ထိုင်းထီစင်ကာပူထီအောင်ဘာလေထီရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • ထိုင်းထီစင်ကာပူထီအောင်ဘာလေထီရောင်းဝယ်ရေး

ထိုင်းထီစင်ကာပူထီအောင်ဘာလေထီရောင်းဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ထိုင်းထီစင်ကာပူထီအောင်ဘာလေထီရောင်းဝယ်ရေး, S/Okkalapa, Yangon.

သမီးလေးနဲ့
10/06/2025

သမီးလေးနဲ့

၆ရက်၆လ သောကြာနေ့အထီး၄အမ ၃အထီး၁  အဖက်မတင်
10/06/2025

၆ရက်၆လ သောကြာနေ့
အထီး၄
အမ ၃

အထီး၁ အဖက်မတင်

မနက်ဖန်ထီဖွင်ပြီ
15/09/2023

မနက်ဖန်ထီဖွင်ပြီ

18/02/2023

ပုတိ ၊ ဘင်္ဂ ၊ မရဏ (၃)

ပြီးခဲ့တဲ့ Post တစ်ခုဖြစ်တဲ့ "ပုတိ ၊ ဘင်္ဂ ၊ မရဏ" အပိုင်း (၂)မှာ နာမည်တစ်ခုရဲ့ အစစာလုံးသော်၎င်း၊ အဆုံးစာလုံးသော်၎င်း ၊ မဟာဘုတ်ခွင်ရဲ့ "ပုတိ ၊ ဘင်္ဂ ၊ မရဏ" နဲ့ ငြိစွန်းနေရင် ဘဝဟာ ပြဿနာများတဲ့အကြောင်း ရေးသားခဲ့ပါတယ်။

အဲ့ဒီမှာ လူတော်တော်များများက မိမိတို့ရဲ့နာမည်ဟာ "ပုတိ ၊ ဘင်္ဂ ၊ မရဏ" နဲ့ ငြိမငြိ ကို ဘယ်လိုကြည့်ရမလဲဆိုတဲ့ မေးခွန်းဟာ အတော်အမေးများလာခဲ့ပါတယ်။

ဒါကြောင့် မိမိတို့ရဲ့နာမည်ဟာ "ပုတိ ၊ ဘင်္ဂ ၊ မရဏ" နဲ့ ငြိမငြိ အလွယ်ကြည့်နည်းလေးကို တင်ပြလိုက်ပါတယ်။

ပထမဆုံးက မိမိရဲ့ "မဟာဘုတ်အကြွင်းနှစ်" ကို တွက်ရပါမယ်။ မဟာဘုတ်အကြွင်းနှစ်ကို သိဖို့ မိမိမွေးဖွားတဲ့ မြန်မာသက္ကရာဇ်ကို သိရပါမယ်။ မြန်မာလိုမသိဘဲ အင်္ဂလိပ်ခုနှစ်ဘဲ သိတယ်ဆိုရင်တော့ အင်္ဂလိပ်ကနေ မြန်မာကို ပြောင်းရပါမယ်။

မိမိမွေးရက်ဟာ အင်္ဂလိပ်လို ဇန်နဝါရီလ (၁)ရက်နေ့ကနေ ဧပြီလ(၁၆)ရက် အတွင်းဖြစ်တယ်ဆိုရင် မိမိမွေးတဲ့ အင်္ဂလိပ်ခုနှစ်ထဲကနေ (၆၃၉) ဂဏန်းကို နုတ်ပါ။
ဧပြီလ (၁၇)ရက်နေ့ကနေ ဒီဇင်ဘာလ(၃၁)ရက် အတွင်းဖြစ်တယ်ဆိုရင် မိမိမွေးတဲ့ အင်္ဂလိပ်ခုနှစ် ထဲကနေ (၆၃၈) ဂဏန်းကို နုတ်ပါ၊ နုတ်လို့ရတဲ့ ဂဏန်းကို (၇)နဲ့စားပါ။ ရတဲ့အကြွင်းဟာ မိမိရဲ့ မဟာဘုတ်အကြွင်းနှစ်ဖြစ်ပါတယ်။
❗️(တစ်ခုသတိပြုရမှာက မြန်မာနှစ်ဆန်းတစ်ရက်နေ့ဟာ ဧပြီလ(၁၆)ရက်နေ့ဖြစ်နေတဲ့ နှစ်များမှာတော့ ဧပြီ(၁၅)ရက်နေ့အထိမွေးသူများ (၆၃၉)နုတ်ရပါမယ်၊ ဧပြီ ၁၆ရက်နောက်ပိုင်းဆို (၆၃၈)နုတ်ရပါမယ်)❗️

အဲ့လို မဟာဘုတ်အကြွင်းရလာပြီဆိုရင် အောက်ပါအတိုင်း ဆက်ကြည့်ပါ။

📖မဟာဘုတ် (၁)ကြွင်းနှစ်မှာ မွေးဖွားသူများအတွက်-
(၁) မိမိနာမည် အစလုံးဟာ တနင်္ဂနွေ(အ၊ ဥ) နှင့် ဗုဒ္ဓဟူး(ရ၊ယ၊လ၊ဝ) များဖြစ်နေလျှင်
(၂) မိမိနာမည် အဆုံးလုံးဟာ တနင်္ဂနွေ(အ၊ ဥ) ၊ ဗုဒ္ဓဟူး(ရ၊ယ၊လ၊ဝ) နှင့် တနင်္လာ(က၊ခ၊ဂ၊ဃ၊င) များဖြစ်နေလျှင်
(၃) မိမိနာမည် အစလုံးရော အဆုံးလုံးပါ တနင်္ဂနွေ(အ၊ ဥ) ၊ ဗုဒ္ဓဟူး(ရ၊ယ၊လ၊ဝ) နှင့် တနင်္လာ(က၊ခ၊ဂ၊ဃ၊င) များဖြစ်နေလျှင် - မိမိနာမည်ဟာ ပုတိ၊ ဘင်္ဂ၊ မရဏ ငြိစွန်းတဲ့နာမည် ဖြစ်ပါတယ်။

📖မဟာဘုတ် (၂)ကြွင်းနှစ်မှာ မွေးဖွားသူများအတွက်-
(၁) မိမိနာမည် အစလုံးဟာ တနင်္လာ (က၊ခ၊ဂ၊ဃ၊င) နှင့် ကြာသပတေး(ပ၊ဖ၊ဘ၊ဗ၊မ) များဖြစ်နေလျှင်
(၂) မိမိနာမည် အဆုံးလုံးဟာ တနင်္လာ (က၊ခ၊ဂ၊ဃ၊င) ၊ ကြာသပတေး(ပ၊ဖ၊ဘ၊ဗ၊မ) နှင့် အင်္ဂါ(စ၊ဆ၊ဇ၊ဈ၊ည) များဖြစ်နေလျှင်
(၃) မိမိနာမည် အစလုံးရော အဆုံးလုံးပါ တနင်္လာ (က၊ခ၊ဂ၊ဃ၊င) ၊ ကြာသပတေး(ပ၊ဖ၊ဘ၊ဗ၊မ) နှင့် အင်္ဂါ(စ၊ဆ၊ဇ၊ဈ၊ည) များဖြစ်နေလျှင် - မိမိနာမည်ဟာ ပုတိ၊ ဘင်္ဂ၊ မရဏ ငြိစွန်းတဲ့နာမည် ဖြစ်ပါတယ်။

📖မဟာဘုတ် (၃)ကြွင်းနှစ်မှာ မွေးဖွားသူများအတွက်-
(၁) မိမိနာမည် အစလုံးဟာ အင်္ဂါ(စ၊ဆ၊ဇ၊ဈ၊ည) နှင့် သောကြာ(သ၊ဟ) များဖြစ်နေလျှင်
(၂) မိမိနာမည် အဆုံးလုံးဟာ အင်္ဂါ(စ၊ဆ၊ဇ၊ဈ၊ည) ၊ သောကြာ(သ၊ဟ) နှင့် ဗုဒ္ဓဟူး(ရ၊ယ၊လ၊ဝ) များဖြစ်နေလျှင်
(၃) မိမိနာမည် အစလုံးရော အဆုံးလုံးပါ အင်္ဂါ(စ၊ဆ၊ဇ၊ဈ၊ည) ၊ သောကြာ(သ၊ဟ) နှင့် ဗုဒ္ဓဟူး(ရ၊ယ၊လ၊ဝ) များဖြစ်နေလျှင် - မိမိနာမည်ဟာ ပုတိ၊ ဘင်္ဂ၊ မရဏ ငြိစွန်းတဲ့နာမည် ဖြစ်ပါတယ်။

📖မဟာဘုတ် (၄)ကြွင်းနှစ်မှာ မွေးဖွားသူများအတွက်-
(၁) မိမိနာမည် အစလုံးဟာ ဗုဒ္ဓဟူး(ရ၊ယ၊လ၊ဝ) နှင့် စနေ (တ၊ထ၊ဒ၊ဓ၊န) များဖြစ်နေလျှင်
(၂) မိမိနာမည် အဆုံးလုံးဟာ ဗုဒ္ဓဟူး(ရ၊ယ၊လ၊ဝ) ၊ စနေ (တ၊ထ၊ဒ၊ဓ၊န) နှင့် ကြာသပတေး(ပ၊ဖ၊ဘ၊ဗ၊မ) များဖြစ်နေလျှင်
(၃) မိမိနာမည် အစလုံးရော အဆုံးလုံးပါ ဗုဒ္ဓဟူး(ရ၊ယ၊လ၊ဝ) ၊ စနေ (တ၊ထ၊ဒ၊ဓ၊န) နှင့် ကြာသပတေး(ပ၊ဖ၊ဘ၊ဗ၊မ) များဖြစ်နေလျှင် - မိမိနာမည်ဟာ ပုတိ၊ ဘင်္ဂ၊ မရဏ ငြိစွန်းတဲ့နာမည် ဖြစ်ပါတယ်။

📖မဟာဘုတ် (၅)ကြွင်းနှစ်မှာ မွေးဖွားသူများအတွက်-
(၁) မိမိနာမည် အစလုံးဟာ ကြာသပတေး(ပ၊ဖ၊ဘ၊ဗ၊မ) နှင့် တနင်္ဂနွေ(အ၊ ဥ) များဖြစ်နေလျှင်
(၂) မိမိနာမည် အဆုံးလုံးဟာ ကြာသပတေး(ပ၊ဖ၊ဘ၊ဗ၊မ) ၊ တနင်္ဂနွေ(အ၊ ဥ) နှင့် သောကြာ(သ၊ဟ) များဖြစ်နေလျှင်
(၃) မိမိနာမည် အစလုံးရော အဆုံးလုံးပါ ကြာသပတေး(ပ၊ဖ၊ဘ၊ဗ၊မ) ၊ တနင်္ဂနွေ(အ၊ ဥ) နှင့် သောကြာ(သ၊ဟ) များဖြစ်နေလျှင် - မိမိနာမည်ဟာ ပုတိ၊ ဘင်္ဂ၊ မရဏ ငြိစွန်းတဲ့နာမည် ဖြစ်ပါတယ်။

📖မဟာဘုတ် (၆)ကြွင်းနှစ်မှာ မွေးဖွားသူများအတွက်-
(၁) မိမိနာမည် အစလုံးဟာ သောကြာ(သ၊ဟ) နှင့် တနင်္လာ (က၊ခ၊ဂ၊ဃ၊င) များဖြစ်နေလျှင်
(၂) မိမိနာမည် အဆုံးလုံးဟာ သောကြာ(သ၊ဟ) ၊ တနင်္လာ (က၊ခ၊ဂ၊ဃ၊င) နှင့် စနေ (တ၊ထ၊ဒ၊ဓ၊န) များဖြစ်နေလျှင်
(၃) မိမိနာမည် အစလုံးရော အဆုံးလုံးပါ သောကြာ(သ၊ဟ) ၊ တနင်္လာ (က၊ခ၊ဂ၊ဃ၊င) နှင့် စနေ (တ၊ထ၊ဒ၊ဓ၊န) များဖြစ်နေလျှင် - မိမိနာမည်ဟာ ပုတိ၊ ဘင်္ဂ၊ မရဏ ငြိစွန်းတဲ့နာမည် ဖြစ်ပါတယ်။

မဟာဘုတ် (ဝ)ကြွင်းနှစ်မှာ မွေးဖွားသူများအတွက်-
1️⃣မိမိနာမည် အစလုံးဟာ စနေ (တ၊ထ၊ဒ၊ဓ၊န) နှင့် အင်္ဂါ(စ၊ဆ၊ဇ၊ဈ၊ည) များဖြစ်နေလျှင်
2️⃣မိမိနာမည် အဆုံးလုံးဟာ စနေ (တ၊ထ၊ဒ၊ဓ၊န) ၊ အင်္ဂါ(စ၊ဆ၊ဇ၊ဈ၊ည) နှင့် တနင်္ဂနွေ(အ၊ ဥ) များဖြစ်နေလျှင်
3️⃣မိမိနာမည် အစလုံးရော အဆုံးလုံးပါ စနေ (တ၊ထ၊ဒ၊ဓ၊န) ၊ အင်္ဂါ(စ၊ဆ၊ဇ၊ဈ၊ည) နှင့် တနင်္ဂနွေ(အ၊ ဥ) များဖြစ်နေလျှင် - မိမိနာမည်ဟာ ပုတိ၊ ဘင်္ဂ၊ မရဏ ငြိစွန်းတဲ့နာမည် ဖြစ်ပါတယ်။

နာမည်တစ်ခုဟာ ပုတိ၊ ဘင်္ဂ၊ မရဏ ငြိစွန်းနေရင် အကျိုးသက်ရောက်မှုများကတော့ -

- နာမည်အစမှာ ငြိနေရင် ဘဝအစ ပထမအရွယ်မှာ အခက်အခဲများခြင်း၊ အောင်မြင်ရေး ထင်တိုင်းမပေါက်ခြင်း၊ ရည်မှန်းချက်များ ဖြစ်မလာခြင်း၊ အနာရောဂါထူပြောခြင်းများကို ဖြစ်စေနိုင်ပါတယ်။
- နာမည်အဆုံးမှာ ငြိနေရင် ဘဝအလယ်နဲ့ အဆုံးပိုင်းမှာ အခက်အခဲပိုများလာခြင်း၊ ကြိုးစားသလောက် မအောင်မြင်ခြင်း၊ စီးပွားရေးအခက်အခဲအကြပ်အတည်းများကြုံရခြင်း၊ နာတာရှည် ရောဂါများ စွဲကပ်ခြင်း၊ အိုဇာတာ ညံ့သွားခြင်းများကို ဖြစ်စေနိုင်ပါတယ်။
- နာမည်အစရော အဆုံးပါ ငြိနေရင်တော့ နာမည်တစ်ခုရဲ့ အင်အားဟာ လုံးဝနီးပါးပျက်စီးသွားတတ်ပါတယ်။ ဘဝဟာ လူလူသူသူဖြစ်လာဖို့ အင်မတန်ခက်ခဲတတ်ပြီး ကောင်းစားလာပြန်ရင်လည်း ကြာရှည်မခံဘဲ ပြန်လည်ကျဆုံးသွားတတ်ပါတယ်။ ဘဝခရီး ကြမ်းတမ်းတတ်ပါတယ်။ အန္တရာယ်များတဲ့အလုပ်တွေနဲ့ အသက်မွေးရတတ်တယ်။

❗️တစ်ခုရှိတာ နာမည် အလယ်စာလုံးများမှာ ပုတိ၊ ဘင်္ဂ၊ မရဏ ညိနေရင်- နာမည် အစ နဲ့ အဆုံးတွေမှာ မှန်နေရင်တော့ ပြဿနာမရှိတာကို တွေ့ရပါတယ်။ နာမည်အစအဆုံးတွေမှာ မှားနေရင်တော့ အလယ်လုံးမှာ ပုတိ၊ ဘင်္ဂ၊ မရဏ ညိလာတာဟာ အညံ့ကို ပိုအားပေးသလို ဖြစ်တတ်ပါတယ်။

❗️ပုတိ၊ ဘင်္ဂ၊ မရဏ ညိစွန်းမှုဟာ ညိတဲ့သူတိုင်းကို မကောင်းကျိုးဖြစ်စေမလားလို့ မေးရင်တော့ လူတိုင်းတော့ မဖြစ်ပါဘူး။ မူလကံဇာတာ အားကောင်းသူတွေမှာတော့ မကောင်းကျိုး လွတ်နိုင်ပါတယ်။ သို့သော် ရာခိုင်နှုန်း နည်းပါတယ်။

လူ (၁၀၀)မှာ (၃၀%) လောက်သာ လွတ်နိုင်ပြီး (၇၀%) လောက်ကတော့ ပုတိ၊ ဘင်္ဂ၊ မရဏ ညိစွန်းမှု၏ ဆိုးကျိုးများကို ခံစားရနိုင်ကြောင်းပါခင်ဗျား။

မေတ္တာများစွာဖြင့်
ဒေါက်တာတင်ဗိုလ်ဗိုလ်(ကွန်ပျူဗေဒသုခုမ)

#ကွန်ပျူဗေဒသုခုမ #ရင်သွေးအမည်ပေး #ကလေးအမည်ပေး #လုပ်ငန်းအမည်ပေး

17/09/2022
စင်္ကာပူထီတစောင်၁၀၀၀၀KpayWave  ဖြစ်ကံစမ်းလို့ရပါတယ်ခင်ဗျ
17/09/2022

စင်္ကာပူထီ
တစောင်၁၀၀၀၀
Kpay
Wave ဖြစ်ကံစမ်းလို့ရပါတယ်ခင်ဗျ

တစောင်၈၀၀၀၂စောင်တွဲ၁၆၀၀၀Kpay Wave ဖြစ်ကံစမ်းလို့ရပါတယ်ခင်ဗျ
10/08/2022

တစောင်၈၀၀၀
၂စောင်တွဲ၁၆၀၀၀
Kpay
Wave ဖြစ်ကံစမ်းလို့ရပါတယ်ခင်ဗျ

တစောင်၇၅၀၀၂စောင်တွဲ၁၆၀၀Kpay  waveဖြစ်ကံစမ်းလို့ရပါတယ်ခင်ဗျ
09/06/2022

တစောင်၇၅၀၀
၂စောင်တွဲ၁၆၀၀
Kpay waveဖြစ်ကံစမ်းလို့ရပါတယ်ခင်ဗျ

Address

S/Okkalapa
Yangon

Telephone

+959795744284

Website

Alerts

Be the first to know and let us send you an email when ထိုင်းထီစင်ကာပူထီအောင်ဘာလေထီရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share