Motivate Me

Motivate Me Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Motivate Me, No. 44, First Floor, Nant Thar Street, Ahlone Township, Yangon.

"ကျွန်တော်တို့ရဲ့ အိပ်မက်တွေ အားလုံးဟာ ဖြစ်ကိုဖြစ်လာနိုင်ပါတယ်။ အမှန်တကယ်ဖြစ်လာတဲ့ထိ ကြိုးစားမယ်ဆိုရင်ပေါ့။"—Walt Disney
27/04/2023

"ကျွန်တော်တို့ရဲ့ အိပ်မက်တွေ အားလုံးဟာ ဖြစ်ကိုဖြစ်လာနိုင်ပါတယ်။ အမှန်တကယ်ဖြစ်လာတဲ့ထိ ကြိုးစားမယ်ဆိုရင်ပေါ့။"

—Walt Disney

26/04/2023

အချိန်ရှိပါသလား မိတ်ဆွေ။ အချိန်က ငွေထက် တန်ဖိုးရှိတယ်ဆိုတဲ့ စကားကို မိတ်ဆွေလက်ခံပါသလား။ မိတ်ဆွေလက်ခံတယ်ဆိုရင်တော့ ဒီ video ဟာ မိတ်ဆွေအတွက်ပါပဲ။ အခုလိုခေတ်ကာလကြီးထဲမှာ ဝင်ငွေအတွက် ရှာရတာ၊ မိသားစု သူငယ်ချင်းတွေကို အချိန်ပေးရတာနဲ့ ကိုယ့်အတွက် နားဖို့ အချိန်မရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပိုက်ဆံတွေရှာပြီး သုံးဖို့ အချိန်မရှိရင် လူ့ဘဝကြီးမှာ နေထိုင်ရတာ အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ပါဘူး။ တစ်ဘက်မှာ ပိုက်ဆံရှာဖို့ အရေးကြီးသလို ကိုယ့်ရဲ့ အချိန်ကို စီမံခန့်ခွဲပြီး ကိုယ့်ရဲ့ ပျော်ရွှင်မှုအတွက် အချိန်ဖယ်ထားဖို့ဟာလည်း အရေးကြီးလှပါတယ်။

ဒီနေ့ video မှာ မိတ်ဆွေအတွက် အချိန်စီမံခန့်ခွဲနိုင်ဖို့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးထားပါတယ်။ ကြည့်ရှူလိုက်ကြရအောင်။

Video ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ page ကို like and share လုပ်ခဲ့ကြပါဦး။

အမှားမလုပ်ဖူးဘူးဆိုတဲ့သူဟာဘယ်အရာအသစ်ကိုမှ ကြိုးစားလုပ်ဆောင်ခြင်းလည်း မရှိဖူးဘူး"- Albert Einstein
06/04/2023

အမှားမလုပ်ဖူးဘူးဆိုတဲ့သူဟာ
ဘယ်အရာအသစ်ကိုမှ ကြိုးစားလုပ်ဆောင်ခြင်းလည်း မရှိဖူးဘူး"

- Albert Einstein

05/04/2023

နိုင်ငံခြားမှာ ဘယ်လို အမှတ်တရတွေ ဖန်တီးမလဲ | How To Create Beautiful Memories Travelling Abroad

တပါးနိုင်ငံကို ခရီးထွက်တာဟာ စိတ်လှုပ်ရှားစရာကောင်းပြီး စိတ်ပျော်ရွှင်မှုကို အပေးနိုင်ဆုံးသော အတွေ့အကြုံပဲဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ကိုယ့်မှာ အချိန်ရရဲ့သားနဲ့ အချိန်ကို ကောင်းကောင်းအသုံးမချလိုက်ရဘဲ ဘယ်သွားရမယ်မှန်းမသိ ဘာလုပ်ရမယ်မှန်းမသိဖြစ်တတ်တာပါပဲ။ မြန်မာပြည်မှာ ဘုရားဖူးထွက်သလို ဘုရားကိုဝင် ဦးချပြီး ပြန်ထွက်တာမျိုး ကြုံဖူးကြပါလိမ့်မယ်။ ဒီလို ဘုရားသမိုင်းတွေ လေ့လာစရာတွေကို မလေ့လာဘဲ ဦးချရုံချပြီး အမြန်နောက်တစ်ရာကူးရတာ ဘယ်လောက်စိတ်ညစ်စရာကောင်းလဲဆိုတာ သိကြပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့မှာတော့ နိုင်ငံခြားကို သွားရောက်တဲ့အခါ မမေ့နိုင်စရာအမှတ်တရတွေ ရစေဖို့ သွားလည်သင့်တဲ့နေရာ၊ လုပ်ဆောင်သင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်ဗျ။ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်။

Motivate Me Myanmar YouTube channel https://youtube.com/ ကို subscribe လုပ်ထားတဲ့သူ အယောက် (၂၀) အတွက် giveaway see more....
01/04/2023

Motivate Me Myanmar YouTube channel https://youtube.com/ ကို subscribe လုပ်ထားတဲ့သူ အယောက် (၂၀) အတွက် giveaway see more...

ဒါတွေကို အမြဲ အမှတ်ရပါ။McDonald's ဆိုင်ကြီးတွေကို စတင်တည်ထောင်ခဲ့သူ Ray Kroc ဟာ အသက် ၅၀ ကျော်မှ မီလျံနာဖြစ်ခဲ့တယ်။ KFC စ...
30/03/2023

ဒါတွေကို အမြဲ အမှတ်ရပါ။

McDonald's ဆိုင်ကြီးတွေကို စတင်တည်ထောင်ခဲ့သူ Ray Kroc ဟာ အသက် ၅၀ ကျော်မှ မီလျံနာဖြစ်ခဲ့တယ်။

KFC စတင်တည်ထောင်သူ Harland Sanders ဟာ အသက် ၆၀ ကျော်မှ စတင်အောင်မြင်ခဲ့တာဖြစ်တယ်။

Marvel ကာတွန်းတွေကို ရေးဆွဲခဲ့သူ Stan Lee ဟာ တကယ်အောင်မြင်တဲ့ mainstream ပေါ်ကို အသက် ၄၀ ကျော်မှ ရောက်ခဲ့တယ်။

Ford ကားကုမ္ပဏီ တည်ထောင်သူ Henry Ford ဟာလည်း အသက် ၄၀ ကျော်အရွယ်မှ စတင်အောင်မြင်ခဲ့တာဖြစ်တယ်။

အိပ်မက်တွေကို ဖမ်းဆုပ်ရယူဖို့ အချိန်နှောင်းသွားပြီဆိုတာ မရှိပါဘူး။ ဒါကြောင့် မိတ်ဆွေမှာ အိပ်မက်တွေ ရှိခဲ့ရင် ဘယ်အရွယ်ပဲဖြစ်နေ‌ဖြစ်နေ ဖမ်းဆုပ်ထားလိုက်ပါ။

"ဘဝဟာ စက်ဘီးစီးရသလိုပါပဲ။ ဟန်ချက်ညီနေဖို့ဆိုရင် ရှေ့ဆက်သွား‌နေဖို့ လိုအပ်တယ်"- Albert Einstein
28/03/2023

"ဘဝဟာ စက်ဘီးစီးရသလိုပါပဲ။ ဟန်ချက်ညီနေဖို့ဆိုရင် ရှေ့ဆက်သွား‌နေဖို့ လိုအပ်တယ်"
- Albert Einstein

27/03/2023

နိုင်ငံခြားမှာသွားရောက်ပြီး digital nomad အဖြစ် နေထိုင်ကာ အလုပ်လုပ်တာဟာ ဘဝအတွက် လုံးဝအမှတ်ရနေနိုင်မယ့် အတွေ့အကြုံပဲလို့ဆိုရင် မမှားပါဘူး။ ဒါပေမဲ့ ဒီလို တခြားနိုင်ငံသွားရောက်လုပ်ကိုင်ပြီး အဝေးကနေ online မှတစ်ဆင့် အလုပ်လုပ်ကိုင်တဲ့အစောပိုင်းကာလမှာ ကျန်းမာရေးနဲ့ အချိန်စီမံခန့်ခွဲရေးတို့ကို သေချာစီမံမထားခဲ့ဘူးဆိုရင် အချိန်ကြာလာတဲ့အခါ ကျန်းမာရေးထိခိုက်ပြီး ပင်ပန်းလာနိုင်ပါတယ်။ ဒီလိုပင်ပန်းရပြီး လည်ပတ်စရာရှိတာတွေကို မသွားနိုင်ဘဲ မဖြစ်ရလေ‌အောင် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အကြံဉာဏ်ကောင်းတွေ ပေးချင်ပါတယ်ခင်ဗျ။ ဒီအချက်တွေကို ကြည့်ပြီး အလုပ်နဲ့ ဘဝမျှတအောင် စီမံနိုင်စေမယ်လို့ ယုံကြည်ပါတယ်။ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

ဒီ video ကို ကြိုက်နှစ်သက်တယ်ဆိုရင် Like & Share လေး လုပ်ပေးခဲ့ကြပါဦး။

23/03/2023

မိတ်ဆွေရဲ့ ဘဝမှာ ဘယ်အရာက အရေးအကြီးဆုံးလဲ။ လူ့ဘဝ တိုတိုလေးအတွင်းမှာ ကျွန်တော်တို့ဟာ ကိုယ်ပိုင် goal ကိုယ်စီနဲ့ လျှောက်လှမ်းနေကြပေမဲ့ ကိုယ့်ဘဝရဲ့ အ‌ရေးအကြီးဆုံးအရာတွေက ဘာတွေလဲဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးဖို့ မေ့နေတတ်ကြပါတယ်။ တစ်နေ့ပြီးတစ်နေ့ ကျော်ဖြတ်လာရင်း တစ်ချို့တစ်ချို့သောအရာတွေက တစ်ချို့အရာတွေထက် ပိုပြီးအရေးကြီးတယ်ဆိုတာ တစ်စတစ်စ ပိုသိလာကြပါတယ်။ လူ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပေမဲ့ လူသားအားလုံးသဘောတူညီနိုင်တဲ့ တန်ဖိုးထားရာတွေ၊ ဘဝအတွက် ဘုံတူညီနိုင်တဲ့ အရေးအကြီးဆုံးအရာတွေရှိပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ မိတ်ဆွေတို့ရဲ့ ဘဝမှာ တူညီနေနိုင်တဲ့ အရေးအကြီးဆုံးသောအရာ ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။

Video ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Channel ကို like and subscribe လုပ်ခဲ့ကြပါဦး။

"လုပ်နိုင်မယ်လို့သာ ယုံကြည်လိုက်သင်ဟာ ခရီးတစ်ဝက်ရောက်‌နေပါပြီ"- Theodore Roosevelt
22/03/2023

"လုပ်နိုင်မယ်လို့သာ ယုံကြည်လိုက်
သင်ဟာ ခရီးတစ်ဝက်ရောက်‌နေပါပြီ"

- Theodore Roosevelt

21/03/2023

နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ သိကိုသိထားရမယ့် အချက် ၅ ချက် | 5 Necessary Tips To Work Abroad

နိုင်ငံခြားမှာသွားရောက်ပြီး အလုပ်လုပ်ရင်း နေထိုင်ဖို့ဆိုတာဟာ အရမ်းမခက်ခဲပေမဲ့ လိုအပ်ချက်တွေကို မသိထားဘူးဆိုရင် ရှုပ်ထွေးပြီး အရေးကြီးလိုအပ်တာတွေကျန်ခဲ့နိုင်ပါတယ်။ ဒါပေမဲ့ ဂရုတစိုက်နဲ့ လေ့လာပြီး လိုအပ်တာတွေကို စနစ်တကျ ပြင်ဆင်သွားမယ်ဆိုရင် အမှန်တကယ်သွားတဲ့အခါကျ အချိန်ကုန် လူပင်ပန်းတာမျိုး မဖြစ်တော့ဘဲ အရမ်းစိတ်ကျေနပ်စရာကောင်းတဲ့ အတွေ့အကြုံသစ်တွေကို ရရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့မှာတော့ နိုင်ငံခြားကို ခရီးသွားပြီး အလုပ်လုပ်ကိုင်မယ်ဆိုရင် လိုအပ်လာနိုင်တဲ့ ပြင်ဆင်စရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်တွေကို ကြည့်ထားရင် မိတ်ဆွေသွားတဲ့အခါ အဆင်ပြေစေနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကြည့်ရှုလိုက်ကြရအောင်။

Video ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ page ကို like and share လုပ်ခဲ့ကြပါဦး။

ကမ္ဘာ့အရှည်ကြာဆုံးနဲ့ အဝေးဆုံးလေကြောင်းခရီးကတော့ စင်ကာပူလေကြောင်းလိုင်းရဲ့ New Jersey, Newwark နဲ့ Singapore ခရီးစဉ်ပဲ ဖ...
16/03/2023

ကမ္ဘာ့အရှည်ကြာဆုံးနဲ့ အဝေးဆုံးလေကြောင်းခရီးကတော့ စင်ကာပူလေကြောင်းလိုင်းရဲ့ New Jersey, Newwark နဲ့ Singapore ခရီးစဉ်ပဲ ဖြစ်ပါတယ်။ မိုင်ပေါင်း ၉၅၃၄ မိုင်ရှိပြီး ၁၈ နာရီနဲ့ ၄၅ မိနစ်ကြာ စီးရမှာပဲဖြစ်ပါတယ်။

လေယာဉ်တစ်ဝကြီးစီးချင်တယ်ဆိုရင်တော့ USA လည်းအရောက် ဒီခရီးစဉ်နဲ့သာ စီးကြပါ မိတ်ဆွေတို့ရေ။

Address

No. 44, First Floor, Nant Thar Street, Ahlone Township
Yangon
11121

Website

Alerts

Be the first to know and let us send you an email when Motivate Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share