Human Resource Management

Human Resource Management Only for Knowledge

30/05/2017

The HR Toolkit, An Indispensible Resource for Being a Credible activist.

HR များ အတွက် Tools, Guildline, Template and Sample များ ပါဝင်ပါသည်။

https://openload.co/f/C72Ulex8bko

Denise Romano The HR Toolkit_ An Indispensible Resource for Being a Credible Activist.pdf

09/05/2017

Good to Great by Jim Collins .pdf (20.7 MB)

https://openload.co/f/ttnDXKL_uKs/good_to_great_by_jim_collins.pdf

good to great by jim collins.pdf

08/05/2017

Handbook of Project Management, A Practical Guide to Effective Policies and Procedures.

https://openload.co/f/Ow4xD9FXZVs/Handbook_of_Project_Management_A_Practical_Guide_to_Effective_Policies_and_Procedures.pdf

Handbook of Project Management A Practical Guide to Effective Policies and Procedures.pdf

17/08/2016

How successful people think

People succeed by:

1.Seeing the wisdom of big-picture thinking
2.Unleashing the potential of focused thinking
3.Discovering the joy of creative thinking
4.Recognizing the importance of realistic thinking
5.Releasing the power of strategic thinking
6.Feeling the energy of possibility thinking
7.Embracing the lessons of reflective thinking
8.Questioning the acceptance of popular thinking
9.Encouraging the particiaption of shared thinking
10.Experiencing the satisfaction of unselfish thinking
11.Enjoying the returns associated with bottom-line thinking

Copy from John C.Maxwell

Visual Facilitation Training Invitation
26/07/2016

Visual Facilitation Training Invitation

29-31 August 2016

22/06/2016

16 Rich Habits

1.Live within your mean
2.Dont gamble
3.Read everyday(at least 30mins)
4.Less time surfing the internet
5.Control your emotions
6.Network and volunteer regularly
7.Go above and beyond at work or business
8.Set goals,not wishes
9.Avoid procrastination
10.Talk less and listen more
11.Avoid toxic people
12.Dont give up your goals
13.Set aside the self-limiting beliefs
14.Get a mentor
15.Eliminate "Bad Luck"
16.Know your main purpose daily
magazine

06/06/2016

Succession Planning အကြောင်းကျွန်မတို့သိပ်ပြောကြတယ်..

တခုလောက်မေးမယ်..
လက်ရှိ Role မှာရပ်နေသူအတွက် .. နောက် တစ်ဆင့် တက်ရမယ့် Career Level အဆင်သင့်ဖြစ်ပြီလား..

ဒါမှမဟုတ်..
သူ့ ကို .. မင်းနေရာအစားထိုးမဲ့သူငါတို့မှာ အဆင်သင့်ရှိပြီးသားလို့ ပြချင်တာလား..

တခါတလေ..
ကျွန်မတို့က လမ်းရိုးအတိုင်းဘောင်ထဲကနေကို သိပ်မထွက်ချင်ကြဘူး..

ကဲ.. Succession Planning လုပ်ပါပြီတဲ့ ..
အချိန်စေ့ရင်ပြန်ရမဲ့ International Assignment မျိုးကလွဲလို့ တခြား profile တွေ
အတွက်ပဲ စဉ်းစားပါအုန်း.. ရှေ့ကလူကလဲ ဒီကောင်တော့ ငါ့နေရာလုမဲ့လူလို့ မတွေးနိုင်ဘူးလို့
အာမခံနိုင်ပါသလား… နောက်လူကလဲ .. ဟာ .. ဒီလူ သွားပဲမသွားနိုင်တော့ဘူး
ငါ့ရဲ့ Career Development Path က ဘယ်တော့မှ opportunity ရမလဲလို့ တွေးရင်ကော..
သတိထားရမဲ့ နောက်တစ်ချက်က .. အမြင်မကြည်တဲ့အခါ..
နောက်လူပေးမဲ့အကြံကောင်းတွေကိုတောင် .. လက်ရှိလူက .. အမြင်စောင်းလာနိုင်ပြီး
လက်ရှိလူကရိုးရိုးသားသား .. ပူးပေါင်းဆောင်ရွက်ရင်လည်း .. အနဲနဲ့အများတော့ ဖုလာနိုင်ပါတယ်..

ကိုယ်က ရှင်းလင်းပြတ်သားတဲ့ .. Future Career Path ကိုမပြ နိုင်ပဲ ..
Succession Planning ဆွဲမဲ့အစား .. Retention Strategy ကောင်းကောင်းဘာလို့မဆွဲသလဲ..

ဝန်ထမ်းဆိုတာကတော့ ပိုသာတဲ့အခြေအနေဖြစ်ဖြစ်..
စိတ်ကုန်လာရင်ပဲဖြစ်ဖြစ် .. အကြောင်းအမျိုးမျိုးနဲ့ ထွက်မှာပဲ ..

ကိုယ့်မှာ တစ်ယောက်ချင်း တိုးတက်မှု အစီအစဉ်နဲ့ Career Projection ရှိရင် ကြောက်စရာမရှိသလို
Succession Planning ကြောင့် ဆေးအတွက်နဲ့ လေးရတာမျိုးလဲမဖြစ်နိုင်တော့ဘူးပေါ့
လမ်းရိုးလိုက်မနေဘဲ ..ဖြန့်ကျက်တွေး ဖို့ဘာလို့ မစဉ်းစားဘဲနေမလဲ..

Rose Htoon

အစည်းအဝေးများတွင် တွေ့ ရတတ်သည့် လူအမျိုးအစားများနှင့် ၄င်းတို့ ကိုထိန်းသိမ်းနည်းများ :-) (မူရင်း - ခေါင်းဆောင်မှု ပညာ - ...
06/06/2016

အစည်းအဝေးများတွင် တွေ့ ရတတ်သည့် လူအမျိုးအစားများနှင့် ၄င်းတို့ ကိုထိန်းသိမ်းနည်းများ :-)

(မူရင်း - ခေါင်းဆောင်မှု ပညာ - အမျိုးသားစာပေဆုရ )

20/05/2016

Induction Vs Orienation Program

Induction နှင့် Orientation ကွာခြားချက်

ပုံမှန်အားဖြင့် တူညီသည်ဟုထင်မိကြတတ်သည်။
Induction Program နဲ့  Orientation Program နှစ်ခုစလုံးက တူညီတာတစ်ခုက Company ကို အသစ်ဝင်လာတဲ့ ၀န်ထမ်းတွေကို အဆင်ပြေအောင်ထိန်းညှိပေးတဲ့ Program တွေဖြစ်ပါတယ်။

Induction နဲ့  Orientation တို့ ရဲ့ အဓိက ကွဲပြားခြားနားခြင်းများမှာ…

“Induction refers to a process of introducing the new comer to his company and work environment.”

“Orientation is the process of helping the newcomer to align with his new position, Responsibilities and work culture.”

What is Induction …?

Induction သည် လက်တင်စာလုံး Inducere မှ ဆင်းသက်လာပါသည်။ အဓိပ္ပါယ်က Introduce နှင့် တူပါသည်။ ဒါကြောင့် “Induction is a kind of an introduction”.

“Induction is the process of formally admitting someone to a post or an organization.”

Induction Program သည် အသစ်ဝင်ရောက်လာသော ၀န်ထမ်းများကို အဖွဲ့ အစည်း ၏ အကြောင်းအရာများကို စတင်မိတ်ဆက်ပေးသော Program ဖြစ်သည်။
အကြောင်းအရာများသည် - ကုမ္မဏီ၏ Mission, Vision, Objectives, ကုမ္မဏီ ၏ သမိုင်းကြောင်း, ကုမ္မဏီ ၏ ဖောက်သည်များ, ကုမ္မဏီ ၏ စည်းမျဉ်း စည်းကမ်းများ နှင့် အခြားအချက်များ ပါဝင်ပါသည်။
Induction Program က အချိန်ခနသာ ကုန်မည်ဖြစ်ပြီး PowerPoint Presentation နှင့် Video Session သာအသုံးများသည်။

What is Orientation …?

“Orientation is a process that aims at helping the new employee to adjust to his department, Position, Responsibilities and Work Culture”

Orientation Session သည် တစ်ရက်မှ ရက်အတော်ကြာ အဖွဲ့ အစည်းပေါ်မှုတည်၍ သင်တန်းရက်ကြာသည်၊
Orientation သင်တန်းထဲတွင်, ၀န်ထမ်းအသစ်များသည် - မိမိ ၏ လုပ်ငန်းတာဝန်များ¸မိမိ ၏ လုပ်ဖော်ကိုင်ဖက်များ, မိမိ၏ အထက်အရာရှိ နှင့် မိမိကို သင်ကြားပြသပေးမည့် လုပ်ဖော်ကိုင်ဖက်, အမျိုးမျိုးသော လုပ်ငန်းစဉ်များ , စသည်… တို့ ကိုသင်ယူရပါသည်၊ ထိုအခါတွင် ၀န်ထမ်းသည် မိမိလုပ်ရမည့် လုပ်ငန်း ၊ ပတ်ဝန်းကျင် ၊ ကိရိယာ တဆာပလာများ ၊ နှင့် အခြားသော လုပ်ငန်းများနှင့် ရင်းနှီးသွားပါသည်။

အခုလောက်ဆိုရင် Organization တွေမှာ ရှိတဲ့ Induction Program နဲ့  Orientation Program တို့ ကို နည်းနည်းတော့ သဲကွဲပီလို့ ထင်ပါတယ်။ ဒါပေမယ့် နှစ်ခုစလုံးတူညီတဲ့ အချက်က အသစ်ဝင်လာတဲ့ ၀န်ထမ်းများကို သူတို့ ၏ အလုပ် ပတ်ဝန်းကျင်အသစ်တွင် အဆင်ပြေစွာလုပ်ကိုင်နိုင်စေရန် ရည်ရွယ်ပါသည်။

အောက်တွင် Induction နှင့် Orientation ၏ အဓိပ္ပါယ်များကို ထပ်၍ဖော်ပြလိုက်ပါသည်။ လေ့လာကြည့်ပါ။ အကျိုး၇ှိမယ်လို့ ထင်မိပါသည်။

Meaning

Induction Refer to a process of introducing the newcomer to his company and work environment.

Orientation is the process of helping the newcomer to align with his new position, responsibilities and work culture.

Type of Information

Induction can contain information like company overview, organizational hierarchy, policies, etc. …

Orientation can provide information like the new employee’s assignments, team members, various procedures, and processes etc.

Duration

Induction has a short duration. It can be completed in a day.

Orientation has a longer duration. It can take 1 to several days depending on the organizational requirements.

အကယ်၍ အသေးစိတ်သိရှိ လိုပါက Email မှတဆင့် မေးမြန်းနိုင်ပါသည်။
Email : [email protected]

17/04/2016

Brand တခု ကို Customer တွေ ရဲ့ နှလုံးသားထဲ ၀င်ရောက်အောင် ဘယ်လိုလုပ်မလဲ။
==============================================
Brand ဆိုတာ Marketing နယ်ပယ်မှာ အခုနောက်ပိုင်း တော်တော်ကလေးနေရာယူ လာပါတယ်။ Brand ဆိုတာ အဘိဓါန် အရတော့ ကုန်အမှတ်တံဆိပ်ပါတဲ့ ။ Marketing ဆိုင်ရာဘာသာရပ်စာအုပ် တွေမှာတော့ Brand ဆိုတာ ပစ္စည်းတစ်ခု သို့ မဟုတ် အဖွဲ့ အစည်းတစ်ခုရဲ့  နာမည် ၊ အမှတ်အသား ၊ အရောင် စတာတွေထက် ပိုပါတယ်တဲ့ ။ ဒါဆိုရင် ဘာဖြစ်မလဲ ??? ။ ခုနက ပြောတဲ့ အမှတ်အသားတွေ ၊ နာမည်တွေ ဆိုတာကတော့ ဟုတ်ပါတယ်။ အဲ့ထက်ပိုနေတာက ဘာလဲ ဆိုရင် အဲ့ဒီအရာတွေ (နာမည် ၊ အမှတ်အသား ၊ အရောင် ) ကို သုံးစွဲသူအတွက် ဖြစ်ပေါ်စေသော ခံစားမှုတွေ ၊ ၀ံ့ကြွားမှုတွေ ၊ သိမ်ငယ်မှုတွေ ကို ဖြစ်ပေါ်စေသော ဒြပ်မဲ့ ရိုက်ခတ်တဲ့ တန်ဖိုး တွေဖြစ်ပါတယ်။

Brand ဆိုတာ ကုန်ပစ္စည်းတစ်ခု သို့ မဟုတ် အဖွဲ့ အစည်းတစ်ခုရဲ့  ဂုဏ်သိက္ခာဖြစ်ပါတယ် ။

ဥပမာ - Romanson နာရီဟာ ၀တ်ဆင်သူကို နာရီတစ်လုံး ထက် ပိုတာတွေပေးပါတယ်။ သင်လဲ ၀တ်ထားတဲ့ နေ့ မှာ ကြွားမိမယ်ထင်ပါတယ်။

Branding ........

Branding ဆိုတာ ကုန်ပစ္စည်းတစ်ခုကို အသုံးချမှုနဲ့အတူ သုံးစွဲသူရဲ့  နှလုံးသားထဲကို ၀င်ရောက်စေနိုင်ဖို့ ကြိုးပမ်းကြတဲ့ ပညာရပ်ဖြစ်ပါတယ်။ကျွန်မတို့ဘ၀မှာ သိမ်းထားဖြစ်တဲ့ ရေမွေးပုလင်းလေးတွေ၊အမြဲမှတ်မိနေတဲ့ ရုံးဝန်ထမ်း ယူနီဖောင်း လေးတွေ၊ပြီးတော့ မျက်လုံးထဲခဏခဏ ရောက်လာတဲ့ Visiting Card လေးတွေ ၊ ဆိုင်ရဲ့ အပြင်အဆင်လေး ကြိုက်လို့သွားစရာ ရှိရင် ဦးစားပေးသွားတဲ့ ဆိုင်လေးတွေ ဒါတွေက Branding ပညာရပ်နဲ့  ဆောင်ရွက်ထားတဲ့ အရာ တွေပါပဲ။

''Branding is one of marketing issue that creating business value also to differentiate from Competitors ) for both supplier and buyers, users ’’

Branding ဆိုတာ သုံးစွဲသူကိုရော ထုတ်လုပ်သူကိုပါ တန်ဖိုးတစ်ခုကို ဖန်တီးတဲ့ (ပြိုင်ဖက်တွေနဲ့ခြားနားစေဖို့) ဈေးကွက် ဆိုင်ရာ ပညာရပ် တစ်ခု ဖြစ်ပါတယ်။ အခြေခံအားဖြင့် အောက်ပါ အချက် ၂ ချက် ပါဝင်ပါတယ် -

အမြင်တန်ဖိုး (Brand Image Value )
ခံစားမှုတန်ဖိုး (Brand Equity Value )

အမြင်တန်ဖိုး Brand Image Value အတွက်တော့ သုံးစွဲသူအပါအ၀င် မိမိနဲ့ ပတ်သက်သူတွေအနေနဲ့Brand တစ်ခုအပေါ် မြင်နေတဲ့ အပိုင်းတွေကို သူတို့ မှန်းဆ နိုင်တာထက် ပိုအောင်ဖန်တီးခြင်းဖြစ်ပြီး ခံစားမှုတန်ဖိုး Brand Equity Value ဆိုတာ ကတော့ ထိတွေ့ မှု့အပေါ် Customer တွေ အတွက်ဂုဏ်ယူစရာ Brand တန်ဖိုး ကို ဖော်ဆောင်ရတာဖြစ်ပါတယ်။

ဒါကြောင့် Brand ရဲ့  ဂုဏ်ကို ဖော်ဆောင်မဲ့ အရောင်နဲ့  ဒီဇိုင်းတွေကို လုပ်ရမယ်။Logo ဆိုရင် ဆိုလိုရင်းကို ထိရောက်စွာ မြင်ရတဲ့သူ ရင်ထဲထိဝင်နိုင် အောင် လုပ်ရပါမယ် ။မိမိတို့ ခံစားစေလိုတဲ့ ခံစားချက်တွေရဖို့ ကို စိတ်ကူးဖော်ဆောင်မှုတွေပြုကြရပါတယ်။

Brand အနေအထား …………

ယနေ့အချိန်မှာ မြန်မာနိုင်ငံအနေအထားအရ ကုန်အမှတ်တံဆိပ် (brand) နဲ့ ပတ်သက်ရင် အလေးအနက် ထားလာရပါတော့မယ်။ကုန်အမှတ်တံဆိပ် Brand က မဖြစ်မနေ လိုအပ်လာ ပါပြီ။ နောက်ပြီး အာဆီယံနဲ့ စီးပွားရေး အသိုက်အဝန်း ထူထောင်ထားပြီး ပြည်ပနိုင်ငံများရဲ့ ရင်းနှီးမြုပ်နှံမှုများနဲ့ ကုန်စည်များ ကလည်း ဝင်ရောက်လာနေပြီဖြစ်လို့ ကုန် အမှတ် တံဆိပ် ဆိုတာ သိပ်ကို အရေးပါလာပါတယ်။

ဥပမာ - ကျွန်မတို့ နေ့စဉ်စားသောက်နေတဲ့ ဆန်နဲ့ဆီ နှစ်မျိုးကို ကြည့်ရင်တောင် ဆန်က (Brand) ဆိုတာ ရှိပါသေးတယ်။ ဒါတောင် ဈေးကောင်းတဲ့ ဆန်ဆို ရောနှောကြပါသေးတယ်။ ဆီမှာကတော့ အခုအထိ အရမ်းဆိုးပါသေးတယ်။ အညံ့ဆုံး စားအုန်းဆီတောင် ညံ့သထက် ညံ့တာနဲ့ ရောနှောတာ၊ တခြား ပဲဆီ၊ နှမ်းဆီနဲ့ ရောနှောတာ၊ မြောင်းဆီနဲ့ ရောရောင်းတာစတဲ့ စီးပွားရေးအကျင့်စာရိတ္တ မကောင်းသူများက လုပ်နေလို့ ဘယ်ဆီက ကောင်းတယ် ဆိုးတယ် ဆိုတာ မသိရအောင် စားသုံးသူများ ဒုက္ခရောက် ပူပန်နေရပါသေးတယ်။ အဲဒါတွေ အားလုံးက (Brand) ဆိုတဲ့ ကုန်အမှတ်တံဆိပ်နဲ့ မရောင်းနိုင်သေးလို့ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေပါပဲ။ ဒါပေမဲ့ ကျွန်မတို့အတွက် ကုန်အမှတ်တံဆိပ် Brand ဆိုတာ စိမ်းတဲ့အရာတော့ မဟုတ်ပါ။ ဘာလို့လဲဆိုတော့ Philip Kotler က '' Everything is a Brand '' လို့ ပြောခဲ့ပါတယ်။

ဥပမာ- Coca-Cola, Toyota, Honda, Samsung, Sony, KFC , Madonna and you လို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ် အပါအဝင်အရာရာတိုင်းဟာBrandတွေပါပဲ။

ကုန်အမှတ်တံဆိပ်နဲ့ပတ်သက်လို့ Russell Hanlin ဆိုတဲ့ Sunkist Growers ကုမ္ပဏီရဲ့ ဥက္ကဋ္ဌက လိမ္မော်သီးဆိုတာ လိမ္မော်သီးပဲ ဖြစ်ပါတယ်။ လိမ္မော်ရည်ဆိုတာ လိမ္မော်ရည်ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လိမ္မော်သီးပဲဖြစ်ပါတယ်။ Sunkist Growers ရဲ့ Sunkist ဆိုတာ နာမည်ပဲ ဖြစ်ပါတယ်။ ဝယ်ယူသူတွေရဲ့ ၈၀ ရာခိုင်နှုန်းက နာမည်ကို ယုံကြည်တာ နဲ့ သိရှိတာဖြစ်တယ်လို့ ဆိုပါတယ်။ အားလုံးက မနက်ဖြန်မှာ လောင်ကျွမ်း ပျက်စီးသွားနိုင်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့ တန်ဖိုးကိုတော့ ပျက်စီးအောင်လုပ်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ကုန်အမှတ်တံဆိပ်ကသာ အရာရာကို ပိုင်ဆိုင်ပါတယ်လို့ ဆိုထားတာ တွေ့ရပါတယ်။ Harley Davidson ဆိုတဲ့ မော်တော်ဆိုင်ကယ်ကို ပိုင်ဆိုင်သူဟာ တခြားတံဆိပ်ကို ပြောင်းသုံးတယ်ဆိုတာ မရှိပါဘူးတဲ့။ဒါတွေဟာ Brand Name အစွဲတွေပါပဲ။ စွဲလမ်းလောက်အောင်လဲ အဲဒီကုန်အမှတ်တံဆိပ် ထုတ်လုပ်သူများက သူတို့ရဲ့ အရည်အသွေး၊ ဈေးနှုန်း၊ အာမခံချက်၊ ကြော်ငြာ၊ ပြည်သူဆိုတဲ့ စားသုံးသူနဲ့ ဆက်ဆံရေးစတဲ့ အချက်များအားလုံးကို ကောင်းသထက် ကောင်းအောင် ထိန်းသိမ်းကြတာ တွေ့ရပါတယ်။ သူတို့ရဲ့ ထိတွေ့မရတဲ့ ပိုင်ဆိုင်မှု အရင်းအနှီးလို့ ခေါ်လို့ရတဲ့ ဒီကုန်အမှတ်တံဆိပ် Brand ကောင်းရေး ကို အရမ်း တန်ဖိုးထားပါတယ်။ ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူရာမှာ ရွေးချယ်ခြင်း ကို ကုန်အမှတ်တံဆိပ် Brand က အများကြီး အထောက်အကူ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။နောက်ပြီး ရွေးချယ်သူ Customer တွေအနေနဲ့ ကုန်အမှတ်တံဆိပ် ကိုသာ ကြည့်ပြီး ရွေးချယ်တတ်လာကြပါပြီ။

ဥပမာ - လှပတဲ့မိန်းမပျိုနှစ်ယောက်ကို ဘယ်သူလှသလဲလို့ မဲပေးရွေးချယ်ရာ မှာ မဲအရေအတွက်က ၅၀-၅၀ ရပါတယ်တဲ့။ ဒါပေမဲ့ လှပတဲ့ မိန်းကလေးတစ်ယောက်ကို Jennefer လို့ အမည်ပေးပြီး၊ နောက်တစ်ယောက်ကို Gertrude လို့ အမည် ပေးတဲ့အခါမှာ လှပတဲ့ မိန်းကလေးတွေပေးလေ့ရှိတဲ့ Jennefer လို့ အမည်ပေးထားတဲ့ မိန်းကလေးက ၈၀ ရာခိုင်နှုန်း မဲရတယ်လို့ သိရပါတယ်။ ဒါက Jennefer ဆိုတဲ့ နံမည်က လှပမှုကို ကိုယ်စားပြုတဲ့ နာမည် ကုန်အမှတ်တံဆိပ် လိုမျိုး ဖြစ်နေလို့ ဆိုတာ ထင်ရှားတဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။

ကုန်အမှတ်တံဆိပ် Brand တစ်ခု အနေနဲ့ မိမိရဲ့ ကုန်ပစ္စည်းက နာမည်ကြီးလာပြီဆိုရင် အမှတ်တံဆိပ်အတွက် တန်ဖိုး တစ်ခုအနေနဲ့ ဈေးနှုန်းတစ်ခုကို အဲဒီအမျိုးအစားတူ အခြားကုမ္ပဏီရဲ့ ပစ္စည်းတွေထက် ဈေးပိုမိုရပါတယ်။ အဲဒါက ကုန် အမှတ် တံဆိပ် ပေါ်မှာ ပိုရတဲ့တန်ဖိုး ဖြစ်ပါတယ်။ ဥပမာ- Mercede မာစီးဒီးကားက Lexus လဲဆပ်ဖ်ကားထက် ဈေးပို ပေး ရပါ တယ်။ ဒါပေမဲ့ မာစီးဒီးကားဆိုတာ ဂုဏ်သိက္ခာအတွက်ပါ တန်ဖိုးတစ်ခု ရှိတယ်ဆိုတဲ့ အနေနဲ့ ဈေးနှုန်းတစ်ခု ပို ပေး ရပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ ကုန် အမှတ်တံဆိပ် Brand ကြောင့် ဈေးပိုရရှိမှုဟာ များစွာ ကွာခြားမှုမရှိသလောက် ဖြစ်လာ ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီတိုင်းလိုလိုက မိမိတို့ ကုန်ပစ္စည်းတိုင်းရဲ့ အရည်အသွေးကို ကောင်းသထက်ကောင်းအောင် Valued-Added ထုတ်လုပ်လာကြလို့ အရည်အသွေးပိုင်းမှာ ကွာခြားမှု နည်းပါးလာသလို ဈေးကွာခြားမှုလည်း တစ်ခုနဲ့ တစ်ခုကြားမှာ နည်းပါးလာတယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ ကုန်စည်တိုင်းမှာ ပြိုင်ဆိုင်မှု ပြင်းထန်လာတယ်ဆိုတာ ပြသနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ကုန်အမှတ်တံဆိပ်ကို စားသုံးသူများ လက်ခံမှုရရှိသူတွေကလည်း ကောင်းသထက် ကောင်းအောင် လုပ်လာကြရပြီး၊ မိမိတို့ဈေးကွက် ခိုင်မာအောင် ပိုမိုလုပ်ကိုင်လာကြရပါတယ်။ ဈေးကွက်မရသေးတဲ့ သူများ ကလည်း Market Share ဈေးကွက်ဝေစုကို ပိုမိုရရှိအောင် ကြိုးပမ်းနေရပါတယ်။

Brand တစ်ခု ဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်ခြင်း ………..

Brand တစ်ခုကို တည်ဆောက်ဖို့ ကိုယ့်ဈေးကွက်က ဘာလဲဆိုတာ ကောင်းစွာ အကဲဖြတ် သုံးသပ်တတ်ဖို့ လိုအပ်ပါတယ်။ ပြည်တွင်း ဈေးကွက်၊ ပြည်ပဈေးကွက် သတ်မှတ်ပြီး နာမည် အခေါ်အဝေါ်ကလည်း လွယ်ကူ မှတ်မိတာမျိုး ဖြစ်ဖို့လိုပါတယ်။ နာမည် အခေါ်အဝေါ် ခက်ခဲ ပေမယ့် ဈေးကွက်ထိုးဖောက်မှုကောင်းပြီး ဈေးကွက်အတွင်းယှဉ်ပြိုင်မှုနည်းပါးသော ကုန်စည်မျိုး ဖြစ်ပါက အခေါ်ခက် နေပေ မယ့် လည်း ဈေးကွက် အနေအထား အောင်မြင် နေတာမျိုးလည်း ရှိပါတယ်။ Brand ဆိုတာက ကိုယ့် ပစ္စည်းရဲ့ အမည်၊ Figure အားလုံးကို ကိုယ်စား ပြုတာကြောင့် ကိုယ်ရွေးချယ်ထားတဲ့ နာမည်ကလည်း ကောင်းစွာ ရပ်တည် နိုင်ဖို့ လိုပါတယ်။ Brand နာမည်နဲ့ Product ရဲ့ အရည် အသွေး ကောင်းစွာ ညီညွတ်ဖို့လည်း လိုအပ်ပါတယ်။ Brand နာမည် စွဲအောင် Design အပိုင်းကလည်း အားဖြည့်ဖို့ လိုအပ် ပါတယ်။ စားသုံးသူတွေက Brand ရဲ့ နာမည်လေးကို ကြားလိုက်တာနဲ့ စားချင်သွားတာမျိုး၊ သောက်ချင်သွားတာမျိုး ဖြစ်ဖို့ လိုအပ် ပါတယ်။ နာမည်ရွေးချယ်၊ ဒီဇိုင်းပြင်ဆင်၊ ဈေးကွက်ကို Sampling နဲ့ တင်ဆက်၊ ပြီးရင် ဈေးကွက်ကို ထိုးဖောက်ဖို့ ဘယ်လို နည်းဗျူဟာ တွေ သုံးမယ်ဆိုတာ ကောင်းစွာ ပြင်ဆင်နိုင်ပြီဆိုရင် ဈေးကွက်ထဲမှာ Brand ကို ကောင်းစွာ တည်ဆောက်နိုင်ပြီ ဖြစ်ပါတယ်။ Brand Building လုပ်တဲ့အခါမှာ ကုန်ပစ္စည်းရဲ့ အရည်အသွေး၊ လူတွေပိုသိအောင် လုပ်ဆောင်ရမယ့် Marketing Mixတွေ၊ အထူးသဖြင့် Promotion Tools သုံးစွဲမှုတွေဟာ ကောင်းစွာ သပ်ရပ်နေဖို့လိုအပ်ပါတယ်။ ဈေးကွက်ထဲမှာ Brand ကိုကောင်းစွာ တည်ဆောက် ပြီး သွား ရင် စောင့်ထိန်းရမယ့် အချက်တွေလည်း ရှိပါသေးတယ်။ ကိုယ့်ရဲ့ Product ရဲ့ အရည်အသွေး၊ ၀န်ထမ်းပိုင်း၊ ကြော်ငြာပိုင်း စသည့် အချက် တွေကို စဉ်ဆက်မပြတ် ဂရုစိုက်နေဖို့လိုပါတယ်။ ကိုယ့် Brand နဲ့ပတ်သက်ပြီး ဈေးကွက်ထဲကို သွားနေချိန်တွင် Brand သိက္ခာ ကျမယ့် အပြုအမူ၊ အပြောအဆိုတွေ မလုပ်ရပါဘူး။ ကုန်စည်အရည်အသွေး၊ ထုတ်ပိုးမှုအပိုင်း စသည်ဖြင့် ကောင်းစွာရှိနေရပါမယ်။ ကိုယ့် Product အတွက် Promotion လုပ်တဲ့အခါ လက်ဆောင်ပေးရာတွင် ကိုယ့် Brand ကို မထိခိုက်စေတဲ့၊ စားသုံးသူတွေလည်း အသုံး တည့်ပြီး Brand ကို အထောက်အကူ ပြုတဲ့ ပစ္စည်းမျိုး ကို ရွေးချယ်ပြီး ပေးသင့်ပါတယ်။

Credit : Swe Zin Lei

Address

Hlaing
Yangon
11041

Alerts

Be the first to know and let us send you an email when Human Resource Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Human Resource Management:

Share