Great Myanmar SME Management Training Centre

Great Myanmar SME Management Training Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Great Myanmar SME Management Training Centre, Business consultant, No. 1, Yangon.

နည်းနည်းလောက် ဆွေးနွေးကြည့်ကြရအောင်ပါလား။ကျွန်မတို့ပတ်ဝန်းကျင်မှာ ပြောပြောနေကြတဲ့ Ethic ဆိုတာကို၁. ဘယ်လိုနားလည်ပါသလည်း၂....
11/08/2022

နည်းနည်းလောက် ဆွေးနွေးကြည့်ကြရအောင်ပါလား။

ကျွန်မတို့ပတ်ဝန်းကျင်မှာ ပြောပြောနေကြတဲ့ Ethic ဆိုတာကို
၁. ဘယ်လိုနားလည်ပါသလည်း
၂. Ethic ဖောက်ဖျက်တဲ့ ကိစ္စကို ကိုယ်တိုင်ကျူးလွန်တာဖြစ်စေ၊ ကျူးလွန်ခံရတာဖြစ်စေ ကြုံခဲ့ဖူးပါသလား
၃. ကိုယ့်ပတ်ဝန်းကျင်မှာ Ethic ဖောက်ဖျက်မှုတွေ မကြုံကြရအောင် ဘယ်လို ကာကွယ်ကြမလည်းဆိုတာ
ဆွေးနွေးပေးကြဖို့ပါ။

အကောင်းဆုံးဆွေးနွေးပေးနိုင်တဲ့ Like အများဆုံးရတဲ့သူကို မေတ္တာလက်ဆောင် စာအုပ်တစ်အုပ် လက်ဆောင် ပို့ပေးသွားမှာပါ။

August လကုန်အထိ ဆွေးနွေးလို့ရပါတယ်....

Photo Crd

  AutoCAD & 2D Drafter (2) PostBE (Mechanical)အလုပ်ရုံမှာ ရုံးထိုင်ပြီး အလုပ်ရုံကပုံနှင့် စလုံးဘက်မှ ပို့ပေးလာသောပုံများ...
17/05/2022



AutoCAD & 2D Drafter (2) Post

BE (Mechanical)

အလုပ်ရုံမှာ ရုံးထိုင်ပြီး အလုပ်ရုံကပုံနှင့် စလုံးဘက်မှ ပို့ပေးလာသောပုံများ ဆွဲပေးရန်

Interview : Hand Drawing & CAD Drawing

Salary : Negotiable

Off Days - Sat Half-day & Sunday

Location - Shwepyithar & Hlawga Township

ဆက်သွယ်ရန် CB

01/04/2022
တရားဝင် အသေးစားလုပ်ငန်းတစ်ခု ထူထောင်တော့မယ်ဆိုရင် လိုက်နာဆောင်ရွက်ရမယ့် အချက်များ..........................................
30/03/2022

တရားဝင် အသေးစားလုပ်ငန်းတစ်ခု ထူထောင်တော့မယ်ဆိုရင် လိုက်နာဆောင်ရွက်ရမယ့် အချက်များ...................................................

တရားဝင် အသေးစားလုပ်ငန်းတစ်ခု ထူထောင်ချင်သူများအတွက် လိုက်နာဆောင်ရွက်ရမယ့် အချက်များကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်….
(၁) ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း
မိမိလုပ်ငန်းရဲ့ အမှတ်တံဆိပ်ကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ရပါမယ်။ ဒီလို လုပ်ထားတဲ့အတွက်ကြောင့် မိမိထုတ်ကုန်ကို အတုအပထုတ်တဲ့သူတွေပေါ်လာသောအခါ ဥပဒေအရ အကာအကွယ်ရနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိထုတ်ကုန် အမှတ်တံဆိပ်ကို မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။

(၂) အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်ခြင်း
မိမိကုန်ပစ္စည်းကို စားသုံးသူ/သုံးစွဲသူတွေအတွက် အန္တရာယ်ကင်းစေဖို့ ရည်ရွယ်ပြီး ဌာနကသတ်မှတ် ထားတဲ့အတိုင်း စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ City Mart တို့လို ကုန်တိုက်တွေမှာ ကိုယ့်ကုန်ပစ္စည်းကို တင်မယ်ဆိုရင် ဒီမှတ်ပုံတင်လက်မှတ်တင်ပြရပါတယ်။
မှတ်ပုံတင်လုပ်ဖို့အတွက် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန (မြောက်ဥက္ကလာ၊ ကျောက်ရေတွင်း မှတ်တိုင်-OSC ဆေးရုံနား) ကို သွားရပါမယ်။ အရင်ဆုံး မိမိထုတ်ကုန်ဌာနရဲ့ ဓါတ်ခွဲခန်းမှာ စစ်ဆေးရပါမယ်။
ဓါတ်ခွဲခန်းက စစ်ဆေးပြီး အောင်မြင်ပြီဆိုရင် ဓါတ်ခွဲခန်းအောင်မြင်တဲ့ အထောက်အထားစာရွက်၊ လုပ်ငန်းရှင်ဓါတ်ပုံ (၅) ပုံ၊ နိုင်ငံသားမှတ်ပုံတင်မူရင်းနဲ့ မိတ္တူ (၂) စောင်၊ လုပ်ငန်းအစမှ ကုန်ချောထွက်တဲ့အထိ လုပ်ငန်းစဉ်ကို ဖော်ပြနိုင်မယ့် ကာလာဓါတ်ပုံ (၅) ပုံ- (၂) စုံ၊ လုပ်ငန်းလုပ်နေကြောင်း ရပ်ကွက်ထောက်ခံစာ မူရင်း/ မိတ္တူ (၂) စောင်တို့နဲ့အတူ လုပ်ငန်းမှတ်ပုံတင်ရပါတယ်။ ပြီးရင်တော့ လုပ်ငန်းနေရာကို သက်ဆိုင်ရာ အဖွဲ့က လာစစ်ပါလိမ့်မယ်။ နှစ်လလောက်ကြာရင် မှတ်ပုံတင်ရပါပြီ။
လုပ်ငန်းမှတ်ပုံတင်ဖို့အတွက်မဟုတ်ဘဲ မိမိကုန်ပစ္စည်းကို အရည်အသွေးအတွက် ဓါတ်ခွဲစစ်ဆေးချင်ရင် လည်း အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန (မြောက်ဥက္ကလာ) မှာ ဆောင်ရွက်ပေးနေပါတယ်။ ဓါတ်ခွဲခက စစ်ဆေးတဲ့ ပစ္စည်းအမျိုးအစားအလိုက် ကျသင့်တာ ဖြစ်ပါတယ်။ အသေးစိပ်ထပ်မံသိလိုပါက အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန ဖုန်းနံပါတ် ၀၁ ၆၆၅၈၀၆ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

(၃) SME အသင်းဝင်ကတ်ရယူခြင်း
လုပ်ငန်းမှတ်ပုံတင် အမှတ်ကျလာပြီဆိုရင် SME အသင်းဝင်ကတ်ရဖို့အတွက် လုပ်ဆောင်ရပါမယ်။ အဲဒီကတ်ရဖို့အတွက် Myanmar Plaza နဲ့ တရုတ်ဘုံကျောင်းကြားလမ်းကဝင်ရတဲ့ စက်မှုရုံးကို သွားရပါမယ်။ အဲဒီမှာ မိမိလုပ်ငန်းတည်ရှိရာမြို့နယ်ကို ပြောပြ ပြီး SME ကတ်လုပ်ရပါတယ်။
လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ (၁) လုပ်ငန်းမှတ်ပုံတင်မိတ္တူ၊ (၂) လုပ်ငန်းပိုင်ရှင်ရဲ့ ဓါတ်ပုံ၊ (၃) နိုင်ငံသားမှတ်ပုံတင်မိတ္တူ၊ (၄) သန်းခေါင်စာရင်းမိတ္တူတို့ လိုအပ်ပါတယ်။ တစ်လလောက်ကြာရင် ကတ်ရမှာဖြစ်ပြီး၊ ဖုန်းဆက်အကြောင်းကြားပေးပါတယ်။

Credit. Yangon SME page.

19/03/2022

Alert

⏬⏬⏬ ဒါတွေ အကုန် သိထားပြီးပြီဆိုရင်တော့ သင်ဒီသင်တန်းကို တက်ဖို့ မလိုတော့ပါဘူး။ ❌❌❌  စီးပွားရေး စတင်လုပ်ကိုင်ဖို့ မိမိမှာ ...
28/02/2022

⏬⏬⏬ ဒါတွေ အကုန် သိထားပြီးပြီဆိုရင်တော့ သင်ဒီသင်တန်းကို တက်ဖို့ မလိုတော့ပါဘူး။ ❌❌❌

စီးပွားရေး စတင်လုပ်ကိုင်ဖို့ မိမိမှာ ရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ရဲ့ စွမ်းရည်များနှင့် အရည်အသွေးများကို လေ့လာစမ်းစစ်ရန် နည်းလမ်းများ… 📊 📊

#စတင်မယ့်လုပ်ငန်းထဲမှာ ကုန်ကျမည့် ကုန်ကျစရိတ်များ၊ လိုအပ်လာမည့် ငွေကြေးများ၊ လည်ပတ်လာမယ့် ငွေကြေးများနှင့် ထိန်းချုပ်စီမံရေး အစီအစဥ်များ.. 💵💵

#ကိုယ့်လုပ်ငန်းက စျေးကွက်မှာ ရောင်းရဖို့ စျေးကွက်ရှာဖွေခြင်းအစီအစဥ်များ... 📉📈📈

#ကိုယ်နဲ့ စပ်တူလုပ်နေတဲ့ ရှယ်ယာ၀င်တွေ၊ ကိုယ်နဲ့ အတူတူ အလုပ်လုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေကို စီမံခန့်ခွဲရန် နည်းလမ်းများ... 🚶🏃🚶🏃

#လုပ်ငန်းအတွက် လိုအပ်တဲ့ စက်ကိရိယာများ၊ ကုန်ကြမ်းများကို ၀ယ်ယူရာမှာ သိသင့်တဲ့ ဆောင်ရန် ရှောင်ရန်များ...

မသိသေးရင်တော့ ⏬⏬⏬

အသေးစား စီးပွားရေး စတင်လုပ်ကိုင်လိုသူတွေအတွက် #လုပ်ငန်းရှင်ဘ၀စတင်ခြင်းသင်တန်း (SYB-Start Your Business) Batch 1 ဖွင့်ပါပြီ...

SYB ဆိုတာ ဘာသင်တန်းလည်း???
SME လုပ်ငန်း လုပ်ကိုင်ချင်နေသူတွေအတွက် ILO ရဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ပြန်လည်မျှဝေနေတဲ့ SIYB Program ထဲက သင်တန်းတစ်ခုဖြစ်တဲ့

#လုပ်ငန်းရှင်ဘ၀စတင်ခြင်းသင်တန်း (Start Your Business Idea) ပါ...

ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်တော့မယ်လို့ စဉ်းစားနေပါသလား?

☯ ကြုံတွေ့လာနိုင်မယ့် အခက်အခဲတွေကို ကြိုတင်နားလည်နေပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလည်းဆိုတာ သိထားခဲ့မယ်ဆိုရင် ရင်ဆိုင်ရတာ ပိုပြီး လွယ်ကူမှာပါ...

ယခုသင်တန်းမှာက
• ဒီလို အခက်အခဲတွေကို ကိုယ်တိုင် ဖြေရှင်းတတ်စေဖို့၊
• မိမိရဲ့ စီပွားရေးစီမံခန့်ခွဲမှုကို သင်ယူနိုင်ဖို့
စတာတွေကို လက်တွေ့လုပ်ကိုင်စေတဲ့ သင်ကြားမျှဝေမှုပုံစံနဲ့ ဆွေးနွေးသွားမဲ့သင်တန်းတစ်ခုဖြစ်ပါတယ်။ 💪💪💪

🏵 သင်တန်းက စနေ၊ တနင်္ဂနွေသင်တန်းပဲဖြစ်ပါတယ်။
သင်တန်းအချိန် စုစုပေါင်း နာရီ ၂၀ ပါ...

💯 အချိန်တိုအတွင်းမှာ သင်ပေမဲ့ လက်တွေ့လုပ်ကိုင်စေတဲ့ ပုံစံနဲ့ သင်ကြားပေးမှာမို့လို့ ထိရောက်မှုကတော့ အပြည့်ရှိပါတယ်။ 🌟🌟🌟

ဒီသင်တန်းကတော့ အဓိက အနေနဲ့ #အသေးစားနဲ့ #အလတ်စားစီးပွားရေးလုပ်ငန်းစတင်ချင်တဲ့သူတွေအတွက် ကို ရည်ရွယ်ပါတယ်...

✡ #မြန်မာဘာသာစကား နဲ့ အဓိကထားသင်ကြားသည့်အတွက် စီးပွားရေး စီမံခန့်ခွဲမှုကို ရိုးရှင်းလွယ်ကူစွာ သိမြင် နားလည်နိုင်စေမှာ ဖြစ်ပါတယ်...

👍 ထိရောက်သော မျှဝေခြင်းဖြစ်စေရန် #သင်တန်းသားဦးရေ ကန့်သတ်လက်ခံထားပါတယ်...

🇹🇼 စီးပွားရေးလုပ်ချင်တဲ့ စိတ်ကူးတော့ရှိတယ်။ ဒါပေမယ့်… လတ်တလော အခက်အခဲရှိနေတဲ့ လူငယ်တွေအတွက်လည်း #ပညာမျှဝေ အစီအစဥ်မှ သင်တန်းကြေး ကင်းလွတ်ခွင့်များ လျှောက်ထားနိုင်ပါတယ်...

📍 ဒါတင်မကသေးပါဘူးနော်... IEL က ဖွင့်လှစ်မယ့် Ethics Value for Business Life ဆိုတဲ့ သင်တန်းပါ အခမဲ့ တက်ခွင့်ရဦးမှာမို့ သင်တန်းတစ်ခုတက်ရုံနဲ့ လေ့လာစရာတွေ အများကြီး ရလာမှာပါ...

👩‍🏫 Trainer - Daw Ei Sandi Cho (SIYB, IYFB, BCP Certified Trainer)

💰 သင်တန်းကြေး – 30,000 ကျပ်
သင်တန်းတက်ရောက်ထားသူများ သင်တန်းကြေး 25,000 ကျပ်သာ

သင်တန်းကြေးပေးသွင်းရန်
Account Name
Ei Sandi Cho
K Pay. 09795553116
Wave Money. 09795553116
သင်တန်းကြေးသွင်းပြီးရင် စလစ်ကို Chat Box ကနေ ပို့ပေးပါရှင့်

☯ သင်တန်း အချိန်နှင့် နေ့ရက် -
💮 နေ့ရက် - 12.3.2022 - 10.4.2022 (Sat & Sunday Only)
💮 အချိန် - (1:00-3:00) PM
မျှဝေမည့်ပုံစံ - Zoom Application

😇 Inquiry & Register -
Phone -09-795553116
Registeration Link - https://forms.gle/VHyti16k49ds4eTo6

#လုပ်ငန်းရှင်ဘ၀စတင်ခြင်းသင်တန်း

အသေးစား စီးပွားရေး စတင်လုပ်ကိုင်လိုသူတွေအတွက် စီးပွား-စိတ်ကူး-စတင် သင်တန်း (Generate Your Business Idea) Batch 3 ထပ်ဖွင်...
18/02/2022

အသေးစား စီးပွားရေး စတင်လုပ်ကိုင်လိုသူတွေအတွက် စီးပွား-စိတ်ကူး-စတင် သင်တန်း (Generate Your Business Idea) Batch 3 ထပ်ဖွင့်ပါပြီ...

GYB ဆိုတာ ဘာသင်တန်းလည်း???
SME လုပ်ငန်း လုပ်ကိုင်ချင်နေသူတွေအတွက် ILO ရဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ပြန်လည်မျှဝေနေတဲ့ SIYB Program ထဲက သင်တန်းတစ်ခုဖြစ်တဲ့
⏬⏬⏬
စီးပွား-စိတ်ကူး-စတင် သင်တန်း (Generate Your Business Idea) ပါ...

ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်တော့မယ်လို့ စဉ်းစားနေပါသလား?

☯ လုပ်ငန်းစတင်ဖို့ စဉ်းစားလိုက်ပြီဆိုရင်ကိုပဲ အခက်အခဲတွေနဲ့ စတင်ရင်ဆိုင်ရတော့မှာပါ။

#လုပ်ငန်းတစ်ခုတော့ စတင်လုပ်ကိုင်ချင်နေတယ်။ ဒါပေမယ့် ဘယ်လုပ်ငန်းလုပ်ကိုင်ရင် ကောင်းမယ်ဆိုတာ စဉ်းစားမရတာတွေ…. 👀👀👀

#လုပ်ချင်တဲ့ လုပ်ငန်းနှစ်ခု၊ သုံးခုတော့ ရှိပါတယ်။ ဘယ်လုပ်ငန်းကတော့ဖြင့် လုပ်ကိုင်သင့်တယ်။ အောင်မြင်ဖို့ အခွင့်အလမ်းများတယ်ဆိုတာ တွက်ဆရ ခက်ခဲတာတွေ… 📊 📊

ယခုသင်တန်းမှာက
• ဒီလို အခက်အခဲတွေကို ကိုယ်တိုင် ဖြေရှင်းတတ်စေဖို့၊
• မိမိရဲ့ စီပွားရေးစီမံခန့်ခွဲမှုကို သင်ယူနိုင်ဖို့
စတာတွေကို လက်တွေ့လုပ်ကိုင်စေတဲ့ သင်ကြားမျှဝေမှုပုံစံနဲ့ ဆွေးနွေးသွားမဲ့သင်တန်းတစ်ခုဖြစ်ပါတယ်။ 💪💪💪

🏵 သင်တန်းက တနင်္လာကနေ သောကြာ ရုံးချိန်လွတ်သင်တန်းပဲဖြစ်ပါတယ်။
သင်တန်းအချိန် စုစုပေါင်း 16hr ပါ...

စီးပွားရေးသမားတွေလေ။ အချိန်က တန်ဖိုးရှိတာပေါ့။ ဒါကြောင့် အချိန်တိုတိုအတွင်းမှာ ထိရောက်မှုရှိအောင် ဆွေးနွေးကြမှာပါ။

💯 အချိန်တိုအတွင်းမှာ သင်ပေမဲ့ လက်တွေ့လုပ်ကိုင်စေတဲ့ ပုံစံနဲ့ သင်ကြားပေးမှာမို့လို့ ထိရောက်မှုကတော့ အပြည့်ရှိပါတယ်။ 🌟🌟🌟

ဒီသင်တန်းကတော့ အဓိက အနေနဲ့ #အသေးစားနဲ့ #အလတ်စားစီးပွားရေးလုပ်ငန်းစတင်ချင်တဲ့သူတွေအတွက် ကို ရည်ရွယ်ပါတယ်။

✡ #မြန်မာဘာသာစကား နဲ့ အဓိကထားသင်ကြားသည့်အတွက် စီးပွားရေး စီမံခန့်ခွဲမှုကို ရိုးရှင်းလွယ်ကူစွာ သိမြင် နားလည်နိုင်စေမှာ ဖြစ်ပါတယ်။

👍 ထိရောက်သော မျှဝေခြင်းဖြစ်စေရန် #သင်တန်းသားဦးရေ ကန့်သတ် လက်ခံပါမည်။

🔢 သင်တန်းလက်မှတ် ရယူလိုသူများအတွက် သင်တန်း တက်ရောက်မှု 75% ပြည့်မှီစွာ တက်ရောက်ရပါမည်။

🇹🇼 စီးပွားရေးလုပ်ချင်တဲ့ စိတ်ကူးတော့ရှိတယ်။ ဒါပေမယ့်… လတ်တလော အခက်အခဲရှိနေတဲ့ လူငယ်တွေအတွက်လည်း #ပညာမျှဝေ အစီအစဥ်မှ သင်တန်းကြေး ကင်းလွတ်ခွင့်များ လျှောက်ထားနိုင်ပါသည်။

📍 ဒါတင်မကသေးပါဘူးနော်... IEL က ဖွင့်လှစ်မယ့် Ethics Value for Business Life ဆိုတဲ့ သင်တန်းပါ အခမဲ့ တက်ခွင့်ရဦးမှာမို့ သင်တန်းတစ်ခုတက်ရုံနဲ့ လေ့လာစရာတွေ အများကြီး ရလာမှာပါ...

👩‍🏫 Trainer - Daw Ei Sandi Cho (SIYB, IYFB, BCP Certified Trainer)

💰 သင်တန်းကြေး – 30,000 MMK

သင်တန်းကြေးပေးသွင်းရန်
Account Name
Ei Sandi Cho

K Pay. 09795553116
Wave Money. 09795553116
သင်တန်းကြေးသွင်းပြီးရင် စလစ်ကို Chat Box ကနေ ပို့ပေးပါရှင့်

☯ သင်တန်း အချိန်နှင့် နေ့ရက် -
💮 နေ့ရက် - 21.2.2022 - 2.3.2022 (Weekdays Only)
💮 အချိန် - (7:00-9:00) PM
မျှဝေမည့်ပုံစံ - Zoom Application

😇 Inquiry & Register
Phone - 09-795553116
Registeration Link - https://forms.gle/UtMMx7PmbbnugTYu6

Great Myanmar SME Management Training Center မှာ သင်တန်းတက်ရောက်နေသော အမျိုးသမီး လုပ်ငန်းရှင်တစ်ယောက်ရဲ့ စားသောက်ကုန် လု...
26/01/2022

Great Myanmar SME Management Training Center မှာ သင်တန်းတက်ရောက်နေသော အမျိုးသမီး လုပ်ငန်းရှင်တစ်ယောက်ရဲ့ စားသောက်ကုန် လုပ်ငန်းတစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။
Seafood ကြိုက်နှစ်သက်ပြီး ကျန်းမာရေးလိုက်စားသူများနှင့် အထူးသင့်လျှော်သော အသင့်စား စားသောက်ကုန် လုပ်ငန်းတစ်ခုပါ။

♥️December 2♥️

🦐🦞🦑🍤🦀🐙မှကြိုဆိုပါတယ်ရှင်။

❤️ဟင်းပွဲတိုင်းတွင်ပါဝင်သောပစ္စည်းတိုင်းသည်ကျန်းမာရေးနှင့်ညီညွတ်စေရန်ပထမဦးစားပေးဖြစ်ပါတယ်ရှင်။

❤️-Dashiသတ်သတ်လွတ်ဟင်းခတ်မှုန့်
-ပန်းရောင်ဆား
-Sunarနေကြာဆီ
-မိန်းမကြီးခရုဆီ တို့ဖြင့်သာချက်ပြုတ်ထားသောကြောင့်ကျန်းမာရေးလိုက်စားသူများလည်းစိတ်ချစွာသုံးဆောင်နိုင်ပါကြောင်းးး

❤️🦀🦀🦀🦀🦀မဆလာ
🦀🦀🦀🦀🦀ချဉ်စပ်-၁၂၀၀၀ကျပ်
❤️🦀🐙🍤🦑🦞🦐(Own menu)
ပင်လယ်စာမာလာ-၁၂၀၀၀ကျပ်
❤️🐙🐙🐙🐙🐙
ရေဘဝဲမာလာ-၁၂၀၀၀ကျပ်
❤️🦐🦞🦑🐙🍤ဆန်ပြားကြော်-၅၅၀၀ကျပ်
❤️🦐🦞🦑🐙🍤ကိုရီးယားကြာဇံကြော်-၅၅၀၀ကျပ်

Page Link - https://www.facebook.com/December-2-Seafood-110886744761234/

Ph👌09420651829👌&
👌Page message 👌ဖြင့်လည်းဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

မြို့နယ်အလိုက် delivery ခ ကျသင့်မှာ ဖြစ်ပြီး ရန်ကုန်မြို့ရှိ မြို့နယ်များမှ မှာယူအားပေးနိုင်ပါတယ်ရှင့်...

[Unicode] #အွန်လိုင်းကနေ_ဘယ်လို_အလုပ်လျှောက်မလည်းတကယ်တန်းတော့ အလုပ်ရှာနေတဲ့ အချိန်မှာ အွန်လိုင်းကနေလည်း ငွေကုန်ကြေးကျ သက...
25/01/2022

[Unicode]
#အွန်လိုင်းကနေ_ဘယ်လို_အလုပ်လျှောက်မလည်း
တကယ်တန်းတော့ အလုပ်ရှာနေတဲ့ အချိန်မှာ အွန်လိုင်းကနေလည်း ငွေကုန်ကြေးကျ သက်သာစွာ၊ အချိန်ကုန်သက်သာစွာနဲ့ အလုပ်တွေ ရှာဖွေလို့ရနေပါတယ်။
ပုံမှန် အလုပ်ရှာသလိုပဲ အွန်လိုင်းကနေ အလုပ်ရှာဖို့ Microsoft word format နဲ့ CV ကို ဓာတ်ပုံပါတာ တစ်စောင်၊ လိုင်စင်ပုံ scan ဖတ်ထားတာ(သို့) ဓာတ်ပုံပြန်ရိုက်ထားတာ၊ ဓာတ်ပုံမပါတာ တစ်စောင်၊ pdf format နဲ့ CV တစ်စောင်ရှိဖို့လိုအပ်ပါတယ်။
အဲဒါတွေ ပြင်ဆင်ပြီးပြီဆိုရင်တော့ အွန်လိုင်းကနေ အလုပ်ရှာဖို့အတွက် စလုပ်ဆောင်လို့ ရပါပြီ
၁။ ပထမဆုံးက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေရဲ့ page တွေကို ရှာပါ။ page တွေမှာ CV ပို့ပေးလို့ရတဲ့နည်းလမ်းတွေကိုရေးထားလေ့ရှိပါတယ်။ အချို့က email နဲ့ပို့ခိုင်းပါတယ်။ အချို့က messenger/ viber ကနေပို့ပေးလို့ရပါတယ်။ ဘယ်နည်းလမ်းနဲ့ ပို့ရမလည်းမသိရင် page ရဲ့ chat box ကနေ မေးကြည့်ပါ။ Page တိုင်းကို ပို့ဖို့မလိုပါဘူး။ ၀င်ကြည့်လိုက်မယ်ဆိုရင် update အမြဲတင်နေတဲ့ အေဂျင်စီကိုသာ ပေးပို့ရမှာ ဖြစ်ပါတယ်။ အဲဒီလိုပို့ပေးပြီးရင် အေဂျင်စီကို ဆက်သွယ်ပြီး ကိုယ့် CV ရရှိပြီလားဆိုတာကို confirm လုပ်ပါ။ အချို့ အေဂျင်စီတွေက code နံပတ်ပေးလေ့ရှိပါတယ်။ ပေးတဲ့ အေဂျင်စီဆိုရင်မှတ်ထားပါ။ အေဂျင်စီတွေကို ရှာခိုင်းထားသလို ကိုယ်တင်ထားတဲ့ အေဂျင်စီရဲ့ page/ web တွေကို ၀င်ကြည့်ပေးပါ။ ကိုယ်ပြောထားတဲ့ job title မဟုတ်ပေမဲ့လည်း ကိုယ်နဲ့ကိုက်ညီတယ်ထင်တဲ့အလုပ်တွေ့ရင် တင်ပေးပါလို့ လှမ်းပြောပါ။

၂။ ဒုတိယကတော့ ကိုယ်ရှာနေတဲ့ အလုပ်၊ ကိုယ့်ကျွမ်းကျင်မှုနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်း facebook group တွေထဲ ၀င်ထားပါ။ အဲဒီတွေမှာလည်း ကိုယ့်ကျွမ်းကျင်မှုနဲ့ ကိုက်ညီတဲ့ အလုပ်တွေအများစုတွေ့ရတတ်ပါတယ်။

၃။ တတိယတစ်ခုအနေနဲ့ တချို့အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီက website တွေနဲ့ ထားပြီး ကိုယ်တိုင် တိုက်ရိုက်အလုပ်လျှောက်ရပါတယ်။ ဒီ website မှာ register လုပ်တဲ့ အဆင့်က နည်းနည်းရှုတ်ထွေးလေ့ရှိပေမယ့် တကယ်အလုပ်လျှောက်တဲ့ အချိန်မှာတော့ မြန်မြန်ဆန်ဆန်နဲ့ ကိုယ်ကြိုက်တဲ့ အလုပ်ကို ကိုယ်တိုင်ရွေးချယ်လျှောက်လို့ရတဲ့ အတွက် အဆင်ပြေပါတယ်။ Website မှာ register လုပ်မယ်ဆိုရင်တော့ အများအားဖြင့် အချက်အလက်တွေကို ကိုယ်တိုင်ဖြည့်ရပြီး ကိုယ့်ရဲ့ လိုင်စင်ပုံကို upload လုပ်ပေးရလေ့ရှိပါတယ်။ ဒီအချိန်မှာတော့ word file CV ကနေ data တွေကို ပြန်ကူးပြီး ထည့်ပေးလိုက်ရင် အချိန်ကုန်သက်သာပါတယ်။ Register ကို complete လုပ်ပြီးသွားပြီဆိုရင်တော့ အလုပ်ရှာဖွေတဲ့ search bar မှာ လိုချင်တဲ့ အချက်အလက်နဲ့ ရှာဖွေပြီး သင့်တော်တဲ့ အလုပ်တွေ့ရင် apply (or) submit နှိပ်လိုက်ရုံနဲ့ CV ကို တင်ပြီးသားဖြစ်သွားမှာပါ။ သတိထားရမှာက company တစ်ခုထဲမှာ အလုပ် ၃/ ၄ခုလောက်ကို တစ်ပြိုင်တည်း မလျှောက်ဖို့ပဲဖြစ်ပါတယ်။ ကိုယ့် CV အပေါ်ကို စိတ်၀င်စားမှု နည်းသွားမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။

၄။ ကိုယ်ကအလုပ်လျှောက်ရမယ့် company တွေက သီးသန့်အနေအထားမှာ ရှိနေမယ်ဆိုရင်တော့ (ဥပမာ။ construction company, aircon, medicine) ကိုယ့် field ထဲက လျှောက်ချင်တဲ့ company တွေရဲ့ website တွေ၊ email address တွေကနေ တဆင့်လည်း CV တွေကို တင်ထားလို့ရပါသေးတယ်။ ဒီ company မှာမှ လုပ်ချင်တယ်ဆိုရင် Any position နဲ့ ဖြစ်ဖြစ် HR or Admin ကို CV ပို့ထားလို့ရပါတယ်။ အချို့လုပ်ငန်းတွေကတော့ သူတို့လုပ်ငန်းရဲ့ website မှာလည်း အလုပ်ခေါ်တာတွေကို ဖော်ပြထားလေ့ရှိပါတယ်။ အဲဒီကနေ တဆင့် ခေါ်နေတဲ့ အလုပ်နေရာတွေအတွက် အလုပ်လျှောက်လို့ရနိုင်ပါတယ်။

ဒီ ပိုစ့်က အလုပ်စလုပ်မယ့် fresher level တွေနဲ့ junior level တွေအတွက် ရေးထားတာဖြစ်တဲ့အတွက် ဒီအချက်တွေကို သိပြီးသားသူတွေလည်း အများကြီးရှိမှာပါ။ လိုအပ်တာရှိရင်လည်း ထပ်ဖြည့်ပေးလို့ရပါတယ်။

Ei Sandi Cho
Photo Credit : Google

Address

No. 1
Yangon
11050

Telephone

+959795553116

Website

Alerts

Be the first to know and let us send you an email when Great Myanmar SME Management Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Great Myanmar SME Management Training Centre:

Share