T H A Company Online Registration Service & Consultancy

T H A Company Online Registration Service & Consultancy * New Company Registration (Myanmar)(DICA-MyCO Registration) & Related One Stop Services
(225)

သင်တန်းတွေသာ အစုံတက်၊ Certificate (လက်မှတ်) တွေသာ ဖိုင်တွဲနဲ့ အထပ်လိုက်ရနေပြီး... တကယ်တမ်း အပြင်မှာ အလုပ်ဝင်ရမယ့်အချိန်၊...
30/05/2026

သင်တန်းတွေသာ အစုံတက်၊ Certificate (လက်မှတ်) တွေသာ ဖိုင်တွဲနဲ့ အထပ်လိုက်ရနေပြီး... တကယ်တမ်း အပြင်မှာ အလုပ်ဝင်ရမယ့်အချိန်၊ ပိုက်ဆံရှာရမယ့် အချိန်ရောက်တော့ "ငါ တကယ် ဘာကို အကျွမ်းကျင်ဆုံးလဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်နေရပြီလား?
ယနေ့ခေတ် လူငယ်တွေကြားမှာ FOMO (Fear Of Missing Out) ဆိုတဲ့ သူများတွေလုပ်တိုင်း ကိုယ်မလုပ်ရရင် နောက်ကျကျန်ခဲ့မှာ ကြောက်တဲ့ စိတ်လေးတွေ ရှိတတ်ကြပါတယ်။
သူများတွေ Digital Marketing သင်လို့ လိုက်သင်တယ်၊ Graphic Design လည်း ခေတ်စားလို့ သွားတက်လိုက်တယ်၊ နောက်တစ်ခါ Programming ဆိုပြန်တော့လည်း ကောင်းမယ်ထင်လို့ သွားစမ်းကြည့်ပြန်ရော။
အကုန်လုံးကို ဟိုစပ်စပ် ဒီစပ်စပ် လိုက်လေ့လာနေတာ အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တကယ့် လက်တွေ့ လုပ်ငန်းခွင်ရဲ့ အမှန်တရားကတော့ ကွဲပြားပါတယ်။
"Generalist" (အစုံတတ်) တွေ နေရာပျောက်လာတဲ့ခေတ်
အရာအားလုံးကို ရေတိမ်မှာ ကူးခတ်နေသလို အပေါ်ယံလောက်ပဲ သိနေမယ်ဆိုရင် တကယ့်လက်တွေ့ လုပ်ငန်းခွင်မှာ သင်ဟာ အလွယ်တကူ အစားထိုးခံရဖို့ (Replaceable) အသေအချာပါပဲ။ အခုလို ပြိုင်ဆိုင်မှုများတဲ့ ခေတ်ကြီးမှာ လုပ်ငန်းရှင်တွေက "Jack of all trades" (အကုန်သိပေမယ့် ဘာမှ မကျွမ်းကျင်တဲ့သူ) တွေကို နေရာ သိပ်မပေးချင်ကြတော့ပါဘူး။
ကုမ္ပဏီတွေ တကယ်ရှာဖွေနေတာက ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါ အောက်ခြေကနေ အထွတ်အထိပ်ထိ နက်နက်ရှိုင်းရှိုင်း တတ်ကျွမ်းပြီး "ဒီကိစ္စဆိုရင်တော့ သူ့ဆီသွားမှ ရမယ်" လို့ လက်ညှိုးထိုးပြရလောက်တဲ့ "Domain Expert" (အစစ်တတ်တဲ့သူတွေ) ကိုပါ။
ကိုယ့်မှာ "ငါကတော့ ဒါကို ပိုင်တယ်" ဆိုတဲ့ Core Skill (ပင်မ ကျွမ်းကျင်မှု) တစ်ခုမှ မရှိဘဲနဲ့ အချိန်တွေသာ ကုန်သွားမယ်ဆိုရင် နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျောက်၊ စိတ်ဓာတ်တွေ ဝေလေလေဖြစ်ပြီး လမ်းခွပေါင်းစုံမှာ လည်ထွက်နေတတ်ပါတယ်။
အဖြေက "T-Shaped Professional" တစ်ယောက် ဖြစ်ဖို့ပါပဲ
ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် လူငယ်တွေကို အမြဲအကြံပေးချင်တာက "T-Shaped Professional" တစ်ယောက်ဖြစ်အောင် အရင်တည်ဆောက်ဖို့ပါပဲ။ နားလည်လွယ်အောင် လက်တွေ့ ဥပမာလေးတွေနဲ့ မျှဝေပေးချင်ပါတယ်။
T ရဲ့ ဒေါင်လိုက်မျဉ်း (The Vertical Line - Master of One)
ဒါက ကိုယ်တကယ် အသက်မွေးဝမ်းကျောင်းပြုမယ့်၊ ကိုယ့်ဘဝကို တည်ဆောက်မယ့် ပညာရပ်ပါ။ ဥပမာ- သင်က Graphic Designer တစ်ယောက် ဖြစ်ချင်တာဆိုပါစို့။ Software ထဲက Tool တွေသုံးတတ်ရုံ၊ ပုံလေးတွေ ဖြတ်ဆက်လုပ်တတ်ရုံလောက် အပေါ်ယံ သိတာမျိုး မဟုတ်တော့ဘဲ၊
Design Theory တွေ၊ Color Psychology (အရောင်တွေရဲ့ သဘောတရား)၊ Typography ကနေ စပြီး Branding အထိ လုံးဝ ဆရာတစ်ဆူဖြစ်တဲ့အထိ နက်နက်ရှိုင်းရှိုင်းကို တူးဆွရပါမယ်။ ဒါဟာ တခြားသူတွေ လွယ်လွယ်နဲ့ လိုက်မမီနိုင်တဲ့ "အစစ်တတ်" ဖြစ်အောင် အရင်လုပ်တာပါ။
T ရဲ့ အလျားလိုက်မျဉ်း (The Horizontal Line - Broad Knowledge)
ကိုယ့်ရဲ့ Main Skill ကို တကယ် ပိုင်နိုင်သွားပြီ၊ "ငါကတော့ Design ပိုင်းမှာ ဘယ်သူနဲ့ဖြစ်ဖြစ် ယှဉ်နိုင်တယ်" လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရပြီဆိုမှ တခြားဆက်စပ်ပညာရပ်တွေကို ဗဟုသုတအနေနဲ့ အပေါ်ယံ ဆက်လေ့လာပါ။
ဥပမာ - ကိုယ်က Graphic Designer ဆိုပေမယ့် Marketing သဘောတရားလေးတွေ နားလည်မယ်၊ Copywriting လေးနည်းနည်း သိမယ်၊ ဒါမှမဟုတ် AI Tool လေးတွေ သုံးတတ်မယ်ဆိုရင် အလုပ်ခွင်မှာ သင့်တန်ဖိုးက အဆပေါင်းများစွာ တက်သွားပါပြီ။ ဒါကတော့ "အစုံသိ" ဖို့ လုပ်တာပါ။
အခုပဲ ဘာတွေ စလုပ်သင့်လဲ?
အခုချိန်မှာ လမ်းပျောက်နေတယ်လို့ ခံစားရရင် ဒီအချက်လေးတွေကို အရင် စတင်ကြည့်ပါ-
ပြတ်သားပါ
သင်တန်းတွေ တွေ့တိုင်း မျက်စိမှိတ်ပြီး လိုက်မတက်ပါနဲ့တော့။ "ငါ တကယ် ဘာဖြစ်ချင်တာလဲ၊ ဘယ်အရာက ငါ့ကို မပျင်းမရိဘဲ ဆက်လုပ်ချင်စိတ် ဖြစ်စေလဲ" ဆိုတာကို အရင်ဆုံး ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ။
Focus ထားပါ
ရွေးချယ်ပြီးပြီဆိုရင် အဲ့ဒီလမ်းကြောင်းမှာ အနည်းဆုံး ၆ လ ကနေ ၁ နှစ်အထိ တခြားဘေးချော်မယ့် ဟာတွေကို လုံးဝ လှည့်မကြည့်ဘဲ အဆုံးထိရောက်အောင်သာ လျှောက်ပါ
တန်ဖိုးမြှင့်ပါ
ပညာရပ်တစ်ခုမှာ Specialists ဖြစ်နေခြင်းကသာ သင့်အတွက် ခိုင်မာတဲ့ အနာဂတ်နဲ့ တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို ဖန်တီးပေးနိုင်မှာပါ။
ကိုယ့်လမ်းကို အဆုံးထိ လျှောက်နိုင်တဲ့ ပညာရှင်တွေ ဖြစ်ကြပါစေ။
to original uploader.



#ထသက #ပသက
#𝐋𝐨𝐠𝐨𝐓𝐫𝐚𝐝𝐞𝐦𝐚𝐫𝐤𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞

#𝐈𝐏𝐋𝐀𝐖

အလုပ်များနိုင်ကြပါစေ၊နားနားနေနေရှိခြင်းဟာ မင်္ဂလာ တစ်ပါးပါ။လုံးဝနားနေရရင်တော့ ဒုက္ခကြီးကြီး ဆိုက်ပါပြီ၊ အလုပ်လုံးဝမရှိတေ...
26/05/2026

အလုပ်များနိုင်ကြပါစေ၊
နားနားနေနေရှိခြင်းဟာ မင်္ဂလာ တစ်ပါးပါ။
လုံးဝနားနေရရင်တော့ ဒုက္ခကြီးကြီး ဆိုက်ပါပြီ၊
အလုပ်လုံးဝမရှိတော့ပဲ နားလိုက်ပြီဆိုရင်...
စိတ်ထဲမှာ ဟာလာဟင်းလင်း စခံစားရပြီ၊
ဦးနောက်ထဲမှာ ဟိုတွေးဒီတွေး အတွေးနယ်လွန်ပြီ၊
ပတ်ဝန်းကျင်မှာ၊ ကိုယ့်တန်ဖိုးပဲ လုံးဝပျောက်ဆုံးသွားသလိုလို၊
အရေးပဲ လုံး၀ မပါတော့သလိုလို တစ်ယောက်ယောက်နဲ့ စကားပြောချင်ခဲ့ရင် သူများကို အချိန်ဖြုန်းနေသလိုလို၊
တစ်ဖြည်းဖြည်းနဲ့ စိတ်ဓါတ်ကျလာပါတယ်၊
တစ်ဖြည်းဖြည်းနဲ့ သိမ်ငယ်လာပါတယ်၊
ကိုယ်တစ်ယောက်တည်း လူပိုကြီးဖြစ်နေပြီလေ၊
ဒါကြောင့်မို့လို့၊ သူငယ်ချင်းတို့ရေ....
အလုပ်များကြပါစေ၊
အလုပ်များနေခြင်းဟာ ဆေးကောင်းတစ်လက်ပါ၊
စိတ်ရောဂါ အားလုံးကို ပျောက်ကင်းစေပါတယ်၊
စိတ်ညစ်ဖို့ အချိန်မရှိတော့ဘူး၊
အတင်းတုတ်ဖို့၊ အချိန်မပေးနိုင်တော့ဘူး၊
အတိတ်ကို လွမ်းဆွတ်နေဖို့ မအားလပ်တော့ဘူး၊
ဆွေးတယ်၊ အထီးကျန်တယ်၊ စတာတွေ၊ လုံးဝမခံစားရတော့ဘူး၊
အားနေတဲ့လူဟာ စိတ်လေလွင့်တယ်၊
အားနေတဲ့လူဟာ သံသယများတယ်၊
အားနေတံလူဟာ ပြဿနာ ရှာတယ်၊
တောင်တွေးမြောက်တွေး၊ အတွေးကမ္ဘာထဲမှာ အသက်ရှင်နေတယ်၊
ငါ့မိန်းမများ သူများနောက်ပါသွားပြီလား၊
ကိုယ့်ကလေးပဲ ပျက်စီးတဲ့အကျင့် ရသွားပြီလား၊
သူငယ်ချင်းတွေက ကိုယ့်ကို အထင်သေးသွားပြီလား၊
ဒါတွေအားလုံးကို ကုသဖို့၊ ဆေးကောင်းတစ်လက်ရှိတယ်၊
“ အလုပ်များခြင်း” ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို အလုပ်ရူပ်အောင် တွန်းအားပေးလိုက်ပါ၊
ရှောက်စဉ်းစားနေဖို့ အချိန်မရှိတော့ဘူး၊
စိတ်ညစ်ဖို့ အားအင်ကို မရှိတော့ဘူး၊
ငြီးငြူဖို့ လုံး၀ မအားလပ်တော့ဘူး၊
သူများအကြောင်းကို စဉ်းစားဖို့ အချိန်မရှိတော့ဘူး၊
အဲဒီတော့...
ကတောက်ကဆတွေ နည်းသွားပြီ၊
ပြဿနာတွေနဲ့ ဝေးသွားပြီ၊
အလုပ်ပြီးတော့ နောက်အလုပ် လုပ်ဖန်များတော့ တိုးတက်လာတယ်၊
အောင်မြင်မှု ရလာတယ်၊
ကိုယ့်ကိုယ်ကို အလုပ်များလာအောင် တွန်းအားပေးလိုက်ပါ၊
ဟိုတွေးဒီတွေးတဲ့ အကျင့်ပျောက်သွားမယ်၊
စိတ်ဓါတ်ကျတာတွေ၊ စိတ်အားငယ်တာတွေနဲ့ ဝေးသွားမယ်၊
အလကားနေရင်းနဲ့ စိတ်ညစ်နေတာတွေ၊
အလိုလိုနေရင်းနဲ့ ဒေါသထွက်တာတွေ၊
အားလုံးအားလုံး ပျောက်ကင်းသွားပါမယ်။
အလုပ်များတဲ့ဘဝဟာ ပျော်စရာကောင်းတဲ့ဘဝပါ။
တန်ဖိုးရှိတယ်၊ ဦးတည်ချက်ရှိတယ်။
အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတယ်။
ကျွမ်းကျင်မှု တိုးသွားတယ်၊
ဗဟုသုတ ပိုသွားတယ်၊
ဘဝလည်း ပိုမို တိုးတက်သွားပါတယ်၊
အလုပ်များနိုင်ကြပါစေ၊
to original uploader.



#ထသက #ပသက
#𝐋𝐨𝐠𝐨𝐓𝐫𝐚𝐝𝐞𝐦𝐚𝐫𝐤𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞

#𝐈𝐏𝐋𝐀𝐖

Focus မရှိရင် သင်ယူမှု မနက်ရှိုင်းဘူးအခုခေတ်မှာ Information မလုံလောက်တာ ပြဿနာမဟုတ်တော့ပါဘူး။အာရုံစူးစိုက်မှု မရှိတာက ပို...
21/05/2026

Focus မရှိရင် သင်ယူမှု မနက်ရှိုင်းဘူး
အခုခေတ်မှာ Information မလုံလောက်တာ ပြဿနာမဟုတ်တော့ပါဘူး။
အာရုံစူးစိုက်မှု မရှိတာက ပိုကြီးတဲ့ ပြဿနာပါ။
Video ကြည့်တယ်။
Post ဖတ်တယ်။
Course ဝယ်တယ်။
ဒါပေမဲ့ အာရုံမစိုက်နိုင်ရင် သင်ယူမှုက မနက်ရှိုင်းပါဘူး။
Deep Learning ဖြစ်ဖို့ Deep Focus လိုပါတယ်။
နေ့တိုင်း ၂၅ မိနစ်ပဲ ဖြစ်ဖြစ် ဖုန်းပိတ်ပြီး တစ်ခုတည်း သင်ယူပါ။
အဲဒီ ၂၅ မိနစ်က Scatter ဖြစ်နေတဲ့ ၂ နာရီထက် ပိုတန်ဖိုးရှိနိုင်ပါတယ်။
သင်ယူမှုရဲ့ အရည်အသွေးက အာရုံစူးစိုက်မှုရဲ့ အရည်အသွေးပေါ် မူတည်ပါတယ်။
to original uploader.



#ထသက #ပသက
#𝐋𝐨𝐠𝐨𝐓𝐫𝐚𝐝𝐞𝐦𝐚𝐫𝐤𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞

#𝐈𝐏𝐋𝐀𝐖

တစ်လကို သိန်း (၅၀) လောက် ပုံမှန်စုနိုင်ရက်နဲ့၊ တဖြည်းဖြည်း ဆင်းရဲလာတဲ့ ကျွန်တော့်မိတ်ဆွေ လူအများစုက ငွေရှာဖို့ကိုပဲ အာရု...
20/05/2026

တစ်လကို သိန်း (၅၀) လောက် ပုံမှန်စုနိုင်ရက်နဲ့၊ တဖြည်းဖြည်း ဆင်းရဲလာတဲ့ ကျွန်တော့်မိတ်ဆွေ
လူအများစုက ငွေရှာဖို့ကိုပဲ အာရုံစိုက်ကြပေမဲ့၊ ရလာတဲ့ ငွေကို ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာကိုတော့ သေချာ စဉ်းစားလေ့မရှိကြဘူး။
မကြာသေးခင်က ကျွန်တော့် မိတ်ဆွေတစ်ယောက်နဲ့ စကားစပ်မိတယ်။ သူက တစ်လကို အနည်းဆုံး သိန်း ၅၀ လောက် ပုံမှန် စုနိုင်တဲ့သူပါ။ "အဲ့ဒီငွေတွေ ဘာလုပ်ထားလဲ" လို့ မေးကြည့်တော့ သူပေးတဲ့ အဖြေက တော်တော်လေး အံ့ဩစရာကောင်းတယ်။
"ဘာလုပ်ရမှန်း မသိတာနဲ့ သေတ္တာထဲပဲ အသေထည့်သိမ်းထားတယ်။ တချို့ပိုက်ဆံတွေဆို မှိုတောင် တက်နေပြီ ထင်တယ်..." တဲ့။
စဉ်းစားကြည့်ပါ။ နေ့မအား ညမနား ပင်ပင်ပန်းပန်း ရှာထားရတဲ့ သွေးထွက်သံယို ပိုက်ဆံတွေက သေတ္တာထဲမှာ အလကားနေရင်း မှိုတက်နေတယ်ဆိုတာ တော်တော်လေး နှမြောစရာကောင်းပါတယ်။
ဒီထက်ပိုဆိုးတာက "ငွေကြေးဖောင်းပွမှု (Inflation)" ပါပဲ။
နာမည်ကြီး စာရေးဆရာ Robert Kiyosaki အမြဲပြောလေ့ရှိတဲ့ "Savers are Losers (ငွေစုတဲ့သူတွေဟာ ရှုံးနိမ့်သူတွေပဲ)" ဆိုတဲ့ စကားက လက်ရှိ
မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ဆို ကွက်တိပါပဲ။
ဘဏ်မှာစုရင်တောင် ရှုံးနေတဲ့ခေတ်မှာ၊ သေတ္တာထဲ ဒီအတိုင်း ထည့်သိမ်းထားတဲ့ အကြောင်းကတော့ ထွေထွေထူးထူး ပြောစရာတောင် မလိုတော့ပါဘူး။
ဥပမာလေး တစ်ခု ပြောပြမယ် -
✅ငွေကြေးဖောင်းပွမှုနှုန်းက တစ်နှစ်ကို အကြမ်းဖျင်း ၁၅ ရာခိုင်နှုန်းပဲ ထားပါတော့။
ဒီနှစ် ခင်ဗျားလက်ထဲမှာ သိန်း ၁၀၀၀ ရှိရင်၊ နောက်နှစ်ကျရင် အဲ့ဒီ သိန်း ၁၀၀၀ ရဲ့ တကယ့်ဝယ်ယူနိုင်စွမ်း (Purchasing Power) က ၈၅၀ သိန်းဖိုးပဲ ကျန်ပါတော့တယ်။
သေတ္တာထဲမှာ ပိုက်ဆံ အရေအတွက်က သိန်း ၁၀၀၀ အပြည့် ရှိနေပေမယ့်၊ တကယ့် တန်ဖိုးကတော့ လေထဲကို အငွေ့ပျံသွားတာပါ။ ဒါကြောင့် Financial Literacy (ငွေကြေးဆိုင်ရာ နားလည်တတ်ကျွမ်းမှု) က အခုခေတ်မှာ မရှိမဖြစ် လိုအပ်လာပါပြီ။
ဒါဆို ခင်ဗျားအနေနဲ့ ဘယ်လို စီမံခန့်ခွဲသင့်လဲ?
Emergency Fund (အရေးပေါ်သုံးငွေ): လိုအပ်တဲ့ ၆ လစာ (သို့) ၁ နှစ်စာ အရေးပေါ်ငွေကိုပဲ လွယ်လွယ်ကူကူ ထုတ်ယူသုံးစွဲလို့ရမယ့် နေရာမှာ ချန်ထားပါ။
Investment (ရင်းနှီးမြှုပ်နှံမှု): ပိုလျှံနေတဲ့ ငွေတွေကို ခေါင်းအုံးအောက်၊ စုဘူး၊ သေတ္တာထဲမှာ သွားမအိပ်ပါစေနဲ့။ ငွေက ငွေကို ပြန်ရှာပေးမယ့် (Make your money work for you) နေရာတွေဖြစ်တဲ့ အိမ်ခြံမြေ၊ ရွှေ၊ ရှယ်ယာ ဒါမှမဟုတ် ခင်ဗျားရဲ့ ကိုယ်ပိုင်စီးပွားရေး ချဲ့ထွင်တာမျိုးတွေမှာ စနစ်တကျ ရင်းနှီးမြှုပ်နှံပါ။
ငွေရှာရတာ ခက်ပါတယ်။ ဒါပေမယ့် အဲ့ဒီငွေကို တန်ဖိုးမကျအောင်၊ တိုးပွားလာအောင် စနစ်တကျ စီမံခန့်ခွဲဖို့က ပိုတောင် ခက်ပါသေးတယ်။
ငွေရှာရုံနဲ့ မပြီးပါဘူး... ငွေကို စီမံခန့်ခွဲဖို့လည်း မဖြစ်မနေ အာရုံစိုက်ပါ။
to original uploader.



#ထသက #ပသက
#𝐋𝐨𝐠𝐨𝐓𝐫𝐚𝐝𝐞𝐦𝐚𝐫𝐤𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞

#𝐈𝐏𝐋𝐀𝐖

"ခင်ဗျားထက်မှ မတော်တာ... ဘာလို့ သူက အဲဒီနေရာကို ရောက်နေတာလဲ"ခင်ဗျားထက် အရည်အချင်းမရှိတဲ့သူတွေက ခင်ဗျားလိုချင်တဲ့ ဘဝမျိုး...
19/05/2026

"ခင်ဗျားထက်မှ မတော်တာ... ဘာလို့ သူက အဲဒီနေရာကို ရောက်နေတာလဲ"
ခင်ဗျားထက် အရည်အချင်းမရှိတဲ့သူတွေက ခင်ဗျားလိုချင်တဲ့ ဘဝမျိုးကို ပိုင်ဆိုင်ထားတာ မြင်ရတဲ့အခါ ဒီလို အတွေးမျိုး ဝင်လာဖူးပါသလား? ခင်ဗျားက သူတို့ထက် ပိုသိတယ်၊ ပိုတတ်တယ်...
ဒါပေမယ့် လက်တွေ့မှာ သူတို့က ခင်ဗျားထက် ခြေတစ်လှမ်း အမြဲသာနေတယ်။
တကယ်တော့ ဒါဟာ ကံကြမ္မာကြောင့် မဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာ အရည်အချင်းသက်သက် (၂၀) ရာခိုင်နှုန်းလောက်ပဲ ရှိပြီး၊ ကျန်တဲ့ (၈၀) ရာခိုင်နှုန်းက Mindset နဲ့ လုပ်ရပ်တွေပေါ်မှာ မူတည်နေလို့ပါ။
ခင်ဗျားနဲ့ သူတို့ ဘာတွေ ကွာခြားသွားတာလဲ? အဖြေရှာကြည့်ကြရအောင်...
🔹 ၁။ သတ္တိပိုရှိတယ် (Action over Perfection)
ခင်ဗျားက "ငါလုပ်ရင် ဖြစ်ပါ့မလား၊ အမှားပါသွားရင် ရှက်စရာကြီး" ဆိုပြီး အရာအားလုံး အဆင်သင့်ဖြစ်မယ့်အချိန်ကို စောင့်နေချိန်မှာ သူတို့က ဇွတ်လုပ်ချလိုက်ပါတယ်။ ဥပမာ - စားသောက်ဆိုင်ဖွင့်ချင်တာကို ခင်ဗျားက ဆိုင်ခန်းအကျယ်ကြီး၊ အပြင်အဆင် အခမ်းအနားနဲ့မှ စလုပ်မယ်လို့ တွေးနေချိန်၊ သူတို့က လမ်းဘေး တွန်းလှည်းလေးနဲ့ဖြစ်ဖြစ်၊ အိမ်ကနေ အော်ဒါကောက်ပြီးဖြစ်ဖြစ် စရောင်းနေပါပြီ။ အရှုံးကို မကြောက်ဘဲ လုပ်ရင်းနဲ့ သင်ယူသွားကြတာပါ။
🔹 ၂။ ဆင်ခြေမပေးဘူး၊ အချိန်မဆွဲဘူး (Zero Excuses)
"နောက်မှလုပ်မယ်"၊ "အတွေ့အကြုံမရှိသေးလို့"၊ "အချိန်မရလို့" ဆိုတဲ့ စကားလုံးတွေ သူတို့ဆီမှာ မရှိပါဘူး။ ဥပမာ - "အရင်းအနှီးမရှိသေးလို့၊ အသိအကျွမ်းမရှိလို့" ဆိုပြီး ခင်ဗျားက အချိန်ဆွဲနေချိန်မှာ၊ သူတို့က ကိုယ်တတ်နိုင်တဲ့ ငွေပမာဏအနည်းငယ်နဲ့ပဲဖြစ်ဖြစ် ကုန်စုံဆိုင်လေး တစ်ဆိုင် ကောက်ဖွင့်လိုက်တာမျိုး၊ ရှိတဲ့မိတ်ဆွေတွေဆီကနေ အကူအညီတောင်းပြီး အလုပ်စလုပ်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ အလုပ်က သင်ပေးသွားမယ်ဆိုတာကို ကောင်းကောင်းကြီး နားလည်ထားကြပါတယ်။
🔹 ၃။ လူမှုဆက်ဆံရေးနဲ့ Connection ကောင်းတယ် (High EQ & Networking)
ဘယ်လောက်တော်တော် ဘုဂလန့်တိုက်တတ်ရင် ဘယ်သူမှ တွဲမလုပ်ချင်ပါဘူး။ စီးပွားရေးဆိုတာ လူတွေနဲ့ ချိတ်ဆက်လည်ပတ်ရတာပါ။ ဥပမာ - လက်ဖက်ရည်ဆိုင်ထိုင်ရင်ပဲဖြစ်ဖြစ်၊ ရပ်ကွက်ထဲမှာပဲဖြစ်ဖြစ် ခင်ဗျားက ကိုယ့်ဘာသာ တိတ်တိတ်လေးနေချိန်မှာ၊ သူတို့က အကုန်လုံးနဲ့ ရင်းနှီးအောင် စကားပြော၊ မိတ်ဆွေဖွဲ့ထားတတ်ပါတယ်။ ဒီလို လူချစ်လူခင်ပေါတဲ့အတွက် လုပ်ငန်းတစ်ခုစလုပ်ပြီဆိုတာနဲ့ ဖောက်သည်တွေ၊ ကူညီမယ့်သူတွေက သူတို့ဆီ အလိုလို ရောက်လာတတ်ပါတယ်။
🔹 ၄။ မပျင်းဘူး၊ အပင်ပန်းခံရဲတယ် (Relentless Ex*****on)
စကားနဲ့ပဲပြောပြီး လက်တွေ့မလုပ်တဲ့သူတွေကြားမှာ သူတို့က တိတ်တိတ်လေး အပင်ပန်းခံနေကြပါတယ်။ ဥပမာ - တခြားသူတွေ ပိတ်ရက်မှာ အိပ်ရာထဲကမထဘဲ အနားယူနေချိန်၊ သူတို့က မနက်စောစောထပြီး ဈေးသွားတာ၊ ကုန်ပစ္စည်းတွေ သွားရွေးတာ၊ ဒါမှမဟုတ် နောက်တစ်ပတ်စာ ရောင်းဖို့ဝယ်ဖို့ စာရင်းဇယားတွေ ထိုင်လုပ်နေတတ်ပါတယ်။ အပင်ပန်းခံရဲတဲ့သူက ပိုအောင်မြင်တာ သဘာဝပါပဲ။
🔹 ၅။ ကိုယ့်ကိုယ်ကို အမြဲတိုးတက်အောင်လုပ်တယ် (Continuous Learning)
ဖုန်းသုံးတာချင်းအတူတူ အကျိုးရှိအောင် သုံးတတ်ကြပါတယ်။ ဥပမာ - အပျော်အပျက် ဗီဒီယိုတွေချည်း ထိုင်ကြည့်မယ့်အစား၊ စိုက်ပျိုးရေးလုပ်ချင်ရင် စိုက်ပျိုးရေးနည်းစနစ်တွေ၊ အရောင်းအဝယ်လုပ်ချင်ရင် ဈေးကွက်အခြေအနေတွေကို YouTube နဲ့ Google ကနေတစ်ဆင့် နေ့စဉ် လေ့လာနေတတ်ပါတယ်။
🔹 ၆။ ပစ်မှတ်ကို ရှင်းရှင်းလင်းလင်း သိတယ် (Clear Vision)
ဘာဖြစ်ချင်မှန်း သေချာမသိတဲ့သူဟာ ဘယ်ကိုမှ ရောက်မသွားပါဘူး။ အောင်မြင်တဲ့သူတွေက သူတို့ လိုချင်တဲ့ ပန်းတိုင်ကို တိတိကျကျ ချမှတ်ထားပါတယ်။ ဥပမာ - "ချမ်းသာချင်တယ်" လို့ ယေဘုယျတွေးမယ့်အစား၊ "ဒီနှစ်ကုန်ရင် ငါ့ဆောက်လုပ်ရေးလုပ်ငန်းကနေ အိမ် (၃) လုံး အပြီးသတ် ဆောက်ပြီးရောင်းမယ်" ဆိုပြီး တိကျတဲ့ ပန်းတိုင်နဲ့ အစီအစဉ် ရှိကြပါတယ်။
🔹 ၇။ အကြိမ်ကြိမ် ကျရှုံးရဲတယ် (Resilience)
ခင်ဗျားက တစ်ခါရှုံးတာနဲ့ စိတ်ဓာတ်ကျပြီး လက်လျှော့လိုက်ချိန်မှာ သူတို့က (၁၀) ခါ ရှုံးလည်း (၁၁) ခါမြောက် ထပ်ကြိုးစားပါတယ်။ ဥပမာ - မွေးမြူရေးလုပ်ငန်း စလုပ်လို့ အရှုံးပေါ်သွားတဲ့အခါ ခင်ဗျားက စိတ်ဓာတ်ကျပြီး လက်လျှော့လိုက်ချိန်မှာ၊ သူတို့က ဘာကြောင့်ရှုံးတာလဲ (ရောဂါကြောင့်လား၊ အစာကျွေးတာ မှားလို့လား) ဆိုတာကို သုံးသပ်ပြီး နောက်တစ်ကြိမ် အမှားပြင်လို့ ထပ်ကြိုးစားပါတယ်။ ကျရှုံးမှုကို သင်ခန်းစာလို့ မြင်ပါတယ်။
🔹 ၈။ လိုက်လျောညီထွေ ပြောင်းလဲတတ်တယ် (Adaptability)
ခေတ်နဲ့အညီ အမြဲပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ ကိုယ်သိထားတဲ့ အဟောင်းတွေမှာပဲ ဖက်တွယ်မနေပါဘူး။ ဥပမာ - ကိုယ်ရောင်းနေကျ ပစ္စည်းတစ်ခုက ဈေးကွက်ထဲမှာ လူကြိုက်နည်းသွားပြီဆိုရင်၊ "ငါလုပ်တတ်တာ ဒါပဲရှိတယ်" ဆိုပြီး ဆက်တောင့်ခံမနေဘဲ၊ အခုခေတ် လူတွေ ဘာကြိုက်လဲ ဆိုတာကို ချက်ချင်းလေ့လာပြီး ဈေးကွက်နဲ့ ကိုက်ညီမယ့် ပစ္စည်းအသစ်ကို ချက်ချင်း ပြောင်းရောင်းတတ်ကြပါတယ်။
🔹 ၉။ သူများအပေါ် မနာလိုစိတ် မထားဘူး (Abundance Mindset)
သူများအောင်မြင်ရင် အပြစ်ရှာမယ့်အစား ဘယ်လိုလုပ်လိုက်တာလဲ ဆိုတာကို လေ့လာပါတယ်။ ဥပမာ - ဘေးဆိုင်က ကိုယ့်ဆိုင်ထက် အရောင်းအဝယ် ပိုကောင်းနေရင် "သူတို့က ဈေးပေါပေါနဲ့ ရောင်းနေတာကိုး" ဆိုပြီး အပြစ်ရှာမယ့်အစား၊ သူတို့ရဲ့ ဖောက်သည်ဆက်ဆံရေး၊ ပစ္စည်းအရည်အသွေးတွေကို လေ့လာပြီး ကိုယ့်
လုပ်ငန်းအတွက် သင်ခန်းစာ ယူတတ်ပါတယ်။
🔹 ၁၀။ ဆုံးဖြတ်ချက် မြန်တယ် (Speed of Decision Making)
အခွင့်အရေးတစ်ခု လာရင် အချိန်ဆွဲမနေဘဲ ချက်ချင်း ဆုံးဖြတ်ချက်ချတတ်ပါတယ်။ အရာအားလုံး (၁၀၀) ရာခိုင်နှုန်း ပြီးပြည့်စုံတဲ့အချိန်ဆိုတာ ဘယ်တော့မှ မလာဘူးဆိုတာ သူတို့ သိလို့ပါ။ ဥပမာ - နေရာကောင်းလေးတစ်ခုမှာ ဆိုင်ခန်းငှားဖို့ အခွင့်အရေးရလာရင် အများကြီး အချိန်ဆွဲမနေဘဲ ချက်ချင်း ဆုံးဖြတ်ချက်ချတတ်ပါတယ်။ အခြေအနေ (၇၀) ရာခိုင်နှုန်းလောက် သေချာနေပြီဆိုရင် ကျန်တဲ့ (၃၀) ကို လုပ်ငန်းစတင်ရင်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ စိတ်နဲ့ ချက်ချင်း လက်ဝါးရိုက်လိုက်ပါတယ်။
to original uploader.



#ထသက #ပသက
#𝐋𝐨𝐠𝐨𝐓𝐫𝐚𝐝𝐞𝐦𝐚𝐫𝐤𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞

#𝐈𝐏𝐋𝐀𝐖

စာဖတ်တာနဲ့ သင်ယူတာ မတူဘူးစာဖတ်တာက Information ဝင်တာပါ။သင်ယူတာက Transformation ဖြစ်တာပါ။စာအုပ်တစ်အုပ် ဖတ်ပြီး ဘာမှ မပြောင...
18/05/2026

စာဖတ်တာနဲ့ သင်ယူတာ မတူဘူး
စာဖတ်တာက Information ဝင်တာပါ။
သင်ယူတာက Transformation ဖြစ်တာပါ။
စာအုပ်တစ်အုပ် ဖတ်ပြီး ဘာမှ မပြောင်းလဲရင် အဲဒါ Reading ပဲ ဖြစ်နိုင်ပါတယ်။
ဖတ်ပြီး အတွေးပြောင်းတယ်၊ ဆုံးဖြတ်ချက်ပြောင်းတယ်၊ အလုပ်လုပ်ပုံပြောင်းတယ်ဆိုရင် အဲဒါ Learning ဖြစ်ပါတယ်။
ဖတ်တဲ့အခါ မေးပါ —
ဒီစာက ငါ့ဘဝမှာ ဘယ်နေရာသုံးလို့ရလဲ။
ဒီအတွေးကို ငါ့အလုပ်မှာ ဘယ်လိုစမ်းမလဲ။
ဒီနေ့ကစပြီး ဘာတစ်ခု ပြောင်းမလဲ။
စာဖတ်သူဖြစ်ရုံနဲ့ မလုံလောက်ဘူး။
သင်ယူသူဖြစ်ပါ။
to original uploader.



#ထသက #ပသက
#𝐋𝐨𝐠𝐨𝐓𝐫𝐚𝐝𝐞𝐦𝐚𝐫𝐤𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞

#𝐈𝐏𝐋𝐀𝐖

ဟျောင့် မင်းဘယ်လောက် ချမ်းသာနေပြီလဲ ************************************(၁) ချမ်းသာကြွယ်ဝမှုကို ဘာနဲ့တိုင်းမလဲ။ ********...
15/05/2026

ဟျောင့် မင်းဘယ်လောက် ချမ်းသာနေပြီလဲ

************************************
(၁) ချမ်းသာကြွယ်ဝမှုကို ဘာနဲ့တိုင်းမလဲ။
************************************

"ဟျောင့် မင်းဘယ်လောက် ချမ်းသာနေပြီလဲ။" လို့မေးလာရင် အများစုက ရွှေငွေတိုက်တာလုပ်ငန်း သိန်းပေါင်း ဘယ်လောက်ဖိုးလောက် စုမိနေပြီ ချမ်းသာနေပြီ (ဒါမှမဟုတ် ကြွေးတင်နေပြီ) ဖြစ်ကြောင်း ပြောကြမှာပါ။

ဒါပေမဲ့ ချမ်းသာကြွယ်ဝမှု ကို ငွေကြေးဥစ္စာ ပမာဏနဲ့ မတိုင်းတာပဲ အချိန်နဲ့သာ တိုင်းတာသင့်ပါတယ်။

ဘယ်လိုတိုင်းတာသင့်လဲဆိုတော့ ...

ကျွန်တော်တို့ ဒီနေ့ကစပြီး ဝင်ငွေရတဲ့ အလုပ် ဘာမှ မလုပ်တော့ပဲ ကိုယ့်လက်ရှိစုဆောင်းထားတာလေးနဲ့ ထိုင်စားနေရင် ဘယ်လောက်ကြာကြာ ထိုင်စားနေနိုင်မလဲ။ အဲဒီမေးခွန်းရဲ့ အဖြေဟာ ကျွန်တော်တို့ရဲ့ လက်ရှိ ကြွယ်ဝချမ်းသာမှုပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ကြွယ်ဝချမ်းသာမှုက တစ်ရက်စာလား၊ တစ်လစာလား၊ တစ်နှစ်စာလား၊ ၁၀ နှစ်စာလား၊ တစ်ဘဝလုံးစာလား ဆိုတာ တွက်ချက်လို့ ရပါတယ်။

***************************************************
(၂) ကိုကို၊ မမနဲ့ ညီညီ - ငွေသခင် ဘယ်သူ အရင်ဖြစ်မလဲ။
***************************************************

မနေ့က ကိုကို၊ မမနဲ့ ညီညီ သူငယ်ချင်း သုံးယောက်ကိုပဲ ဥပမာထားကြည့်ရအောင်။

ကိုကို - တစ်လ သုံးငွေ ၄၅ သိန်း၊ တစ်လ စုငွေ ၅ သိန်း
မမ - တစ်လ သုံးငွေ ၁၂ သိန်း၊ တစ်လ စုငွေ ၃ သိန်း
ညီညီ - တစ်လ သုံးငွေ ၂ သိန်း၊ တစ်လ စုငွေ ၂ သိန်း

တစ်နှစ်အကြာမှာ ကိုကိုက သိန်း ၆၀ စုမိပါတယ်။ မမက ၃၆ သိန်း။ ညီညီကတော့ ၂၄ သိန်း ပဲ စုမိပါတယ်။

အပေါ်ယံကြည့်မယ် ဆိုရင်တော့ ကိုကိုက သူတို့ အားလုံးထဲမှာ အချမ်းသာဆုံးပေါ့။ တစ်နှစ်ထဲနဲ့ သိန်း ၆၀ တောင် စုမိတာကိုး။ ညီညီထက်ပဲ နှစ်ဆခွဲ ပိုချမ်းသာ သလို ထင်ရတာပေါ့။

ဒါပေမဲ့ ကိုကိုက အသုံးအဖြုန်းကြီးတယ်။ တစ်လ ၄၅ သိန်းတောင် သုံးနေတာ။ သူသာ အလုပ်ဆက်မလုပ်တော့ရင် (အလုပ် ဆက်မလုပ်နိုင်တော့ရင်) သူစုထားတဲ့ သိန်း ၆၀ က တစ်လကျော်ကျော် လောက်ပဲ ခံမှာပါ။ ကိုကို့ရဲ့ ကြွယ်ဝချမ်းသာမှုက အချိန် ရက် ၄၀ ပဲရှိပါတယ်။

မမကတော့ စုထားငွေ ၃၆ သိန်း ကို တစ်လ ၁၂ သိန်း သုံးတော့ အလုပ်မလုပ်ပဲ ၃ လ ထိုင်စားနိုင်ပါမယ်။ မမရဲ့ ကြွယ်ဝချမ်းသာမှုက အချိန် ၃ လ ပါ။ ကိုကို့ထက် သာပါတယ်။

ညီညီ စုထားတာက ၂၄ သိန်းထဲ ဆိုပေမဲ့ တစ်လ ၂ သိန်း ပဲသုံးတာဆိုတော့ ညီညီ့ရဲ့ ကြွယ်ဝချမ်းသာမှုက တစ်နှစ်ပါ။ သူ တစ်နှစ်တောင် အလုပ်မလုပ်ပဲနေနိုင်ပြီ။ အချိန် တစ်နှစ် ချမ်းသာနေပြီ။

စုထားတဲ့ ငွေကြေးပမာဏနဲ့ တွက်ရင်တော့ ကိုကိုက သုံးယောက်ထဲမှာ အသာဆုံးလို့ ထင်ရပါတယ်။ တကယ့်တကယ်တော့ ဒီပုံစံအတိုင်း ဆက်သွားနေမယ်ဆိုရင် ညီညီက ဝင်ငွေနည်းပေမဲ့ ငွေသခင် ဖြစ်ဖို့ အနီးစပ်ဆုံးသူပါ။

ဘာကြောင့်လဲ ဆိုတော့ ညီညီရဲ့ အသုံးစရိတ်ဟာ သူ့ဝင်ငွေရဲ့ ၅၀% ပဲ ရှိလို့ပါ။ မမရဲ့ အသုံးစရိတ်ကတော့ ဝင်ငွေရဲ့ ၈၀% ရှိပြီး ကိုကိုရဲ့ အသုံးစရိတ်ကတော့ ဝင်ငွေရဲ့ ၉၀% တောင်ရှိနေပါတယ်။ ဒီတိုင်းဆက်သွားနေမယ်ဆို ညီညီက ငွေသခင် အရင်ဖြစ်မှာပါ။

*************************************************
(၃) ကိုကို့ ဘက်တော်သားတွေ အတွက် ပြောချင်တာက
*************************************************

ဒီလိုပြောတော့ စောဒက တက်ချင်တဲ့သူတွေ ရှိမှန်း ကျွန်တော်သိပါတယ်။ သူတို့တွေကို အမြင်မှန် ရစေချင်၊ ငွေသခင်ဖြစ်စေချင်လို့ ဒီ Page ကို အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး လုပ်ဖြစ်တာပါ ခင်ဗျာ။

"အို ကိုကိုက ရှာနိုင်လို့ သုံးတာပဲ။ သုံးပါစေ။ မရှာနိုင်တော့တဲ့ အခါကျရင်တော့ အသုံးစရိတ်ကို လျှော့ချလိုက်မှာပေါ့။" လို့တော့ လွယ်လွယ်ပြောလို့မရပါဘူးခင်ဗျာ။

သုံးဖြုန်းနေတဲ့သူဟာ အပေါင်းအသင်းကြား ပတ်ဝန်းကျင်ကြားမှာ မျက်နှာမပျက်ရအောင် ဆက်ပြီး သုံးပြနေရတာ လူ့ ဓမ္မတာ ပါပဲခင်ဗျာ။ ကိုကို့ကို ညီညီ့လို တစ်လ နှစ်သိန်းပဲသုံးပါလို့ သွားပြောလို့ မရပါဘူး ခင်ဗျာ။ အချိန်တန်ရင် သွားနေကျ KTV လေးသွားချင်မယ်။ ဘီယာဆိုင်လေး သွားချင်မယ်။ ဆိုင်ကြီးဆိုင်ကောင်းမှာ စားချင်မယ်။ ဆံပင် ညှပ်တာတောင် ရိုးရိုး ဆံသဆိုင်မှာ ညှပ်ရတာ အောက်တယ်ထင်မယ်။ လက်ဖွာမြဲ လက်ဖွာချင်မယ်။ ကြွားမြဲကြွားချင်မယ်။

ဥပမာ သားသမီးရှိရင် သားသမီးကို ဈေးကြီးတဲ့ ပုဂ္ဂလိကကျောင်းမှာထား တာဆို ဝင်ငွေနည်းသွားတဲ့ အချိန်မှာ ချက်ချင်းကြီး အစိုးရကျောင်းကို ပြန်ပြောင်းဖို့ မလွယ်သလို ပြောင်းဖို့လည်း ရှက်ကြပါလိမ့်မယ်။ ယုတ်စွအဆုံး လောင်းကစား (သို့) မူးယစ်ဆေး (သို့) မိန်းမကိစ္စကြောင့် ငွေကုန်နေတာဆို ပိုပြီးတော့တောင် ဖြတ်ဖို့ခက်ပါသေးတယ်။ အောင်မြင်တဲ့ သူတွေမှာ ဒီလို ငွေကုန်ပေါက်တွေ အဖျက်တွေ ပိုများပါတယ်။

ကျွန်တော်က ဝင်ငွေများတာ မကောင်းဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး။ ဝင်ငွေများတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဝင်ငွေများသလို အသုံးအဖြုန်းလည်း လိုက်များလာရင်တော့ ဝင်ငွေ မကောင်းတဲ့ တစ်နေ့မှာ မရှူနိုင်မကယ်နိုင်နဲ့ ဒုက္ခရောက်တဲ့ သူတွေကို တွေ့ဖူးပေါင်း များနေလို့ပါ။

ကိုကို့လို လူမျိုးတွေကို သိစေချင်တာကတော့ ကိုကိုဟာ မမနဲ့ ညီညီ ထက် ဝင်ငွေပို ကောင်းတဲ့ အတွက် အသုံးအဖြုန်းကို လျှော့ရင် ကျန်တဲ့ နှစ်ယောက်ထက် ငွေသခင်ဖြစ်ဖို့ ပိုနီးစပ်ပါတယ်။ သိန်း ၅၀ ရတာကို ၄၅ သိန်း သုံးဖြုန်းနေလို့ မဖြစ်ပါဘူးခင်ဗျာ။ ၄၅ သိန်း သုံးမဲ့အစား တစ်လ ၁၅ သိန်းပဲသုံးမယ်ဆိုရင်တော့ တစ်နှစ်နေရင် သိန်း ၄၂၀ စုမိပါမယ်။ တစ်လ ၁၅ သိန်း သုံးတော့ သိန်း ၄၂၀ ဟာ ၂ နှစ်နဲ့ ၄လ ခံပါတယ်။ ၂ နှစ်နဲ့ ၄ လ ကြွယ်ဝတယ်ပေါ့။ ကိုကိုဟာ တစ်လ ၁၅ သိန်း (ညီညီ သုံးတာထက် ရ ဆခွဲပိုပြီး) သုံးနေပေမဲ့ ညီညီထက်စောပြီး ငွေသခင်ဖြစ်ပါမယ်။ ဘာကြောင့်လဲဆိုတော့ ကိုကို့ရဲ့ အသုံးစရိတ် (၁၅ သိန်း)က ဝင်ငွေရဲ့ ၃၀% ပဲရှိလို့ပါ။

***************************
(၄) အဓိက ပြောချင်တဲ့ အချက်
***************************

အဓိကပြောချင်တာကတော့ ကျွန်တော်တို့ဟာ ကိုကို့လို ဝင်ငွေကောင်းနေရင် မဖြုန်းပဲ အသုံးစရိတ်ကို လျှော့ထားသင့်ပါတယ်။ လိုအပ်မှ အသုံးစရိတ်ကို ချက်ချင်းလျှော့ချဖို့ မလွယ်တာကြောင့် အစကတည်းက အသုံးအဖြုန်းနည်းအောင် ဆင်ခြင်သင့်ပါတယ်။

ဒီလောက်ဆိုရင် ငွေသခင်ဖြစ်ဖို့ဆိုတာ ဝင်ငွေကောင်းဖို့ထက် အသုံးစရိတ်နည်းဖို့နဲ့ ဝင်ငွေထဲကနေ ရာခိုင်နှုန်းများများစုမိဖို့ က ပို အရေးကြီးကြောင်း သိကြပြီ ထင်ပါတယ်။ (စုထားတဲ့ ငွေကို အိမ်မှာ သော့ခတ်မထားပဲ ဘယ်လိုခိုင်းရမလဲဆိုတာကိုလည်း နောက်ပိုင်း ရေးပေးသွားပါမယ်။)

ဝင်ငွေများပြီး အသုံးစရိတ်နည်းရင်တော့ အတိုင်းထက် အလွန်ပေါ့ခင်ဗျာ။ ဒါ့ကြောင့် ငွေသခင် မြန်မြန်ဖြစ်အောင် ဝင်ငွေကို တိုးနိုင်သမျှ တိုးအောင်နဲ့ ထွက်ငွေကို လျော့နိုင်သမျှ လျော့အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

*********************
(၅) မိုက်တိုင်ဆန် ဥပမာ
*********************

ကမ္ဘာကျော် လက်ဝှေ့သမားဟောင်း မိုက်တိုင်ဆန် (Mike Tyson) ဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထိချမ်းသာခဲ့ဘူးပါတယ်။ တစ်လမှာ ဒေါ်လာ နှစ်သိန်းခွဲ (မြန်မာငွေ သိန်း ၃၇၀၀ ကျော်) သုံးရင်တောင် နှစ် ၁၀၀ အေးဆေးသုံးလို့ရပါမယ်။ ဒါတောင် ဘဏ်တိုးကို ထည့်မတွက်ရသေးပါဘူး။ ဒါပေမဲ့ အသုံးအဖြုံးစရိတ် အလွန်ကြီးမားလွန်းလို့ အသက် ၃၇ နှစ် အရွယ်မှာတင် ဒေဝါလီခံခဲ့ရပြီး လူမွဲစာရင်းဝင်ဖြစ်ခဲ့ရပါတယ်။ အောင်မြင်ကျော်ကြား ဝင်ငွေကောင်းပေမဲ့ အသုံးအဖြုန်းကြီးရင် ကြွယ်ဝချမ်းသာမှု တာရှည်ခံမှာ မဟုတ်ဘူးဆိုတာ မိုက်တိုင်ဆန်က သက်သေပြသွားပါတယ်။ (အခြားသူတွေလည်း ရှိပါသေးတယ်။ နောက်မှ ရေးပါဦးမယ်။)

******************************************
(၆) ငွေသခင်ဖြစ်ဖို့ ဥစ္စာဓန ဘယ်လောက်လိုလဲ။
******************************************

ငွေသခင်ဖြစ်ဖို့ ဥစ္စာဓန ဘယ်လောက်လိုလဲဆိုရင်တော့ တစ်လ အသုံးစရိတ်ကို ၃၀၀ နဲ့ သာ မြှောက်ပါ။ တစ်လ အသုံးစရိတ်က သုံးသိန်းဆိုရင် ငွေသခင်ဖြစ်ဖို့ သိန်း ၉၀၀ လိုပါတယ်ခင်ဗျာ။ တစ်လ အသုံးစရိတ်က သိန်း ၃၀ ဆိုရင်တော့ ငွေသခင်ဖြစ်ဖို့ သိန်း ၉၀၀၀ လိုပါတယ်။

အသုံးစရိတ်များလေလေ ငွေသခင်ဖြစ်ဖို့ ဝေးလေလေပါပဲ။

ကျွန်တော်တို့လည်း အချိန် ဘယ်လောက် ကြွယ်ဝ ချမ်းသာနေပြီလဲ ဆိုတာ တွက်ကြည့်ကြပါစို့ ခင်ဗျာ။

to original uploader.



#ထသက #ပသက
#𝐋𝐨𝐠𝐨𝐓𝐫𝐚𝐝𝐞𝐦𝐚𝐫𝐤𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞

#𝐈𝐏𝐋𝐀𝐖

"Office Staff (မ- ၅ ဦး) အလိုရှိသည်"***အသက် (၁၈)နှစ်မှ (၃၅) အတွင်း။👉 ကုမ္ပဏီ ပိုင်းဆိုင်ရာ ၀န်​ဆောင်မှုကုမ္ပဏီ တွင် တာ၀န...
14/05/2026

"Office Staff (မ- ၅ ဦး) အလိုရှိသည်"

***အသက် (၁၈)နှစ်မှ (၃၅) အတွင်း။

👉 ကုမ္ပဏီ ပိုင်းဆိုင်ရာ ၀န်​ဆောင်မှုကုမ္ပဏီ တွင် တာ၀န်ထမ်း​ဆောင်ရန်။
👉ကုမ္ပဏီမှ တိုက်ရိုက်​ခေါ်ယူခြင်းဖြစ်ပါသည်။
👉ပညာ အရည်အချင်း- (၈) တန်းနှင့် အထက်
👉ကွန်ပျူတာ အ​ခြေခံ သင်တန်း တက်ပြီးသူဖြစ်ရမည်။
👉စာရိတ္တကောင်းမွန်ပြီး တာဝန်သိစိတ်ရှိကာ စကားကို ချိုသာ ယဉ်ကျေးစွာပြောဆိုတတ်ရပါမည်။
👉အများနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ပြီး Team Work စိတ်ဓါတ်ရှိရပါမည်။
👉အလုပ်ချိန် - မနက်(9) နာရီမှ ည​နေ (6) နာရီ အထိ။
👉တနင်္ဂ​နွေ ပိတ်သည်။
👉လစာ - ညှိနှိုင်း
👉 09773065426 Viber ကို CV FORM ​ပေးပို့​လျှောက်ထားနိုင်ပါသည်။
👉အင်တာဗျူး ၀င်ရမည့်သူများကို ဖုန်းဆက်​ပေးပါမည်။

*** အ​သေးစိတ် သိရှိလိုပါက ဖုန်း - 09773065426 (Tel/Viber) ကို​မေးမြန်းနိုင်ပါသည်။

မှတ်ချက်။ ။ ​ကျောင်း/ သင်တန်း ကင်းရှင်းသူဖြစ်ရမည်။

***ရက်မှန်​ကြေး Bonus 25,000Ks၊ အချိန်မှန်​ကြေး Bonus 25,000Ks
များရရှိပါမည်။

***ကုမ္ပဏီ လိပ်စာ-
အမှတ်(၁၀၇)၊ အ​နော်ရထာလမ်း၊(37လမ်းနှင့် 38 လမ်းကြား)​ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း။

[email protected]

စိတ်ညစ်နေလား? လမ်းပျောက်နေသလို ခံစားနေရလား? ဒါဆိုရင်တော့ "ပိုက်ဆံပဲ ရှာလိုက်ပါ" လို့ ကျွန်တော် ဒဲ့ပဲ ပြောပါရစေ။"ပိုက်ဆံက...
13/05/2026

စိတ်ညစ်နေလား? လမ်းပျောက်နေသလို ခံစားနေရလား? ဒါဆိုရင်တော့ "ပိုက်ဆံပဲ ရှာလိုက်ပါ" လို့ ကျွန်တော် ဒဲ့ပဲ ပြောပါရစေ။
"ပိုက်ဆံက အရာရာမဟုတ်ဘူး" ဆိုတဲ့ စကားကို ခဏလောက် ဘေးဖယ်ထားကြည့်ရအောင်။ လက်တွေ့လောကမှာ စိတ်ဖိစီးမှုအများစုရဲ့ တရားခံက ပိုက်ဆံမရှိတာကနေ စတာပါ။ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောကြစို့။
၁။ အိပ်ကပ်ဖောင်းရင် စိတ်ပြောင်းတယ် (The Power of Financial Confidence)
အိပ်ကပ်ထဲမှာ တစ်ကျပ်မှမပါဘဲ လမ်းမပေါ်ထွက်လာတာနဲ့၊ ငွေအပြည့်အစုံပါပြီး ထွက်လာတာ ခံစားချက်ချင်း တကယ်ကို ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတာပါ။ ပိုက်ဆံမရှိတဲ့အခါ လူက ယုံကြည်မှုပျောက်တယ်၊ စိတ်တိုလွယ်တယ်၊ ဘာလုပ်လုပ် အဆင်မပြေဘူးလို့ ခံစားရတယ်။
ဘေးလူက တစ်ခုခုပြောလိုက်ရင်တောင် "ငါ့မှာ ပိုက်ဆံမရှိလို့ အထင်သေးတာလား" ဆိုတဲ့ အတွေးမျိုး ဝင်လာတတ်တယ်။
ဒါကြောင့် ရှေးလူကြီးတွေက ပြောတာပေါ့ "အိပ်ဖောင်းရင် စိတ်ပြောင်းတယ်" တဲ့။ ပိုက်ဆံရှိလာရင် စဉ်းစားပုံ၊ တွေးခေါ်ပုံကအစ ပိုပြီး တည်ငြိမ်လာတယ်၊ ပိုပြီး Rational ဖြစ်လာတာကို သတိထားမိမှာပါ။ ပိုက်ဆံက မိုတီဗေးရှင်းတင် မဟုတ်ပါဘူး၊ ပိုက်ဆံက သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် Shield (ဒိုင်းလွှား) တစ်ခုလည်း ဖြစ်ပါတယ်။
၂။ ငွေဆိုတာ Energy (စွမ်းအင်) တစ်ခုပဲ
ရှေးတရုတ်အယူအဆမှာ ငွေကို ရန်သူလို့မမြင်ဘူး။ "စွမ်းအင်" တစ်ခုလို့ပဲ မြင်တယ်။ စွမ်းအင်ဆိုတာ စီးဆင်းနေရမယ်၊ အားကောင်းနေရမယ်။ ပိုက်ဆံရှိတဲ့နေရာကို ပိုက်ဆံတွေ ထပ်စုဝေးလာတတ်တာက ဒီသဘောပဲ။
Bank Account ထဲမှာ "0" ကြီးပဲ မြင်နေရတာထက်၊ အဆောင်အနေနဲ့ဖြစ်ဖြစ် ငွေအနည်းငယ် အမြဲရှိနေတာက သင့်ရဲ့ စိတ်လုံခြုံမှုကို ပေးနိုင်ရုံတင်မကဘဲ ငွေပိုဝင်လာဖို့ Magnet တစ်ခုလို ဆွဲဆောင်ပေးနိုင်ပါတယ်။ ငွေကို ချစ်တာ ပြဿနာမဟုတ်ပါဘူး။ ငွေကို ချစ်ရက်နဲ့ မချစ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ညာနေတာကမှ တကယ့်ပြဿနာပါ။ ငွေကို ချစ်မှ၊ တန်ဖိုးထားမှ ငွေက သင့်ဆီ ကပ်မှာပါ။
၃။ ပိုက်ဆံကို နိုင်ချင်ရင် ပိုက်ဆံအကြောင်း သိရမယ်
လူအများစု စိတ်ဖိစီးရတာက ငွေကို မရှာတတ်လို့ မဟုတ်ဘဲ ငွေကြေးစီမံခန့်ခွဲမှု (Financial Management) အားနည်းလို့ပါ။ အနာဂတ်ကို အကောင်းမြင်လွန်းပြီး အကြွေးတွေ လျှောက်တင်တာ၊ စိတ်ညစ်လို့ဆိုပြီး အလုပ်မလုပ်ဘဲ ထိုင်နေတာတွေက သင့်ကို ပိုပြီး ချောက်ထဲတွန်းပို့ပါလိမ့်မယ်။
ပိုက်ဆံကို ခိုင်းစားချင်ရင်၊ ပိုက်ဆံအကြောင်းကို အရင်နားလည်အောင် လုပ်ရပါမယ်။ ဒီနေ့ခေတ် လူငယ်တွေ သိထားသင့်တဲ့ "ငွေကြေးပညာ (၇) ခု" ကို အသေးစိတ် ရှင်းပြပေးမယ် -
• ၁။ ၅၀/၃၀/၂၀ Rule (ခွဲတမ်းချတတ်တဲ့ အနုပညာ)
ဒါဟာ ငွေကြေးစီမံခန့်ခွဲမှုရဲ့ အခြေခံအကျဆုံး Foundation ပါ။ ဝင်ငွေရလာရင် အကုန်မသုံးပစ်ပါနဲ့။
• ၅၀% (လိုအပ်တာ): အိမ်လခ၊ စားစရိတ်၊ မီးဖိုး စတဲ့ မရှိမဖြစ် လိုအပ်ချက်တွေအတွက်။
• ၃၀% (လိုချင်တာ): ကိုယ်ဝယ်ချင်တဲ့ အင်္ကျီ၊ လျှောက်လည်တာ၊ ကော်ဖီသောက်တာ စတဲ့ အပျော်အပါးအတွက်။
• ၂၀% (စုဆောင်းဖို): ဒါက သင့်ရဲ့ အနာဂတ်အတွက် "ကိုယ့်ကိုယ်ကိုယ် အရင်ပေးချေခြင်း" (Pay yourself first) ပါ။ ဒီ ၂၀% ကို မျက်စိမှိတ်ပြီး အရင်ဖယ်ထားလိုက်ပါ။
• ၂။ Emergency Fund (အရေးပေါ် အရံငွေ - စိတ်လုံခြုံမှုရဲ့ သော့ချက်)
ဘဝမှာ ဘာဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ဘူး။ ဘာအလုပ်မှ မရှိတော့ရင်တောင် အနည်းဆုံး ၃ လကနေ ၆ လအထိ အေးဆေးနေနိုင်မယ့် ငွေပမာဏကို စုထားပါ။ ဒါက သင့်ရဲ့ "Freedom Fund" ပါ။ ဒီငွေရှိနေရင် အလုပ်မှာ အဆင်မပြေလည်း "ထွက်လိုက်မယ်" လို့ ရဲရဲပြောနိုင်တဲ့ သတ္တိကို ပေးပါတယ်။ လူတောတိုးတဲ့အခါမှာလည်း နောက်ကပေါက်မှာ အရန်သင့်ရှိနေတဲ့ စွမ်းအင်တစ်ခုပေါ့။
• ၃။ Asset vs Liability (ပိုင်ဆိုင်မှုနဲ့ ဝန်ထုပ်ဝန်ပိုးကို ခွဲခြားပါ)
သူဌေးဖြစ်ချင်ရင် Asset ဝယ်ပါ၊ လူလတ်တန်းစားဖြစ်ချင်ရင် Liability ဝယ်ပါတဲ့။
• Asset: ကိုယ့်အိတ်ကပ်ထဲ ပိုက်ဆံပြန်ထည့်ပေးတာ (ဥပမာ - အငှားချဖို့ အိမ်၊ တန်ဖိုးတက်မယ့် ရှယ်ယာ၊ ရွှေ)။
• Liability: ကိုယ့်အိတ်ကပ်ထဲက ပိုက်ဆံကို ဆွဲထုတ်သွားတာ (ဥပမာ - ကြွားချင်လို့ အရစ်ကျနဲ့ ဖုန်းအသစ်ခဏခဏလဲတာ၊ ဆီစားများတဲ့ ကားအလှဝယ်တာ)။
ပိုက်ဆံရှိတိုင်း မသုံးပါနဲ့ဦး၊ ပိုက်ဆံကို ပိုက်ဆံထပ်ရှာခိုင်းနိုင်တဲ့ Asset တွေအရင်ဝယ်ပါ။
• ၄။ Compound Interest (အတိုးပေါ် အတိုးဆင့်ခြင်းရဲ့ အစွမ်း)
အဲလ်ဘတ်အိုင်းစတိုင်းက ဒါကို "ကမ္ဘာ့အဋ္ဌမမြောက် အံ့ဖွယ်" လို့ ခေါ်ခဲ့တယ်။ ပိုက်ဆံကို စောစောစု၊ စောစောရင်းနှီးမြှုပ်နှံပါ။ နည်းနည်းချင်းစီကနေ အချိန်ကြာလာတာနဲ့အမျှ ကြီးမားတဲ့ ပမာဏ ဖြစ်လာပါလိမ့်မယ်။ အသက် ၂၀ မှာ ၁ သောင်းစုတာက အသက် ၄၀ မှာ ၁ သိန်းစုတာထက် ပိုထိရောက်နိုင်ပါတယ်။ အချိန်က သင့်ရဲ့ အကြီးမားဆုံး အရင်းအနှီးပါ။
• ၅။ Inflation (ငွေဖောင်းပွမှုကို သတိထားပါ)
ဒီနေ့ ၁ သောင်းတန်တဲ့ ပစ္စည်းက နောက် ၅ နှစ်မှာ ၂ သောင်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ပိုက်ဆံကို ဒီတိုင်း Cash အနေနဲ့ ဗီရိုထဲ ထည့်သိမ်းထားရုံတင်မဟုတ်ဘဲ တန်ဖိုးတက်မယ့် ရွှေ၊ မြေ သို့မဟုတ် အစုရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်။ ငွေကို ဒီတိုင်းသိမ်းထားတာဟာ တစ်နှစ်ထက်တစ်နှစ် ရှုံးနေတာနဲ့ အတူတူပါပဲ။
• ၆။ High-Interest Debt (အတိုးကြီးတဲ့ အကြွေးကို အရင်ဆပ်)
အကြွေးဆိုတာ စိတ်ဖိစီးမှုရဲ့ အဓိကရင်းမြစ်ပဲ။ Credit Card အကြွေး ဒါမှမဟုတ် အပြင်အတိုးကြီးကြီးနဲ့ ချေးထားတာမျိုးကို အရင်ဆုံး ပြတ်အောင်ဆပ်ပါ။ အကြွေးသံသရာထဲ ရောက်နေသရွေ့ ဘယ်လောက်ရှာရှာ သဲထဲရေသွန်သလို ဖြစ်နေပါလိမ့်မယ်။ "မရှိလို့ ချေးတာ" ဆိုတာထက် "ဆပ်နိုင်လို့ ချေးတာ" ပဲ ဖြစ်သင့်ပါတယ်။
• ၇။ Invest in Yourself (အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု)
ဘယ်ရင်းနှီးမြှုပ်နှံမှုကမှ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်တာလောက် Return မပြန်ပေးနိုင်ပါဘူး။ Skill တစ်ခုခု ပိုတတ်လာရင်၊ Experience ပိုရှိလာရင် ဝင်ငွေက အလိုလို လိုက်လာပါလိမ့်မယ်။
ဥပမာ - Course တစ်ခု တက်လိုက်လို့ ဝင်ငွေ ၂ ဆ တိုးလာတာမျိုးဟာ ဘယ်ရင်းနှီးမြှုပ်နှံမှုထက်မဆို ပိုတန်ပါတယ်။ ကိုယ်တိုင်က ပိုက်ဆံရှာတဲ့ စက် (Money Making Machine) ဖြစ်အောင် အမြဲ Update လုပ်ပါ။
ပိုက်ဆံရှာပါ၊ စနစ်တကျ စီမံခန့်ခွဲပါ၊ ပြီးရင် ပိုက်ဆံကို ခိုင်းစားပါ။ ဒါကမှ တကယ့် လွတ်လပ်မှုပါ။
to original uploader.



#ထသက #ပသက
#𝐋𝐨𝐠𝐨𝐓𝐫𝐚𝐝𝐞𝐦𝐚𝐫𝐤𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞

#𝐈𝐏𝐋𝐀𝐖

လူတစ်ယောက် တစ်နေ့တာမှာ အများဆုံးစကားပြောတဲ့သူက သူ့ကိုယ်သူပဲတဲ့။ ☝🏻 အဲဒါကြောင့်မို့လို့ သင့်ကိုယ်ထဲက တီးတိုးပြောနေတဲ့ (Se...
12/05/2026

လူတစ်ယောက် တစ်နေ့တာမှာ အများဆုံးစကားပြောတဲ့သူက သူ့ကိုယ်သူပဲတဲ့။ ☝🏻 အဲဒါကြောင့်မို့လို့ သင့်ကိုယ်ထဲက တီးတိုးပြောနေတဲ့ (Self-talk) တွေကို သတိထားပြီး စောင့်ကြည့်ဖို့၊ ဂရုစိုက်ဖို့လိုပါတယ်။ 🧘🍃
သင့်ကိုယ်သင်ပြောတဲ့ အပြောတွေက အမြဲအပျက်သဘော (Negative Self Talk) တွေပဲ ဖြစ်နေမယ်ဆိုရင် မကောင်းတဲ့ ခံစားချက်တွေပဲ အမြဲဝင်နေပြီး ပျော်မှာလည်းမဟုတ်သလို တိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်းတွေကိုပါ ရှာဖွေနိုင်မှာမဟုတ်ဘူး။ 😵‍💫
ပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်ဖို့ဆိုရင် သင့်ကိုယ်သင်ပြောတဲ့စကားတွေက (Positive Self Talk) တွေ ဖြစ်နေဖို့လိုပါတယ်။ ✨💗 သင့်ကိုယ်သင်ကောင်းတဲ့ စကားလုံးတွေ အမြဲပြောဖို့လိုပါတယ်။ ကောင်းတာတွေကိုပဲ အာရုံစိုက်တဲ့အခါ သင့်မှာကောင်းတဲ့ ခံစားမှုတွေနဲ့ ကောင်းတဲ့ လုပ်ဆောင်မှုတွေပဲရှိလာမှာပါ။ 💪🏻🌈
ဒါကြောင့် ဘာတွေပဲဖြစ်နေဖြစ်နေ သင့်ကိုယ်သင်ကောင်းတဲ့ ပြောဆိုမှု (Positive Self Talk) ကို ပြောတတ်အောင်‌ လေ့ကျင့်ပါ။ တစ်ခုခုကို ကြည့်တဲ့အခါ သင့်အတွက် ကောင်းတဲ့အရာတွေ ဘာရှိလဲ အဲဒီလိုမျိုးတွေးတတ်တဲ့ အလေ့အကျင့်၊ စိတ်နေစိတ်ထားကို အမြဲတမ်းရှိနေအောင် မွေးမြူပါ။ 🤜🏻🤛🏻
သင့်အတွင်းထဲကနေ ‌ကောင်းတဲ့ တီးတိုးစကားလေးတွေသာ ထွက်လာမယ်ဆိုရင် သင့်ကိုယ်သင်ရော ပတ်ဝန်းကျင်ကိုပါ ကောင်းကောင်းထိန်းချုပ်လာနိုင်မယ်၊ သင့်ကိုယ်သင်လည်း ယုံကြည်မှုပိုမိုမြင့်လာမှာ ဖြစ်ပြီး တခြားသူတွေအနေနဲ့ ယုံကြည်အားထားနိုင်တဲ့ သူတစ်ယောက်လည်းဖြစ်လာမှာပါ။ 🤸🏻‍♂️🌈

Address

No. 107 (3RD Floor), Anawrahtar Road, Kyautada Township. Yangon. 11182
Yangon

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00
Saturday 10:00 - 16:00

Telephone

+959773065426

Website

Alerts

Be the first to know and let us send you an email when T H A Company Online Registration Service & Consultancy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to T H A Company Online Registration Service & Consultancy:

Share