19/03/2022
ငွေမှာကျိန်စာရှိတယ်တဲ့...
အမှန်ဘဲ။
ငွေနဲ့ပတ်သက်ပြီး ကတိမတည်တတ်တဲ့သူတွေ
ကြီးပွားချမ်းသာနေတာ တခါမှမတွေ့ဖူးသေးဘူး။
Money mind-set
ပိုက်ဆံ ကသခင်ရှိတယ် ။
ပိုက်ဆံမှာကျိန်စာရှိတယ်။
ပိုက်ဆံကိုချေးရင်ပြန်ဆပ်ပါ ။
ပိုက်ဆံကိုပေးမယ်ပြောပြီးကတိတည်တည်ပြန်ပေးပါ။
အခက်အခဲဆိုတာလူ့ဘဝသက်တမ်းတလျောက်မှာ
မခက်ခဲဖူးဆိုတဲ့လူမရှိပါဘူး ။ အနည်းနဲ့ အများ ကြုံကြမယ်။
ပိုက်ဆံ ကို ကတိပျက်အောင်လုပ်ရင် သင့်ဆီမှာ
ပိုက်ဆံတည် မြဲတော့မှာမဟုတ်ဘူး။
ပိုက်ဆံ ကိုကပ်စေးနည်း ချွေးကုတ်ပြီး
စုနေမှမြဲနေတာ မဟုတ်ပါဘူး။
ကတိတည်တည်နဲ့ပေးစရာရှိပေး ယူစရာရှိယူပါ။ လက်ခက်ရင်ငွေပါခက်တယ် ။
ကတိမတည်သူက ဘယ်တော့မှမတိုးတက်ပါဘူး။
ပိုက်ဆံကိုပြန်မဆပ်ချင်တဲ့သူတွေဆီမှာ
ငွေလဲမမြဲပါဘူး
လက်ခက်သူတွေ ဘာလုပ်လုပ်မအောင်မြင်ပါ
crd..Nge Khaing