Business Solutions Myanmar - စီးပွားရေးအတိုင်ပင်ခံလုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • Business Solutions Myanmar - စီးပွားရေးအတိုင်ပင်ခံလုပ်ငန်း

Business Solutions Myanmar - စီးပွားရေးအတိုင်ပင်ခံလုပ်ငန်း ရလာဒ်ကောင်းဖို့၊ ရလာဒ်ပြောင်းဖို့ ၁၀၀% အာမခံတဲ့
စီးပွားရေးအတိုင်ပင်ခံလုပ်ငန်း
(1)

27. 3. 2026 ဒီနေ့စက်သုံးဆီစျေးနှုန်းများ....😱
26/03/2026

27. 3. 2026 ဒီနေ့စက်သုံးဆီစျေးနှုန်းများ....😱

Big shout out to my newest top fans! 💎 Fauzia KhinmarsoeDrop a comment to welcome them to our community,
19/03/2026

Big shout out to my newest top fans! 💎 Fauzia Khinmarsoe

Drop a comment to welcome them to our community,

20.3.2026 ယနေ့ စက်သုံးဆီစျေးနှုန်းများ...😱
19/03/2026

20.3.2026 ယနေ့ စက်သုံးဆီစျေးနှုန်းများ...😱

မြန်မာ့ရေနံစိမ်းတင်သွင်းမှု၏ ၉၂ ရာခိုင်နှုန်းက ပင်လယ်ကွေ့နိုင်ငံများကဖြစ်DVBအမေရိကန်နဲ့ အစ္စရေး ပူးပေါင်းပြီး အီရန်အပေါ်...
03/03/2026

မြန်မာ့ရေနံစိမ်းတင်သွင်းမှု၏ ၉၂ ရာခိုင်နှုန်းက ပင်လယ်ကွေ့နိုင်ငံများကဖြစ်
DVB

အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းပြီး အီရန်အပေါ် တိုက်ခိုက်မှုဟာ ဒီကနေ့ဆို ၄ ရက်မြောက် ရှိလာပါပြီ။ လက်ရှိမှာ အီရန်တော်လှန်ရေးအစောင့်တပ်က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ သင်္ဘောမှန်သမျှကို ပစ်ခတ်သွားမယ်လို့ ခြိမ်းခြောက်လာပါတယ်။

ကမ္ဘာ့ရေနံကုန်သွယ်‌ရေးလမ်းကြောင်းမှာ အဓိကကျတဲ့ ဒီရေလက်ကြားကနေ နေ့စဉ် ရေနံစိမ်းစည်ပေါင်း သန်း ၂၀ ကျော် ဖြတ်သန်းနေပြီး ဒီပမာဏဟာ ကမ္ဘာ့ရေနံစိမ်းအားလုံးရဲ့ ၅ ပုံ ၁ ပုံနဲ့ ညီမျှပါတယ်။

အမေရိကန် စွမ်းအင်သတင်းအချက်အလက်ဌာန (EIA) ရဲ့ အဆိုအရ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းတဲ့ ရေနံစိမ်းတွေရဲ့ ၈၄ ရာခိုင်နှုန်းဟာ အာရှဈေးကွက်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ အီရန်ရဲ့ အခုလို ပိတ်ဆို့မှုဟာ အာရှနိုင်ငံတွေရဲ့ စွမ်းအင်ကဏ္ဍအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာမှာပါ။

ပဋိပက္ခ တင်းမာလာတာနဲ့အမျှ အမေရိကန်စစ်အခြေစိုက်စခန်းတွေ ရှိရာ ပင်လယ်ကွေ့နိုင်ငံတွေ အပေါ် အီရန်ရဲ့ လက်တုံ့ပြန်မှုကလည်း တနေ့တခြား ပိုပြင်းထန်လာနေပါတယ်။ ဒီအခြေအနေတွေဟာ အရှေ့အလယ်ပိုင်းဒေသက ရေနံကို အဓိက မှီခိုသုံးစွဲနေရတဲ့ မြန်မာနိုင်ငံအပေါ်လည်း ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။ ကမ္ဘာတဝန်း လောင်စာဆီနဲ့ အခြားကုန်စည်တွေ စီးဆင်းမှုကို လေ့လာစောင့်ကြည့်နေတဲ့ Kpler ရဲ့ အဆိုအရ မြန်မာ့ရေနံစိမ်းတင်သွင်းမှုရဲ့ ၉၂ ရာခိုင်နှုန်းက ပင်လယ်ကွေ့နိုင်ငံတွေကလာတာလို့ သိရပါတယ်။

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် လက်ရှိ ကမ္ဘာ့ရေနံဈေးက တစည်ကို အမေရိကန်ဒေါ်လာ ၈၀ ကျော်လာပြီဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဏ္ဍအပေါ် ရိုက်ခတ်မှုတွေလည်း ရှိနေပါတယ်။ ဒီရဲ့ အကျိုးဆက်ဟာ မြန်မာနိုင်ငံအပေါ်လည်း အနည်းနဲ့အများ သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

#အီရန် #ရေနံစိမ်း #ပင်လယ်ကွေ့နိုင်ငံ #မြန်မာ

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ( ၂၀၂၆ - မတ် ၂ ၊ နံနက် ၁၀ နာရီ)Voice of Myanmar #ရွှေဈေး-ကမ္ဘာ့ရွှေဈေး တအောင်စ...
02/03/2026

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - မတ် ၂ ၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၅၃၆၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၁,၄၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၁,၃၆၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၁,၀၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၉၆၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၁,၂၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၁,၂၄၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၈၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၈၄၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၀၅ ကျပ်
ဝယ်ဈေး - ၃၉၀၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၈၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၂၀ ကျပ်
ဝယ်ဈေး - ၄၆၀၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၈.၂၁ ကျပ်
ဝယ်ဈေး - ၁၂၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၄ ကျပ်
ဝယ်ဈေး - ၉၉၈ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၈၃ ကျပ်
ဝယ်ဈေး - ၅၆၈ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၆၂ ကျပ်
ဝယ်ဈေး - ၂၄.၉၈ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၃.၉ ကျပ်
ဝယ်ဈေး - ၄၂.၈ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၃၈၀ ကျပ်
ဝယ်ဈေး - ၅၂၄၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၂ ကျပ်
ဝယ်ဈေး - ၂၇၇၁ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၃၂ ကျပ်
ဝယ်ဈေး - ၂၈၅၉ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၂ ကျပ်
ဝယ်ဈေး - ၄၉၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၀၉၀ ကျပ်
ဝယ်ဈေး - ၁၀၆၃ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#ရွှေစျေး #နိုင်ငံခြားငွေလဲလှယ်နှုန်း #ဒေါ်လာစျေး

Breaking News------------------------ထိုင်းက စက်သုံးဆီ ပြည်ပတင်ပို့ရောင်းချခြင်းကို ပိတ်ပင်လိုက်ကြောင်း ကြေညာပါတယ်။ အီရန...
01/03/2026

Breaking News
------------------------

ထိုင်းက စက်သုံးဆီ ပြည်ပတင်ပို့ရောင်းချခြင်းကို ပိတ်ပင်လိုက်ကြောင်း ကြေညာပါတယ်။ အီရန်စစ်ပွဲကြောင့် ဟော်မုခ်ရေလက်ကြား ပိတ်ဆို့ကာ စက်သုံးဆီ ရဖို့ ခက်ခဲနိုင်လို့ ပြည်ပတိုင်းပြည်တွေကို မရောင်းတော့ဘူးလို့ ကြေညာလိုက်တာပါ။ ထိုင်းကနေတဆင့် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့ ဝယ်ယူသုံးစွဲနေကြတာပါ။ မြန်မာပြည်မှာလဲ စက်သုံးဆီ ဈေးပြန်တက်နိုင်ပါတယ်။ ထိုင်းကတော့ သူတို့မှာ ၂ လစာ စက်သုံးဆီ လက်ကျန်ရှိသေးတယ်လို့ ဆိုပါတယ်။

Ref: International Business News.

Sky Villa ကွန်ဒိုကို  တည်ဆောက်ခဲ့တဲ့  ကိုနိုင်ထွန်းလင်းကို ပုဒ်မ ၃၀၄ ( က)  နဲ့အမှုဖွင့် စစ်ဆေး အရေးယူဖေဖော်ဝါရီ ၁၁ ၊ ၂၀၂...
11/02/2026

Sky Villa ကွန်ဒိုကို တည်ဆောက်ခဲ့တဲ့ ကိုနိုင်ထွန်းလင်းကို ပုဒ်မ ၃၀၄ ( က) နဲ့အမှုဖွင့် စစ်ဆေး အရေးယူ

ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၆
CC (VOM)

မန္တလေး ၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ Sky Villa ကွန်ဒိုကို တည်ဆောက်ခဲ့သူ NTL ကုမ္ပဏီပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ပုဒ်မ ၃၀၄ ( က) နဲ့ အမှတ် ၁ ရဲစခန်းမှာ အမှု့ဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။

" စသုံးလုံး ( စစစ) ကတိုက်ရိုက်ကိုင်တာ ။ တရားခံကိုလည်း အမှုစွဲတင်လိုက်ပြီ။ ပုဒ်မ ၃၀၄ ( က) နဲ့။ လုပ်ငန်းခွင်ပေါ့လျော့လို့ လူသေစေမှုနဲ့ စွဲတင်လိုက်တာ။ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်တာ ။ " လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်မှာ ၁၁ ထပ်အမြင့်ရှိတဲ့ Sky Villa ကွန်ဒိုဟာ ပြိုကျခဲ့ပြီး လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ရတဲ့အတွက် အခုလို အမှုဖွင့် အရေးယူလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အုံထဲကနေ အသက်ရှင်ရက် ကယ်ထုတ်နိုင်သူ ၅၂ ယောက်သာ ရှိခဲ့ပြီး သေဆုံးသူ ရုပ်အလောင်းအနေနဲ့ ၂၀၆ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်တာကို ထုတ်ပြန်ပြီးဖြစ်ပါတယ်။

သေဆုံးသူ ၂၀၆​ယောက်ထဲက​နေမှ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူ​မိသားစု​တွေကို ​သေဆုံးသူ တ​ယောက်ချင်းစီအတွက် သိန်း(၁၀၀) ကျပ်ကို Sky Villaကို တာဝန်ယူရတဲ့ ​NTL ကုမ္ပဏီက ထောက်ပံ့ပေးခဲ့ပါတယ်။

SKY Villa အ​ဆောက်အဦဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀ ၊ ၂၂ လမ်း နဲ့ ၂၃ လမ်းကြား ရေစစ်ကန်အနီးမှာ တည်ရှိတာ ဖြစ်ပြီး Sky villa ကွန်ဒိုအဆောက်အဦကို ၂၀၁၇ ခုနှစ်အကုန် ၂၀၁၈ ခုနှစ်အစပိုင်းမှာ NTL Construction Companyတာဝန်ယူ ဆောက်လုပ်ပြီးစီးခဲ့တယ်လို့ သိရပြီး စတင်ဆောက်လုပ်ခဲ့တဲ့ ခုနှစ်ကိုတော့ ဖော်ပြထားတာမတွေ့ရပါဘူး။

ကွန်ဒိုစတင်ပြီးစီးတဲ့အချိန်မှာပဲ လူနေထိုင်မှုတွေရှိခဲ့ပြီး ကွန်ဒိုတခန်းရဲ့တန်ကြေးကတော့ သိန်း ၆၅၀၀ အထက်မှာရှိတယ်လို့ ကွန်ဒိုအခန်းတွေ ရောင်းချမှု ဝန်ဆောင်မှုပေးနေတဲ့ အကျိုးတော်ဆောင်တွေရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

​ထောက်ပံ့​ငွေ​ပေးအပ်ပွဲမှာ​တွေ့ရတဲ့ တိုက်ခန်းပိုင်ရှင်​တွေက အခန်းပြန်​​ဆောက်​ပေးပြီး အချိုးကျထည့်ရမှာကို မလိုလားဘဲ ဝယ်ယူထားတဲ့တန်ဖိုး​တွေကို ပြန်လည်ရယူလိုတယ်လို့ VOM ကို ​ပြောခဲ့ဘူးပါတယ်။

#မန္တလေး ွန်ဒိုတည်ဆောက်သူ #နိုင်ထွန်းလင်းအမှုဖွင့်ခံရ

ရန်ကုန်-ဒလ မြစ်ကူးတံတားကြီး စတင်ဖွင့်လှစ်လိုက်ပြီးနောက် ဒလမြို့နယ်နှင့် အနီးနားရှိ တွံတေးမြို့နယ်တို့တွင် အိမ်ခြံမြေဈေးန...
09/02/2026

ရန်ကုန်-ဒလ မြစ်ကူးတံတားကြီး စတင်ဖွင့်လှစ်လိုက်ပြီးနောက် ဒလမြို့နယ်နှင့် အနီးနားရှိ တွံတေးမြို့နယ်တို့တွင် အိမ်ခြံမြေဈေးနှုန်းများမှာ တစ်ပတ်အတွင်း နှစ်ဆနီးပါးအထိ တဟုန်ထိုးမြင့်တက်လာကာ အရောင်းအဝယ်များလည်း အလွန်သွက်လျက်ရှိကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတားကို ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း တံတားအဆင်းလမ်းမကြီးဘေးရှိ မြေကွက်များမှာ သိန်းသောင်းချီ၍ ဈေးပေါက်နေခြင်းဖြစ်သည်။ တံတားမဖွင့်မီက ကျပ်သိန်း ၈,၀၀၀ မှ တစ်သောင်းဝန်းကျင်သာရှိခဲ့သော ပေ ၄၀ x ၆၀ မြေတစ်ကွက်လျှင် ယခုအခါ ကျပ်သိန်း ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ဈေးမြင့်တက်သွားကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။ အထူးသဖြင့် တံတားအဆင်း ရန်ကုန်ဘက်သို့ ဦးတည်သည့် လမ်းမကြီးပေါ်ရှိ ပေ ၄၀ x ၁၂၀ အကျယ်အဝန်းရှိ မြေတစ်ကွက်လျှင် ကျပ်သိန်း ၇၅,၀၀၀ ခန့်အထိ ရှိနေပြီး ပေ ၄၀ x ၆၀ မြေကွက်များမှာလည်း ကျပ်သိန်း ၅၅,၀၀၀ ဝန်းကျင်ဖြင့် ဈေးခေါ်နေကြကြောင်း သိရသည်။
မြို့တွင်းရှိ ဘိုးဘွားပိုင်မြေနှင့် အိမ်ဈေးနှုန်းများမှာလည်း တည်နေရာနှင့် လမ်းအနေအထားပေါ်မူတည်၍ သိသိသာသာ မြင့်တက်နေသည်။ ယခင်က ကျပ်သိန်း ၂,၅၀၀ ခန့်ရှိသော နေရာများမှာ ယခုအခါ ကျပ်သိန်း ၄,၀၀၀ ခန့် ဖြစ်သွားပြီး ၁၉ ပေ x ပေ ၆၀ အကျယ်ရှိသော အိမ်ခြံမြေများမှာလည်း လမ်းမပေါ်မူတည်ကာ ကျပ်သိန်း ၄၀၀ မှ ၇၀၀ ကြား ပေါက်ဈေးရှိနေသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဈေးနှုန်းမြင့်တက်မှုကို မျှော်လင့်ကာ ဝယ်ယူစုဆောင်းနေကြသဖြင့် အရောင်းအဝယ်မှာလည်း အဆက်မပြတ် ရှိနေသည်။
ဒလမြို့နယ်သာမက တွံတေးမြို့နယ်ဘက်ရှိ ကျေးရွာမြေများမှာလည်း တစ်ပတ်အတွင်း သိန်းရာနှင့်ချီ၍ ဈေးတက်နေသည်။ ဒလ-တွံတေး လမ်းမကြီးပေါ်ရှိ ပိတ်ဆွယ်ကျေးရွာတွင် တစ်ဧကပတ်လည် ခြံဝန်းတစ်ခုလျှင် ကျပ်သိန်း ၂,၈၀၀ မှ ၃,၅၀၀ အထိ ရက်ပိုင်းအတွင်း ဈေးနှုန်းခုန်တက်သွားကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။ ရန်ကုန်-ဒလတံတားကြီးသည် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များအပြင် ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒရဲ၊ ဖျာပုံနှင့် ဘိုကလေးမြို့များသို့ပါ လွယ်ကူစွာ သွားလာနိုင်စေသဖြင့် အဆိုပါဒေသတလျှောက်ရှိ အိမ်ခြံမြေဈေးကွက်မှာ ဆက်လက်မြင့်တက်လာမည့် အခြေအနေတွင် ရှိနေသည်။

#ဒလတံတား #အိမ်ခြံမြေဈေးကွက် #ဒလမြို့ #တွံတေး #ရန်ကုန် #အိမ်ခြံမြေ

ယနေ့ ဖတ်မိတဲ့သတင်း။နေပြည်တော်မှာ အိမ်ခြံ​မြေ အရောင်းအဝယ်သွက်​နေပြီး ဧရာဝတီလမ်း​ဘေးဆို သိန်းခြောက်သောင်းထိ အရောင်းဝယ်ဖြစ်...
01/02/2026

ယနေ့ ဖတ်မိတဲ့သတင်း။
နေပြည်တော်မှာ အိမ်ခြံ​မြေ အရောင်းအဝယ်သွက်​နေပြီး ဧရာဝတီလမ်း​ဘေးဆို သိန်းခြောက်သောင်းထိ အရောင်းဝယ်ဖြစ်​​နေ။

ဖေဖော်ဝါရီ ၁-၂၀၂၆၊KKL(VOM)
နေပြည်တော်မှာ အရောင်းအဝယ်မဖြစ်ဘူးလို့ ပြောလို့ရတဲ့နေရာမရှိဘူးလို့ ဆိုတဲ့အပြင် ဧရာဝတီလမ်းမပေါ်မှာဆိုရင် ကျပ်သိန်းပေါင်းခြောက်သောင်းကျော်က စျေးမြင့်တယ်ဆိုပေမယ့် အရောင်းဝယ်ဖြစ်တဲ့အ​ကြောင်းနဲ့ လက်ရှိ အခြေအနေမှာရောင်းသူတောင် မရှိတဲ့အကြောင်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က အိမ်ခြံမြေ​ရောင်းဝယ်​ရေးအသင်း ဥက္ကဋ္ဌဦးစောဝေနှင်းက ပြောပါတယ်။

"ကျွန်တော်တို့ ဧရာဝတီလမ်းပေါ်မှာဆိုလည်း သိန်းပေါင်းခြောက်သောင်းကျော်တယ် ဒါတောင်စျေးကြီးတဲ့အထဲမှာပါတာပဲလေ အခုဆို ဧရာဝတီလမ်းပေါ်မှာဆို ရောင်းမယ့်သူတောင်မရှိဘူး ပုဗ္ဗလည်းဖြစ်တာပဲ အရောင်းအဝယ်မဖြစ်ဘူးလို့ ပြောလို့ရတဲ့နေရာမရှိဘူး သူ့နေရာနဲ့သူ မူတည်ပြီး နေ့တိုင်း daily ဖြစ်တယ်"လို့ ဇမ္ဗူ အိမ်ခြံမြေအသင်း ဥက္ကဋ္ဌဦးစောနှင်းဝေက ပြောခဲ့တာပါ။

လက်ရှိနေပြည်တော် အိမ်ခြံမြေက အရောင်းအဝယ်နှေးတာမြန်တာတို့ရှိနေပေမယ့် နေရာဒေသနဲ့ စျေးနှုန်းအပေါ်မူတည်တယ်လို့ဆိုပါတယ်၊ ဇမ္ဗူသီရိဆိုရင် အနည်းဆုံး သိန်းတသောင်းဝန်းကျင်နဲ့ တသောင်းအထက်မှာရှိပြီးတော့ အနည်းအကျဥ်းကတော့အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့၂၀၂၅ ၁၂ လပိုင်းမကုန်ခင်က ရွှေစျေး သိန်း ၁၀၀ အထက်ဖြစ်ခဲ့တဲ့နောက်ပိုင်း မြေစျေးတွေက ပိုပြီး တဟုန်ထိုးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်းသိရပြီးတော့ ပုဗ္ဗသီရိဖက်မှာဆို ၁၅၀၀၀ ကနေစပြီး သိန်း ၅၀၀၀ - ၆၀၀၀ အထိ အရောင်းအဝယ်ရှိခဲ့ကာ ဇမ္ဗူ သီရိမြို့နယ် ထဲက ရွှေကြာပင်နဲ့ သပြေကုန်းရဲ့အရောင်းအဝယ်စျေးကလည်း ရွှေကြာပင်စျေးနှုန်းက ၃၅၀၀ ကနေ ၄၀၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့သလို သပြေကုန်းမှာက ၉၀၀၀ ကျော်အနည်းဆုံးပေါက်တယ်လို့ သိရပါတယ်။

ဒက္ခိဏသီရိဘက်မှာတော့ ပေ ၆၀ ပတ်လည် ၈၀ ပတ်လည် ၁၀၀ ပတ်လည်နဲ့ ၁၂၀ ပတ်လည်အကွက်တွေထဲက ၆၀ ပတ်လည်ကို အနည်းဆုံး ၁၂၀၀ ကစပြီးအရောင်းအဝယ်ဖြစ်ခဲ့သလို ၈၀ ပတ်လည်ကတော့ ၂၅၀၀ ကနေစပြီး အိမ်ပါမပါအပေါ် မူတည်ပြီးစျေးနှုန်းအပြောင်းအလည်းရှိမှတယ်လို့ သိရပါတယ်။

ဒီလိုအ​ရောင်းအဝယ်​တွေဖြစ်တဲ့ထဲမှာ တကယ်​နေထိုင်မယ့်သူ​တွေရှိသလို မြတ်ရင်​ရောင်းဖို့ အိမ်ခြံ​မြေ​ဈေးကွက်ထဲ ရင်းနှီးမြှုပ်နှံသူ​တွေများတယ်လို့ သိရပါတယ်။

Ref : Voice of Myanmar

ဇန်နဝါရီ မကုန်ခင်မှာတင် ရွှေဈေး သိန်း ၁၁၅ ကျော်အထိမြင့်တက်လာတဲ့နောက် အိမ်ခြံမြေသမားတွေ အရောင်းပိတ်သွားကြတယ်လို့ ရန်ကုန်က...
29/01/2026

ဇန်နဝါရီ မကုန်ခင်မှာတင် ရွှေဈေး သိန်း ၁၁၅ ကျော်အထိမြင့်တက်လာတဲ့နောက် အိမ်ခြံမြေသမားတွေ အရောင်းပိတ်သွားကြတယ်လို့ ရန်ကုန်က အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူများထံမှ သိရပါတယ်။

ရွှေစျေးတွေ ဆက်တိုက်တက်လာတဲ့နောက် မြေဝယ်ယူလိုသူတွေ ပြန်ထွက်လာပြီး အရောင်းအဝယ် ပြန်ဖြစ်နေချိန်မှာပဲ ကမ္ဘာ့ရွှေစျေး ဆက်တိုက်တက်နေခြင်းတွေနဲ့အတူ ပိုင်ရှင်တွေဘက်က အရောင်းပိတ်လာကြတာပါ။

မြေစျေးတွေက မနှစ်ကထက် သိသိသာသာ စျေးတက်လာပေမယ့် ဇန်နဝါရီလမှာတင် ရွှေ ၁ ကျပ်သားကို ကျပ် သိန်း ၃၀ နီးနီး စျေးတက်လာခြင်းကြောင့် လက်ရှိရွှေစျေးနဲ့တွက်ရင် မြေသမား ရှုံးနေတာမို့ အရောင်းတွေ ပြန်ပိတ်လာပြီး အခြေအနေ စောင့်ကြည့်လာတာလို့ အကျိုးတော်ဆောင်တွေက ဆိုပါတယ်။

လက်ရှိ ရန်ကုန်မြေစျေးကွက်ဟာ ဒဂုံမြို့သစ်လို နေရာတွေမှာ ပေ ၂၀-၆၀ မြေကွက်တင်ကို ကျပ် သိန်း ၁၀၀၀၀ နီးနီးဖြစ်လာပြီး မြို့ထဲမြို့နယ်တွေမှာဆိုရင် သိန်း ၃၀၀၀၀ အနည်းဆုံး စျေးခေါ်လာတာကြောင့် ဝယ်နိုင်သူ ဘောင်ကျဉ်းလာနေပါတယ်။

ဒီနှစ်အတွင်း ရွှေပြည်သာ၊ လှိုင်သာယာလို မြို့နယ်တွေမှာဆိုရင် ပေ ၁၀-၆၀ မြေကွက်တွေ အရောင်းတင်ထားတာ များစွာတွေ့နိုင်ပြီး ရောင်းစျေးမှာ ကျပ် သိန်း ၂၀၀၀ အထက်ဖြစ်ကြပါတယ်။

အဆိုပါ မြေကွက်ပိုင်ရှင်တွေက နေအိမ်ကို ရောင်းချပြီးပါက တိုက်ခန်းဝယ်နေတာ ဒါမှမဟုတ် မြို့စွန်ဘက်က စျေးသက်သာတဲ့နေရာတွေကို ထပ်မံပြောင်းရွှေ့တာမျိုး ရွေးချယ်မယ်လို့ ဆိုကြပါတယ်။

#အိမ်ခြံမြေ #ရွှေ

ပြည်တွင်းရွှေဈေး ကျပ်သိန်း ၁၀၀ ကျော်အထိ စံချိန်သစ်တင် ဇန်နဝါရီ ၁၉ - ၂၀၂၆ပြည်တွင်းရွှေဈေးဟာ မြန်မာ့သမိုင်းတလျှောက် အမြင့်...
19/01/2026

ပြည်တွင်းရွှေဈေး ကျပ်သိန်း ၁၀၀ ကျော်အထိ စံချိန်သစ်တင်

ဇန်နဝါရီ ၁၉ - ၂၀၂၆

ပြည်တွင်းရွှေဈေးဟာ မြန်မာ့သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်တင် ဈေးအဖြစ် ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်၊ ညနေပိုင်းမှာ ကျပ် သိန်း ၁၀၀ ကျော်ကို ရောက်ရှိသွားပြီ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

လက်ရှိမှာ ပြည်တွင်းရွှေဈေးဟာ ကျပ်သိန်း တရာ့သုံးသောင်း ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး စံချိန်တင် ဈေးအတက်ကြမ်းနေမှုကြောင့် ရွှေဆိုင်အများစု ဈေးမဖွင့်ရဲဘဲ အရောင်း၊ အဝယ် ရပ်ထားကြတယ်လို့ သိရပါတယ်။

“လက်ရှိ တရာ့သုံးသောင်းကလည်း တကယ်တမ်း ကမ္ဘာ့ဈေးရော၊ ‌အမေရိကန်ဒေါ်လာ လတ်တလော ပေါက်ဈေးနဲ့ရော တွက်ကြည့်မယ်ဆို ဖြစ်သင့်တဲ့ ဈေးတန်း မဟုတ်သေးဘူး။ ဒီထက် ပိုများရမှာပေါ့လေ။ ဆိုင်အများစုကတော့ ဈေးတွေ တအားတက်လာလို့ အရောင်းရော၊ အဝယ်ရော ယာယီ ရပ်ထားကြတယ်။ အခြေအနေ စောင့်ကြည့်နေကြတဲ့ သဘောပေါ့။ တချို့ ရွှေဆိုင်ပိုင်ရှင်တွေလည်း အဖမ်းအဆီးတွေ ရှိလာမှာစိုးလို့ ရှောင်တဲ့သူတွေ ရှောင်ကုန်ကြပြီ” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၄၆၆၈ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက် (တနင်္လာနေ့) ကထက် တအောင်စ ဒေါ်လာ ၉၀ ကျော် မြင့်တက်နေတာ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာဈေးကတော့ လက်ရှိမှာ တဒေါ်လာ ၄၁၁၀ ကျပ် ဝန်းကျင်ကို ရောက်ရှိနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက် (တနင်္လာနေ့) ကထက် ဒေါ်လာ ၁၀၀ ကျော် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။

“ကမ္ဘာ့ဈေးက တက်ရှိန်ကောင်းနေတုန်းပါပဲ။ ဒါကြောင့် ပြည်တွင်းရွှေဈေးလည်း အတက်ဘက်ကို အားကောင်းနေပါတယ်။ အရောင်းအဝယ် ပြုလုပ်သူတွေအနေနဲ့ အထူးသတိထား စောင့်ကြည့်ရမယ့် ကာလပါ” လို့ ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူတယောက်က ပြောပါတယ်။

ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ ကမ္ဘာ့ရွှေဈေးနှုန်း ဆက်လက် မြင့်တက်လာနိုင်ခြေ ရှိနေသလို ပြည်တွင်းမှာလည်း အမေရိကန်ဒေါ်လာ ဈေးကစားမှုတွေ ရှိနေတဲ့အတွက် ပြည်တွင်းရွှေဈေးနှုန်း ထပ်မံ မြင့်တက်လာနိုင်ခြေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

မြန်မာ့ရွှေဈေးဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က အခေါက်ရွှေ တကျပ်သား ဆယ့်သုံးသိန်း နှစ်သောင်းဝန်းကျင်သာ ရှိခဲ့တာဖြစ်ပြီး ငါးနှစ်အတွင်း ခုနစ်ဆကျော်အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

# #ကမ္ဘာ့ရွှေ #ပြည်တွင်းရွှေဈေး #ကျပ်သိန်းတရာကျော် #စံချိန်တင် #မြင့်တက်မှု

ကျေးဇူးအများကြီးတင်ပါတယ် Fauzia Khinmarsoeအားပေးမှုအကုန်လုံးအတွက်ပါ။ ဆက်တိုက် အမာခံပရိသတ်တွေ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ် ...
15/12/2025

ကျေးဇူးအများကြီးတင်ပါတယ် Fauzia Khinmarsoe

အားပေးမှုအကုန်လုံးအတွက်ပါ။ ဆက်တိုက် အမာခံပရိသတ်တွေ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ် 🔥။

Address

Sanchaung Township
Yangon

Alerts

Be the first to know and let us send you an email when Business Solutions Myanmar - စီးပွားရေးအတိုင်ပင်ခံလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Business Solutions Myanmar - စီးပွားရေးအတိုင်ပင်ခံလုပ်ငန်း:

Share