26/08/2026
IFRS for SME
🟩ဘာကြောင့် SME လုပ်ငန်းတွေအတွက် သီးခြား Accounting Standard ထားရှိသင့်တာလဲ (IFRS for SME)
အဓိက အကြောင်းအရင်းကတော့ Cost and Benefit မကိုက်တဲ့ပြသာနာပါ။ SME လုပ်ငန်းတွေအနေနဲ့ Full IFRS တွေကို သုံးမယ်ဆိုရင် ရှူပ်ထွေးတဲ့ အတွက် Qualified ဖြစ်တဲ့ Accountant ကို ခန့်ရမယ်။ နောက်ဆက်တွဲကတော့ လုပ်ငန်းတွေမှာ ကုန်ကျစရိတ်ကို တိုးစေတယ်။
နောက်တစ်ချက်အနေကတော့ SME တွေရဲ့ Financial Statements တွေဆိုတာဟာ အသုံးပြုတဲ့ user နည်းတယ်။ ဥပမာအားဖြင့် Company Management ၊ External User အနေနဲ့ဆိုရင် Lender ရယ်၊ Tax Authority လောက်ပဲရှိတာ။ ဒါကြောင့် user တွေအနေနဲ့ကလည်း information လိုအပ်ချက်ကလည်း သိပ်မရှိကြဘူး။ Full IFRS ကိုလိုက်နာပြီးတော့ စာရင်းဆွဲလည်း သိပ်ပြီးတော့ အကျိုးကျေးဇူးမရှိဘူး။
ဒါကြောင့် SME တွေအတွက် ရိုရှင်းလွယ်ကူတဲ့ IFRS for SME တွေ Development ဖြစ်သင့်တယ်လို့ မြင်လာကြတာပါ။
🟩IFRS for SME ဆိုတာ အသစ်ထပ်မံ လေ့လာဖို့ လိုမလို
IFRS for SME ဆိုတာ Full IAS ကို ရိုရှင်းအောင် လုပ်လိုက်တာပါ။ Full IAS နဲ့ သီခြား မဟုတ်ပါ။ (e.g IAS 16 အရာမျိုးမှာ Fair value model ကို ဖြုတ်ပေးလိုက်တယ်။ ဒါ့အပြင် Listed Entity မှသာလျှင် လိုအပ်သော IFRS 8 ဆိုရင် လုံ၀ ကို ချန်ခဲ့လိုက်ပါတယ်။ disclosure ကိုလည်း လျော့ချ လိုက်ပါတယ်)
🟩IFRS for SME ကို ဘယ်လိုလုပ်ငန်းမျိုးတွေ အသုံးပြုလို့ရနိုင်သလဲ
SME သတ်မှတ်ချက်နဲ့ ပတ်သက်လို့ကတော့ IASB က general guide line ပဲ ပေးထားပါတယ်။ (e.g Asset limit/ Turnover limit / Number of employee) Limit ဘယ်လောက်ဖြစ်သလဲဆိုတာကိုတော့ National standard setter တွေကို judgement လုပ်ရပါမယ်။
SME limit တွေနဲ့ပြည့်မီခဲ့ရင်တောင် public ကို Accountable လုပ်ရတဲ့ Listed Entity ဆိုရင် သုံး လို့ မရနိုင်ပါဘူး။
IFRS for SMEs ရဲ့ အဓိကစံနှုန်းက—
Public Accountability ရှိ/မရှိ ဆိုတာပါ။
လုပ်ငန်းတစ်ခုက SME definition နဲ့ ကိုက်ညီနေသော်လည်း Public Accountability ရှိရင် IFRS for SMEs ကို အသုံးပြုလို့ မရနိုင်ပါဘူး။
ဥပမာ—
✔️Bank
✔️Insurance Company
စတဲ့လုပ်ငန်းတွေမှာ Public Accountability ရှိနိုင်ပါတယ်။
ထို့အပြင် Equity သို့မဟုတ် Debt instruments တွေကို Public market မှာ trade လုပ်နေရင် IFRS for SMEs ကို အသုံးပြုလို့ မရနိုင်ပါဘူး။
🟩IFRS for SME ကို အသုံးပြုလို့ နောက်ပိုင်း မှာ Full IAS ကို ပြောင်းသုံးရင် အခက်ခဲ ရှိမလား (e.g SME ကနေ Listed Entity )
အလွယ်တစ်ကူပြောင်းလို့ ရအောင် IFR For SME သည် Full IAS ထုတ်ပြန်ရာတွင် အသုံးပြုသော conceptual framework ပေါ်တွင် အခြေခံ ထုတ်ပြန်ထားသည်။ Full IAS ကို ရိုးရှင်းအောင် Modified လုပ်ပေးထားပါတယ်။
For Example
🔹🔹🔹🔹
🟩Property, Plant, and Equipment (IAS 16 vs. Section 17)
1️⃣Measurement Model:
Under IAS 16, you can choose between the Cost Model or the Revaluation Model.
Under IFRS for SMEs, the Revaluation Model was originally not allowed, but it has since been added as an option to align more closely with full IFRS.
IAS 16 အရ PPE ကို တိုင်းတာရာမှာ—
• Cost Model
• Revaluation Model
နှစ်မျိုးထဲက Accounting Policy တစ်ခုကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
IFRS for SMEs မှာလည်း Cost Model ကို အသုံးပြုနိုင်ပြီး ခုနောက်ပိုင်မှာ Revaluation Model ကိုလည်း Accounting Policy option အဖြစ် ထည့်သွင်းပေးထားပါတယ်။
2️⃣Depreciation Review:
IAS 16 requires a formal review of useful lives and residual values at least at each financial year-end.
IFRS for SMEs only requires a review if there is a significant change in how the asset is used or expected to be used.
IAS 16 မှာ နှစ်တိုင်း year-end ရောက်တိုင်း review လုပ်ရမယ်။
✔️Useful life ဘယ်လောက်လဲ?
✔️Residual value ဘယ်လောက်လဲ?
✔️Depreciation method ပြောင်းဖို့လိုလား?”
ဆိုတာကို at least annually ပြန်သုံးသပ်ရပါတယ်။
IFRS for SMEs မှာ နှစ်တိုင်း မဖြစ်မနေ formal review လုပ်စရာမလိုပါဘူး။
🟩Borrowing Costs (IAS 23 vs. Section 25)
This is one of the biggest differences:
✔️IAS 23: Requires that borrowing costs (like interest) directly attributable to the construction of a "qualifying asset" must be capitalized (added to the cost of the asset).
✔️IFRS for SMEs: Requires all borrowing costs to be recognized as an expense in profit or loss in the period they are incurred. Capitalization is not permitted.
IAS 23
Qualifying asset တည်ဆောက်ရာမှာ တိုက်ရိုက်သက်ဆိုင်တဲ့ borrowing costs တွေကို သတ်မှတ်ချက်ပြည့်မီရင် Capitalise လုပ်ရပါတယ်။
IFRS for SMEs – Section 25
Borrowing costs တွေကို ဖြစ်ပေါ်တဲ့အချိန်မှာ Expense အဖြစ် Profit or Loss ထဲ အသိအမှတ်ပြုရပါတယ်။
🟩Intangible Assets (IAS 38 vs. Section 18)
1️⃣Research & Development:
Under IAS 38, "Research" is expensed, but "Development" costs must be capitalized if certain criteria are met.
Under IFRS for SMEs, both Research and Development costs are expensed as incurred .
IAS 38
Research expenditure → Expense
Development expenditure → သတ်မှတ်ထားတဲ့ criteria တွေ ပြည့်မီရင် Capitalise လုပ်နိုင်/လုပ်ရပါတယ်။
IFRS for SMEs – Section 18
Research နဲ့ Development expenditure နှစ်မျိုးလုံးကို ပုံမှန်အားဖြင့် ဖြစ်ပေါ်တဲ့အချိန်မှာ Expense အဖြစ် အသိအမှတ်ပြုပါတယ်။
2️⃣Useful Life:
IAS 38 allows for intangible assets with an indefinite useful life (no amortization).
IFRS for SMEs assumes all intangible assets have a finite life. If you can't reliably estimate the life, the standard often defaults to a specific limit (typically 10 years)
IAS 38
Indefinite useful life ရှိတဲ့ intangible asset တွေ ရှိနိုင်ပြီး အဲ့ဒီ asset တွေကို amortise မလုပ်ဘဲ impairment test ပြုလုပ်ရပါတယ်။
IFRS for SMEs – Section 18
Intangible assets တွေကို finite useful life ရှိတယ်လို့ သတ်မှတ်ပါတယ်။
Useful life ကို reliably estimate မလုပ်နိုင်ရင် 10 years ကို အသုံးပြုတဲ့ requirement ရှိပါတယ်။
🟩Full IAS/IFRS vs IFRS for SME
ဥပမာ—
IAS 2 → Section 13 — Inventories
IAS 16 → Section 17 — PPE
IAS 38 → Section 18 — Intangible Assets
IFRS 3 → Section 19 — Business Combinations & Goodwill
IAS 37 → Section 21 — Provisions & Contingencies
IFRS 15 → Section 23 — Revenue
IAS 23 → Section 25 — Borrowing Costs
IAS 36 → Section 27 — Impairment
IAS 19 → Section 28 — Employee Benefits
IAS 12 → Section 29 — Income Tax
IAS 21 → Section 30 — Foreign Currency
IAS 10 → Section 32 — Events after Reporting Period
IAS 24 → Section 33 — Related Party Disclosures
WBM Accountancy Training Centre
CPA,ACCA,Dip IFR, LCCI,AAT,ICM,OJT