10/08/2019
နယ်ကအမျိုးသမီး။
နယ်မှာ မွေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ရတာ ကိုယ့်အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ပိုခက်တယ်လို့ခံစားရပါတယ်။
အိမ်ထဲက အပြင်ထွက်ခွင့်ရဖို့အရေးကိုတောင် သူငယ်ချင်းကောင်းရှိမှ သွားခွင့်ရပါတယ်။
အရွယ်ရောက်လာရင် အိမ်ထောင်ဖက်ကောင်းကောင်းရဖို့က အကြီးဆုံးရည်မှန်းချက်ကြီးလိုအသက်ရှင်ရတာကို စိတ်ပျက်မိပါတယ်။
မိန်းကလေးပဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ " မလုပ်ရတဲ့တားမြစ်ချက်တွေ "မရေမတွက်နိုင်ပါဘူး။
မိန်းကလေးပဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ" ကြောက်နေရမယ့် အရာတွေ" များပြားလှပါတယ်။
မိန်းကလေးပဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ "နိမ့်ကျခြင်းဆိုတဲ့ ခံစားချက်ကို "အမြဲ သတိရနေစေပါတယ်။
ဘယ်သူရဲ့သမီးကို ရာထူးဘယ်လောက်ကြီးသူက ဘယ်လောက်နဲ့တင်တောင်းသွားတယ်ဆိုတဲ့ စကားက ကျွန်မအတွက်တော့ အားကျစရာ မဖြစ်ခဲ့ပါဘူး။
ဘယ်သူရဲ့သမီးက ဘယ်သူဌေးရဲ့သားနဲ့ အိမ်ထောင် ကျပြီး ငါးထပ်တိုက်မှာ စိန်တွေစီနေအောင် နေရတဲ့ဆိုတဲ့ စကားက ကျွန်မကို အထင်မကြီးစေပါဘူး။
အမျိုးသမီးတယောက်ကရော- အရာရှိ မဖြစ်နိုင်ဘူးလား။ အမျိုးသမီး တယောက်ကရော ကိုယ်ပိုင်ဝင်ငွေနဲ့ ငါးထပ်တိုက်ဆောက်ပြီး စိန်တွေ မဝယ်နိုင်တော့ဘူးလား။ ဆိုတဲ့ မေးခွန်းတွေကို အားပေးကြမယ့်အစား- အမျိုးသမီး တယောက်ဖြစ်ရတာ - ကိုယ်လုံးလေးလှရမယ်။ မျက်နှာလေးချောရမယ်။ အိမ်တွင်းမှုနိုင်နင်းရမယ်။ ပညာတတ် ဘွဲ့ရတာလည်း ယောကျားဘက်က မနှိမ်ရုံသက်သက် ဆိုတဲ့ အတွေးအခေါ်တွေထဲမှာ နယ်ကမိန်းကလေး တစ်ယောက် အဖြစ် ကြီးပြင်းလာခဲ့ရပါတယ်။
ပထမဆုံး ရန်ကုန်မြို့ကြီးမှာ အခြေကျနိုင်အောင် ကြိုးစားခဲ့တယ်။ စားစရာမရှိလည်း ပညာတတ်တယောက်ဖြစ်အောင် သင်ယူခဲ့တယ်။ ဝန်ထမ်းဘဝ အဆင့်ဆင့်မှ ကိုယ်ပိုင်လုပ်ငန်းရှင်ပေါက်စလေး တယောက်ဖြစ်လာခဲ့တယ်။ ကျွန်မက နယ်က အမျိုးသမီးတစ်ယောက်ပါ။ စကားမပီပါဘူး။ သူစိမ်းတွေနဲ့စကားပြောရမှာ အရမ်းရှက်ပါတယ်။ လူများများရှိတဲ့ အသင်းအဖွဲ့တွေကိုလည်း ဝေးဝေးက ရှောင်ပါတယ်။အဲဒီအချိန်မှာ ဘဝကို တစ်ဆစ်ချိုးပြောင်းလဲ စေမယ့် အမျိုးသမီးတယောက်နဲ့ဆုံဆည်းခဲ့ရပါတယ်။
တစ်နေ့မှာတော့ မိတ်ဆွေတယောက်ဖိတ်တဲ့ စီးပွားရေး တွေ့ဆုံပွဲတစ်ခုမှာ စင်မြင့်ထက်မှာ စကားပြောနေတဲ့ အမျိုးသမီးတယောက်ကို တွေ့လိုက်ရပါတယ်။ သူ့လေသံကို နားထောင်လိုက်ရင် ဒါ ကျွန်မတို့ဒေသက လေသံမှန်း ခန့်မှန်းမိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ စကားပြောနေတဲ့ အမျိုးသမီး ကိုကြည့်ပြီး ကျွန်မကရော သူ့လိုစင်မြင့်ပေါ် စကားပြောနိုင်မလား လို့စတင်စဉ်းစားမိပါတယ်။ ကြည့်စမ်း။ သူတောင် ပြောနိုင်သေးတယ်။ ကျွန်မကရော ဘာလို့မကြိုးစားနိုင်ရမှာလဲ လို့ သူ့ဆီက ခွန်အားရလာမိပါတယ်။ သူကတော့ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်အသင်းက ယနေ့ဒု-ဥက္ကဌဖြစ်တဲ့ မြိတ်သူလေး မမဒေါ်နှင်းဝေပဲ ဖြစ်ပါတယ်။
အဲဒီနေ့ကစလို့ သူ့ကို လေးစားအားကျ အတုယူရင်း ကျွန်မ ကိုယ့်ရဲ့ကြောက်စိတ်တွေ။ မယုံမရဲဖြစ်မှုတွေ မရှိအောင် စတင်ကြိုးစားခဲ့ပါတယ်။ မမဒေါ်နှင်းဝေကလည်း ကျွန်မကို မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်အသင်းရဲ့ အသင်းဝင်တယောက်အဖြစ်လက်ခံပေးပြီး အများကြီးလက်တွဲခေါ်ခဲ့ပါတယ်။ နိုင်ငံတကာမှာ ပထမဆုံးပညာသင်ကြားခွင့်ရခဲ့ပါတယ်။ ကားအကြီးကြီးတွေမမောင်းရဲခဲ့တာ မမနှင်းဝေမောင်းတဲ့ကားကို စီးပြီး စမောင်းရဲခဲ့ပါတယ်။ ရေးရမယ်ဆိုရင် အများကြီးပါပဲ။ ယနေ့အထိ မမနှင်းဝေရဲ့အားပေးမှုတွေကြောင့် အမျိုးသမီးတွေကို ကိုယ့်အတွေ့အကြုံတွေပြန်ဝေငှပေးနေတဲ့ ကြည်ကြည် ဆိုတဲ့နေရာမှာ ယုံကြည်ချက်ရှိရှိ ရပ်တည်နေတာဖြစ်ပါတယ်။
လူတယောက်ကို အားကျနေရုံနဲ့ မပြီးပါဘူး။ သူ့ကို အားကျရင် ကိုယ့်ဘဝကိုရော ဘယ်လိုစတင်ပြောင်းလဲနိုင်မလဲဆိုတာကို စဉ်းစားသင့်တယ်လို့ ကျွန်မယူဆပါတယ်။
ကျွန်မလေးစားချစ်ခင်ရတဲ့ ကျွန်မဘဝရဲ့ Idol ဖြစ်တဲ့ မမဒေါ်နှင်းဝေက အမျိုးသမီးတိုင်းအတွက် အကျိုးရှိစေမယ့် - " how to motivate your life with positive attitude “ ခေါင်းစဉ်နဲ့ တစ်ရက်သင်တန်းလေးတစ်ခုကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် - ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ တက်တဲ့သူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံနဲ့အသိအမြင်တွေရစေမှာပါ။
မမဒေါ်နှင်းဝေရဲ့ ကိုယ်ရေးအကျဉ်း။
Business consultant and corporate training service ,motivational Speaker for Entrepreneurship
Managing Director,Linn Lei Shwe Sin Co.,LTD
ASEAN Women Entrepreneur Award Winner 2018
Myanmar women outstanding award winner2018
Women’s Entrepreneurship Day Myanmar Ambassador
Vice President, Myanmar Entrepreneurs’ Association
Bachelor of Arts (English)
Master of business and administration (Yangon institute of economics,Myanmar)
Master of Business Administration(Tokyo,Japan)(Full Scholarship for YLP)
Certificate in International Visitor Leadership Program,USA
Certificate in innovation workshop for ASEAN SMEs, South Korea
Certificate in women Entrepreneur Symposium (Bangladesh)
Certificate in Capacity Building program for Gender Equality Training,South Korea
Certificate in executive Management Program on industrial relations and Human Resources Management,(EREM) Tokyo,Japan
Certificate in China-ASEAN Women Entrepreneurs start up & Innovation Forum,China
Certificate in ASEAN-JAPAN YOUNG Entrepreneurs Partnership for Growth Forum,Cambodia
Certificate in TOT on entrepreneurship at a time meeting the needs of women,Israel
Certificate in TOT on gender and entrepreneurship,Philippines
Certificate in TOT on entrepreneurial Development Program bu UNIDO,Myanmar
Certificate in TOT on international Market Analysis,(CLMV),Vietnam
Certificate in ASEAN MSMEs development and action plan training,Bangkok,Thailand
Certificate in Leaders from Employers’ organization on Human Resources Management Training,Tokyo,Japan
သင်တန်းရက်- 23.8.19- သောကြာနေ့။
သင်တန်းချိန်- မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီထိ။
သင်တန်းကြေး- ၅ သောင်းကျပ်။
Kyi Kyi 2020 ရန်ပုံငွေထည့်ဝင်ထားသူများ - ၅၀% discount - ၂၅၀၀၀ ကျပ်။
( နေ့လည်စာ/ coffee time အတွက်ပါဝင်ပြီး)
သင်တန်းနေရာ- Kyi Kyi House
S12, ကမာကြည်အိမ်ယာ။ သံသုမာလမ်း။ သုဝဏ္ဏ။
ဖုန်း- 09263470795
ငွေကြိုသွင်းထားသူများသာ နေရာအတွက် စိတ်ချရပါမည်။
နယ်က အမျိုးသမီးဖြစ်နေလည်း မမဒေါ်နှင်းဝေလို ထက်မြက်ထူးချွန်သူ တစ်ယောက် ဖြစ်နိုင်ပါတယ်နော်။
ချစ်တဲ့ ကြည်ကြည်