Pyi Thein Kyaw chemical

Pyi Thein Kyaw chemical Happy Chinese new year .

09/08/2025

" နာရေးလိုက်ပို့သူ အများဆုံး ဖြစ်သဖြင့် ကွယ်လွန်သူသည် ကျိုက်လတ်မြို့မှ အာဏာရှိသူလားဆိုတော့ မဟုတ်။ ငွေကြေးချမ်းသာပြည့်စုံသည့် မျက်နှာကြီး အသိုင်းအဝိုင်း၊ မြို့မျက်နှာဖုံးလား ဆိုတော့လည်း မဟုတ်ပြန်။ ထင် ပေါ်ကျော်ကြားသူ တစ်ဦးလား။ ဒါလည်းမမှန်သေး။ ကွယ်လွန်သူသည် ကျိုက်လတ်မြို့တွင်း လမ်းဘေးတွင်နေ၊ လမ်းဘေးတွင် စားကာ လမ်းကိုအိမ်လုပ်နေခဲ့ သော လမ်းပျော် စိတ်ကျန်းမာရေး ဝေဒနာရှင် အမျိုးသားကြီးတစ်ဦး သာဖြစ်သည်။ စိတ်ဝေဒနာရှင်တစ်ဦး၏ နောက်ဆုံးခရီးကား အဘယ်ကြောင့် စည်ကားနေရပါသနည်း "

~~~~~~~~~~~~~~~~~~~~~~~|

🔼 ဧရာဝတီတိုင်းဒေသကြီးရှိ ကျိုက်လတ်မြို့ ကလေးတွင် ပြီးခဲ့သည့် ဇန်နဝါရီဒုတိယပတ်က ထူးထူးခြားခြား နာရေးတစ်ခု ဖြစ်ပွားခဲ့သည်။ လူရှိလျှင် နာရေးရှိမည်မို့ ထူးဆန်းသောကိစ္စ မဟုတ်သော်လည်း ထိုနာရေးက သာမန်ထက် ထူးခြားနေသည်က အမှန်ပင်။ ထိုနာရေးက ယနေ့ခေတ်မြို့ပေါ်တွင် အများပြုလုပ်သလို နာရေးကိစ္စကို ယာဉ်တန်းနှင့်မချဘဲ ရှေးကလိုလူ နှင့်ထမ်းချသည်။ ထို့အပြင် နာရေးလိုက်ပို့သူ အားလုံးလည်း ယာဉ်နှင့် မလိုက်ဘဲ ခြေကျင်လျှောက်ကာ လိုက်ပို့သည်။ အထူးခြားဆုံးက တော့ ယင်းနာရေးသည် ကျိုက်လတ်မြို့တွင် လူအစည်ကားဆုံး နာရေးတစ်ခုဖြစ်ခဲ့သည်။

နာရေးလိုက်ပို့သူ အများဆုံး ဖြစ်သဖြင့် ကွယ်လွန်သူသည် ကျိုက်လတ်မြို့မှ အာဏာရှိသူလားဆိုတော့ မဟုတ်။ ငွေကြေးချမ်းသာပြည့်စုံသည့် မျက်နှာကြီး အသိုင်းအဝိုင်း၊ မြို့မျက်နှာဖုံးလား ဆိုတော့လည်း မဟုတ်ပြန်။ ထင် ပေါ်ကျော်ကြားသူ တစ်ဦးလား။ ဒါလည်းမမှန်သေး။ ကွယ်လွန်သူသည် ကျိုက်လတ်မြို့တွင်း လမ်းဘေးတွင်နေ၊ လမ်းဘေးတွင် စားကာ လမ်းကိုအိမ်လုပ်နေခဲ့ သော လမ်းပျော် စိတ်ကျန်းမာရေး ဝေဒနာရှင် အမျိုးသားကြီးတစ်ဦး သာဖြစ်သည်။ စိတ်ဝေဒနာရှင်တစ်ဦး၏ နောက်ဆုံးခရီးကား အဘယ်ကြောင့် စည်ကားနေရပါသနည်း။

🔼 ကွယ်လွန်သူအမည်က ဦးကြည်ဝင်းဖြစ်သည်။ နာရေးတွင် ကမ်းသည့် ယပ်တောင်ပေါ်တွင် အသက် (၇၅)နှစ်ဟု ရေးထိုးထားသည်။ သို့သော် အဲဒီထက်မက တော့ဟု ဦးကြည်ဝင်းသက်ရှိထင်ရှားရှိစဉ် လာရောက်ခိုနားခဲ့သော ကျိုက်လတ်မြို့ပေါ်ရှိ ပုဗ္ဗာရုံ မှန် ကျောင်းတိုက် တိုက်အုပ်ဆရာ တော် ဦးအာစိဏ္ဍခေါ် ဦးပဉ္စင်း ကျော်ဦးက မိန့်သည်။ ဦးပဉ္စင်း ကျော်ဦး ကျိုက်လတ်သိ့ုကိုရင်ငယ်ဘဝဖြင့် စတင်ကြွရောက်စဉ်ကတည်းက ဦးကြည်ဝင်းကို မြင်ခဲ့သိခဲ့သည်။ ယခုဦးပဉ္စင်းကျော်ဦးပင် သက်တော် (၅၅)နှစ်ကျော်လေပြီ။

လွန်ခဲ့သော နှစ် ၃၀ ကျော်ကတည်းက ဦးကြည်ဝင်းသည် စိတ်ရောဂါဝေဒနာရှင် တစ်ဦး ဖြစ်ခဲ့သည်ဟု မြို့ခံများက ပြော သည်။ ဟိုတစ်စ ဒီတစ်စဖြင့် စုံစမ်းမေးမြန်းရသလောက် သူ့ တွင် မိဘနှစ်ပါး ကွယ်လွန်ပြီး နောက် နှမတစ်ဦးရှိသော်လည်း ရန်ကုန်ပြောင်းသွားခဲ့ပြီဆို သည်။ ဦးကြည်ဝင်းသည် ယခင်ခေတ် ဆယ်တန်းအောင်သည့် ပညာ တတ်တစ်ဦးဟုလည်း ပြောသည်။ သူ့တွင် ကိုယ်ပိုင်မိသားစုမရှိ။ငယ်စဉ်က နေထိုင်ခဲ့သော အိမ်လည်း မရှိတော့။ လူပျိုကြီးတစ်ဦးဖြစ် သည်။ တပ်မတော်ထဲလည်း ဝင်ခဲ့ ဖူးသည်ဟုဆိုကြပြီး ၎င်း၏ဇာတိ မြို့ ကျိုက်လတ်သို့ ပြန်ရောက် လာချိန်တွင် ဦးကြည်ဝင်းသည် စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်နေခဲ့ ပြီဖြစ်သည်။ သူ အဘယ်ကြောင့် စိတ်ဝေဒနာဖြစ်ခဲ့ရသည်ကိုမူ တိ တိကျကျ သိသူနည်းပါးသည်။ ဦးကြည်ဝင်းကိုယ်တိုင်လည်း ရေ ရေရာရာ မပြောနိုင် ပေ။

သူ့နောက်ခံဘဝကို သိသူ နည်းပါးလှသော်လည်း မျက် မှောက်သူ့ဘဝ စာမျက်နှာကိုတော့ ကျိုက်လတ်မြို့သူမြို့သားများ သိကြသည်။ မသိလို့လည်းမရ။ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့် ပြီဆိုတာနှင့် ဦးကြည်ဝင်းတစ် ယောက် လမ်းပေါ်ရောက်နေလေ ပြီ။ အရပ်ငါးပေခြောက် လက်မခန့်၊ မျက်နှာရှည်ရှည်၊ ဆံဖြူကျိုးတိုးကျဲတဲ၊ ပေရေစုတ်ပြတ်နေသည့် အဝတ်များဖြင့် ဦးကြည်ဝင်းကို ကျိုက်လတ်မြို့ပေါ် လမ်းမ တွေပေါ် အစဉ်တွေ့မြင်ရမည်ဖြစ် သည်။ နှစ်ပေါင်းများစွာ လမ်းပေါ်တွင်သာ လှည့်လည်နေထိုင်ခဲ့၍ သူ့အသားအရေတွေက နေ လောင်ကာ ကြေးနီရောင် ပေါက် နေလေပြီ။ မနက်မိုးလင်းသည်နှင့် ကျိုက်လတ်မြို့ထဲက လမ်းများပျက်၊ မပျက်၊ ကောင်း၊ မကောင်း ကို ဦးကြည်ဝင်းတစ်ယောက် စနည်းနာသည်။ လမ်းအပေါက် တွေတွေ့လျှင် ခဲအကျိုးများ၊ အပိုင်းအစများသွားရှာကာ ထုခွဲကာ ခင်းသည်။ မြေတွေသယ်၍ ဖို့ သည်။ မိုးရွာ၍ လမ်းတွေဗွက်ထကာ သွားလာမကောင်းလျှင် လည်း မြေတွေ၊ သဲတွေ ကျုံးလာကာ ဖို့ပြန်သည်။ ပြင်ပြန်သည်။

မနက်တစ်ပိုင်း စိတ်ကြိုက် လမ်းပြင်ပြီးသည်နှင့် နေ့ခင်း ၁၁ နာရီကျော်ကျော်တွင်တော့ ဦးပဉ္စင်း ကျော်ဦးတို့ ကျောင်းတိုက်ထဲ ပြန်ဝင်လာကာ ထမင်းစားသည်။ စား ပြီးလျှင် လမ်းပြင်ရန် ပြန်ထွက်ပါ လေသည်။ ဦးကြည်ဝင်းတစ် ယောက် နေပူပူမိုးရွာရွာ လမ်းပေါ်ထွက်ဖို့ မပျက်ကွက်တတ်။ လမ်း ပြင်တာတင်မကသေးပါ။ ကျိုက် လတ်မြို့ရှိ ဘုန်းကြီးကျောင်း ဘုရားစောင်းတန်းများတွင်လည်း သန့်ရှင်းရေး လုပ်သည်။ မြက် နုတ်သည်။

စိတ်ဝေဒနာရှင်တစ်ဦး ဖြစ် သော်လည်း လူကောင်းတစ်ဦး နေ့စဉ်လုပ်ကိုင်သွားဖို့ မလွယ်သည့်အလုပ်မျိုးကို ပုံမှန်လုပ်ကိုင် နေတတ်သည့် ဦးကြည်ဝင်းကို ကျိုက်လတ်မြို့သူ၊ မြို့သားများ က ကရုဏာသက်ကြသည်။ ထို့ အတွက် အချို့က ဦးကြည်ဝင်းအား မုန့်ဖိုးပဲဖိုးပေးတတ်သည်။ လမ်းပြင်သည့်အခါ အုတ်တွေ၊ ခဲတွေ၊ မြေတွေ သယ်ဖို့လိုလာလျှင် ယခင်ကတော့ ငယ်ရွယ် တုန်းမို့ ဦးကြည်ဝင်း လှည်းတစ် စီးဖြင့် ကိုယ့်ဘာသာကိုယ် သယ် သည်။ သို့သော် အသက်အရွယ်ရလာတော့ ဆိုက်ကားငှားကာ သယ်တန်သယ်ရ၍ရလာသည့် မုန့်ဖိုးကလေးတွေဖြင့် ဆိုက်ကားသမားအား အဖိုးအခပေးသည်။ ဆိုက်ကားဆရာက ဦးကြည်ဝင်းကိုသနား၍ ငွေမယူလျှင် ဦးကြည် ဝင်းက ‘‘မင်းမှာ သားနဲ့မယားနဲ့ မိသားစုနဲ့ယူပါ’’ ဟုဇွတ်ပေးသည်။

ဦးကြည်ဝင်းအား ဦးပဉ္စင်း ကျော်ဦးတို့ ဘုန်းကြီးကျောင်းသာမက လက်ဖက်ရည်ဆိုင်၊ ထမင်း ဆိုင်နှင့် အခြားဆိုင်များကလည်း ကျွေးကြမွေးကြသည်။ ညနေမိုး ချုပ်၍ လမ်းပြင်ပြီးလျှင်တော့ ဆိုင်တွေကပေးသည့် ထမင်းနှင့် အစားအစာထုပ်တွေကို ယူ ဆောင်ကာ ဦးကြည်ဝင်းတစ် ယောက် သူ့နားခိုရာ ဦးပဉ္စင်း ကျော်ဦးတို့ ဘုန်းကြီးကျောင်းဝင်း အတွင်း ပြန်လာတတ်သည်။ သို့ သော် သူတစ်ယောက်တည်းတင် မဟုတ်။

ပါလာသည့် အစားအ သောက်တွေကို ဝေမျှကျွေးရင်း ခွေးအုပ်ကြီးတစ်အုပ်က ဦးကြည် ဝင်းနှင့်အတူ ဘုန်းကြီးကျောင်းဝင်း အတွင်း တဝုန်းဝုန်းဖြင့် ပါလာ တတ်သည်။ ဦးပဉ္စင်းကျော်ဦးက ခွေးတွေဆူညံလွန်းလာသဖြင့် ခဲ ဖြင့်လှမ်းထုတော့ ဦးကြည်ဝင်းက မလုပ်ဖို့တားသည်။ ‘‘ငါက ခြောက်တာပါ၊ တကယ်မထုပါ ဘူး’’ ဟု ဦးပဉ္စင်းကျော်ဦးက မိန့် တော့ ဦးကြည်ဝင်းကပြန်လျှောက် သည်။ ‘‘ဦးပဉ္စင်း ခဲနဲ့ပစ်တာ လက် က နောက်ကို တအားရောက် တယ်။ အားပါတယ်။ မလုပ်ပါနဲ့’’ ဟူ၏။

ဦးပဉ္စင်းကျော်ဦးလည်း ဦး ကြည်ဝင်း၏ အသိဉာဏ်အပေါ် သဘောကျကာ ‘‘နောက်မပစ် တော့ပါဘူး’’ဟု ကတိပေးလိုက်ရ သည်။ ညရောက်လျှင်တော့စောင်ခေါင်းမြီးခြုံကာ အိပ်နေသည့် ဦး ကြည်ဝင်းနား သူကျွေးမွေးခဲ့သည့် ခွေးတွေက ကိုယ်ရံတော်ပမာ ပတ်ပတ်လည်ဝန်းရံ၍ အိပ်နေကြ သည်ကို တွေ့ရမည်ဖြစ်သည်။

ဦးကြည်ဝင်းက ခွေးတွေတင် မက လူတွေအပေါ်တွင်ပါ စေတ တာရှိသူတစ်ယောက်အဖြစ် ပေါ် လွင်သည့်သာဓကတွေ ရှိသေး သည်။ သို့သော် ရိုးရိုးလူအပေါ်တွင် တော့ မဟုတ်။ အချုပ်သားတွေ အပေါ်ဖြစ်သည်။ ကျိုက်လတ် အကျဉ်းဦးစီးဌာနရှိ အချုပ်ထောင် တွင်ရှိသော အချုပ်သားများအား သူ့လက်ထဲတွင် ပိုက်ဆံရှိနေသည့် အခါ စားစရာ၊ သောက်စရာတွေ ဝယ်၍ သွားပို့လေ့ရှိခြင်းပင်။ လူ ၂၀ ရှိလျှင် ၂၀ စာ ရှမ်းခေါက်ဆွဲ ဖြင့် ရှမ်းခေါက်ဆွဲ၊ ထမင်းဖြင့် ထမင်းဝယ်ကာ ဆိုက်ကားငှားပြီး အချုပ်ထောင်သို့ သွားကျွေးခြင်း ဖြစ်သည်။ ထိုသို့ သွားကျွေးစဉ် မြင်သူတွေက ဦးကြည်ဝင်းက ကျွန်တော်တို့ကျ မကျွေးဘူးဟု စလိုက်လျှင် ‘‘အေး ငါက အချုပ် ထဲသွားကျွေးမှာ။ မင်းစားချင်ရင် အချုပ်ထဲသွားစောင့်’’ဟု ပြန်ပြော တတ်သည်။

ဦးကြည်ဝင်းက ရလာသည့် မုန့်ဖိုးတွေကို ဦးပဉ္စင်းကျော်ဦးထံ အပ်ထားလေ့ရှိသည်။ ထို့အပြင် ဦးကြည်ဝင်း၏ အခြားဝါသနာ တစ်ခုက ၎င်း၏မုန့်ဖိုးထဲမှ နှစ်လုံး၊ သုံးလုံး ရံဖန်ရံခါ ထိုးတတ်ပါသေး ၏။ ပေါက်၍ရလာလျှင်လည်း အချုပ်သားတွေ ကျွေးတာနှင့်၊ လမ်းပြင်သည့်နေရာတွင် သုံးတာ နှင့် ကုန်ပါသည်။ တစ်ကြိမ်တွင် တော့ သူ ငွေကြေးများများစားစား ရခဲ့ပါလေ၏။ ငွေသားကျပ် ၂၈ သိန်းတောင်ဖြစ်သည်။ သူစိတ်ကူး ပေါက်ရာဂဏန်းကို သုံးလုံးဂဏန်း ထိုးမိရာမှ ပေါက်ခြင်းဖြစ်၏။ ဒိုင် ကလည်း ဦးကြည်ဝင်းအား စိတ် မနှံ့သူမို့ မလျော်ဘဲမနေရဲ။ ရလာ သည့်ငွေတွေအား ဦးကြည်ဝင်းက ဦးပဉ္စင်းကျော်ဦးထံ လာအပ်၏။ ဦးပဉ္စင်းက ရှုပ်ရှုပ်ယှက်ယှက် လာ မအပ်နဲ့ဟုမိန့်တော့ ဦးပဉ္စင်းအား ချောင်တစ်နေရာသို့ခေါ်ကာ ခပ် တိုးတိုးပြော၏။ ‘‘ဦးပဉ္စင်းကလည်း တယ်လည်းခက်တာပဲ။ ဒီကျောင်း မှာ ဦးပဉ္စင်းကိုစိတ်ချလို့ ဦးပဉ္စင်း အပ်တာပေါ့။ လုပ်ပါ၊ ယူထားပေး ပါ’’ဟု ဆိုလေ၏။ ဦးပဉ္စင်းကျော် ဦးလည်း ဦးကြည်ဝင်းပိုက်ဆံ အ ထုပ်ကလေးဖြင့် အသေအချာ ထုပ်ကာ ဗီရိုထဲ သည်အတိုင်းထည့် သိမ်းထားလိုက်၏။

ဦးကြည်ဝင်းက ဦးပဉ္စင်းဆီမှ နည်းနည်းချင်းသာ တောင်းယူသုံး လေ့ရှိသည်။ တစ်ထောင်တောင်း ၍ အနုတ်မရှိဘူး၊ ငါးထောင်တန် ယူထားလိုက်တော့ဟု မိန့်လျှင် ‘‘ပိုက်ဆံဆိုတာ အလွန်အကျွံသုံး တိုင်း ကောင်းတာမဟုတ်ဘူး။ ငါး ထောင်ဆိုတာ လောဘပါသွားပြီ။ လောဘကို သတ်ရမယ်’’ဟု ပြန် ပြောလေ၏။ ဦးပဉ္စင်းကျော်ဦး သဘောကျရပြန်ပါသည်။

သူအပ်ထားသည့်ငွေက နှစ် တော်တော်ကြာတော့ ခံခဲ့သည်။ ကျောင်းထဲတွင် ဘုန်းကြီးဘယ် နှပါးရှိလဲ မေးမြန်းကာ အပါးသုံး ဆယ်ရှိကြောင်း ပြောလိုက်လျှင် နောက်တစ်နေ့တွင် စျေးထဲကနေ ဝက်သားတွေ အချိန်သုံးပိဿာ ဝယ်ပို့ခိုင်းသည်။ တစ်ပါးတစ် ဆယ်သားနှုန်းဖြင့် အပါးသုံးဆယ် အတွက် သုံးပိဿာဝယ်ခိုင်းသတဲ့။ ဦးကြည်ဝင်းက လှူရေးတန်းရေး တွင်သာ ပိုက်ဆံကိုသုံးသည် မဟုတ်။ လူကောင်းတွေကို သူကပင် ပြန်လည်ကူညီခဲ့ပါသေးသည်။ သူစားသောက်နေကျ ဆိုင်လေး တစ်ဆိုင်က ငွေအရင်းအနှီးလိုနေ ကြောင်း ညည်းသံကြား၍ သူက ဘယ်လောက်လိုသလဲ ပြန်မေး တော့ ဆိုင်ရှင်ကလည်း ပြန်စသည်။ နှစ်သိန်းလောက်လိုတာဟု။ အေးရမယ်ဟုဆိုကာ ဘုန်းကြီးဆီ ပြန်တောင်းပြီး လာပေး၏။ ဆိုင်ရှင်မှာ တအံ့တသြဖြစ်ရသည်။ ဦးကြည်ဝင်းက‘‘အေး...ယူထားပြီးရင်တော့ ပြန်ဆပ်ရမယ် နော်’’ဟုဆိုပြီး ‘‘တစ်ရက်ငါး ထောင်ဆို ရက်လေးဆယ်ဆို ကျေ ပြီ။ အဲဒီအတိုင်းပြန်ပေး’’ဟု တွက် ချက်ပြောပြန်တော့ ဦးကြည်ဝင်း ဦးနှောက်ကို သာမန်လူတွေပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပြန်၏။

ဦးပဉ္စင်းကျော်ဦးအဖို့တော့ ထူးပြီး မအံ့သြတော့။ ဦးကြည်ဝင်း ပိုက်ဆံတွေအား အထုပ်လိုက်သာ သိမ်းပေးထားပြီး စာရင်းဇယား မထားသော်လည်း ဘယ်လောက်ယူ၍ ဘယ်လောက်သုံးပြီး ဘယ် လောက် ကျန်နေသေးသည်ကို ဦးကြည်ဝင်း သိသည်။ နောက်ဆုံး လက်ကျန်ပိုက်ဆံ ထုတ်ပေးတော့လည်း ဘယ်လောက်ကျန်သည်ဆိုတာကို ကွက်တိပြောနိုင်ခဲ့သည့် ဦးကြည်ဝင်းဖြစ်သည်။

ဦးကြည်ဝင်းက အခြား စိတ် ဝေဒနာရှင်များကဲ့သို့ ပေါက်ကရ တွေလည်းမပြောတတ်၊ မလုပ်တတ်။ သာမန်စိတ်အခြအနေမရှိသည်မှလွဲ၍ သူစိတ်ပါသည့် လမ်း ပြင်၊ လမ်းဖာသည့်အလုပ်နှင့် သန့်ရှင်းရေးအလုပ်များကိုသာ ဘယ် သူ့မှ အနှောင့်အယှက်မပေးဘဲနေ့ စဉ် ဖြတ်သန်းခဲ့သည်။ သို့သော် တစ်ခါတော့ သူပြဿနာလေးတစ်ခု ဖြစ်ခဲ့လေ၏။ သာမန်လူနှင့် တော့မဟုတ်။ သူ့လို စိတ်ရောဂါ ဝေဒနာရှင်အမျိုးသမီးကြီးတစ်ဦး နှင့်ဖြစ်၏။

စိတ်ရောဂါ ဝေဒနာရှင် အချင်းချင်း ဘာတွေပြောကာ ဘာ တွေ စိတ်အနှောင့်အယှက်ဖြစ်ကြ သည်မသိ။ ထိုအမျိုးသမီးအား ဦးကြည်ဝင်းက တွန်းလိုက်မိရာအအမျိုးသမီးကြီးထံတွင် ဒဏ်ရာတချို့ ရသွားခဲ့သည်။ ညရောက် တော့ ဦးကြည်ဝင်း မျက်စိမျက်နှာ တွေပျက်ကာ ဦးပဉ္စင်းကျော်ဦးထံ ရောက်လာခဲ့သည်။ ‘‘ဦးပဉ္စင်း တပည့်တော် တွန်းလိုက်တဲ့ ဟိုအမျိုးသမီး ခေါင်းပေါက်သွားတယ်။ ဝဋ်ကပါတော့မှာ။ ဘယ်လိုလုပ်ရမလဲ’’ဟု လျှောက်သည်။ ဦးပဉ္စင်းကျော်ဦးကလည်း တစ်ခုခု ပြန်လုပ်ပေးဖို့ပြောတော့ ဦးကြည် ဝင်းက ဦးပဉ္စင်းထံမှ ပိုက်ဆံ တောင်း၍ အခြားအမျိုးသမီးတစ် ယောက်အား အကူအညီတောင်းကာ ဆေးဝါးတွေဝယ်ပြီး ဒဏ်ရာ ရသွားသူထံ သွားပို့စေခဲ့သည်။ ကိုယ်တိုင်မလုပ်ဘဲ အမျိုးသမီးတစ်ယောက်အား အကူအညီ တောင်းရခြင်းမှာ သူက ယောက်ျားသားဖြစ်နေ၍ မသင့်တော်ခြင်း ကြောင့်ဟု ဆိုလေ၏။

လူပျိုကြီးဘဝဖြင့်သာ စိတ် ရောဂါဝေဒနာရှင်ဘဝ ရောက်ခဲ့ရ သူ ဦးကြည်ဝင်းအား တချို့လူငယ် တွေက မိန်းမမယူသေးဘူးလား ဘာလား လာစလျှင် တဏှာကျွန် တော့ အဖြစ်မခံဘူးဟု ပြန်ပြော တတ်သည်။ နောက်ပြီး ဦးကြည် ဝင်းက သူကိုယ်တိုင် စိတ်ဝေဒနာ ရှင်ဘဝရောက်သော်လည်း လမ်း ပြင်သည့်အလုပ်ကို နေပူမရှောင်၊ မိုးရွာမရှောင် တစ်ရက်လေးမှမ ပျက် အလုပ်လုပ်တတ်သူမို့ လုပ် အားတန်ဖိုး ချစ်မြတ်နိုးပုံရသည်။ အလုပ်ပျင်းတာကို သူမကြိုက်။ ‘‘လူတွေ မွဲနေတာက ပျင်းလို့မွဲတာ ကွ’’ဟု သူအမြဲပြောလေ့ရှိသည်။ အလုပ်မလုပ်လျှင် ဆင်းရဲပါမည် တဲ့။

ဦးကြည်ဝင်း၏ အပြုအမူများကြောင့် နတ်ပြည်တွင် ဗိမာန် တောင် ကြိုပေါက်နေပြီဟုလည်း ပြောလေ့ရှိကြသည်။ ဦးကြည်ဝင်းကတော့ သူ့ကို ဘယ်လိုထင်တာ တွေမသိ။ တစ်နေ့တစ်နေ့ မနက်မိုးလင်းတာနှင့် မြို့ထဲလျှောက် သွားကာ ပျက်သည့်လမ်းတွေ ပြင်ဖို့ပင် သူ့ခေါင်းထဲတွင်ရှိသည်။ ထိုကဲ့သို့ နှစ်ပေါင်းသုံးဆယ်ကျော်ကြာ ဘဝကို လမ်းပေါ်တွင်ပင်ကုန် ဆုံးခဲ့သော စိတ်ဝေဒနာရှင် ဦးကြည်ဝင်းတစ်ယောက် လမ်းပေါ်တွင်ပင် ဘဝနိဂုံးချုပ်ရန် ကံတရား စီမံလာမည့်နေ့ကို ရောက်လာခဲ့သည်။ ထိုနေ့က ၂၀၁၈ ဇန်နဝါရီ ၁၂ ရက် သောကြာနေ့။

ထိုနေ့က ကျိုက်လတ်မြို့ မအူပင်ကားလမ်းပေါ်တွင် သက် ဆိုင်ရာ တာဝန်ရှိသူများက လမ်း ပြင်နေသည်။ ထိုလမ်းပြင်နေရာ နှင့် မနီးမဝေးတွင် ဦးကြည်ဝင်းလည်း လမ်းအလုပ်တွေ ထုံးစံအတိုင်း ဝင်လုပ်နေသည်။ ညနေ စောင်းလာချိန်အထိ ဦးကြည်ဝင်း တကုပ်ကုပ် လုပ်နေဆဲ။ ထိုသို့ လုပ်ကိုင်နေရင်း ဦးကြည်ဝင်းတစ် ယောက် ရပ်ထားသည့် လမ်းပြင်သည့် ကုမ္ပဏီကား၏နောက်တွင် ပေါက်နေသည့်လမ်းကို ဖာနေ သည်။ ထိုစဉ် ကားကနောက်ဆုတ် လာပြီး ဦးကြည်ဝင်းကို တိုက်မိသည်။ ဘေးပတ်ဝန်းကျင်က လူများက လူကိုတိုက်မိကြောင်း အော်ဟစ်ကြ၍ ကားသမားက ကားကို ရှေ့ပြန်ထွက်သည့်အခါ ဦးကြည်ဝင်းအား ထပ်တိုက်မိပြန် သည်ဟုဆိုသည်။ ညမှောင်ရီပျိုး နေချိန် တကုပ်ကုပ်လုပ်နေသည့် ဦးကြည်ဝင်းအား ကားသမားက မမြင်ဘဲ နောက်ဆုတ်လိုက်ရာမှ ယခုကဲ့သို့ ဝမ်းနည်းဖွယ်ဖြစ်ခဲ့ရ သည်ဟု ယူဆမှုများလည်း ရှိ သည်။ ယာဉ်တိုက်ခံရသော ဦး ကြည်ဝင်းအား ကျိုက်လတ်ဆေးရုံ သို့ အချိန်မီပို့ဆောင်ခဲ့သော်လည်း ကံမကောင်းခဲ့။

ဦးပဉ္စင်းကျော်ဦးထံ ဖုန်းတွေ ဝင်လာသည်။ ‘‘မင်းအစ်ကိုကြီး ကားတိုက်ခံလိုက်ရလို့တဲ့’’ ဟု ဆရာတော်တစ်ပါးက လှမ်း လျှောက်တော့ သူနှင့်ရင်းနှီးသည့် အခြား မိတ်ဆွေများလားဟု ဦးပဉ္စင်းကျော်ဦး တွေးမိသေး သည်။ ပြီးမှ သူ့ကျောင်းတွင်ပင် လာနေကာ ဆွေမျိုးရင်းချာပမာ ဖြစ်နေခဲ့သည့် ဦးကြည်ဝင်းကြီး အား ပြောဆိုခြင်းမှန်းသိသောအခါ ဦးပဉ္စင်းကျော်ဦး ဆေးရုံပြေး သည်။ သို့သော် ဦးကြည်ဝင်း ခမျာ ဦးပဉ္စင်းကျော်ဦးအား နှုတ်ဆက် စကားပင် မပြောဆိုနိုင်တော့။ အသက်ပါသွားခဲ့လေပြီ။

သွေးရင်းသားရင်းပမာ ရင်း နှီးခဲ့သော ဦးကြည်ဝင်းအတွက် ဦးပဉ္စင်း ကျော်ဦးကိုယ်တိုင်က လောကုတ္တရာအကျိုး သယ်ပိုးနေသည့် သာသနာ့ဝန်ထမ်းဖြစ်နေ သော်လည်း ဝမ်းနည်းစိတ်ထိခိုက်ခဲ့ရသည်။ ဆွေမျိုးသားချင်းအရင်း အချာမရှိသော စိတ်ဝေဒနာရှင် ကြီး ဦးကြည်ဝင်း၏ နောက်ဆုံးခရီးအတွက် အကောင်းမွန်ဆုံး ဆောင်ရွက်ပေးဖို့ ဦးပဉ္စင်းကျော် ဦးဆုံးဖြတ်လိုက်သည်။

ဦးကြည်ဝင်း၏ နာရေးအခမ်း အနားအား ကျောင်းထိပ်တွင်ပြင် ဆင်ပေးခဲ့သည်။ နာရေးကို သုံးရက်ထားရန် ဆုံးဖြတ်ခဲ့ပြီး မြို့ပေါ်က သာရေးနာရေး လူမှုကူညီရေး နှင့် ပရဟိတအသင်းများ၊ ဦးကြည်ဝင်းအား ချစ်ခင်သူများကလည်း ဝိုင်းဝန်း ကူညီပြင်ဆင်ကြသည်။ ဦးပဉ္စင်းကျော်ဦး ဦးကြည်ဝင်း နာရေးကို ဘယ်လိုချမည်လဲ တစ် ချက်စဉ်းစားသည်။ အခြားကြောင့် မဟုတ်။ စိတ်ဝေဒနာရှင် ဦးကြည် ဝင်းတစ်ယောက် ဘဝတစ် လျှောက် ဘယ်သူ့ကိုမှ ဒုက္ခမပေး ခဲ့ဘဲ လမ်းပြုပြင်ရေးနှင့် အခြား ကောင်းမှုတွေသာ လုပ်သွားခဲ့ သော်လည်း သူ့ဘဝနိဂုံးချုပ်ချိန်က လမ်းပေါ်တွင် ယာဉ်တိုက်ခံရကာ မလှမပ ပြီးဆုံးခဲ့ရသည်။

တိုက်ရိုက်တော့ မသက်ဆိုင် လှသော်လည်း ယာဉ်ကြောင့် အသက်သေဆုံးခဲ့ရသည့် ဦးကြည်ဝင်း၏ နာရေးအား ယာဉ်ဖြင့် ဆောင်ရွက်ပေးရန် ဆန္ဒမပါဘဲဖြစ် နေသည်။ ထို့ကြောင့် ရှေးတုန်းက ကဲ့သို့ ဦးကြည်ဝင်း၏ အလောင်း အား လူထမ်းစင်ဖြင့်ထမ်း၍ နာ ရေးကိစ္စဆောင်ရွက်ရန် စဉ်းစားသည်။ ထမ်းစင်ဖြင့် ထမ်းတာက ဟုတ်ပြီ။ ထမ်းမည့်သူကော ရှိပါ့ မလား ပြန်ချိန်ရသည်။ ကျောင်းက ဒကာလေးတွေကတော့ သူတို့ပင် တိုင်ထမ်းမည်ဟုဆို၍ ပြေလည် သွားသည်။ ဦးကြည်ဝင်း ရုပ်အလောင်းကို ထမ်းစင်ဖြင့် ချရုံတင်မက ဆရာတော်များနှင့်လိုက် ပို့သူများပါ ယာဉ်မသုံးဘဲ ခြေလျင် ဖြင့် ကုန်းကြောင်းလျှောက်ကာ လိုက်ပို့ကြရန် ဦးပဉ္စင်းကျော်ဦး စီမံလိုက်သည်။

ဦးကြည်ဝင်း နာရေးချမည့် နေ့ရောက်တော့ ရောက်လာကြ သည့် လူအုပ်ကြီးကိုကြည့်ပြီး ဦးပဉ္စင်းကျော်ဦးပင် အံ့သြရသည်။ ကျိုက်လတ်မြို့တွင် ထိုမျှစည်ကားသည့်နာရေးမျိုး မမြင်ဖူးသေးဟုလည်း လူတွေကလည်း ဆိုကြသည်။ နာရေးထမ်းစင်အတွက် ထမ်းမည့်သူ ရှိပါ့မလား စိတ်ပူခဲ့ကြသော်လည်း တစ်လျှောက်လုံးထမ်းရန် တာဝန်ယူမည့် ကျောင်းက ကလေးတွေက ခေတ္တသာထမ်း လိုက်ရသည်။ လာသည့်ပရိသတ်ထဲက တစ်ယောက်တစ်လက် ဝိုင်းထမ်းကြရာ လက်ပင်မလည်။ ဂုဏ်ပကာသန၊ ရာထူးငွေကြေး ဘာဆိုဘာမျှမရှိသည့် လမ်းပေါ်က စိတ်ရောဂါဝေဒနာရှင် တစ်ဦး၏ နောက်ဆုံးခရီးက စည်ကားလိုက်သည်များ ဘုန်းကြီးပျံတောင် သူ့လောက်မများဟု ပြောစမှတ် တွင်ရသည်အထိ။

ဦးကြည်ဝင်းအား တိုက်မိခဲ့သည့် ယာဉ်၏ကုမ္ပဏီက ဦးကြည်ဝင်းအတွက် နစ်နာကြေးပေးရန် စီစဉ်ပါသည်။ ဦးပဉ္စင်းကျော်ဦးက တော့ နစ်နာကြေးထက် ဦးကြည် ဝင်းအတွက် အကျိုးရှိစေမည့် အလုပ်တစ်ခု လုပ်ပေးစေချင်သည်။ ထို့အတွက် ဦးကြည်ဝင်း နေထိုင် ခဲ့သည့် ကျောင်းဝင်းအနီးရှိ ဦး ကြည်ဝင်းမကြာခဏ ဝင်ရောက်သန့်ရှင်းရေး ပြုနေကျဖြစ်သည့် တိလောကမာရဇိန်ဘုရားကြီး အဝင်တန်ဆောင်းလမ်းအား ပြုပြင် ပေးရန်တောင်းဆိုခဲ့သည်။ကုမ္ပဏီဘက်ကလည်း တွက်ချက်ပြီးသိန်း၆၀၊ ၇၀ ခန့် ကုန်ကျမည်ဆိုပြီးလုပ် ပေးပါမည်ဟုဆိုကြောင်း ဦးပဉ္စင်း ကျော်ဦးက မိန့်ပါသည်။ ဦးပဉ္စင်းကျော်ဦး ဦးကြည်ဝင်းအတွက် နောက်တစ်ခု ထပ်မံတောင်းဆိုခဲ့ ပါသေးသည်။ ထိုတန်ဆောင်းလမ်းပြင်ပြီးပါက ကျောက်စာတိုင်တစ်ခု စိုက်ထူပေးဖို့ဖြစ်သည်။ ထို ကျောက်စာပေါ်တွင် ကမ္ပည်းမှတ်တမ်းတင်ရေးထိုးရမည့် စာသားကို လည်း ပြောပြခဲ့သည်။ ‘ပရဟိတလမ်းလုပ်သားကြီး ဦးကြည်ဝင်း ကောင်းမှု’ ဆိုသည့် စာသားလေး ပင်ဖြစ်သည်။

ဘဝတစ်လျှောက် လမ်းပေါ်မှာပင် လမ်းတွေပြုပြင်ကာ နေခဲ့သည့် စိတ်ဝေဒနာရှင် လမ်းပျော် ကြီး ဦးကြည်ဝင်းကတော့လမ်းပေါ်တွင်ပင် ဘဝတစ်ခန်းရပ်သွားခဲ့ပြီ ဖြစ်သည်။ ကျိုက်လတ်မြို့တွင်ရာ သီမပြတ် လမ်းပေါ်ရောက်ကာလမ်း ပြင်နေခဲ့သည့် ဦးကြည်ဝင်း၏ ပုံရိပ်ကလေးသည် ပူဖောင်းအပေါက် ဖောက်သကဲ့သို့ ဖောက်ခနဲပျောက် ကွယ်သွားခဲ့ပြီဖြစ်သည်။ သို့သော် ဦးကြည်ဝင်း၏ ဝေဒနာနှင့် မလိုက် ဖက်အောင် စေတနာတွေထားခဲ့ သည့် သူ့ပုံရိပ်တွေကတော့ဖြင့် ကျိုက်လတ်မြို့လေး၏ နှလုံးသား ထဲတွင် ထာဝရဖျောက်ဖျက်မရနိုင် လောက် အောင်စွဲထင်ကျန်ရစ်နေ ဦးမှာ အမှန်ပင်ဖြစ်သည်။

Credit -7 Day (ဆောင်းပါးရှည်)

ကောင်းလွန်း၍ ပြန်လည် မျှဝေပေးပါသည် ။

#မျှဝေပေးသွားကြပါအုံးနော်🙏🙏🙏

02/08/2023

Although leprosy is still rare in the U.S., a new CDC analysis finds that Central Florida accounts for a bulk of those cases. https://trib.al/uSlHhk1

29/07/2023
29/07/2023

The Stairs To Success In Life.

13/07/2023

မြန်မာတစ်ပြည်လုံးမှာ မြေမျိုးကြီး(၂၄)မျိုး
ရှိနေပေမဲ့ လက်ရှိအမှန်တကယ်
စိုက်ပျိုးရေးမှာအသုံးချနေတာကတော့
မြေမျိုးကြီး(၉)မျိုးပဲရှိပါတယ်..

အခြား အသုံးမပြုသေးတဲ့ မြေမျိုးကြီး(၉)မျိုး
အထဲက ပြုပြင်အသုံးချလို့ ရနိုင်တဲ့မြေများကို ဘယ်လိုပြုပြင်သင့်ပြီး
ဘယ်လိုသီးနှံတွေစိုက်ပျိုးသင့်တယ်
ဆိုတာကိုလဲ လက်လှမ်းမှီသလောက်
တင်ပြပေးလိုက်ပါတယ်………

____________________________
အဓိကမြေမျိုးကြီး(၉)မျိုး
____________________________

(၁)နီညိုတောမြေ
(Red Brown Forest)
----------------------------
အမြဲစိမ်းသစ်တောများရှိရာ ဝိတိုရိယအငူမှ
မော်လမြိုင်..နာဂရေအငူမှမြစ်ကြီးနားထိ
ကျယ်ပြန့်စွာတွေ့ရပြီး ရေစီးဆင်းမှုကောင်း
၍ ပင်လယ်ရေမျက်နှာပြင်အထက်
၁၀၀၀-၄၀၀၀ ပေကျော်အမြင့်တွင်
တွေ့ရသည်..

မိုးရေချိန် - ၈၀-၂၀၀ လက္မ
မြေသားနုကြမ်း - အလယ်အလတ်
မြေစေးသမ
မြေချဉ်ငံကိန်း - 5.5-6.5 pH
မြေဆွေးပါဝင်မှု - နည်း

ရာဘာ သီဟိုသရက် နာနတ်
စသည့်သီးနှံများစိုက်ပျိုးလျက်ရှိပြီး
N အသင့်အတင့်နှင့် P အသင့်အတင့်မှ
များများဖြည့်ဆည်းပေးရန်လိုအပ်သည်..
မြေတိုက်စားမှုကိုလဲကာကွယ်သင့်သည်..

(၂) ဝါညိုတောမြေ
(Yellow Brown Forest)
--------------------------------
ပဲခူးရိုးမ ရခိုင်ရိုးမ စသည့်
၃၀၀-၁၅၀၀ ပေအတွင်းရှိ နိမ့်သော
တောင်ကုန်းများတွင်တွေ့ရသည်..

မိုးရေချိန် - ၈၀-၂၀၀ လက္မ
မြေသားနုကြမ်း - သဲသမ-မြေစေးသမ
မြေချဉ်ငံကိန်း - 5.0-6.5 pH
မြေဆွေးပါဝင်မှု - အလယ်အလတ်

သစ်တော ဥယျာဉ်ခြံအဖြစ်အသုံးပြုလျက်
ရှိပြီး N အသင့်အတင့်နှင့် P အသင့်မှ
များများဖြည့်ဆည်းပေးရန်လိုအပ်သည်..
မြေတိုက်စားခြင်းမှကာကွယ်ရမည်..

(၃) ဂဝံမြေ
(Lateritic)
-------------------
အောက်မြန်မာနိုင်ငံ (သို့) တောင်ဘက်ပိုင်း
တွင်တွေ့ရပြီး ပဲခူးရိုးမနှင့်တနင်္သာရီ
(အထူးသဖြင့် မော်လမြိုင်ဒေသ)တွင်
ဂဝံမြေများကို ပေ ၃၀၀ အောက်တွင်
တွေ့ရှိရသည်..

မိုးရေချိန် - ၈၀-၂၀၀ လက္မ
မြေသားနုကြမ်း - သဲသမ
မြေချဉ်ငံကိန်း - 4.0-5.0 pH
မြေဆွေး - နိမ့် / နည်း

ရာဘာ သီဟိုဠ်သရက် ဥယျာဉ်ခြံ စိုက်ပျိုး
အသုံးပြုလျက်ရှိသည်..အာဟာရချို့တဲ့မှု
နှင့်ပြုပြင်ထိန်းသိမ်းရန်လုပ်ငန်းအထူး
အထွေမရှိပါ..

(၄) မြေဝါသဲဝန်း
( Cinamon )
---------------------------
အပူပိုင်းဇုံပတ်ဝန်းကျင်ဒေသများ ကုန်းမြင့်
ဒေသများနှင့် ဆက်နွှယ်၍တွေ့ရှိရသည်..
အထူးသဖြင့် ပူအိုက်စွတ်စိုသော
ရာသီဥတုရှိသည့် မကွေး မန္တလေး စစ်ကိုင်း
ဒေသရှိ သစ်ကြံ့ပိုးရောင်မြေများကို
မြေဝါသဲဝန်းဟုခေါ်သည်..

မိုးရေချိန် - ၄၀-၆၀ လက္မ
မြေသားနုကြမ်း - သဲသမ နုံးသမ
မြေချဉ်ငံကိန်း - 5.5-6.5 pH
မြေဆွေး - အလယ်အလတ်

ပဲမျိုးစုံ နှမ်း ပြောင်း ဝါ စသည့်ယာသီးနှံများ
စိုက်ပျိုးပြီး N နှင့် P များများဖြည့်ဆည်း
ပေးရန်လိုအပ်သည်..မြေတိုက်စားခြင်းမှ
ကာကွယ်ရန်လိုအပ်သည်..

(၅) မြေနီသဲဝန်း
( Savanna )
-------------------------
အပူပိုင်းဇုံဒေသများဖြစ်သည့် မိတ္ထီလာ
မြင်းခြံ မကွေး စစ်ကိုင်း နှင့် ရွှေဘိုဒေသ
များတွင်ထူးခြားစွာတွေ့ရှိရပြီး အချို့နေရာ
များတွင် ဆပ်ပြာပေါက်မြေ ဆားဆပ်ပြာ
ပေါက်မြေများနှင့်တွဲဖက်တွေ့ရသည်..

မိုးရေချိန် - လက္မ ၄၀ အောက်
မြေသားနုကြမ်း - သဲသမ
မြေချဉ်ငံကိန်း - 7.0-8.5 pH
မြေဆွေးပါဝင်မှု - အလွန်ညံ့

ပဲ ပြောင်း နှမ်း ဝါ မြေပဲ စသည့်ယာသီးနှံ
များနှင့်ဟင်းသီးဟင်းရွက်များစိုက်ပျိုး
ကြသည်.. N အသင့်အတင့်နှင့်
P အသင့့်မှများများဖြည့်ဆည်းရန်လိုသည်
မြေတိုက်စားခြင်းမှကာကွယ်ရမည်..

(၆) စနယ်မြေ
( Compact )
------------------------
မြေနီသဲဝန်းကဲ့သို့ အပူပိုင်းဇုံဒေသများတွင်
တွေ့ရှိရပြီး ပေါက်ရောက်ပင်အများစုမှာ
ဆူးခြုံပင်များဖြစ်သည်..ရေ လေ တိုက်စား
မှုများပြီး အဟာရဓါတ်များအထူးဖြည့်တင်း
ပေးရန်လိုအပ်သည်..

မိုးရေချိန် - ၄၀-၆၀ လက္မ
မြေသားနုကြမ်း - မြေစေးသမ
မြေချဉ်ငံကိန်း - 7.5-8.0 pH
မြေဆွေးပါဝင်မှု - အလွန်ညံ့

လယ်ယာဥယျာဉ်သီးနှံများဖြစ်သည့်
စပါး ပဲ ပြောင်း ဝါ ကြံ ငရုတ် ဟင်းသီး
ဟင်းရွက်များစိုက်ပျိုးကြသည်..
N အသင့်မှများများ
P အသင့်အတင့်
K နည်းနည်း ဖြည့်ဆည်းပေးရန်လို..
ရေသွင်းစိုက်ပျိုးရန်နှင့်ရေနှုတ်မြောင်း
ဆောင်ရွက်ပြုပြင်ရန်လိုသည်..

(၇) မြေနီ
( Red Earth )
------------------------
ရှမ်းကုန်းပြင်မြင့်တွင်တွေ့ရှိရပြီး ပင်လယ်
ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ နှင့်
အထက်တွင်တွေ့ရသည်..မြေသားအတိမ်
အနက် အလွန်ထူပြီး မြေသားအရောင်
တဆက်တစပ်တည်းတွေ့ရသည်..

မိုးရေချိန် - ၆၀-၈၀ လက္မ
မြေသားနုကြမ်း - မြေစေးသမ
မြေချဉ်ငံကိန်း - 5.0-6.5 pH
မြေဆွေးပါဝင်မှု - အတော်အတန်များ

ပဲမျိုးစုံ မြေပဲ အာလူး ပြောင်းသီးနှံများ
စိုက်ပျိုးကြသည်.. N နှင့် P များများ
လိုအပ်သည်..တောင်ယာစနစ်အစား
လှေခါးထစ်စိုက်ပျိုးရေးတိုးချဲ့သင့်သည်..

(၈) မြေဝါ
( Yellow Earth )
-------------------------
ရှမ်းကုန်းပြင်မြင့်၏ အနိမ့်ပိုင်းဆင်ခြေလျော
တွင်တွေ့ရပြီး ဂဝံမြေနှင့်မြေနီကြားတွင်
နယ်နိမိတ်သဖွယ်ဖြစ်ပေါ်တည်ရှိသည်
ကိုတွေ့မြင်ရသည်..

ပါဝင်သောအချက်အလက်များအားလုံး
မြေနီနှင့်ဆင်တူသည်..

(၉) လယ်မြေ
( Meadow )
-------------------------
မြန်မာနိုင်ငံ၏တောင်ဖက်ပိုင်း ဧရာဝတီ
ပဲခူး ရန်ကုန် တနင်္သာရီဒေသများတွင်၄င်း
ကမ်းရိုးတန်းဒေသများ(ရခိုင် တနင်္သာရီ မွန်)တို့တွင်၄င်း အပူပိုင်းဇုံမြေပြန့်ဒေသများ
တွင်၄င်း ရှမ်းပြည်နယ်နေရာအနှံ့အပြား
တွင်၄င်းတွေ့ရသည်..

မိုးရေချိန် - ၂၀၀ လက္မအထက်
မြေသားနုကြမ်း - မြေစေး(အလွန်စေး)
မြေချဉ်ငံကိန်း - 4.5-6.0 pH
မြေဆွေးပါဝင်မှု - နည်း

စပါးနှင့်သီးထပ်ပဲမျိုးစုံနှမ်းစိုက်ကြသည်..
အမိုးနီးယမ်းမြေသြဇာမကျွေးသင့်ပါ..
P ဖြည့်ဆည်းသော်လည်းချို့တဲ့တတ်..
pH5.5အောက်တွင် Al နှင့် Fe တို့က
P ကိုထိန်းချုပ်သဖြင့် ထုံးချပေးရန်
လိုအပ်သည်..
Credit -Than_Win_Agri

#စိုက်ရေးပျိုးရေးဗဟုသုတပေး

12/07/2023
10/07/2023

Address

No121 , 1F, Right , Phone Gyi Road , Lanmadaw T/S
Yangon

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30

Telephone

0943124467

Website

Alerts

Be the first to know and let us send you an email when Pyi Thein Kyaw chemical posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyi Thein Kyaw chemical:

Share