Daw Khin Cho Thet

Daw Khin Cho Thet မိပွမ်ပွမ် စားသောက်ကုန်လုပ်ငန်းနှင့်မြတ်ရတနာအမွှေးနံ့သာတိုင် ဖြန့်ချီရေး

🔥အသက်ကြီးလာလို့ ရုပ်ရင့်တာ၊ အားအင်ကုန်တာဟာ သဘာဝပဲလို့ လက်မခံပါနဲ့တော့။အသက် ၅၀ ရောက်လည်း ၃၀ အရွယ်လို လန်းဆန်းနေစေမယ့် "မြ...
31/05/2026

🔥အသက်ကြီးလာလို့ ရုပ်ရင့်တာ၊ အားအင်ကုန်တာဟာ သဘာဝပဲလို့ လက်မခံပါနဲ့တော့။
အသက် ၅၀ ရောက်လည်း ၃၀ အရွယ်လို လန်းဆန်းနေစေမယ့် "မြန်မာ့နည်း မြန်မာ့ဟန်" Anti-Aging လျှို့ဝှက်ချက်

သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေကို အသုံးပြုပြီး မြန်မာ့လူနေမှုပုံစံထဲမှာတင် အိုမင်းမှုကို နှေးကွေးအောင် ဘယ်လိုလုပ်လို့ရနိုင်လဲဆိုတာ ကြည့်ရအောင်။

၁။ "တစ်နေ့ ၃ နပ် စားရမယ်" ဆိုတဲ့ အယူအဆကို ပြောင်းလဲပါ
ကျွန်မတို့လူမျိုးတွေဟာ "ထမင်းမစားရရင် အားမရှိဘူး" လို့ ယူဆတတ်ကြပါတယ်။ ဒါပေမဲ့ "အမြဲတမ်း ဗိုက်ပြည့်နေခြင်းဟာ ဆဲလ်တွေကို ပျင်းရိစေပါတယ်"။
• လက်တွေ့လုပ်ဆောင်ရန်
-မနက်စာကို မနက်၁၀ နာရီလောက်မှ စားပါ။
ညစာကို ည ၇ နာရီ မတိုင်ခင် စားပါ။

"ဥပုသ်စောင့်သလိုမျိုး" တစ်နေ့ကို အစာစားချိန် ၈ နာရီအတွင်းပဲ ထားပြီး ကျန်တဲ့ ၁၆ နာရီကို ရေနဲ့ ကော်ဖီခါး (Black Coffee) ပဲ သောက်ပါ။
ဒါဟာ ခန္ဓာကိုယ်ထဲက အမှိုက်သရိုက်
ဆဲလ်တွေကို ပြန်သန့်စင်တဲ့စနစ်ကို နိုးကြားစေပါတယ်။

၂။ "အသားဟင်းထက် ဟင်းသီးဟင်းရွက်ကို ဦးစားပေးပါ"
အပင်တွေ ဒုက္ခရောက်တဲ့အခါ ထွက်လာတဲ့ Molecules တွေက ကျွန်မတို့ကို နုပျိုစေတယ်လို့ ဆိုပါတယ်။
• လက်တွေ့လုပ်ဆောင်ရန်
အမဲသား၊ ဝက်သားလို အနီရောင်အသားတွေကို လျှော့ပါ။

• တို့စရာ အစိမ်းတွေ၊ အဖန်ဓာတ်ရှိတဲ့ ဟင်းရွက်တွေများများစားပါ။

ကျွန်မတို့ဆီမှာ အလွယ်တကူရတဲ့ "လက်ဖက်" ထဲမှာဆိုရင် အိုမင်းမှုကို ဆန့်ကျင်တဲ့ Antioxidants တွေ အများကြီးပါဝင်ပါတယ်။ (သကြားနဲ့ ဆီတွေကိုတော့ လျှော့ရပါမယ်)။

၃။ "အပူအအေး ဒဏ်ကို ခံနိုင်ရည်ရှိပါစေ"
အမြဲတမ်း Aircon အေးအေးထဲမှာ နေတာ၊
ဒါမှမဟုတ် ရေနွေးနဲ့ပဲ ရေချိုးတာက ခန္ဓာကိုယ်ရဲ့ "Survival Circuit" ကို အိပ်ပျော်သွားစေပါတယ်။
• လက်တွေ့လုပ်ဆောင်ရန်
-ခန္ဓာကိုယ်ကို ရုတ်တရက် အပူအအေး ပြောင်းလဲပေးပါ။

၄။ "ချွေးထွက်အောင် လှုပ်ရှားပါ"
လမ်းလျှောက်ရုံနဲ့ မလုံလောက်ပါဘူး။ အသက်ရှူ မြန်ပြီး စကားပြောရ ခက်တဲ့အထိ မောသွားတဲ့ အခိုက်အတန့် လိုအပ်ပါတယ်။
-လမ်းလျှောက်တဲ့အခါ ခြေလှမ်းစိပ်စိပ်နဲ့ ခပ်သွက်သွက် လျှောက်ပါ။ -လှေကားတက်ပါ။ နှလုံးခုန်နှုန်း မြန်လာတာနဲ့အမျှ သင့်ဆဲလ်ထဲက စွမ်းအင်စက်ရုံတွေ အသစ်ပြန်ဖြစ်လာပါလိမ့်မယ်။

ဒေါက်တာ့ အကြံပြုချက်
နုပျိုချင်ရင် "သက်သောင့်သက်သာ နေတာကို ရပ်လိုက်ပါ"။
နည်းနည်း ဗိုက်ဆာပါစေ၊
နည်းနည်း ချမ်းပါစေ၊
နည်းနည်း မောပါစေ။
ဒီအချက်တွေကပဲ သင့်ကို ဆယ်စုနှစ်တစ်ခုစာ
ပိုပြီး နုပျိုသွားစေမှာ ဖြစ်ပါတယ်။

အသက်ရှည်နုပျိုခြင်းဆိုတာ ကံတရားမဟုတ်ဘဲ ရွေးချယ်မှုတစ်ခုပါ။ ဒီအချက်အလက်တွေက သင့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် Share လုပ်ပေးပြီး ကျွန်မတို့အားလုံး အတူတူ ကျန်းမာကြရအောင်!"

#ကျန်းမာပျော်ရွှင်အသက်ရှည်

#မြတ်ရတနာပြာမကြွေအမွှေးတိုင်နှင့်ဖယောင်းတိုင်ရောင်ဝယ်ရေး

30/05/2026

《အိမ်ရဲ့ အငွေ့အသက်က မိသားစုရဲ့ လားရာကို
ဆုံးဖြတ်ပေးတယ်》
တချို့အိမ်က အိမ်ထဲ ဝင်လိုက်တာနဲ့ စိတ်လက်ပေါ့ပါးသွားတယ်။
တချို့အိမ်က စကားတစ်ခွန်းပြောဖို့တောင် သတိထားနေရတယ်။
ကွာခြားချက်က အိမ်ရဲ့အရွယ်အစား မဟုတ်သလို ဘဏ်အကောင့်ထဲက စုငွေပမာဏလည်း မဟုတ်ပါဘူး။ အဲဒီနေရာလေးမှာ လူတွေ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဆက်ဆံကြလဲ ဆိုတာနဲ့ ဆိုင်ပါတယ်။
တချို့မိသားစုက အခက်အခဲကြုံရင်
အတူဆွေးနွေး တိုင်ပင်ကြတယ်။
တစ်ယောက် မောလာရင်
နောက်တစ်ယောက်က ဝင်လုပ်တယ်။
ဒီလိုပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာတဲ့ ကလေးတွေကလည်း ငြိမ်းချမ်းပြီး မျက်ဝန်းတွေက တည်ငြိမ်တယ်။
တချို့မိသားစုက အသေးအဖွဲကိစ္စမှာ ခဏခဏ ငြိတယ်။
ကိုယ် ပိုလုပ်ရရင် မကျေနပ်တော့ဘူး။
စကားတစ်ခွန်းအတွက်နဲ့ ရက်ပေါင်းများစွာ မျက်နှာရှစ်ခေါက်ချိုး နေတတ်တယ်။
ကြာလာတာနဲ့အမျှ အိမ်တွင်း အငွေ့အသက်က တင်းမာလာတယ်။
လူကို အမှန်တကယ် ပင်ပန်းစေတာက ငွေကြေးချို့တဲ့တာ မဟုတ်ဘဲ
အချင်းချင်းကြား ဆက်ဆံရေး ပျက်စီးယိုယွင်းလာလို့ဖြစ်တယ်။
အိမ်တစ်အိမ်ဟာ မကျေနပ်မှု၊
အမြင်စောင်းမှုတွေနဲ့ ပြည့်နေရင်
လူက သတိနဲ့ နေရပြီ၊
အချင်းချင်း ခိုင်းနှိုင်းကြပါပြီ။
ဘာအခွင့်အလမ်း ရှိရှိ ကြာရှည်မခံတော့ပါဘူး။
ကလေးတွေလည်း တဖြည်းဖြည်း တိတ်ဆိတ်လာပြီး
လူကြီးတွေက ပိုပင်ပန်းနွမ်းနယ်လာကြတယ်။
စိတ်အချင်းချင်း ဝေးကွာတဲ့အခါ
အိမ်ဘယ်လောက်ကြီးကြီး၊
ဘယ်လောက်ခမ်းနားလည်း ဗလာဖြစ်သလို ခံစားရပါတယ်။
မိသားစုတစ်ခုမှာ အမှန်တကယ် အရေးကြီးတာက အချင်းချင်း နားလည်ဖို့ ဆန္ဒရှိတာ၊
နောက်ဆုတ်ဖို့ ဆန္ဒရှိတာ၊
နည်းနည်း ပိုလုပ်လိုစိတ်ရှိတာ၊
ပင်ပန်းလာလည်း အိမ်ရောက်ချိန် စကားကောင်းကောင်း ပြောလိုစိတ်ရှိတာတွေ ဖြစ်ပါတယ်။
မိသားစုတစ်စုဟာ သူတို့ရဲ့စွမ်းအင်ကို
တူညီတဲ့ ဦးတည်ချက်ပေါ်မှာပဲ အာရုံစိုက်နိုင်ရင် နေ့ရက်တွေဟာ ရှေ့ကို လျှောလျှောရှုရှု ဆက်သွားပါလိမ့်မယ်။
အိမ်တစ်အိမ်ရဲ့နွေးထွေးမှုဟာ
မိသားစုတစ်စုရဲ့ ရေရှည်ကံကောင်းမှုပဲ ဖြစ်ပါတယ်။

 #မြတ်ရတနာပြာမကြွေအမွှေးတိုင်   31000အတိုင်750ကျော်ပါတယ်ပြန်ရောင်းချင်သူများစျေးနှုန်းအမျိုးမျိုးရှိပါတယ်095330321Vbကိုဆ...
29/05/2026

#မြတ်ရတနာပြာမကြွေအမွှေးတိုင်
31000
အတိုင်750ကျော်ပါတယ်
ပြန်ရောင်းချင်သူများစျေးနှုန်းအမျိုးမျိုးရှိပါတယ်
095330321Vbကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်

မင်္ဂလာပါ ကာကြီးတို့ရေ….. 😁😁😁စျေးတက်ပြန်ပီနော် 😅😅😅ငွေစျေး 📈 ⬆️ဆီစျေး 📈 ⬆️လို့သယ်ယူစရိတ်လဲ📈⬆️မင်မင့်တို့ဆီ Instock သိပ်မရ...
28/05/2026

မင်္ဂလာပါ ကာကြီးတို့ရေ….. 😁😁😁
စျေးတက်ပြန်ပီနော် 😅😅😅
ငွေစျေး 📈 ⬆️
ဆီစျေး 📈 ⬆️လို့
သယ်ယူစရိတ်လဲ📈⬆️
မင်မင့်တို့ဆီ Instock သိပ်မရှိ
cb ကနေပဲခိုးရောင်းရတဲ့အဖြစ်
ဝေစုမတည့်လို့ ပြောဆိုလဲခံရ
ကယ်👻
ငွေစျေးပေါ်မူတည်းပီး စျေး ⬆️ ⬇️ ရှိပါမယ်ရှင့်
29-5-2026 စျေး
တ ကေဂျီ - သုံးသောင်းတစ်ထောင်
24တိုင် ပါ -1300
50 တိုင်ပါ -2600
အိတ်ခွံ သီးသန့်❌မရောင်း

ပြန်ဖြန့်တဲ့ကာကာတွေကတော့ ပို့ခ deliခ နယ်တန်ဆာခနဲ့ဆို
တ ကေဂျီ - ✅✅သုံးသောင်း‌ေကျာ်ကြားသွားပါမယ်ရှင့်

လတ်တလောက်အခက်ခဲအမျိုးမျိုးကြားမှ တင်သွင်းရောင်းဝယ် ဖြန့်ဖြူးကြရလို့ အချိန်တိုအတွင်း စျေးအပြောင်းလဲမြန်ပီး စျေးတက်ကြမ်းနေလို့ လိုအပ်မှ (သို့)လိုသလောက်လေးပဲ အားပေးကြပါနော် ၊ မင်မင်တို့လဲ ပစ္စည်းရောက်ဖို့ ခက်နေသေးလို့ပါရှင်။

အားပေးတဲ့ ကာကာအားလုံးကို 🫶🫶🫶အမြဲကျေးဇူးတင်ပါတယ်ရှင် 🙏🙏🙏 #မြတ်ရတနာပြာမကြွေအမွှေးတိုင်
Vb095330321တစ်လုံးသာအော်ဒါလက်ခံပါသည် khin cho Thet

28/05/2026
972999AC #2026နှစ်သည်ကျွန်ုပ်၏အောင်မြင်နှစ်ဖြစိသည် #ငါဘာဘဲရောင်းရောင်းရောင်းကောင်းတဲ့သူဖြစ်နေပါပြီး #ငါအရမ်းကံကောင်းတယ် ...
27/05/2026

972999AC
#2026နှစ်သည်ကျွန်ုပ်၏အောင်မြင်နှစ်ဖြစိသည်
#ငါဘာဘဲရောင်းရောင်းရောင်းကောင်းတဲ့သူဖြစ်နေပါပြီး
#ငါအရမ်းကံကောင်းတယ်
#ငါလိုချင်ရင်ရတယ်
#ငါအလုပ်တွေလုပ်ရတာအရမ်းလွယ်ကူနေပါပြီး
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
#မြတ်ရတနာပြာမကြွေအမွှေးတိုင်နှင့်ဖယောင်းတိုင်ရောင်ဝယ်ရေး
#လက်လီလက်ကား
#ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်
/09949969933ကိုမှာယူဆက်သွယ်နိုင်ပါပြီး

သူတော်ကောင်းနဲ့တွေ့ရင် ငါသူ့လိုဖြစ်အောင် ကြိုးစားမယ်လို့ နှလုံးသွင်းပါ။သူယုတ်မာနဲ့တွေ့ရင် ငါသူ့လိုမဖြစ်အောင် ကြိုးစားမယ်...
26/05/2026

သူတော်ကောင်းနဲ့တွေ့ရင်
ငါသူ့လိုဖြစ်အောင် ကြိုးစားမယ်လို့ နှလုံးသွင်းပါ။

သူယုတ်မာနဲ့တွေ့ရင်
ငါသူ့လိုမဖြစ်အောင် ကြိုးစားမယ်လို့ နှလုံးသွင်းပါ။

အရှင် အဘယလင်္ကာရ
မဟာဝိဟာရကျောင်းတိုက် (လှည်းကူး)

တုံ့ပြန်မှုက ဂုဏ်သိက္ခာ

စကားကြမ်းတစ်ခွန်းကြောင့်
ကိုယ့်ရဲ့ မေတ္တာပျက်မသွားစေပါနဲ့။
မဟုတ်မမှန်စကား တစ်ခွန်းကြောင့်
ကိုယ့်ရဲ့ ဂုဏ်သိက္ခာ မလဲကျစေပါနဲ့။

အပြင်က လေက မပြင်းတာ မဟုတ်ဘူး။
အတွင်းကမီး မတောက်အောင်
ကိုယ့်စိတ်ကို သတိနဲ့
ကာထားရတာပါ။

သူတို့စကားက သူတို့ရဲ့ အဆင့်။
ကိုယ့်တုံ့ပြန်မှုက ကိုယ့်ရဲ့ အဆင့်။

အဲ့ဒါကြောင့်
စိတ်မဆိုးနဲ့…
စိတ်မပျက်နဲ့…
စိတ်မညစ်နဲ့…

ကိုယ့်စိတ်ကို မပြောင်းစေပါနဲ့။
အပြင်က စကားကြမ်းတွေကြားမှာ
အတွင်းက စိတ်သန့်ကို ထိန်းနိုင်တာက
တကယ့်အောင်မြင်မှုပါ။

ဂုဏ်သိက္ခာဆိုတာ
အခြားသူက ပေးတာမဟုတ်ဘူး…
ကိုယ့်တုံ့ပြန်မှုနဲ့ ကိုယ်တည်ဆောက်တာပါ။

ဓမ္မဒူတ
ဒေါက်တာ အရှင်ပညိဿရ

26/05/2026

#မြတ်ရတနာပြာမကြွေအမွှေးတိုင်နှင့်ဖယောင်းတိုင်ရောင်ဝယ်ရေး
#လက်လီလက်ကား
#ရန်ကုန်မြို့
မြန်မာတစ်ပြည်လုံးအိမ်အရောက်ငွေခြေပို့ပါတယ်

 #မြတ်ရတနာပြာမကြွေအမွှေးတိုင်နှင့်ဖယောင်းတိုင်ရောင်ဝယ်ရေး #လက်လီလက်ကား  #ရန်ကုန်မြို့095330321vbကိုလည်းဆက်သွယ်မှာယူနိုင်...
26/05/2026

#မြတ်ရတနာပြာမကြွေအမွှေးတိုင်နှင့်ဖယောင်းတိုင်ရောင်ဝယ်ရေး
#လက်လီလက်ကား #ရန်ကုန်မြို့
095330321vbကိုလည်းဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

ပဲပြုတ်ပြုတ်တိုင်း ဆိုဒါမှုန့် (မုန့်ဖုတ်ဆိုဒါ)တွေ မဖြစ်မနေထည့်မှ နူးမှာဆိုတဲ့ အိမ်ရှင်မတွေနဲ့ ပဲပြုတ်တဲ့အခါ ဆိုဒါနံ့စူး...
25/05/2026

ပဲပြုတ်ပြုတ်တိုင်း ဆိုဒါမှုန့် (မုန့်ဖုတ်ဆိုဒါ)တွေ မဖြစ်မနေထည့်မှ နူးမှာဆိုတဲ့ အိမ်ရှင်မတွေနဲ့ ပဲပြုတ်တဲ့အခါ ဆိုဒါနံ့စူးစူးကြီးကို မကြိုက်ပင်မယ့် သုံးနေရတဲ့ မိတ်ဆွေတွေ ဒါလေးကို ဖတ်ကြည့်ပါ!

ဒီနေ့မှာတော့ ဆိုဒါမှုန့်တွေကို လုံးဝ(လုံးဝ) သုံးစရာမလိုဘဲ အိမ်မှာရှိတဲ့ ထမင်းပေါင်းအိုးလေးနဲ့တင် ဆိုင်ကထက်တောင် ပိုမိုနူးညံ့အိစက်ပြီး စိမ့်အိသွားစေမယ့် "စားတော်ပဲပြုတ်နည်း" လျှို့ဝှက်ချက်ကို ဝေမျှပေးလိုက်ပါတယ်ရှင်။

အနံ့ရော အရသာပါ သန့်ရှင်းလတ်ဆတ်ပြီး ခံတွင်းတွေ့စေမယ့် နည်းလမ်းကောင်းမို့ အတူတူ လေ့လာကြည့်ရအောင်နော်။

✨ လိုအပ်သော ပါဝင်ပစ္စည်းများ
• စားတော်ပဲစေ့ (Yellow Peas)- ၅၀ ကျပ်သား (၈၅၀ ဂရမ်ခန့်)
• ထန်းလျက်ခဲ- ၂ တုံး (ပဲအရောင်ဝင်းပြီး အရသာပိုမိုစိမ့်စေရန်)
• ဟင်းချက်ဆီ- ထမင်းစားဇွန်း ၁ ဇွန်းခန့်
• ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း

👩‍🍳 ပြုလုပ်ပုံ အဆင့်ဆင့်

၁။ ပဲစိမ်ခြင်းနှင့် အေးခဲခြင်း
• ပဲစေ့များကို ရေစင်စင်ဆေးကြောပြီး ရေနွေးပွက်ပွက်ဆူကို လောင်းထည့်ကာ (၆) နာရီခန့် ကြိုတင်စိမ်ထားပေးပါရှင်။
(အကယ်၍ ပဲအညှောင့်ဖောက်ချင်ပါက ရေအေးထဲတွင် ၂၄ နာရီ ကြိုစိမ်ပါ။ ပဲပွလာလျှင် ဇကာထဲထည့်၊ အဝတ်စိုအုပ်ပြီး တစ်နေ့ ၂ ကြိမ် ရေဖျန်းကာ ၂ ရက်ကြာ အညှောင့်ဖောက်ပါ။ အညှောင့်ထွက်လာလျှင် ဗန်းထဲဖြန့်၍ ၄ နာရီမှ ၅ နာရီခန့် လေသလပ်ခံပေးရပါမယ်)။
• ရေနွေးစိမ်ထားသည့်ပဲ (သို့မဟုတ် အညှောင့်ဖောက်ပြီးသားပဲ) များကို ဗူး သို့မဟုတ် အိတ်ထဲထည့်ကာ ရေခဲ6သတ္တာရဲ့ အပေါ်ထပ် အခဲခန်းထဲတွင် (၁) ညတိတိ ထည့်ပြီး အေးခဲထားလိုက်ပါရှင်။

သိပ္ပံနည်းကျအာနိသင်- ပဲထဲမှာရှိတဲ့ ရေဓာတ်တွေ ခဲသွားတဲ့အခါ ပဲရဲ့ဆဲလ်နံရံတွေကို ဘေးသို့ဆန့်ထွက် ပျက်စီးသွားစေတာကြောင့် ဆိုဒါမှုန့်မပါဘဲ ခဏလေးနဲ့ ပဲသားကို အိညက်သွားစေတာ ဖြစ်ပါတယ်ရှင်။

၂။ ထမင်းပေါင်းအိုးဖြင့် ပြုတ်ခြင်းနှင့် အစာသွင်းခြင်း
• အခဲခန်းထဲမှ ထုတ်ယူထားသော ပဲခဲများကို ရေခဲပြန်ဖျော်စရာ လုံးဝမလိုဘဲ ထမင်းပေါင်းအိုးထဲသို့ တန်းလောင်းထည့်ပြီး ရေကို ပဲမြုပ်ရုံမျှသာ ချင့်ချိန်ထည့်ပါရှင်။
• ပြင်ဆင်ထားသည့် ဟင်းချက်ဆီ (၁) ဇွန်းကိုပဲ အရင်ဦးဆုံး ထည့်သွင်းပြီး ခလုတ်နှိပ်ကာ ပုံမှန်အတိုင်း ချက်ပေးလိုက်ရုံပါပဲ။

⚠️ အထူးသတိပြုရန် လျှို့ဝှက်ချက်- ဆားနဲ့ ထန်းလျက်ခဲကို အစကတည်းက ကြိုမထည့်ရပါဘူးရှင်။ အချိုဓာတ်နဲ့ အငန်ဓာတ်တွေ ကြိုဝင်သွားပါက ပဲခွံကို မာဆတ်သွားစေလို့ပါ။ ပြုတ်နေစဉ်အတွင်းမှာလည်း ပဲသားကြေတတ်၍ ဇွန်းနဲ့ လုံးဝမမွှေပါနဲ့ရှင်။

• ပဲသားများ လုံးဝနူးအိ ကျက်သွားပြီဆိုမှ ပြင်ဆင်ထားသည့် ဆားနှင့် ထန်းလျက်ခဲကို ထည့်ပြီး ညင်သာစွာ သမအောင် မွှေပေးရပါမယ်။ ခလုတ်တက်သွားလျှင်လည်း ပဲသား ပိုမိုနူးနပ်စိမ့်ဝင်သွားစေဖို့ အိုးအဖုံးပေါ်ကနေ အဝတ်ထူထူလေးအုပ်ပြီး နာရီဝက်ခန့် ထပ်မံနှပ်ထားပေးလိုက်ပါရှင်။

ကဲ... ဒီနည်းလမ်းအတိုင်း စနစ်တကျ ပြုတ်မယ်ဆိုရင်တော့ ဆိုဒါမှုန့် လုံးဝသုံးစရာမလိုဘဲ အိစိမ့်ညက်ညောနေတဲ့ အိမ်လုပ်ပဲပြုတ်စစ်စစ်လေးကို ရရှိသွားပြီပေါ့ရှင်။

ထမင်းပဲ ကြော်စားစား၊ မြေပဲဆီသန့်သန့်လေးနဲ့နယ်ပြီး နံပြား၊ ထမင်းပူပူလေးနဲ့ပဲ တွဲဖက်စားစား တကယ့်ကို ခံတွင်းတွေ့စေမယ့် ရှယ်အရသာပါပဲနော်။

ဒီပဲပြုတ်နည်းလမ်းကောင်းလေးကို နောက်တစ်ခါ ပဲပြုတ်တဲ့အခါ ပြန်ကြည့်နိုင်ဖို့ အခုပဲ Save ထားလိုက်တော့နော်!

အခြား အိမ်ရှင်မသူငယ်ချင်းတွေပါ ကျန်းမာရေးနဲ့ညီညွတ်စွာ ပဲပြုတ်တတ်အောင် Share ပေးဖို့လည်း မမေ့နဲ့ဦးရှင်။

နောက်ထပ် အသုံးဝင်မယ့် အိမ်တွင်းဗဟုသုတတွေကို နေ့စဉ်ဖတ်ရှုနိုင်ဖို့ ကျမတို့ရဲ့ Page လေးကိုလည်း Follow လုပ်ထားပေးကြပါဦးရှင်။ 🥰✨

#ပဲပြုတ်နည်း #စားတော်ပဲ #ပဲပြုတ်လျှို့ဝှက်ချက်

Address

Yangon

Telephone

+95949969933

Website

Alerts

Be the first to know and let us send you an email when Daw Khin Cho Thet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Daw Khin Cho Thet:

Share