MAST Myanmar Technology Co.,Ltd.

MAST Myanmar Technology Co.,Ltd. The Technology Company

The MAST Myanmar Technology was established in earlier 2011 and we are rapidly expanding our engineering portfolio into following technology based market sectors.

- Industrial and Construction Engineering
- Clean Water and Waste Water Treatment System Engineering (with Veolia, France)
- Industrial Engineering, Project Management and Consultancy Service (with Artelia, France)
- Laboratory Turn-Ke

y Set Up (with Thermo Fisher Scientific, USA)
- CTK Biotech (with IVD kits, USA)
- Long Lasting Insecticide Net (PermaNet, with Vestergaard Frandsen, Switzerland)
- Infectious Control (Vernacare, UK)

27/03/2026
2nd March 2026  တောင်သူလယ်သမားနေ့ အား MAST Myanmar Technology Co.,Ltd. မှ ဝန်းထမ်းမိသားစုများ က ကြိုဆိုဂုဏ်ပြုအပ်ပါတယ် ခ...
01/03/2026

2nd March 2026 တောင်သူလယ်သမားနေ့ အား MAST Myanmar Technology Co.,Ltd. မှ ဝန်းထမ်းမိသားစုများ က ကြိုဆိုဂုဏ်ပြုအပ်ပါတယ် ခင်ဗျား 🇲🇲🇲🇲🇲🇲

🎉🎉Happy Chinese New Year 2026🎉🎉🎉🎉🎉ပျော်ရွှင်စရာနှစ်သစ်ကူးလေး ဖြစ်ပါစေကြောင်းဆုတောင်းအပ်ပါတယ် 🙏🙏🙏
16/02/2026

🎉🎉Happy Chinese New Year 2026🎉🎉
🎉🎉🎉ပျော်ရွှင်စရာနှစ်သစ်ကူးလေး ဖြစ်ပါစေကြောင်းဆုတောင်းအပ်ပါတယ် 🙏🙏🙏

(၇၉ )ကြိမ်မြောက် ပြည်ထောင်စုနေ့ အား ကျွန်တော်တို့ MAST Myanmar Technology Co.,Ltd မှ ဝန်ထမ်းများ နှင့် မိသားစုများက ဝမ်း...
11/02/2026

(၇၉ )ကြိမ်မြောက် ပြည်ထောင်စုနေ့ အား ကျွန်တော်တို့ MAST Myanmar Technology Co.,Ltd မှ ဝန်ထမ်းများ နှင့် မိသားစုများက ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုဂုဏ်ပြုအပ်ပါတယ် ခင်ဗျာ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲







05/01/2026

မွေးနေ့မှစ၍ နောက်လာမယ့်နေ့ရက်တိုင်းမှာ လိုရာဆန္ဒတွေ အောင်မြင်စွာ ပိုင်ဆိုင်နိုင်ပါစေကြောင်း Mast Myanmar Technology Co.,Ltd. မှ ဝန်ထမ်းများအားလုံးက မွေးနေ့ဆုမွန်ကောင်း ဆုတောင်းပေးအပ်ပါတယ် MD ခင်ဗျာ🙏🙏🙏

လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
04/01/2026

လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

ရွှေရောင်နှစ်သစ်မှာ မိတ်ဟောင်း မိတ်သစ်များ အားလုံး ချမ်းသာ သုခပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်🙏🙏🙏
31/12/2025

ရွှေရောင်နှစ်သစ်မှာ မိတ်ဟောင်း မိတ်သစ်များ အားလုံး ချမ်းသာ သုခပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်🙏🙏🙏

🌍စွန့်ပစ်ရေသန့်စင်ခြင်း၏ အရေးပါမှုနှင့် ဓာတုပစ္စည်းများ၏ အခန်းကဏ္ဍ🌍🏭အစားအသောက်နှင့် အဖျော်ယမကာ (F&B) စက်ရုံ‌ တွေရဲ့ ထုတ်...
06/11/2025

🌍စွန့်ပစ်ရေသန့်စင်ခြင်း၏ အရေးပါမှုနှင့် ဓာတုပစ္စည်းများ၏ အခန်းကဏ္ဍ🌍

🏭အစားအသောက်နှင့် အဖျော်ယမကာ (F&B) စက်ရုံ‌ တွေရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ စက်ပစ္စည်းများ ဆေးကြောခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများမှ စွန့်ပစ်ရေပမာဏ မြောက်မြားစွာကို ထုတ်လွှတ်ကြပါတယ် ။ အဲ့ဒီစွန့်ပစ်ရေတွေမှာ အော်ဂဲနစ်ပစ္စည်းများ (BOD, COD)၊ အဆီ၊ ဆီနှင့် ချောဆီ (FOG)၊ အနည်အနှစ်များ (TSS)၊ သကြား၊ ဆားနှင့် အာဟာရဓာတ်များ (နိုက်ထရိုဂျင်၊ ဖော့စဖရပ်စ်) တို့ ပါဝင်လေ့ရှိပါတယ်။
✅စွန့်ပစ်ရေ (Waste Water)ကို သဘာဝပတ်ဝန်းကျင်သို့ မစွန့်ထုတ်မီ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းများအတိုင်း လျှော့ချရန်အတွက် စွန့်ပစ်ရေသန့်စင်ခြင်း (Wastewater Treatment) လုပ်ငန်းစဉ်ဟာ အလွန်အရေးကြီးပါတယ်။ Waste Water Treatment လုပ်ငန်းစဉ်အတွက် ဓာတုဗေဒနည်းလမ်းများဟာ မရှိမဖြစ် လိုအပ်တဲ့အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။
🧪 စွန့်ပစ်ရေသန့်စင်မှုတွင် အဓိကအသုံးပြုသည့် ဓာတုပစ္စည်းများ
👉F&B စက်ရုံများရဲ့ စွန့်ပစ်ရေ အမျိုးအစားနှင့် ဖွဲ့စည်းပုံပေါ် မူတည်ပြီး‌ တော့ ဓာတုပစ္စည်းအမျိုးမျိုးကို အသုံးပြုကြရပါတယ်။
အဓိကအားဖြင့် 👇👇
၁။ ⚖️ pH ညှိယူသည့် ဓာတုပစ္စည်းများ (pH Adjustment Chemicals)

👉စက်ရုံမှ ထွက်ရှိလာတဲ့ စွန့်ပစ်ရေတွေဟာ သန့်ရှင်းရေးအတွက် အသုံးပြုထားတဲ့ အက်ဆစ် သို့မဟုတ် အယ်လ်ကာလီများကြောင့် pH တန်ဖိုး အလွန်မြင့်မားခြင်း သို့မဟုတ် အလွန်နိမ့်ကျခြင်း ဖြစ်နိုင်ပါတယ်။ ဇီဝဗေဒနည်းဖြင့် သန့်စင်ခြင်း (Biological Treatment) မပြုလုပ်မီနှင့် ပတ်ဝန်းကျင်သို့ မစွန့်ထုတ်မီ pH ကို ကြားနေအဆင့် (Neutral level) သို့ ညှိပေးရန် လိုအပ်ပါတယ်။
✅အယ်လ်ကာလီလျှော့ချရန် (Acidifiers)✅
👉ဆာလဖျူရစ်အက်ဆစ် (Sulfuric Acid - H_2SO_4)
👉ဟိုက်ဒရိုကလိုရစ်အက်ဆစ် (Hydrochloric Acid - HCl)
✅ အက်ဆစ်လျှော့ချရန် (Alkalizers/Bases)✅
👉ကော့စတစ်ဆိုဒါ (Caustic Soda - NaOH - ဆိုဒီယမ် ဟိုက်ဒရောဆိုဒ်)
👉ထုံး (Lime - Ca(OH)_2 - ကယ်လ်စီယမ် ဟိုက်ဒရောဆိုဒ်) စတာတွေကို အသုံးပြုရပါတယ်။

၂။ 💧 အစိုင်အခဲများကို စုစည်းဖယ်ရှားသည့် ဓာတုပစ္စည်းများ (Coagulants & Flocculants)

👉စွန့်ပစ်ရေထဲတွင် ပါဝင်သော အလွန်သေးငယ်တဲ့ Suspended Solids နှင့် အဆီ/ဆီ များကို တစ်ခုနှင့်တစ်ခု ပေါင်းစပ်၍ အရွယ်အစားကြီးမားသော အဖတ်များ (Flocs) ဖြစ်ပေါ်စေရန် အသုံးပြုပါတယ်။ ၎င်းတို့ကို ဓာတုဗေဒနည်းဖြင့် စုစည်းမှု (Chemical Coagulation -Flocculation) လို့ ခေါ်ပါတယ်။

✅ Coagulants (စုစည်းစေသည့် ဓာတုပစ္စည်းများ)

👉 အလူမီနီယမ် ဆာလဖိတ် (Alum - Al_2(SO_4)_3)
👉ဖာရစ် ကလိုရိုက် (Ferric Chloride - FeCl_3)
👉ပိုလီအလူမီနီယမ် ကလိုရိုက် (PAC)

✅Flocculants (အဖတ်ဖြစ်စေသည့် ဓာတုပစ္စည်းများ)

👉ပေါ်လီမာများ (Polymers): အော်ဂဲနစ် ပေါ်လီမာအမျိုးမျိုးကို အများဆုံးအသုံးပြုသည်။

၃။ 🦠 ပိုးသတ်ဆေးများ (Disinfectants)

သန့်စင်ပြီးသော ရေကို ပတ်ဝန်းကျင်သို့ မစွန့်ထုတ်မီ ရောဂါဖြစ်စေနိုင်သော ပိုးမွှားများ (Pathogens) ကို သေစေရန် အသုံးပြုပါတယ်။

👉ကလိုရင်း (Chlorine - Cl_2) သို့မဟုတ် ဆိုဒီယမ် ဟိုက်ပိုကလိုရိုက် (Sodium Hypochlorite - NaOCl)

👉အိုဇုန်း (Ozone - O_3) သို့မဟုတ် ခရမ်းလွန်ရောင်ခြည် (UV) ကဲ့သို့သော ဓာတုဗေဒမဟုတ်သည့် နည်းလမ်းများကိုလည်း အသုံးပြုကြပါတယ်။

✅ COD နှင့် BOD ဟာ စွန့်ပစ်ရေအရည်အသွေးကို တိုင်းတာတဲ့‌ နေရာမှာ အဓိကကျတဲ့ parameters တွေဖြစ်ပါတယ်။
👉 COD (Chemical Oxygen Demand)
ရေထဲရှိ ညစ်ညမ်းပစ္စည်းများကို ဓာတုဗေဒနည်းဖြင့် ဓာတ်တိုးစေရန် လိုအပ်သည့် အောက်ဆီဂျင်ပမာဏ

👉 BOD (Biochemical Oxygen Demand)
ဇီဝပိုးမွှားများက ရေထဲရှိ အော်ဂဲနစ်ညစ်ညမ်းပစ္စည်းများကို ဖြိုခွဲရာတွင် လိုအပ်သည့် အောက်ဆီဂျင်ပမာဏ
F&B စွန့်ပစ်ရေတွေမှာ BOD နှင့် COD များ မြင့်မားလေ့ရှိပါတယ်။

🦠ဇီဝဗေဒနည်း၏ အရေးပါမှု (Biological Treatment)

👉F&B စက်ရုံများသည် အော်ဂဲနစ်ဝန် (Organic Load) မြင့်မားတာကြောင့် ဓာတုဗေဒနည်းများအပြင် ဇီဝဗေဒနည်း (Aerobic or Anaerobic) ကို အဓိကထားပြီး အသုံးပြုကြပါတယ်။ ဇီဝဗေဒနည်းက အော်ဂဲနစ်ပစ္စည်းများကို သဘာဝအတိုင်း ဖြိုခွဲပေးပြီး ဓာတုပစ္စည်းသုံးစွဲမှုကို လျှော့ချပေးနိုင်ပါတယ်။

✅စွန့်ပစ်ရေသန့်စင်ရာမှာ ဓာတုပစ္စည်းများကို လိုအပ်သလောက်သာ စနစ်တကျ အသုံးပြုခြင်းဖြင့် စွန့်ပစ်အနည်အနှစ်ပမာဏ (Sludge) ကို ထိန်းချုပ်နိုင်ပြီး၊ စွန့်ပစ်ရေသန့်စင်မှု ကုန်ကျစရိတ်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်မည်ဖြစ်ပါတယ်။

🙏အချိန်ပေး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် 🙏

☁️နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ညစ်ညမ်းမှုရဲ့ အကြောင်းရင်းများ၊ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များနှင့် ကြိုတင်ကာကွယ်မှုများ☁️☁...
29/10/2025

☁️နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ညစ်ညမ်းမှုရဲ့ အကြောင်းရင်းများ၊ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များနှင့် ကြိုတင်ကာကွယ်မှုများ☁️

☁️နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ညစ်ညမ်းမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံမှ စတင်ပြီး လေစီးဆင်းမှုမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ ပျံ့နှံ့သွားသော လေထုညစ်ညမ်းမှု သို့မဟုတ် မီးခိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာအဖြစ်များတက်တာကို စောင့်ကြည့်လေ့လာစမ်းစစ်ချက်များအရ သိရှိရပါတယ်။

☁️မီးခိုးငွေ့ညစ်ညမ်းမှုများကြောင့် ပြည်တွင်းလေထုညစ်ညမ်းမှုဖြစ်ပေါ် စေတက်သလို လေထဲပျံ့နှံ့နယ်စပ်ဖြတ်ကျော် သက်ရောက်မှုများရှိပြီး ဒေသတွင်း ပတ်ဝန်းကျင်ဆိုင်ရာ လေထုညစ်ညမ်းမှုတစ်ခုအဖြစ်လည်းပြောင်းလဲသွားတက်ပါတယ်။

☁️ဘာကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ညစ်ညမ်းမှုတွေဖြစ်လာရပါသလဲ❓

အဓိကအကြောင်းရင်းတွေ ကိုလေ့လာထားမိသလောက် စုစည်းဖော်ပြပေးပါမယ်...........

🔥တောမီးများ နှင့် မီးရှို့ခြင်းများ 🔥

🔥 တောင်ယာရှင်းလင်း မီးရှို့ခြင်းကဲ့သို့‌‌ သော ဖြစ်စဉ်များ နှင့် မြေဆွေးမြေဩဇာ အတွက်မီးရှို့ခြင်းများ ပါဝင်ပါတယ်။ ဘာကြောင့်ဒီလိုလုပ်ကြပါသလဲ ❓ စိုက်ခင်းများအတွက် မြေရှင်းလင်းရန် ကုန်ကျစရိတ်နည်းသော နည်းလမ်းဖြစ်တဲ့အတွက် မကြာခဏ အသုံးပြုလေ့ရှိတာ‌ကို‌ တွေ့ရှိရပါတယ်။ဒီအချက်က မြူခိုးရဲ့ အဓိကရင်းမြစ်ဖြစ်ပါတယ်။အဲ့ဒီ ကနေတဆင့် ထုတ်လွှတ်လိုက်တဲ့ မီးခိုးတွေဟာ နယ်စပ်‌ ဒေသများ တလျောက်ကို ဖြတ်ကျော်သွားပြီး အိမ်နီးချင်းနိုင်ငံတွေထဲကို နယ်နမိတ်ဖြတ်ကျော်ပြီး ဝင်ရောက်လေ့ရှိပါတယ်။

🧑‍🌾🔥စိုက်ပျိုးရေး မီးရှို့ခြင်း

ရိတ်သိမ်းပြီးနောက် လယ်သမားများသည် နောက်စိုက်ပျိုးရာသီအတွက် မြေယာပြင်ဆင်ရန် သီးနှံအကြွင်းအကျန်များကို မီးရှို့လေ့ရှိတက်ပါတယ်။ ဒီအလေ့အကျင့်ဟာ အမှုန်အမွှားများစွာကို လေထုထဲသို့ ထုတ်လွှတ်ရောက်ရှိစေပါတယ်။

🏭🚗 စက်မှုလုပ်ငန်းနှင့် ယာဉ်များမှထုတ်လွှတ်မှုများ

စက်မှုဇုန်များ၊ ရေနံချက်စက်ရုံများနှင့် ယာဉ်ကြောပိတ်ဆို့မှုများသည်လည်း အထူးသဖြင့် မြို့ပြနှင့် စက်မှုလုပ်ငန်းဒေသများတွင် မြူခိုးများကို ဖြစ်ပေါ်စေပါတယ်။

🌍 ရာသီဥတုအခြေအနေများ

အယ်လ်နီညိုဖြစ်စဉ်ကဲ့သို့သော ရာသီဥတုပုံစံများနှင့် ရာသီဥတုဖြစ်ရပ်များသည် မိုးရွာသွန်းမှုကို လျှော့ချခြင်းနှင့် လေပြင်းတိုက်ခတ်မှုများမှတစ်ဆင့် မီးခိုးများကို ပိုမိုကျယ်ပြန့်သောနေရာများသို့ ပျံ့နှံ့စေခြင်းဖြင့် မြူခိုးများကို ပိုမိုပြင်းထန်စေနိုင်ပါတယ်။

🏥 ကျန်းမာရေးအန္တရာယ်များ 🏥

☁️နယ်စပ်ဖြတ်ကျော် မြူခိုးညစ်ညမ်းမှုသည် လူ့ကျန်းမာရေးအပေါ် အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် နှလုံးသွေးကြောစနစ်များအပေါ် သိသာထင်ရှားသော သက်ရောက်မှုများဖြစ်စေပါတယ်။

၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ😮‍💨

အမှုန်အမွှားများ (PM₂.₅ နှင့် PM₁₀) သည် အဆုတ်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ပြီး အသက်ရှူရခက်ခဲခြင်း၊ ပန်းနာရင်ကျပ်နှင့် အခြားအဆုတ်ရောဂါများကို ဖြစ်စေနိုင်ပါတယ်။

၂။ မျက်လုံးနှင့် အရေပြားယားယံခြင်း😥

မီးခိုးနှင့် လေထုအတွင်းရှိ အမှုန်အမွှားများသည် မျက်လုံးယားယံခြင်း၊ အနီကွက်များထွက်ခြင်းနှင့် ယားယံခြင်းအပြင် အရေပြားယားယံခြင်း ကဲ့သို့သောမသက်မသာမှုများကို ဖြစ်ပေါ်စေပါတယ်။

၃။ နှလုံးသွေးကြောဆိုင်ရာအန္တရာယ်များ😥

မြူခိုးများကို ရေရှည်ထိတွေ့ခြင်းသည် သွေးတိုးရောဂါ၊ နှလုံးခုန်မမှန်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

၄။ ထိခိုက်လွယ်သောအသက်ရွယ်😥

ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများရှိသူများသည် မီးခိုးငွေ့ထိတွေ့မှုမှ အများဆုံးအန္တရာယ်ရှိနိုင်တဲ့သူတွေဖြစ်ပါတယ်။

☁️နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ညစ်ညမ်းမှု ကိုကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း အစီအမံများ☁️

၁။ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု

၂။ သစ်တောကာကွယ်ရေး

တရားမဝင်မြေရှင်းလင်းခြင်းနှင့် မီးရှို့ခြင်းတို့ကို တားစီးရပါမယ်။ ဂေဟစနစ်နဲ့ သဟဇာတဖြစ်တဲ့ စိုက်ပျိုးရေးနည်းလမ်းများကို ခုတ်ထွင်မီးရှို့ခြင်းလုပ်ငန်းစဉ်များ‌ နေရာမှာ အစားထိုးသင့်ပါတယ်။

✅၃။ လေထုအရည်အသွေး စောင့်ကြည့်ရေးစနစ်များ✅
**************************************************
✅နယ်စပ်ဖြတ်ကျော် လေထုအရည်အသွေးညွှန်းကိန်း (AQI) စောင့်ကြည့်ရေးစခန်းများ တိုးချဲ့ခြင်းနှင့် ပေါင်းစပ်ခြင်းကလည်း အရေးကြီးပါတယ်။
✅ ယနေ့ခေတ်မှာတော့ တိုးတက်လာတဲ့ နည်းပညာပြောင်းလဲမှုနဲ့ နောက်ဆုံးပေါ်နည်းပညာသုံး Automated AQM (Air Quality Monitoring) System များပေါ်ပေါက်လာတဲ့အတွက် measuring point တွေ ကို များများထားရှိနိုင်မှာဖြစ်ပါတယ်။

၄။ ကာကွယ်စောင့်ရှောက်ရေး

မီးခိုးငွေ့များဖြစ်ပေါ်လာပါက

• N95 မျက်နှာဖုံးများကို အပြင်ဘက်တွင် ဝတ်ဆင်ပါ။
• ပြတင်းပေါက်များနှင့် တံခါးများကို ပိတ်ထားပါ။
• ရေဓာတ်ဖြည့်တင်းပြီး အိမ်တွင်း၌ အနားယူပါ။
• အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူများသည် ဆေးကုသမှုကို ချက်ချင်းရယူပါ။

၅။ နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ညစ်ညမ်းမှုများအကြောင်း အသိပညာပေးခြင်းများ လုပ်ဆောင်ပါ။

☁️နယ်စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုသည် နိုင်ငံတစ်နိုင်ငံတည်းတွင်သာမဟုတ်ဘဲ ဒေသတွင်းရှိ သန်းပေါင်းများစွာသော လူများကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ရှူရှိုက်သောလေသည် နယ်နိမိတ်မရှိသကဲ့သို့ သန့်ရှင်းအောင်ထိန်းသိမ်းရန် တာဝန်ကိုလည်း လူသားအားလုံးမှ မျှဝေရမှာဖြစ်တဲ့အကြောင်း တိုက်တွန်းအပ်တယ် ခင်ဗျား ..............

အချိန်ပေးဖတ်ရှု့ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။

👇👇👇👇
💧Mast Environmental 💧
https://www.facebook.com/profile.php?id=100064269750386&mibextid=wwXIfr&mibextid=wwXIfr

29/10/2025
🌬️လေထုညစ်ညမ်းမှုရဲ့ အရင်းအမြစ်များ🌬️☁️ကာဗွန်မိုနောက်ဆိုဒ် (CO)☁️ကာဗွန်မိုနောက်ဆိုဒ် (CO) သည် အဓိကအားဖြင့် မော်တော်ယာဉ်မျ...
20/10/2025

🌬️လေထုညစ်ညမ်းမှုရဲ့ အရင်းအမြစ်များ🌬️

☁️ကာဗွန်မိုနောက်ဆိုဒ် (CO)☁️

ကာဗွန်မိုနောက်ဆိုဒ် (CO) သည် အဓိကအားဖြင့် မော်တော်ယာဉ်များ၊ ရထားများ၊ လေယာဉ်များ၊ စက်ယန္တရားများနှင့် စက်မှုလုပ်ငန်းများမှ လောင်ကျွမ်းခြင်းကဲ့သို့သော ပြင်းထန်သော လှုပ်ရှားမှုများမှတစ်ဆင့် လေထုထဲသို့ ဝင်ရောက်ပါတယ်။ လေထဲသို့ ရောက်သွား စေတဲ့ အဓိကနည်းလမ်း တွေကတော့-

🚗🏭1. ယာဉ်များနှင့် စက်ရုံများ - ကားများ၊ ထရပ်ကားများနှင့် အခြားယာဉ်များ လမ်းမများပေါ်တွင် သွားလာသောအခါ အထူးသဖြင့် ယာဉ်ကြောများသောနေရာများမှာ ကာဗွန်မိုနောက်ဆိုဒ်ကို လေထုထဲသို့ ထုတ်လွှတ်ပါတယ်။ စက်မှုစက်ရုံများကလည်း CO ဓာတ်ငွေ့ထုတ်လွှတ်မှုကိုထောက်အကူပြုပါတယ်။

🏗️2. လုပ်ငန်းခွင်နှင့် စက်မှုလုပ်ငန်းများ - စက်ယန္တရားများကို အသုံးပြုသည့် လုပ်ငန်းခွင်များတွင် သို့မဟုတ် လောင်ကျွမ်းခြင်းဆိုင်ရာ လုပ်ငန်းများတွင် ကာဗွန်မိုနောက်ဆိုဒ်ကို ထုတ်လုပ်ပြီး လေထဲသို့ ထုတ်လွှတ်နိုင်ပါတယ်။

🌋3. သဘာဝအရင်းအမြစ်များ - ကာဗွန်မိုနောက်ဆိုဒ်ကို လေထုထဲသို့ ထုတ်လွှတ်သည့် တောမီး သို့မဟုတ် မီးတောင်လှုပ်ရှားမှုကဲ့သို့သော ဖြစ်စဉ်များမှလည်း သဘာဝအတိုင်း CO ထုတ်လွှတ်နိုင်ပါတယ်။

☁️ဆာလဖာဒိုင်အောက်ဆိုဒ် (SO₂) ☁️

ဆာလဖာဒိုင်အောက်ဆိုဒ် (SO₂) ကို အောက်ဖော်ပြပါ အရင်းအမြစ်များမှ အဓိကအားဖြင့် လေထုထဲသို့ ဝင်ရောက်စေပါတယ်။

🏭1. စက်မှုလုပ်ငန်းစဉ်များနှင့် ဓာတ်အားပေးစက်ရုံများ – အထူးသဖြင့် ဆာလဖာဒိုင်အောက်ဆိုဒ်ကို စက်ရုံများ၊ ဓာတ်အားပေးစက်ရုံများနှင့် စက်မှုလုပ်ငန်းဆိုင်ရာ လုပ်ငန်းစဉ်များ (ရေနံချက်စက်ရုံများနှင့် သတ္တုထုတ်လုပ်သည့်စက်ရုံများသည် လောင်ကျွမ်းခြင်း၏အကျိုးဆက်အဖြစ် SO₂ ကို ထုတ်လွှတ်လေ့ရှိပါတယ်)

🔥2. ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်း – ရုပ်ကြွင်းလောင်စာများ (ဥပမာ ကျောက်မီးသွေး၊ ရေနံ၊ ဓာတ်ငွေ့) များကို စွမ်းအင် သို့မဟုတ် အခြားအသုံးပြုမှုအတွက် လောင်ကျွမ်းသောအခါ ဆာလဖာဒိုင်အောက်ဆိုဒ်ကို လေထဲသို့ ထုတ်လွှတ်လေ့ရှိပ့တယ်။

🌋🔥3.သဘာဝရင်းမြစ်များ – ဆာလဖာဒိုင်အောက်ဆိုဒ်ကို မီးတောင်ပေါက်ကွဲမှု၊ တောမီးများနှင့် သမုဒ္ဒရာများရှိ ရေနေသတ္တဝါအချို့ပင်မှ သဘာဝအတိုင်း ထုတ်လွှတ်နိုင်ပါတယ်။ ဤသဘာဝဖြစ်ရပ်များက လေထုထဲမှာ SO₂ ရှိနေခြင်းကို အထောက်အကူဖြစ်စေသော ဓာတ်ငွေ့များ ထုတ်လွှတ်ပါတယ်။

🌍4. အခြားသော သဘာဝဖြစ်စဉ်များ – မြေဆီလွှာနှင့် သမုဒ္ဒရာများတွင် အော်ဂဲနစ်ပစ္စည်းများ ပြိုကွဲခြင်းကဲ့သို့သော သဘာဝဖြစ်စဉ်များကလည်း ဆာလဖာဒိုင်အောက်ဆိုဒ် အနည်းငယ်ကို ထုတ်လွှတ်နိုင်ပါတယ်။

☁️နိုက်ထရိုဂျင်အောက်ဆိုဒ် (NOₓ)☁️

နိုက်ထရိုဂျင်အောက်ဆိုဒ် (NOₓ) ကို အောက်ဖော်ပြပါ ပင်မရင်းမြစ်များမှတဆင့် လေထုထဲသို့ ဝင်ရောက်စေပါတယ်။

✈️🛳️🚗1. ယာဉ်နှင့်သယ်ယူပို့ဆောင်ရေး – ကားများ၊ ထရပ်ကားများ၊ ရထားများ၊ လေယာဉ်များနှင့် အခြားယာဉ်များက နိုက်ထရိုဂျင်အောက်ဆိုဒ်များကို ထုတ်လွှတ်ပါတယ်။ အင်ဂျင်များသည် မြင့်မားသောအပူချိန်တွင် လောင်စာဆီလောင်ကျွမ်းသောအခါ၊ လေထဲတွင် နိုက်ထရိုဂျင် (N₂) နှင့် အောက်ဆီဂျင် (O₂) တို့ဟာ NO₂ နှင့် NO တို့ကို ဓာတ်ပြုပါတယ်။

🏭2. စက်မှုလုပ်ငန်းစဉ်များနှင့် ဓာတ်အားပေးစက်ရုံများ – နိုက်ထရိုဂျင်အောက်ဆိုဒ်များကို စွမ်းအင်ထုတ်လုပ်ရန်အတွက် လောင်စာများကို လောင်ကျွမ်းစေသည့် စက်ရုံများနှင့် ဓာတ်အားပေးစက်ရုံများတွင်လည်း ထုတ်လုပ်ပါတယ်။ ဤစက်ရုံများရှိ အပူချိန်မြင့်မားလောင်ကျွမ်းမှုသည် လေထုထဲသို့ နိုက်ထရိုဂျင်အောက်ဆိုဒ် (NO₂ နှင့် NO) ကို ထုတ်လွှတ်သည်ပါတယ်။

🌋🔥3. သဘာဝအရင်းအမြစ်များ – နိုက်ထရိုဂျင်အောက်ဆိုဒ်များသည်လည်း သဘာဝရင်းမြစ်များမှ တဆင့်ဖြစ်ပေါ်တက်ပါတယ်။ ။ ဥပမာအားဖြင့်၊ တောမီးများ၊ မီးတောင်ပေါက်ကွဲခြင်းနှင့် မိုးကြိုးပစ်ခြင်းများသည် NOₓ ကို လေထဲသို့ လွှတ်ထုတ်နိုင်ပါတယ်။

🧑‍🌾4. စိုက်ပျိုးရေးနှင့် အခြားလူ့လှုပ်ရှားမှုများ - စိုက်ပျိုးရေးဆိုင်ရာနေရာများတွင် ဓာတ်မြေသြဇာများနှင့် အခြားဓာတုပစ္စည်းများသည် နိုက်ထရိုဂျင်အောက်ဆိုဒ်များ ထုတ်လွှတ်မှုကိုလည်း အထောက်အကူပြုနိုင်ပါတယ်။

☁️အိုဇုန်းဓာတ်ငွေ့ (O₃) ☁️

အိုဇုန်းဓာတ်ငွေ့ (O₃) ကို အောက်ဖော်ပြပါ ပင်မရင်းမြစ်များမှတဆင့် လေထုထဲသို့ ဝင်ရောက်စေပါတယ်။

♻️1. Ground-Level Ozone – နိုက်ထရိုဂျင်အောက်ဆိုဒ် (NOₓ) နှင့် မငြိမ်မသက်သော အော်ဂဲနစ်ဒြပ်ပေါင်းများ (VOCs) ကဲ့သို့သော ညစ်ညမ်းမှုများဟာ နေရောင်ခြည်မှာ ဓာတ်ပြုတဲ့အခါ Ground -Level Ozone များကို အဓိကအားဖြင့် ဖြစ်ပေါ်လာေစပါတယ်။ ဤဖြစ်စဉ်ဟာ အဓိကအားဖြင့် မော်တော်ယာဥ်များ၊ စက်မှုစက်ရုံများမှ ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ဓာတ်အားထုတ်လုပ်ခြင်းကဲ့သို့သော လူတို့၏လုပ်ဆောင်မှုများကြောင့်ဖြစ်ပါတယ်။။ Ground-Level Ozone ဟာ မီးခိုးမြူများ၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူသားတို့၏ ကျန်းမာရေးကို ထိထိခိုက်စေနိုင်ပါတယ်။

🏭 2.စက်မှုနှင့် ဓာတ်အားပေးစက်ရုံများ ဓာတ်ငွေ့ထုတ်လွှတ်မှု – ဓာတ်အားပေးစက်ရုံများနှင့် စက်မှုလုပ်ငန်းခွင်များ အထူးသဖြင့် ရုပ်ကြွင်းလောင်စာများကို လောင်ကျွမ်းစေသော ဓာဓာတ်အားပေးစက်ရုံများက အောက်လေထုအတွင်း အိုဇုန်းဖွဲ့စည်းမှုကို အထောက်အကူဖြစ်စေသည့် နိုက်ထရိုဂျင်အောက်ဆိုဒ်နှင့် VOCs များကို ထုတ်ပေးနိုင်ပါတယ်။

🌍3. Stratospheric Ozone – ကမ္ဘာမြေမျက်နှာပြင်အထက် မြင့်မားသော စထရာတိုစဖီးယားတွင်ရှိသော အိုဇုန်းက နေမှ ခရမ်းလွန်ရောင်ခြည် (UV) ရဲ့ အောက်ဆီဂျင်မော်လီကျူး (O₂) ကို ခွဲထုတ်လိုက်သောအခါ ၎င်းတို့ကို အိုဇုန်း (O₃) အဖြစ် ပြန်လည်ပေါင်းစပ်နိုင်စေပါတယ်။ ဤအိုဇုန်းလွှာသည် နေ၏အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်အများစုကို စုပ်ယူကာ အကာအကွယ်တစ်ခုအဖြစ် လုပ်ဆောင်ပါတယ်။

🔥4. လောင်ကျွမ်းမှုနှင့် အပူချိန်မြင့်မားသော လုပ်ငန်းစဉ်များ – ယာဉ်အင်ဂျင်များနှင့် စက်မှုလုပ်ငန်းသုံး မီးဖိုများကဲ့သို့ အပူချိန်မြင့်မားသော လောင်ကျွမ်းမှုအတွင်း အိုဇုန်းသည် အထူးသဖြင့် နိုက်ထရိုဂျင်အောက်ဆိုဒ်များကဲ့သို့ ညစ်ညမ်းစေသော ညစ်ညမ်းစေသည့် ထုတ်ကုန်တစ်ခုအဖြစ်လည်း ဖွဲ့စည်းနိုင်ပါတယ်။

အိုဇုန်းသည် အောက်လေထု (အန္တရာယ်ရှိသောနေရာ) နှင့် အပေါ်ပိုင်းလေထု (ကမ္ဘာမြေပေါ်ရှိ သက်ရှိများကို ကာကွယ်ပေးသည့်နေရာ) နှစ်ခုလုံးတွင် တည်ရှိပါတယ်။

☁️PM 2.5 နှင့် PM 10☁️

PM 2.5 နှင့် PM 10 တို့ကို အောက်ဖော်ပြပါ ပင်မရင်းမြစ်များမှတဆင့် လေထုထဲသို့ ဝင်ရောက်စေနိုင်ပါတယ်။

☁️PM 2.5 (Particulate Matter ≤ 2.5 Micrometers)

✈️🚗1.ယာဥ်နှင့်သယ်ယူပို့‌‌ဆောင်ရေး– ကားများ၊ ထရပ်ကားများ၊ လေယာဉ်များနှင့် အခြားယာဉ်များသည် အင်ဂျင်အိတ်ဇောနှင့် လောင်စာလောင်ကျွမ်းမှုမှတစ်ဆင့် PM 2.5 အမှုန်အမွှားများကို ထုတ်လွှတ်ပါတယ်။

🏭2. စက်မှုနှင့် ဓာတ်အားပေးစက်ရုံများ ဓာတ်ငွေ့ထုတ်လွှတ်မှု – ရုပ်ကြွင်းလောင်စာများ သို့မဟုတ် လုပ်ငန်းစဉ်ပစ္စည်းများကို လောင်ကျွမ်းစေသော ဓာတ်အားပေးစက်ရုံများနှင့် စက်ရုံများသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများ၏ အကျိုးဆက်အဖြစ် လေထဲသို့ PM 2.5 အမှုန်အမွှားများကို ထုတ်လွှတ်နိုင်ပါတယ်။

🔥3. မီးများ – တောမီး၊ စိုက်ပျိုးရေး လောင်ကျွမ်းမှုနှင့် အိမ်သုံး ထင်း သို့မဟုတ် အခြားလောင်စာများ လောင်ကျွမ်းမှုကြောင့် လေထဲသို့ PM 2.5 ထွက်လာနိုင်ပါတယ်။

🌍4. သဘာဝအရင်းအမြစ်များ – PM 2.5 သည် မီးတောင်ပေါက်ကွဲမှု၊ ဖုန်မုန်တိုင်းများနှင့် ပင်လယ်ရေမှုန်ရေမွှားများကဲ့သို့သော သဘာဝရင်းမြစ်များမှလည်း ဖြစ်နိုင်ပါတယ်။

☁️PM 10 (Particulate Matter ≤ 10 Micrometers)

PM 10 အမှုန်များသည် PM 2.5 ထက် အနည်းငယ်ပိုကြီးပြီး အချင်း 10 မိုက်ခရိုမီတာအထိ တိုင်းတာနိုင်ပြီး အောက်တွင်ဖော်ပြထားတဲ့ ရင်းမြစ်များဖြစ်ပေါ်လာစေပါတယ်။

😷1. ဖုန်မှုန့်များနှင့် မြေဆီလွှာ – လမ်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ သို့မဟုတ် စိုက်ပျိုးရေးလုပ်ငန်းဆောင်တာများမှ ဖုန်မှုန့်များသည် PM 10 အမှုန်အမွှားများကို ထုတ်ပေးနိုင်ပါတယ်။ မြေဆီလွှာတိုက်စားမှုနှင့် သဲမုန်တိုင်းများသည်လည်း လေထုအတွင်းရှိ အမှုန်အမွှားများကို ဖြစ်ပေါ်လာစေဖို့ အထောက်အကူဖြစ်စေပါတယ်။

🔥2. လောင်ကျွမ်းမှုနှင့် အင်ဂျင်ထုတ်လွှတ်မှု – PM 2.5 နှင့် ဆင်တူပါတယ် ၊ မော်တော်ယာဥ်အင်ဂျင်များ သို့မဟုတ် စက်မှုလုပ်ငန်းသုံး မီးဖိုများကဲ့သို့ အပူချိန်မြင့်မားသော လောင်ကျွမ်းချိန်တွင် PM 10 ကို ထုတ်လွှတ်ပါတယ်။

🏭3. စက်မှုနှင့် သယ်ယူပို့ဆောင်ရေး လှုပ်ရှားမှုများ – စက်ရုံများ၊ သတ္တုတူးဖော်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများသည် လေထုထဲသို့ PM 10 အမြောက်အမြား ထုတ်လွှတ်နိုင်ပါတယ်။

🔥4. မီးများ – PM 2.5 ကဲ့သို့ပင်၊ PM 10 အမှုန်အမွှားများသည် တောမီး သို့မဟုတ် ပစ္စည်းများ လောင်ကျွမ်းခြင်းမှ တဆင့်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

☁️အမိုးနီးယား (NH₃) အမှုန်များ☁️

အမိုးနီးယား (NH₃) အမှုန်များသည် အောက်ဖော်ပြပါ အရင်းအမြစ်များမှ အဓိကအားဖြင့် လေထုထဲသို့ ဝင်ရောက်ပါတယ်။

🧑‍🌾1. စိုက်ပျိုးရေးလုပ်ငန်းများ

✅ မြေသြဇာများ- နိုက်ထရိုဂျင်အခြေခံမြေသြဇာ (ammonium nitrate ကဲ့သို့) အသုံးပြုခြင်းသည် အမိုးနီးယားကို လေထဲသို့ ထုတ်လွှတ်ပါတယ်။
✅ တိရစ္ဆာန်အညစ်အကြေး- အထူးသဖြင့် အကြီးစားမွေးမြူရေးခြံများမှ တိရစ္ဆာန်အညစ်အကြေးများနှင့် ဆီးများသည် ဆွေးမြေ့သောအခါတွင် အမိုးနီးယားကို ထုတ်လွှတ်ပါတယ်။
✅သီးနှံအကြွင်းအကျန် ဆွေးမြေ့ခြင်း- အပင်ထွက်ပစ္စည်း ဆွေးမြေ့ခြင်းသည်လည်း အမိုးနီးယား အနည်းငယ်ကို ထုတ်လွှတ်နိုင်ပါတယ်။

🏭2. စက်မှုအရင်းအမြစ်များ

✅ဓာတုပစ္စည်းထုတ်လုပ်ခြင်း- ဓာတ်မြေသြဇာ၊ ပလတ်စတစ် ထုတ်လုပ်ခြင်းကလည်း အမိုးနီးယားကို ထုတ်လွှတ်နိုင်ပါတယ်။
✅ရေဆိုးသန့်စင်ခြင်းစက်ရုံများ- အချို့သော စက်မှုနှင့် စည်ပင်သာယာရေဆိုး လုပ်ငန်းစဉ်များသည် လေထဲသို့ အမိုးနီးယားကို ထုတ်လွှတ်ပါတယ်။

🌍3. သဘာဝအရင်းအမြစ်များ

✅မြေဆီလွှာနှင့် သမုဒ္ဒရာများ- မြေဆီလွှာနှင့် သမုဒ္ဒရာများတွင် ရောဂါပိုးမွှားများ၏ လုပ်ဆောင်မှုသည် အမိုးနီးယား အနည်းငယ်ကို ထုတ်လုပ်ပါတယ်။
✅ဆွေးမြေ့နေသော သဘာဝမြေသြဇာ- အပင်များနှင့် တိရစ္ဆာန်များ၏ သဘာဝ ဆွေးမြေ့မှုသည် လေထုထဲတွင် အမိုးနီးယားဖြစ်စေသည်။
✅လေထုအတွင်းရှိ အမိုးနီးယားအများစုကတော့ အထူးသဖြင့် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများမှ ဆင်းသက်လာသော်လည်း မြေဆီလွှာနှင့် အပင်များ ဆွေးမြေ့ခြင်းကဲ့သို့သော သဘာဝဖြစ်စဉ်များလည်း ပါဝင်နေပါတယ်။ လေထုထဲမှာ အမိုးနီးယားက အခြားသော ညစ်ညမ်းမှုများနှင့် လေထုညစ်ညမ်းမှုကို ဖြစ်စေကာ သေးငယ်သော အမှုန်အမွှားများကို ဖြစ်ပေါ်စေပါတယ်။

🙏အချိန်ပေးဖတ်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်

👇👇👇👇
💧Mast Environmental 💧
https://www.facebook.com/profile.php?id=100064269750386&mibextid=wwXIfr&mibextid=wwXIfr

Address

Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959450047847

Website

Alerts

Be the first to know and let us send you an email when MAST Myanmar Technology Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MAST Myanmar Technology Co.,Ltd.:

Share