Natty Creator

Natty Creator Design

18/08/2026

𓂃🖊 ခန်းနားထည်ဝါလှတဲ့ အင်းစိန်မြို့နယ်က 𝗠𝗼𝗱𝗲𝗿𝗻 𝗛𝗼𝘂𝘀𝗲 𝗗𝗲𝘀𝗶𝗴𝗻 ( 𝗥𝗲𝗻𝗱𝗲𝗿 & 𝗥𝗲𝗮𝗹𝗶𝘁𝘆 ) ပဲဖြစ်ပါတယ်။ လူကြီးမင်းတို့ရဲ့ ယုံကြည်မှုနဲ့ အခိုင်အမာ ရပ်တည်လာနိုင်မှုဟာ 𝗡𝗮𝘁𝘁𝘆 𝗖𝗿𝗲𝗮𝘁𝗼𝗿 ရဲ့ အောင်မြင်မှု ပြယုဂ်တစ်ခုပါပဲ။

𓂃🖊 အခြေခံကျတဲ့ Render မှသည် အကောင်အထည်ပေါ်လာသော ရုပ်လုံး Reality အထိ တာယူဝန်လျှက်ရှိသော 𝗡𝗮𝘁𝘁𝘆 𝗖𝗿𝗲𝗮𝘁𝗼𝗿 က သင့်အတွက် အကောင်းဆုံးသော ရွေးချယ်မှုပါ။
𝗡𝗮𝘁𝘁𝘆 𝗖𝗿𝗲𝗮𝘁𝗼𝗿
✆ 0‌9‌ ‌4‌2‌0‌0‌4‌1‌4‌1‌9‌

11/08/2026

Natty Creator မှတာဝန်ယူ ရေးဆွဲပေးခဲ့တဲ့ Interior design များပဲ ဖြစ်ပါတယ်ခင်ဗျာ။
လူကြီးမင်းတို့ လိုအပ်ချက်တိုင်းကို အသေးစိတ်တိုင်ပင်ဆွေးနွေးပြီး လိုချင်တဲ့ ပုံစံအတိုင်း စိတ်တိုင်းကျဖြစ်စေဖို့ ကျွန်တော်တို့ဘက်မှ အကောင်းဆုံးကြိုးစားလျှက်ရှိနေပါတယ်။

စိတ်ချ သေချာ လူကြီးမင်းတို့ရဲ့ အားကိုးရာ
" Natty Creator "
09 42004 1419

🏠 အခန်းကျဉ်းပေမယ့်ကျယ်ဝန်းသလိုခံစားရစေမယ့် Interior & Architectural Trick များအခန်းဧရိယာကျဉ်းတာ၊ အကျယ်အဝန်း ကန့်သတ်ချက်ရ...
07/08/2026

🏠 အခန်းကျဉ်းပေမယ့်ကျယ်ဝန်းသလိုခံစားရစေမယ့် Interior & Architectural Trick များ

အခန်းဧရိယာကျဉ်းတာ၊ အကျယ်အဝန်း ကန့်သတ်ချက်ရှိတာဟာ ဒီဇိုင်းသေချာဖန်တီးမှုမရှိထားရင် နေရထိုင်ရတာ မွန်းကြပ်စေပါတယ်။

ဒါပေမဲ့Architectural Design နဲ့ Interior Design Trick အချို့ကိုမှန်မှန်ကန်ကန်အသုံးပြုလိုက်ရုံနဲ့ရှိပြီးသား Space ကို ၂ ဆမက ပိုကျယ်သွားသလိုခံစားရစေနိုင်ပါတယ်! ✨

Natty Creator ကနေ အခန်းကျဉ်းတွေကိုကျယ်ဝန်းသပ်ရပ်ပြီး ခေတ်မီသွားစေမယ့် လျှို့ဝှက်ချက် (၅) ချက်ကိုမျှဝေပေးလိုက်ပါတယ်။

၁။ သဘာဝအလင်းရောင်နှင့်မှန်ကိုအသုံးချပါ
အလင်းရောင်ကောင်းကောင်းဝင်တဲ့အခန်းဟာ အလိုလို
ပိုကျယ်နေ တတ်ပါတယ်။ပြတင်းပေါက်များကိုစနစ်တကျ နေရာချပြီး မှန်ပြတင်းများတပ်ဆင်ပေးခြင်း။
၂။ Bright & Neutral Color Palette များကိုရွေးချယ်ပါ
အရောင်တွေဟာ အခန်းရဲ့ ခံစားချက်ကိုလုံးဝပြောင်းလဲပစ်နိုင်ပါတယ်။ အဖြူ၊ Cream၊ Light Greyစတဲ့ Bright Tone အရောင်တွေက အလင်းကိုပြန်စေပြီး အခန်းကို
ကျယ်ဝန်းသွားစေပါတယ်။ နံရံ၊မျက်နှာကြက် Ceiling တွေ ကိုအရောင်တစ်ပြေးညီသုံး​ပေးတာက အခန်း အကန့်သတ်ကိုမမြင်သာအောင် ဖုံးကွယ်ပေးနိုင်ပါတယ်။
၃။ Multipurpose & Floating Furniture များ အသုံးပြုပါ
နေရာစား သက်သာစေဖို့ ပရိဘောဂ ရွေးချယ်မှုကလည်း အဓိကကျပါတယ်။ ကြမ်းပြင်မှာ ကပ်မနေဘဲနံရံမှာ တွဲရိုက်ထားတဲ့ Floating Shelves သို့မဟုတ် ခြေထောက်ရှည် စားပွဲ/ ကုလားထိုင်များကကြမ်းပြင်ဧရိယာကို မြင်သာစေပြီး Space ပိုကျယ်သလိုခံစားရစေပါတယ်။ အောက်မှာပစ္စည်းထည့်လို့ရတဲ့အိပ်ရာများ၊ ခေါက်လို့ရတဲ့စားပွဲများကဲ့သို့
Multipurpose Furniture များကိုအသုံးပြုပါ။
၄။ Vertical Space ကိုအပြည့်အဝ အသုံးချပါ
ဘေးဘက်ကို ကျဉ်းနေရင်အပေါ်ဘက်ကို ဦးတည်စဉ်းစားရပါမယ်။လိုက်ကာများကိုကြမ်းပြင်ကနေ မျက်နှာကြက်အထိရှည်ရှည်ဆွဲချထားရင် မျက်နှာကြက် ပိုမြင့်သွားသလိုထင်ရစေ ပါတယ်။ အပေါ်အထိရောက်တဲ့ ဘီဒိုများ၊ စာအုပ်စင်များ အသုံးပြုထားခြင်းကပစ္စည်းသိမ်းဆည်းရလွယ်ကူပြီး အခန်းကိုကြည့်ရတာ သပ်ရပ်စေပါတယ်။
၅။ ပစ္စည်းများ ရှုပ်ပွမနေပါစေနဲ့
အလှဆင်ပစ္စည်းတွေ များလွန်းနေရင် အခန်းကိုကျယ်ရင်
တောင်ကျဉ်းသွားသလိုခံစားရပါတယ်။မလိုအပ်တဲ့ နံရံအကန့်တွေကို လျှော့ချပြီးဧည့်ခန်း၊ ထမင်းစားခန်းကို တစ်ဆက်တည်းပြုလုပ်ထားခြင်း၊ အသုံးမလိုသေးတဲ့ ပစ္စည်းတွေကိုမျက်စိထဲမမြင်ရအောင်စနစ်တကျသိမ်းဆည်းနိုင်မယ့် HiddenStorage များကိုထည့်သွင်းထားခြင်းက အိမ်ကိုပိုမို
ကျယ်သလိုခံစားစေရမှာပါ။ အခန်းကျဉ်းလို့ စိတ်ညစ်နေ စရာမလိုပါဘူး။ စနစ်ကျတဲ့Architectural & Interior Design Planတစ်ခုရှိရုံနဲ့ နေအိမ်အတွင်း သက်တောင့်သက်သာရှိပြီး Luxury ဆန်တဲ့ Spaceတစ်ခုအဖြစ်ပြောင်းလဲနိုင်ပါတယ်။

𝐍𝐚𝐭𝐭𝐲 𝐂𝐫𝐞𝐚𝐭𝐨𝐫 မှ လူကြီးမင်းတို့အတွက် စိတ်တိုင်းကျပြီး ပြီးပြည့်စုံတဲ့Architectural Solutions များကိုဖြေရှင်းပေးနေပါတယ်။

လုပ်ငန်းများ အပ်နှံလိုပါက
📲 𝟎𝟗 𝟒𝟐𝟎𝟎 𝟒𝟏𝟒𝟏𝟗


04/08/2026

🏠 Render Vs Reality 🏠

​Natty Creator မှ သေချာတိကျလှတဲ့ 3D Render ဒီဇိုင်းတွေအတိုင်း လက်တွေ့မှာ exact 100% ရုပ်လုံးပေါ်လာတဲ့အထိ အကောင်အထည်ဖော် ပေးလိုက်ပါပြီ။

​ပုံကြမ်းနဲ့ လက်တွေ့မတူမှာကို စိုးရိမ်နေပါသလား?

ဒီဇိုင်းစတင်ရေးဆွဲကတည်းက Structure၊ နေရာလွတ် အသုံးပြုမှုနဲ့ အသေးစိတ် Detail များကို စနစ်တကျ ရေးဆွဲခဲ့တာကြောင့် Render ပုံအတိုင်း Reality မှာ ကျေနပ်အားရစရာ အကောင်းဆုံး မြင်တွေ့ရမှာပါ။

🖌 Natty Creator မှ ရုပ်ထွက်သေသပ်လှပပြီး စိတ်ကူးအတိုင်း ကွက်တိကျစေမယ့် 3D Render များ ရေးဆွဲပေးခြင်း
🖌 Construction & Ex*****on: Render အတိုင်း လက်တွေ့မြေပြင်မှာ ကွဲလွဲမှုမရှိ စံချိန်စံညွှန်းပြည့်မီစွာ ဆောက်လုပ်ပေးခြင်း
​🖌 ဆောက်လုပ်ရေးဆိုင်ရာ တရားဝင် ခွင့်ပြုချက်နှင့် စာရွက်စာတမ်းဆိုင်ရာ ဝန်ဆောင်မှုများကို တစ်နေရာတည်းမှာ အပြီးအစီး ဆောင်ရွက်ပေးခြင်း

​စိတ်ကူးထဲက အိမ်မက်ကို အပြင်မှာ အမိအရ ပုံဖော်ဖို့ Natty Creator ကို အခုပဲ ဆက်သွယ်လိုက်ပါ။ 🤝

☎ 09 42004 1419

Basic Important Point for Civil Site Engineers & Supervisors၁။ Parapet Wall (လက်ရန်းနံရံ):အမိုးပေါ်က လက်ရန်းနံရံကို ၃ ပေ...
31/07/2026

Basic Important Point for Civil Site Engineers & Supervisors

၁။ Parapet Wall (လက်ရန်းနံရံ):
အမိုးပေါ်က လက်ရန်းနံရံကို ၃ ပေ ၃ လက်မ အမြင့် ထားရပါမယ်။

၂။ DPC (Damp Proof Course):
အစိုပြန်မှုဒဏ်ခံနံရံအောက်ခြေ အလွှာကို ၁ လက်မ အထူ ထားရပါမယ်။

၃။ Height of Building (အဆောက်အအုံအမြင့်):
တစ်ထပ်ချင်းစီရဲ့ စံသတ်မှတ်ချက် အမြင့်က ၁၀ ပေ ၄ လက်မ ဖြစ်ပါတယ်။

၄။ Height of Window (ပြတင်းပေါက်):
ပြတင်းပေါက်ရဲ့ ထိပ်ဘောင်အမြင့်ကို ၆ ပေ ၁၀ လက်မ မှာ ထားရပါမယ်။

၅။ Cement Bag Volume (ဘိလပ်မြေ):
ဘိလပ်မြေတစ်အိတ်ရဲ့ ထုထည်ဟာ ၁.၂၂ ကုဗပေ (ft³) ရှိပါတယ်။

၆။ Weight of one Cement (အလေးချိန်):
ဘိလပ်မြေတစ်အိတ် 110 ပေါင်

၇။ Minimum Thickness of Slab (ကြမ်းခင်း):
ကွန်ကရစ်ခင်းတဲ့အခါ အနည်းဆုံး ၅ လက်မ အထူ ရှိရပါမယ်။

၈။ Number of cement bags in m³
ဘိလပ်မြေ 1m³ = 28.8 အိတ်

၉။ Lintel Thickness & Level:
Lintel ရဲ့ အထူဟာ အနည်းဆုံး ၆ လက်မ ရှိရပါမယ်။

၁၀။ Lintel Level:
Lintel ကို အုတ်နံရံရဲ့အမြင့် ၇ ပေ ၁၀ လက်မ မှာ တပ်ဆင်ရပါမယ်။

၁၁။ Steel/Bass Diameter (သံချောင်းဆိုဒ်များ):
Slab (ကြမ်းခင်း): အနည်းဆုံး (8 mm) သံချောင်း သုံးရပါမယ်။

၁၂။ Steel/Bass Diameter (သံချောင်းဆိုဒ်များ):
Column (တိုင်): အနည်းဆုံး (12 mm သို့မဟုတ် 1/2") သံချောင်း သုံးရပါမယ်။

၁၄။ Steel/Bass Diameter (သံချောင်းဆိုဒ်များ):
Dowel Bar (အဆက်နေရာ): အနည်းဆုံး (12 mm ) သံချောင်း သုံးရပါမယ်။

၁၃။ Steel/Bass Diameter (သံချောင်းဆိုဒ်များ):
Slab အများဆုံးသံဆိုဒ်: ကြမ်းခင်းအထူရဲ့ ၈ ပုံ ၁ ပုံ ထက် မပိုရပါဘူး။

၁၅။ Chair Spacing (သံဒေါက်အကွာအဝေး):
သံချောင်းတွေကို ထိန်းပေးတဲ့ Chair တွေကို တစ်ခုနဲ့တစ်ခု ၃ ပေ ၃ လက်မ ခွဲ ထက် မကျော်ဘဲ ခြားထားရပါမယ်။

ဝါဆိုလပြည့်နေ့ 🙏 ဒီလိုနေ့ထူးနေ့မြတ်လေးမှာ ကုသိုလ်ရှင် ကောင်းမှုရှင်များ သတင်းသီလဆောက်တည်ခြင်း၊ ဘာဝနာတရားများ အားထုတ်ခြင်...
29/07/2026

ဝါဆိုလပြည့်နေ့ 🙏

ဒီလိုနေ့ထူးနေ့မြတ်လေးမှာ ကုသိုလ်ရှင် ကောင်းမှုရှင်များ သတင်းသီလဆောက်တည်ခြင်း၊ ဘာဝနာတရားများ အားထုတ်ခြင်းတို့ ပြုလုပ်လေ့ရှိကြပါတယ်။ Natty Creator မိသားစုမှလည်း ကုသိုလ်ပြုခြင်း၊ မေတ္တာပေးဝေခြင်း အစရှိတဲ့ကုသိုလ်အစုစု​ကြောင့် ကမ္ဘာသားအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
#ဝါဆိုလပြည့်နေ့ #ဆုမွန်ကောင်း

ယနေ့ 19.July.2026 တွင် ကျရောက်သော အာဇာနည်နေ့အား " Natty Creator" မိသားစုမှ လေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုအပ်ပါသည်။ #အာဇာန...
18/07/2026

ယနေ့ 19.July.2026 တွင် ကျရောက်သော အာဇာနည်နေ့အား " Natty Creator" မိသားစုမှ လေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုအပ်ပါသည်။

#အာဇာနည်နေ့ #ဂုဏ်ပြုခြင်း

1-Design မလုပ်ခင် Client နဲ့ ဘယ်လို ဆွေးနွေးမလဲ?လူအများက ထင်ကြတာကDesign ဆိုတာ Sketch ဆွဲပြီး 3D လုပ်လိုက်ရုံပဲလို့ ထင်တတ...
10/07/2026

1-Design မလုပ်ခင် Client နဲ့ ဘယ်လို ဆွေးနွေးမလဲ?

လူအများက ထင်ကြတာက
Design ဆိုတာ Sketch ဆွဲပြီး 3D လုပ်လိုက်ရုံပဲလို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် ကျွန်တော်တို့အတွက်တော့
Design မစခင် “နားထောင်ခြင်း”နဲ့ ဆွေးနွေးခြင်း က အရေးကြီးဆုံးပါ။

Natty Creator မှာ Project တစ်ခုစမယ်ဆိုရင်
ပထမဆုံး မေးမြန်းတဲ့ အချက်တွေက —
• အိမ်ကို ဘယ်မြိုနယ်မှာ တည်ဆောက်မှာလဲ(Location)? • မြေကွက်ရဲ့ အကျယ်အဝန်း? • ဆောက်လုပ်လိုတဲ့ အထပ်အရေအတွက်? • Road Access & North Point (အရှေ့-နောက်-တောင်-မြောက်)
• Project အမျိုးအစား ကဘာလဲ Residential (အိမ်) Commercial Building (စီးပွားရေး အဆောက်အအုံ) Office (ရုံးခန်း) Mix-Use (အရောအသုံးပြု) • ဒီအိမ်ကို မိသားစုဘယ်နှစ်ယောက်နေမလဲ?
• Lifestyle ဘယ်လိုလဲ? • ကိုယ်ကြိုက်တဲ့ Design Style / Color Tone ဘာလဲ?
• Budget Range ဘယ်လောက်လျာထားလဲ?
• Future Plan (နောက်ထပ်တိုးချဲ့ဖို့ ရှိ/မရှိ လား?)

ကျွန်တော်တို့က Design ကို လှပအောင်ပဲ လုပ်တာ မဟုတ်ဘူး။
Client ရဲ့ ဘဝနေထိုင်မှုနဲ့ ကိုက်ညီအောင် လုပ်ပေးတာပါ။

တစ်ချို့ Client တွေက
“Designer ရဲ့ idea ပဲ ယူမယ်” လို့ပြောကြတယ်။

ဒါပေမယ့် ကျွန်တော်တို့ရဲ့ အလုပ်က
Idea ပေးတာတစ်ခုတည်း မဟုတ်ဘူး
Client ရဲ့ စိတ်ကူးကို နားထောင်ပြီး
Function + Aesthetic + Budget ကို Balance လုပ်ပေးတာပါ။
Client တောင်းဆိုမူတွေကို နားထောင်မှတ်သားပြီး Law & Regulation အညီ ပြန်လည်ဆွေးပေးရပါတယ်။
Design မလုပ်ခင် ဆွေးနွေးမှုက
Project တစ်ခုလုံးရဲ့ အောင်မြင်မှုရဲ့ အခြေခံအစ ပါ။

လုပ်ငန်း Process မှန်ရင်
ဆောက်လုပ်မှုလည်း အဆင်ပြေမယ်
Budget လည်း မလွန်မကျွံဖြစ်မယ်
Result လည်း စိတ်ကျေနပ်မှု ရမယ်။

Natty Creator မှာ
Design တစ်ခုစတင်မယ်ဆိုရင်
Drawing မစခင် လိုအပ်တဲ့ အချက်အလက်မေးမြန်းမူနဲ့ ဆွေးနွေးမှုက စတင်ပါတယ်။

လုပ်ငန်းများ လှည့်ကြည့်စရာမလိုအောင် ယုံကြည်စိတ်ချရမှုကို အလေးထားတဲ့ Natty Creator

09 42004 1419

📃 မြေဝယ်မယ်ဆိုရင် ဘယ်မြေအမျိုးအစားက အခိုင်မာဆုံးလဲ 📃မြေဝယ်မယ်ဆိုရင် သင့်အနေနဲ့ ကိုယ်ဝယ်မယ့်မြေကို သေချာဆန်းစစ်လေ့လာဖို့ ...
01/06/2026

📃 မြေဝယ်မယ်ဆိုရင် ဘယ်မြေအမျိုးအစားက အခိုင်မာဆုံးလဲ 📃

မြေဝယ်မယ်ဆိုရင် သင့်အနေနဲ့ ကိုယ်ဝယ်မယ့်မြေကို သေချာဆန်းစစ်လေ့လာဖို့ လိုပါတယ်။
၁။ ဘယ်လိုမြေအမျိုးအစားလဲ
၂။ ဘာတွေလုပ်လို့ရလဲ
၃။ အမည်ပေါက် ရ/မရ ဆိုတာတွေကို စုံစမ်းရွေးချယ်ဝယ်ယူသင့်ပါတယ်။
မြန်မာနိုင်ငံတွင်
- လယ်ယာမြေ
- ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )
- ပါမစ်မြေ
- ဂရန်မြေ
- ချထားမြေ ( ပါမစ်လျှောက်လို့ ရ )
- ကျူးကျော်မြေ
- သာသနာပိုင်မြေ
စသည်ဖြင့် ယေဘုယျ မြေ (၇)မျိုးရှိပါတယ်။ ထိုမြေများထဲမှ -
(၁) လယ်မြေ/ယာမြေ/ဥယျာဉ်ခြံမြေ
လယ်မြေ: အိမ်ဆောက်ဖို့ ပြောင်းလဲရတာ အင်မတန် ခက်ခဲပါတယ်။ ယာမြေ/ဥယျာဉ်ခြံမြေ: အိမ်ဆောက်ဖို့အတွက် "အခြားနည်းအသုံးချခွင့်" လျှောက်ရတာ လယ်မြေထက် ပိုလွယ်ကူပါတယ်။
(၂) ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )
(၃) ဂရန်မြေ / ချထားမြေ အစရှိသည်တို့မှာ တရားဝင်ချထားသော မြေအမျိုးအစားများထဲပါဝင်ပါတယ်။
လူကြီးမင်းတို့အနေနဲ့ မြေဝယ်မယ်ဆို ဖော်ပြပါမြေအမျိုးအစားများထဲမှ ဝယ်ယူခြင်းက လက်ရှိအချိန်ရော၊ နောင်အနာဂတ်အထိပါ အရှုပ်အရှင်းကင်းကင်းနဲ့ ဆောက်လုပ်နေထိုင်ခွင့်ရရှိနိုင်မှာပါ။ မြေဝယ်တာပဲဖြစ်ဖြစ် အိမ်ဒီဇိုင်းဆွဲတာပဲဖြစ်ဖြစ်၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်တာပဲဖြစ်ဖြစ် "ပုံစံ" စာရွက်စာတမ်းတွေရဲ့ သဘောသဘာဝကို သိထားမှ တိတိကျကျ အကြံပေးနိုင်မှာပါ။
၁။ ပုံစံ ၁၀၅ နှင့် ၁၀၆ (မြေပုံနှင့် မြေရာဇဝင်)
ဒီနှစ်ခုက အမြဲတမ်း တွဲနေတတ်ပါတယ်။ ဘယ်မြေအမျိုးအစားမှာမဆို (ဂရန်၊ ဘိုးဘွားပိုင်၊ လယ်ယာမြေ) ရှိရမယ့် အခြေခံစာရွက်စာတမ်းတွေပါ။
* ပုံစံ ၁၀၅ (မြေပုံ): မြေကွက်ရဲ့ တည်နေရာ၊ အနားသတ်နဲ့ အကျယ်အဝန်းကို ရေးဆွဲထားတဲ့ မြေပုံဖြစ်ပါတယ်။
* ပုံစံ ၁၀၆ (မြေရာဇဝင်): အဲဒီမြေကွက်ကို ဘယ်သူတွေက ပိုင်ခဲ့တယ်၊ လက်ရှိ ဘယ်သူ့အမည်ပေါက်လဲ၊ အရှုပ်အရှင်းရှိလား ဆိုတာကို မှတ်တမ်းတင်ထားတာပါ။
* အသုံးဝင်ပုံ: အရောင်းအဝယ်လုပ်ရင် ဒါမှမဟုတ် အိမ်ဆောက်ခွင့် တင်ရင် ဒါတွေက မရှိမဖြစ် လိုအပ်ပါတယ်။
၂။ ပုံစံ ၇ (လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်)
ဒါက "လယ်ယာမြေ" တွေအတွက် သီးသန့်ထုတ်ပေးတဲ့ လက်မှတ်ပါ။
* သဘောတရား: မြေကို ပိုင်ဆိုင်တာမဟုတ်ဘဲ "စိုက်ပျိုးလုပ်ပိုင်ခွင့်" ရထားတာပါ။
* အိမ်ဆောက်လိုရလား: ပုံစံ ၇ ရှိရုံနဲ့ အိမ်ဆောက်ခွင့် မရှိပါဘူး။ စိုက်ပျိုးရေးအတွက်ပဲ သုံးရပါမယ်။ အိမ်ဆောက်ချင်ရင် ပုံစံ ၁၅ ကို ဆက်လျှောက်ရပါတယ်။
၃။ ပုံစံ ၁၅ (အခြားနည်း အသုံးချခွင့်)
ဒါကတော့ ဆောက်လုပ်ရေးသမားတွေနဲ့ အိမ်ဒီဇိုင်နာတွေအတွက် အရေးကြီးဆုံး စာရွက်ပါ။
* သဘောတရား: လယ်ယာမြေ (ပုံစံ ၇) ကို စိုက်ပျိုးရေးမဟုတ်ဘဲ "လူနေအိမ်ခြေ" (သိုမဟုတ်) အခြားလုပ်ငန်းလုပ်ဖိုအတွက် အစိုးရက ခွင့်ပြုလိုက်တဲ့ စာရွက်ဖြစ်ပါတယ်။
* အသုံးဝင်ပုံ: ပုံစံ ၁၅ ကျလာပြီဆိုရင်တော့ အဲဒီမြေပေါ်မှာ တရားဝင် အိမ်ဆောက်ခွင့် ရှိသွားပါပြီ။ ဒါ့အပြင် အဲဒီမြေကို ဂရန် (Grant) လျှောက်ဖိုအတွက် အခြေခံအထောက်အထား ဖြစ်လာပါတယ်။
တခြားရော ဘာပုံစံတွေ ရှိသေးလဲ။
အိမ်ခြံမြေနယ်ပယ်မှာ ထပ်ပြီး တွေ့နိုင်တာတွေကတော့ -
* ပုံစံ ၁၀ (အိမ်ထောင်စုစာရင်း): မြေယာကိစ္စ မဟုတ်ပေမဲ့ ရွာမြေတွေ ဝယ်တဲ့အခါမှာ အဲဒီရွာမှာ တကယ်နေထိုင်ကြောင်း ပြဖို အသုံးဝင်ပါတယ်။
* ပုံစံ ၁၁ (မြေခွန်ပြေစာ): အစိုးရကို မြေခွန်ဆောင်ထားတဲ့ ပြေစာပါ။ ပိုင်ဆိုင်မှု အငြင်းပွားလာရင် အထောက်အထားတစ်ခုအနေနဲ့ သုံးနိုင်ပါတယ်။
* GP (General Power) / SP (Special Power): ဒါက မြေယာပုံစံ မဟုတ်ပေမဲ့ အရောင်းအဝယ်မှာ အသုံးများပါတယ်။ အမည်ပေါက်သူကိုယ်တိုင် မလာနိုင်ရင် သူကိုယ်စား ရောင်းပိုင်ခွင့်၊ လွှပြောင်းပိုင်ခွင့် ပေးထားတဲ့ ကိုယ်စားလှယ်လွှစာ ဖြစ်ပါတယ်။

👉 VPN အခက်အခဲရှိသူများအတွက် အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ ဗဟုသုတများအပြင် ကျွန်တော်တို့ 𝐍𝐚𝐭𝐭𝐲 𝐂𝐫𝐞𝐚𝐭𝐨𝐫 ရဲ့ Mile Stone လေးများကိုပါ တင်ဆက်ပေးထားသော “𝐍𝐚𝐭𝐭𝐲 𝐂𝐫𝐞𝐚𝐭𝐨𝐫 𝐘𝐨𝐮𝐭𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥” ကိုလည်း Subscribe လုပ်ထားပေးပါဦးခင်ဗျာ။
𝐍𝐚𝐭𝐭𝐲 𝐂𝐫𝐞𝐚𝐭𝐨𝐫 𝐘𝐨𝐮𝐭𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://www.youtube.com/
☎️ 𝟎𝟗 𝟒𝟐𝟎𝟎𝟒𝟏𝟒𝟏𝟗
𝐍𝐚𝐭𝐭𝐲 𝐂𝐫𝐞𝐚𝐭𝐨𝐫
#အိမ်ခြံမြေဗဟုသုတ #မြေကွက်ဝယ်ယူခြင်း #မြန်မာ့အိမ်ခြံမြေ 🏠✨

“BCC ဆိုတာ ဘာလဲ” ⁉️“တဲပေါ်မှသည် တိုက်ပေါ်ဆီသို့” ဆိုသည့်အတိုင်းတိုးတက်လာသော ခေတ်ရေစီးကြောင်းနဲ့အညီ အိမ်ခြံမြေနေရာအစားထို...
15/05/2026

“BCC ဆိုတာ ဘာလဲ” ⁉️

“တဲပေါ်မှသည် တိုက်ပေါ်ဆီသို့” ဆိုသည့်အတိုင်းတိုးတက်လာသော ခေတ်ရေစီးကြောင်းနဲ့အညီ အိမ်ခြံမြေနေရာအစားထိုး တိုက်ခန်းများ၊ ကွန်ဒိုများဖြင့် စီးပွားရေးနယ်ပယ်အရဖြစ်စေ၊ တချို့မှာ မိသားစုဆွေမျိုးများ စုစည်း၍ နေထိုင်မှုပြုကြရန်ဖြစ်စေ ဆောက်လုပ်လာကြတာကို တွေ့မြင်ရပါတယ်။ မြေလွတ်ဝယ်ယူမှုမှာ ဂရန်ကို ဦးစားပေး စစ်ဆေးကြသော်လည်း တိုက်ခန်းများ ရောင်းမှား/ ဝယ်မှားမဖြစ်စေဖို့ 𝐁𝐂𝐂 ( 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ) ဆိုတဲ့ လူနေထိုင်ခွင့်ပုံစံ စာရွက်ကို အဓိကထားစစ်ဆေးသင့်ပါတယ်။

📃𝐁𝐂𝐂 ဆိုတဲ့ အခေါ်အဝေါ်ကို လူတိုင်းက ကြားဖူးနားဝရှိကြပေမယ့် တကယ်ဘာလို့ ဒီစာရွက်က အရေးကြီးတာလဲ။

🔹ဘာကြောင့် 𝐁𝐂𝐂 လက်ဝယ်မရှိရင် ရောင်းချမှုကြန့်ကြာစေရတာလဲ။

အထပ်မြင့် ( သို့မဟုတ် ) အထပ်နိမ့် ဆောက်လုပ်မယ်ဆိုပါက သက်ဆိုင်ရာမြို့နယ် စည်ပင်တွင်အဆောက်အအုံ ဆောက်လုပ်ခွင့်တောင်းရပါတယ်။ ဆောက်လုပ်ခွင့် ခွင့်ပြုမိန့် ကျလာပြီဆိုသည်နှင့် ဆောက်လုပ်ပြီး၊ အဆောက်အအုံပြီးစီးကြောင်းကို ယခင်ဆောက်လုပ်ခွင့်ပြပြီး 𝐁𝐂𝐂 စတင်လျှောက်ခွင့်ရပါမယ်။ ဒါကတော့ အဆောက်အဦးတစ်လုံး ဆောက်လုပ်ပြီးစီးသွားတဲ့အခါ Yangon City Development Committee (YCDC) က စစ်ဆေးပြီး စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီတယ်ဆိုတာ အတည်ပြုပေးတဲ့ Certificate ပါ။

𝐁𝐂𝐂 ( 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ) ဆိုသည်မှာ အရပ်ခေါ် ( လူနေထိုင်ခွင့်ပုံစံ ) စာရွက်ဟု ဆိုသော်လည်း အမှန်တကယ်မှာ အဆောက်အအုံဆောက်လုပ်ပြီးစီးကြောင်း အသိအမှတ်ပြုစာရွက်ဖြစ်တာကြောင့် သေချာသိမ်းဆည်း၍ လက်ဆင့်ကမ်းသွားဖို့ လိုအပ်ပါတယ်။ တိုက်ခန်းဝယ်တာဖြစ်ဖြစ်၊ ပြန်လည်ရောင်းချတာပဲဖြစ်ပါစေ ဒီစာရွက်လေးက အလွန်ကို အရေးပါကြောင်း (အရေးကြီးကြောင်း) ကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

လူကြီးမင်းတို့အနေနဲ့ ဘာကြောင့် 𝐁𝐂𝐂 က ဒီလောက်ထိ အရေးပါလဲဆိုတာ သိလောက်ပြီထင်ပါတယ်။

🔹“အစိမ်းဘုတ်” မြန်မာ construction field မှာ “အစိမ်းဘုတ်” လို့ပြောတာက အများအားဖြင့် YCDC ကထုတ်ပေးတဲ့ Building Permit Signboard ကို ဆိုလိုတာပါ။ အဲဒီဘုတ်က ဆောက်လုပ်ခွင့် တရားဝင်ရထားပြီးဖြစ်ကြောင်း site မှာ ထောင်ထားရတဲ့ board ဖြစ်ပါတယ်။အများအားဖြင့် ဘုတ်အရောင်က အစိမ်းရောင် ဖြစ်လို့ လူတွေက “အစိမ်းဘုတ်” လို့ခေါ်ကြတာပါ။ အစိမ်းဘုတ်ရဲ့ အဓိပ္ပါယ် ဒီဘုတ်ရှိရင် YCDC approval ရပြီး တရားဝင် ဆောက်လုပ်နေတယ်ဆိုတာ ပြတာပါ။ မရှိဘဲဆောက်ရင် Illegal construction လို့ သတ်မှတ်နိုင်ပြီး Stop work / fine / demolition issue တွေ ဖြစ်နိုင်ပါတယ်။ “အစိမ်းဘုတ်ကျပြီ” ဆိုရင် Permit approval officially ရသွားပြီလို့ အဓိပ္ပါယ်သတ်မှတ်လို့ရပါတယ်။

🔹“ဒဏ်ကြေးတိုက်” ဆိုတာ Myanmar real estate / construction field မှာ သုံးတဲ့စကားဖြစ်ပြီး တရားဝင် permit အပြည့်မရှိဘဲ၊ ဒါမှမဟုတ် approved drawing မကိုက်ဘဲ ဆောက်ထားတဲ့အတွက် Yangon City Development Committee (YCDC) ကို ဒဏ်ကြေးဆောင်ပြီး နေထိုင်/အသုံးပြုနေတဲ့ building ကို ခေါ်တာများပါတယ်။Myanmar property market မှာ “BCC တင်နေတယ်”, “ဒဏ်ကြေးဆောင်ထားတယ်”, “အစိမ်းဘုတ်ရှိတယ်” ဆိုတဲ့စကားတွေကို သေချာခွဲနားလည်ထားရင် ဝယ်ယူတဲ့အခါ risk လျော့နိုင်ပါတယ်။

👉 အဆောက်အအုံဆိုင်ရာ ဗဟုသုတများ ဖတ်လိုပါက ကျွန်တော်တို့ Natty Creator Page လေးကို Like & Follow လုပ်ထားနိုင်ပါတယ်။

👉 VPN အခက်အခဲရှိသူများအတွက် အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ ဗဟုသုတများအပြင် ကျွန်တော်တို့ 𝐍𝐚𝐭𝐭𝐲 𝐂𝐫𝐞𝐚𝐭𝐨𝐫 ရဲ့ Mile Stone လေးများကိုပါ တင်ဆက်ပေးထားသော “𝐍𝐚𝐭𝐭𝐲 𝐂𝐫𝐞𝐚𝐭𝐨𝐫 𝐘𝐨𝐮𝐭𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥” ကိုလည်း Subscribe လုပ်ထားပေးပါဦးခင်ဗျာ။

𝐍𝐚𝐭𝐭𝐲 𝐂𝐫𝐞𝐚𝐭𝐨𝐫 𝐘𝐨𝐮𝐭𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://www.youtube.com/
☎️ 𝟎𝟗 𝟒𝟐𝟎𝟎𝟒𝟏𝟒𝟏𝟗
𝐍𝐚𝐭𝐭𝐲 𝐂𝐫𝐞𝐚𝐭𝐨𝐫

Address

2 Street
Yangon
11000

Alerts

Be the first to know and let us send you an email when Natty Creator posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share