Silver Moon

Silver Moon We r rock.

အောင်​မြင်​မူ ဆီသို့...
21/07/2017

အောင်​မြင်​မူ ဆီသို့...

ကံကောင်းချင်သလား ကလေးတို့ရယ်စိတ်ကောင်းထားပါကွယ်။စိတ်ကောင်းထားလျှင် နှုတ်လည်းကောင်းကိုယ်ဟန်အမူအရာကြည့်လို့ကောင်း။ကိုယ်ကောင...
12/07/2017

ကံကောင်းချင်သလား ကလေးတို့ရယ်
စိတ်ကောင်းထားပါကွယ်။
စိတ်ကောင်းထားလျှင် နှုတ်လည်းကောင်း
ကိုယ်ဟန်အမူအရာကြည့်လို့ကောင်း။
ကိုယ်ကောင်း နှုတ်ကောင်း စိတ်ကောင်းလျှင်
ဖြစ်လာသမျှကောင်းမည်ပင်
ဖြစ်လာသမျှကောင်းစေဖို့
စိတ်ကောင်းထားကြစို့။

 #မြန်မာ့စီးပွားရေးအရမ်းကောင်းတဲ့ ပရောဂျက် ရှိတယ်။ သိန်း ၃၀၀ တော့ ၆ လ ရင်းရမှာ။ အမြတ်က ၂ ဆရှိတယ်။ သမာအာဇီဝ အလုပ်ပါ။ ဘယ်လ...
08/07/2017

#မြန်မာ့စီးပွားရေး

အရမ်းကောင်းတဲ့ ပရောဂျက် ရှိတယ်။ သိန်း ၃၀၀ တော့ ၆ လ ရင်းရမှာ။ အမြတ်က ၂ ဆရှိတယ်။ သမာအာဇီဝ အလုပ်ပါ။ ဘယ်လို ပရောဂျက်လဲ ဆိုရင် ပြောပြလိုက်တာနဲ့ ချက်ချင်းလင်းသွားမယ်။ ငွေရှိတဲ့ လူက ဘာဦးနောက်မှ သုံးစရာမလိုဘဲ မနက်ဖြန် ထလုပ်လို့ ရတယ်။ လွယ်တာမှ တအားလွယ်တယ်။ လူအများအတွက် လိုအပ်ချက်ကို အရေအတွက်နဲ့စားရမယ့် ပရောဂျက်ပါ။ ၁ သိန်းလောက်နဲ့ စလို့ရပေမယ့် mass product မလုပ်နိုင်ရင် ငွေရှိတဲ့လူ အုပ်သွားမှာ။ ဒီဟာ လွယ်လွန်းလို့ ငွေရှိတဲ့လူ ဘယ်သူများလုပ်လေမလဲလို့ စောင့်ကြည့်နေတာ ၂ နှစ်၊ ၃နှစ် ရှိနေပြီ။ ဒီနေ့အထိ တက်မလာ သေးဘူးဗျ။ ငွေတတ်နိုင်တဲ့ အကိုတစ်ယောက်ကို ကျွန်တော်ပြောပြနေမိတယ်။ သူက ဘာအလုပ်လဲ အတိအကျ တွင်တွင်မေးနေတယ်။ ကျွန်တော် သူ့ကို မပြောဖြစ်ခဲ့တော့ဘူး။ ကျွန်တော် ခဏ ခဏ အကျော်ခံရတာများတော့ စိတ်ထဲပဲ သိမ်းထားလိုက်တယ်။ ကျွန်တော် သူ့ဆီက လိုချင်တဲ့အဖြေက ညီလေး မင်းသေချာရင် တို့ စလုပ်လိုက်မယ် ဆိုတာပါ.....

ဒီတိုင်းပြည်ရဲ့ပြဿနာက ကြီးတယ်..
ဟိုနေ့က မိတ်ဆွေတစ်ယောက်နဲ့ စကားပြောမိတယ်။ သူ အရင်က ကြက်ဥ ဘဲဥ လုပ်တယ်။ တစ်လုံး ၃ ကျပ် မြတ်တယ်။ ဒါ သူ့လိုပဲ လုပ်ငန်းတူတွေအားလုံး တစ်ညီတည်း သွားနေတဲ့ အမြတ်ပေါ့။ စစလုပ်ခြင်း ၃ နှစ်လောက် အဆင်ပြေတယ်။ အခု သူ ရှုံးလို့ မလုပ်တော့ဘူး။ ဘာလို့လဲ။ သူ စျေးရောင်းမတော်လို့လား။ ကြက်ဥ ဘဲဥတွေပဲ အရည်သွေးမမီလို့လား။ သူ့လိုပဲ လုပ်ငန်းတူတွေ အတော်များများလည်း မလုပ်ကြတောဘူးတဲ့။ ကြက်တွေ ဘဲတွေပဲ မဥတော့လိုလား ... လားပေါင်း များစွာပေါ့ ...????

ညီလိုခင်ရတဲ့ ညီငယ်တစ်ယောက်ရှိတယ်။ သူက ငွေလေးစုလို့ ၁၆ ဘီးလား၊ ၁၂ ဘီးလား ထောင်တယ်။ ကုန်တွေကို တနင်္သာရီတိုင်းကနေ မြန်မာပြည်အပေါ် ရန်ကုန်အထိ ကုန်ပို့တာပေါ့။ တစ်စီးလုံး ၁၃ သိန်း၊ ၁၅ သိန်း ပို့တယ်။ အတက်ကုန်၊ အဆင်းကုန်နဲ့ အတော်ကို အဆင်ပြေတာပေါ့။ မိသားစုတွေ စိုစိုပြေပြေဖြစ်လာတော့ တစ်စီးက နှစ်စီးဖြစ်လာတယ်။ ဒါပေမယ့် အခုတော့ သူနဲ့ သူ့လို ကားတစ်စီးက စထောင်ခဲ့တဲ့ လုပ်ငန်းတွေ ရပ်တန့်လိုက်ရပြီ။ သူလည်း ကားတွေ အောက်စျေးနဲ့ရောင်းပြီး ကားရောင်းရတဲ့ အရင်းအနှီးလည်း တတိတိနဲ့ ပါးလာနေပြီပေါ့ .... သူ့တို့ ဝန်ဆောင်မှုတွေ ညံ့ခဲ့လို့လား။ ကုန်တွေ မပို့ကြတော့လို့လား။ ကားတွေ မကောင်းတော့လို့လား ....???????

မိုဘိုင်းဖုန်းခေတ်စက မိုဘိုင်းဖုန်းဆိုင် ရန်ကုန်မြို့ထဲမှာ တပည့်တစ်ယောက် ဖွင့်တယ်။ ဆိုင်လေးက သန့်၊ ပစ္စည်းစုံတော့ လူအတော်လေး ဝင်တာပေါ့။ အရောင်းအဝယ်တွေ ကောင်းလာတော့ လူသိများလာတာပေါ့။ သူလည်း ပစ္စည်းစုံအောင် နိုင်ငံခြားကိုယ်တိုင်သွား၊ ဝယ်ခြမ်း ပြန်ရောင်း။ အလုပ်က တဖြည်းဖြည်းကောင်းလာလိုက်တာ ဆိုင်ခွဲနောက်တစ်ခုဖွင့်ဖို့ ရည်ရွယ်ပါလေရော။ အဲ့လို ရည်ရွယ်တုန်းရှိသေးတယ် ... လုပ်ငန်းက တဖြည်းဖြည်း ဝင်ငွေတွေ နည်းလာ၊ ပစ္စည်းတွေ သောင်တင်ပြီး လုံးပါးပါးလာပြီး နောက်ဆုံး ဆိုင်ပါပိတ်လိုက်ရတယ် ... သူ့လိုပဲ တဖြည်းဖြည်းချင်း တက်လာတဲ့ ဆိုင်အချို့လည်း ပိတ်သွားခဲ့ရတယ်။ သူတို့ မကြိုးစားတော့လိုလား။ ဆိုင်က ဝန်ဆောင်မှုတွေ မကောင်းလို့လား ...?????

ကျွန်တော် မိုဘိုင်းဖုန်းနဲ့ပက်သက်လို့ မဂ္ဂဇင်းစာအုပ် ၁၀ နှစ်ကျော် ထုတ်ခဲ့တယ်။ မိုဘိုင်းဖုန်းအကြောင်းသိတဲ့ ဝန်ထမ်းဆိုလို့ အဲ့ခေတ် ရှိကိုမရှိတာ။ ဒါကြောင့် ဝန်ထမ်းတွေ အသစ်မွေးပြီး သင်ပေးခဲ့ရတယ်။ ပုံနှိပ်ပညာ၊ စာနယ်ဇင်းပညာ၊ ကွန်ပြူတာပညာ၊ မိုဘိုင်းဖုန်းပညာ၊ မားကတ်တင်းပညာတွေ နှစ်နဲ့ချီ လုပ်ငန်းအနစ်နာခံပြီး သင်ပေးခဲ့တယ်။ သူတို့ နားလည်တတ်ကျွမ်းတဲ့အခါ ကျွန်တော့်နားမှာ တစ်ယောက်မှ မရှိတော့ဘူး။ နောက်ဆုံး မဂ္ဂဇင်းတိုက်ကို ပိတ်ခဲ့ရတယ်။ ၁၀ နှစ်အတွင်း ဝန်ထမ်း ၃ သုတ် အလုပ်ခန့်ခဲ့ရတယ်။ သူတို့အားလုံး မရှိတော့ဘူး။ ကျွန်တော့်လို လုပ်ငန်းတွေ ရပ်တန့်ကုန်တယ် ... ကျွန်တော်တို့ ညံ့ခဲ့တာလား...???

ကျွန်တော့်မိတ်ဆွေတစ်ယောက်ရှိတယ်။ သူက မြန်မာနိုင်ငံ စူပါမားကတ်လောကမှာ ပထမဆုံးပဲ။ သူအခု နောက်ဆုံးရောက်ခဲ့ပြီး ရှိတဲ့စူပါမားကတ်တောင် အနိုင်နိုင်ဖြစ်နေတဲ့ အခြေအနေ ရောက်နေပြီပေါ့။ သူက လူတော်ပါ။ ဘာကြောင့် ကျဆုံးနေရတာလဲ။
အခုပြောပြတဲ့ အဖြစ်အပျက်တွေက တစ်ခု နှစ်ခု မကဘူး။ မြန်မာပြည်ရဲ့ SME စီးပွာရေးလုပ်ငန်းနယ်ပယ်စုံမှာ ဖြစ်နေတာတွေပေါ့။

ကြက်ဥ ရောင်းတဲ့လူတွေ ဘာလို့ မလုပ်တော့လဲ။ တိရိစ္ဆာန်အစာ ရောင်းတဲ့ကုမ္ပဏီကြီးက သူ အစာရောင်းလို့ရတဲ့အမြတ် ၅ ကျပ်ကို ၃ ကျပ်အရှုံးခံပြီး ကြက်ဥ ဘဲဥ လောကထဲ ဝင်သမတယ်။ ၃ ကျပ် အမြတ်လေးနဲ့လုပ်နေတဲ့ လုပ်ငန်းတွေ ကွဲကုန်တယ်။ ဒီကြားထဲ ကြက်ဥကို နိုင်ငံခြားကုမ္ပဏီက ဝင်ရောင်းတော့ လုပ်ငန်းရပ်လိုက်ရတော့တာပေါ့။

ကုန်ကားကြီး ထောင်စားတဲ့ လောကထဲ သဌေးခရိုနီကြီး ဝင်လာပြီး ကုန်ကားကြီးတွေ အများကြီးနဲ့ ဝင်ရင်းပြီး ကုန်ပို့ခကို ၅၀% ကျော်အထိ လျော့ချလိုက်တော့ ကျန်တဲ့ ကုန်ကားသမားတွေ လုပ်ငန်းရပ်တန့်ကုန်တာပေါ့။

မိုဘိုင်းဖုန်းဆိုင်လေး စဖွင့်ခဲ့တဲ့ တပည့်ဆိုင်ဘေးမှာ နောက်ဆိုင်တစ်ဆိုင် လာဖွင့်တယ်။ သူတို့က အရင်းသိန်း ၁၅၀၀ ရင်းပြီး သိန်း ၅၀၀ အရှုံးခံပြီး လုပ်ငန်းစကြတယ်။ ဘေးက တပည့်ဆိုင်က ဘယ်ခံနိုင်တော့မလဲ။ နောက်ဆုံး ဆိုင်ပါ ပိတ်လိုက်ရတာပဲ။ မိုဘုင်းဖုန်းလောကလည်း နောက်ပိုင်း ငွေနိုင်တဲ့လူတွေ နိုင်ငံခြားစက်ရုံတွေအထိပြေးပြီး reject တွေ ဝယ်၊ ဒီမှာ လက္ကားတွေ ဖြန့်၊ ဒိုင်တွေ လုပ် ဖြန့်၊ သူတို့ ပစ္စည်းမှ မရောင်းနိုင်ရင် ဆိုင်ပါပိတ်ရတဲ့ အခြေအနေတွေ ရောက်ကုန်တာပါပဲ။
မိုဘိုင်းဖုန်းမဂ္ဂဇင်းနှင့် မိုဘိုင်းဖုန်းပြုပြင်ရေးလုပ်ငန်းကို ၂၀၀၄ မှာ ကျွန်တော် စထုတ်ခဲ့တယ်။ ၁၀ နှစ်တိတိ ထုတ်ဝေနိုင်ခဲ့ပေမယ့် လုပ်ငန်းသက်တမ်းတလျောက် ဝန်ထမ်း သုံးခါလဲခဲ့ရတယ်။ အချိန်တွေသာ ကုန်သွားတယ် ... မဂ္ဂဇင်းက အောင်မြင်ပေမယ့် ငွေကြေးမှာတော့ မအောင်မြင်ခဲ့ဘူး။ ဝန်ထမ်းတွေကို မိုဘိုင်းဖုန်းနည်းပညာအကြောင်း အစကနေ သင်ပေးခဲ့ရတယ်။ သူတို့တတ်ကျွမ်းသွားတဲ့အချိန်မှာ ငွေပိုပေးပြီးခေါ်သွားတဲ့ လုပ်ငန်းတွေကြောင့် ပြန်မွေးရပြန်တယ်။ နောက်ဆုံး Telenor၊ Oreedo တို့မှာ လစာအရမ်းကောင်းလို့ ကူးသွားကြတယ်။ ကျွန်တော့်လို လုပ်ငန်းလေးတွေ ရပ်တန့်သွားခဲ့တယ်။ ငွေထုပ် ခုထိုင်ပြီး စျေးကွက်ထဲ ဝင်မွှေကြတာ စျေးနှုန်းအပြင် ဝန်ထမ်းတွေပါ ဆွဲစိကြတော့တယ်။

ကျွန်တော့်မိတ်ဆွေက စူပါမားကတ်ကို မြန်မာပြည်မှာ စချပြခဲ့တာပေါ့။ သူ စလုပ်တော့ အောင်မြင်ခဲ့တယ်။ ဒါပေမယ့် ဆိုင်ခွဲတွေဖွင့်မယ့် အချိန်မှာတော့ မြေစျေးကြီးတာကြောင့် တိုးချဲ့တာတွေ မလုပ်နိုင်ဘဲ ဒီအတိုင်း နေနေခဲ့ရတဲ့အချိန်မှာ ငွေကြေးချမ်းသာပြီး အာဏာပိုင် အသိုင်းအဝိုင်းတွေက စူပါမားကတ် ထလုပ်တော့တယ်။ ဘယ်သူမှ မပိုင်ဆိုင်နိုင်တဲ့ နေရာကောင်းတွေ အလကားနီးပါး ရကြတယ်။ ငွေကလည်း တောင့်၊ အာဏာကလည်း ရှိတော့ စူပါမားကတ်တွေ နိုင်ငံအနှံ့ နေရာကောင်းတွေမှာ ဖွင့်ကြတော့တယ်။ တကယ်ကြိုးစားပြီးလုပ်နေတဲ့ ကျွန်တော့မိတ်ဆွေလည်း လက်မှိုင်ချပြီး ရပ်တန့်လိုက်ရတော့တယ်။ စူပါမားကတ်ကြီးအုပ်စုဆိုရင် ကောင်းပေ့၊ နာမည်ကြီး ဆိုတဲ့ နိုင်ငံခြားကစားသောက်ကုန်တွေ၊ လူသုံးကုန်တွေကို အောက်လမ်းကနေ ကွန်တိန်နာနဲ့ကို သွင်းနိုင်ကြတယ်။
သူတို့ဆီမှာ လာတင်တဲ့ local supplier တွေဆို အမြတ် ၂၀% ကနေ ၃၅% အထိ ယူပြီး တင်ကြတယ်။ local supplier တွေကလည်း ပစ္စည်းရောင်းရဖို့ကိုပဲ လုပ်နေရရှာတော့ မျက်နှာငယ်နဲ့ ဆက်လုပ်နေကြရတာပေါ့။ တိုင်းပြည်မှာ အကောင်းဆုံဂေါင် လုပ်ငန်းတွေအကုန်လုံးဟာ ငွေကြေးချမ်းသာပြီး အာဏာရှိတဲ့လူတန်းစား ခရိုနီတွေ လက်ထဲမှာ အကုန်ရောက်နေတာပေါ့။ လုပ်ငန်းအသစ်တစ်ခု အခြေအနေကောင်းရင် သူတို့ ငွေနဲ့အာဏာ သုံးပြီး အရင်လုပ်နေသူတွေကို အမြန်မောင်းထုတ်နိုင်ခဲ့တယ်။
ငွေနဲ့အာဏာ ရှိတာကြောင့် ဘယ်လို လုပ်ငန်းအတွက်ဖြစ်ဖြစ် မြေတွေ၊ လုပ်ငန်းစက်ရုံတွေ၊ ဝန်ထမ်းတွေဟာ အဆင်သင့်ဖြစ်နေပြီးသားပေါ့။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကမ္ဘာကျော် အချိုရည် ကုမ္ပဏီကြီးက မြန်မာပြည်ပြန်လာတဲ့အခါ ကိုယ်စားလှယ်ကို ခရိုနီထဲကပဲ ရွေးချယ်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုရင် သူ့ဆီမှာပဲ လုပ်နိုင်တဲ့ အခြေအနေအပြည့်ရှိတာကြောင့်ပါ။ ယနေ့ ထိုခရိုနီက သူ့ထုတ်ကုန်တွေမှာပါ ကမ္ဘာ့နံပတ် ၁ တံဆိပ်ကို တပ်ဆင်ပြီး ရောင်းချတဲ့အထိ စျေးကွက်နေရာ ထိပ်ဆုံးရောက်နေပြီပေါ့။ ဒီတော့ မြန်မာနိုင်ငံသားပိုင် အချိုရည်ထုတ်လုပ်ရေးလုပ်ငန်းအချို့ ရပ်တန့်ခဲ့ရတော့တယ်။ ဒီရက်ပိုင်း ကြော်ငြာတစ်ခုမှာ အသီးအရွက်တွေကို အဆင့်မြင့်စိုက်ပျိုးပြီး ပြန်လည်ရောင်းချပေးနေတဲ့ ခရိုနီလုပ်ငန်းတစ်ခုကို တွေ့လိုက်ရတယ်။ အသီးအရွက်ကို အသန့်ရှင်းဆုံး အဟာရဓာတ်တွေ အပြည့်အဝနဲ့ ထုတ်လုပ်ရောင်းချမှာကို ကြိုဆိုပါတယ်။ ဒါပေမယ့် သူတို့က ငွေနိုင်လို့ ထုတ်လုပ်ကြတဲ့အခါ အပြင်က ငွေကြေးအနည်းငယ်နဲ့ စိုက်ပျိုးထုတ်လုပ်သူတွေ စျေးကွက်ကို တိုက်ရိုက်ထိခိုက်သွားမှာဖြစ်ပါတယ်။ အနည်းဆုံးတော့ သူတို့စူပါမားကတ်ထဲ ယခင်က ကုန်စိမ်းသွင်းပေးတဲ့ လုပ်ငန်းကတော့ အထိနာမှာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုဆိုးတာက နိုင်ငံခြားသားဝင်ပြီးလုပ်တဲ့ SME လုပ်ငန်းတွေပေါ့။ အခုဆိုရင် တိုင်းပြည်ထဲ ငွေကြေးချမ်းသာတဲ့ နိုင်ငံခြားသားတွေ ဝင်လာပြီ။ အချို့ဆိုရင် ဘီယာတောင် မြန်မာပြည်ထဲထုတ်နေတာ နှစ်ပေါင်း ၂၀ ကျော်နေပြီပေါ့။ သူတို့ မြန်မာပြည်ထဲမှာ လာလုပ်နေတာ အတော်တောင်များနေပါပြီ။ ခရီးသွားလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ဖက်ရှင်လုပ်ငန်း၊ ပစ္စည်းပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း စတဲ့ SME လုပ်ငန်းတွေမှာ မြန်မာပြည်သားအမည်ခံပြီး လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ နိုင်ငံခြားသားတွေဟာ မြန်မာတွေထက် ပိုမြင် ပိုသိတာကြောင့် သူတို့စီးပွားရေးလုပ်ငန်းတွေ သူတို့တိုင်းပြည်မှာ တိုးမရပေမယ့် ဒီမှာ အောင်မြင်ပါတယ်။ ဥပမာ - Yangon အမည် တပ်ထားတဲ့ ဖက်ရှင်လုပ်ငန်းဆိုရင် မြန်မာတို့ရဲ့ရှေးကဓာတ်ပုံတွေ အသုံးပြုပြီး အဝတ်အထည်အိတ် အကုန်ထုတ်လုပ်ရောင်းချနေတာ ယနေ့ဆို ထိုင်း၊ စင်္ကာပူအထိတောင် ဖြန့်ချိနိုင်နေပြီ။ နိုင်ငံခြားသားတွေ ဝင်လုပ်တော့ အခွန်တွေ တိုင်းပြည်ကရတာပေါ့လို့ တွေးထင်နေကြတာတွေ ရှိပါတယ်။ တကယ်တော့ သူတို့က ဝင်ငွေပြတာ တစ်ပြား နှစ်ပြားလောက်ပေါ်မှာသာ အခွန်ဆောင်သွားတာပါ။ ကျန်တာ သူ့တိုင်းပြည်ကို ပို့တော့တာပါပဲ။ ဥပမာ - အောက်လမ်းကနေ အဝတ်အထည်တွေ၊ လျှပ်စစ်ပစ္စည်းတွေ မြန်မာပြည်ထဲ အခွန်မပေးဘဲ ယူလာတယ်။ ရန်ကုန်၊ မန်းလေးနဲ့ နယ်အစုံမှာ ကြိုက်တာယူ ၃၀၀၀၊ ၅၀၀၀ ဆိုပြီး လိုက်ရောင်းတယ်။ သူရောင်းတဲ့စျေးက အင်မတန်ချိုတယ်။ ပစ္စည်းတွေက အရည်သွေးလည်း ကောင်းတာတွေလည်းရှိတော့ ဝယ်ကြအားပေးကြတယ်။ သူရောင်းတဲ့ပစ္စည်းက တရုတ်ပြည်မှာ သွားဝယ်တာထက်တောင် စျေးသက်သာနေတော့ အောင်မြင်တယ်။ ဒါပေမယ့် လူသုံးကုန်ပစ္စည်းဆိုတာ သိပ်မကြာခင်မှာ အမှိုက်ဖြစ်ပြီး လွှင့်ပစ်ရမယ့်ပစ္စည်းတွေပါ။ သူတို့ကတော့ ရောင်းလို့ရတဲ့ငွေတွေကို မြန်မာပြည်ရဲ့ သယံဇာတတွေဝယ်ပြီး သူ့တိုင်းပြည် ပြန်ပို့ပေးလိုက်တယ်။ အချို့ နိုင်ငံခြားသားပိုင် ခရီသွားလုပ်ငန်းတွေဆိုရင် သူတို့တိုင်းပြည်ကလူတွေကို ခေါ်တယ်။ လာလည်ပတ်တယ်။ အချို့ ခရီးစဉ်တွေဆို ဒေါ်လာ သောင်းချီတန်တယ်။ တကယ်တန်း အခွန်ရတော့ တစ်ပြားနှစ်ပဲ အပြင် သူတို့က အစစအရာရာ တတ်နိုင်တော့ နိုင်ငံသားပိုင် လုပ်ငန်းတွေက အလုပ်မဖြစ်တော့ဘဲ သူတို့ဆီကအလုပ် ပြန်မျှော်ရတဲ့ဘဝတွေ ဖြစ်ကုန်တာပါပဲ။

အဲ့ဒီလို မမျှတတဲ့ စီးပွားရေးလုပ်ငန်းတွေထဲကို နိုင်ငံသားစီးပွားရေးလုပ်လိုသူတွေက နောက်ပိုင်းမှာ ဘယ်သူမှ လက်ဝင်မလျှိုရဲအောင် ဖြစ်လာရတော့တယ်။ ဒီတော့ သိပ်ပြီးမပွန်းပဲ့တဲ့ ကား ဘက်မှာ ဝင်ရောက်မြှုပ်နှံကြတော့တယ်။ ကားမှာမြှုပ်နှံတဲ့အခါ မတည်ငြိမ်တဲ့ လိုတစ်မျိုး မလိုတမျိုး ကားမူဝါဒတွေကြောင့် သာမာန် ကားဝယ်ရောင်းတွေ စီးပွားပျက်သွားခဲ့ရပါတယ်။

စီးပွားရေးလုပ်ကြတယ်ဆိုတာ ပင်လယ်ရေလိုပဲ ဘယ်သူသုံးသုံး ဘယ်လိုသုံးသုံး အရေးမကြီးပါဘူး။ ကိုယ်ကြိုးစားရင် ကိုယ်ရမှာ။ ခရိုနီကြီးတွေ၊ အာဏာပိုင်ကြီးတွေလည်း ကြိုးစားခဲ့ရတယ်။ နိုင်ငံခြားသားတွေလည်း ကြိုးစားခဲ့တာပဲ။ ဒါပေမယ့် စီးပွားရေးဆိုတာ ပင်လယ်ရေ ဆိုပေမယ့် မြန်မာ့စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ပေးဖို့ တိုင်းပြည်အစိုးရမှာ တာဝန်ရှိပါတယ်။

စီးပွားရေး လက်ဝါးကြီးအုပ်မှု၊ စျေးကွက်ဖျက်စီးမှု၊ မတရားသော ယှဉ်ပြိုင်ခြင်းများ တားဆီးအရေးယူခြင်း၊ ငွေကြေးခဝါချမှု ဖော်ထုတ်အရေးယူခြင်း၊ စီးပွားရေးအခွင့်အလမ်းတွေ ဖော်ဆောင်ခြင်း၊ SME အစစ်အမှန်များကို အားပေးခြင်း၊ ခရိုနီနှင့် နိုင်ငံသားအမည်ခံ နိုင်ငံခြားသားလုပ်ငန်းတွေကို စိစစ်ခြင်း၊ နိုင်ငံတကာကထောက်ပံ့တဲ့ စီးပွားရေးလုပ်ငန်းထောက်ပံ့ငွေတွေကို သေချာစိစစ်အသုံးချခြင်း၊ ပို့ကုန်ဖွံဖြိုးရေးအပိုင်းတွေမှာ ပိုမိုအားထည့်ခြင်း၊ စီးပွားရေးလုပ်ငန်းငယ်နှင့် အလတ်စားများကို အစိုးရမှ ကူညီထောက်ပံ့ခြင်း စသည်တို့ကို ထိရောက်စွာ ဆောင်ရွက်သင့်ပါတယ်။ ဘာလုပ်ငန်းမဆို အပြိုင်ဆိုတာ ပေါ်လာစမြဲပါ။

ဒါပေမယ့် မိမိနိုင်ငံသားလုပ်ငန်းရှင်တွေကို အကာကွယ်ပေးမယ့် ဥပဒေတွေနဲ့ တရားမျှတစွာသာ ယှဉ်ပြိုင်နိုင်ဖို့သာ လိုအပ်ပါကြောင်း မြန်မာ့စီးပွားရေး ကြီးမားသောပြဿနာများ၏ အစိတ်အပိုင်းအချို့အား ရေးသားတင်ပြလိုက်ရပါတယ်

ကျောက်သင်ပုန်း pages မှ ကူယူခြင်းပါ

25.5.2017
Written By Zaw Phyo Li

ဗဟုသုတအနေနဲပါ အဲလိုတွေရှီရင်လည်း စဉ်းစားတွေဝေနေစရာလိုမေမထင်ပါ
အဓိက လိုအပ်ချက် က ကိုယ့်ရဲ့အကောင်းဆုံး ကြိုးစားမူ လို့ထင်ပါတေ # Silver Moon

ချစ်ခြင်းမေတ္တာ ဆိုတာ သူ့ဘာသူ ဒီအတိုင်း တည်ရှိနေရုံနဲ့ အဓိပ္ပါယ် မပြည့်စုံပါဘူး။ ပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာ မှာ သူ့အကျိုးေ...
08/07/2017

ချစ်ခြင်းမေတ္တာ ဆိုတာ သူ့ဘာသူ ဒီအတိုင်း တည်ရှိနေရုံနဲ့ အဓိပ္ပါယ် မပြည့်စုံပါဘူး။ ပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာ မှာ သူ့အကျိုးဆောင်ရွက်ပေးခြင်း သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဆိုတဲ့ လုပ်ဆောင်မှုရှိကို ရှိနေရပါမယ်။

Without health, there is no happiness nor success.No health, no wealth.ကျန်းမာခြင်းသည် လာဘ်ကြီးတပါးတဲ့။We should eat sui...
08/07/2017

Without health, there is no happiness nor success.
No health, no wealth.
ကျန်းမာခြင်းသည် လာဘ်ကြီးတပါးတဲ့။
We should eat suitable food that helps our health.
#မျိုးဂုဏ်ရည်

ဝါဆိုလပြည့် အချိန်အခါ မှစ၍ ဝေနေယ သတ္တဝါ အပေါင်းကိုယ်ကျန်းမာခြင်း စိတ်ချမ်းသာခြင်း တို့နဲ့ပြည့်စုံကြပါစေကြောင်းကျွန်တော်တိ...
08/07/2017

ဝါဆိုလပြည့် အချိန်အခါ မှစ၍ ဝေနေယ သတ္တဝါ အပေါင်း
ကိုယ်ကျန်းမာခြင်း စိတ်ချမ်းသာခြင်း တို့နဲ့
ပြည့်စုံကြပါစေကြောင်း
ကျွန်တော်တို့ရဲ့ Silver Moon မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျ။

07/07/2017

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဆယ်ဦး
၁ ဘီလ်ဂိတ် UA
၂ အမန်နီကိုအော်တီဂါ Spain
၃ ဝါးရန်ဘတ်ဖတ် UA
၄ ကားလို့စ် ဆလင်းမ် MakSiko
၅ ဂျက်ဖ်ဘီဇော့ UA
၆မတ်စ်ဇူကာဘတ် UA
၇ လာဂီအဲလီစန် UA
၈ Michelဘလွန်းဘား UA
၉ ချားလ်ကို့ချ် UA
၁၀ ဒေးဗစ်ကိုချ် UA

မျှော်လင့်ချက်တွေမပျောက်ဆုံးစေနဲ့=====================တကယ်တမ်းတော့ လူဆိုတာ နှာခေါင်းနဲ့အသက်ရှုပြီး မျှော်လင့်ချက်နဲ့အသက်ရ...
07/07/2017

မျှော်လင့်ချက်တွေမပျောက်ဆုံးစေနဲ့
=====================

တကယ်တမ်းတော့ လူဆိုတာ နှာခေါင်းနဲ့အသက်ရှုပြီး
မျှော်လင့်ချက်နဲ့အသက်ရှင်ကြတာပါ။ အောက်ဆီဂျင်
တွေရှုသွင်းနေပေမယ့် အချို့သူတွေဟာ တကယ်တမ်း
တော့ အသက်ရှင်နေကြတာမဟုတ်တော့ပါဘူး။ လူ
တစ်ယောက်ဟာ တကယ်တော့ မျှော်လင့်ချက်ဆိုတဲ့
အရာလေးနဲ့ အသက်ရှင်ကြတာပါ။ ဘာကိုမျှော်လင့်
သလဲ မေးရင်တော့ တစ်ယောက်နဲ့တစ်ယောက်မတူ
ကြပါဘူး။ ဒါပေမယ့်သေချာတာက Hopeတော့ ရှိနေ
မှဖြစ်မယ်။ Hopeမရှိရင် စိတ်ဓာတ်ကျပြီး လူ့ဘဝကြီး
ကို စိတ်ကုန်လာတတ်ပါတယ်။

မျှော်လင့်ချက်ရိုက်ချိုးခံရတဲ့အချိန်ဟာ ဘဝရဲ့အဆိုး
ဆုံးအချိန်တွေက တစ်ခုပါ။ ကျွန်တော်ကိုယ်တိုင်
ကြုံတွေ့ခဲ့ဖူးပါတယ်။ လူတွေဟာ အခက်အခဲဆုံး
အချိန်တွေမှာ ဦးနှောက်က ပုံမှန်တွေးတောနိုင်လေ့
မရှိကြပါဘူး။ မျှော်လင့်ချက်မရှိတော့ပဲ စိတ်ဓာတ်
အောက်ဆုံးကို ထိုးကျနေတဲ့ သူတစ်ယောက်ဟာ
အရာရာကို အဆိုးမြင်လာတတ်ပါတယ်။ သူအဆိုး
မြင်တာလည်း အကြောင်းရှိပါတယ်။ သူ့ဘဝမှာ
အကောင်းဆိုတာ မကြားဖူးသလောက်ကိုရှားပါး
နေလို့ပါ။ အဲ့ဒီလိုမျှော်လင့်ချက်မဲ့နေတဲ့သူတွေကို
ဖျောင်းဖျတဲ့အခါကျရင် ဘယ်တော့မှ Logic စကား
သွားမပြောပါနဲ့။ သာမန်အချိန်မှာ သင်ပြောတဲ့စကား
ကို သူယုံနိုင်ပေမယ့် စိတ်ဓာတ်အရမ်းကျနေတဲ့အချိန်
မှာတော့ သူ့ရဲ့ ဦးနှောက်ထဲက Logic ကျကျတွေးနိုင်
တဲ့အပိုင်းက အလုပ်မလုပ်တော့ပါဘူး။ သင်ဟာ
သူ့ဦးနှောက်ကို စကားလှမ်းမပြောနိုင်တော့ပါဘူး။

တစ်ခါတစ်လေ သားအဖ၊သားအမိကြားထဲမှာ
ကလေးတွေ အမေ၊အဖေဆုံးမတာကို "အမေက
လည်း နားညည်းလိုက်တာဗျာ"လို့ပြောတဲ့အခြေ
အနေမျိုးပေါ့။ တကယ်တော့ သားသမီးရဲ့ဦးနှောက်
က အဲ့ဒီအချက်မှာ ခံစားမှုစိုးမိုးနေပါတယ်။ ဒီတော့
Logicကျကျအရာတွေလာပြောနေရင် သူတို့တွေ
နားငြီးကြပါတယ်။ ခံစားမှုစိုးမိုးနေတဲ့သူကို ခံစားမှု
နဲ့ပဲ Engageလုပ်ရပါတယ်။ သူ့ဘက်ကစကားပြော
လာမှ သူဘာဖြစ်နေလဲသိမှာပါ။ ဒီအကြောင်းကို
ဘာလို့ပြောနေတာလဲဆိုတော့ ခံစားမှုစိုးမိုးနေတဲ့
သူ၊ မျှော်လင့်ချက်မရှိတော့တဲ့သူ၊ စတဲ့သူတွေရဲ့
ဦးနှောက်အလုပ်လုပ်ပုံတူလို့ ဖြစ်ပါတယ်။

မိမိပတ်ဝန်းကျင်မှာ မျှော်လင့်ချက်မဲ့သလိုဖြစ်နေ
တဲ့သူတွေရှိရင်လည်း တရားဟောသလို စကား
သွားပြောလို့မရပါဘူး။ သူတို့က မကောင်းတတ်လို့
သာနားထောင်ရင် နားထောင်မယ် ရင်ထဲမှာတော့
"သွားစမ်းပါဗျာ။ ကျွန်တော်/မ ခံစားနေရတာ ခင်ဗျား
ဘာမှ မသိပါဘူး"လို့ပဲ တွေးပါလိမ့်မယ်။ ဒီတော့
စိတ်ခံစားမှုနဲ့ ပက်သက်တာမျိုးက စလို့ရပါတယ်။
ဥပမာ အသဲကွဲနေတဲ့လူဆိုပါစို့။ "နင့်ဘဲက နင်နဲ့
မတန်ပါဘူးဟာ။ အဲ့ဒီကောင်အတွက် စိတ်ညစ်
မနေနဲ့။" စတာတွေမပြောသင့်ပါဘူး။ သူမသိတာ
မဟုတ်ဘူး။ သူသိပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ
သူကြားချင်တာ အဲ့ဒါမျိုးမဟုတ်ပါဘူး။ အဲ့ဒီစကား
တွေက စိတ်ညိမ်သွားရင်ပြောလို့ရပါတယ်။ များ
သောအားဖြင့် အားငယ်ချိန်မှာ လူတွေလိုအပ်တာ
က နားလည်ပေးမယ့် ပုခုံးပါ။ တရားချမယ့်သူ
မဟုတ်ပါဘူး။ တရားက အဲ့ဒီအချိန်ချလည်း
ခေါင်းထဲမဝင်ပါဘူး။

ဘယ်တော့မှ မျှော်လင့်ချက်တွေ မပျောက်ဆုံးပါ
စေနဲ့။ ပတ်ဝန်းကျင်မှာရှိရင်လည်း ဖေးမကူညီကြ
ပါ။

#မိုးရှင်း (I.M.T) ရေးသားသည်။

Photo credit : Pinterest

'သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့'ဆိုတဲ့ ကျွန်တော့်စာအုပ်
ကို ဝယ်လို့မရသေးသူများအတွက် ၁၉ကြိမ်မြောက်
ထပ်ပြီးထုတ်ဝေပေးထားပါတယ်။

07/07/2017

The most significant change in a person's life is a change of attitude. Right attitude produces right action.

Address

North Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when Silver Moon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share