မဂ္ဂင်လမ်း

မဂ္ဂင်လမ်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မဂ္ဂင်လမ်း, Business service, Yangon.

☀️အတွင်းခံသရုပ်​☀️ဤ ကိုယ်ခန္ဓာကြီးသည် ....အပြင်ကကြည့် ဟန်မပျက်ဟု ထင်နေရသော်လည်း ဝိပဿနာ ဉာဏ်မျက်စိဖြင့် အတွင်းဝင်ကြည့်လျှ...
18/09/2019

☀️အတွင်းခံသရုပ်​☀️

ဤ ကိုယ်ခန္ဓာကြီးသည် ....
အပြင်ကကြည့် ဟန်မပျက်ဟု ထင်နေရသော်လည်း
ဝိပဿနာ ဉာဏ်မျက်စိဖြင့် အတွင်းဝင်ကြည့်လျှင်ကား..

အာရုံငါးခင်း တစ်ခင်းခင်းက
အတွင်းဝင်ဖျက်သောကြောင့်၎င်း..
အတွင်းဓာတ်ချင်း စစ်ခင်းနေသောကြောင့်၎င်း..
ရုပ်က တစ်စက္ကန့် ကုဋေပေါင်း ခြောက်ထောင်နှုန်း.. နာမ်က တစ်စက္ကန့် ကုဋေပေါင်း တစ်သိန်းနှုန်း..
ထောင်းလမောင်းထ သေကြေပျက်စီးနေသည်ကို တွေ့ရ၏

သို့ကြောင့် …

(က) ရုပ်ခန္ဓာကိုကြည့်လျှင် ...
ရာဇဝတ်သားများ အမြဲသတ်ဖြတ်နေသည့် လူသတ်ကုန်းကြီးနှင့်တူ၏

(ခ) နာမ်ခန္ဓာကိုကြည့်လျှင် ...
မြို့ပျက်ထဲက ဒုက္ခသည်များနှင့်ပမာ ဆင်၏

တစ်ဖန် ...
(ဂ) ရုပ်၌မှီနေကြသော မျက်စိစသည့် "အကြည်ဓာတ်ငါးပါး"ကို ကြည့်လျှင် မြို့ပျက်ထဲက "ရပ်ကွက်ကြီးငါးခု"တို့နှင့် ပမာဆင်၏

တစ်ဖန် ...
(ဃ)ပြင်ပသွင်း အဆင်း အသံ စသည့်
ငါးပါးတို့ကို ကြည့်လျှင်ကား
တိုက်စား ခိုက်စား လုယက်စား ဓါးပြများနှင့် ဘာမျှမခြားနား။

ဗိုလ်ကျစိုးမိုး ဒုစရိုက်အမျိုးမျိုး ကျူးလွန်သည့် သူပုန်နှင့်လည်း အတူတူ..။

#သည်သို့ ...

ဝိပဿနာ အမြင်မှန်ဖြင့် အတွင်းခံသရုပ် အတွင်းမှနေ ထုတ်ကြည့်​ခွင့် ရလေသူ ...

မည်သည့်အရွယ်ရှိရှိ ပျော်စရာအသွင် မမြင်မိ
မည်သည့်ဘဝ မည်သည့်စည်းစိမ် ခံစားခွင့်ရနေစေ..
ကာမ ဘဝ ဝိဘဝ ဘာကိုမျှ တောင့်တတော့မည် မဟုတ်ချေ။
ဘာကိုမှလည်း သာယာ တပ်မက်လိမ့်မည် မဟုတ်​ချေ ။

_/|\_ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး _/|\_

🙏 သတ္တဝါမှန်သရွေ့တရားတွေ့ကြပါစေ 🙏

📝 မဂ္ဂင်လမ်း

မသိတိုင်း မောဟဟု မမှတ်ရ➖➖➖➖➖➖➖➖➖မသိခြင်းသဘောကို မောဟဟု ဆိုသောကြောင့် မသင်ဘူးသော အတတ်၊ မရောက်ဘူးသော အရပ်၊မမှတ်ဘူးသောနာမည်...
07/09/2019

မသိတိုင်း မောဟဟု မမှတ်ရ
➖➖➖➖➖➖➖➖➖

မသိခြင်းသဘောကို မောဟဟု ဆိုသောကြောင့် မသင်ဘူးသော အတတ်၊ မရောက်ဘူးသော အရပ်၊
မမှတ်ဘူးသောနာမည်၊ စသည်တို့ကို မသိခြင်းများလည်း မောဟအစစ် အကုသိုလ်ဖြစ်သည်ဟု မှတ်ထင်တတ်ကြ၏၊ ထိုမသိမှုမျိုးမှာ မသိရုံသက်သက်သာ ဖြစ်၍ မောဟအစစ် အကုသိုလ် မဖြစ်ပေ၊ မိမိ၌ မှတ်သားဘူးသော သညာမရှိမှုသာတည်း၊
ထိုမသိမှုမျိုးမှာ သာမန်လူတွေ မဆိုထားဘိ ရဟန္တာများမှာပင် ရှိပါသေးသည်...

ဘုရားရှင်ကလွဲရင် ပထမတန်း ဉာဏ်တော်ရှင် ဖြစ်သော အရှင်သာရိပုတ္တရာသည်ပင် တပည့်ရဟန်းလေး တပါး၌ ကမ္မဋ္ဌာန်း အပေးမှားတော်မူခဲ့ဘူး၏
ရဟန်းလေးမှာ ငယ်ရွယ်သူဖြစ်၍ ကာမရာဂ ထကြွချိန်ဟု သဘောပိုက်ကာ အသုဘ'ကမ္မဋ္ဌာန်းကို ပေးတော်မူလေရာ ရဟန်းလေး၏ စရိုက်အလိုနှင့် မတည့်သောကြောင့် ၄လ.လုံးလုံး အားထုပ်ပါသော်လည်း အရိပ် နိမိတ်မျှ မထင်ပဲရှိလေသတဲ့...

ထို့နောက် ဘုရားရှင်ထံ ခေါ်သွားမှ ဘုရားရှင်မှ စရိုက်နှင့် သင့်မြတ်အောင် ပဒုမ္မာကြာပန်းလေးကို ဖန်ဆင်း၍ ပေးတော်မူလေရာ ကြာပန်းလေးကို လွန်စွာ နှစ်သက်နေစဉ် မကြာခင်ပဲ ညှိုးနွမ်းအောင် ဖန်ဆင်းပြ၍ သံဝေဂ အရမှာပင်
အနိစ္စ .ဒုက္ခ .အနတ္တ . ထင်မြင်အောင် ဟောပြသောအခါမှါပင် ရဟန္တာ ဖြစ်သွားလေတော့သည်၊
ဤနေရာ၌ ဘုရားရှင်၏ ဉာဏ်တော်ကြီးမားပုံနှင့် မောဟ ကင်းပြီးသော အရှင်သာရိပုတ္တရာ၏ အချို့အရာ၌ မသိပုံကို သတိပြုခဲ့ပါ...

ဤသို့်ဆိုလျှင်
အရှင်သာရိပုတ္တရာသော်မှ မိမိအရာ မဟုတ်သော အချက်များကို မသိနိုင်သောကြောင့် ယခုကာလ မသင်ဘူးသော အတတ် စသည်နှင့် ဉာဏ်ကြီးရှင်တို့အရာကို
မသိခြင်းမှာ မောဟ၏ ကာကွယ်မှု မဟုတ်၊ မိမိဉာဏ်ပညာ၏ အစွမ်းသတ္တိ နုံ့မှုဟုသာ မှတ်ပါ..................

မဟာဂန္ဓာရုံဆရာတော်
"" အရှင်ဇနကာဘိဝံသ ''''
?ကိုယ်ကျင့်အဘိဓမ္မာ

🙏သတ္တဝါမှန်သရွေ့တရားတွေ့ကြပါစေ🙏

📝 မဂ္ဂင်လမ်း

မဟာစည်ဆရာတော်ကြီး၏▶အမေး တော်ကူးဆရာတော်ကြီး၏▶အဖြေ➖➖➖➖➖➖➖➖➖➖➖ မဟာစည်ဆရာတော်ဘုရား သက်တော် ထင်ရှားရှိစဉ်အခါ တော်ကူးဆရာတော်သ...
28/08/2019

မဟာစည်ဆရာတော်ကြီး၏▶အမေး
တော်ကူးဆရာတော်ကြီး၏▶အဖြေ
➖➖➖➖➖➖➖➖➖➖➖

မဟာစည်ဆရာတော်ဘုရား သက်တော် ထင်ရှားရှိစဉ်အခါ တော်ကူးဆရာတော်သည် မိမိ၏ တူမတော်သူ မပညာသီ အား ရန်ကုန်မြို့ ဦးနှောက်နှင့်အာရုံကြော အထူးကုဆေးရုံတွင် တင်ထားသည်ကို ကြည့်ရှုရန်အတွက် ။

ရန်ကုန်သို့ကြွလာပြီး မဟာစည်ရိပ်သာ၌ ယာယီသီတင်းသုံးတော်မူ၏ ထိုအခါ ဥပုသ်ပြုသည့်နေ့ရက်နှင့်ကြုံကြိုက်သဖြင့် ကမ္မဋ္ဌာနာစရိယဆရာတော် အပါး ၇၀- ခန့်တို့သည် မဟာစည်ရိပ်သာသိမ်တော် ၌ ဥပုသ်ပြုကြ၏။

ဥပုသ်ကိစ္စပြီးစီးသည့်အခါ မဟာစည်ဆရာတော်က… '' တော်ကူးဘုန်းကြီး ရှိသလား ” ဟု မေးတော်မူ၏'' ရှိပါတယ်ဘုရား ” ဟု တော်ကူးဆရာတော်က ဖြေကြား၏ ။

" တော်ကူးဘုန်းကြီး ဣရိယာပုတ်ရှည်ရှည် ရှုမှတ်နိုင်တယ်လို့ ကြားသိရတယ်၊ ဘယ်လောက်ကြာကြာရှုနိုင်သလဲ ”
" တပည့်တော် ထိုင်တဲ့ဣရိယာပုတ်နဲ့ ၂၄နာရီ၊ ရပ်တဲ့ဣရိယာပုတ်နဲ့ ၂၄နာရီ၊ လျောင်းတဲ့ဣရိယာပုတ်နဲ့ ၂၄နာရီ၊ စင်္ကြံလျှောက်တာက အလိုရှိသလောက်ရှုမှတ်နိုင်ပါတယ်ဘုရား၊ ဆရာတော်စစ်ဆေးချင်ရင် တပည့်တော်ယခုရှုမှတ်ပြပါမယ်ဘုရား ”

" အရှင်ဘုရား… ဣရိယာပုတ်တစ်မျိုးနဲ့ ကြာကြာရှုမှတ်တဲ့နည်းကို ပြောပြပါ ”

"တပည့်တော် ဖောင်းပိန်ကစပြီး ပေါ်တာအကုန်ရှုမှတ်တာပဲဘုရား၊ ဘာတစ်ခုမှမလွတ်အောင် ရှုမှတ်ပါတယ်၊
ဝေဒနာပေါ်လာသမျှ ကိုလဲ ကင်းစင်သွားအောင် ရှုမှတ်ပါတယ်၊ ငြိမ်းအေးချမ်းသာနေတဲ့အခါမှာလဲ ချမ်းသာတယ်… ချမ်းသာတယ်လို့ရှုမှတ်ပါတယ်၊
တော်ချင်တဲ့စိတ်ပေါ်လာရင်လဲ တော်ချင်တယ် တော်ချင်တယ်လို့ တော်ချင်တဲ့စိတ်ပျောက်သွားတဲ့အထိ ရှုမှတ်ပါတယ်၊ ဝေဒနာတွေကလဲကင်း၊ ချမ်းသာခြင်းနဲ့လဲပြည့်စုံ၊ ဝိပဿနာအာရုံမှာလဲ တပည့်တော်ကပျော်မွေ့တော့
ဣရိယာပုတ်ရှည်ရှည်နဲ့ ရှုမှတ်နိုင်တာပဲဘုရား၊ တပည့်တော် ရှုမှတ်တဲ့နည်းမှာ ချွတ်ချော်တာ မှားယွင်းတာရှိရင် ပြုပြင်ပေးပါဘုရား ”

" အရှင်ဘုရားရှုမှတ်တာ မှန်ပါတယ်၊ ဘယ်နေရာမှပြင်စရာမလိုဘူး၊ အရှင်ဘုရားရှုမှတ်ပုံကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခွင့်ပြုပါ”

ထူးချွန်သည့်တပည့်ကို ဆရာက ချီးမြှင့်သည့်အနေဖြင့် သံဃာတော်ရှေ့မှောက်၌တော်ကူး ဆရာတော်ကို မဟာစည်ဆရာတော် ဘုရားက မေးမြန်းစစ်ဆေးခဲ့၏။

ထို့နောက်အင်္ဂလိပ် ဒကာတစ်ဦးကတော်ကူးဆရာတော်တရားရှုမှတ်ပုံကို ဓာတ်ပုံရိုက်ယူ၏ ဓာတ်ပုံရိုက်ပြီးနောက် အင်္ဂလိပ်ဒကာက တော်ကူးဆရာတော်အနီးသို့ ချဉ်းကပ်ကာ မဝံ့မရဲနှင့်မေးခွန်းတစ်ခုမေး၏။
” ဆရာတော်…ရုပ်နာမ်ချုပ်ပျောက်တဲ့အခါ အတ္တ ဘယ်ရောက်သွားသလဲ “တော်ကူးဆရာတော်က ပြုံးပြုံးကြီးဖြေကြားတော်မူ၏။

" ဒကာကြီး… အတ္တက နဂိုကတည်းကမရှိဘူး၊ ဒါကြောင့် ဘယ်ကိုမှ ပျောက်မသွားဘူး ဗုဒ္ဓမြတ်စွာရဲ့ တရားဝါဒက အနတ္တဝါဒပါ၊ ဝိပဿနာတရားအားထုတ်တာကလဲ အတ္တစွဲ- ငါစွဲပျောက်သွားအောင် လုပ်ရတဲ့အလုပ်ပါပဲ၊

အတ္တအစွဲဖျောက်မှ ကိလေသာအနှောင်အဖွဲ့က လွတ်မြောက်ပြီး ချမ်းသာအစစ်ကိုခံစားရတယ်ဒကာကြီး ”

အင်္ဂလိပ်ဒကာက ခေါင်းတညိတ်ညိတ်နှင့် ခပ်မဆိတ်နားထောင်နေ၏ အတ္တအစွဲခိုင်မြဲနေသူအား ဤမျှရှင်းပြရုံမျှဖြင့် သူကျေနပ်နိုင်မည်မဟုတ်ပါချေ ကိုယ်တိုင်လုပ်၍ ကိုယ်တိုင်မြင်မှ ယုံကြည်နိုင်မည်ဖြစ်သတည်း။

🙏 သတ္တဝါမှန်သရွေ့တရားတွေ့ကြပါစေ🙏

📝မဂ္ဂင်လမ်း

🙏မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး🙏     မတွေးဖြစ်ဖို့ မှတ်ပေးရတာနော် =====================တို့ဘုရားရဲ့…တရားတော်မှာအောင့်ပြီ...
27/08/2019

🙏မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး🙏

မတွေးဖြစ်ဖို့ မှတ်ပေးရတာနော်
=====================

တို့ဘုရားရဲ့…တရားတော်မှာ

အောင့်ပြီး ပယ်ရတာ မရှိပါဘူး……။

ပေချုပ်နေရတာ မရှိပါဘူး…။

ကိုယ်ကိုယ်တိုင် ပယ်ဖို့လဲ ဘာမှမရှိပါဘူး…။

မှတ်ပါ ……။

ပယ်စရာရှိတာ

အဲ့ဒီ #သတိက ပယ်သွားလိမ့်မယ်။

တို့လုပ်ရမှာမှ မဟုတ်ပဲ…။

တို့က မှတ်ဖို့ပြောတာနော်…။

ရှုတယ်… ၊ မှတ်တယ် …၊ ကြည့်တယ် …၊

ဒါလဲ #သတိရဲ့ စကားလုံးတွေ

မဟုတ်ဘူးလား ???

မတွေးဖြစ်အောင်လို့ ။

မှတ်သလောက် မတွေးဖြစ်ဘူး။

တွေးနေရင် …မမှတ်ဖြစ်ဘူး။

အမှတ် နဲ့ အတွေးဟာ ဆန့်ကျင်ဘက် …။

#အမှတ်သာရင် အတွေးနောက်ဆုတ်မယ်။

#အတွေးအားသန်ရင် ……

အမှတ်နောက်ဆုတ်မှာပဲ ။

အမှတ် နဲ့ အတွေးဟာ ဆန့်ကျင်ဘက်ပဲ။

#မှတ်စမ်းပါ !!!

မှတ်ပါများရင် …အတွေးနည်းသွားမှာပေါ့။

အမှတ်များရင်

ကိုယ်ထားတဲ့နေရာ ကိုယ့်စိတ်ရှိတာပေါ့။

ကိုယ်ထားတဲ့နေရာ ကိုယ့်စိတ်ရှိရင်

ကိုယ်ထားတဲ့နေရာရဲ့အကြောင်း

သူ့ဟာသူကို သိလာတယ်။

- မရှာရပါဘူး။

#မတွေးဖြစ်ဖို့ မှတ်ပေးနေရတာနော်!!

တို့က …

အမှတ်ဘက်ကို

တာဝန်ယူပြီး ဦးစားပေးစမ်းပါ။

……………………………………………

🙏 သတ္တဝါမှန်သရွေ့ တရားတွေ့ကြပါစေ 🙏

📝 မဂ္ဂင်လမ်း

ဆားတောင်ဆရာတော်ဘုရားကြီးမှ========================တရား အားထုတ်ရန်ပျင်းရိသူများအား========================= မိန့် ကြားတော...
22/08/2019

ဆားတောင်ဆရာတော်ဘုရားကြီးမှ
========================
တရား အားထုတ်ရန်ပျင်းရိသူများအား
=========================
မိန့် ကြားတော်မူခဲ့သော အဆုံးအမ
========================

✳ တောထဲလွှတ်ကျောင်းတဲ့ နွားတွေဟာ
နေ့ တိုင်း နေ့ တိုင်း ဒီစားကျက်ပဲ စားနေကြတာပဲ။ ကိုက်ပါများတော့လည်းဗိုက်ပြည့်တာပဲ။ တရားဆိုတာလည်း ဒီအတိုင်းပါပဲ။
ဒီခန္ဓာပဲ နေ့ စဉ်ရှု မှတ်နေရမှာပဲ။✳

🔹 တရားအားထုတ်ဖို့ ကျတော့ မအားဘူး။
🔹 မအားဘူးလို့ ပြောတယ်။
🔹 သေချိန်ကျလာလို့  မသေချင်ဘူးလို့ ပြောလို့ ရတာမဟုတ်ဘူး။
🔹 မအားဘူးလို့  ပြောလို့  ရတာမဟုတ်ဘူး။
🔹 မသေချာ မရေရာတဲ့အလုပ်တွေကိုတောင် ဟုတ်နိုးနိုး တော်နိုးနိုး နဲ့  သက်စွန့် ဆံဖျား လုပ်နေရတာပဲ။
🔹 သေချာရေရာတဲ့အလုပ် ဘာမလုပ်ရဲစရာရှိလဲ။
🔹 ဆင်းရဲ တစ်ဘဝပေါ့။
🔹 တစ်ဘဝ တောင်မှခဏ လေးပါ။

✦တရားအားထုတ်တယ်ဆိုတာ
🔹 အားနဲ့ မာန် နဲ့  အားထုတ်ရတယ်။
🔹 ခန္ဓာရှိလို့ ဆင်းရဲနေတာ။
🔹 ဆင်းရဲတဲ့ထဲ ငါပါတော့ သံသရာလည်တာပေါ့။
🔹 နာတာဟာ ငါမဟုတ်ဘူး။
🔹 တစ်ချို့က တရားအားထုတ်ရမှာကြောက်တယ်လို့ ပြောတယ်။
🔹 အားထုတ်ကြည့်စမ်းပါ။
🔹 ကြောက်စရာမလိုပါဘူး။
🔹 အားမထုတ်ပဲနဲ့  ကြောက်တယ်ပြောတော့ တရားကိုပြစ်ပယ်ရာရောက်ပါတယ်။
🔹 မဟုတ်တာလုပ်ရမှာ ကြောက်ပါ။

⏩ခန္ဓာရှိရင် ဝေဒနာရှိမှာပဲ။
⏩ဒီဝေဒနာ က နိုင်အောင်ရှုတတ်ဖို့ လိုတယ်။
⏩သေခါနီးဝေဒနာ က ဒီဝေဒနာထက်ဆိုးတယ်။
⏩ခုကတည်းက နိုင်အောင်ရှု ထားတော့ သေတော့ နိုင်တာပေါ့။
⏩ ချမ်းသာမှုကို ဆုတောင်းရုံနဲ့ မရဘူး။
⏩လုပ်ယူမှရတာ။
⏩ဖြစ်သဘော ပျက်သဘောသိတော့
လောဘ ဒေါသ မောဟ မရောတော့ ဘူး။
⏩ဒီတော့ ကြည်လင်အေးမြလွတ်ငြိမ်းချမ်းသာတာပေါ့။

►သာသနာပြု ချင်ရင် ကိုယ့် ကိုယ်ကို အရင်တရားရှိအောင်လုပ်။
►ကိုယ့်ကိုယ်ကို တရားရှိမှ သာသနာပြုလို့ ရတယ်။
►ဝိပဿ နာတရားအားထုတ်တယ်ဆိုတာ ထမင်းစားသလိုပဲ။
►မဆာလည်းစား ၊ ဆာလည်းစား။ ►စားကောင်းလိမ့်မယ်ထင်ပေမဲ့ တကယ်စားတော့ မြိန်ချင်မှ မြိန်တာ။
►မကောင်းဘူးလို့ ထင်နေပေမဲ့လည်း တကယ်စားတော့ မြိန်ချင်မြိန်တာ။
►ဒီတော့ မထုတ်ချင်လည်းထုတ်။ ►ထုတ်ချင်လည်းထုတ်ပေါ့။

➢ဝိပဿနာတရားအားထုတ်ရတာ အလွန်ကောင်းပါတယ်။
➢အဝတ်လည်းပြောင်းစရာ မလိုဘူး။ ➢ဂူလည်းအောင်းစရာ မလိုဘူး။
➢ပုထုဇဉ်စရိုက် မူပြောင်းဖို့ လိုတယ်။ ➢တရားအားထုတ်တဲ့အခါ ဝေဒနာကိုမကြောက်နဲ့။ ➢ကြောက်ရင်လွဲ ရဲမင်းဖြစ်တယ်ဆိုတာ ဒီနေရာမှာသုံးရမှာ။
➢ကိလေသာကြားမခိုအောင် နှာသီးဝ လေကို ထိတိုင်းသိနေပါစေ။

▶ဝိပဿနာတရားဆိုတာ စွန့်လွှတ်တဲ့တရား။
▶လောဘ ဒေါသ မောဟတို့ ကို ကျွတ်လွတ်အောင် စွန့်  လွှတ်နေတာ။
▶ဒီတော့ ပြင်းပြင်းထန်ထန် အားထုတ်ကြ။
▶တုံးတိုက်တိုက် ကျားကိုက်ကိုက် နောက်မဆုတ်တမ်း အားထုတ်ကြ။

❁ အပ္ပမာဒေန သမ္မာဒေထ ❁
---------------------------------------------

🙏 သတ္တဝါမှန်သရွေ့တရားတွေ့ကြပါစေ 🙏

📝မဂ္ဂင်လမ်း

🔸 တို့... တရားအားထုတ်တဲ့ ပုဂ္ဂိုလ် ကကြောက်နှစ်လုံး… တစ်လုံး… လုံး…ရှိမှရတယ်။👉 သံသရာ ကြောက်ရင်… ကြောက် မကြောက်...- ဆရာကြော...
21/08/2019

🔸 တို့... တရားအားထုတ်တဲ့ ပုဂ္ဂိုလ် က

ကြောက်နှစ်လုံး… တစ်လုံး… လုံး…ရှိမှ

ရတယ်။

👉 သံသရာ ကြောက်ရင်… ကြောက်

မကြောက်...

- ဆရာကြောက်မှ… ရတယ်။

🔸 ဘာလို့တုန်းဆိုတော့…

ကိုယ့်စရိုက် ကိုယ့်ကိလေသာကို

ကိုယ်မှ မနိုင်တာကြီး………။

ဆရာမှ နိုင်တာ။

ဆရာက မာန်တယ်…

ငေါက်တယ်… ဆိုတာ

မိမိတပည့်ကို… ငေါက်တာ မဟုတ်ဘူး။

သူ့...စိတ်နဲ့ ကိလေသာ /

တပည့်စိတ်နဲ့ ကိလေသာနဲ့ ရောနေတာကို

အဲဒါကို ဖျင်ထုတ်ပေးတာ။

ဟင်… တပည့် ငေါက်တာလား???

ကိလေသာငေါက်တာလား???

သူနဲ့ကပ်နေတဲ့ ကိလေသာ

မာန်ထုတ်… မောင်းထုတ် တာဗျာ့…။

ဟုတ်ကဲ့လားဗျာ…။

အဲတော့…

👉 ဆရာကြောက်ရင် တရားရသဗျ…။

👉 ဆရာမကြောက်ရင် …

👉 သံသရာကြောက်……
==========================

🙏 သတ္တဝါမှန်သရွေ့ တရားတွေ့ကြပါစေ🙏

📝 မဂ္ဂင်လမ်း

🔯 အစွဲ 🔯နာမ်ညွှတ်ရာ ... ရုပ်ဇာတိဖြစ်တယ်။လူတိုင်း ... လူတိုင်းအစွဲ ... ဥပါဒါန် ရှိတယ်။ရွှေဆိုင်ကို စွဲတဲ့ ပုဂ္ဂိုလ်လက်စွပ်ကိ...
19/08/2019

🔯 အစွဲ 🔯

နာမ်ညွှတ်ရာ ... ရုပ်ဇာတိဖြစ်တယ်။

လူတိုင်း ... လူတိုင်း
အစွဲ ... ဥပါဒါန် ရှိတယ်။

ရွှေဆိုင်ကို စွဲတဲ့ ပုဂ္ဂိုလ်
လက်စွပ်ကို စွဲတဲ့ ပုဂ္ဂိုလ်
ခြံကို စွဲတဲ့ ပုဂ္ဂိုလ်
သစ်ပင်ကို စွဲတဲ့ ပုဂ္ဂိုလ်
အဲဒီအပေါ်မှာ ဥပါဒါန်သွားဖြစ်ပြီး
အဲဒီမှာ ဘဝ ဖြစ်ရတယ်။

အစွဲပေမယ့် ...
အစွဲမြင့် ...
အစွဲနိမ့် ရှိတယ်။

ရုပ်တရား ....နာမ်တရား ...
ပရမတ်တရား.... ဓာတ်တရား ...
သစ္စာတရား တို့ကို
မသိလို့ရှိရင်
သေလေတိုင်း ... သေလေတိုင်း
ပုဂ္ဂိုလ်တွေအားလုံး
အပါယ်လေးပါးကို ဆင်းရတယ်။

🔆 ကျေးဇူးတော်ရှင်
မူလသဲအင်းဂူဆရာတော်ဘုရားကြီး
အရှင်ဥက္ကဋ္ဌ 🔆

ဓမ္မဒါန မေတ္တာဖြင့်
သဲအင်းဂူဆရာတော်ဘုရားကြီးအရှင်ဥက္ကဋ္ဌ၏ တရားတော်များ

🙏 သတ္တဝါမှန်သရွေ့တရားတွေ့ကြပါစေ 🙏

📝 မဂ္ဂင်လမ်း

တရား_စတင်အားထုတ်သူများအတွက်==========================  🙏 မိုးကုတ်ဆရာတော်ဘုရားကြီး 🙏         ဟောကြားသည့်တရား         ➖➖➖➖...
18/08/2019

တရား_စတင်အားထုတ်သူများအတွက်
==========================

🙏 မိုးကုတ်ဆရာတော်ဘုရားကြီး 🙏

ဟောကြားသည့်တရား
➖➖➖➖➖➖➖

တရားအားထုတ်ရာ၌ ရှေးဦးမှတ်ဖွယ် -

မောင်ကျော်သိန်း မင်း တရားအားထုတ်ဖို့ အချိန်တော်ပြီ၊ အသေက ဦးသွားမယ်၊ ငါသည် ရခဲသော လူ့ဘ၀ ကြုံကြိုက်ခဲလှသော ဘုရားသာသနာတော်ကြီးနဲ့ တွေ့ကြုံနေချိန်မှာ၊ အို နာ သေ မွဲ ကွဲ ဆိုတဲ့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ၀ိပဿနာအကျင့်မြတ်ကို အားထုတ်တော့မယ်လို့ ဆုံးဖြတ်ပါ။ ပြီးတော့ မင်းရဲ့ အရောင်းအ၀ယ်အလုပ်ဆီကို လုံးဝစိတ်မရောက်ရဘူး။ ပစ္စည်း ဥစ္စာ သားမယားကို တခါတည်း ဉာဏ်နဲ့ စွန့်ပစ်ထားပါ။ အဓိပတိ ၃-ပါးကို အားထားပြီး မင်း တရားအားထုတ်ရမယ်။ အဓိပတိ ၃-ပါးဆိုတာက အတ္တာဓိပတိ၊ လောကာဓိပတိ၊ ဓမ္မာဓိပတိလို့ ၃-မျိုးရှိတယ်။

(၁) မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။ ငါဟာ စားစရာ နေထိုင်စရာမရှိလို့ အားထုတ်တာမဟုတ်ဘူး။ အိုဘေး၊ နာဘေး၊ သေဘေး မွဲကွဲတည်းဟူသော သံသရာဝဋ်ဆင်းရဲတို့မှ လွတ်မြောက်နိုင်အောင်လို့ တရားအားထုတ်ခြင်းဖြစ်တယ်။ အဲဒါ အတ္တာဓိပတိလို့ ခေါ်တယ်။

(၂) လောကကြီးကိုလဲ အဓိပတိထားပြီး အားထုတ်ရမယ်။ ငါသည် တရားအားထုတ်တယ်လို့အမည်ခံပြီး တရားအားထုတ်ချိန်မှာ လောဘ၊ ဒေါသ၊ မောဟတရားတွေ ဖုံးလွှမ်းပြီး အရောင်းအ၀ယ်ကိစ္စတွေ စဉ်းစား တွေးတောမနေနဲ့၊ ထိနမိဒ္ဓလဲမဖြစ်နဲ့၊ ပျင်းလဲမဖျင်းနဲ့၊ အိပ်လဲမနေနဲ့၊ စိတ်ကလဲ လေလွင့်မနေနဲ့၊ မတော်တာတွေလုပ်နေရင် ကိုယ်စောင့်နတ်နှင့် သမ္မာဒေ၀နတ်ကောင်း နတ်မြတ်များကလဲ သိတယ်။ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်များကလဲ သိတယ်။ဒါကြောင့် လောကကြီးကို ရှက်ကြောက်ပြီး အားထုတ်ရမယ်။ အဲဒါ လောကကို အဓိပတိထားပြီး အားထုတ်လို့ လောကာဓိပတိလို့ ခေါ်တယ်။

(၃) တရားတော်ကိုလဲ အဓိပတိထားပြီး ရိုသေလေးစားပြီး တရားအားထုတ်ရမယ်။ တရားတော်ကို ၀ိပဿနာဉာဏ်နဲ့ မမြင် မြင်အောင်ကြည့်ရမယ်။ တရားမမြင် တရားမပေါက်တာဟာ တရားကမရှိလို့မဟုတ်ဘူး။ ငါက တရားတော်ကို မလေးစားလို့ မမြင်တာလို့ ဆုံးဖြတ်ချက်ချပြီး တရားတော်ကို အဓိပတိထားပြီး အားထုတ်ရမယ်။ အဲဒါကို ဓမ္မာဓိပတိလို့ခေါ်တယ်။
ပြီးတော့ တရားအားထုတ်တဲ့အခါ သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ိရိယ၊ ပညာနဲ့ ကြိုးစားပြီးလုပ်ရမယ်။ တရားအားထုတ်တော့မယ်ဆိုရင် ရှစ်ပါးသီလကို အမြဲဆောက်တည်ရမယ်။ ပြီးတော့ ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင်မဂ်ရကြောင်း ဆိုတဲ့ ဆောင်ပုဒ်ကို အရကျက်မှတ်ထားပြီး အဲဒီအတိုင်း လိုက်နာကျင့်သုံးရမယ်။

တရားအားထုတ်တော့မယ်ဆိုရင် ပုဗ္ဗကိစ္စ ၅-ပါး (ဦးစွာလုပ်ဆောင်ရမဲ့ကိစ္စ ၅-ပါး)ကို လုပ်ဆောင်ရမယ်။

(၁) တရားအားထုတ်တဲ့ အချိန်မှာ မိမိ ခန္ဓာကိုယ်ကို ဘုရားမှာ လှူထား၊

(၂) ဆရာမိဘပုဂ္ဂိုလ်မြတ်တို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိက ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းငှာ တောင်းပန်ဝန်ချ ကန်တော့ ပါ၏လို့-ဆို၊

(၃)ကိုယ်စောင့်နတ် အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာစောင့်နတ်နဲ့တကွ သတ္တ၀ါအားလုံး ဘေးရန်ကင်း၍ ကျန်းမာချမ်းသာပါစေလို့ မေတ္တာစိတ်ကို ပွားများပေးရမယ်။

(၄) ရှေးဘ၀ ယခုဘ၀ ငါပြုသမျှသော ဒါနစတဲ့ကုသိုလ်တို့သည် ငါအလိုရှိသော မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်စေခြင်းငှာ လျင်မြန်စွာ ကျေးဇူးပြုပါစေသတည်းလို့ -ဆို၊

(၅) မရဏာနုဿတိ= ငါသည် ဘ၀များစွာက သေခဲ့တာများလှပြီ၊ ယခုဘ၀ မသေခင်မှာ တရားအားထုတ်မှပဲလို့ သေခြင်းတရားကို ပွားများပြီး အားထုတ်မှုအရှိန် ပြင်းထန်အောင် မိမိကိုယ်ကို တိုက်တွန်းပါ။
တရားအားထုတ်တော့မယ်ဆိုရင် ရှေးဦးစွာ ရုပ်နဲ့နာမ်ခွဲတတ်ရမယ်။ ငါပြောပြမယ်။ မင်း မြင်စရာအဆင်းနဲ့ မြင်တဲ့မျက်စိက ရုပ်ပဲ။ သိမှုက နာမ်လို့ ခေါ်တယ်။ အာရုံ ၆-ပါးမှာ အဲဒီလို ရုပ်နဲ့နာမ်ဟာ အမြဲတွဲနေတာပဲ။

ပြီးတော့ တရားအားထုတ်ရာမှာ ပရိညာ ၃-ပါးနဲ့ သိ-သိသွားရမယ်။

(၁) ဉာတပရိညာ= ဖြစ်ဆဲရုပ်နာမ်ကို ဒီဟာက ရုပ်၊ ဒီဟာကနာမ်ဆိုတာ ခွဲခြားပြီး သိ-သိသွားရမယ်၊

(၂) တီရဏပရိညာ= ဖြစ်ဆဲရုပ်နာမ်တို့၏ “ အနိစ္စ၊ ဒုက္ခ၊ အနတ္တ” သဘောကို ပိုင်းခြားပြီးသိရမယ်။

(၃) ပဟာနပရိညာ= ရုပ်နာမ်တို့ အပေါ်မှာ ငါ့ရုပ်ဆိုတဲ့ တဏှာစွဲ၊ ရုပ်ဟာငါပဲဆိုတဲ့ မာနစွဲ ဒီရုပ်ဟာ ငါ့ကိုယ်ဆိုတဲ့ ဒိဋ္ဌိစွဲ၊ ဒီအစွဲ ၃-ပါးကို မင်းသိအောင်လုပ်ပြီး ပြုတ်အောင် ဖြုတ်ရမယ်။
တရားအားထုတ်ရာမှာ မင်း ရုပ်နာမ်ကို ပိုင်းခြားသိရမယ်။

ပြီးတော့ ဈာန်လမ်းခေါ်တဲ့ သမထလမ်းကို မလိုက်ပဲ၊ သမာဓိရရုံလောက်သာ သမထကိုအားထုတ်ပြီး၊ သမာဓိရလာတာနဲ့ တပြိုင်နက် ၀ိပဿနာကို ပြောင်းပြီးလုပ်ရမယ်။ ၀ိပဿနာကို ပြောင်းတယ်ဆိုတာ မီးရထားခေါင်းတွဲ လမ်းလွှဲလိုက်သလို၊ သမထ(သမာဓိ)လမ်းက ၀ိပဿနာ(ပညာ)လမ်းကို စိတ်လွှတ်ပြီး ရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်နေတဲ့လက္ခဏာကို ဆင်ခြင်တာပါပဲ။ အဲဒါ ဉာဏ်ကဦးစီးတယ်လို့မှတ်၊ အဲဒီတော့ မင်း အာနပါနဆိုတာ ၀င်လေ ထွက်လေ (၀င်သက်ထွက်သက်)ကို ခေါ်တယ်။

ဒီ ၀င်လေ ထွက်လေကို ရှူရာမှာ လေကိုဝအောင်ရှူ၊ လျှော့ပြီးလည်း မရှူရဘူး၊ သိပ်ပြင်းပြင်းထန်ထန်လည်း မရှူရဘူး၊ မှန်မှန်ပဲ ရှူရမယ်၊ ရှိုက်ရမယ်။ ပြီးတော့ မင်းစိတ်ကို နှာသီးဖျား, အထက်နှုတ်ခမ်း, ရင်ညွန့်ဆိုတဲ့ သုံးနေရာတွင် ကြိုက်ရာတနေရာမှာထားပါ။ သတိနဲ့ကပ်ထားရမယ်။ မလစ်စေရဘူး။ ၀င်လေထွက်လေရှူရှိုက်တဲ့အခါမှာ နှာသီးဖျားမှာ ထိတာကို သိရမယ်။ သူ့သဘောအတိုင်း မှန်မှန်လေး (၀င်သက်ထွက်သက်)ကို သိနေတဲ့ အာရုံမှတပါး တခြားဘယ်ကိုမှ မရောက်ရဘူး၊ အာရုံမပြုရဘူး။

အာနာပါနလုပ်ပြီး သမာဓိအားကောင်းလာတဲ့ ယောဂီဟာ ရုပ်နာမ် ၂-ပါးကို ပိုင်းခြားသိပြီး ခန္ဓာငါးပါးဆိုတာလည်း ပိုင်းခြားသိရမယ်။

(၁) ရုပ်က ရူပက္ခန္ဓာ၊
(၂) သိစိတ်က ၀ိညာဏက္ခန္ဓာ၊
(၃) ခံစားမှု=ဝေဒနာက ဝေဒနာက္ခန္ဓာ၊
(၄) မှတ်သားမှု=သညာက သညာက္ခန္ဓာ၊
(၅) ဖဿစေတနာစတဲ့

ကျန်စေတသိက် ၅၀ က သင်္ခါရက္ခန္ဓာလို့ သိမှတ်ရမယ်။ ဒါတွေ သိပြီးတဲ့နောက် ပဋိစ္စသမုပ္ပါဒ်နည်းနဲ့လဲ အကြောင်းအကျိုးခွဲပြီး ဒိဋ္ဌိခွာရဦးမယ်။ ဒီလိုသိမှုကို အရင်ပေးပြီးမှ အလုပ်ကိုပေးလို့ဖြစ်မယ်။ ဒီတော့ ခန္ဓာငါးပါးကို ပိုင်းခြားပြီး သိမြင်ပြီးရင် ရုပ်နာမ်ခန္ဓာကို ဖြစ်စေတတ်တဲ့ ရှေးကဖြစ်ပြီးခဲ့တဲ့ အ၀ိဇ္ဇာ၊ တဏှာ၊ သင်္ခါရတို့ဟာ အကြောင်းတရား၊ ဒီရုပ်နာမ်ခန္ဓာတို့ဟာ အကျိုးတရားလို့ အကြမ်းအားဖြင့် မင်း သိမြင်ရမယ်။

ကဲ...... မင်း တရားအားထုတ်ဖို့ ကမ္မဋ္ဌာန်းတောင်း လိုက်ဆို၊

ကမ္မဋ္ဌာနံ မေ ဘန္တေ ဒေထ၊ သံသာရ၀ဋဒုက္ခတော မောစနတ္ထာယ။

ဘန္တေ၊ အရှင်ဘုရား။
မေ၊ တပည့်တော်အား။ သံသာရ၀ဋဒုက္ခတော၊ သံသရာဝဋ်ဆင်းရဲမှ။
မောစနတ္ထာယ၊ ကျွတ်လွတ် ထွက်မြောက်ပါစေခြင်း အကျိုးငှာ။ ကမ္မဋ္ဌာနံ၊ မဂ် ဖိုလ် နိဗ္ဗာန်ရောက်ကြောင်း အကောင်းဆုံးဖြစ်တဲ့ ကမ္မဋ္ဌာန်းကို။
ဒေထ၊ ကရုဏာရှေ့ထား ပေးသနားတော်မူပါဘုရား။
အဲဒါ ၃-ခေါက်ဆိုပါ။

ကဲ ငါပြောသလို “အာနာပါန”ကို သွားအားထုတ်ချေတော့။

(နောက် တနာရီလောက် အားထုတ်ပြီး ပြန်လာတော့) မင်း အာနာပါနကို အားထုတ်တာ တနာရီလောက် သမာဓိရတယ်ဆိုတာဟာ ၀ိရိယရှိလို့ပေါ့။ အဲဒါ သမ္မာဝါယာမလို့ ခေါ်တယ်။ မင်းစိတ်က လေကိုရှူတိုင်း ရှူတိုင်း ရင်ညွန့်ကို ရောက်တိုင်း ရောက်တိုင်း သိရဲ့လား၊ (သိပါတယ်ဘုရား)။ အေး.... မင်း အဲဒါကို သိနေတယ်ဆိုတာ သတိကို လက်မလွှတ်လို့ သိတာ၊ အဲဒါ သမ္မာသတိလို့ ခေါ်တယ်။ မင်း အာနာပါနကို အားထုတ်နေတုန်း၊ မင်းစိတ်ဟာ ထားတဲ့ရင်ညွန့်မှာပဲ ရှိနေပြီး တခြားအာရုံသို့ ရောက်မသွားတာကို သမ္မာသမာဓိ လို့ခေါ်တယ်။ စိတ်က ကိုယ်ထားတဲ့နေရာမှာ တည်နေတာပေါ့။
အေး..... မင်း သမာဓိတော့ရပါပြီ။ ဒါပေမယ့် ဒါထက် သမာဓိကောင်းကောင်းကြီးရဖို့ အားထုတ်ရန်လိုနေသေးတယ်။ ၀င်လေထွက်လေရှူတဲ့အခါ နှာခေါင်းထဲက ရှူရမယ်။ ပါးစပ်က မရှူရဘူး။ နှာခေါင်းကရှူလည်း ဘယ်ဘက်က ရှူတယ် ညာဘက်ကရှူတယ် ဆိုတာတွေ လိုက်နေဖို့မလိုဘူး။ သမာဓိရဖို့ပဲ အရေးကြီးတယ်။ နှာခေါင်းက ရှူရင် ရှူတာသိရမယ်။ ရှိုက်ရင် ရှိုက်တာသိရမယ်။ မင်းကို ပထမ အာနာပါန အားထုတ်ခိုင်းစဉ်က စိတ်ကို ရင်ညွန့်မှာ အကပ်ခိုင်းတယ်။ အခုတစ်ခါ အားထုတ်ရမှာက (နှာသီးဖျား, ရင်ညွန့်, ချက်) ရောက်တိုင်း ရောက်တိုင်း ၀င်လေရှူလိုက်တဲ့အခါ နှာသီးဖျားကအစ၊ ရင်ညွန့်အလယ်၊ ချက်အဆုံး ၀င်တာကိုသိရမယ်။ လေထုတ်လိုက်တဲ့အခါမှာလဲ ချက်အစ၊ ရင်ညွန့်အလယ်၊ နှာသီးဖျားအဆုံး ထွက်တာကို သိလိုက်ရမယ်။ ဒီလိုအားထုတ်ပြီး အသိလိုက်သွားရင် အာရုံတခြားထွက်မသွားပဲ၊ သမာဓိကောင်းကောင်းကြီး ရနိုင်တယ်။
နောက်အလေ့အကျင့်ကောင်းကောင်းရသွားရင် ၁၅ မိနစ်လောက်နဲ့ သမာဓိထူထောင်နိုင်တယ်။

မင်း သိဖို့ရာ မင်း အခု ရှူရှိုက်နေတာကရုပ်၊ ဒီ ရှူရှိုက်နေတာကို သိတာက နာမ်၊ အဲဒီ ရုပ်နာမ် နှစ်ပါး ပိုင်းခြားသိတဲ့အခါ နာမရူပပရိစ္ဆေဒဉာဏ်။

ဝိသုဒ္ဓိလို ပြောရင် ဒိဋ္ဌိဝိသုဒ္ဓိ တစ်ပေါင်းတည်း ဖြစ်လာတယ်။ မြဲမြဲမှတ်ထားနော်၊ မင်း ကမ္မဋ္ဌာန်းအလုပ်ဝင်တဲ့အခါ သိဖို့ရာက

(၁) အာရုံနဲ့ သိမှတ်တဲ့စိတ်လို့ ၂-မျိုးမှတ်ထားရမယ်။

(၂) အာရုံနဲ့ သိမှတ်တဲ့စိတ်ဟာ တည့်တည့်နေအောင် ရှူရမယ်။

(၃) အာရုံထဲက စိတ်ထွက်မသွားအောင် သတိပြုရမယ်။

(၄) ကမ္မဋ္ဌာန်း အလုပ်ဝင်တဲ့အခါ စိတ်က ဘာတခုမှမစဉ်းစားနဲ့။ ဘာအာရုံမှ ၀င်မလာစေနဲ့၊ မင်းဟာ စိတ်တစ်လုံးကိုနိုင်အောင် ဆုံးမနိုင်ရင် ကိလေသာနူနာအမြစ်ပြတ်နိုင်တယ်။ စိတ်တစ်လုံးကို မနိုင်ရင်တော့ လောကီအလိုလည်း မင်းချမ်းသာရာရမှာ မဟုတ်ဘူး။

လောကုတ္တရာအလိုလည်း ထောင့်ငါးရာ ကိလေသာနူနာအမြစ်ပြတ်မှာမဟုတ်ဘူး။
မင်း စိတ်ကိုနိုင်အောင် ဒီလိုဆုံးမ၊ ငါ ဥပမာလေးပြမယ်။

(၁) နွားကျောင်းသားဟာ နွားရိုင်းကို ဆုံးမချင်ရင် ချည်တိုင်ကို ခိုင်ခိုင်စိုက်၊ နွားရိုင်းကို နဖားကြိုးထိုး၊ ချည်တိုင်မှာ ကြိုးနဲ့ မြဲမြဲချည်ပြီး ဆုံးမသလိုပဲ၊ ချည်တိုင်နဲ့တူတဲ့ ကမ္မဋ္ဌာန်း အာရုံမှာ နွားရိုင်းနဲ့တူတဲ့ စိတ်ကို ကြိုးနဲ့တူတဲ့ သတိ တရားဖြင့် တင်းတင်းကြပ်ကြပ်ချည်ပြီး ဆုံးမရမယ်။ မင်းစိတ်ကို ဒီအတိုင်းဆုံးမ။

(၂) ကဲကွာ..... မင်းကို နောက်တစ်မျိုးထပ်ပြောအုံးမယ်။ အပေါက် ၆-ပေါက်ရှိတဲ့ တောင်ပို့ကြီးထဲမှာရှိနေတဲ့ ဖွတ်တစ်ကောင်ကို အမိဖမ်းချင်ရင် အပေါက်ငါးပေါက်ကို လုံအောင်ပိတ်၊ ကျန်တဲ့အပေါက်ကနေပြီး စောင့်ဖမ်းရင် ဒီဖွတ်ကိုမိသလို မင်းရဲ့ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်ဆိုတဲ့ ဒွါရ ငါးပေါက်ကိုပိတ်ပြီး ကျန်တဲ့မနောဆိုတဲ့အပေါက်က စောင့်ဖမ်းရင် မင်းရဲ့ ဖွတ်နဲ့တူတဲ့စိတ်ကို မိရောပေါ့။ ကဲ... ကဲ.... မင်း သမာဓိကို ကောင်းကောင်းရအောင် ထပ်ပြီး အားထုတ်ချေဦး။

(နောက်တစ်နေ့ရောက်တော့)
မင်း မနေ့က သမာဓိကောင်းကောင်းရရဲ့လား။ (ထိနမိဒ္ဓ၀င်လို့ သမာဓိခပ်ကျဲကျဲပဲ ရတယ်ဘုရား)။
တယ်....ရှော်တာကိုး။ အဲဒါ မင်း ၀ီရိယလွန်လို့ပဲ၊ ၀ီရိယလွန်တော့လဲ ထိနမိဒ္ဓ၀င်တာပဲ။ အဲဒီအချိန်မှာ မင်းထိုင်တဲ့ ဣရိယာပုတ်ကိုဖျက်ပြီး လမ်းလျှောက်ရင်း အားထုတ်ရတယ်။ မင်း မြဲမြဲမှတ်ထား၊ သတိသာလွန်တယ်လို့မရှိတာ။ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ၀ီရိယဆိုတာကို ညီတူတပြိုင်တည်းလွှတ်ရတယ်။ တပြိုင်တည်း တညီတည်းဖြစ်အောင် အားမထုတ်နိုင်ရင် ဥဒ္ဓစ္စ(စိတ်ပျံ့လွင့်မှု)ဖြစ်ဖြစ်၊ ထိနမိဒ္ဓ(စိတ်ထိုင်းမှိုင်းမှု)ဖြစ်ဖြစ် တခုခုတော့ဝင်မှာပဲ။ (အခုအားထုတ်ခိုင်းတာက) သမထသက်သက် သမာဓိရရုံခိုင်းတာ။ ၀ိပဿနာ မရောစေနဲ့ဦး။ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ၀ီရိယတို့ကိုအပိုအလိုမရှိ၊ မလျော့မတင်း စောင်းကြိုးညှင်းဆိုသလို အားထုတ်ရမယ်။ မင်းက တခါမှအားမထုတ်ဘူးလို့ ငါက ဒါလောက် အချိန်အကုန်ခံပြီး ပြောပြနေရတာ၊ ဒီ အာနာပါန ၀င်လေထွက်လေ ရှူရှိုက်ပြီး အားထုတ်တာ ဘာခက်တာလိုက်လို့၊ ကဲ အကျင့်ရအောင်သွားအားထုတ်စမ်း၊ သမာဓိကောင်းကောင်းရမှ ငါ့ဆီလာခဲ့။

(၂-နာရီလောက် အားထုတ်ပြီးလာတော့) မင်း သမာဓိကောင်းကောင်းရပြီလား၊ (ရပါပြီဘုရား)။ မင်းက သမာဓိကောင်းကောင်းရတယ်တာပြောတာ၊ မင်းရဲ့ ရုပ်လက္ခဏာက သမာဓိကောင်းကောင်းရတဲ့ လက္ခဏာမဟုတ်သေးဘူး။ သမာဓိရတဲ့ လက္ခဏာက သမာဓိကောင်းကောင်းရတဲ့ လက္ခဏာနဲ့ မရသေးတဲ့ လက္ခဏာဟာ အပုံကြီးခြားနားတယ် ဆိုတာ နောက်တော့ ငါပြောပြမယ်။ မင်း အခု ထမင်းစား ရေချိုး နောက် ခန္ဓာဝန်ကို ပြည့်စုံအောင် ဆောင်ရွက်၊ တရားထိုင်ချိန်ကျမှ အခင်းကြီး, အခင်းလေးတွေ မပေါ်စေနဲ့၊ ဒီကိစ္စတွေဟာ အများကြီး အနှောင့်အယှက် ဖြစ်တယ်။ ကဲ ဒါတွေပြည့်စုံအောင်လုပ်ပြီးအားထုတ်ချေ။

(၂-နာရီလောက် အားထုတ်ပြီး ပြန်လာတော့)
မင်း သမာဓိ ကောင်းကောင်းရပြီလား၊ (ရပါပြီဘုရား)၊ အေး... ဒါလောက်ဆိုရင် တော်လောက်ပြီ၊ ဒီတစ်ခါ ၀ိပဿနာရှုရမယ်။ ရှေးဦးစွာ သမာဓိကောင်းကောင်း ထူထောင်ရမယ်။ နောက် ၀ိပဿနာဘက်ပြောင်းပြီးရှုရမယ်။

ဝိပဿနာဆိုတာက ပညာလမ်းကို စိတ်ညွတ်ပြီး ရုပ်နာမ်လက္ခဏာ ဖြစ်ပေါ်လာတာတွေကို ဆင်ခြင်တာပါပဲ။ ယခုလက်ရှိ ခန္ဓာကြီးဟာ ပဋိသန္ဓေကစပြီး သေသည့်တိုင်အောင် မပြတ်မစဲ, ထပ်တလဲလဲ ဖြစ်ပျက်နေကြတယ်။ အနိစ္စ, ဒုက္ခ, အနတ္တ၊ လက္ခဏာရေး ၃-ပါးတို့သာ မုချဧကန် ဖြစ်ပျက်နေကြပါတကားလို့ သိမြင်ရတယ်။ ရုပ်နာမ်နှစ်ပါးတို့ကား မမြဲ, ဆင်းရဲ, ငါလဲမဟုတ်။ ရုပ်နာမ်တွေဟာ “အနတ္တ”ဟု ထင်မြင်မှု များလာတဲ့အခါ ဖြစ်လိုက်ချုပ်လိုက်နဲ့ ချုပ်ချယ်နေကြတာကို တွေ့မြင်တဲ့အခါ၊ ဥဒယဗ္ဗယဉာဏ် ရောက်တယ်လို့ သိရမယ်။နားလည်ပြီလား။

တရားမထိုင်ခင်က အသိဉာဏ်နဲ့ ဒီလိုမရှင်းရင် ခရီးရောက်မှာမဟုတ်ဘူး။ အဲဒီတော့ ဒိဋ္ဌိ ၀ိစိကိစ္ဆာကို ထပ်ပြီးပယ်ပေးရဦးမယ်။ မင်း သောတာပန်ဖြစ်ချင်ရင် “ဒိဋ္ဌိဝိစိကိစ္ဆာ”ကို အရင်ပယ်ရမယ်။

#ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ

ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာဆိုတာ ဘယ်မှာကပ်နေသလဲ၊ “ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ”ဆိုတာ ခန္ဓာငါးပါးမှာကပ်နေတယ်။ အဲဒီတော့ ဒိဋ္ဌိ, ၀ိစိကိစ္ဆာကပ်နေတဲ့ ခန္ဓာငါးပါးက ဘယ်ကဖြစ်လာတာလဲ၊ ဘယ်လိုလုပ်ပြီး ဖြစ် ပျက် နေတာလဲဆိုတာ သိထားရမယ်။ ဒါ မသိလို့ရှိရင် ဒီကပ်နေတဲ့ “ဒိဋ္ဌိ, ၀ိစိကိစ္ဆာ”ဟာ ဘယ်လိုနည်းနဲ့မှ မခွာနိုင်ဘူး။ မပယ်နိုင်ဘူး၊ အဲဒီတော့ ခန္ဓာငါးပါးဟာ ဘာတွေလဲဆိုတာ ဆရာသမားပြောတာကြားဖူးလို့ သိပြီထား၊ ဒီခန္ဓာရဲ့ ဖြစ်ကြောင်း ချုပ်ကြောင်းကို မသိခဲ့လို့ရှိရင် “ဒိဋ္ဌိ”ကပ်ဦးမှာပဲ။ အဲဒါကြောင့် ခန္ဓာငါးပါးအကြောင်း သိချင်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ကို အရင်သိအောင်လုပ်ရမယ်။

ကဲ... ငါ့အခန်းထဲက ပဋိစ္စသမုပ္ပါဒ် ပုံစံကဒ်ပြားကို သွားယူချေ။

ပဋိစ္စသမုပ္ပါဒ်က စာထဲမှာပါတဲ့ ပဋိစ္စသမုပ္ပါဒ်ကတမျိုး၊ ခန္ဓာကြီးထဲမှာအခု ဖြစ်ပျက်နေတဲ့ ပဋိစ္စသမုပ္ပါဒ်က တမျိုးလို့ ၂-မျိုးရှိတယ်။ စာထဲပါတဲ့ ပဋိစ္စသမုပ္ပါဒ် နားလည်ရုံလောက်နဲ့တော့ မင်းခရီးမပေါက်ဘူး။ မင်းခန္ဓာကြီးထဲမှာ ဖြစ်ပေါ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်ကို နားလည်မှ သဘောပေါက်မယ်။
ဒါကြောင့် ခန္ဓာငါးပါး၏ ဖြစ်ကြောင်းချုပ်ကြောင်းကို ပြမယ်။ “အ၀ိဇ္ဇာပစ္စယာသင်္ခါရာ”ပုံစံလဲ ကြည့်။ မင်းတို့ ဟိုအတိတ်ဘ၀ကလုပ်ခဲ့တဲ့ အ၀ိဇ္ဇာသင်္ခါရတွေကြောင့် “သင်္ခါရပစ္စယာဝိညာဏံ”၊ ဒီဘ၀မှာ ဒီခန္ဓာကြီး ဖြစ်လာရတယ်။ (အ၀ိဇ္ဇာ၊ သင်္ခါရက)လွန်ပြီး အတိတ်ပဋိစ္စသမုပ္ပါဒ်မို့ မင်းတို့နဲ့ မဆိုင်တော့ဘူး။ နောက်ဖြစ်မယ့် အနာဂတ်ပဋိစ္စသမုပ္ပါဒ်လဲ မရောက်သေးလို့ မင်းနဲ့မဆိုင်ဘူး။ အရေးကြီးတာက အခု ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ကို နားလည်ဖို့ပဲ။

“ဒိဋ္ဌိ, ၀ိစိကိစ္ဆာ”က ဒီခန္ဓာငါးပါးမှာကပ်နေတာ၊ “ဒါဘယ်သူ့ဆံပင်လဲ”ဆိုရင် “ငါ့ဆံပင်”လို့ မင်းဖြေမှာပဲ။ ဆံပင်ဆိုတဲ့ ရူပက္ခန္ဓာမှာ ငါ သွားခိုတယ်။
“ငါလက်ဖက်ရည်သောက်လို့ကောင်းလိုက်တာ”ဆိုရင် ဝေဒနာက္ခန္ဓာမှာ ငါ သွားခိုတယ်။

“ငါ မှတ်ထားတယ်”ဆိုရင် သညာက္ခန္ဓာ ငါ သွားခိုတယ်။

“ငါ ယက္ကန်းခတ်တာမျိုး ရှာမှရှား”ဆိုတော့ သင်္ခါရက္ခန္ဓာမှာ ငါ သွားခိုတယ်။

“ငါ့စိတ် မစမ်းနဲ့”ဆိုတော့ ၀ိညာဏက္ခန္ဓာမှာ ငါသွားခိုတယ်။

ဒါဖြင့် ခန္ဓာငါးပါးဟာ “ဒိဋ္ဌိ”ခိုကပ်စရာ ဌာနကြီးပဲ၊ ဒီတော့ ခန္ဓာနဲ့ “ဒိဋ္ဌိ, ၀ိစိကိစ္ဆာ” ခွာရလိမ့်မယ်။ စာအနေကတော့ ရုပ်နာမ်ကွဲရင် “ဒိဋ္ဌိ, ၀ိစိကိစ္ဆာ”ကွာတယ်လို့ ရေးကြလိမ့်မယ်။ တဆင့်ကျန်နေသေးတယ်။ ပဋိစ္စသမုပ္ပါဒ်ဖြစ်ကြောင်းကိုလဲ နားလည်မှ၊ ပဋိစ္စသမုပ္ပါဒ်ချုပ်ကြောင်းကိုလဲ နားလည်မှ၊ “ဒိဋ္ဌိ, ၀ိစိကိစ္ဆာ”ကွာမယ်။ မသိရင်တော့ “ဒိဋ္ဌိ, ၀ိစိကိစ္ဆာ” ကပ်နေမှာပဲ။

ဒီတော့ မင်းအလုပ်ခွင်ဝင်ရမဲ့ ပဋိစ္စသမုပ္ပါဒ်က ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ပဲ၊ ဒီနေ့တစ်နေ့လုံးဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဆိုလိုတာမဟုတ်ဘူး။ ခုမြင်တဲ့အခိုက်၊ ကြားတဲ့အခိုက်မှာပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ခုတရားထိုင်မဲ့ အချိန်မှာ ပစ္စုပ္ပန်တည့်တည့်ရှုဖို့အရေးကြီးတယ်။

မင်း အသက်ဘယ်လောက်ရှိပြီလဲ၊ (၄၀-ပါ ဘုရား)၊ အေး....အသက်၄၀-သာဆိုတယ်၊ ငယ်ငယ်တုန်းကလဲ ကိုယ့်ကိုယ်ကို ဒီရုပ်ရေပဲ။ ခုကြီးလာတော့လည်း ဒီရုပ်ရေပဲ။ ရုပ်မကျဘူးလို့ မင်းထင်မှတ်နေလို့ရှိရင် ဒါ “သဿတဒိဋ္ဌိ”ဖြစ်တယ်။ ဒီလိုဆက်ပြီးတည်တယ်လို့ မယူရဘူး။

တခါ- “ငါ ပိုက်ဆံများများ ရမယ်ဆိုရင် ဘာမဆို လုပ်ရဲတယ်၊ သေရဲတယ်။ သေရင်ပြီးတာပဲ” ဆိုလို့ရှိရင် ဒါ “ဥစ္ဆေဒဒိဋ္ဌိ”ဖြစ်တယ်။ ဒီလိုလဲ အပြတ်မယူရဘူး။

ကဲ.... ဒီလောက်ဆိုတော်လောက်ပြီ၊ မင်း.... ဆိတ်ငြိမ်တဲ့နေရာသွားပြီး အလုပ်ထိုင်ပါ။ သမထကိုတော့ သမာဓိ ကောင်းကောင်းရအောင်အားထုတ်ပေါ့။

ခန္ဓာကိုယ်တည့်တည့်(တဲ့တဲ့)ထိုင်ပါ။ (ရှူလေ) ၀င်လိုက်တာလဲသိ။ ထွက်လေ ထွက်သွားတာလဲသိ၊ သမာဓိအားကောင်းလာလိမ့်မယ်။ အဲဒီအချိန်မှာ ၀ီရိယကိုလဲ အလျှော့မပေးရဘူး။ သတိနဲ့ ပညာကိုလဲ တပါတည်းကပ်လိုက်ပါ။ ခန္ဓာကိုယ်ကြီးဟာ ဖောက်ပြန်ပြီး ဝေဒနာတွေပေါ်လာလိမ့်မယ်။ ပေါ်လာတာတွေကို သိလိုက်ပါ။ ဒီလိုသိနေတဲ့ကြားက အသံတခုခုကြားလိုက်ရင်လဲ “ကြားလိုက်ပြန်ပြီ”လို့ သိလိုက်၊ နားလည်ပြီလား။ ကဲ... သွားထိုင်ချေ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရားများမှ
(၁၃၁၉-ခု တော်သလင်းလ၌ “ထေရုပ္ပတ္တိနှင့် ကျင့်စဉ်”ရေးသူ ဦးကျော်သိန်း အား ဟောကြားသော တရား ၃-ပုဒ်မှ)

🙏 သတ္တဝါမှန်သရွေ့တရားတွေ့ကြပါစေ 🙏

📝 မဂ္ဂင်လမ်း

ဆရာတော်ဦးကဝိနှင့်အနာဂါမ် ဒေါ်ငွေဘုံ တို့၏ အမေးအဖြေ➖➖➖➖➖➖➖➖➖➖➖   အနာဂါမ် ဒေါ်ငွေဘုံ ဟုကျော်ကြားနေသူ မင်းကွန်းဆရာတော်၏ တပည်...
18/08/2019

ဆရာတော်ဦးကဝိနှင့်အနာဂါမ် ဒေါ်ငွေဘုံ
တို့၏ အမေးအဖြေ
➖➖➖➖➖➖➖➖➖➖➖
အနာဂါမ် ဒေါ်ငွေဘုံ ဟုကျော်ကြားနေသူ မင်းကွန်းဆရာတော်၏ တပည့်မ တယောက် သည် မောင်ရင်ပေါ် ချောက်တွင် တရားပေါက်၍ ရဟန်းကိစ္စပြီးသော ပုဂ္ဂိုလ်တပါးရှိကြောင်း ကြားသိရသည်နှင့် ။
ဟုတ်မဟုတ် စုံစမ်းလိုသဖြင့် ဆရာတော်ဦးကဝိ သီတင်းသုံးနေရာ မောင်ရင်ပေါ်ချောက်သို့ လာရောက်လေသည် ဆရာတော်၏ တပည့်များသည် ဆရာတော်နှင့် ဒေါ်ငွေဘုံတို့၏ အမေးအဖြေများကို ကြားနာလိုဇောနှင့် ။
မောင်ရင်ပေါ်ချောက်ကျောင်းသို့ လာရောက် စုရုံးနေကြလေသည်၊ဆရာတော်ဦးကဝိ၏ ထံမှောက်သို့ ဒေါ်ငွေဘုံ မေးမြန်းလျှောက် ထားရန် ရောက်ရှိလာသောအခါ ဆရာတော်ကပင် စတင်၍ ။
ပရိကံမှ မဂ်ကျသည်အထိ သဘာဝကျကျ နှင့် အမိန့်ရှိတော့မူသည့်ပြင် ဒေါ်ငွေဘုံ ဆက်လက်မေးလျှောက်မည့်တ ရားအချက်အလက် များကိုပါ တခုမကျန်ကြိုတင် ဖြေဆိုတော် မူလေသည် ။
ထိုအခါဒေါ်ငွေဘုံက အရှင်ဘုရား၏တရားကျင့်စဉ်လမ်းတလျှောက်လုံးတွင်.” သတိ ” ကိုအဓိကထားခြင်းသည် သဘာဝကျလှပါသည်ဘုရားဟု လျှောက်ထားလျှက် ” ဒါမှ ငါ့သား-ဒါမှ ငါ့သား ” ဟုလက်ခမောင်းခတ်ခါ ထခုန်သည်နှင့် ဆရာတော်ဦးကဝိက ” ။
သား-တော်ချင်ရင် ကျွေးမှ အမေတော်မှာ ” ဟုပြန်လည်အမိန့်ရှိတော်မူလေသည် ဒေါ်ငွေဘုံသည် နောက်တနေ့ကျောင်းတွင်းရှိသံဃာတော်များအား ဆွမ်းကပ်လှူဒါန်း၍ သာဓုအနုမောဒနာပြု ပြီးမှ ပြန်သွားလေသည်။
မှတ်ချက်➡( သူက ငါ့ထံကို ချက်ချင်းမလာဘဲ ကျောင်းဝိုင်းထဲက ဇရပ်တခုမှာ တဲခိုပြီးစုံစမ်းနေတုန်း ငါက အဓိဋ္ဌာန်ပြု ပြီး သူမေးမဲ့ ပုစ္ဆာတွေကို အာရုံပြု ထားပြီးဖြစ်လေတော့ ကြိုတင် ဖြေဆိုနိုင်တာပေါ့ ။
သူမေးမဲ့ဟာတွေဟာ မခေလှဘူး သဘာဝ ကျလှတယ် စာလဲတတ်တယ် ဝတ်စားနေပုံဟာသပ်သပ် ရပ်ရပ်နဲ့တည်ကြည်တဲ့အမူအရာ ရှိတယ်ဟု ဒေါ်ငွေဘုံကို ချီးမွမ်းတော်မူခဲ့ဘူးတယ် ။

အမေးနှင့် အဖြေ
〰〰〰〰〰

အရှိကိုကြဉ်၊မရှိတာကိုမြင်တတ်သည့် ပုထုဇဉ်အကန်း ?
အရှိကိုကြဉ်ဆိုတာ ဘာလဲလို့မေးတယ်ဆိုပါတော့ ပရမတ္ထနယ်မှာ ရုပ်နာမ်နှစ်ပါးဘဲရှိတယ် မဟုတ်လား မှန်လှပါဘုရား၊အဲ အမှန်ရှိ တကယ်ရှိတဲ့ ရုပ် နာမ်နှစ်ပါးကိုတော့ သိအောင် မြင်အောင်မကြိုးစားကြဘဲ ။
အပြင်ဖြစ်တဲ့ခြေ လက် နှာခေါင်းမှစ၍ မှတ်သိ ပညတ်ဖြစ်တဲ့ လူ နတ် ဗြဟ္မာ သတ္တဝါတွေကိုသာ အာရုံပြု ကြသဖြင့် ” အရှိကိုကြဉ် မရှိတာကို မြင်တတ်တဲ့ပုထုဇဉ်ကန်း” လို့ဆိုတယ်။
မခံသာ မှန်ပါဘိ သည်တရား၊ခံသာလျှင် သံသရာကြော မျောလိမ့်အများ ?
မခံသာမှန်ပါဘိ သည်တရားဆိုတာ တရားအားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ်များမှာ ဝေဒနာတွေ ဖြစ်ပေါ်လာပြီး ခံနေကြရတယ် ၎င်းဝေဒနာကို မခံသာဘူး အဲဒီ မခံသာတာကိုဘဲ တရားစစ် တရားမှန် လို့ဆိုတယ် ဖြစ်ပေါ်လာတဲ့ဝေဒနာကို ခံသာအောင် ။
ဣရိယာပုတ်ကို ဖျက်ပစ်လိုက်တော့ ခံသာပြီးသက်သာနေတယ် ခံသာပြီးသက်သာနေတော့ မိမိစိတ်က ရောက်ချင်ရာရောက် ကြံချင်ရာကြံပြီးသံသရာကြောမှာ မျောပါသွားတာကြောင့် သံသရာကြောမှာ မျောလိမ့်အမျာလို့ဆိုတယ်။
သောတာပန်ဖိုလ်နှစ်ခု၊ ဟိုအမှုလိုသေးတယ်၊အနာဂါမ် ဖိုလ်ကို ကူးကာမှ ၊နှစ်ကိုယ်ပူးကွာတော့တယ် ?
ဆိုတာက သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တွေဟာ ကာမရာဂကို မပယ်သေး၍ အိမ်ကြို အိမ်ကြား မှာရှိသေးတယ်လို့ဆိုတယ် ။
အနာဂါမ်ဖိုလ်ကို ကူးကာမှ နှစ်ကိုယ့်ပူးကွာတော့တယ်ဆိုတာ အနာဂါမ်ဖိုလ်ကျမ ကာမရာဂ ပယ်ပြီးဖြစ်၍ အိမ်ကြို အိမ်ကြားမှ လွတ်တယ်လို့ဆိုတယ် ။
ပညတ် ပရမတ် ကွဲသည်မှတ် ၊သူမြတ် မဆိုသာ ပညတ် ပရမတ် တွဲသည်မှတ်၊ သူမြတ် မဆိုသာ ပညတ် ပရမတ် နှစ်ခုစပ်၊ သိတတ်သူမှ မြတ်။

[ သေလေးပါး ရှင်လေးပါး ]

မဂ်ကအသေ ဖိုလ်ကအရှင်၊သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် တို့သည် တကြိမ်သာ ဖြစ်ကြ၍ နှစ်ကြိမ်ထပ်မံ မဖြစ်ကြခြင်းကြောင့် အသေ လို့ခေါ်တယ်။
သောတာပတ္တိဖိုလ် သကဒါဂါမိဖိုလ် အနာဂါမိဖိုလ် အရဟတ္တဖိုလ်တို့သည် အလိုရှိ၍ ဝင်စားတိုင်းအကြောင်းညီညွတ်သည့်အခါဖြစ်နိုင်သော အကြောင်းများကြောင့် အရှင် လို့ခေါ်တယ်။

တေ့ဆက် ချိပ်ဆက် ကွင်းဆက်
ဆိုသည် ကား.....
ပုထုဇဉ်တို့၏ သဒ္ဓါသည် မခိုင်မြဲသောကြောင့်➡တေ့ဆက်လို့ခေါ်တယ်။
အရိယာတို့၏ သဒ္ဓါသည် ခိုင်မြဲလေသောကြောင့်➡ ချိပ်ဆက်လို့ခေါ်တယ်။
မြတ်စွာဘုရားရှင်တို့၏သဒ္ဓါသည် ပိုမိုခိုင်မြဲလေသောကြောင့် ကွင်းဆက်လို့ခေါ်တယ်။

[ သာသနာ အထက်ဆန် ]

ဆိုသည်မှာ သမထ ဝိပဿ နာတရားအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ကျ ပြီးနောက် အောက်သို့ပြန်မလည်တော့ဘဲ ။
သကဒါဂါမ်မှ အနာဂါမ်၊ အနာဂါမ်မှ ရဟန္တာသို့ တဆင့်မှတဆင့် ဆင့်ကဲဆင့်ကဲ တက် သွားခြင်းသည် သာသနာအထက်သို့ ဆန်တယ်လို့ခေါ်တယ်။

[ ငါးပေါက်မှားတော့ ငါးပါးမှောက်တတ်တယ် ]

မလှချင်နဲ့ မချောချင်နဲ့ ပစ္စည်းမပေါချင်နဲ့ ဂုဏ်မကြီးချင်နဲ့ ကြပ်ကြပ်လှ ကြပ်ကြပ်ချော ကြပ်ကြပ်ပစ္စည်းပေါပြီး ကြပ်ကြပ်ဂုဏ်ကြီးလျှင် ကြပ်ကြပ်ဒုက္ခရောက်တတ်တယ်၊

မျက်စိအလိုလဲမလိုက်နဲ့ နားအလိုလဲမလိုက်နဲ့ နှာခေါင်းအလိုလဲမလိုက်နဲ့ လျှာအလိုလဲမလိုက်နဲ့ ခန္ဓာကိုယ်အလိုလဲမလိုက်ကြနဲ့ အလိုလိုက်မှဖြင့်အမိုက်စော်ကားတတ်တယ် ။
ဘယ်လိုများအမိုက်စော်ကားပါသလဲဆိုရင် အဲဒီမျက်စိ နား နှာ ခေါင်း လျှာ ခန္ဓာကိုယ် အလိုလိုက်မိတော့ အဲဒီငါးပေါက်ကြောင့်မှားလေတော့တာဘဲ ။
ကိုယ့်အလိုမပြည့်စုံလို့ စိတ်ဒုက္ခအမျိုးမျိုးရောက် ခဲ့ကြတာတွေရှိကြလိမ့်မယ် အဲဒီဟာ ငါးပေါက် မှားလို့ရတဲ့ အကျိုးတရားတွေပေါ့။

🙏 သတ္တဝါမှန်သရွေ့တရားတွေ့ကြပါစေ 🙏

📝 မဂ္ဂင်လမ်း

◾ ကံအလွန်ကောင်းသူများသာ       ဝိပဿနာ တရားကို အားထုတ်ခွင့် ရကြလေကုန်၏။◾🙏 သတ္တဝါမှန်သရွေ့ တရားတွေ့နိုင်ကြပါစေ 🙏📝 မဂ္ဂင်လမ်း ...
17/08/2019

◾ ကံအလွန်ကောင်းသူများသာ

ဝိပဿနာ တရားကို

အားထုတ်ခွင့် ရကြလေကုန်၏။◾

🙏 သတ္တဝါမှန်သရွေ့ တရားတွေ့နိုင်ကြပါစေ 🙏

📝 မဂ္ဂင်လမ်း 📝

''သေပြီးမဆုံးသေးသူများ''---------!!!!!!!----------သေတာကို ဆုံးတယ်လို့ ဆိုကြပေမဲ့သေပြီးမဆုံးသေးသူတွေ လောကမှာ အများကြီး။လင...
15/08/2019

''သေပြီးမဆုံးသေးသူများ''
---------!!!!!!!----------
သေတာကို ဆုံးတယ်လို့ ဆိုကြပေမဲ့
သေပြီးမဆုံးသေးသူတွေ
လောကမှာ အများကြီး။

လင်သေ မယားသေ သားသေ မိဘသေ
ဘယ်သူသေသေ……
သေသူကို တ ,ပြီးငိုလိုက်ကြတာ
ဘယ်မှာဆုံးသေးလို့ လဲ။

ပါးစပ်က ဆုံးပြီပြောပြီး စိတ်ကမဆုံးသေးဘူး။
တစ်လပြည့်အလွမ်း
တစ်နှစ်ပြည့်အလွမ်းတွေနဲ့ 
ဆွမ်းကျွေးပြီး အမျှဝေကြတုန်းဗျာ။

ဒီလောက်နဲ့ အားမရသေးဘဲ
သတင်းစာထဲ ကြော်ငြာထည့်ပြီး
မျှကြပြန်သေးဗျာ။
ဘယ်လိုပဲ မျှမျှ သွားလေသူကတော့ သွားပါပြီ။
အမျှဝေတယ်ဆိုတာကို သိနိုင်ပါဦးမှ။

မယားနား သားနား ရစ်ဝဲငြိတွယ်နေတဲ့ပြိတ္တာ
ပစ္စည်းမင်လို့ တမင်နေတဲ့ ပြိတ္တာ
သာဓုခေါ်ရမှန်းသိရင် ခေါ်ပါလိမ့်မယ်။
မသိရင်တော့ ကျောပေးပြီးနေမှာပဲ။

သူ့ ခမျှာ လူ့ ဘဝ ဆုံးသွားသော်မှ
ကျန်ရစ်သူတွေ ရဲ့ အစွဲမှာ
တစ်လလည်းမဆုံး တစ်နှစ်လည်းမဆုံး
သေပြီး မဆုံးကြသေးပါလား။

▪ တကယ်တော့
“အသက်ရှင်နေစဉ်မှာ
ရုပ်နာမ်တွေဆိုတာ
အချိန်နှင့် အမျှ သေနေတာ။
အဲ့ဒီ တစ်ချက်သေကို မသိလို့ 
တစ်သက်သေကို မဆုံးနိုင်ဘဲဖြစ်နေရတာ။”

{ ၉၉ မတ်လ နတ်တလူတောရသြဝါဒ
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး }

🙏သတ္တဝါမှန်သရွေ့တရားတွေ့ကြပါစေ🙏

📝မဂ္ဂင်လမ်း📝

Address

Yangon
00000

Telephone

09421075201

Website

Alerts

Be the first to know and let us send you an email when မဂ္ဂင်လမ်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share