Success Apex Myanmar Co.,Ltd

Success Apex Myanmar Co.,Ltd Construction , Mining and Trading

05/05/2026

မြန်မာသံတော်မြတ် (ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံ) သို့ ကျောက်မီးသွေးများတင်သွင်း



ဘယ်မီလျံနာမှ လက်ဆွဲပြီး ပုခုံးပေါ်တင်ကာ မြှင့်တင်မပေးသလို စီးပွားရေးလုပ်ဖို့ အရင်းအနှီးမထုတ်ပေးဘူး...။ဒီနေရာလေးမှာ ဒီလို...
03/01/2026

ဘယ်မီလျံနာမှ လက်ဆွဲပြီး ပုခုံးပေါ်တင်ကာ
မြှင့်တင်မပေးသလို စီးပွားရေးလုပ်ဖို့ အရင်းအနှီးမထုတ်
ပေးဘူး...။

ဒီနေရာလေးမှာ ဒီလိုလုပ်လိုက်၊ ဟိုနေရာလေးကြရင်
ဟိုလိုလုပ်လိုက်၊ ဒီလူနဲ့သွားတွေ့လိုက်၊ ဟိုလူနဲ့တွေ့လိုက်၊
ဒီဘဏ်သွားလိုက်၊ ဟိုဘဏ်သွားလိုက် ဘဏ်ရောက်ရင်
ဘယ်မန်နေဂျာနဲ့တွေ့လိုက် "ငါ့နာမည်" ပြောလိုက်ပဲ...။

ကျန်တာကတော့ ကိုယ့်ဟာကိုယ် နည်းလမ်းရှာပြီး
ကိုယ်နဲ့ကိုက်ညီရင်လုပ်၊ မညီရင်မလုပ်နဲ့...။

ကလေးတစ်ယောက်လို အရံသင့်စားလို့ရအောင်
အဆင်သင့်ချက်ပြုတ်မပေးဘူး...။

နည်းလမ်းပေးမယ်၊ လမ်းညွှန်ချက်ပေးမယ်၊
အာမခံပေးတာနဲ့တင် ကျေးဇူးသိတတ်ရင် ထိုင်ကန်တော့
လို့ရပြီ...။

ကိုယ်ကျိုးစီးပွားအတွက် ရယူလိုမှုအတွက်ဘဲကြည့်တတ်
ရင်၊ သူ့အကျိုးကိုယ့်အကျိုးမလိုလားတဲ့သူဆိုရင် အနား
ကပ်ဖို့မပြောနဲ့ အဝေးကရင်တောက်ချခံရမယ်...။

မာနမထားသင့်သူကို မာနမထားနဲ့၊ စေတနာထားတဲ့သူထံ
ကရင် ရသမျှအခွင့်အရေး အဆုံးထိမနှိုက်နဲ့၊ သင်ဆရာ၊
မြင်ဆရာ၊ ကြားဆရာတွေကို အာမခံနဲ့၊ ကွက်ကျော်မရိုက်
နဲ့ ပုခုံးချင်းမတိုင်းနဲ့၊ ကျေးဇူးမကန်းနဲ့...။

ကိုယ့်ထက် သိ၊ တတ်၊ နားလည်၊ အတွေးအခေါ်၊ အမြာ်အ
မြင်၊ အတွေ့အကြုံရှိသူတွေရဲ့စကားတစ်ခွန်းက ဆယ်က
ဏန်းကရင် သောင်းကဏန်းထိ ရရှိပိုင်ဆိုင်သွားနိုင်သလို၊
ထိခိုက်ဆုံးရှုံးနစ်နာမှုတွေက သက်သာသွားနိုင်တယ်...။






03/01/2026

စက်ရုံသို့ raw coal များ တင်ပို့ရန် မြေပြင် စုပုံကွင်းတွင် ကြိတ်ခွဲ၍ ရောစပ်နေတာပဲ ဖြစ်ပါတယ်ခင်ဗျာ




🤍🤍🤍🤍
04/10/2025

🤍🤍🤍🤍

07/08/2025
✍ ဘာကြောင့် ဟက်ခိုး (Hardcore) ရိုက်တာလဲတဲ့။ အိမ်ရှင်တစ်ဦးက မေးလာပါတယ်❓           ဒါက အိမ်ရှင်တွေ တော်တော်များ မေးခံရတဲ...
25/10/2024

✍ ဘာကြောင့် ဟက်ခိုး (Hardcore) ရိုက်တာလဲတဲ့။ အိမ်ရှင်တစ်ဦးက မေးလာပါတယ်❓

ဒါက အိမ်ရှင်တွေ တော်တော်များ မေးခံရတဲ့ မေးခွန်းပါပဲ။ မျက်စိထဲ ရိုးရိုးလေး မြင်ကြည့်ရအောင်။

သင့်ရှေ့မှာ ကားတစ်စီး ဗွက်နစ်နေတယ် ဆိုပါစို့ ၊ ကားဒရိုက်ဘာ ဆင်းလာမယ် ၊ ဗွက်လည်နေတဲ့ ချိုင့်ထဲ အုတ်ခဲကျိုး ၊ ခဲကျိုး ၊ ကျောက်တုံးတွေ ရိုက်ထည့်ပြီး ပြန်ရုန်းထွက်မယ် ။ ဒါဆိုရင် ကားက ရုန်းထွက်နိုင်ပါပြီ။ သင့်မျက်လုံး မြင်မိရင် ဟက်ခိုးဘာကြောင့် ရိုက်ရလဲ ဆိုတာ နည်းနည်းသဘောပေါက်လောက်ပါပြီ ။

ဟက်ခိုးကို မြေသားမမှန်သော နေရာရာများ ၊ ဗွက်လည်သော မြေသားများတွင် အသုံးပြုရန်၊ အုတ်မြစ်ရဲ့ အမာခံ အလွှာဖြစ် ထည့်သွင်းပေးတာပါတဲ့ ။

ပြီးတော့ ဟက်ခိုးက ကျလာသော ဝန်များကိုလည်း တူညီစွာ ဖြန့်ကျတ်ပေးသေးပါတယ်။

ဟက်ခိုးကို လမ်းခင်းခြင်း ၊ ကားလမ်းများ၊အဆောက်အဦး အုတ်မြစ်များ၊မြေညီထပ် floor concrete များ တွင် အောက်ခံ အမာခံ လွှာဖြစ် အသုံးပြုရပါတယ်တဲ့။

ဟက်ခိုးကို ရေ၌ မပျော်ဝင်သော ကျောက်တုံးကျောက်ခဲ များဖြစ်သာ အသုံးပြုရမည် ဖြစ်ပြီး ကျစ်လစ်သိပ်သည်း အောင် ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ ( ဆိုလိုတာက ကျောက်တွေကို သေချာ စီစီရီရီ ရိုက်ရမှာ ဖြစ်ပြီး သဲဖြည့် ရေလောင်း ဒင် ဆောင့် ခိုင်းတာပါ)

ကန့်သက်ထားတာ တစ်ခု ဟက်ခိုးကို အဆောက်အဦး စွန့်ပစ်ပစ္စည်း အုတ်ခဲကျိုး၊ ခဲကျိုး ၊ ကွန်ကရစ် အကျိုး အကြေများဖြင့် မပြုလုပ်ရပါဘူးတဲ့ ။

သူတို့ဟာ ဆွေးမြေ့ပျက်စီးနှိုင်ပြီး ဆာလဖိတ် ပါဝင်ကာ ရေနဲ့ဓာတ်ပြုပြီး ကွန်ကရစ် ကို ပျက်စီးစေလို့ပါတဲ့။

မလျှော်မမှန်သော ဟက်ခိုးရိုက်ခြင်းဟာလည်း Hardcore အလွှာ၏ ပံပိုးမှု့ဆိုင်ရာ ဂုဏ်သတ္တိကို ခြိမ်းခြောက်စေပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းများ၏ မျှော်လင့်ထားသောဝန်နှင့်ဖြစ်နှိုင်ခြေ ရှိသော ဖိအားများ၏ Hardcore အလွှာ၏ သင့်တော်သော အထူသည် ပုံမှန်အားဖြင့် 100-150 mm ကောင်းစွာ ကျစ်လစ်စွာ ထားရှိရမည် ဟု ဆိုထားပါသည်။

ဟက်ခိုး၏ အဓိက လုပ်ဆောင်ချက်ကတော့ အောက်ခံမြေသား အဆင့်မြင့်တင်မှု့ အတွက် လိုအပ်သော အမာခံ အလွှာပါလို့ ပြောချင်ပါတယ်။





#ဆောက်လုပ်ရေး
#ဆောက်လုပ်ရေးဝန်ဆောင်မှု့

Junior Site Engr များအနေနဲ့ Site ထဲမှာ ကွဲကွဲပြားပြား သိထားဖို့လိုပါတယ် လူအများစုက ရောနေတတ်ကြလို့ပါ..)DPC ,Window sill ,...
17/10/2024

Junior Site Engr များအနေနဲ့ Site ထဲမှာ ကွဲကွဲပြား

ပြား သိထားဖို့လိုပါတယ် လူအများစုက ရောနေတတ်

ကြလို့ပါ..)

DPC ,Window sill , Lintel beam ,Stiffener တို့အကြောင့်း့့
ဆိုဒ်တွေထဲမှာ အလုပ်သမားတော်တော်များများဟာ window sillလည်း dpc lintelလည်း dpc stiffenerလည်း dpc ပဲ ပြောကြတာ။အလုပ်သမားကထားတော့ တခါတလေ engineerအငယ်တွေနဲ့ supervisorတွေပါ dpcဖြစ်နေကြတာ တကယ်ကို မဖြစ်သင့်ပါဘူး။အခု အဲ့ဒီအကြောင်းလေးတွေကို ရေးပြမှာပါ ။တော်တော်များများ ရေးကြတာတွေရှိပါတယ်။မသိသေးတဲ့သူတွေအတွက် အဓိကရည်ရွယ်ပါတယ်။လိုရင်း တိုရှင်းလေးပဲ ရေးသွားမှာဖြစ်ပါတယ်။
DPC
Dpcဆိုတာ damp proof course
ပါ မြန်မာအခေါ် ရေတားလွှာပေါ့ အရင်တုံးက အုတ်နဲ့ချည်းဆောက်တဲ့အဆောက်ဦးတွေ ground beamကို အောက်မှာပဲချ ုပ်ခဲ့ပီး plint beamထပ်မထည့်တော့တဲ့ ပုံစံမျိုးတွေမှာ 1.5 ,2"ထုလောက် concrete အတားလေး လောင်းပေးတာကို ပြောတာပါ။အခုအဆောက်ဦးတွေမှာ dpc သီးသန့်မလ်ိုတော့ပါဘူးးplinth beamနဲ့ toppingက dpcပါပဲ။ အဆောက်ဦးရဲ့အတွင်းအုတ်တွေစီတဲ့အခါမှာမှာ ဘာdpcမှမရှိပါဘူး။ယနေ့ဆောက်နေတဲ့အဆောက်ဦးတွေမှာ ပါကိုမပါတော့ပါဘူး dpcဆိုတာ။

Window sill
window sillဆိုတာ ပြတင်းတံခါးရဲ့အောက်ခြေက အုတ်စီတဲ့တဲ့အခါမှာ လေးလက်မလောက်လျှော့ထားပီး concreteလောင်းလိုက်တာကို ပြောတာပါ။တချို့ကလည်း အပြင်ဘက်ကို ဒွန့်သီးသန့်ထွက်တာကို window sillလို့ ပြောပါတယ်။အတူတူပါပဲ ဒွန့်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ window sillပါပဲ။ ခန်းပွင့် col to col တလျှောက်လုံးလောင်းလိုက်ရင် stiffener beemသဘောမျိုးလည်း ဖြစ်သွားပါတယ်။တချို့က အပေါက်ရဲ့ ဟိုဘက်ဒီဘက် ကိုးလက်မစီလောက်ပဲ ထုတ်ပီးလောင်းကြတယ်။ဖြစ်နိုင်ရင်တော့ directသာ လောင်းလိုက်ပါ။ဘာအတွက်လည်းဆိုတော့ အောက်ကစီထားတဲ့အုတ်ရိုးကို ချုပ်ဖို့အားလည်းဖြစ်သလို ကျည်းဘောင် moisureအတွက်လည်း အုတ်ထက်ပိုကောင်းပါတယ်။နောက်တချက်က ထောင့်တွေမှာ အုတ်ချည်းပဲဆို 45° diagonal crackတွေပေါ်ပါတယ်။window sillလောင်းလိုက်ရင် မပေါ်စေတော့ပါဘူး။

Lintel beam
Lintelက door နဲ့window ကျဉ်းဘောင်တွေရဲ့အပေါ်မှာ concrete beamလေးတင်လောင်းတာပါ။တချို့ကလည်းအပြင်မှာ precastလောင်းပီးတက်ကြတယ်။ဘာပတွက်လည်းဆိုရင် သူ့အပေါ်ကနေ အုတ်ထက်စီဖို့ပါပဲ။Load ထမ်းရတာဖစ်လို့သေသေချာချာကို လုပ်ရမှာပါ။ တချို့က တဘက်ကို ကိုးလက်မစီလောက်ပဲ လောင်းကြတယ်။
ကျွန်တော်ကတော့ ခန်းပွင့်အပြည့်ပဲ သဘောကြတယ်။ level သေချာရင် အပေါ်ကတင်ရမဲ့ အုတ်လည်းများရင် columnတိုင်မှာတည်းက rebar တခါတည်း dowel စိုက်ခဲ့ရင် အကောင်းဆုံးပဲ။

Stiffener
သူကတော့ နှစ်မျိုးရှိတယ် Vertical နဲ့ horizontal ဆိုပီး အလွယ်ခေါ်လိုက်ရင် stiff beam နဲ့stiff columnပေါ့ ။အဲ့ဒါတွေကို dpcလို့အခေါ်အများဆုံး။အုတ်နံရံတွေစီတဲ့အခါ ဖြတ်ဖြတ်ပီးတော့ လောင်းပေးရတာပါ။ တံခါးကျဉ်းဘောင်ရဲ့တဖက်စီမှာလည်း ထည့်ရပါတယ်။လေးလက်မခွဲဆိုရင် sft 25ကျော်ရင်ထည့်ရမယ်။ကိုးလက်မအုတ်ရိုးဆိုရင် sft 50ကျော်ရင်ထည့်ရမယ် အဲ့ဒါတွေက အလျားလိုက်တွေချည်းပါပဲ။ထောင်လိုက်ကတော့ ခန်းပွင့်ကျယ်ရင်ထည့်ရပါပီ။15ပေကျော်ရင်ထည့်သင့်ပီ အဲ့ဒါက col to colပေါ့။တိုင်မပါပဲနဲ့စီမယ်ဆိုရင်တော့ wallထောင့်တွေရယ် အလျား ဆယ်ပေလောက်ရှိတိုင်းတခါထည့်သင့်ပါတယ်။အဆောက်ဦးကို vibrationတွေဝင်တဲ့အခါ အုတ်အချပ်လိုက်ချည်းဆို နံရံလိုက်ကြီး ပြိုလဲနိုင်ပါတယ်။အဲ့ဒါကြောင့် stiffinerလေးတွေနဲ့ ဖြတ်လောင်းတားပေးထားတဲ့သဘောပါ။နောက်တခုက တံခါးတွေဘေးက ဘာကြောင့်ထည့်ရတာလည်းဆိုတော့ တံခါးဆိုတာ နေ့စဉ် ဖွင့်လိုက်ပိတ်လိုက်နဲ့ forceကရှိနေတာပါ့့့ကျဉ်းဘောင်ဟမသွားအောင် ရေရှည်တည်မြဲနေအောင် အဲ့ဒီstiff columnလေးက ထိန်းသွားမှာပါ။
ဒီလောက်ဆိုရင် အတော်သင့်တော့ ရှင်းသွားမယ်လို့ထင်ပါတယ်။ အရေးကြီးတာတခုက window sillရော lintelရော stiffenerရော သုံးခုလုံး rebarပါရပါမယ်


#အိမ်ပုံစံ #အိမ်

28/09/2024

ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှု
===========================
အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အာစီ (သို.မဟုတ်) steel structureလို့ခေါ်တဲ့သံထည်အဆောက်အဦးရဲ့ အမိုးဆလပ်ပြင်ပေါ်မှာ တင်ထားတဲ့ ရေကန်အလေးချိန်အကြောင်းပါ။

အိမ်ဆောက်ကတည်းက အမိုးဆလပ်ပေါ် ရေကန်တင်မဲ့နေရာကို ကြိုစဉ်းစားသင့်ပါတယ်။အိမ်ဆောက်ပီးမှ သင့်ရာထားမယ်လို့စိတ်ကူးနေတယ်ဆို စာဆုံးအောင်ဖတ်ပေးပါ။
အမိုးဆလပ်မှာ အုတ်ရေကန်ဘဲဆောက်ဆောက်၊ စတီးကန်ဘဲတင်တင်၊ ပလတ်စတစ်ကန်ဘဲထားထား မိမိတင်မဲ့ရေရဲ့ အလေးချိန်ကို သိပါသလား။
ရေတစ်ဂါလံဟာ 8ပေါင်ကနေ ၁၀ပေါင်အထိလေးပါတယ်။(မိမိတို့တင်ထားတဲ့ ရေဂါလံကို အခုဘဲ ၁၀ပေါင်နဲ့မြှောက်ကြည့်ပါ)
တစ်ပေပတ်လည် တစ်ပေအမြင့်ရှိတဲ့ရေရဲ့အလေးချိန်က 62ပေါင် ရှိပါတယ်။

ပိုရှင်းအောင်ပြောရရင် ၃ပေ ပတ်လည် ၃ပေအမြင့်ရှိတဲ့ရေကန်ရဲ့ရေအလေးချိန်က တန်ဝက်(ဘိလပ်မြေ ၁၀အိတ်အလေးချိန်) နီးပါးရှိပါတယ်။
ဒါတောင် အုတ်စီထားတဲ့ အလေးချိန်ထည့်မတွက်ရသေးပါဘူး။
အမိုးဆလပ်မှာ ရေဂါလံ ဘယ်လောက်ထားမယ်ဆိုတာ အိမ်မှာရှိမဲ့ လူဦးရေအရေအတွက်နဲ့ ပျှမ်းမျှတွက်ချက်ပီးတင်ကြပါတယ်။ ရေကန်ကြီးလေ အလေးချိန်ပိုများလေပါ။
ရေကန်တင်ဖို့နေရာရွေးပီးရင် ထိုနေရာမှာရှိတဲ့
ဆလပ်ပြင်ထမ်းနိုင်အား၊
သူ့အောက်က ထုပ်ရဲ့ Size၊
ထည့်မဲ့ သံချောင်းအရေအတွက် လုံလောက်ရဲ့လား အသေးစိတ်တွက်ချက်ရပါတယ်။ ဒါမှသာ တင်မဲ့ရေအလေးချိန်ကို အန္တရာယ်ကင်းကင်းနဲ့ အဆောက်အဦးက သက်တမ်းတစ်လျောက် ထမ်းထားနိုင်မှာပါ။
ရေကန်ထားမဲ့နေရာကို အလွယ်တကူမပြောင်းသင့်ပါဘူး။ ရေရဲ့အလေးချိန်က အထက်မှာပြောထားသလို ၃ပေ ပတ်လည်လေးတောင် တန်ဝက်(ပေါင် ၁၁၀၀) ရှိနေလို့ပါ။ နေရာပြောင်းလိုက်ရင် ပြောင်းထားမဲ့နေရာရှိ ဆလပ်၊ ထုပ် size လုံလောက်ရဲ့လား ပြန်စစ်ရပါမယ်။
ရေရဲ့အလေးချိန်က အရှင်ဖြစ်ပါတယ်။ ဆိုလိုတာက ကန်ပေါ်ရေတင်နေတုန်း ရေဟာ လှုပ်ရှားနေပါတယ် ။မြင်အောင်ပြောရရင် ဝက်တစ်ကောင်ကို အသေထမ်းထားတာနဲ့ အရှင်ထမ်းထားရတာ ဘယ်ဟာ ပိုအားသုံးရပါသလဲ။ အရှင်က ရှုန်းကန်နေတာပါ။
ဆိုတော့ အထက်ကပြောခဲ့သလို size မလုံလောက်ရင် အန္တရာယ်ကြီးပါတယ်။

ချိန်ကိုက်ဗုံးကို ခေါင်းပေါ်တင်ထားရသလိုပါဘဲ။ (ခုလိုပြောလို့ ခြောက်တယ်မထင်ပါနဲ့ ရေကန်ဝိတ်မနိုင်လို့ အိကျနေတဲ့ ဆလပ်ပြင်တွေ ရှိပါတယ်၊ ပြိုကျသွားခဲ့တဲ့အဆောက်အဦးတွေလည်းရှိပါတယ်)
အမိုးပေါ် အပင်စိုက်တဲ့ အိမ်ရှင်တွေလည်းရှိနေပြန်ပါသေးတယ်။ အစောကတည်းက အစီအစဥ်ရှိရင် ကန်ထရိုက်(သို့) အင်ယာကို ကြိုပြောပါ။ အပင်စိူက်မယ်ဆိုမြေကြီးတင်ရပါတယ်။
မြေကြီးရဲ့အလေးချိန်ဟာ တစ်ပေပတ်လည် တစ်ပေအမြင့် မှာ ပေါင်၁၂၀ရှိပါတယ်။ ဒါတောင် ရေလောင်းလိုက်လို့ မြေကြီးစိုသွားရင် ရေရဲ့ အလေးချိန်ပေါင်းထည့်ရတော့မှာပါ။
အိမ်မှာ မိသားစု၅ယောက်နေတယ်ဆိုရင်တောင် အလေးချိန် ပေါင် ၁၀၀၀လောက်ဘဲရှိတာပါ။
အမိုးဆလပ်ပေါ်မှာတော့ ရေဝိတ်၊ အပင်ဝိတ်၊ မြေကြီးဝိတ် ထမ်းထားရတာ ပိုများနေပါတယ်။ ဒီကြားထဲ မိုးများလို့ ရေဆင်းပိုက်က ရေချက်ချင်းမစီးနိုင်ရင် အဲ့မိုးရေ ဝိတ်ပါ ယာယီထမ်းရပါသေးတယ်။

ဒါပေမဲ့ ကန်ထရိုက်က အမိုးဆလပ်မို့ လူမနေဘူး၊ အခန်းမဖွဲ့ဘူး ဆိုပီး size၊ ထည့်မဲ့သံချောင်း လျော့ပီး ဆောက်သွားပေးတယ်ဆို တွေးကြည့်ရုံနဲ့ လန့်ရပါတယ်။
ပြောချင်တာက အိမ်ရှင်တွေက အမိုးဆလပ်ပေါ် ဘာတင်မယ် ဘာလုပ်မယ်ဆိုတာ စဥ်းစားမိသလောက် ကန်ထရိုက် or အင်ယာ ကိုသေချာပြောပြထားပေးပါ။ ပုံဆွဲကတည်းက မြင်သာအောင် ထည့်ဆွဲထားပါ။
သေချာ တွက်ချက်ဆောက်ခိုင်းပါ။
ပိုသေချာချင်ရင် နည်းလမ်းရှိပါတယ်။အင်ယာအခေါ် (load test) စမ်းတယ်ခေါ်ပါတယ်။
မိမိတို့တင်မဲ့ ရေဂါလံနဲ့ ၁၀ နဲ့မြှောက်ပါ။ ဥပမာဆိုပါစို့
ဂါလံ ၃၀၀တင်တယ်ဆိုပါစို့။ ၃၀၀x၁၀=၃၀၀၀ပေါင်
(ဘိလပ်မြေတစ်အိတ်က ၁၁၂ပေါင်လေးတယ်)
၃၀၀၀ကို ၁၁၂နဲ့စား= ၂၆.၇ အိတ်စာအလေးချိန်နဲ့ညီမျှတယ် ။

ပို အန္တရာယ် ကင်း (safe ) ဖြစ်အောင် ၂ဆတိုးရပါမယ်။ အဆောက်အဦးက ရေရှည်မှာ ခံနိုင်အားကျလာတတ်လို့ နောင်တစ်ချိန်မှာ အန္တရာယ်ကင်းအောင်ပါ။ အိတ်၅၀ လောက် ရေကန်တည်မဲ့နေရာကိုဘဲ ကွက်တင်ကြည့်လိုက်ပါ။ (အမိုးဆလပ်တစ်ပြင်လုံး ဖြန့်မတင်ရ ၊ ရေကန်ထားမဲ့ဧရိယာလေးအတိုင်း ဘိလပ်မြေအိတ် စီပီးထပ်တင်ကြည့်ရမယ်)
ဘာမှမဖြစ်ရင် ok ပီ

20/08/2024

အိမ်သုတ်ဆေး တွက်နည်း
~~~~~~~~~~~~~~~~~~
အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံများ၏ အလျားနှင့် အရှည်ပေများ အားလုံးကို ပေါင်းပါ၊ ထို့နောက် ရလာသော အဖြေကို အခန်း၏အမြင့်ပေ (ကြမ်းခင်းမှ မျက်နှာကျက်အထိ)ဖြင့် မြှောက်ပါ၊ ရလာသော အဖြေသည် ယင်းအခန်း၏ဆေးသုတ်ရမည့် square footage ဖြစ်ပါတယ်

ဆေးသုတ်ရမည့် square feetage တွက်နည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တံခါးရွက်နှင့် ပြူတင်းပေါက်များသည် မတူညီသော ဆေးအမျိုးအစား သုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကို နုတ်ပေးရပါမည်၊ ယေဘူယျအားဖြင့် တံခါးတစ်ချပ်ချင်းစီ အတွက် (20) square feet နှင့်ပြူတင်းပေါက် တစ်ခုချင်းစီအတွက် (15) square feet နုတ်ရမည် ဖြစ်ပါသည်။

ရလာသော အဖြေသည် ဆေးသုတ်ရမည့် အနီးစပ်ဆုံး နံရံဧရိယာ ဖြစ်ပါသည်၊ ယင်းဧရိယာကို တစ်ဂါလံမှာ (350) square feet ရှိတဲ့အတွက် (350) ဖြင့် စားလိုက်ပါက နံရံအတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)ကို ရရှိပါမည်၊ အဖြေတွင် စားကြွင်းက (0.5) ထက်နည်းပါက ကွာတား (2) ဗူးဖြင့် လုံလောက်နိုင်သော်လည်း (0.5) ထက်များပါက (1) ဂါလံ ဝယ်ရပါမည်။

14 × 20 ပေအခန်း အမြင့် (8) ပေ တံခါး (2) ပေါက်၊ ပြူတင်းပေါက် (2) ခုရှိသော အခန်းကို ဥပမာ အနေနဲ့ တွက်ပြပေးပါမည်။

ceiling ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~
ceiling ၏ အလျားပေ x အနံပေ = ceiling area

14 × 20 = 280 Square feet

Ceiling အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)

280 ÷ 350 = 0.8

ထိုအဖြေအရ ဆေးတစ်ထပ် သုတ်ရန် (1) ဂါလံ လိုအပ်ပါမည်၊ (2) ထပ်သုတ်လျင် (2) ဂါလံလိုအပ်ပါမည်။

နံရံဆေးတွက်ဆမှု
~~~~~~~~~~
နံရံတစ်ချပ်ချင်းစီ၏ အလျားပေကို ပေါင်းပါ။

14 + 20 + 14 + 20 = 68 ပေ

နံရံဧရိယာ တွက်ရန် အဖြေကို နံရံအမြင့်ပေဖြင့် မြှောက်ပါ။

68 × 8 = 544 square feet

ဆေးတကယ်သုတ်ရန် လိုအပ်သောနံရံ ဧရိယာကို ရှာရန် တံခါး (1) ချပ်စီတိုင်း အတွက် (20 ) ft နုတ်ပါ ( 20 × 2 = 40 ) ပြူတင်းပေါက် တစ်ခုချင်းစီတိုင်း အတွက် (15) ft နုတ်ပါ ( 15×2 = 30 )

544 - 70 = 474 square feet

နံရံ အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
474 ÷ 350 = 1.4


ထိုအဖြေအရ နံရံ ဆေးတစ်ထပ် သုတ်ရန် (1) ဂါလံ (2) ကွာတားနှင့် (2) ထပ်သုတ်လျင် (2) ဆ လိုအပ်ပါမည်။

တံခါးနှင့် ပြူတင်းပေါက် ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~~~~~~~~~~~~~
20 square feet = တံခါး (1) ချပ်
တံခါးအရေအတွက်ကို (20) ဖြင့် မြှောက်ပါ။

2 ×20= 40 square feet

ပြုတင်းပေါက် အရေအတွက်ကို (7.5) ဖြင့်မြှောက်ပါ။
.
2 × 7.5 = 15 square feet

ထိုနောက် ရလာတဲ့ အဖြေများကို ပေါင်းပါ။
40 + 15 = 55

ပြီးလျှင် 350 ဖြင့်စားပါ။
54 ÷ 350 = 0.16

ထိုအဖြေအရ တံခါးနှင့် ပြူတင်းပေါက် အတွက် ဆေး (1) ကွာတား ဝယ်ဖို့ လိုအပ်မည် ဖြစ်ပြီး တံခါးနှင့် ပြူတင်းပေါက် တို့အား နှစ်ဖက်စလုံး သုတ်မည်ဆိုပါက အဖြေကို (2) ဖြင့် မြှောက်ရမည် ဖြစ်ပါသည်။


#ဝင်းဆေးသုတ်လုပ်ငန်း
#ဝင်း_ရေဆေး_ဆီဆေး_ပေါလစ်ဆေးသုတ်လုပ်ငန်း
#တိုက်ဆေးသုတ်လုပ်ငန်း

25/07/2024

Project Location: သီရိမင်္ဂလာလမ်း ၊ အင်းစိန်မြို့နယ်။

Project Name : 35 ft x 40 ft 1-storeyed Steel Structure Budiling

Status : Ongoing project

Success Apex Construction & Decoration Co.,Ltd မှ လူကြီးမင်းတို့ စိတ်တိုင်းကျ Archi design ရေးဆွဲပေးခြင်း၊ Enginnering Drawing များ ရေးဆွဲပေးခြင်း၊ ကိုယ်တိုင် Surveyဆင်း၍ Estimate များတွက်ချက်ပေးခြင်း၊ ဆောက်လုပ်အလှဆင်ပေးခြင်း ဆိုင်ရာလုပ်ငန်းများကို One stop service ဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျာ...

လူကြီးမင်းတို့၏ စိတ်ကူးအိပ်မက်များကို ကျွန်တော်တို့ SA teamမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်၍ အောင်မြင်မှု များ တည်ဆောက်နိုင်ကြပါစေ ခင်ဗျာ...

Success Apex Construction & Decoration Co.,Ltd

Ph: 09-5118637, 09-689336671
Email: [email protected]
Address: 24/A, Yoedayar Street, Mayangone Township, Yangon.

Build your success...



Address

24/A, Yoedayar Street, Mayangone Township
Yangon
11062

Website

Alerts

Be the first to know and let us send you an email when Success Apex Myanmar Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category