09/11/2025
ကြည် ဖွေး အေး ချင်ရင် ဒါလေးသုံးကြည့်နော်
instock ရှိ ✅
တကယ်ပါ Vaseline Serum Lotion တွေထဲမှာ အကောင်းဆုံးနဲ့ အသိသာဆုံးပဲ ဘယ်တော့ပြန်သုံးသုံး အမြဲစိတ်ကျေနပ်ရတာဆိုရင် စိမ်းပြာလေးလို့
လူသိများတဲ့ Smoothing Perfector လေးပါပဲ
🩵 ငုံးသုံးတာ ဘယ်နှဘူး ရှိပြီလဲ မရေမတွက်နိုင်တော့ဘူး
ပြန်ပြန်သုံးတိုင်း တစ်ပတ်ကျော်လောက် သေချာလိမ်းပေးတာနဲ့တင်
အသားလေးကို ချောမွေ့ပြီး နူးညံ့စေလာတဲ့အပြင်
အသိသာဆုံးကတော့ အသားကြည်တာပဲ
တော်တော်လေးကို လင်းလင်းထင်းထင်း ရှိလာစေလို့
ငုံးက သူ့ကို Vampire Lotion လို့ နာမည်ပေးထားတယ် 😆
🩵 အသားကြည်တယ် ၊ လင်းတယ် ဆိုပေမယ့်
ဖုတ်သရဲလို ဖြူခြောက်ခြောက်ဖြစ်တာမို့လို့
ကိုယ်က sun protection ပိုင်းရယ် moisturizing ပိုင်းရယ်ကို
သေချာပြန်ပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်
🩵 AHAs 2 မျိုး ၊ BHA နဲ့ PHA တို့လို chemical exfoliants တွေပါလို့
ညဘက်သီးသန့် လိမ်းပေးတာက အဆင်အပြေဆုံးပါပဲ
Niacinamide , Glutathione နဲ့
Hyaluronic Acid ပုံစံ 4 မျိုးပါဝင်ပေမယ့်
ဒီတစ်မျိုးတည်း လိမ်းဖို့အတွက်ကျတော့လည်း
လုံလောက်တဲ့ အစိုဓာတ်မပေးနိုင်တဲ့အပြင် ပါဝင်တဲ့
chemical exfoliants တွေကြောင့် အသားတော်တော်ခြောက်လို့
အပေါ်ကနေ body oil တစ်ခုခု ဒါမှမဟုတ်
ငုံးကတော့ body lotion တစ်ခုခု ပြန်လိမ်းပေးမှ အဆင်ပြေပါတယ်
🩵 Physical exfoliant ဖြစ်တဲ့ Scrub သုံးပြီးရင်
လိမ်းရင် အသားပိုခြောက်ပြီး အဆင်မပြေတဲ့ Lotion မျိုးမို့
Scrub သုံးပြီး လိမ်းလို့မကောင်းတဲ့ Lotion မျိုး
ဆိုတာကိုလည်း မမေ့စေချင်ပါဘူးနော်
မနက်တိုင်းကို SPF Lotion လည်း သေချာလိမ်းပါ
🩵 တစ်ချို့သူတွေအတွက် ကြာဆူး ဘာညာ သက်သာတယ် ပြောပေမယ့်
ငုံးမှာ မရှိတော့ မပြောတတ်ဘူး အသားချောပြီးကြည်လာတာက
အသိသာဆုံးပါပဲ ငုံးအတွက်ဆိုရင်လေ
🩵 အနံ့ကလည်း Vaseline Serum Lotion တွေထဲမှာ
အကောင်းဆုံးလို့ ငုံးခံစားရတယ် သင်းသင်းအေးအေးလေးရှိတယ်
အာနိသင်ကလည်း အသိသာဆုံးလို့ ပြောလို့ရတယ်