Daw May Hinn Oo

Daw May Hinn Oo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daw May Hinn Oo, Business service, yangon, pyay, Yangon.

09/07/2024

လူကြီးမင်းတို့၏ ကုမ္ပဏီအတွက် AR ရက်ကျော်ဒဏ်ကြေးများမထိစေရန်
ပိတ်ရက်မရှိ
ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။
📞09450034273

28/12/2022
16/12/2022

ှာကုမ္ပဏီအဖြစ်မှတ်ပုံတင်ပြီးနောက်ဖြစ်ပေါ်တတ်သည့်
#အခြေအနေများနှင့်အခွန်ကိစ္စရပ်များဆက်နွယ်မှု

ကုမ္ပဏီများ၏၂၀၁၇ကုမ္ပဏီဥပဒေကိုလိုက်နာခြင်း/မလိုက်နာခြင်းပေါ်မူတည်ပြီးMyco Status မှာအောက်ပါအတိုင်းဖြစ်ပေါ်နေတတ်ပါသည်-

-ဆောင်ရွက်ရမည့်ကိစ္စများအားလိုက်နာမှုရှိသည့်ကုမ္ပဏီ
-ကုမ္ပဏီတည်ထောင်ပြီးနောက်၂လအကြာထိနှစ်ချုပ်အစီရင်ခံစာမတင်ပြခြင်းနှင့်၆လအတွင်းနှစ်ချုပ်အစီရင်ခံစာတင်ပြရန်နှိုးဆော်စာပေးပို့သည်အထိနှစ်ချုပ်အစီရင်ခံစာမတင်ပြခြင်း
-ကုမ္ပဏီသည်Suspendedစာရင်းဝင်နေပြီးနောက်နှိုးဆော်အကြောင်းကြားသော်လည်းလိုက်နာဆောင်ရွက်မှုမရှိဖြစ်နေခြင်းမှာ၆လနှင့်အထက်ကြာမြင့်လာသည့်ကုမ္ပဏီများ
-အကြောင်းအမျိုးမျိုးကြောင့်စာရင်းရှင်းလင်းဖျက်သိမ်းရန်ဆောင်ရွက်ဆဲကုမ္ပဏီများ
-စာရင်းရှင်းလင်းဖျက်သိမ်းပြီးဖြစ်သည့်ကုမ္ပဏီများ

ကျွန်တော်နားလည်သလောက်ရှင်းပြရလျှင်
ကုမ္ပဏီတစ်ခုတည်ထောင်တယ်ဆိုတာဟာလူသားတစ်ယောက်မွေးဖွားခြင်းနှင့်အလားသဏ္ဍာန်တူပါတယ်၊
ကုမ္ပဏီတည်ထောင်ပြီးနောက်ပိုင်းမှာ၂၀၁၇ကုမ္ပဏီဥပဒေပါပြဌာန်းချက်များကိုလိုက်နာပါမှMyco Statusတွင်Registered အဖြစ်ရှိနေမှာဖြစ်ပါတယ်၊အဲ့ဒီအခြေအနေကတော့လူသားတစ်ယောက်အပြစ်ကင်းစွာဘဝရပ်တည်နေထိုင်တဲ့အခြေအနေပေါ့၊
အဲ့တော့ကုမ္ပဏီဟာ၂၀၁၇ကုမ္ပဏီဥပဒေကိုလိုက်နာဆောင်ရွက်ခြင်းမရှိရင်တော့Mycoစနစ်မှာအလိုအလျှောက်Suspended စာရင်းဖေါ်ပြနေမှာဖြစ်ပါတယ်၊
ဒါကတော့လူတစ်ဦးအနေနဲ့ထုတ်ပြန်ထားတဲ့စည်းကမ်းတွေကိုမလိုနာတဲ့အတွက်အချုပ်ချခြင်းခံရသကဲ့သို့သဘောသက်ရောက်နေပါလိမ့်မယ်၊
နောက်တဆင့်အနေနဲ့
Mycoစနစ်ကနေပြီးလူကြီးမင်းကုမ္ပဏီဟာနှစ်ချုပ်စာရင်းတွေတင်ပြဖို့ပျက်ကွက်နေတဲ့အတွက်တင်ပြဖို့အလိုအလျှောက်စာတွေပေးပို့လာပါလိမ့်မယ်၊အဲ့လိုစာတွေပေးပို့လာရင်၆လအတွင်းအမြန်ဆုံးလိုက်နာဆောင်ရွက်ခဲ့ရင်တော့ကုမ္ပဏီရဲ့Status ဟာ Registered ပြန်ဖြစ်သွားမှာဖြစ်ပါတယ်၊သတ်မှတ်တဲ့ဒဏ်ကြေးငွေတော့ပေးဆောင်ရမှာပေါ့၊
၆လအတွင်းလိုက်နာဆောင်ရွက်မှုမရှိဘူးဆိုရင်တော့Strike Offဆိုပြီးကုမ္ပဏီကိုပယ်ဖျက်စာရင်းသွင်းခံရမှာဖြစ်ပါတယ်၊
ဒီအဆင့်ကတော့လူတစ်ဦးအနေနဲ့ပြစ်မှုကြီးကျုးလွန်တဲ့သဘောဖြစ်သွားတာကြောင့်အချုပ်ကျနေရာကနေထောင်ထဲထပ်ပို့လိုက်တဲ့သဘောသက်ရောက်သွားပါတယ်၊သေသွားတာမျိုးမဟုတ်ပါ၊ကုမ္ပဏီအနေနဲ့လုပ်ငန်းဆောင်ရွက်လို့မရတော့ပါ၊
ပြန်အသက်ဝင်ပြီးRegistered ဖြစ်ချင်ရင်တော့တရားရုံးသို့သွားရောက်ဆောင်ရွက်ရတာတွေဒဏ်ကြေးပေးဆောင်ရတာတွေစတဲ့ဥပဒေပါပြဌာန်းချက်တွေအတိုင်းလုပ်မှရပါတော့တယ်၊
တကယ်လို့ကုမ္ပဏီကိုအလုပ်လဲမလုပ်ချင်တော့ဘူးလို့ဆုံးဖြတ်ခဲ့ရင်တော့ကုမ္ပဏီကိုဖျက်သိမ်းတဲ့Process လုပ်ရမှာပါ၊
အဲ့လိုဖျက်သိမ်းလိုက်မှသာ၂၀၁၇ကုမ္ပဏီဥပဒေပါပြဌာန်းချက်တွေကိုလိုက်နာရန်မလိုအပ်တော့ဘဲလွတ်လပ်ပေါ့ပါးသွားမှာဖြစ်ပါတယ်၊
အဲ့ဒီအပိုင်းကတော့လူ့ဘဝဖြစ်စဉ်နဲ့ပြောရရင်သေဆုံးသွားခြင်းသဘောသက်ရောက်သွားမှာဖြစ်ပါတယ်၊

#ကုမ္ပဏီဟာStruckOffဖြစ်နေပြီဆို
ဘယ်လိုပြန်ပြီး မှတ်ပုံတင်ရမလဲ?

ကုမ္ပဏီတိုင်းဟာ DICA မှာ Myco စနစ်နဲ့
နှစ်စဉ်တင်ပြရမယ့် Annual Return (AR)တင်ပြဖို့
အချိန်တစ်ခုထိပျက်ကွက်နေတဲ့အခါ
ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း
(Struck-Off) ဖြစ်သွားတတ်ပါတယ်။

ကုမ္ပဏီများပယ်ဖျက်စာရင်း (Struck-Off) စာရင်းမှာ
ပါဝင်တဲ့ ကုမ္ပဏီတစ်ခုဟာ
လုပ်ငန်းများဆက်လက်လုပ်ကိုင်လို့မရနိုင်တော့သလို
စာရင်းရှင်းလင်းဖျက်သိမ်း၍လည်းမရနိုင်တော့ပါ။

ကုမ္ပဏီများပယ်ဖျက်စာရင်း (Struck-Off) ဆိုတာ
ကုမ္ပဏီများမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရခြင်းသာ
ဖြစ်ပြီး ကုမ္ပဏီဖျက်သိမ်းခြင်းနဲ့မတူညီပါ။

Struck-Off ဖြစ်နေတဲ့ကုမ္ပဏီတစ်ခုဟာ
ကုမ္ပဏီများမှတ်ပုံတင်စာရင်းမှပယ်ဖျက်ခြင်းသာ
ဖြစ်ပြီး ကုမ္ပဏီနဲ့သက်ဆိုင်တဲ့တာဝန်များ
ကျန်ရှိနေမှာဖြစ်ပါတယ်။

Liquidated ဖြစ်အောင်တရားဝင် စာရင်းရှင်းလင်း
ဖျက်သိမ်းလိုက်တဲ့ကုမ္ပဏီများကတော့ကုမ္ပဏီနဲ့
သက်ဆိုင်တဲ့တာဝန်များပါမကျန်ရှိတော့ပါ။

ကုမ္ပဏီမှတ်ပုံတင်စာရင်းမှာ ပယ်ဖျက်ခြင်းခံရတဲ့
ကုမ္ပဏီများအနေနဲ့ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှာ
ပြန်လည်မှတ်ပုံတင်လိုပါက 📗

အောက်ဖော်ပြပါအတိုင်းဆောင်ရွက်နိုင်ပါတယ်👇

✅ ကုမ္ပဏီမှတ်ပုံတင်ထားတဲ့လိပ်စာပေါ်မူတည်ပြီး
သက်ဆိုင်ရာခရိုင်တရားရုံးမှာတရားမအထွေထွေမှုနဲ့
ကုမ္ပဏီမှတ်ပုံတင်စာရင်းမှာပြန်လည်ဖော်ပြပေးဖို့
အမိန့်တစ်ရပ်ချမှတ်ပေးရန်လျှောက်ထားရပါမယ်။

✅ တရားရုံးအမိန့် ရရှိပြီးရင် Myco DICA မှာ
I-5 Form နဲ့ အမိန့်စာကိုပူးပွဲတင်ပြရပါမယ်။

✅ Myco DICA မှ Approved ဖြစ်ပြီး "Registered"
Status ဖြစ်ပြီးပါက ကုမ္ပဏီမှတ်ပုံတင်စာရင်းမှာ
ပြန်လည်မှတ်ပုံတင်ခြင်းပြီးဆုံးပါပြီ။

#ကုမ္ပဏီတည်ထောင်ပြီးနောက်အခွန်ကိစ္စရပ်များကိုဘယ်လိုဆောင်ရွက်ရမှာလဲ?

DICA မှာကုမ္ပဏီတည်ထောင်ပြီးရင်အခွန်ထမ်းဝန်ဆောင်မှုဗဟိုရုံးမှာအခွန်ထမ်းအဖြစ်မှတ်ပုံတင်ပါ၊
အခွန်ထမ်းမှတ်ပုံတင်ပြီးပါကသတ်မှတ်ပေးလိုက်တဲ့အခွန်ရုံးနဲ့ဆက်သွယ်ဆောင်ရွက်ပါ၊
ထည့်ဝင်ထားသောအစုရှယ်ယာရှင်များ၏အစုရှယ်ယာများကိုဝင်ငွေရလမ်းစိစစ်မှုခံယူပါ၊
အဲ့ဒါဆိုမိမိဆောင်ရွက်လိုတဲ့စီးပွါးရေးလုပ်ငန်းကိုစတင်ဆောင်ရွက်လို့ရပါပြီ၊

#ကုမ္ပဏီအနေဖြင့်Mycoစနစ်တွင်Suspendedဖြစ်ခြင်းStrikeoffဖြစ်ခြင်းဖြစ်နေပါက
#အခွန်ကိစ္စဆက်လက်ဆောင်ရွက်လို့ရပါသလား?

ကုမ္ပဏီတစ်ခုကိုဖျက်သိမ်းခြင်းမပြုမချင်းနှစ်စဉ်အခွန်ကိစ္စရပ်များကိုမဖြစ်မနေဆောင်ရွက်ရမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။

Credit #ကချင်လေးအွန်ဂျူး

👇 မှတ်ပုံတင်စာရင်းမှပယ်ဖျက်ခံရသည့် ကုမ္ပဏီ ၁၀၀ ခု☝️ အမိန့်ကြော်ငြာစာအမှတ် ၁၅၃/ ၂၀၂၂မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၉၇...
16/12/2022

👇 မှတ်ပုံတင်စာရင်းမှပယ်ဖျက်ခံရသည့်
ကုမ္ပဏီ ၁၀၀ ခု

☝️ အမိန့်ကြော်ငြာစာအမှတ် ၁၅၃/ ၂၀၂၂

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၉၇ အရ Annual Return (နှစ်စဉ်အစီရင်ခံစာ) တင်ပြရန် ပျက်ကွက်ခဲ့သော အောင်ဖော်ပြပါ ကုမ္ပဏီ ၁၀၀ ခု အား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း ( Struck out ) အဖြစ် ဤအမိန့် ကြေညာစာ ထုတ်ပြန်သည့်နေမှစ၍ ကုမ္ပဏီ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည်။

(မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ နှစ်စဉ်အစီရင်ခံစာကို ကုမ္ပဏီထောင်ပြီး ၂ လအတွင်း တင်ရမှာဖြစ်ပြီး နှစ်စဉ် တစ်နှစ် တစ်ကြိမ် ပြန်လည်တင်ပြရမှာ ဖြစ်ပါတယ်။)

နောက်ဆုံးထားတင်ပြရမယ့်ရက်ကို www.myco.dica.gov.mm မှာ မိမိကုမ္ပဏီအမည်ရိုက်ရှာပြီး စစ်ဆေးနိုင်ပါတယ်။
Credit #

Searching for companies in MyCO is simple and free. Simply use the Company Name or Registration Number in the section below to start.

စီးပွားရေးလုပ်ငန်းရှင်တိုင်းသိထားသင့်သည့် ဥပဒေများ ၁။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (https://www.dica.gov.mm/sites/dica.g...
17/02/2020

စီးပွားရေးလုပ်ငန်းရှင်တိုင်းသိထားသင့်သည့် ဥပဒေများ

၁။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (https://www.dica.gov.mm/sites/dica.gov.mm/files/news-files/7-12-2017_website_update_myanmar_companies_law.pdf)

၂။ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေ (https://www.dica.gov.mm/sites/dica.gov.mm/files/document-files/milpyidaungsuhluttaw20161018-m_0.pdf)

၃။ စီးပွားရေးလုပ်ငန်းသုံးအစုစပ်လုပ်ငန်းအက်ဥပဒေ (https://www.dica.gov.mm/sites/dica.gov.mm/files/document-files/partnership_act_1932_0.pdf)

၄။ စည်ပင်သာယာရေးဥပဒေ (http://www.ycdc.gov.mm/content.php?law=ycdclaw)

အခွန်နှင့် တံဆိပ်ခေါင်းခွန်ဥပဒေများ

၁။ ၀င်ငွေခွန်ဥပဒေ (http://www.irdmyanmar.gov.mm/sites/default/files/income%20tax%20law%202016%20update_0.pdf)

၂။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ (http://www.irdmyanmar.gov.mm/sites/default/files/Commercial%20Tax%20Law%20Updated%202015_0.pdf)

၃။ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ (http://www.irdmyanmar.gov.mm/sites/default/files/%E1%81%82%E1%81%80%E1%81%81%E1%81%88%20%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A%20%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%81%8F%E1%80%A1%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%A1%E1%80%80%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A5%E1%80%95%E1%80%92%E1%80%B1.pdf)

၄။ တံဆိပ်ခေါင်းခွန်ဥပဒေများ
(http://www.irdmyanmar.gov.mm/sites/default/files/Stamp%20Act%202016.pdf)
(http://www.irdmyanmar.gov.mm/sites/default/files/Myanmar%20Stamp%20Rules_0.pdf)
(http://www.irdmyanmar.gov.mm/sites/default/files/Stamp%20Sale%20Rule_0.pdf)
(http://www.irdmyanmar.gov.mm/sites/default/files/Court%20Fee%20Sale%20Rule.pdf)

အလုပ်ခန့်ခြင်းဆိုင်ရာဥပဒေများ

၁။ အလုပ်သမားလျော်ကြေးအက်ဥပဒေ (http://www.burmalibrary.org/docs15/2005-SPDC_Law2005-04-Law_Ameniding_the%20Workmen%27s%20Compensation_Act-1923-en..pdf)

၂။ ခွင့်ရက်နှင့်အလုပ်ပိတ်ရာက်အက်ဥပဒေ (http://www.mol.gov.mm/mm/wp-content/uploads/2014/05/6.-Amended-Law-for-Leave-and-Holiday-Law-1951.pdf)
(http://www.mol.gov.mm/mm/wp-content/uploads/2014/05/Leave-and-Holiday-_19511.pdf)

၃။ အလုပ်ရုံများအက်ဥပဒေ (http://www.mol.gov.mm/mm/wp-content/uploads/2014/05/factory-act-repairs.pdf)

၄။ Oilfields (Labour and Welfare) Act (1952) (http://www.burmalibrary.org/docs16/Burma_Code-Vol-V-tu-comp.pdf)

၅။ လူမှုဖူလုံရေးဥပဒေ (http://www.mol.gov.mm/mm/wp-content/uploads/2016/10/Social-Security-Law-2012-M.pdf)

၆။ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ( http://www.burmalibrary.org/docs13/Trade_disputes_act-2012(bu).pdf)
(http://www.burmalibrary.org/docs19/2014-09-30-Law_Amending_the_Resolution_of_the%20_Workers%27_Crisis_Law-40-bu.pdf)

၇။ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (http://www.burmalibrary.org/docs16/2013-Pyidaungsu_Hluttaw_Law29-Employment_and_Skill_Development_Law-bu.pdf)

၈။ အနည်းဆုံးအခကြေးငွေဥပဒေ (http://www.burmalibrary.org/docs16/2013-03-08-Pyidaungsu_Hluttaw_Law07-bu.pdf)

၉။ အခကြေးငွေပေးချေရေးဥပဒေ (http://www.burmalibrary.org/docs21/2016-01-25-2016_Wage_Law-17-bu.pdf)

၁၀။ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (http://www.mol.gov.mm/mm/wp-content/uploads/2014/05/shop-and-office-place-law.pdf)

Laws that Every Entrepreneur should know

Registration of Business and Governing Laws

1. Myanmar Companies Law (https://www.dica.gov.mm/sites/dica.gov.mm/files/document-files/final_mcl_english_version_6_dec_president_signed_version_cl.pdf)

2. Myanmar Investment Law (https://www.dica.gov.mm/sites/dica.gov.mm/files/document-files/myanmar_investment_law_official_translation_3-1-2017.pdf)

3. The Partnership Act (https://www.dica.gov.mm/sites/dica.gov.mm/files/document-files/partnership_act_1932_0.pdf)

4. Yangon City Development Committee Law (http://www.ibiblio.org/obl/docs4/SLORC_Law_No._11-90.pdf)

Tax and Stamp Laws

1. Income Tax Law (http://www.burmalibrary.org/docs18/2014-03-24-Law_Amending_the_Income_Tax_Law-15-en.pdf)

2. Commercial Tax Law (http://www.burmalibrary.org/docs18/2014-03-24-Law_Amending_the_Commercial_Tax_Law-16-en.pdf)

3. Union Tax Law 2018 (https://www.lincolnmyanmar.com/wp-content/uploads/2018/04/Union-Tax-Law-2018-.pdf)

4. Stamp Law (http://legacy.irdmyanmar.gov.mm/PDF/The%20Myanmar%20Stamp%20Act(Eng)2_16_37_PMeng.pdf)
(https://www.mopf.gov.mm/sites/default/files/upload_pdf/2017/06/The%20Myanmar%20Stamp%20Act%28Eng%29.pdf)
(http://www.vdb-loi.com/wp-content/uploads/2018/05/Myanmar-Tax-Booklet_2018.pdf)
(https://www2.deloitte.com/content/dam/Deloitte/global/Documents/Tax/dttl-tax-myanmarhighlights-2018.pdf?nc=1)

Employment Laws (http://www.myanmargarments.org/factory-information/laws-regulations/)

1. Workmen’s Compensation Act (1923) amended in 2005 (http://www.burmalibrary.org/docs15/2005-SPDC_Law2005-04-Law_Ameniding_the%20Workmen%27s%20Compensation_Act-1923-en..pdf)

2. Leave and Holidays Act (1951) amended in 2014 (http://www.ilo.org/dyn/natlex/natlex4.detail?p_lang=en&p_isn=88687)

3. Factories Act (1951) amended in 2016 (http://www.ilo.org/dyn/natlex/natlex4.detail?p_lang=en&p_isn=103625&p_count=11&p_classification=14)

4. Oilfields (Labour and Welfare) Act (1952) (http://www.burmalibrary.org/docs16/Burma_Code-Vol-V-tu-comp.pdf)

5. Social Security Law (2012) (http://www.mol.gov.mm/en/wp-content/uploads/2016/10/Social-Security-Law-2012-E.pdf)

6. Settlement of Labour Dispute Law (2012) amended in 2014 (http://www.ilo.org/dyn/natlex/docs/MONOGRAPH/100497/129363/F686381154/MMR100497%20Eng.pdf)

7. Employment and Skills Development Law (2013) (http://www.mol.gov.mm/en/wp-content/uploads/2016/10/ESD_Law_Eng.pdf)
8. Minimum Wage Law (2013) (http://www.ilo.org/dyn/natlex/natlex4.detail?p_lang=en&p_isn=90652&p_classification=12.02)

9. Payment of Wages Law (2016) (http://www.mol.gov.mm/en/wp-content/uploads/2016/10/PaymentWagesLaw_Eng.pdf)

10. Shops and Establishment Law (2016) (https://www.lincolnmyanmar.com/wp-content/uploads/2016/11/25-Jan-2016-Shops-and-Establishments-Law-2016.pdf)

#စီးပွားရေးလုပ်ငန်းရှင်တိုင်းသိထားသင့်သည့် ဥပဒေများ

31/12/2019

်ထောင်ထားပြီးဘယ်ရုံးမှာအခွန်စည်းကြပ်မှုခံယူရမှာလဲ

ဒီတာ့ဘယ်ရုံးမှာဆက်သွယ်ပြီးအခွန်ထမ်းအဖြစ်မှတ်ပုံတင်ရမလဲဆိုတာလေးကိုတင်ပြလိုက်ပါ့မယ်ခင်ဗျား။
(၁)
# #လို့ခေါ်တဲ့အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှာတော့ယခင်ကတည်းကသတ်မှတ်ထားတဲ့SASစနစ်နဲ့အခွန်စည်းကြပ်မှုခံယူလျက်ရှိသောColtdများ၊
(၂)
# #လို့ခေါ်တဲ့အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၁)မှာလည်းထပ်မံပြီးရွေးချယ်ထားတဲ့SASစနစ်ဖြင့်အခွန်စည်းကြပ်မှုခံယူလျက်ရှိသောColtdများ၊
(၃)
#လို့ခေါ်တဲ့အလယ်အလတ်ဆိုင်ရာအခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၂)မှာတော့DICAမှာမှတ်ပုံတင်တဲ့အချိန်နိုင်ငံခြားColtdအဖြစ်မှတ်ပုံတင်ထားသောCOltdအားလုံးကိုလက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ်၊
(၄)
ို့ခေါ်တဲ့အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၃)မှာတော့ယခင်ကCCTOလက်ထက်ကရှိခဲ့သောColtdတစ်ချို့နဲ့1-4-2019ရှေ့ပိုင်းDICAမှာမှတ်ပုံတင်ထားတဲ့မြန်မာColtd(ရန်ကုန်လိပ်စာ)တွေကိုလက်ခံဆောင်ရွက်ပေးနေပါတယ်၊
(၅)
ို့အမည်တွင်သောကျွန်တော်တာဝန်ယူထားသည့်အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံ(၄)အနေဖြင့်MTO3မှလွှဲပြောင်းပေးလိုက်တဲ့Coltd9701ခုနဲ့1-4-2019နောက်ပိုင်းDICAတွင်မှတ်ပုံတင်သည့်Coltdရန်ကုန်လိပ်စာအားလုံးကိုတာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်၊
(၆)
ို့အမည်တွင်သောအလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅)(မန္တလေး)မှာတော့နေပြည်တော်၊စစ်ကိုင်း၊မန္တလေးတိုင်းအတွင်းလိပ်စာရှိသောColtdအားလုံးကိုတာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်၊
(၇)
#ကျန်ပြည်နယ်တိုင်း #လိပ်စာရှိသောColtdများကိုတော့သက်ဆိုင်ရာလိပ်စာရှိသောမြို့နယ်အခွန်ဦးစီးဌာနမှုးရုံးများကတာဝန်ယူပြီးအခွန်စည်းကြပ်မှုလုပ်ငန်းစဉ်များအားဆောင်ရွက်ပေးလျက်ရှိပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်ခင်ဗျား။
#ဌာနမှူး

https://www.myco.dica.gov.mm/
30/12/2019

https://www.myco.dica.gov.mm/

Searching for companies in MyCO is simple and free. Simply use the Company Name or Registration Number in the section below to start.

၃၀.၁၁.၂၀၁၉ ရက်နေ့အထိ ဆိုင်းငံ့ခံထားရတဲ့ (Suspended)  ကုမ္ပဏီ ၅၇၂၄ ခုရှိနှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန် ပျက်ကွက်...
30/12/2019

၃၀.၁၁.၂၀၁၉ ရက်နေ့အထိ ဆိုင်းငံ့ခံထားရတဲ့ (Suspended) ကုမ္ပဏီ ၅၇၂၄ ခုရှိ

နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန် ပျက်ကွက်မှုကြောင့် ၃၀.၁၁.၂၀၁၉ ရက်နေ့အထိ ဆိုင်းငံ့ခံထားရတဲ့ (Suspended) ကုမ္ပဏီ ၅၇၂၄ ခု ရှိပါတယ်။ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီအရေအတွက်ရဲ့ ၁၀% နီးပါး ဆိုင်းငံခံထားရပါတယ်။ ဒါတောင် ဒဏ်ကြေးကာလ ၂၀၁၉ ခု ၈ လပိုင်းကစသတ်မှတ်တာမို့ ၄လပဲရှိပါသေးတယ်။ တချို့ကုမ္ပဏီပိုင်ရှင်တွေဟာ မိမိကုမ္ပဏီ ဆိုင်းငံ့ခံထားရတာ မသိရှိကြပါဘူး။ ဒါကြောင့်မို့
www.myco.dica.gov.mm မှ company search မှာ မိမိကုမ္ပဏီအမည် ရိုက်ထည့်ပြီး annual return due date လေး စစ်ဆေးပြီး အချိန်မီ နှစ်စဉ်အစီရင်ခံစာ (Annual Return) လေး တင်ကြပါခင်ဗျာ။

photo : dica

Address

Yangon, Pyay
Yangon
12345

Telephone

09450034273

Website

Alerts

Be the first to know and let us send you an email when Daw May Hinn Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share