Design Printing Services Co., Ltd.

Design Printing Services Co., Ltd. GIS/GPS Maps of Myanmar and AI Enthusiast 09774204020 09775204020 09777200566

🎨 မြေပုံပေါ်က အရောင်တွေမှာ အဓိပ္ပာယ်ရှိတယ်ဆိုတာ သိပါသလား?အရောင်တိုင်းမှာ အသုံးပြုတဲ့ ရည်ရွယ်ချက်နဲ့ ဖော်ပြလိုတဲ့ အဓိပ္ပာ...
28/08/2026

🎨 မြေပုံပေါ်က အရောင်တွေမှာ အဓိပ္ပာယ်ရှိတယ်ဆိုတာ သိပါသလား?

အရောင်တိုင်းမှာ အသုံးပြုတဲ့ ရည်ရွယ်ချက်နဲ့ ဖော်ပြလိုတဲ့ အဓိပ္ပာယ်မတူညီကြပါဘူး။
မြေပုံတွေမှာလည်း ဒီလိုပါပဲ။

ဒီနေ့တော့ Customer တွေ မကြာခဏ ရှုပ်ထွေးတတ်တဲ့ “မြေပုံပေါ်က အရောင်တွေက ဘာကိုဆိုလိုတာလဲ? '' ဆိုတာလေး ရှင်းပြပေးပါမယ်။

🔎 အရောင်ရဲ့ အဓိပ္ပာယ်ကို ဘယ်မှာကြည့်ရမလဲ?

မြေပုံတစ်ခုကို ကြည့်တဲ့အခါ Legend ဆိုတဲ့ ရည်ညွှန်းချက်အကွက် လေးကို အရင်ကြည့်ရပါတယ်။ မြေပုံမှာရှိတဲ့ အရောင်တိုင်းက ရည်ညွှန်းချက်မှာပါဝင်နေတာမဟုတ်ပါဘူး။
Legend မှာ အရောင်တစ်ခုကို ညွှန်းဆိုချက်အနေနဲ့ ပါဝင်ပြီဆိုရင်တော့ အဲ့အရောင်မှာ သတ်မှတ်ချက်တစ်ခုပါဝင်လာလို့ပဲဖြစ်ပါတယ်။

ဥပမာ — DPS ရဲ့တိုင်းဒေသကြီး / ပြည်နယ် မြေပုံမှာ

မြေမျက်နှာသွင်ပြင် အနိမ့် / အမြင့် ကို

🟢အစိမ်းရောင်→ မြေပြန့် / အနိမ့်ပိုင်း
⚪ အဖြူ / မီးခိုးရောင်→ ပိုမိုမြင့်မားတဲ့ မြေမျက်နှာသွင်ပြင် ၊ တောင်ကုန်း/တောင်တန်း
အဖြစ် Legend မှာ သက်ဆိုင်ရာ အရောင်နဲ့ ရည်ညွှန်းချက်ကို ဖော်ပြထားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် Legend မှာ အရောင်ရည်ညွှန်းချက် မပါဘူးဆိုရင်အဲဒီအရောင်တွေဟာ အမြင့်/အနိမ့်ကို ကိုယ်စားပြုတာ မဟုတ်နိုင်ပါဘူး။
မြေပုံကို ပိုမို ပေါ်လွင်ရှင်းလင်းစေရန်၊ နယ်နိမိတ်မျဉ်းတွေကို ထင်ရှားစေရန်၊ Map ကို ကြည့်ရတာ ပိုလွယ်ကူစေရန် Design အနေနဲ့ ထည့်သွင်းအသုံးပြုထားတာလည်း ဖြစ်နိုင်ပါတယ်။

📌 အတိုချုပ်ပြောရရင်…“အရောင်ကိုကြည့်ပြီး အဓိပ္ပာယ်မခန့်မှန်းပါနဲ့။ Legend ကို အရင်ကြည့်ပါ''
📌မြေမျက်နှာသွင်ပြင်ကိုဖော်ပြထားတဲ့ အောက်ခံအရောင်ကို ပြောင်းချင်တယ်ဆိုလည်းရပါတယ် ဒါပေမဲ့ ပြောင်းလိုက်တဲ့ အရောင်က Legend မှာပါဝင်နိုင်လောက်တဲ့ အဓိပ္ပာယ်မရှိတော့ဘူးဆိုတာ သတိပြုပါ !!

📚✨ စာအုပ်ချစ်သူများအတွက် သတင်းကောင်း!ရန်ကုန်နဲ့ မန္တလေးကို မြေပုံနဲ့ လေ့လာချင်သူတွေအတွက်… 🗺️  DPS ရဲ့ မြို့နယ်များပြမြေပ...
27/08/2026

📚✨ စာအုပ်ချစ်သူများအတွက် သတင်းကောင်း!

ရန်ကုန်နဲ့ မန္တလေးကို မြေပုံနဲ့ လေ့လာချင်သူတွေအတွက်… 🗺️
DPS ရဲ့ မြို့နယ်များပြမြေပုံနှင့် အချက်အလက်များ စာအုပ် တွေကို အခု ဂိုဒေါင်ရှင်း အထူး Discount ဈေးနှုန်း နဲ့ ရောင်းချပေးနေပါပြီ။

📚 ရရှိနိုင်တဲ့ စာအုပ်များ

🗺️ ရန်ကုန်မြို့တော် မြို့နယ်များပြမြေပုံနှင့် အချက်အလက်များ

🗺️ မန္တလေးမြို့တော် မြို့နယ်များပြမြေပုံနှင့် အချက်အလက်များ

မူရင်းဈေး - 35000/- ကျပ်ကိုမှ

💰 အထူးဈေးနှုန်း — 2အုပ်ကိုမှ 5သောင်းကျပ်

မြို့နယ်တစ်ခုချင်းစီရဲ့ တည်နေရာနဲ့ အချက်အလက်တွေကို စာအုပ်တစ်အုပ်ထဲမှာ စနစ်တကျ လေ့လာနိုင်တာကြောင့် မြေပုံလေ့လာသူတွေ၊ ကျောင်းသား/ကျောင်းသူတွေ၊ လုပ်ငန်းသုံး Reference လိုအပ်သူတွေအတွက် အသုံးဝင်ပါတယ်။

🚨 Limited Stock!
ဂိုဒေါင်ရှင်းအထူးဈေးဖြစ်တာကြောင့် စာအုပ်အရေအတွက် ကန့်သတ်ထားပါတယ်။
ကုန်သွားရင် ဒီဈေးနဲ့ မရနိုင်တော့တာမို့ လက်မနှေးဘဲ မှာယူထားလိုက်ပါနော်။ ❤️
🚚 Delivery ရောက်တဲ့မြို့တိုင်း အိမ်ရောက်ငွေချေရပါတယ်

📩 မှာယူရန်
📞 09-774204020
📞 09-775204020
📞 09-455204020

''Decorate your office with DPS maps.''Contact Us:📞 09-774204020  📞 09-775204020  📞 09-455204020
27/08/2026

''Decorate your office with DPS maps.''

Contact Us:
📞 09-774204020
📞 09-775204020
📞 09-455204020

''DPS မှာ မြန်မာတစ်နိုင်ငံလုံးက မြေပုံတွေရတယ်ဆိုတာ” ဟုတ်ပါတယ်… မြို့တစ်မြို့ချင်းစီကနေ စပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသ...
26/08/2026

''DPS မှာ မြန်မာတစ်နိုင်ငံလုံးက မြေပုံတွေရတယ်ဆိုတာ”

ဟုတ်ပါတယ်…
မြို့တစ်မြို့ချင်းစီကနေ စပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် အထိ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးနယ်မြေအလိုက် ခွဲခြားထားတဲ့ မြေပုံတွေကို DPS မှာ ရရှိနိုင်ပါပြီ။

📍 မြို့ပေါင်း ၅၂၃ မြို့
📍 မြို့နယ်ပေါင်း ၃၃၀ မြို့နယ်
📍 ခရိုင်ပေါင်း ၁၂၁ ခရိုင် အပြင်
📍 တိုင်းဒေသကြီး / ပြည်နယ် မြေပုံများ
ဒီထဲကနေ အဆင်သင့်ရေးဆွဲပြီးသား Map တွေကို ရွေးချယ်ဝယ်ယူနိုင်သလို လုပ်ငန်းလိုအပ်ချက်၊ ဌာနဆိုင်ရာညွှန်ကြားချက်များနဲ့အညီလည်း ပြင်ဆင်ပေးနိုင်ပါတယ်။

📌ရုံးခန်းချိတ်ဖို့လား?
📌 Project အတွက်လား?
📌 လုပ်ငန်းသုံး Reference အတွက်လား?
📌 Presentation / Report အတွက်လား?
အသုံးပြုမယ့်ရည်ရွယ်ချက်အလိုက် ပုံထုတ်သုံးချင်လား Soft Copy ဖိုင်နဲ့လိုချင်လား အဆင်သင့် ရရှိနိုင်ပါတယ်။
📞 09-774204020
📞 09-775204020
📞 09-455204020

 #မြေလျှောက်တော့မယ်ဆို…  #မြေပုံတစ်ခုတော့လိုမယ်နော်!ဌာနဆိုင်ရာတွေမှာ မြေနေရာလျှောက်ထားမှု ပြုလုပ်တဲ့အခါ လိုအပ်တဲ့ စာရွက်...
24/08/2026

#မြေလျှောက်တော့မယ်ဆို… #မြေပုံတစ်ခုတော့လိုမယ်နော်!

ဌာနဆိုင်ရာတွေမှာ မြေနေရာလျှောက်ထားမှု ပြုလုပ်တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ သက်ဆိုင်ရာမြေပုံကို ပူးတွဲတင်ပြရန် လိုအပ်တတ်ပါတယ်။

ဒီလိုတင်ပြရာမှာလည်း သက်ဆိုင်ရာဌာနရဲ့ လိုအပ်ချက်နဲ့ ညွှန်ကြားချက်တွေအတိုင်း မြေပုံအချက်အလက်တွေ ပြည့်စုံမှန်ကန်စွာ ပြင်ဆင်ထားနိုင်ခြင်း က အရေးကြီးပါတယ်။
ဒါမှသာ ပြန်လည်ပြင်ဆင်ရတာ၊ ထပ်မံဖြည့်စွက်ရတာတွေကို လျှော့ချနိုင်ပြီး အချိန်ကုန်၊ အလုပ်ရှုပ် သက်သာစေမှာ ဖြစ်ပါတယ်။

ဘယ်လို မြေလျှောက်ထားမှုတွေအတွက်လဲ?
✅ဘုန်းကြီးကျောင်း / သာသနာ့မြေလျှောက်ထားခြင်း
✅ဘုရားမြေလျှောက်ထားခြင်း
✅လုပ်ငန်းတည်ဆောက်ရန် Project Area လျှောက်ထားခြင်း
✅ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သော မြေနေရာလျှောက်ထားခြင်း
✅အခြား Project & Land Application များ

လိုအပ်ချက်အလိုက် Location၊ Boundary၊ Satellite Map၊ ၊ Contour Map စတဲ့ မြေပုံဆိုင်ရာ Data တွေကို ပြင်ဆင်ပေးနိုင်ပါတယ်။

💯မြေလျှောက်မယ်ဆိုရင် စာရွက်စာတမ်းတွေတင်မက… မြေပုံကလည်း အရေးကြီးပါတယ်။
လိုအပ်တဲ့ Map ကို ဘယ်လိုပုံစံနဲ့ ပြင်ဆင်ရမလဲ မသိသေးဘူးဆိုရင် DPS ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။📩
📞 09-774204020
📞 09-775204020
📞 09-455204020
#ဌာန

🏠 အိမ်နံပါတ်မြေပုံ | မြောက်ဒဂုံအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေအတွက် အိမ်နံပါတ်မြေပုံက မရှိမဖြစ်လိုအပ်တယ်ဆိုတာ သိပြီးပြီ...
24/08/2026

🏠 အိမ်နံပါတ်မြေပုံ | မြောက်ဒဂုံ

အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေအတွက် အိမ်နံပါတ်မြေပုံက မရှိမဖြစ်လိုအပ်တယ်ဆိုတာ သိပြီးပြီလား?
မြောက်ဒဂုံမြို့နယ်တစ်ခုလုံးရဲ့ အိမ်နံပါတ် + လမ်းအမည် တွေကို တစ်စုတစ်စည်းတည်းပါဝင်မည့် Map Soft Copy ကို DPS မှာ ရရှိနိုင်ပါပြီ။

မြောက်ဒဂုံ အိမ်နံပါတ်မြေပုံမှာ
📌 ရပ်ကွက် ၂၇ ခု ပါဝင်ခြင်း
📌အိမ်နံပါတ် Data ပါဝင်ခြင်း
📌လမ်းအမည်များ ကိုပါထည့်သွင်းဖော်ပြထားတာဆိုတော့ မြို့နယ်ပုံမှာ အိမ်နံပါတ်အထိပါချင်တဲ့ Customer တွေအတွက် အဆင်သင့်ပဲနော် 😎😎

အိမ်ခြံမြေ အရောင်းအဝယ်၊ Property၊ Location Reference နဲ့ မြို့နယ်အတွင်း နေရာအချက်အလက်တွေကို လေ့လာဖို့ အသုံးဝင်တဲ့ Data ဖြစ်ပါတယ်။

“မြောက်ဒဂုံတစ်မြို့နယ်လုံးကို အိမ်နံပါတ်နဲ့ လိုချင်တယ်'' ဆိုရင်—
DPS ကို အခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါ။ 📩
📞 09-774204020
📞 09-775204020
📞 09-455204020

22/08/2026

!!2026ရောက်နေပြီ ရိုးရိုးဘောင်ပဲသွင်းထားတုန်းလား ? ဒါဆိုရင် သံလိုက်မြေပုံလေးစမ်းကြည့်လိုက်နော်!!

မြန်မာစကားပုံထဲကမြို့များPart3မုဆိုးဘိုရွာမှသည် ယနေ့ ရွှေဘိုမြို့အဖြစ်သို့“ငါးမည်ရ ပြည်ရွှေဘို” လို့တောင် တင်စားခေါ်ဝေါ်...
21/08/2026

မြန်မာစကားပုံထဲကမြို့များPart3
မုဆိုးဘိုရွာမှသည် ယနေ့ ရွှေဘိုမြို့အဖြစ်သို့

“ငါးမည်ရ ပြည်ရွှေဘို” လို့တောင် တင်စားခေါ်ဝေါ်ခဲ့ရတဲ့ ရွှေဘိုမြို့ဟာ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ရှေးက မုဆိုးဘိုရွာ အဖြစ်ကနေ တဖြည်းဖြည်း ဖွံ့ဖြိုးလာပြီး ကုန်းဘောင်မင်းဆက်ရဲ့ အစပြုရာ၊ မင်းသုံးဆက် နန်းစိုက်ခဲ့တဲ့ မင်းနေပြည်တော် အဖြစ် ထင်ရှားလာခဲ့ပါတယ်။

“ရွှေဘို” လို့ ပြောလိုက်တာနဲ့ အလောင်းမင်းတရားကြီး ကို သတိရမိကြသလို ငယ်ငယ်က သင်ယူခဲ့ရတဲ့ မြန်မာ့သမိုင်းထဲက အကြောင်းအရာတွေကိုလည်း ပြန်လည်အမှတ်ရစေမှာပါ။

ဒါ့အပြင် ရွှေဘိုသနပ်ခါးဆိုရင်လည်း မြန်မာနိုင်ငံအနှံ့ လူသိများတဲ့ ရွှေဘိုရဲ့ ထင်ရှားတဲ့ ဒေသထွက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ 🌿

📍 ရွှေဘိုကိုရောက်ရင် ဘယ်နေရာတွေ သွားသင့်လဲ?
♥️ ရွှေဘုံရတနာ မင်္ဂလာနန်းတော်
♥️ ဘုရားကိုးဆူ ကျောက်ဖြစ်ဆရာတော်
♥️ရန်ကြီးအောင်ပန်းခြံ
♥️ဖောင်တော်ဦးစေတီ
♥️ ဇမ္ဗူဆီမီး မြတ်စွာဘုရား
♥️ ရွှေဘိုမြို့ဈေးကြီး
♥️ လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီး နှင့် ရှေးဟောင်းစေတီ၊ ပုထိုးများစွာကိုလည်း လေ့လာနိုင်ပါတယ်။
ယနေ့ ရွှေဘိုမြို့ ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် အတွင်းမှာ တည်ရှိတဲ့ သမိုင်းဝင်မြို့တစ်မြို့ ဖြစ်ပါတယ်။

📍မြို့တစ်မြို့ရဲ့ သမိုင်းကြောင်းကို စာအုပ်ထဲမှာ ဖတ်ရှုနိုင်သလို၊ ဘယ်နေရာမှာ တည်ရှိလဲ၊ ဘယ်နေရာတွေနဲ့ နီးကပ်ချိတ်ဆက်နေလဲဆိုတာကိုတော့ မြေပုံပေါ်မှာ ပိုပြီးမြင်သာစွာ လေ့လာနိုင်ပါတယ်။
📍DPS မှာ ရွှေဘိုမြို့/မြို့နယ်မြေပုံများအပြင် မြန်မာနိုင်ငံအတွင်းရှိ မြို့၊ မြို့နယ်များအတွက် လိုအပ်သလို Plotting & Soft Copy Map များ ရရှိနိုင်ပါတယ်။
📞 09-774204020
📞 09-775204020
📞 09-455204020
ကိုးကား။ https://my.wikipedia.org/

ရန်ကုန် + မန္တလေး Map Book တွေ DPS မှာ ရပါပြီ!🚨YANGON MAP BOOK✅Size — A3✅Price — 35,000 Ksပါဝင်တဲ့ ဧရိယာတွေကတော့—📍 ရန်ကု...
20/08/2026

ရန်ကုန် + မန္တလေး Map Book တွေ DPS မှာ ရပါပြီ!

🚨YANGON MAP BOOK
✅Size — A3
✅Price — 35,000 Ks

ပါဝင်တဲ့ ဧရိယာတွေကတော့—
📍 ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ၃၃ မြို့နယ်
📍 သန်လျင်မြို့နယ်
ရန်ကုန်မြို့အတွင်း လမ်းတွေ၊ တည်နေရာတွေကို လေ့လာဖို့နဲ့ လုပ်ငန်းသုံး Reference အဖြစ် အသုံးပြုဖို့ အဆင်ပြေတဲ့ Map Book ဖြစ်ပါတယ်။

🚨MANDALAY MAP BOOK
✅Size — A3
✅Price — 35,000 Ks

မန္တလေးမြို့တွင်း ၇ မြို့နယ် ပါဝင်ပါတယ်။
မြို့တွင်း Location တွေကို အလွယ်တကူ ရှာဖွေလေ့လာနိုင်ပြီး လုပ်ငန်းသုံး၊ ရုံးသုံးနဲ့ Reference အဖြစ် အသုံးပြုနိုင်ပါတယ်။

📦 မြန်မာတစ်နိုင်ငံလုံး အိမ်ရောက်ငွေချေစနစ်နဲ့ မြို့ပေါင်း40 ကျော်အထိပို့ဆောင်ပေးပါတယ်!
📞 မြေပုံများအတွက် ဆက်သွယ်မေးမြန်းရန်
09-774204020
09-775204020
09-455204020

19/08/2026

DPS မှာမြေပုံတွေပဲ မဟုတ်ဘဲ ကိုယ်ပိုင်လုပ်ငန်း Software တွေအတွက် Data Only Service လည်းရတယ်နော်!

Address

Rm:307, Yae Kyaw Complex, Yae Kyaw Road, Pazundaung Township
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00

Telephone

+959 774 204020

Alerts

Be the first to know and let us send you an email when Design Printing Services Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Design Printing Services Co., Ltd.:

Shortcuts

Share