14/10/2026
ဒီ (၅) ချက်သိရင် Commercial Tax (CT) အကြောင်းနားလည်ပြီ။
လုပ်ငန်းတော်တော်များများမှာ Commercial Tax (CT) ကို ဘယ်လိုတွက်ရမလဲ၊ မကောက်မိရင် ဘာဖြစ်မလဲ၊ ဘယ်လိုအထောက်အထားပေးရမလဲ ဆိုတာတွေမှာ အမှားအယွင်းတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် CT နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ အချက် (၅) ချက်ကို လွယ်လွယ်ကူကူ ရှင်းပြပေးလိုက်ပါတယ်။
1️⃣ Commercial Tax (CT) ကို ဘယ်အပေါ်မှာ တွက်ရတာလဲ?
Commercial Tax ကို ကုန်ပစ္စည်းရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးခြင်းမှ ရရှိတဲ့ Taxable Value (အခွန်တွက်ချက်ရမည့် တန်ဖိုး) အပေါ်မှာ သတ်မှတ်ထားတဲ့ CT Rate နဲ့ တွက်ချက်ရပါတယ်။
ဥပမာ
ကုန်ပစ္စည်းရောင်းရငွေ = 100,000 ကျပ်
CT Rate = 5%
➡️ CT = 100,000 × 5% = 5,000 ကျပ်
Customer ထံမှ လက်ခံရရှိမည့် စုစုပေါင်းငွေ = 105,000 ကျပ်
2️⃣ CT မကောက်မိရင် ဘာဖြစ်မလဲ?
Customer ထံမှ CT ကို မကောက်ခံမိခဲ့ရင် နောက်မှ ပြန်တောင်းယူဖို့ အခက်အခဲ ဖြစ်နိုင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ လုပ်ငန်းရှင်ဘက်က ရရှိပြီးသား ရောင်းရငွေထဲက CT ကို ခွဲထုတ်ပြီး ကိုယ်တိုင် ပေးဆောင်ရမည်ဖြစ်ပါတယ်။
ဥပမာ
Customer ထံမှ 100,000 ကျပ်သာ လက်ခံရရှိခဲ့ပြီး CT ကို သီးခြားမကောက်ခံမိခဲ့ပါက ဒီ 100,000 ကျပ်ထဲမှာ CT ပါဝင်ပြီးသား (CT Inclusive Amount) ဖြစ်တယ်လို့ သတ်မှတ်ရပါတယ်။
CT တွက်ချက်ပုံ -
=100,000 × (5 ÷ 105)= 4,762 ကျပ်
(သို့မဟုတ်)
=1,000,000 ÷ 21 = 4,762ကျပ်
ဒါကြောင့်
ရောင်းရငွေ (CT အပါ) = 100,000 ကျပ်
ပေးဆောင်ရမည့် CT = 4,762 ကျပ်
ရောင်းရငွေ (CT မပါ)= 95,238 ကျပ်
CT မကောက်မိခဲ့ရင် ဒီ 4,762ကျပ်ကို လုပ်ငန်းရှင်ဘက်က စိုက်ထုတ်ပေးဆောင်ရနိုင်ပါတယ်။
3️⃣ CT ကောက်ခံပြီး ဘယ်အချိန်အတွင်း အခွန်ပေးသွင်းရမလဲ?
ယခုလအတွင်း Customer ထံမှ ကောက်ခံထားတဲ့ Commercial Tax ကို နောက်လ (၁၀) ရက်အတွင်း သက်ဆိုင်ရာ အခွန်ဌာနသို့ ပေးသွင်းရပါတယ်။
📌 Customer ထံမှ ကောက်ခံထားတဲ့ CT ဟာ လုပ်ငန်းရဲ့ ဝင်ငွေမဟုတ်ဘဲ နိုင်ငံတော်သို့ ပေးဆောင်ရန် လက်ခံထားတဲ့ အခွန်ငွေ ဖြစ်ပါတယ်။
4️⃣ CT ကောက်ခံဖို့ ဘာတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုလဲ?
လုပ်ငန်းက CT ကောက်ခံမယ်ဆိုရင် အောက်ပါအချက်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
- Commercial Tax Registration ပြုလုပ်ထားခြင်း (Form 2 ရရှိထားခြင်း)
- Invoice / Sales Document များတွင် CT ကို သီးခြားဖော်ပြနိုင်ရန် စနစ်တကျ ပြင်ဆင်ထားခြင်း
- CT တွက်ချက်မှုနှင့် မှတ်တမ်းများကို ထိန်းသိမ်းထားခြင်း
Form 2 မရှိသေးဘဲ Commercial Tax ကို ကောက်ခံခြင်း မပြုသင့်ပါ။
5️⃣ Customer က CT ပေးဆောင်ထားကြောင်း အထောက်အထား တောင်းလာရင် ဘာပေးရမလဲ?
Customer က CT ပေးဆောင်ထားကြောင်း အထောက်အထား တောင်းခံလာပါက Form 31 ကို ထုတ်ပေးရပါတယ်။
ဥပမာ
ရောင်းရငွေ = 100,000 ကျပ်
CT (5%) = 5,000 ကျပ်
Customer ပေးချေရမည့် စုစုပေါင်းငွေ = 1,050,000 ကျပ်
ဒီလို CT ကို Customer ထံမှ ကောက်ခံထားတဲ့အတွက် Customer ဘက်မှအထောက်အထား တောင်းလာပါက 5,000 ကျပ်အတွက် Form 31 ဖြင့် ထုတ်ပေးရပါမယ်။
✅ Commercial Tax ကို မှန်ကန်စွာ Registration ပြုလုပ်ခြင်း၊ မှန်ကန်စွာ ကောက်ခံခြင်း၊ အချိန်မီ ပေးသွင်းခြင်းနဲ့ လိုအပ်တဲ့ အထောက်အထားများ ထုတ်ပေးခြင်းဟာ လုပ်ငန်းတစ်ခုရဲ့ Tax Compliance အတွက် အရေးကြီးပါတယ်။
စာရင်းကိုင်နှင့် အခွန်ဆိုင်ရာ အသိပညာများကို ဆက်လက်မျှဝေပေးသွားပါမယ်။
✨ဒီ Post လေးက သင့်အတွက် အထောက်အကူဖြစ်တယ်ဆိုရင် Save လုပ်ထားပြီး မိတ်ဆွေ လုပ်ငန်းရှင်တွေကိုပါ Share ပေးလိုက်ပါဦးနော် 😊
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ပန်ဆင်လျှက်ပါ။ 🙏🏻🙏🏻🙏🏻
Apex Strategy Accounting & Auditing Firm
Tel 095182442