25/11/2015
မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် မသန်စွမ်းသူများဆိုင်ရာ စီးပွားရေးပျိုးထောင်မှုစင်တာမှ ဖွင့်လှစ်သော မသန်စွမ်းသူများအတွက် လုပ်ငန်းခွင်သုံး အခြေခံကွန်ပျူတာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၅.၁၁.၂၀၁၅ (ဗုဒ္ဓဟူး) ရက်နေ့တွင် DBIC Centre မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ Program Director ဆရာ ဦးနေလင်းစိုးမှ သင်တန်းသား/သူများကို သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းသား/သူ စုစုပေါင်း ၁၆ ဦး အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်