25/04/2020
FYI
“ဘဏ်လုပ်ငန်းချိန် ယာယီပြင်ဆင်သတ်မှတ်ခြင်း”
မြန်မာနိုင်ငံတွင်း ဘဏ်များတွင် တာဝန်ထမ်းဆောင်နေသော ဘဏ်ဝန်ထမ်းများအား COVID-19 ရောဂါကူးစက် ပြန့်ပွားမှုများမှ ထိန်းချုပ်ကာကွယ်နိုင်ရန် နှင့် ယခုကာလအတွင်း ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ (၂၄) ရက်နေ့၊ ဧပြီလ၊ ၂၀၂၀ ခုနှစ် ရက်စွဲဖြင့် ဘဏ်လုပ်ငန်းချိန်များ ပြောင်းလဲဖွင့်လှစ်ရန် ညွှန်ကြားလာပါသည်။ ဘဏ်လုပ်ငန်းဆောင်ရွက်မှုမှာ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှု ဖြစ်သည့်အတွက် ကမ္ဘောဇဘဏ်အနေဖြင့် ဗဟိုဘဏ်မှချမှတ်သော လမ်းညွှန်ချက်များကို သေချာစွာလိုက်နာပြီး (၂၈) ရက်နေ့၊ ဧပြီလ၊ ၂၀၂၀ ခုနှစ်မှစတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲများ အားလုံး၏ လုပ်ငန်းချိန်များကို တနင်္လာနေ့မှ သောကြာနေ့၊ နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအထိ ပြောင်းလဲဖွင့်လှစ် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။
Customerများ နှင့် ဝန်ထမ်းများအားလုံး၏ ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံရေးရှိစေရန် လုပ်ငန်းခွင် ကြိုတင်ကာကွယ်မှုများဆောင်ရွက်ထားရှိပြီး ဘဏ်ခွဲများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး customerများ လိုအပ်သော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအတွက် ATMများ၊ KBZPay mobile wallet၊ KBZ iBanking နှင့် mBanking အစရှိသော ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများမှလည်း ဆက်လက်ဝန်ဆောင်မှု ပေးသွားမှာဖြစ်သည့်အတွက် လူတစ်ဦးနှင့် တစ်ဦး ထိတွေ့ဆက်ဆံရန် မလိုအပ်သော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် ဘဏ်ခွဲများသို့ လာရောက်ရန် မလိုအပ်ပဲ မိမိတို့ကိုယ်တိုင်ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။
ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအတွက် လိုအပ်သော အကူအညီများနှင့် အချက်အလက်များ ရယူနိုင်ရန် မိမိတို့၏ Customer Helpdesk ဖုန်းနံပါတ်ဖြစ်သော (၀၉)၉၅၁၀၁၈၅၅၅ သို့ ဆက်သွယ်နိုင်ပါသည်။
ကမ္ဘောဇဘဏ်၏ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အသုံးပြုသည့်အတွက် အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါသည်။