3D Myanmar

3D Myanmar Bring your ideas to life. There are those of us who love 3D technology.

09/03/2026

3D Designer (Rhino Gold) ၂ဦးအလိုရှိပါသည်။ အတွေ့အကြုံ ၃ နှစ်နှင့်အထက် ရှိရပါမည်။
အတွေ့အကြုံပေါ်မူတည်ပြီး လစာညှိနှိုင်းနိုင်ပါသည်။
သင်္ကန်းကျွန်း ပြည်သာယာလမ်းတွင် အလုပ်ဆင်းရမည်။

Resin 3D Printer တစ်လုံးဟာ FDM printer တွေထက် ပိုပြီးနုနယ်သလို၊ အသုံးပြုတဲ့ Resin ကလည်း စေးကပ်ပြီး ညစ်ပတ်လွယ်တာကြောင့် ပ...
15/02/2026

Resin 3D Printer တစ်လုံးဟာ FDM printer တွေထက် ပိုပြီးနုနယ်သလို၊ အသုံးပြုတဲ့ Resin ကလည်း စေးကပ်ပြီး ညစ်ပတ်လွယ်တာကြောင့် ပုံမှန် Maintenance လုပ်ပေးဖို့က အင်မတန် အရေးကြီးပါတယ်။
သင့်ရဲ့ Printer ကို ကြာရှည်အသုံးခံပြီး Print quality ကောင်းနေစေဖို့ အောက်ကအချက်တွေကို လိုက်နာသင့်ပါတယ်။

LCD Screen ကို အထူးဂရုစိုက်ပါ
Resin printer ရဲ့ အသက်ဟာ LCD Screen (Exposure Screen) ဖြစ်ပါတယ်။
Screen Protector ကပ်ပါ: Resin အစက်အပျောက်တွေ Screen ပေါ်တင်ပြီး မာသွားရင် ခြစ်ထုတ်ရခက်သလို Screen ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် Screen protector ကပ်ထားတာ အကောင်းဆုံးပါ။

Resin မဖိတ်ပါစေနဲ့: ဖိတ်ကျခဲ့ရင် ချက်ချင်း Isopropyl Alcohol (IPA) သုံးပြီး သန့်စင်ပါ။

အစင်းရာ မထင်ပါစေနဲ့: Screen ကို သန့်ရှင်းတဲ့အခါ Microfiber ပုဝါနုနုလေးတွေပဲ သုံးပါ။

Resin Vat နဲ့ FEP Film ကို စစ်ဆေးပါ
Resin ထည့်တဲ့ခွက် (Vat) ရဲ့ အောက်ခြေက FEP film ဟာ ကြည်လင်နေဖို့ လိုပါတယ်။

FEP ကို မခြစ်ပါနဲ့:
ပလတ်စတစ် spatula (ခြစ်တံ) ကိုပဲ သုံးပါ။ သတ္တုခြစ်တံ လုံးဝမသုံးပါနဲ့။

Resin အနယ်ထိုင်ခြင်း: အကြာကြီး အသုံးမပြုဘဲ ထားမယ်ဆိုရင် Resin တွေကို စစ်ထုတ်ပြီး ဗူးထဲပြန်ထည့်ပါ။ Vat ထဲမှာတင် အနယ်ထိုင်နေရင် FEP ကို ပျက်စီးစေနိုင်ပါတယ်။

Cloudy ဖြစ်လာရင် လဲပါ:
FEP film က အရမ်းနောက်လာရင် ဒါမှမဟုတ် အစင်းရာတွေ များလာရင် Print ထွက်တာ မလှတော့တဲ့အတွက် အသစ်လဲပေးသင့်ပါတယ်။

Z-axis (ရိုးတံ) ကို ချောဆီထည့်ပါ:
Printer ရဲ့ အတက်အဆင်လုပ်တဲ့ Lead screw (ရိုးတံ) က အချိန်ကြာရင် ချောဆီခြောက်သွားတတ်ပါတယ်။အသံတွေမြည်လာရင် ဒါမှမဟုတ် အတက်အဆင် မချောမွေ့ရင် Lithium Grease (White Grease) အနည်းငယ်ကို Lead screw ပေါ်မှာ သုတ်ပေးပါ။ဖုန်နဲ့ Resin အမှုန်တွေ ကပ်မနေအောင် ပုံမှန်သုတ်သင်ပေးပါ။

Build Plate ကို ပြန့်ပြူးအောင်ထားပါ
Build plate (ပုံဖော်တဲ့ မျက်နှာပြင်) က ပြန့်နေမှ ပုံထွက်မှန်ပါမယ်။

Leveling ပြန်လုပ်ပါ:
Print တစ်ခါထုတ်ပြီးတိုင်း လုပ်စရာမလိုပေမဲ့၊ အထုတ်ရခက်လို့ အားသုံးပြီး ခွာလိုက်ရတာမျိုးရှိရင် Leveling ပြန်စစ်ပေးပါ။

သန့်ရှင်းအောင်ထားပါ:
Print ထုတ်ပြီးတိုင်း Build plate ပေါ်က Resin အကျွင်းအကျန်တွေကို IPA နဲ့ ပြောင်အောင်ဆေးပါ။

အဲ့ဒါဆိုရင် လူကြီးမင်းတို့ရဲ့ 3D Printer ကို ပုံမှန်ထက်ကြာရှည်ခံစွာအသုံးပြုနိုင်ပါတယ်ဗျ။

Anycubic ဟာ 3D Printing လောကမှာ လူကြိုက်များတဲ့ Brand တစ်ခုဖြစ်ပြီး သူတို့ရဲ့ Anycubic Wiki ဟာ 3D printer အသုံးပြုသူတွေအ...
08/02/2026

Anycubic ဟာ 3D Printing လောကမှာ လူကြိုက်များတဲ့ Brand တစ်ခုဖြစ်ပြီး သူတို့ရဲ့ Anycubic Wiki ဟာ 3D printer အသုံးပြုသူတွေအတွက် ရတနာသိုက်တစ်ခုလိုပါပဲ။ User တွေ အဆင်ပြေပြေ အသုံးပြုနိုင်ဖို့နဲ့ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ထားတဲ့ ဒီ Website အကြောင်းကို ကျွန်တော်ပြောပြပေးပါမယ်။

Anycubic Wiki ဆိုတာ ဘာလဲ?
Anycubic Wiki ဆိုတာ Anycubic က ထုတ်လုပ်ထားတဲ့ 3D Printer (Resin နဲ့ FDM နှစ်မျိုးလုံး) အတွက် Official Documentation နဲ့ Troubleshooting Guide တွေ စုစည်းထားတဲ့ Knowledge Base တစ်ခုဖြစ်ပါတယ်။ အသစ်ဝယ်ထားတဲ့ Printer ကို စတင်တပ်ဆင်တာကနေ၊ ပျက်သွားရင် ပြန်ပြင်တာအထိ အဆင့်ဆင့် (Step-by-Step) လမ်းညွှန်ချက်တွေကို ဒီမှာ ရှာဖွေနိုင်ပါတယ်။

Anycubic Wiki မှာ ဘာတွေပါဝင်သလဲ?
ဒီ Website ကို အဓိက ကဏ္ဍကြီး (၄) ခုနဲ့ ဖွဲ့စည်းထားပါတယ်ဗျ။

1.Product Manuals & Setup Guides
Printer တစ်လုံးကို စတင်အသုံးပြုဖို့ လိုအပ်တဲ့ Manual တွေကို အဲ့ဒီမှာ Download ဆွဲလို့ရပါတယ်။ ဥပမာ ပြောရရင် Printer ကို ဘယ်လို Assemble လုပ်မလဲ။ Bed Leveling ဘယ်လိုညှိမလဲ။ Firmware Update ဘယ်လိုလုပ်မလဲဆိုတာတွေကို product manurals & setup guides မှာရှာဖွေတွေ့ရှိနိုင်ပါတယ်။

2.Maintenance & Repair
3D printer တွေဟာ ရေရှည်သုံးရင် Spare parts တွေလဲဖို့ လိုအပ်လာတတ်ပါတယ်။ အဲ့ဒါတွေကို Anycubic Wiki မှာ Video Tutorials တွေနဲ့တကွ အသေးစိတ်ပြသပေးထားပါတယ်။Nozzle လဲလှယ်နည်း၊LCD Screen (Resin printer) လဲနည်း၊ Z-axis ကို ချောဆီထည့်နည်း စတာတွေကို ကိုယ်တိုင်ပြုပြင်နိုင်အောင်ဖော်ပြပေးထားပါတယ်။

3.Troubleshooting
"ဘာလို့ Print ထွက်မလာတာလဲ?" ဒါမှမဟုတ် "ဘာလို့ ပုံစံပျက်နေတာလဲ?" ဆိုတဲ့ မေးခွန်းတွေအတွက် ဒီမှာ အဖြေရှိပါတယ်။ Common errors တွေဖြစ်တဲ့ Layer shifting, Stringing နဲ့ Bed adhesion issues တွေကို ဖြေရှင်းနည်းတွေ ပါဝင်ပါတယ်။

4.Slicing Software Settings
Anycubic Photon Workshop ဒါမှမဟုတ် တခြား Slicer တွေမှာ သုံးရမယ့် အကောင်းဆုံး Settings (Profiles) တွေကို ဒီမှာ လေ့လာနိုင်ပါတယ်ဗျ။

Website link ကို comment box မှာ ချပေးထာလို့ ဝင်ရောက်လေ့လာကြည့်လိုက်ကြဦးနော်….

ရွှေအတုနဲ့ အစစ် ဘယ်လိုခွဲခြားမလဲ ?ရွှေဝယ်ယူတဲ့အခါ အလိမ်အညာမခံရအောင်အဓိကခွဲခြားနည်း (၆) ခုကို ပြန်လည်မျှဝေပေးပါမယ်ဗျ။၁။ M...
03/02/2026

ရွှေအတုနဲ့ အစစ် ဘယ်လိုခွဲခြားမလဲ ?
ရွှေဝယ်ယူတဲ့အခါ အလိမ်အညာမခံရအောင်
အဓိကခွဲခြားနည်း (၆) ခုကို ပြန်လည်မျှဝေပေးပါမယ်ဗျ။
၁။ Marking (တံဆိပ်) စစ်ဆေးခြင်း
ရွှေထည်ပစ္စည်းတွေရဲ့ အတွင်းဘက် ဒါမှမဟုတ် ချိတ်အနားတွေမှာ ရွှေအရည်အသွေး ဖော်ပြတဲ့ အမှတ်အသား (Marking) ရှိတတ်ပါတယ်။ အခြားသတ္တုတွေမှာတော့ ဒီလိုတံဆိပ်မျိုး ပါလေ့မရှိပါဘူး။
၂။ သံလိုက်ဖြင့် စစ်ဆေးခြင်း
ရွှေအစစ်ဟာ သံလိုက်နဲ့ မကပ်ပါဘူး။ အကယ်လို့ သံလိုက်နဲ့ စမ်းသပ်ကြည့်လို့ ကပ်ပါလာရင်တော့ သံသတ္တု ရောနှောထားတဲ့ ရွှေအတုဖြစ်နိုင်ခြေ များပါတယ်။
၃။ နိုက်ထရစ် (Nitric Acid) ဖြင့် စမ်းသပ်ခြင်း
ရွှေအစစ်ဟာ အက်စစ်နဲ့ ထိတွေ့ရင် အရောင်ပြောင်းလဲခြင်း မရှိပါဘူး။ ရွှေအတုဆိုရင်တော့ ပူစီဖောင်းလေးတွေ ထလာပြီး အရောင်ပြောင်းသွားပါလိမ့်မယ်။
၄။ မှတ်ကျောက်တိုက်ခြင်း
အပေါ်ယံ ရွှေရည်စိမ်ထားတဲ့ ပစ္စည်းတွေကို ခွဲခြားဖို့ မှတ်ကျောက် ပေါ်မှာ တိုက်ကြည့်ပါ။ အတွင်းက တခြားသတ္တုအရောင် ပေါ်လာခြင်း ရှိ၊ မရှိကို ကြည့်ပြီး ခွဲခြားနိုင်ပါတယ်။
၅။ မီးဖုတ်၍ စမ်းသပ်ခြင်း
ရွှေအစစ်ဟာ မီးဖုတ်တဲ့အခါ အရောင်မပြောင်းဘဲ ပိုမိုဝင်းပလာတတ်ပါတယ်။ ရွှေအတုကတော့ မည်းသွားတာ ဒါမှမဟုတ် တခြားအရောင် ပြောင်းသွားတာမျိုး ဖြစ်တတ်ပါတယ်။
၆။ ချွေးနှင့် ဓာတ်ပြုမှုကို ကြည့်ခြင်း
ရွှေအစစ်ကို ဝတ်ဆင်ထားတဲ့အခါ ချွေးနဲ့ဓာတ်ပြုပြီး အရေပြားပေါ်မှာ အရောင်စွဲထင်ကျန်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ နည်းပညာမြင့် ရွှေအတုတွေဆိုရင်တော့ ဒီနည်းနဲ့ချက်ချင်း သိဖို့ခက်ခဲနိုင်ပါတယ်။
ဒီလောက်ဆို ကိုယ်တိုင် ရွှေအတုအစစ် ခွဲခြားသွားတက်ပြီထင်ပါတယ်ဗျ။

3D printing technologies တွေထဲမှာမှ အမှုန့်ကနေ အစိုင်အခဲ အဖြစ်ပုံဖော်ပေးတဲ့ 3D Printing Technology ကိုသိကြလား ?SLS techn...
30/01/2026

3D printing technologies တွေထဲမှာမှ အမှုန့်ကနေ အစိုင်အခဲ အဖြစ်ပုံဖော်ပေးတဲ့ 3D Printing Technology ကိုသိကြလား ?

SLS technology လို့ခေါ်တဲ့ Selective Laser Sintering ဆိုတာ စက်မှုလုပ်ငန်းသုံး 3D Printing နည်းပညာတစ်ခုဖြစ်ပြီး အမှုန့် (Powder) ကနေ ခိုင်မာတဲ့ အစိတ်အပိုင်းတွေကို ဖန်တီးပေးတာပါ။ သမားရိုးကျ 3D Printer တွေလို ပလတ်စတစ်ကြိုး (Filament) ကို အရည်ဖျော်တာမျိုးတို့၊ ဆေးရည် (Resin) ကို UV အလင်းနဲ့ cure စေပြီးပုံဖော်တာမျိုး မဟုတ်ဘဲ Laser အလင်းတန်းကို အသုံးပြုပြီး အမှုန့် (Powder) အဆင့်ကနေ အစိုင်အခဲ (Solid) အဆင့်သို ပုံဖော်ပေးတဲ့နည်းပညာမျိုးဖြစ်ပါတယ်ဗျ။
SLS ရဲ့ အလုပ်လုပ်ပုံက ၄ ဆင့်ရှိပါတယ်။

Powder Spreading State
ပထမဆုံး Printer ထဲမှာရှိတဲ့ Platform ပေါ်ကို ပိုလီမာအမှုန့် အလွှာပါးလေးတစ်ခုကို Roller နဲ့ ညီညာအောင် စက်ကဖြန့်ခင်းပေးပါတယ်။

Sintering State
Computer က ပေးပို့ထားတဲ့ 3D Design အတိုင်း Laser အလင်းတန်းက အမှုန့် (Powder)တွေပေါ်ကို ကျရောက်စေပါတယ်။ Laser ရဲ့ အပူရှိန်ကြောင့် အမှုန့်(Powder)တွေဟာ တစ်ခုနဲ့တစ်ခု အရည်ပျော်ပြီး ကပ်သွားကြပါတယ်။ ဒါကို Sintering State လို့ ခေါ်ပါတယ်ဗျ။

Layering State
ပထမတစ်လွှာ ပြီးသွားတဲ့အခါ Platform က အောက်ကို နည်းနည်းလေး နိမ့်ဆင်းသွား ပြီးအပေါ်ကနေ အမှုန့်အသစ်တစ်လွှာ ထပ်ခင်းပြီး Laser နဲ့ ထပ်မံ ပုံဖော်ပါတယ်။ ဒီလိုမျိုး အလွှာပေါင်း ရာနဲ့ချီပြီး တစ်ဆင့်ချင်း တည်ဆောက်သွားတာပါ။

Cooling & Post-processing State
Printing ပြီးသွားတဲ့အခါမှာတော့ Model ကအမှုန့်တွေထဲမှာ မြုပ်နေပါလိမ့်မယ်။ ပြီးရင်အပူချိန်ကျအောင် ခဏစောင့်ရပါတယ်။အပူချိန်ကျသွားလို့ အမှုန့်တွေထဲကနေ ထုတ်ယူပြီး ပေကျန်နေတဲ့အမှုန့်တွေကို လေနဲ့မှုတ်
ထုတ်ကာ သန့်စင်ပေးရတဲ့ နောက်ဆုံးအဆင့်ဖြစ်ပါတယ်ဗျ။
SLS 3D printing technology ရဲ့အားသာချက်တွေကတော့ Support ထောက်စရာမလိုပါဘူ။အခေါင်းပွဒီဇိုင်းတွေနဲ့ အနုစိတ်တဲ့ ပုံစံတွေကို အလွယ်တကူ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။SLS နဲ့ ထုတ်ထားတဲ့ ပစ္စည်းတွေဟာ စက်မှုလုပ်ငန်းသုံးဖို့အထိ ခိုင်ခံ့မှု (Durability) ကောင်းပါတယ်ဗျ။

ဒီနေ့ရောက်ရှိထားတဲ့ Photon Mono 4 10K 3D printer လေးတွေရှိပါမယ်ဗျ။ Entry သမားတွေအတွက် အထူးသင့်တော်ပြီး Budget friendly န...
26/01/2026

ဒီနေ့ရောက်ရှိထားတဲ့ Photon Mono 4 10K 3D printer လေးတွေရှိပါမယ်ဗျ။ Entry သမားတွေအတွက် အထူးသင့်တော်ပြီး Budget friendly နဲ့ Price to performance ဖြစ်လို့ ရောင်းမကုန်ခင် လက်ဦးထားကြဦးနော်..👌🏻😇

3D Myanmar မှာ Printer ဝယ်ယူဖူးသူများကိုလက်ခ free နဲ့ new comers များကို စျေးနှုန်းမှန်ကန်ချိုသားစွာနဲ service ပေးနေပါပြီဗျ...

အသေးစိတ်ကို 3D Myanmar page ကနေ ဖြစ်ဖြစ် ☎️ 09797297555 နဲ့ 09797297666 ကို လွတ်လပ်စွာ မေးမြန်းလို့ရပါတယ်...
ကျေးဇူးတင်ပါတယ်ဗျ 🫱🏻‍🫲🏼🫱🏻‍🫲🏼🫱🏻‍🫲🏼

ဒီလိုမျိုးလက်ဝတ်ရတနာဒီဇိုင်းလန်းလန်းတွေအပ်ချင်ရင် 3D Myanmar ကိုလာခဲ့ဖို့မမေ့နဲ့နော်….ကျွန်တော်တို့ 3D Myanmar မှ လူကြီး...
23/01/2026

ဒီလိုမျိုးလက်ဝတ်ရတနာဒီဇိုင်းလန်းလန်းတွေအပ်ချင်ရင်
3D Myanmar ကိုလာခဲ့ဖို့မမေ့နဲ့နော်….
ကျွန်တော်တို့ 3D Myanmar မှ လူကြီးမင်းတို့စိတ်တိုင်းကျသည်အထိ ဆွဲပေးပါတယ်ဗျ။
3D Myanmar မှ လူကြီးမင်းတို့ လိုချင်တဲ့ လက်ဝတ်ရတနာ Design တွေကို reference ပြပြီးပဲဖြစ်ဖြစ်၊ Ai ဖြင့် generated Image လုပ်ပြီးပဲဖြစ်ဖြစ် ၊ လိုချင်တဲ့ Design & Idea ကို 3D Myanmar မှ Designer မျာဖြင့် တိုင်ပင်ဆွေးနွေးပေးရုံနဲ့ လူကြီးမင်းတို့ရဲ့ လိုချင်တဲ့ Design များကို 3D Myanmar မှ စိတ်ရှည်သဘောကောင်းတဲ့ designer များမှ အကောင်အထည်ဖော်ပေးသွားမှာဖြစ်လို့ 3D Myanmar ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်။
အသေးစိတ်ကို 3D Myanmar page ကနေ ဖြစ်ဖြစ် ☎️ 09797297555, 09797297666 ကို ဖြစ်ဖြစ်
လွတ်လပ်စွာ မေးမြန်းလို့ရပါတယ်..
ကျေးဇူးတင်ပါတယ်ဗျ 🫱🏻‍🫲🏼🫱🏻‍🫲🏼🫱🏻‍🫲🏼

3D Resin Printer (SLA/DLP) နဲ့ Model ထုတ်ပြီး Support ရှင်းတဲ့အခါ Support အစက်အပြောက်တွေ မကျန်ခဲ့ဖို့က စိန်ခေါ်မှုတစ်ခုပ...
19/01/2026

3D Resin Printer (SLA/DLP) နဲ့ Model ထုတ်ပြီး Support ရှင်းတဲ့အခါ Support အစက်အပြောက်တွေ
မကျန်ခဲ့ဖို့က စိန်ခေါ်မှုတစ်ခုပါဘဲ။ Model မျက်နှာပြင်
လှလှပပရလာဖို့အတွက် အရေးကြီးတဲ့ Slicing Setting နဲ့ နည်းလမ်းလေးတွေသိသလောက်ပြောပြပေးပါမယ်ဗျ။
Chitubox (သို့) Lychee Slicer တို့မှာ အောက်ပါ Setting တွေကို အဓိကထား ပြင်ဆင်ရပါမယ်။
Tip Diameter : Model နဲ့ Support ထိတဲ့နေရာရဲ့ အရွယ်အစားပါ။ 0.20mm မှ 0.40mm ကြား ထားပါ။ အရမ်းသေးရင် Model ပြုတ်ကျတတ်ပြီး အရမ်းကြီးရင် အမာရွတ် အပေါက်ကြီးတွေ ကျန်ခဲ့ပါလိမ့်မယ်။
Contact Depth : Support က Model ထဲကို ဘယ်လောက်အထိ ထိုးဖောက်ဝင်ရောက်မလဲဆိုတာပါ။ 0.10mm မှ 0.25mm ကြားမှာပဲ ထားပါ။ နက်လေလေ ဖြုတ်ရခက်ပြီး အမာရွတ်ကြီးလေလေ ဖြစ်ပါမယ်။
Shape Tip ထဲမှာ Cone Shape: ဒါက အသုံးအများဆုံးပါ။ ဖြုတ်ရလွယ်ပြီး အမာရွတ် အနည်းဆုံး ဖြစ်စေပါတယ်။
Spherical Tip: Model နဲ့ Support ကြားမှာ ဘောလုံးပုံစံ ထည့်တာပါ။ ဒါက Support ဖြုတ်လိုက်ရင် အပေါက်ဖြစ်မသွားဘဲ အဖုလေးပဲ ကျန်ခဲ့စေပါတယ်။ အဖုလေးကို
ကော်ပါတ်စား (Sanding) ရတာက အပေါက်ကို
ဖာရတာထက် ပိုလွယ်ကူစေပါတယ်။
Model တစ်ခုလုံးကို Support အကြီးကြီးတွေချည်းပဲ
မသုံးပဲ Heavy Supports: Model ရဲ့ အောက်ခြေ (မမြင်ရတဲ့နေရာ) နဲ့ အလေးချိန်ကို ထိန်းပေးရမယ့် နေရာတွေမှာပဲ သုံးပြီး Light/Mini Supports: Model ရဲ့ အသေးစိတ်
ကျတဲ့ နေရာတွေနဲ့ မျက်နှာပြင်တွေမှာ သုံးပါ။ အစက်အပြောက် မကျန်သလောက် နည်းပါလိမ့်မယ်။
ပြီးတော့ Model ကို အပြားလိုက် (Flat) မထုတ်ဘဲ 30° ကနေ 45° ဝန်းကျင် စောင်းပြီး ထုတ်ပါ။ ဒါက Support လိုအပ်ချက်ကို လျော့နည်းစေပြီး Support တွေက Model ရဲ့ အသေးစိတ်ရှိတဲ့ မျက်နှာပြင်ပေါ်မှာ မကျဘဲ အောက်ဘက် မျက်နှာစာမှာပဲ ကျရောက်စေပါတယ်။ဒါတွေကိုလိုက်နာခြင်းဖြစ် support ရာကျန်ခဲ့ခြင်မှ သက်သာစေမှာဖြစ်ပါတယ်ဗျ။ Happy Printing… 🖨️ 🖨️ 🖨️

ဒီနေ့တော့ Jewelry ရဲ့အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ Stone Setting အကြောင်းကိုပြောပါမယ်ဗျ။ Stone Setting ဆိုတာကတော့ ကျောက်...
14/01/2026

ဒီနေ့တော့ Jewelry ရဲ့အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ Stone Setting အကြောင်းကိုပြောပါမယ်ဗျ။ Stone Setting ဆိုတာကတော့ ကျောက်ထည်၊စိန်ထည် တွေကို ပိုမိုခိုင်ခံ့စေဖို့ ရွဲနှင့်စွန်ကုတ်များ ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်ဗျ။ ကျောက်ထည်၊စိန်ထည်များတွင် ကျောက်အိုး ထိုင်ပုံထိုင်နည်းနှင့်ကွာခြားချက်ကိုလိုက်ပြီး stone setting များစွာရှိတဲ့အထဲမှ အသုံးများတဲ့ setting များကို ရေသားပေးလိုက်ပါတယ်။
💍 💍 💍
ရွဲ/စွန်ကုတ် လေးခု တပ်ဆင်ခြင်း (Basket Setting) ကတော့ ပုံမှန်အားဖြင့် ကျောက် အရွယ်အစား ၁ ရတီအောက် အထည်ပစ္စည်းများကို စွန်ကုတ်လေးခု ကုတ်ထားခြင်းကို ခေါ်ပါတယ်။ ကျောက်ကို ပေါ်လွင်အောင် စွန်ကုတ်လေးခုနှင့် ပိုမိုခိုင်ခံ့အောင် ပြုလုပ်ပေးခြင်းဖြစ်ပါသည်။
💍 💍 💍
ရွဲ/စွန်ကုတ် လေးခုနှင့်အထက် တပ်ဆင်ခြင်း (Decorative Setting) ကတော့ ရွဲကို လေးခုနှင့်အထက် အသုံးပြုပြီး ကျောက် အရွယ်အစား ၂ ရတီအထက် ပစ္စည်းများကို
ရွဲလေးခုနှင့်အထက် တပ်ဆင်ခြင်း ဖြစ်ပါတယ်ဗျ။
💍 💍 💍
ဂုဏ်မာန်တက် တပ်ဆင်ခြင်း Bezel Setting ဆိုတာကတော့ ရွဲမပါတဲ့ ကျောက်မြုပ်တပ်ဆင်ခြင်း ဖြစ်ပါတယ်။ Bezel Setting ရဲ့အားသာချက်က ကျောက်ပြုတ်ခြင်း လုံးဝမရှိစေမှာဖြစ်ပြီး အားနည်းချက်ကတော့ ကျောက်သား ပေါ်လွင်မှုကိုလျော့နည်းစေတဲ့ မြုပ်နေသော setting မျိုးဖြစ်ပါတယ်ဗျ။
💍 💍 💍
ညှပ်တပ် တပ်ဆင်ခြင်း (Bar Channel Setting)ကတော့ Bar နှစ်ခုကြားအမြောင်းလေးပေါ်မှာ ကျောက်ကို ညှပ်၍တပ်ဆင်ခြင်းဖြစ်ပါသည်။
💍 💍 💍
ဘားမပါပဲ ညှပ်တပ် တပ်ဆင်ခြင်း(Channel Setting) က ဘားမပါပဲ ဘေးမြောင်းထဲတွင် ကျောက်ကို ညှပ်၍ တပ်ဆင်ခြင်းကို ဆိုလိုပါတယ်။ ရွဲနှင့်ထိန်းထားသလို ပြုလုပ်ထားပြီး ကျောက်၏ အောက်တွင် ဘားတစ်ခုရှိပြီး မမြင်ရအောင် ဖန်တီးပြုလုပ်ထားလို့ တစ်တန်းသွား ကျောက်သားထည်များ ပြုလုပ်ရာတွင် အသုံးများသော setting ဖြစ်ပါတယ်။
အားသာချက်ကတော့ ကျောက်သားကိုပိုမိုပေါ်လွင်စေပါတယ်ဗျ။
💍 💍 💍
ကျောက်မြုပ်နေသည့်ပုံစံဖြင့် တပ်ဆင်ခြင်း (Brightcut Setting)ဆိုတာ လေးထောင့်ပုံစံအိုး ဘေးပတ်လည်တွင် ကျောက်ထည့်ပြီး ရွဲနဲ့အုပ်ထားသော ပုံစံမျိုးဖြစ်ပါတယ်။များသောအားဖြင် Man ring တွေမှာအသုံးပြုလေ့ရှိပါတယ်။

10/01/2026

ဒီနေ့မှာတော့ Lychee slicer download & install နည်း နဲ့ download ရမယ် link တင်ပေးထားပါတယ်ဗျ။ install ပြီးဖွင့်လို့ loading screen မှာတချို့စက်တွေမှာ ရပ်နေတတ်တယ်ဗျ။ အဲ့ဒါဆိုရင်တော့ vpn ခဏဖွင့်ပေးဖို့ လိုပါတယ်။ တချို့စက်တွေကလည်း မလိုဘူးဗျ။ download ရမယ့် link ကိုတော့ cmt box မှာရှိပါတယ်။ကျေးဇူးပါဗျ။

Slicing Software မှာ SLA slicing အတွက်ရော FDM slicing အတွက်ပါ ပါဝင်တဲ့ User Interface အမိုက်စားနဲ့ 2in1 Free Slicing Sof...
07/01/2026

Slicing Software မှာ SLA slicing အတွက်ရော FDM slicing အတွက်ပါ ပါဝင်တဲ့ User Interface အမိုက်စားနဲ့ 2in1 Free Slicing Software ရှိတာ သိပြီးကြပြီလား ???

ဟုတ်ပါတယ်…Lychee Slicer ဆိုတဲ့ slicing software ပါ။ ဒီမှာတော့ chitubox လောက် သိပ်မသိကြပေမယ့် တခြားနိုင်ငံတွေမှာတော့ chitubox လိုအသုံးများတဲ့ slicing software ပါ။ Free version, plus version နှစ်မျိုး
ရှိပေမယ့် free version မှာတင် ပုံမှန်ထုတ်လုပ်မှုများကိုပြုလုပ်နိုင်ပါတယ်ဗျ။ သူ့ကို အဓိက ကြိုက်တာက UI နဲ့ Dual slicing Support ပေးတာပါဗျ။ FDM printer ရော၊ SLA printer နှစ်ခုလုံးရှိတဲ့သူတွေအတွက်ကတော့ Slicing software ၂ ခု ထည့်နေစရာမလိုတော့ဘဲ software ၁ခုထဲနဲ့ 3D printer ၂ မျိုးလုံအတွက် slicing file ထုပ်လို့ရမှာပါ။
Free version မှာ ပုံမှန် slicing software တွေလို features အကုန်ပါဝင်ပြီး modern look ဆန်တဲ့ UI နဲ့အသုံးပြုရမှာပါ။ တခုမမိုက်တာကတော့ slice file export ထုတ်တဲ့အခါမှာ ads ၁၀ စက္ကန့်စာလောက် ကြည့်ပေးရတယ်ဗျ။ Free version ကို…မကြည့်ချင်ရင်တော့ pro version သုံးရမှာဗျ။ plus version မှာကြ advanced slicing features တွေ ထည့်ပေးထားတယ်ဗျ။ support system တွေ one click hollowing ၊ grid support ၊ multi plate access ၊ projection support ၊ support painting feature တွေပါဝင်လာပါတယ်ဗျ။ ဒီ feature တွေက Mass-production Factory တွေအတွက် လိုကောင်း
လိုလိမ့်မယ်ဗျ။ ဒါပေမယ် necessary တော့မဟုတ်လို့ free version နဲ့တင်အဆင်ပြေပါတယ်ဗျ။ plus version price ကို သူတို့ Marketing စကားနဲ့ကြွယ်ထားတာက “just a cup of coffee” ဆိုပေမယ့် ကျွန်တော်တို့နိုင်ငံအတွက် ၁၀ခွက်မက သောက်လို့ရတော့ အဆင်ပြေမနေဘူးဗျ…
😄😄😄

Happy New Year ပါ သူငယ်ချင်းတို့ရေ! နှစ်သစ်မှာ 3D Myanmar ကဝယ်တဲ့ 3D printer တွေနဲ့  ပိုက်ဆံတွေ အများကြီးရ၊ အောင်မြင်မှု...
01/01/2026

Happy New Year ပါ သူငယ်ချင်းတို့ရေ!
နှစ်သစ်မှာ 3D Myanmar ကဝယ်တဲ့ 3D printer တွေနဲ့ ပိုက်ဆံတွေ အများကြီးရ၊ အောင်မြင်မှုတွေ အများကြီး
ရကြပါစေလို့ 3D MYANMAR မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်..🙏🏻🎉🥳🎊

3D printer spare parts မှာယူချင်တာဘဲဖြစ်ဖြစ်၊ resin ဆေးရည်ဝယ်ချင်တာဘဲဖြစ်ဖြစ် ၊ service ပြချင်တာဘဲဖြစ်ဖြစ် ကျွန်တော်တို့ 3D Myanmar မှာ ရပါတယ်ဗျ။
3D Myanmar မှာ Printer ဝယ်ယူဖူးသူများကို လက်ခ free နဲ့ new comers များကို စျေးနှုန်းမှန်ကန်ချိုသားစွာနဲ service ပေးနေပါပြီဗျ။

အသေးစိတ်ကို 3D Myanmar page ကနေ ဖြစ်ဖြစ် ☎️ 09797297555 နဲ့ 09797297666 ကို လွတ်လပ်စွာ မေးမြန်းလို့ရပါတယ်..ကျေးဇူးတင်ပါတယ်ဗျ 🫱🏻‍🫲🏼🫱🏻‍🫲🏼🫱🏻‍🫲🏼

Address

8th Floor, No. (654), Pyitharyar Street
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959420754739

Alerts

Be the first to know and let us send you an email when 3D Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 3D Myanmar:

Share

Our Story

Bring your ideas alive..