲတွင် နစ်မြုပ်ထားသည်။ လျှပ်လိုက်ရည် ဆိုသည်မှာရေနှင့်ဆာလဖျူရစ်အက်ဆစ်ကိုရောစပ်ထားသောအက်ဆစ်အပျော့စားဖြစ်သည်။ အက်ဆစ်ပြင်းအား 1.25 ရှိသည်။ ထိုပြင်းအားကို လျှပ်လိုက်ရည်၏ သိပ်သည်းဆဟုခေါ်သည်။

အက်ဆစ်သိပ် သည်းဆ 1.25ရှိသော လျှပ်လိုက်ပျော်ရည် ရရှိရန် ပေါင်းခံရည်နှင့် ဆာလဖျူရစ်အက်စစ် (H2SO4)ရောစပ်ရသည်။ ဘက်ထရီ Cell တစ်ခုမှ ထုတ်လုပ်ပေးနိုင်သောဗို့အားမှာ 2.1 V ရှိပြီးစုစုပေါင်းအခန်း(၆)ခန်းပါသောဘက်ထရီတစ်လုံးသည် 12.6 Volt ခန့် ထွက်ရှိသည်။

ဘက်ထရီတစ်လုံးတွင်သိုလှောင်ထားသောစွမ်းအင်ပုံစံမှာChemical Energy ဖြစ်သည်။ ဘက်ထရီကိုအသုံးပြုလျှင်ဖြစ်စေ၊ အားပြန်သွင်းလျှင်ဖြစ်စေဘက်ထရီပလိပ်ခဲပြားများနှင့် အက်ဆစ်ဓာတ်ပြုသည်။ ဘက်ထရီအားသွင်းနေစဉ် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့များထွက်သည်။ ဟိုက်ဒြိုဂျင်သည် ပေါက်ကွဲမှုပြင်းထန်ပြီးမီးလောင်လွယ်သောဓာတ်ငွေ့ဖြစ်သည်။ ဘက်ထရီအိုးပွင့်ထွက်ခြင်းများသည်အဆိုပါဓာတ်ငွေ့ထွက်နေချိန်များတွင် ဘက်ထရီတိုင်များချောင်နေခြင်းနှင့်အခြားသောမီး(Spark) မှ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့နှင်ထိတွေ့ပြီးပွင့်ထွက်ခြင်းဖြစ်ပါသည်။

#ထို့ကြောင် ဘက်ထရီအားသွင်းနေစဉ် လေဝင်လေထွက် ကောင်းဖို့လိုသည်။ ဘက်ထရီအားသွင်းနေစဉ် ဝါယာကြိုးများဖြင့် မီးခတ်မကြည့်ရ။ ဘက်ထရီအိုးပေါက်ကွဲထွက်ပြီးထိခိုက်ဒဏ်ရာများရရှိနိုင်ပါသည်။

ဘက်ထရီတစ်လုံးတွင် အဖိုငုတ်နှင့် အမငုတ် ဟူ၍ရှိပြီးအဖိုငုတ်တိုင်သည်အမငုတ်တိုင်နှင့်အနည်းငယ် ပိုကြီးသည်။ ဘက်ထရီသုံးစွဲပြီးအချိန်အနည်းငယ်ကြာပြီးချိန်တွင်လျှပ်လိုက်ရည်ခန်းခြောက်ပြီး သတ်မှတ်ထားသောLevelအောက်လျှောကျသွားတတ်သည်။ သတ်မှတ်(Level)အောက်လျှော့ကျပါကဘက်ထရီအတွက်သီးသန့်ထုတ်လုပ်ထားသောပေါင်းခံအရည်(ဆိုင်အများအခေါ် မိုးရည်)ကိုသာသတ်မှတ်(Level)ထိသာပြန်လည်ဖြည့်ပေးရပါမည်။

ဆိုင်အများစုမှာ ထည့်သွင်းထားသောအရည်များအားသွင်ပြီးအက်စစ်ရည်အသစ်ပြန်လည်ထည့်သွင်းခြင်းများပြုလုပ်လေ့ရှိကြပါသည်။ အက်စစ်အသစ်များပြန်လည်ထည့်သွင်းပါက ဘက်ထရီအိုး​၏သက်တမ်းအားတိုစေနိုင်ပါသည်။

ယနေ့တွင်အသုံးပြုများနေသော Maintenance Free Battery များတွင် မိုးရေထပ်ဖြည့်ပေးစရာမလိုပါ။အငွေ့ပြန်မှုနညိးသောခဲဒြပ်ပေါင်းကိုအသုံးပြုထားပြီးပြင်ပသောထွက်သွားနိုင်သောအငွေ့များအားအလိုလျှောက် အရည်ပြန်ဖြစ်သွားသောစနစ်များအားရေးခိုးရေငွေထွက်နိုင်သောနေရာများတွင်တပ်ဆင်ထားပါသည်။

ဘက်ထရီအားအပြည့်အ၀ ရှိ/မရှိကို Battery Tester များနှင့်တိုင်းတာနိုင်ပြီးMaintenance Free Battery များတွင်ဘက်ထရီအိုးအပေါ်တွင်အလွယ်တကူစစ်ဆေးနိုင်သော Battery Indicator ပါရှိသည်။ဘက်ထရီအမျိုးအစားပေါ်မူတည်ပြီးအားပြည့်ခြင်းအားသွင်းရန်လိုအပ်ခြင်းများအားအရောင်များပြက Battery Indicator ပေါ်တွင်အလွယ်တကူစစ်ဆေးနိုင်ပါသည်။

ဘက်ထရီတစ်လုံး၏ စွမ်းအားပမာကိုအမ်ပီယာ(Amh)ဖြင့်ဖော်ပြသည်။ဥပမာ-35(Amh) ,60 (Amh)ဟုဖေါ်ပြကြသည်။ဘက်ထရီတစ်လုံး၏ သက်တမ်းသည် သင့်ကားနိူးသောအကြိမ်ရေပေါ်တွင်မူတည်ပြီးနေ့စဉ်အကြိမ်ရေများများနိုးပါက ဘက်ထရီသက်တမ်းတိုမည်ဖြစ်ပါသည်။

# LMA Battery service
# ဒီစီလျှပ်စစ်စွမ်းအင်သိုလှောင်ထားသောဘက်ထရီများအကြောင်း

20/07/2020

သင့်ကားတွင်တပ်ထားသော Battery အားကုန်ရသောအကြောင်းအရင်းများ

အသုံးမပြုပဲရပ်ထားသောကားများတွင် Battery အားကုန်ခြင်းများဖြစ်လေ့ရှိပါသည်။အားကုန်နိုင်သောအကြောင်းအရင်းများမှာ-

၁) Battery စွမ်းဆောင်နိုင်မှုကျဆင်းလာခြင်းကြောင့်အားလျှောနည်းခြင်း

၂)ဝါယာရိန်းစနစ်ပျက်စီးမှုကြောင့် Battery အားကုန်နိုင်ခြင်း

၃) ကားအတွင်း Battery အသုံးပြုသောစနစ်တစ်ခုမှ Battery အတွင်းရှိအားများအားအသုံးပြုနေခြင်း

၁) Battery စွမ်းဆောင်နိုင်မှုကျဆင်းလာခြင်းကြောင့်အားလျှော့နည်းခြင်း

မော်တော်ယာဉ်များရပ်ထားပြီးရက်အနည်းငယ်အတွင်းပြန်လည်နိုးမရခြင်းဖြစ်ပေါ်လာပါက ကျွမ်းကျင်ပညာရှင်များနှင့်စမ်းသပ်စစ်ဆေးနိုင်သောစက်များအကူအညီဖြင့်စစ်ဆေးသိရှိနိုင်ပါသည်။ (Battery သက်တမ်းကြာခြင်းနှင့်Battery ချို့ယွင်းမှုများကြောင့်ဖြစ်ပေါ်နိုင်ပါသည်။)

၂)ဝါယာရိန်းစနစ်ပျက်စီးမှုကြောင့် Battery အားကုန်နိုင်ခြင်း

မော်တော်ယာဉ်ဝါယာရိမ်းစနစ်ကြောင့် Battery ဗို့အားကုန်ခြင်းမှာ အချိန်တိုအတွင်း Battery အတွင်းရှိဗို့အားများအားကုန်စေနိုင်ပါသည်။ ကားအတွင်းဝါယာရိမ်းစနစ်ချိုယွင်းမှုများကြောင့်ဖြစ်ပေါ်တက်ပါသည်။နားလည်တက်ကျွမ်းသောပညာရှင်များနှင့်စစ်ဆေးသိရှိနိုင်ပါသည်။ (ကားအတွင်းဆက်သွယ်ထားသောဝါယာကြိုးများပေါက်ပြဲခြင်းနှင့်စနစ်တချို့ ချို့ယွင်းမှုများကြောင့်ဖြစ်ပေါ်နိုင်ပါသည်။)

၃) ကားအတွင်း Battery အသုံးပြုသောစနစ်တစ်ခုမှ Battery အတွင်းရှိဗို့အားများအားအသုံးပြုနေခြင်း

ဖော်ပြပါအကြောင်းအရင်းမှာသတိမပြုပဲဖြစ်လေ့ဖြစ်ထများသောအကြောင်းအရာဖြစ်ပါသည်။ကားအတွင်းခန်းမီးများအသုံးပြုပြီးပြန်မပိတ်မိခြင်း၊ ကားရှေ့မီးများအားဖွင့်ပြီးပြန်မပိတ်မိပဲအချိန်ကြာရှည်မှသိရှိခြင်းကြောင့်ဖြစ်နိုင်ပါသည်။(ကားအတွင်းရှိအချက်ပေးစနစ်များနှင့်မီးအသုံးပြုသောစနစ်များအားသေချာစွာစစ်ဆေးပြီးမှရပ်နားသင့်ပါသည်။

Battery service

အားကုန်ရခြင်းအကြောင်းများ

သက်တမ်းပြည့်လျှင် လဲလှယ်ပေးသင့်သော ကားအစိတ်အပိုင်းများ==================================== ကားပိုင်ရှင်အများစုသည် ကားကို...
14/07/2020

သက်တမ်းပြည့်လျှင် လဲလှယ်ပေးသင့်သော ကားအစိတ်အပိုင်းများ
====================================

ကားပိုင်ရှင်အများစုသည် ကားကိုအသုံးချနေသော်လည်း ၊ ပုံမှန်ထိန်းသိမ်းခြင်းနှင့် ကားပျက်၍ ပြုပြင်ရခြင်းများအတွက် ငွေကြေးသုံးစွဲရာတွင် လက်တွန့်တတ်ကြသည်။ ကားအကြောင်း၊ ကားသဘာ၀၊ ကားပြုပြင်ထိန်းသိမ်းခြင်းများကို နားလည်သဘောပေါက်သော ကားပိုင်ရှင်များက ကုန်ကျစရိတ်များကို လက်ခံနိုင်ကြသော်လည်း ကားအကြောင်း နားမလည်သော ပိုင်ရှင်နှင့် ယာဉ်မောင်းတို့အကြားတွင် ကားပြုပြင်ထိန်းသိမ်းစရိတ်သည် စကားများများပြောရသော ပြဿနာဖြစ်လာတတ်သည်။ ပုံမှန်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် အချိန်တန်လျှင် ပျက်စီးတတ်သော ကားအစိတ်အပိုင်းများ ပြင်ဆင်စရိတ်များကို အကုန်အကျခံရန် ငြိုငြင်တတ်ကြသည်။

ကားတစ်စီး လက်၀ယ်ထားလျှင် ပြင်ဆင်ထိန်းသိမ်းစရိတ်သည် အသုံးပြုရမြဲဖြစ်သည်။ ကားဟောင်း၊ ကားညံ့ ၀ယ်မိလျှင် မကြာခဏ ကားပျက်၍ အကုန်အကျ ပိုများသည်။ ကားကောင်း၀ယ်လျှင်လည်း ပုံမှန်ပြုပြင် ထိန်းသိမ်းစရိတ်ရှိသည်။ အချို့သေ ာကားပိုင်ရှင်များသည် ပျက်မှသာ ကားပြင်လိုကြသည်။ ပုံမှန်ထိန်းသိမ်းရသည်ကို နားမလည်၍ အပိုကုန်ကျသည်ဟု မြင်ကြသည်။ ကားတစ်စီးအား ပုံမှန်စစ်ဆေးထိန်သိမ်းခြင်း မလုပ်ပေးပါက ပို၍ပျက်စီးစေသည်။ ဘေးကင်းလုံခြုံမှု တဖြည်းဖြည်း ကျဆင်းလာ၍ အန္တရာယ်လည်း ဖြစ်နိုင်သည်။

ကားတစ်စီးတွင် အစိတ်အပိုင်းပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး၊ စနစ် (System)များ ပေါင်းစပ်၍ လည်ပတ် အလုပ်လုပ်သည်။ အချိန်တန်လျှင် ပွန်းစား ပျက်စီးတတ်သည်။ ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းများအပြင် ပျက်စီးချွတ်ယွင်းသွားသော အစိတ်အပိုင်းများကို အစားထိုးလဲလှယ်၍ ပြုပြင်ပေးရသည်။ ကားအစိတ်အပိုင်း (Auto Parts) ပစ္စည်းများသည် သုံးစွဲနိုင်သော သက်တမ်းရှိသည်။ သက်တမ်းကုန်လျှင် ချွတ်ယွင်း ပျက်စီးလာတတ်သည်။

အစားထိုးလဲလှယ်ပေးရသောကားအစိတ်အပိုင်းများ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

(၁) လေစစ်၊ဆီစစ်များ

ကားတိုင်းတွင် Air Filterခေါ် လေစစ်များသည် အချိန်တန်လျှင် လဲပေးရသည်။ ခရီးမိုင် (၃၀,၀၀၀) မှ (၅၀,၀၀၀) အတွင်း သုံးပြီးပါက လေစစ်များ လဲပေးသင့်သည်။ အင်ဂျင်ဝိုင်အသစ်လဲတိုင်းလည်း ဆီစစ် (Oil Filter)ဘူးကို လဲပေးရမည်။ ခရီးမိုင် (၃၀၀၀) မှ (၅၀၀၀)အတွင်း သွားပြီးတိုင်း အင်ဂျင်ဝိုင်နှင့် ဆီစစ်ကို လဲပေးသင့်သည်။ ကားအမျိုးအစားအလိုက် သင့်လျော်သော အင်ဂျင်ဝိုင်အမျိုးအစားကို ရွေးချယ်သုံးစွဲသင့်သည်။

(၂) ဘက္ထရီ

ကားတစ်စီးတွင် ဘက်ထရီသည် အသက်ဖြစ်သည်။ ဘက်ထရီကောင်းပြီး အားသွင်းစနစ်မကောင်းပါက ဘက်ထရီအားမရှိဘဲ ဖြစ်တတ်သည်။ ဘက်ထရီ အားမကောင်း လျှင် ကားစက်နှိုးရ ခက်ခဲတတ်သည်။
ကားဘက်ထရီတစ်လုံးသည် ပုံမှန်ထိန်းသိမ်းပေးရန်လိုအပ်သည်။ အရည်အသွေး အမျိုးအစား ကောင်းသော ကားဘက်ထရီတစ်လုံး၏ ပျမ်းမျှ သက်တမ်းသည် အများဆုံး (၃)နှစ်သာ အသုံးခံသည်။ AGM (Absorbant Glass Mat) ဂျယ်လီ သုံးသော ဘက်ထရီအမျိုးအစားသည် ရိုးရိုးခဲ- အက်ဆစ် ဘက်ထရီအမျိုးအစားထက် (၁) နှစ်ကျော်ပို၍ အသုံးခံသည်။ Maintenance Free ဘက်ထရီမှ လွဲ၍ ခဲ-အက်ဆစ်ဘက်ထရီများသည် ပြုပြင် ထိန်းသိမ်းပေးရန် လိုအပ်ပါသည်။

(၃) ဘရိတ်ရှူး (Brake Pad)

ဘရိတ်ရှူးများသည် အမြဲပွတ်တိုက်သုံးစွဲရသောအရာဖြစ်၍ ပွန်းစားသွားနိုင်သည်။ ကားအရွယ်အစား၊ အလေးချိန်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်းသည် မိုင် (၃၀,၀၀၀)မှ မိုင် (၇၀,၀၀၀)အထိ အသုံးခံသည်။ ကားမောင်းနှင်မှုစတိုင် အလေ့အကျင့်အပေါ်မူတည်၍ ဘရိတ်ရှူးသက်တမ်း ကွာခြားနိုင်သည်။ ရှေ့ဘီးမှ ဘရိတ်ရှူးများသည် ပို၍ အကုန်မြန်သည်။ ခေတ်ပေါ်ကားများမှ ဘရိတ်ရှူးလိုင်နာကို Semi-metallic လိုင်နာနှင့် Ceramic လိုင်နာအမျိုးအစားများ အသုံးပြုထား၍ သက်တမ်းပို၍ ကြာရှည်ခံသည်။

(၄) တာယာ (Tires)
ကားတစ်စီး ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရေးအတွက် တာယာဘီးများသည် အရေးကြီးဆုံးဖြစ်သည်။ တယာဘီးများ ကြာရှည် အသုံးခံရန် ပုံမှန်ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်ပေးမှ ဖြစ်မည်။ ကားအောက်ပိုင်း ဆပ်စပင်းရှင်းစနစ်နှင့် စတီယာရင်စနစ်များ ကောင်းပါမှ တာယာများအသုံးခံမည်။
တာယာဘီး အလိုင်းမန့် ပုံမှန်ချိန်ပေးရသည်။ လေပေါင်ဖိအား မှန်ရမည်။ တာယာများကို ရှေ့-နောက်/ ဘယ်-ညာ လှည့်၍ သုံးပေးရသည်။ တာယာထိန်းသိမ်းမှု ကောင်းပြီး အရည်အသွေးကောင်း နာမည်ရသော တာယာများသည် မိုင် (၆၀,၀၀၀) မှ မိုင် (၈၀,၀၀၀)အထိအသုံးခံပါသည်။

(၅) ကလပ် (Clutch)

Manual Gear သုံးသောကားများတွင် ကလပ်အဖွဲ့အစည်းသည် အများဆုံး အလုပ်လုပ်ရ၍ ပွန်းစားပျက်စီးမှု ရှိသည်။ ကလပ်ပလိပ်ပြားတစ်ချပ်သည် မိုင် (၇၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ ကားမောင်းကြမ်းသော အလေ့အထရှိသော ဘတ်စ်ကားများနှင့် ကုန်တင်ထရပ်ကားများတွင် ကလပ်ပလိတ်သက်တမ်း ကြာရှည်မခံပါ။

(၆) တိုင်းမင်ဘတ်လ်ကြိုး (Timing Belt)
OHC (Over Head Cam) အင်ဂျင်များတွင် ရာဘာတိုင်မင် Belt ကြိုးပြတ်ပါက အင်ဂျင်ပျက်စီးတတ်သည်။ သက်တမ်းမကုန်မီ ကြိုတင်လဲပေးရသော ကားအစိတ် အပိုင်းပစ္စည်းဖြစ်သည်။ ရာဘာနှင့် ပြုလုပ်ထားသော တိုင်မင် Belt ကြိုးသည် အမဲဆီ၊ အင်ဂျင်ဝိုင်၊ ဒီဇယ်ဆီစသော ရေနံအခြေခံပစ္စည်းများကို ကြောက်ပါသည်။ ဝုိင်းဆီးမကောင်း၍ ဆီယိုနေလျှင် Timing Belt ကြိုးကို ထိခိုက်ပြီး သက်တမ်းမစေ့မီ ပြတ်ထွက်တတ်သည်။ Belt ကြိုတစ်ချောင်း၏ သက်တမ်းသည် မိုင် (၆၀၀၀၀) (သို့ မဟုတ်) ကီလိုမီတာ (၁၀၀၀၀၀) အထိရှိသည်။

(၇) ဆီပန့် (Fuel Pump)
ဓာတ်ဆီအင်ဂျင်သုံးကားတစ်စီးတွင် Fuel Pump ကောင်းမှ (Fuel System) ဆီပို့စနစ်ကောင်းမည်။ ခေတ်ပေါ်ကားများတွင် EFI စနစ်ဖြစ်၍ Fuel Pump အရေးကြီးသည်။ Fuel Pump တစ်လုံး၏ သက်တမ်းသည် မိုင် (၆၀,၀၀၀) ကျော်အသုံးခံသည်။

(၈) ဂတ်စ်ကတ် (Gasket)

ကားအင်ဂျင် တစ်လုံးတွင် Gasket မျိုးစုံသုံးသည်။ အဓိကအားဖြင့် Intake Manifold, Exhaust Manifold နှင့် အင်ဂျင် Head တို့ တပ်ဆင်ရာတွင် ဂတ်စ်ကတ်ကို သုံးရသည်။ ရာဘာဂတ်စ်ကတ်များလည်း ရှိသည်။ဂတ်စ်ကတ်အားလုံးထဲတွင် အင်ဂျင် Head Gasketသည် အရေးအကြီးဆုံးဖြစ်သည်။ အကြောင်းမျိုးမျိုးကြောင့် ရေတိုင်ကီရေဆူပြီး အင်ဂျင်အပူချိန်လွန်ကဲလျှင် ဂတ်စ်ကတ် ပြတ်တတ်သည်။ ဂတ်စ်ကတ်ပြတ်ပါက ရေလိုင်း၊ ဆီလိုင်းများ ရောနှောသွားပြီး အင်ဂျင်ကို ပျက်စီးစေသည်။ အရည်အသွေးကောင်းသော Gasket တစ်ချပ်၏ သက်တမ်းသည် မိုင် (၆၀,၀၀၀)မှ မိုင် (၇၀,၀၀၀)အထိ အသုံးခံသည်။ အင်ဂျင်အအေးခံစနစ်ကို ဂရုစိုက်လျှင် ဂတ်စ်ကတ်ပြတ်သောပြဿနာ ကင်းဝေးပြီး ကြာရှည်အသုံးခံမည်။

(၉) ရေလည်အုံ (Water Pump)

အင်ဂျင်အအေးခံစနစ်တွင် အဓိကကျသောအရာမှာ ရေလည်အုံ ဖြစ်သည်။ အအေးခံစနစ်အတွင်း အရည်များ လည်ပတ်စေရန် ရေလည်အုံပန့်က လှည့်ပေးရသည်။ Water Pump တွင် ဝိုင်းဆီးနှင့် Ball Bearing အထိုင်သည် အရေးကြီးသည်။ Pump သုံးစွဲမှုသက်တမ်း ကြာလာလျှင် ဝိုင်းဆီးပေါက်ပြီး ၄င်းနေရာမှ အအေးခံရည်များ ယိုစိမ့်ထွက်မည်။ အအေးခံစနစ်တွင် ရေယိုစိမ့်နေခြင်းသည် ရေတိုင်ကီရေဆူနိုင်သော ပြဿနာအရင်းအမြစ်ဖြစ်သည်။
(Water Pump) ရေလည်အုံတစ်လုံးသည် မိုင် (၇၀,၀၀၀)မှ မိုင်(၁၀၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ Water Pump မှ ရေယိုစိမ့်သော လက္ခဏာပြလျှင် ဘောလ် ထိုင်နှင့် ဝိုင်းဆီးမကောင်းတော့သည့် လက္ခဏာဖြစ်သည်။ အချို့သော ကားဆရာများက ရေလည်အုံကို ပြန်ပြင်၍ သုံးကြသည်။ အကောင်းဆုံးမှာ ရေလည်အုံ အသစ်တစ်လုံး လဲပေးခြင်းဖြစ်ပါသည်။

(၁၀) Spark Plugs

အင်ဂျင် မီးပေးစနစ် (Ignition System) တွင် Plug များသည် အဓိက တာ၀န်ထမ်းဆောင်ရသော အစိတ်အပိုင်းဖြစ်သည်။ ပလပ်မကောင်းလျှင် အင်ဂျင်စက်သံ မမှန်တော့ဘဲ ဆီစားများမည်။ ပလပ်များကို စစ်ဆေးခြင်း၊ ဆေးကြောခြင်း ပြုလုပ်ပေးရသည်။ EFI စနစ်သုံးသော ကားအင်ဂျင်များတွင် ပလပ်အမျိုးအစား ကောင်းကောင်း သုံးဖို့လိုပါသည်။ ပလပ်တီနမ်ပလပ်များသည် စျေးနှုန်းကြီးသော်လည်းမိုင် (၁၀၀,၀၀၀)အထိ အသုံးခံသည်။ အရည်အသွေးညံ့သော ဓာတ်ဆီများသည် ပလပ်သက်တမ်းကို တိုစေသည်။ မူလအော်ရီဂျင်နယ် ပါလာသော ပလပ်အမျိုးအစားသည် အကောင်းဆုံးဖြစ်၍ နောက်ထပ်လဲလျှင်လည်း အော်ရီဂျင်နယ်ပစ္စည်းကိုသာ သုံးသင့်သည်။

ကားတစ်စီးတွင် ပုံမှန်သက်တမ်းအတိုင်း လဲလှယ်ပေးရသော ပစ္စည်းအစိတ်အပိုင်း (Auto Parts) များသည် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းဆရာတို့၏ ဂရုစိုက် ထိန်းသိမ်းခြင်း အပေါ်၌ မူတည်ပါသည်။ အချို့သောပစ္စည်းများ ကြာကြာအသုံးမခံခြင်းမှာ အရည်အသွေး ပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။
ကားတစ်စီးသည် အသစ်ဖြစ်စေကာမူ ပုံမှန် ထိန်းသိမ်းခြင်း (Maintenance Service) ဆောင်ရွက်ပေးရသည်။ Used Car များသည်လည်း ပို၍ ဂရုစိုက် ပြုပြင်ရသည်။ ပုံမှန် Maintenance ပြုလုပ်ခြင်းအပြင်၊ သက်တမ်းစေ့၍ ပစ္စည်းလဲလှယ်ပြုပြင်ရသော စရိတ်များလည်း ရှိသည်။ ပြုပြင်ထိန်းသိမ်းခြင်းသည် သင့်ကားကို သက်တမ်းကြာရှည်စေရုံသာမက အမြဲတမ်း အဆင်သင့် ကောင်းမွန်နေသော အခြေအနေကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်သည်။ ဘေးကင်း လုံခြုံ စိတ်ချရသော ကားတစ်စီး ဖြစ်နေစေရန်အတွက်လည်း ဆောင်ရွက်ခြင်းဖြစ်သည်။

============================
#ကား-Car အကြောင်းစုံ
crd : ဆရာမာစတာ (စက်မှု)


#ဘက်ထရီရောင်း၀ယ်ရေး
#ဘက်ထရီ

Address

Yangon

Telephone

+959955092904

Website

Alerts

Be the first to know and let us send you an email when LMA Battery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LMA Battery Service:

Share