Brand You - The Image Training Company

Brand You - The Image Training Company Brand You is the Pioneer of Image Training Industry in Myanmar, providing consulting and training for
(1)

Brand You is the Image consulting and personal branding services in Myanmar, helping business owners and entrepreneurs to achieve their goals.

13/04/2023

💦နှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ လိုရာဆန္ဒများပြည့်ဝပြီး မင်္ဂလာရှိသောနှစ်သစ် ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။ 💐💦

Brand You Academy Team

“လုပ်ငန်းခွင်က လူတိုင်း သိထားသင့်တဲ့ Career Branding တည်ဆောက်ခြင်းနည်းလမ်း ၅ သွယ်”Branding ဆိုတာနာမည်ကောင်းကို တည်ဆောက်ခ...
04/04/2023

“လုပ်ငန်းခွင်က လူတိုင်း သိထားသင့်တဲ့ Career Branding တည်ဆောက်ခြင်းနည်းလမ်း ၅ သွယ်”

Branding ဆိုတာနာမည်ကောင်းကို တည်ဆောက်ခြင်းပါ။
Career Branding ဆိုတာကတော့ လုပ်ငန်းခွင်ထဲမှာ ကိုယ့်ရဲ့ Professional Brand (လုပ်ငန်းထဲက ပရော်ဖက်ရှင်နယ်နာမည်ကောင်း)ကို တည်ဆောက်တာပါ။ အလုပ်ကောင်းကောင်းရှာနေသူတွေ၊ ကိုယ့်ရဲ့ Career ကို စနစ်တကျ တည်ဆောက်ချင်သူတွေ၊ မှတ်တိုင်တစ်ခု တည်ဆောက်ချင်တဲ့သူတွေအနေနဲ့ သိထားသင့်တဲ့ နည်းစနစ်တစ်ခုလည်း ဖြစ်ပါတယ်။

ကိုယ့်ရဲ့ Career Brand ကို စနစ်တကျတည်ဆောက်ချင်သူတွေအနေနဲ့ Proactive Branding Strategy ရှိသင့်ပါတယ်။ တစ်ခုခုဖြစ်လာမှ တုံ့ပြန်တာထက် အခြေအနေကို ဖန်တီးယူဖို့ နည်းလမ်းတွေ၊ မဟာဗျူဟာတွေ ကြိုတင်ဖန်တီးထားတာမျိုးကို ဆိုလိုတာပါ။ Branding ဆိုတာ အမြင်ကိုတည်ဆောက်တာပါ။ ကိုယ်အောင်မြင်ချင်တဲ့ နယ်ပယ်မှာ ကိုယ့်အပေါ် တခြားလူတွေရဲ့ အမြင်တွေ၊ အတွေးတွေ၊ ခံစားချက်တွေကို တည်ဆောက်တာပါ။

Know Where You Want to Go (ကိုယ်ဘယ်နေရာမှာ အောင်မြင်ချင်တာလဲဆိုတာကို သိပါ)
ကိုယ်ဘာဖြစ်ချင်မှန်း၊ ဘယ်သွားချင်မှန်းမသိရင်တော့ တော်တော်လေးခက်ခဲပါလိမ့်မယ်။ ဒီနေ့ခေတ်မှာ အလုပ်အကိုင်ရှာဖွေရေး Page တွေ၊ ကိုယ့်ကို ကူညီလမ်းပြပေးမယ့် Career Coach တွေ စသဖြင့် အများကြီးရှိနေပါပြီ။ ကိုယ့်ရဲ့ အားသားချက်၊ အားနည်းချက်တွေ၊ ကိုယ်ရည်ကိုယ်သွေး စတာတွေကို အသေးစိတ်စိစစ်ပေးနိုင်တဲ့ Personality Test တွေ ဖြေကြည့်လို့ရနေပါပြီ။ ရလဒ်တွေပေါ်အခြေခံပြီး ကိုယ့်ရဲ့ ဝါသနာ၊ ကျွမ်းကျင်မှု၊ ပညာအရည်အချင်း၊ အခွင့်အလမ်း စတာတွေနဲ့ ပေါင်းစပ်သုံးသပ်ပြီးတဲ့အခါ ကိုယ်ဘယ်လမ်းကြောင်းကို ဆက်သွားမှာလဲဆိုတာကို သေသေချာချာလေးရွေးချယ်စေချင်ပါတယ်။ နောင်မှာ ပြန်ပြောင်းလို့မရတာတော့ မဟုတ်ပါဘူး။ စတင်တဲ့ အချိန်မှာ သေသေချာချာရွေးချယ်ပြီး တည်ဆောက်ထားရင် နောင်မှာ ကိုယ် career ပြောင်းတာဘာညာ ဖြစ်လာရင်လည်း ကိုယ်ကျင်လည်ခဲ့တဲ့ နယ်ပယ်မှာတော့ နာမည်ကောင်းတစ်ခုကျန်ခဲ့တဲ့သူုဖြစ်လာမှာပါ။

Clearly Communicate Who You Are (ရှင်းလင်းပြတ်သားတဲ့ အချက်အလက်ကို ပေးပါ)
ကိုယ့်ရဲ့ အလုပ်လေ ျှာက်တဲ့ CV, Cover Letter က အစ အင်တာနက်က ဒေါင်းလုတ် လုပ်ထားတဲ့ ပုံစံကြီးဖြစ်နေရင် အဆင်မပြေပါဘူး။ ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်းမှာ ဘာတွေ ထည့်မယ်ဆိုတာတွေ၊ သူများနဲ့ မတူတဲ့ ကိုယ့်ရဲ့ အရည်အချင်း၊ အရည်အသွေး၊ ကျွမ်းကျင်မှုနဲ့ အောင်မြင်မှုတွေကို ဘယ်လိုဖေါ်ပြမလဲဆိုတာ စဉ်းစားစေချင်ပါတယ်။

Focus Approach (ဘယ်လိုနည်းလမ်းတွေနဲ့ သွားမလဲ)
ကိုယ်ကဘယ်နေရာမှာ အောင်မြင်ချင်တာလဲ ဆိုတာ သေချာသိပြီဆိုရင် ဘယ်နည်းလမ်းနဲ့ သွားမလဲဆိုတာ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီး အာရုံစိုက်လုပ်စေချင်ပါတယ်။ ဥပမာ – ကိုယ်က အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်းပညာရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဘယ်လိုအရည်အချင်းတွေ၊ အရည်အသွေးတွေ၊ ကျွမ်းကျင်မှုတွေ စုဆောင်းဖို့၊ သင်ယူဖို့ လိုအပ်မလဲ။ တကယ်ပဲ သူများတွေထက် ထူးချွန်နေမှအချိန်တိုနဲ့ အောင်မြင်နိုင်မှာမို့ ကိုယ်နဲ့ ကိုက်ညီတဲ့၊ သင့်လျော်တဲ့ ပုံစံ၊ နည်းလမ်းကိုရှာပြီး အစွမ်းကုန်ကြိုးစားရမှာပါ။
ကိုယ့်ကို အထောက်အပံ့ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ၊ အစည်းအရုံးတွေရှိလား။ ဘယ်လိုပညာရပ်တွေကို ဘယ်အချိန်မှာ ဘယ်လိုသင်ယူမလဲ။ ဘယ်လိုပညာရှင်တွေရဲ့ စကားကို နားထောင်ပြီး လုပ်ဆောင်မလဲ။ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဘယ်လိုပြမလဲဆိုတာတွေ သေသေချာချာစဉ်းစား သုံးသပ်စေချင်ပါတယ်။

“လုပ်ဆောင်ဖို့ အဓိကနည်းလမ်း ၅ သွယ်”
Career Brand တစ်ခုကိုတည်ဆောက်ဖို့ လိုအပ်တဲ့ အချက်တွေကိုအကြမ်းဖျင်းဖေါ်ပြရရင်

1. Appearance ပြင်ပပုံပန်းသွင်ပြင်ကိုသက်ရောက်စေတဲ့ အချက်တွေ
ကိုယ့်ရဲ့ အပြင်ပန်း ဝတ်စားဆင်ယင်မှုတွေ၊ အင်တာဗျူး သို့မဟုတ် လုပ်ငန်းခွင်ထဲမှာ ဝတ်စားဆင်ယင်မှုနဲ့ သေသပ်သားနားမှု၊ မျက်နှာအမူအယာ၊ ကိုယ်ဟန်အမူအရာ၊ ကိုယ့် CV/cover letter ရဲ့ သန့်ရှင်းသပ်ရပ်မှု၊ ပရော်ဖက်ရှင်နယ်ကျမှု၊ ကိုယ့်ရဲ့ Facebook, Instagram, LinkedIn စတဲ့ ဆိုရှယ်မီဒီယာတွေ ပရိုဖိုင်တွေက ဘယ်လိုလဲ စတာတွေပါဝင်ပါတယ်။

2. Behavior အပြုအမူ
ကိုယ့်ရဲ့ သိတတ်လိမ္မာမှု၊ ယဉ်ကျေးရည်မွန်မှု၊ စိတ်နေစိတ်ထား၊ အမူအကျင့်တွေက ကိုယ်အောင်မြင်ချင်တဲ့ နယ်ပယ်၊ ကိုယ်လိုချင်တဲ့ ရာထူးနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာ ဆန်းစစ်စေချင်ပါတယ်။ EQ လို့ခေါ်တဲ့ စိတ်ခံစားချက်ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်၊ AQ လို့ခေါ်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ စွမ်းရည် ဒါတွေအကုန်လုံးက လေ့ကျင့်ယူလို့ရတဲ့ Skills တွေဖြစ်တာမို့ တိုးတက်လာအောင် လေ့ကျင့်ယူစေချင်ပါတယ်။ ဒါမှသာ ကိုယ်ကျင်လည်နေတဲ့၊ ကိုယ်ကျင်လည်ချင်တဲ့ နယ်ပယ်မှာ နာမည်ကောင်းကို တည်ဆောက်နိုင်မှာပါ။ လောကကျင့်ဝတ်တွေကို သိတတ်ခြင်းကလည်း ကိုယ့်ကို ကောင်းမွန်တဲ့ Career Brand တည်ဆောက်ဖို့ အထောက်အကူပေးနိုင်ပါတယ်။

3.Communication အပေါ်သက်ရောက်တဲ့ အကြောင်းအရာ၊ အချက်အလက်တွေ
ဘယ်လိုအချက်အလက်တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ နာမည်ကောင်းကိုတည်ဆောက်မလဲ စဉ်းစားထားစေချင်ပါတယ်။ ကိုယ့်ရဲ့ စကားပြောဆိုခြင်းစွမ်းရည်၊ ရှင်းလင်းတင်ပြနိုင်ခြင်းစွမ်းရည်က ဘယ်လိုရှိလဲ။ ကိုယ့်အကြောင်း၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ကိုယ့်အောင်မြင်မှုတွေကို ဆယ်စက္ကန့်လောက်အတွင်း ကြွားတဲ့ပုံစံမပေါက်စေဘဲ တဖက်လူနားလည်အောင် ပြောပြနိုင်တဲ့ Executive Pitch လိုမျိုး ပြင်ဆင်ထားဖို့လည်းလိုပါတယ်။ စာလေးတစ်ပုဒ်ဖတ်ဖူးပါတယ်။ ဘဝမှာ လူအများစုက ဘဝပြောင်းလောက်တဲ့ အခွင့်အလမ်းမျိုးကို အနည်းဆုံး ၂ ကြိမ် သုံးကြိမ်တော့ ရဖူးကြတာချည်းပါပဲ။ ဒါပေမယ့် ဘာကြောင့် လူတိုင်းက လိုချင်တဲ့ဘဝကို မတည်ဆောက်နိုင်သလဲဆိုရင် မသိလိုက်တာရယ်၊ မပြင်ဆင်ထားတာရယ်၊ တကယ်တမ်းရတဲ့အခါ တွေဝေတာရယ်ကြောင့်ပါတဲ့။ ကိုယ်ကဘယ်အချိန်မှာ အခွင့်အလမ်းကောင်းနဲ့ ကြုံကြိုက်မယ်မှန်းမသိတာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့က အရေးကြီးလှပါတယ်။

4.Social Media မှာတည်ဆောက်ထားတဲ့ ကိုယ့်ရဲ့ နာမည်ကောင်း
Online ပေါ်မှာ တည်ဆောက်ထားတဲ့ Career Brand ကလည်း အရေးကြီးတာမို့ Social Media Profile တွေမှာ ပရိုဖိုင်ပုံတွေ၊ headline လို့ခေါ်တဲ့ ခေါင်းစည်းတွေက ပရော်ဖက်ရှင်နယ်ကျရဲ့လား၊ ကိုယ့်ဆီမှာ ကိုယ်ပိုင် Channel တွေ၊ Websites တွေ၊ Blogs တွေရှိတယ်ဆိုရင်လည်း လေးစားလောက်တဲ့၊ ကိုယ်တည်ဆောက်ချင်တဲ့ ပုံရိပ်၊ နာမည်ကောင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ များများစားစားရှိသလား။ တခြားသော websites တွေ၊ ဆိုရှယ်မီဒီယာ Group တွေမှာ ကိုယ်ရှဲနေတဲ့၊ တင်နေတဲ့ အကြောင်းအရာတွေက ကိုယ့်နယ်ပယ်နဲ့ ကိုက်ညီမှုရှိသလား ဆိုတာလေးတွေ ဆန်းစစ်စေချင်ပါတယ်။ တစ်ရာရာခိုင်နှုန်းကြီး အလုပ်ကိစ္စ၊ ပရော်ဖက်ရှင်နယ် ဆန်ရမယ်လို့ မဆိုလိုပါဘူး။ ရာခိုင်နှုန်းတော်တော်များများရှိနေဖို့တော့ လိုအပ်တယ်လို့ ထင်ပါတယ်။ အနည်းဆုံးတော့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေကို သေသေချာချာဖေါ်ပြထားတဲ့ Linked In profile တစ်ခုတော့ရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

5.Values
ဘယ်လိုလူပဲဖြစ်ဖြစ် လူတစ်ဦးချင်းဆီမှာ ယုံကြည်လက်ခံထားတဲ့ အခြေခံမူတွေ၊ တန်ဖိုးတွေရှိပါတယ်။ ချစ်ခြင်းမေတ္တာ၊ စိတ်ကောင်းရှိမှု၊ သစ္စာရှိမှု၊ ယဉ်ကျေးရည်မွန်မှု၊ မေတ္တာတရား စတဲ့ အခြေခံတန်ဖိုးတွေ မပျောက်ပျက်သွားဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။ Career Branding စပြီး လုပ်နေတဲ့အချိန်မှာ မသိသာပေမယ့် နေရာတစ်နေရာကို ရောက်လာတဲ့အခါ၊ အပေါ်ကိုရောက်လာတဲ့အခါ အခြေခံမူတွေကို မမေ့သွားဖို့၊ လက်မလွှတ်လိုက်မိဖို့၊ အောင်မြင်ကြော်ကြားမှုနဲ့ သြဇာအာဏာနောက်ကိုပဲ ရာနှုန်းပြည့်မလိုက်သွားဖို့ အရေးကြီးလှပါတယ်။

“သတိထားသင့်တာတွေ”

– ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ပုံစံမျိုးဖမ်းပြီး လူအထင်ကြီးအောင် ရေးသားပြောဆိုတာတွေက ရေရှည်မခံပါဘူး။ ကိုယ်တိုင်တကယ်နှစ်သက်တဲ့၊ ကိုယ့်ရဲ့ ဘဝပုံစံ၊ ဘဝတန်ဖိုး၊ ယုံကြည်ချက်တွေနဲ့ ကိုက်ညီတဲ့ ရေးသားပြောဆိုပုံတွေကို ဆိုလိုတာပါ။
– ကိုယ့်မှာ အခွင့်အလမ်းတစ်ခုခုရလာမှ ထပြီး လုပ်တာထက် အစကတည်းက ဖြည်းဖြည်းချင်း တည်ဆောက်သွားတာက ကိုယ့်အတွက် ပိုလွယ်ကူသလို ကိုယ့်နဲ့ကိုက်ညီတဲ့ Brand ကို တဆင့်ချင်းပုံဖေါ်သွားလို့ရပါတယ်။
– စိတ်ပါတဲ့အချိန်မှထပြီး အကြီးကြီးတွေတည်ဆောက်၊ လုပ်လိုက်မလုပ်လိုက် ဖြစ်နေတာထက် သေးသေးလေးတွေကို တသမတ်တည်းဖန်တီးသွားတာက ပိုပြီးအလုပ်ဖြစ်တယ်လို့ ထင်ပါတယ်။ Branding မှာတော့ Consistency က အဓိကသော့ချက်ပါပဲ။
– Confidence လို့ခေါ်တဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေရှိလာအောင် ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုသာမက စိတ်ပိုင်းဆိုင်ရာနဲ့ ကျွမ်းကျင်မှုတွေ၊ အသိပညာ ဗဟုသုတတွေစဉ်ဆက်မပြတ်ဖန်တီးနေဖို့ လိုပါတယ်။ အမြဲအပြတ်လေ့ကျင့်နေဖို့လိုပါတယ်။
သေချာစဉ်းစားပြီး အချိန်ပေးတည်ဆောက်ထားရသလိုပဲ တကယ်တမ်းအခွင့်အလမ်းက ကိုယ့်ရှေ့ကိုရောက်လာတဲ့အခါ သတ္တိရှိရှိနဲ့ ဆုပ်ကိုင်ပြီး ဇွဲ၊ လုံ့လ၊ ဝိရိယနဲ့ ကြိုးစားမှသာ တကယ်တမ်းရေရှည်ခံတဲ့ Career Brand ကို တည်ဆောက်နိုင်မှာပါ။

ထက်ရည်

A brand is the set of expectations, memories, stories and relationships that, taken together, account for a consumer's d...
17/03/2023

A brand is the set of expectations, memories, stories and relationships that, taken together, account for a consumer's decision to choose one product or service over another.

Seth Godin

◾Brand ကို အဓိပ္ပာယ်ဖွင့်တဲ့ definition တွေ အများကြီးရှိပေမဲ့ Seth Godin ရဲ့ ရှင်းရှင်းလင်းလင်း ဖွင့်ဆိုချက်လေးကို သဘောကျမိပါတယ်။

◾Brand တစ်ခုဆိုတာ ဝယ်သူတစ်ယောက်အနေနဲ့ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ဝယ်တဲ့အခါမှာ ထည့်သွင်းစဉ်းစားတဲ့ အချက်လေးတွေကို စုပေါင်းပြီးခေါ်တာပါ။

ဒါကြောင့် Brand တစ်ခုကိုတည်ဆောက်မယ်ဆိုရင်

◾ဝယ်သူရဲ့ မျှော်လင့်ချက်ကို ဂရုစိုက်တာ..
◾အတွေ့အကြုံကောင်း တည်ဆောက်ပေးတာ..
လူတွေပြောကြတဲ့ ကိုယ့်ရဲ့ ကုန်ပစ္စည်း သို့မဟုတ် ◾ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ ပုံပြင်တွေနဲ့ အကြောင်းအရာ အချက်အလက်တွေကို သတိထားတာ..
◾ဆက်ဆံရေးကောင်းကောင်း တည်ဆောက်တာတွေက ပြိုင်ဘက်နဲ့ ယှဉ်လိုက်ရင် ကိုယ့်ကို အသာရစေမဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။

ထက်ရည်

Misconceptions about Brandingကိုယ်ပိုင်လုပ်ငန်းစတင်တော့မယ့်သူပဲဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူဖြစ်စေ၊ သို့မဟုတ် လုပ်င...
03/03/2023

Misconceptions about Branding

ကိုယ်ပိုင်လုပ်ငန်းစတင်တော့မယ့်သူပဲဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူဖြစ်စေ၊ သို့မဟုတ် လုပ်ငန်းတစ်ခုရဲ့ အရောင်းမန်နေဂျာနေရာ၊ Brand မန်နေဂျာနေရာမှာ ကိုယ်ကတာဝန်ယူထားတယ်ဆိုရင် Branding က မလုပ်မဖြစ်လုပ်ရမယ့် တာဝန်တစ်ခုဖြစ်လာပါတယ်။ ဘယ်လိုနယ်ပယ်မျိုးမှာ လုပ်နေနေ ဒီနေ့ခေတ်မှာ အပြိုင်အဆိုင် အရမ်းပဲ များလှတာမို့ Branding ကိုစတင် မလုပ်ခင်မှာ သိထားရမယ့် အချက်တွေအများကြီးရှိပါတယ်။

"မှားယွင်းတတ်တဲ့ အတွေးအခေါ်လေးတွေ"

၁။ Branding ကိုယ်တိုင် လုပ်စရာမလိုဘူး။

Branding ကတော့ Marketing Manager ရဲ့အလုပ်၊ ဒါမှမဟုတ် ကိုယ်က Branding ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုကို ပိုက်ဆံပေးပြီး အပ်လိုက်ပြီ။ ငါနဲ့မဆိုင်တော့ဘူး။ ကိုယ့်ရဲ့ Brand ကို ကိုယ်သွားချင်တဲ့ ပုံစံအတိုင်း တည်ဆောက်ခိုင်းရင် ရမှာပဲဆိုတဲ့ အတွေးသည် အလွန်ပဲမှားယွင်းပါတယ်။ ကိုယ့်လုပ်ငန်းနဲ့ ရေရှည်မျှာ်မှန်းချက်တွေအကြောင်း လုပ်ငန်းရှင်ကလွဲရင် ဘယ်သူမှ ၁၀၀ ရာခိုင်နှုန်းမသိတာမို့ Branding ကိုလည်း ကိုယ်တိုင်မလုပ်ရင်တောင် အမြဲ သတိထားစောင့်ကြည့်နေဖို့လိုပါတယ်။

၂။ ကိုယ့်ရဲ့ Product တွေကောင်းနေတာပဲ။

Products/ Services တွေ ကောင်းလို့ Branding လုပ်စရာမလိုဘူး ဆိုတဲ့အတွေးကလည်း မှားယွင်းတဲ့ နောက်ထပ်အတွေးတစ်ခုပါ။ ဒီနေ့ခေတ်လို ဝယ်သူတွေရဲ့ Loyalty ကျလာ၊ ဝယ်သူတွေက ရွေးချယ်စရာတွေအများကြီးရှိလာတဲ့အပြင် Technology နဲ့ globalization ကြောင့် အချိန်မရွေး ကိုယ့် ကုန်ပစ္စည်း ကိုယ့်ဝန်ဆောင်မှုထက်သာတဲ့ လုပ်ငန်းတွေက အချိန်မရွေးပေါ်လာမှာပါ။ ဈေးကွက်မှာ ကိုယ်တစ်ယောက်ပဲ ရောင်းနေလို့ ကိုယ့်ဆီက ဝယ်တာမဟုတ်ဘဲ ရွေးချယ်စရာတွေ အများကြီးထဲက ကိုယ့်ကို ရွေးချယ်ဖို့ ဆိုရင် Branding ကောင်းကောင်းလုပ်တတ်ရပါမယ်။

၃။ Logo လေးဆွဲ၊ လိပ်စာကဒ်လေးလုပ်လိုက်တာနဲ့ Brand ကောင်းသွားပြီလို့ထင်တာ။

၄။ မားကက်တင်းစရိတ် အများကြီးသုံးလိုက်တာနဲ့ Brand ကောင်းသွားပြီလို့ ယူဆတာ။

Marketing စရိတ်သုံးပြီးဆွဲဆောင်လို့ ရောင်းအားတက်တာနဲ့ ဝယ်သူတွေရဲ့ စိတ်နှလုံးထဲမှာ နာမည်ကောင်းကို တည်ဆောက်တာနဲ့ တခြားစီပါ။ တူတူတော့ သွားရမှာ မှန်ပေမယ့် သဘောတရားနဲ့ လုပ်ငန်းစဉ်တွေမတူပါဘူး။

၅။ ကိုယ့်လုပ်ငန်းက အကြီးကြီးမဟုတ်သေးလို့ Branding လုပ်စရာမလိုသေးဘူး။

ဒီအယူအဆသည်လည်း လွန်စွာမှားယွင်းပါတယ်။ Branding အတွက် စရိတ်ဘယ်လောက်သုံးတယ်ဆိုတာထက်ကို ကိုယ်တိုင်နဲ့ လုပ်ငန်းထဲကလူတွေက Branding ကို ဘယ်လောက်နားလည်သလဲဆိုတာက ပိုအရေးကြီးပါတယ်။

ကိုယ့်ကုမ္ပဏီရဲ့ Product တွေ Service တွေကို အမြဲတမ်း ပိုကောင်းအောင် ကြိုးစားနေ၊ Value တွေ တက်လာအောင် ထပ်ထပ်ပေးသလိုမျိုးပဲ ကိုယ့်ရဲ့ Brand ကို တက်လာအောင် တစ်ခါတည်း တွဲပြီးလုပ်သွားမယ်ဆိုရင် ကိုယ်နဲ့ဝယ်သူတွေကြားထဲမှာ ပိုပြီးယုံကြည်မှုရှိလာပါမယ်။ တခြားသော Product တွေ Service တွေ ထပ်ရောင်းချင်တယ်ဆိုရင်လည်း ဝယ်သူတွေရဲ့ ယုံကြည်မှုကိုတစ်ခါတည်း ရသားပြီးသား ဖြစ်တဲ့အတွက်ကြောင့် ဈေးကွက်ကိုထိုးဖေါက်ဖို့ ပိုပြီးလွယ်ကူ မြန်ဆန်လာပါမယ်။

Branding အတွက် ငွေကြေးအများကြီးသုံးတာ မသုံးတာနဲ့ မဆိုင်ပါဘူး။ Branding ရဲ့ Concept အခြေခံသဘောတရားတွေကို နားလည်လာအောင်လေ့လာစေချင်ပါတယ်။

ထက်ရည်

“3 Universal Truths about First Impression”မြင်မြင်ချင်းလေးစားမှုနှင့်သက်ဆိုင်သော ဥပဒေသ ၃ ချက်။လူတစ်ဦးနဲ့ တစ်ဦး ပထမဦးဆုံ...
08/02/2023

“3 Universal Truths about First Impression”

မြင်မြင်ချင်းလေးစားမှုနှင့်သက်ဆိုင်သော ဥပဒေသ ၃ ချက်။

လူတစ်ဦးနဲ့ တစ်ဦး ပထမဦးဆုံးအကြိမ် မြင်တဲ့အချိန်၊ တွေ့တဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြ၊ အကဲဖြတ်ကြလေ့ရှိပါတယ်။ တဖက်လူကဘယ်လိုလူမျိုးဖြစ်နိုင်တယ်ဆိုတာကို ဦးနှောက်က အလိုလိုသုံးသပ်ပြီး ဒီလူကတော့ဖြင့် ချမ်းသာတယ်၊ ဆင်းရဲတယ်၊ စိတ်ကောင်းရှိတယ်။ ယုံကြည်ရလောက်တယ်၊ မိမိကိုယ်ကို ယုံကြည်မှုရှိတယ် စသဖြင့် တစ်ဦးနဲ့တစ်ဦး သုံးသပ်ဆုံးဖြတ်လိုက်လေ့ရှိပါတယ်။

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် First Impression လို့ခေါ်တဲ့ စစချင်းအမြင်ကောင်းခဲ့ရင် ကိုယ့်ကို တဖက်လူကပိုပြီးအလေးထားပါတယ်။ ပထမဆုံးတွေ့တဲ့အချိန်မှာ ယုံကြည်လေးစားမှုမရခဲ့ရင် ဆက်ဆံရေးမှာ အခက်အခဲတွေရှိလာနိုင်ပါတယ်။ ရေရှည်နာမည်ကောင်းကို တည်ဆောက်ဖို့အတွက်ဆိုရင် First Impression က အရေးပါတဲ့ နေရာကနေ ပါဝင်တာမို့ သိသင့်တဲ့ ဥပဒေသ ၃ ချက်ကို ဖေါ်ပြပေးလိုက်ရပါတယ်။

၁။ First Impression ကိုတည်ဆောက်ဖို့ အချိန် တစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံကနေ ၃ စက္ကန့် အထိပဲ ကြာပါတယ်။

မြင်မြင်ချင်းလူတစ်ယောက်ကိုအကဲဖြတ်တဲ့အလုပ်ကို ဦးနှောက်က အလိုလိုလုပ်ပါတယ်။ လူလူချင်းမြင်တွေ့တာဖြစ်စေ၊ ဓါတ်ပုံကိုမြင်ရတာဖြစ်စေ၊ Online မှာမြင်ရတာဖြစ်စေ၊ စက္ကန့်ပိုင်းလေးအတွင်းမှာ တစ်ဖက်လူရဲ့ ပြင်ပပုံပန်းသွင်ပြင်၊ အဝတ်အစား၊ ကိုယ်ဟန်အမူအယာ၊ မျက်နှာအမူအယာ၊ အသံ၊ အသက်အရွယ်၊ ပြောပုံဆိုပုံ စတာတွေအပေါ်မူတည်ပြီး ဒီလူက ဘယ်လိုလူပါဆိုတာလို့ သုံးသပ်ပြီးသူနဲ့ကိုက်ညီတဲ့ တုံ့ပြန်မှုကို ပြန်ပေးပါတယ်။

တဖက်လူက ကိုယ့်ကို တော်တယ်၊ ထက်မြက်တယ်၊ ယုံကြည်စိတ်ချရတယ်၊ စမတ်ကျတယ်၊ သပ်ရပ်စွာနေထိုင်တတ်တယ် လို့ ထင်သွားတယ်ဆိုရင် ကိုယ်ပြောတဲ့စကားကိုအချိန်ပေးပြီးစိတ်ဝင်တစားနဲ့ နားထောင်ဖို့ အခွင့်အရေးများပါတယ်။ မဟုတ်ဘဲ မြင်မြင်ချင်း စက္ကန့်ပိုင်းအတွင်းမှာ ကိုယ့်ကို ယုံကြည်တဲ့စိတ်မဖြစ်ရင် နောက်ပိုင်းမှာ ကိုယ့်ကို ယုံကြည်လာဖို့၊ ကိုယ့်အယူအဆတွေကို အချိန်ပေးပြီးနားထောင်ဖို့နဲ့ လက်ခံဖို့ခဲယဉ်းပါလိမ့်မယ်။

အင်တာဗျူးသွားဖြေတဲ့အချိန်မှာ မသပ်မရပ်နဲ့ ဝတ်စားပြင်ဆင်သွားမယ်ဆိုရင် ကိုယ့်ကိုလည်း အလုပ်ကို မသပ်မရပ်လုပ်တတ်တဲ့၊ ပြီးစလွယ်လုပ်တတ်တဲ့သူလို့ ထင်သွားပါလိမ့်မယ်။ တကယ်တမ်းမှာ ကိုယ်က အလုပ်ကို သေသေချာချာလုပ်တတ်တဲ့သူ ဖြစ်နေနိုင်ပေမယ့် အဲဒီလို လုပ်ပုံကိုင်ပုံနဲ့ စွမ်းရည်ဆိုတာက သက်သေပြဖို့ အချိန်အများကြီးလိုအပ်တာကြောင့် First Impression မှာတင် ကိုယ့်ကို သဘောကျ၊ အခွင့်အရေးပေးဖို့လိုအပ်ပါတယ်။

၂။ Non-verbal behaviour လို့ခေါ်တဲ့ လက်ဟန်ခြေဟန်၊ မျက်နှာအမူအယာနဲ့ စိတ်ခံစားချက်တွေက First Impression ပေါ်မှာ အများဆုံးအကျိုးသက်ရောက်မှုရှိပါတယ်။

ကိုယ့်ရဲ့ မျက်နှာအမူအယာတွေက နှစ်လိုဖွယ်မရှိဘူး၊ တဖက်လူကို လေးစားမှုမရှိဘူး။ မျက်မှောင်က ကျုံ့နေမယ်။ နေတာထိုင်တာက ပျင်းရိငြီးငွေ့တဲ့ပုံစံပေါက်နေမယ်။ စိတ်တို၊ ဒေါသထွက်လွယ်တာကို တဖက်လူက မြင်နေရတယ်ဆိုရင် သေချာပါတယ်၊ ကိုယ့်ကို ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့လူတစ်ယောက်လို့ မြင်မှာမဟုတ်ပါဘူး။ တဖက်လူသဘောကျအောင် အရာအားလုံးလိုက်လုပ်နေစရာမလိုပေမယ့် လူမှုဆက်ဆံရေးမှာ တဖက်လူကို လေးစားတဲ့ဟန်အမူအရာတော့ ပြသဖို့လိုပါတယ်။

ငါက လူမှန်ပဲ၊ မဟုတ်တာမလုပ်ဘူး၊ ဒါကြောင့် ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘူးလို့တွေးမယ်ဆိုရင် လူတိုင်းနဲ့ အဆင်ပြေပြေဆက်ဆံနိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ခုနောက်ပိုင်းမှာ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တာကလည်း ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးလို့ သတ်မှတ်လာကြတာကြောင့် ခေါင်းဆောင်တွေအတွက်ဆိုရင်တော့ မရှိမဖြစ် လေ့ကျင့်သင့်တဲ့ skill တစ်ခုဖြစ်လာပါတယ်။

၃။ First Impressions တွေကနေ ရေရှည်သုံးသပ်ချက်တွေဖြစ်လာပါတယ်။

တစ်ဦးနှင့်တစ်ဦး မြင်မြင်ချင်းအကဲဖြတ်ကြတဲ့အခါ တဖက်လူရဲ့ ဆိုးတာ၊ ကောင်းတာတွေကို ဦးနှောက်ရဲ့ အရှေ့ခြမ်းမှာရှိတဲ့ Amygdala လို့ခေါ်တဲ့ အစိတ်အပိုင်းကနေ တုံ့ပြန်တယ်။ ဦးနှောက်ရဲ့ အခြားသောအစိတ်အိပိုင်းတွေနဲ့ ပေါင်းပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊ သုံးသပ်ချက်တွေ၊ ထင်မြင်ယူဆချက်တွေ ပေးပါတယ်။ နောက်ဆုံး Prefrontal Cortex လို့ခေါ်တဲ့နေရာကနေ ဒီလူကဘယ်လိုပါလို့ ဆုံးဖြတ်ချက်ချလိုက်ပြီးပြီဆိုရင် အဲဒါသည် အတည်ဖြစ်သွားပါပြီ။

နောင် လပေါင်းများစွာကြာတဲ့အခါ အဲဒီလူနဲ့ ပြန်တွေ့ရင်၊ သို့မဟုတ် သူ့ဓါတ်ပုံကို မြင်လိုက်ရင်တောင် အဲဒီအတိုင်းသုံးသပ်တယ်လို့ဆိုပါတယ်။ ကိုယ်က ဆယ်ခါမှာ တစ်ခါ အချိန်မလေးစားမိတာကြောင့် အချိန်မလေးစားတဲ့လူလို့ တဖက်က ထင်သွားနိုင်သလို တစ်ခါလေး စုတ်စုတ်ပြတ်ပြတ်နဲ့ ဈေးဝယ်သွားမိတဲ့အချိန်မှာ ကိုယ့်လက်အောက်က ဝန်ထမ်းနဲ့တွေ့ပြီး အလုပ်မှာပါ အရိုအသေတန်တာမျိုးတွေဖြစ်တတ်ပါတယ်။

ဆရာတစ်ယောက်အနေနဲ့ ပထမဆုံးအတန်းမှာ ကျောင်းသားတွေရဲ့ ယုံကြည်လေးစားမှုကို မခံရဘူးဆိုရင် သင်ကြားရေးမှာ အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ Halo Effect လို့လည်းခေါ်ပါတယ်။ ဒီလူတစ်ယောက်ကို သဘောကျသွားလို့ သူနဲ့ပတ်သက်တဲ့ အရာတွေကို လိုက်ပြီး သဘောကျတာမျိုး၊ သူပြောတာကို ယုံကြည်လက်ခံတာမျိုး၊ သူ့ခေါင်းဆောင်မှုနောက်ကို လိုက်တာမျိုးပါ။ First Impression က ရေရှည်ခံပြီး အစကနေ ပြန်လည်တည်ဆောက်ဖို့ ခဲယဉ်းတာကြောင့် အောင်မြင်တိုးတက်ချင်တဲ့ သူတစ်ယောက်အနေနဲ့ ကိုယ်ကျင်လည်တဲ့ နယ်ပယ်မှာတော့ လူလေးစားခံရဖို့၊ ကောင်းမွန်တဲ့ အမြင်တွေကို အစကတည်းကတည်ဆောက်ဖို့ အရေးကြီးလှပါတယ်။

ဒါကြောင့် မိသားစုထဲမှာ၊ နေ့စဉ်ဘဝမှာ၊ လုပ်ငန်းခွင်မှာ အဆင်ပြေပြေနဲ့ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့ အရေးပါတဲ့ First Impression ဥပဒေသ ၃ ခုကို မျှဝေလိုက်ရပါတယ်။

ထက်ရည်

Ref:
Amodio DM, Frith CD, (2006). Meeting of minds: the medial frontal cortex and social cognition. Nat Rev Neurosci. 2006 Apr; 7(4):268-77.

D'Argembeau A, Ruby P, Collette F, Degueldre C, Balteau E, Luxen A, Maquet P, Salmon E J . Distinct regions of the medial prefrontal cortex are associated with self-referential processing and perspective taking. Cogn Neurosci. 2007 Jun; 19(6):935-44.

Lasky, Jack (2020). Halo Effect. Salem Press Encyclopedia of Health.

LeClaire, Anne (2017). The Halo Effect. Lake Union Publishing.

Schiller D, Freeman JB, Mitchell JP, Uleman JS, Phelps EA (2009). A neural mechanism of first impressions. Nat Neurosci. 2009 Apr; 12(4):508-14.

အဖွဲ့အစည်းထဲက Personal Brand◾️Personal Branding ဆိုတာ လုပ်ငန်းရှင်တွေ၊ ခေါင်းဆောင်တွေအတွက်ကတော့ ကိုယ်နဲ့ ကိုယ့်ကုန်ပစ္စည...
27/01/2023

အဖွဲ့အစည်းထဲက Personal Brand

◾️Personal Branding ဆိုတာ လုပ်ငန်းရှင်တွေ၊ ခေါင်းဆောင်တွေအတွက်ကတော့ ကိုယ်နဲ့ ကိုယ့်ကုန်ပစ္စည်းကို၊ ကိုယ့်ဝန်ဆောင်မှုကို သို့မဟုတ် ပရဟိတ လုပ်တဲ့ လူကလည်း ကိုယ်လုပ်နေတယ်ဆိုတာကို အမှန်အတိုင်း လူသိအောင် ပြောခိုင်းတာ.. နေထိုင်ခိုင်းတာ..ဒါမှလည်း ကိုယ့်အကြောင်း၊ ကိုယ့် brand ကို မှန်မှန်ကန်ကန်သိနေပြီး ကူညီစရာရှိကူညီ၊ အားပေးစရာရှိ အားပေးရအောင်ဖြစ်ပါတယ်။

◾️အဖွဲ့အစည်းတွေ၊ သို့မဟုတ် ကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ၊ အငယ်တွေကျတော့ Personal Branding ကို လုပ်တဲ့နေရာမှာ ကိုယ်တိုင်အတွက်လည်းလုပ်၊ အဖွဲ့အစည်းစိတ်ဓါတ်လည်း ရှိအောင်လုပ်ဖို့လိုအပ်ပါတယ်။ တခါတရံမှာ Personal Brand ကိုပဲ ဦးစားပေးပြီး ငါပဲတော် ငါပဲတတ်ဖြစ်သွားတာ၊ ဘေးက အပေါ်က အောက်ကလူတွေကို မကြည့်တော့တာမျိုးကျ အဆင်မပြေပါဘူး။ ဆက်ဆံရေးတွေညံ့လာတာ၊ ငါတကောကော ကောတာတွေ ဖြစ်တတ်ပါတယ်။

ကျွန်မ Corporate training တွေသွားပေးတဲ့အခါ ဒီအကြောင်းအရာကို အလေးအနက်ထား ပြောရပါတယ်။

အဖွဲ့အစည်းထဲ၊ လုပ်ငန်းထဲမှာ ကိုယ့်ရဲ့ Personal Brand ပုံရိပ်ကောင်းအောင်၊ နာမည်ကောင်းတက်အောင် လုပ်ဆောင်နေသလိုပဲ ကိုယ့်အဖွဲ့အစည်းရဲ့ ပုံရိပ်နဲ့ နာမည်ကောင်းကိုလည်း တချိန်ထဲမှာ ထည့်စဉ်းစားဖို့လိုပါတယ်။

◾ဘာလို့ဆို ကိုယ် ဒီအဖွဲ့အစည်းထဲမှာ ရှိနေသရွေ့ အလုပ်လုပ်နေသရွေ့ ဒီအဖွဲ့အစည်းရဲ့ အရိပ်အောက်မှာ၊ Brand Umbrella အောက်မှာ ရှိနေတယ်ဆိုတာ မေ့နေလို့မရပါဘူး။

◾️အလုပ်ချိန်မှာပဲ ကောင်းကောင်းနေမယ်၊ အလုပ်ချိန်ပြီးတာနဲ့ နေချင်သလိုနေမယ်လို့ လုပ်လို့မရပါဘူး။ ဒါဆိုရင် အဖွဲ့အစည်းရဲ့ ပုံရိပ်ကျတာတွေ လုပ်မိနိုင်သလို တချိန်ထဲမှာပဲ ကိုယ့်ရဲ့ပုံရိပ်လည်း အလိုလိုကျလာနိုင်ပါတယ်။

◾လူကိုယ်တိုင်နဲ့ အဖွဲ့အစည်းနဲ့ကြားမှာ မျှတအောင် ဘယ်လိုတည်ဆောက်ရမှာလဲ?

◾️အဖွဲ့အစည်းတစ်ခုက puzzle လိုပါပဲ။ တစ်ခုပေါက်နေရင်၊ တစ်ကွက်ချို့ယွင်းနေရင် အဲဒီ puzzle က အဖြေမထွက်သလိုပဲ အဖွဲ့အစည်းထဲက လူတစ်ယောက်ကြောင့်လည်း အဖွဲ့အစည်း နာမည်ကျနိုင်ပါတယ်။
ထိပ်ဆုံးက ခေါင်းဆောင်သူ အရေးကြီးသလို၊ အလယ်က၊ အောက်ဆုံးက အဆင့်ဆင့်လူတိုင်းက အရေးပါပါတယ်။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုက ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို သိနေဖို့လိုအပ်ပါတယ်။

◾ကိုယ့်ကုမ္ပဏီ၊ အဖွဲ့အစည်းရဲ့ သွားချင်တဲ့ Brand Values ကိုသိမယ်ဆိုရင် ကိုယ့်ရဲ့ Brand Values နဲ့ ကိုက်အောင် ညှိယူလို့ရပါတယ်။

◾အဖွဲ့အစည်းနဲ့ လုပ်ဆောင်နေသူတွေအတွက် Personal Brand တည်ဆောက်နိုင်ဖို့ အကြံပြုချက်လေးတွေကို မျှဝေလိုက်ပါတယ်။

၁။ မိမိအဖွဲ့အစည်းရဲ့ Vision, Mission, Brand Values ကို သိအောင်လုပ်ပါ။

၂။ မိမိရဲ့ အားသာချက်၊ အားနည်းချက်ကို သိအောင်လုပ်ပါ။

၃။ အားသာချက်ကို focus လုပ်ပြီး အဖွဲ့အစည်းထဲက ကိုယ့်နေရာဟာ ဘာလဲ သိအောင်လုပ်ပြီး အဖွဲ့အစည်းထဲမှာ ကိုယ့်ရဲ့ Personal Brand ကို ဖြည်းဖြည်းချင်း တည်ဆောက်သွားပါ။
ဥပမာ - ဒီလူက မှတ်တမ်းရေးတာ အရမ်းတော်တယ်၊ ဒီလူက စေ့စပ်သေချာတယ်၊ ဒီလူက ပေါင်းသင်းဆက်ဆံရေးကောင်းလို့ ဒီနေရာမှာတော့ဖြင့် သူ့ကိုသုံးသင့်တယ် ဆိုတာမျိုး ဖြစ်လာပါလိမ့်မယ်။

၄။ ကိုယ့်ကို စေတနာရှိရှိနဲ့ သင်ပြပေးနိုင်မယ့်၊ ကိုယ့်အမှားကို ထောက်ပြပေးနိုင်မယ့် ဆရာ၊ mentor ရှာပါ။ Mentor ရှာပါဆိုတာ ခေတ်စကားနဲ့ပြောသလို ဆရာမွေး၊ တပည့်မွေးတာ မဟုတ်ပါဘူး။ ဆရာကိုမှီပြီး တက်ဖို့လည်း မစဉ်းစားပါနဲ့။ Mentor ကို အားလုံးပုံအပ်ပြီး ကိုယ့်ဘာသာ မစဉ်းစားတော့တာမျိုးလည်း မလုပ်ပါနဲ့။ ကိုယ့်ကို တကယ်စေတနာရှိပြီး အမှားကို ထောက်ပြပေးနိုင်တဲ့လူကိုပြောတာပါ။

၅။ နေ့တိုင်း၊ အပတ်စဉ်တိုင်းမှာ ကိုယ့်ရဲ့ တိုးတက်မှုကို စာရင်းပြုစုကြည့်ပါ။ Personal Brand တည်ဆောက်ဖို့ အဓိက လိုအပ်တဲ့ အချက်တွေဖြစ်တဲ့ Appearance (ပြင်ပပုံပန်းသွင်ပြင်)၊ Behavior (အပြုအမူ)၊ Communication (ဆက်ဆံရေး)၊ Knowledge (အသိပညာ ဗဟုသုတ)၊ Skills (ကျွမ်းကျင်မှု)၊ Abilities (စွမ်းဆောင်ရည်) တွေထဲက တစ်ခုခု တိုးတက်လာဖို့လိုပါတယ်။

◾သေချာတယ်၊ မလုပ်၊ မရှုပ်၊ မပြုတ် ဆိုတဲ့လူမျိုးကတော့ အစထဲက Vision နဲ့ အိပ်မက်မရှိသူမို့ Personal Brand၊ Personal Image တည်ဆောက်စရာ လုံးဝကို မလိုပါဘူး။

◾️Personal Branding concept သည် လူတိုင်းအတွက် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ လက်ရှိနေရာမှာ ရရှိတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး မိမိရဲ့ နာမည်ကောင်းတစ်ခု တည်ဆောက်ချင်တဲ့ လူများအတွက်သာ ဖြစ်ပါတယ်။ Personal Branding concept တွေကို အသုံးပြုပြီး မိမိရဲ့ ပုံရိပ်နဲ့ နာမည်ကောင်းကို အကောင်းဆုံး တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ထက်ရည်

"အဖွဲ့အစည်းတွေမှာ အပြောင်းအလဲလုပ်ဖို့လိုလာရင်"ခုနောက်ပိုင်း အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေလည်း ဆက်လက်ရပ်တည်နိုင်ဖို့ restru...
17/01/2023

"အဖွဲ့အစည်းတွေမှာ အပြောင်းအလဲလုပ်ဖို့လိုလာရင်"

ခုနောက်ပိုင်း အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေလည်း ဆက်လက်ရပ်တည်နိုင်ဖို့ restructure လုပ်ရတာတွေကအစ change လုပ်ရတာတွေ အများကြီးရှိလာပါတယ်။

ဘာတွေ ပြောင်းလဲသည်ဖြစ်စေ၊ Change process က ကြာသလို risk ရှိတာကြောင့် ခေါင်းဆောင်တွေအနေနဲ့ ထိရောက်တဲ့ change ဖြစ်ပါ့မလား၊ ဝန်ထမ်းတွေက လက်ခံပြီး လိုက်လုပ်ပါ့မလား၊ ရေရှည်မှာ လိုချင်တဲ့ ရလဒ်တွေ ရပါ့မလား စသဖြင့် စိတ်ပူတတ်ကြပါတယ်။

ကျွန်မ consulting လုပ်ပေးနေတဲ့ လုပ်ငန်းက CEO တစ်ယောက်ကို တနေ့က သတိပေးဖြစ်တာလေး မျှဝေချင်ပါတယ်။

🔳 ဘယ်လိုအပြောင်းအလဲပဲဖြစ်ဖြစ် လူတွေက ကြောက်ပါတယ်။ စိုးရိမ်ပါတယ်။ ဒါကြောင့် ပြောင်းလဲခြင်းဖြစ်စဉ် အောင်မြင်ဖို့ဆိုရင် Communication က တအားကို အရေးကြီးလာပါတယ်။

🔳 များသောအားဖြင့် ခေါင်းဆောင်တွေ final ဆုံးဖြတ်တဲ့လမ်းကြောင်းကို လိုက်ရတာမို့ ဝန်ထမ်းတွေအနေနဲ့ ခေါင်းဆောင်တွေကိုပဲ ကြည့်နေလေ့ရှိပါတယ်။

🔳ကိုယ်က စိတ်ပူပန်တာကို အမြဲပြမိနေရင် သူတို့လည်း စိတ်ပူပန်လာမှာပါပဲ။ ကိုယ်က တည်တည်ငြိမ်ငြိမ်နဲ့ ကိစ္စတွေကို ဖြေရှင်းပြရင် သူတို့လည်း စိတ်တည်ငြိမ်အောင် သင်ယူတတ်လာပါလိမ့်မယ်။ ဝန်ထမ်းတွေရဲ့ လေးစားချစ်ခင်ခြင်းကို ခံရတဲ့ ခေါင်းဆောင်ဆိုရင် ပိုပြီးတောင် ဂရုစိုက်ရပါတယ်။ ဘာလို့လဲဆိုတော့ ခေါင်းဆောင်ကို လေးစားတာကြောင့် action (လုပ်ဆောင်ချက်) တွေ နဲ့ behavior (အပြုအမူ) ကိုပါ အတုယူ copy လုပ်မိကြတာမို့ပါ။

🔳 ခေါင်းဆောင်တွေ အနေနဲ့ကလည်း ခုလိုအချိန်မှာ ကိုယ့်လုပ်ငန်းလည်ပတ်နိုင်ဖို့၊ ဝန်ထမ်းတွေကို လခပေးထားနိုင်ဖို့၊ အကြွေးများရှိခဲ့ရင် ဆပ်နိုင်ဖို့၊ အကြွေးမတင်ဖို့၊ အပြောင်းအလဲမှာ အဆင်ပြေနိုင်ဖို့ စိတ်ဖိစီးမှုတွေ အများကြီး ရှိတတ်တာကြောင့် အပြင် extrinsic (လစာ၊ ဝင်ငွေ, benefits) တွေကိုပဲ ကြည့်မိတတ်ပြီး intrinsic (စိတ်ခံစားချက်တွေ) ကို မေ့နေတတ်ကြပါတယ်။

🔳 ကိုယ်နဲ့ personality type တူတဲ့လူတွေကို အလိုလို သဘောကျတတ်ပြီး personality မတူ၊ အတွေးမတူ၊ အလုပ်လုပ်ပုံ မတူတဲ့သူတွေကို အလိုလိုနေရင်း ကြည့်မရဖြစ်တတ်ကြပါတယ်။

🔳 ဒါကြောင့် ခေါင်းဆောင်တွေ အနေနဲ့ every interaction တိုင်းမှာ သတိထားပြီး ဖွင့်ထားတဲ့ စိတ်နှလုံး (open mindset) နဲ့ သွားဖို့ အရေးကြီးပါတယ်။ ဝန်ထမ်းရဲ့ လုပ်ကိုင်ပုံ၊ ပြောဆိုပုံအပေါ်လိုက်ပြီး react လုပ် တုန့်ပြန်နေမဲ့အစား ကိုယ်က ဒီ communication ကို ဘယ်လိုပုံစံဖြစ်စေချင်သလဲ၊ ဒီမီတင်ကနေ ဘယ်လို ရလဒ်ထွက်စေချင်သလဲ ဆိုတာကို စဉ်းစားစေချင်ပါတယ်။

🔳 တွေ့ဆုံမှုတစ်ခုစီကို Intention လေး ထားစေချင်ပါတယ်။ ထိရောက်မှု (Effectiveness) ကို လိုချင်တာလား၊ ကိုယ့်ကို inspire ဖြစ်စေချင်တာလား၊ productivity တက်စေချင်တာလား၊ နားထောင်ခြင်း (listening) ပေးချင်တာလား၊ အပြုသဘောဆောင်တဲ့ ပြောဆိုဆက်ဆံမှု (positivity) ဖြစ်စေချင်တာလား၊ အလုပ်ပြီးမြောက်မှု (work done) လိုချင်တာလား ဆိုတာကို စဉ်းစားပြီး context ကို အရင်တည်ဆောက်မှသာ ကိုယ်လိုချင်တဲ့ ရလဒ်ဘက်ကို ဦးတည်နိုင်မှာ ဖြစ်ပါတယ်။

ထက်ရည်

✨မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။🌟စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ပျော်ရွှင်သော နှစ်သစ်အချိန်အခါကို ပိုင်ဆိုင်နိုင်ပါစေ။...
01/01/2023

✨မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။

🌟စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ပျော်ရွှင်သော နှစ်သစ်အချိန်အခါကို ပိုင်ဆိုင်နိုင်ပါစေ။

💛💛💛
Brand You Academy Team

🎄Merry Chistmas🎄ပျော်ရွှင်၊ အေးချမ်းသော Christmas အချိန်အခါလေး ဖြစ်ကြပါစေရှင်။မိသားစုများအားလုံး ကျန်းမာခြင်း၊ ချမ်းသာခြ...
25/12/2022

🎄Merry Chistmas🎄

ပျော်ရွှင်၊ အေးချမ်းသော Christmas အချိန်အခါလေး ဖြစ်ကြပါစေရှင်။
မိသားစုများအားလုံး ကျန်းမာခြင်း၊ ချမ်းသာခြင်း နှင့် ပြည့်စုံကြပါစေ။✨🎄

Brand You Academy Team 🎁

မင်္ဂလာပါရှင်လူငယ်တွေအတွက် ရည်ရွယ်တဲ့ Conference လေးတစ်ခု ကြော်ငြာပေးချင်ပါတယ်။AIESEC in Myanmar က ဦးစီးကျင်းပမယ့် Caree...
09/07/2022

မင်္ဂလာပါရှင်

လူငယ်တွေအတွက် ရည်ရွယ်တဲ့ Conference လေးတစ်ခု ကြော်ငြာပေးချင်ပါတယ်။
AIESEC in Myanmar က ဦးစီးကျင်းပမယ့် Career Gateway conference မှာဆိုရင် career နဲ့ ပတ်သက်ပြီး ဝေဝါးနေတဲ့သူတွေ၊ အခုမှ အလုပ်ခွင်စဝင်မယ့်သူတွေ၊ career choice နဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေသူတွေ အတွက်ရည်ရွယ်ပြီးတော့ ဆွေးနွေးပြောကြား ပေးသွားမှာဖြစ်ပါတယ်။

ဒီ Conference လေးရဲ့ Day 2: "The Future of Youth Employment" panel discussion မှာ မထက်ရည်က Panelist အဖြစ် ပါဝင်ပေးသွားမှာ ဖြစ်ပါတယ်။
~~~~
Date: 14 July 2022 - 17 July 2022
Time : 6:00 PM to 8:30 PM on 14,15
5:00 PM to 8:00 PM on 16,17
စိတ်ဝင်စားတယ်ဆိုရင် အောက်က Link လေးမှာ 12 July နောက်ဆုံးထားပြီး Free Register ပြုလုပ်နိုင်တဲ့ အကြောင်းလေး သတင်းကောင်းပါလိုက်ပါတယ်။
https://bit.ly/CareerGatewayConferenceRegistrationForm

အသေးစိတ်သိချင်တာများရှိရင်လည်း AIESEC in Myanmar မှာ စုံစမ်းနိုင်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်။
Brand You Team

07/01/2021

The Weekly Talks Programme
Episode : 157

"Accepting Body & Mind"

Brand You ကနေ တင်ဆက်နေကျ The Weekly Talks အစီအစဉ်လေးမှာ မထက်ရည် က "Accepting Body & Mind " ဆိုတဲ့ခေါင်းစဥ်နဲ့
မျှဝေပေးထားတာပဲဖြစ်ပါတယ်။

မိတ်ဆွေတို့အတွက် အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေ အတွက်လဲ မျှဝေပေးသွားပါအုံးနော်။ ကျေးဇူးတင်ပါတယ်။

Brand You

Merry Christmas to you all! 🎅နှစ်သစ်ကူးမှာ Brand You ရဲ့ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆ...
25/12/2020

Merry Christmas to you all! 🎅

နှစ်သစ်ကူးမှာ Brand You ရဲ့ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ချစ်ခင်စွာဖြင့်
Brand You Team

Address

No. 132, Yeik Thar 3rd Street, Wayzayantar Garden, Thinganyun
Yangon
11061

Alerts

Be the first to know and let us send you an email when Brand You - The Image Training Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Brand You - The Image Training Company:

Share