30/06/2025
#ရွှေသင်တန်း
Price
#ရွှေစျေးနှုန်း
👉👉ရွှေဆိုင်ဖွင့်ချင်ပါသလား
👉👉စိန်ဆိုင်ဖွင့်ချင်ပါသလား
👉👉အပေါင်ဆိုင်ဖွင့်ချင်ပါသလား
👉👉နဝလီဝယ်ချင်ပါသလား
👉👉 on line ပေါ်မှာရောင်းချင်ပါသလား
ပညာက ငွေနဲ့တန်ဖိုးဖြတ်လို့ မရပါဘူး ဒီသင်တန်းမှာက စာသင်ပေးပြီး ပြီးရောသင်တန်းမဟုတ်ပါ
ကိုယ်ကိုယ်တိုင်ဘာမှမသိတဲ့လောကထဲကို စတင်ဝင်ရောက်ခဲ့စဥ်က မှားခဲ့တဲ့ အမှားမျိုးတွေကို နောက်လူတွေမမှားရအောင်အထိသင်ပေးပါတယ်
ရွှေနဲ့ပတ်သတ်သမျှ ပညာတွေအပြင် လက်တွေ့စျေးကွက်နယ်ပယ်ထဲက သဘောသဘာဝတွေကိုပါ သိသမျှသင်ကြားပေးပါတယ်
ဆိုင်ဖွင့်ဖို့စဥ်းစားဆုံးဖြတ်ပြီး စပြီဆိုကတည်းက စတင်ဝယ်ယူရတဲ့ပန်းထိမ်ပင်ရင်းမှာ အဝယ်မှားပြီဆိုရင် စခံရပါပြီ အဲဒီပစ္စည်းတွေပြန်သွင်းလို့ မကုန်မချင်း တောက်လျှောက်ခံရပါပြီ ဆိုင်စဖွင့်ဖွင့်ချင်း ဆိုင်တစ်ဆင်စာ ပစ္စည်းဆိုတာ အရွယ်စုံ အထည်စုံ မနည်းပါဘူး အရည်အသွေးကိစ္စထည့်မပြောသေးဘဲ ပန်းထိမ်အလျှော့တွက် ပိုယူတာများလို့ ခံရရင်တောင် ရှုံးမယ့်အရှုံးက ဒီသင်တန်းကြေးမကပါဘူး...
ပန်းထိမ်ဆရာထားပြီဆိုပါတော့ ကိုယ်ကယောင်ဝါးဝါး ပန်းထိမ်ဆရာ ပြောသမျှခေါင်းငြိမ့်နေရရင် ပြန်မထောက်ပြနိုင်ရင်လည်း ခံရတတ်ပါတယ် အဲ့ဒီအခါငွေကုန်ပြီးပညာမရ ယောင်လည်လည် ဖြစ်တတ်ပါတယ် ဒီသင်တန်းက မမှားခင် ပညာအရင်သင်ပေးတာပါခင်ဗျာ...သီးသန့်အေးအေးဆေးဆေးနဲ့ မတတ်မချင်း သင်ကြားပေးတဲ့အပြင် သင်တန်းဆရာဆိုတာထက်ပိုတဲ့ လုပ်ငန်းအကြံပေး မိတ်ဆွေကောင်းတစ်ဦးအဖြစ်ရပ်တည်ပေးနေပါတယ် ခင်ဗျာ....
တော်ဝင်ရွှေနန်း
ရွှေပညာသင်တန်း