Dr. Aung Ko Ko

Dr. Aung Ko Ko HR and English 4 skills trainer

Take (sth) for granted…Mistakenly believing that someone or something will always be there for usမြန်မာလိုဆို Take (sth)...
11/04/2026

Take (sth) for granted

Mistakenly believing that someone or something will always be there for us

မြန်မာလိုဆို Take (sth) for granted ကို “အပိုင်တွက်မိတယ်” လို့ပဲ ဘာသာပြန်ရမယ်ထင်တယ်။ ဒီလိုဗျာ... “ဒီလိုဖြစ်သွားလည်း (သို့မဟုတ်) ဖြစ်မလာလည်း သူငါ့နားမှာ ရှိနေမှာပါ” တို့ “ဒါကတော့ ဒီလိုပဲ ရနေဦးမှာပါ” တို့ပေါ့။ မိတ်ဆွေလည်း ဒီလို တွေးဖူး တွက်ဖူးတယ်မလား? တကယ်တမ်းကျ ဒါက ဟုတ်ချင်လည်းဟုတ်တယ်၊ ဟုတ်ချင်မှလည်းဟုတ်တယ်။
တခါတလေ ကျနော်တို့ တွက်ထားတာတွေက ဟုတ်မနေဘူးဗျ။ ဟုတ်မနေတော့မှန်း မသိဘဲ တွက်ထားမိရင် တကယ်တမ်းတစ်ခုခု ရင်ဆိုင်ရတဲ့အခါ ဒုက္ခရောက်ရော။
ဒါကြောင့် ဘာကိုမှ အပိုင်တွက်မထားပါနဲ့။ Take nothing for granted.
ဝါကျလုပ်ပြရရင်
Example: I took his loyalty for granted.
Example 2: Taking our oil suppliers’ availability for granted, we obviously miscalculated our fuel budgets for this fiscal year.

08/04/2026

"ကိုယ်က တခြားလူဆီက လိုချင်တဲ့အရာမျိုးကိုတော့ တခြား လူဆီက တောင်းရမှာပဲလေ"

ကိုယ့်ကိုယ်ကိုပိုင်လား ပရိသတ်ကြီး

မပိုင်ပါဘူးဘုရား

ကိုယ့်ကိုယ်ကိုတောင်မပိုင်ရင် သူများကိုရောပိုင်လား ပရိသတ်ကြီး

မပိုင်ပါဘူးဘုရား

မပိုင်တဲ့လူဆီက သွားတောင်းတော့ ရမှာလား မရမှာလား ပရိသတ်ကြီး

မရပါဘူးဘုရား

မရတာကိုတောင်းတော့ ချမ်းသာလား ဆင်းရဲလား ပရိသတ်ကြီး

ဆင်းရဲပါတယ်ဘုရား

Vocab 101.1 Gargantuan ဆိုတာ အကြီးကြီး လို့ ဆိုလိုပါတယ်။ နာမဝိသေသန ပါ။ မနေ့က စိတ်ဝင်စားစရာကောင်းတာတစ်ခု ကြုံရတယ်။  ကျနော...
09/03/2026

Vocab 101.1



Gargantuan ဆိုတာ အကြီးကြီး လို့ ဆိုလိုပါတယ်။ နာမဝိသေသန ပါ။



မနေ့က စိတ်ဝင်စားစရာကောင်းတာတစ်ခု ကြုံရတယ်။



ကျနော့်သင်တန်းသူတစ်ယောက်က မေးတယ်။



They built a gargantuan bridge. ဒီလိုသုံးလို့ ရလား တဲ့။



ရတယ်။ ဒါပေမဲ့ ဒီအသုံးအရ တံတားဟာ အရှည်ကြီး ဆိုတာထက် အမြင့်ကြီး လို့ ပိုသက်ရောက်တယ်။

ဒီလိုတွေ သုံးနိုင်ပါတယ်။

Concrete: They erected a gargantuan statue in the middle of the park.

Abstract: The debts are getting into gargantuan proportions.

11/02/2026

Help yourself by helping others.

ဒါက ကျနော် မကြာသေးခင်က Taxila တက္ကသိုလ်မှာ ဟောပြောဖြစ်ခဲ့တဲ့ Topic တစ်ခုပါ။ အဲဒီမှာ Q&A ရောက်တော့ စိတ်ဝင်စားစရာ မေးခွန်းတစ်ခု အမေးခံရတယ်။ ကျနော် ဖြေလိုက်တဲ့အဖြေကို ကိုယ်တိုင်လည်း စိတ်တိုင်းကျတာကြောင့် ဒီက ကျနော့်ပရိသတ်နဲ့ ပြန်လည်မျှဝေလိုက်ပါတယ်။
..

"ပြောကြတာပေါ့နော်...

အကူအညီဆိုတာ တောင်းမှပေးတာကောင်းတယ်။ မတောင်းဘဲပေးတဲ့ အကူအညီက ပေါတယ်။

အဲဒါ ဘယ်လိုထင်ပါသလဲ ဆရာ?"
..

ဒီလိုဗျ။

စားသောက်ဆိုင်တစ်ဆိုင်မှာ ကိုယ်ထိုင်နေတယ် ဆိုပါစို့။ လူကျချိန်။ ထိုင်စရာ နေရာသိပ်မရှိဘူး။

အဲဒီမှာ အသက် ၈၀ ကျော် အဖွားအိုတစ်ယောက် နေရာရှာနေတယ်။ အသက် ၂၀ ကျော် လှတပတ ကလေးမတစ်ယောက်လည်း နေရာရှာနေတယ်။

အဖွားက အစ်ကို့ကို အကူအညီမတောင်းဘဲ အစ်ကိုက နေရာလုပ်ပေးပြီး ကမ်းလှမ်းတယ်။ ဒီအကူအညီက မတောင်းဘဲပေးလို့ ပေါသွားသလား?

ညီမလေးက အစ်ကို့ကို တစ်ချက်လှမ်းကြည့်တယ်။ အစ်ကို့ဘေးနေရာကို အစ်ကို မရရအောင်ရှင်းလိုက်ပြီး "ဒီနားလာထိုင် ညယ်မ" လုပ်တယ်။ တောင်းတဲ့အကူအညီ ပေးလိုက်လို့ တန်ဖိုးတက်သွားသလား?

ဒီခေတ်မှာ လူတစ်ယောက်က အခြားတစ်ယောက်ကို အကူအညီအမျိုးမျိုးကို အကြောင်းအမျိုးမျိုးနဲ့ ပေးကြတယ်။

ရာဂတွေ တဏှာတွေနဲ့ ကူညီကြတာရှိတယ်။
ရေရှည်မှာဖြစ်ထွန်းမယ့် အကျိုးကိုမျှော်ပြီး လောဘနဲ့ ကူညီတာရှိတယ်။

ဒါမျိုးတွေမဟုတ်ဘဲ အတ္တမပါဘဲ အကူအညီရသွားသူ အဆင်ပြေပါစေဆိုပြီး မေတ္တာနဲ့ ကူညီတာရှိတယ်။

ကိုယ့်အတွက်မဟုတ်ဘဲ အခြားသူအတွက် ပေးတဲ့အကူအညီဟူသမျှ တောင်းလို့ပေးပေး၊ မတောင်းဘဲပေးပေး တန်ဖိုးရှိပါတယ်။

ကိုယ့်အတွက်ကိုယ်လုပ်ရင်း အခြားသူက ရောယောင်အဆင်ပြေသွားတဲ့ အကူအညီမျိုးက တောင်းလို့ပေးပေး၊ မတောင်းဘဲပေးပေး ပေါတယ်။

ကုသိုလ်မှာ အထက်တန်းစားကုသိုလ်၊ အောက်တန်းစားကုသိုလ်ရယ်လို့ ရှိသလိုမျိုးပေါ့။

အစ်ကို့မေးခွန်းအတွက် အဖြေရမယ်ထင်ပါတယ် :D

26/01/2026

လမ်းလျှောက်လာတာကို အထုပ်နီကပ်တော့

"ပိုက်ဆံမဟုတ်ဘူးမလား" ဆိုတာ သေချာမေးပြီး

"မဟုတ်ပါဘူးဘုရား" ဆိုမှ လက်ခံတဲ့ကိုယ်တော်ကို

ဘေးက ဒကာမကြီး အိုးမိုင်ဂေါ့ လို့ အသံထွက်လာသလို

လမ်းဘေးဈေးဆိုင်တွေကို

ထောင်တန် ၉ ရွက်ကို ၁၀၀၀၀ တန် ၁ ရွက် ဆိုတဲ့ exchange rate နဲ့ အကြွေလိုက်လဲပေးနေတဲ့ ကိုယ်တော်တွေ သီလရှင်တွေတွေ့တော့လည်း

စိတ်ထဲ အိုးမိုင်ဂေါ့ ပါပဲ။

21/01/2026

Success story တွေနားထောင်ရတာ ထပ်နေပြီလား? Success နောက်က Struggle ကို နားထောင်ကြရအောင်...💡

Social Media ပေါ်မှာ အောင်မြင်မှုရလဒ်တွေကိုပဲ မြင်နေရတော့ ကိုယ့်အလှည့်ကျမှ ဘာလို့နှေးနေတာလဲ၊ ဘာလို့ခက်ခဲနေတာလဲဆိုပြီး စိတ်ဓာတ်ကျနေပြီလား? တကယ်တော့ Growth ဆိုတာ ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ အရာပါ။

ဒါကြောင့် Build Myanmar ကနေ လူငယ်တွေအတွက် အောင်မြင်မှုရဲ့ ဟိုဘက်အခြမ်းက တကယ့်အရှိတရားတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားမဲ့ "The Work Before the Win" Panel Discussion လေးကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ 🚀

ဒီပွဲမှာ ချောမွေ့လွယ်ကူနေတဲ့ အောင်မြင်မှုဇာတ်လမ်းတွေထက်...
✨ အောင်မြင်မှုမတိုင်ခင်က ခက်ခဲကြမ်းတမ်းခဲ့တဲ့ နှစ်ကာလတွေ
✨ ဝေဝေဝါးဝါးဖြစ်ခဲ့ရတဲ့ အချိန်တွေနဲ့ မှားခဲ့ဖူးတဲ့ အမှားတွေ
✨ နေ့စဉ်ဘဝမှာ တကယ် ပင်ပန်းစွာနဲ့ ကြိုးစားခဲ့ရတဲ့ အပိုင်းတွေ
✨ Overnight Success မဟုတ်ဘဲ Discipline နဲ့ Effort ဘယ်လိုစိုက်ထုတ်ခဲ့ရလဲဆိုတာတွေကို "Hype" မပါဘဲ လက်တွေ့ကျကျ ဆွေးနွေးသွားမှာပါ။

ဒီ Discussion ကနေ ဘာတွေရရှိမလဲ?
✅ ကြိုးစားအားထုတ်မှုဆိုတာ တကယ်တမ်း ဘယ်လိုပုံစံလဲဆိုတဲ့ Clear Picture ကို မြင်ရမယ်။
✅ Growth နဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေ ထားရှိလာနိုင်မယ်။
✅ နောက် ၁၂ လအတွင်း ကိုယ်တကယ် အာရုံစိုက်သင့်တဲ့အရာတွေကို သိမြင်သွားမယ်။

အနာဂတ်အတွက် လမ်းကြောင်းပျောက်နေတဲ့ Builders တို့၊ ပုံစံတူ Youth တွေနဲ့ Networking လုပ်ရင်း Knowledge အသစ်တွေ ရှာဖွေချင်တယ်ဆိုရင်တော့ အခုပဲ Register လုပ်ထားလိုက်တော့နော်! 👇🏻

🖇️ Register here: https://bmcc.buildmyanmar.org/register/5c5069cd-96df-408b-b2e4-05e9bb62da6e

📅 Date: Coming Sunday (25th January)
🕑 Time: 2:30 PM - 4:00 PM
📍 Location: Build Myanmar Community Center 2 (Myaynigone) No. 9, 6th Floor, Kyaung Street, Myaynigone.

Panelists အနေနဲ့ ဘယ်သူတွေ ပါဝင်လာမလဲဆိုတာကိုတော့ မနက်ဖြန် ည ၇ နာရီမှာ Reveal လုပ်သွားမှာဖြစ်လို့ စောင့်ကြည့်ဖို့ မမေ့နဲ့ဦးနော်! 🤫

Let's build our future together! 🥂🔥

Build Myanmar Community Center
📍 Center 1 (Thingangyun): No. 105, Myawuttyi Street, Thanthumar Rd.
📍 Center 2 (Myaynigone): No. 9, 6th Floor, Kyaung Street.
⏰ Opening Hours: Daily 9:00 AM - 5:00 PM
💳 Membership starts from 75,000 MMK/month (Special Discount Now: 50,000 MMK)

📧 [email protected]

သောက်ကျိုးနည်း အပေါင်းအနုတ် :3
13/01/2026

သောက်ကျိုးနည်း အပေါင်းအနုတ် :3

13/01/2026

Salvation ဆိုတဲ့ သီချင်းထဲက စာသား

Don't let your faith dim.
There is a light
The Darkness can never kill.

ယုံကြည်ချက်ကို အမှေးမှိန်မခံနဲ့။
အမှောင်ထုက မဖုံးလွှမ်းနိုင်တဲ့ အလင်းတစ်ခုရှိတယ်။

ဘာကိုမျှော်မှန်းတော့ မသိပေမဲ့ ရင်ထဲကအလင်းရောင်ကို မမှေးမှိန်သွားအောင် ကြိုးစားနေရတာပါပဲ။

30/12/2025

ကျနော်တို့မျိုးဆက်က Heal စရာ trauma တွေ အတော်များတဲ့အမျိုး

Generational trauma
Realtionsh*t trauma
Employment trauma
ရပ်ဝေးမှာ အလုပ်လုပ်နေရင်း မိသားစုက လှမ်းလှမ်းပေးတဲ့ trauma

ဒါတွေကို heal လုပ်ချင်ရင် therapy group လေးတစ်ခု ဖွဲ့ပေးပါမယ်။

လာ join ပါ။

လူတွေပြောကြတာ: လိုင်းကားသမားတွေက လူပေါင်းစုံနဲ့ ဆက်ဆံနေရတော့ စိတ်ကြမ်းကိုယ်ကြမ်းတွေလိုင်းကားသမား:
22/12/2025

လူတွေပြောကြတာ: လိုင်းကားသမားတွေက လူပေါင်းစုံနဲ့ ဆက်ဆံနေရတော့ စိတ်ကြမ်းကိုယ်ကြမ်းတွေ

လိုင်းကားသမား:

Most recent student.So proud that I could help her with Part 3 of the Listening Test.Congrats, Crystal.All the best!
19/12/2025

Most recent student.

So proud that I could help her with Part 3 of the Listening Test.

Congrats, Crystal.
All the best!

IELTS speaking practice လုပ်ဖို့ အခွင့်အရေးမရကြသူတွေ ည ၉ နာရီတိုင်း practice လုပ်ပေးပါမယ်Free to join.
18/12/2025

IELTS speaking practice လုပ်ဖို့ အခွင့်အရေးမရကြသူတွေ ည ၉ နာရီတိုင်း practice လုပ်ပေးပါမယ်

Free to join.

Address

Brockfield Road
Yangon

Telephone

+9595172734

Website

Alerts

Be the first to know and let us send you an email when Dr. Aung Ko Ko posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr. Aung Ko Ko:

Share