17/08/2026
နှစ်ပတ်လည်နေ့ အမှတ်တရ 🌻🍀🌻🍀🌻
ဒီလုပ်ငန်းကို ကျွန်မတို့ညီအစ်မ စလုပ်ချင်တယ်ဆိုလို့ အမေ့ကိုပြောတော့
အမေက သူမသိပေမဲ့ သေချာနားထောင်ပြီး ယုံယုံကြည်ကြည်နဲ့
ကျွန်မတို့လက်ထဲ ၁၀ သိန်းထည့်ပေးပြီး ခွင့်ပြုခဲ့တယ်။
အဲ့ဒီကနေစခဲ့တာ ရွှေမဥ္ဇူကွန်ပျူတာစာစီနှင့်မိတ္တူကူးလုပ်ငန်း (၂၉) နှစ်တိုင်ရှိခဲ့ပြီ။
ကျွန်မတို့ဆိုင်မှာ လူတန်းစားမရွေး၊ စာတတ်တတ် မတတ်တတ်၊ ဘဝမှာ မိတ္တူကူးရတာ၊ စာစီရတာ၊ ပလပ်စတစ်လောင်းရတာတွေ လုပ်ဆောင်ဖို့လိုတဲ့သူတွေကို ကူညီပေးနေပါတယ်။
အဲ့အတွက်လည်း တချို့ဆို ဆိုင်စဖွင့်စဥ်ကတည်းက အားပေးလာတဲ့ မိတ်ဆွေတွေရှိသလို၊ ဆိုင်မှာ တစ်ခါလာပြီးအလုပ်လုပ်ဖူးသွားတာနဲ့ နောက်ပိုင်းလည်း တကူးတက အစဥ်တစိုက် လာအားပေးနေကြတာ လက်တွေ့မှာ အားလုံးအသိပါ။
ရွှေမဥ္ဇူဆို စိတ်ချရလို့ တကူးတကလာ အလုပ်လုပ်ရတာဆိုသူတွေရှိလို့သာ အခုလို နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တာပါ။ အဲ့ဒီအတွက် အထူးပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးရပါတယ်။
ဆက်လက်ပြီးတော့လည်း ခေတ်နဲ့အမှီပညာရပ်တွေ ဖြည့်ဆည်းရင်း အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးသွားပါ့မယ်ရှင်။
အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
ဘေးရန်ကင်းကွာ ကပ်ကြီးသုံးပါး အမြန်ဆုံးကျော်လွှားနိုင်ကြပါစေလို့
ရွှေမဥ္ဇူမိသားစုမှ နှစ်ပတ်လည်နေ့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်🙏🙏🙏
ရွှေမဥ္ဇူကွန်ပျူတာစာစီနှင့်မိတ္တူကူးလုပ်ငန်း
အမှတ်-၁၀/၁၂၊ အခန်း-၀၀၄ ဘီ၊ ၃၅ လမ်း (အောက်)၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
Viber - 09-899580499
[email protected]