Thit Htet Sann Co.Ltd

Thit Htet Sann Co.Ltd Consultancy and Services
Waterproofing
Concrete Mix Design
Structural Strengthening
Concrete and Masonry Repair and Renovation Grouting and Fixing
Flooring

Service with True Heart!

THS’s Myanmar New Year 2026
11/04/2026

THS’s Myanmar New Year 2026

🧧Happy Chinese New Year 🧧 🪭Sending warm greetings for a prosperous year from Thit Htet Sann family . 🪭May the festive se...
19/02/2026

🧧Happy Chinese New Year 🧧
🪭Sending warm greetings for a prosperous year from Thit Htet Sann family .
🪭May the festive season bring countless blessings.
🪭Wishing you peace, joy, and fulfilment.
🏮🏮🏮🏮🏮

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နှစ်သစ်၊ လသစ်၊ ရက်သစ်မှစ၍ ကောင်းကျိုး အလိုဆန္ဒများ ပြည့်ဝပါစေ။သူတော်ကောင်းတရား ၅ ပါးကို ဖြည့်က...
02/01/2026

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁ရက်
နှစ်သစ်၊ လသစ်၊ ရက်သစ်မှစ၍ ကောင်းကျိုး အလိုဆန္ဒများ ပြည့်ဝပါစေ။

သူတော်ကောင်းတရား ၅ ပါးကို ဖြည့်ကျင့်ပါက အလိုဆန္ဒများ ပြည့်နိုင်ပါကြောင်း တရားနာ မှတ်သားဖူးပါတယ်။

ပို့သအပ်သော ဆုတောင်းမေတ္တာကို ရိုသေစွာ ခံယူအပ်ပါတယ်။

မိမိတို့ ကုမ္ပဏီအပေါ် ယုံကြည် အားကိုး၍ လုပ်ငန်းများအပ်နှံကြသော မိတ်ဟောင်း မိတ်သစ်
မိသားစုများ အားလုံး
ဘေးရန် ကင်းကြပါစေ။
စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ။
အနာရောဂါ ကင်းရှင်းကြပါစေ။
စီးပွား လာဘ်လာဘများ တိုးပွားကြပါစေ။
မှန်ကန်သော မဂ္ဂင် အသိတရားများ ရကြပါစေ။
ကျန်းမာ ချမ်းသာ ကိုယ်ခန္ဓာ ကောင်းစွာရွက်ဆောင်နိုင်ကြပါစေ
ကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ။

✨ Happy Deepavali 2025 ✨သစ်ထက်ဆန်း ကုမ္ပဏီ မိသားစုမှ ဒီဝါလီပွဲတော် (Deepavali) ၂၀၂၅ ကို ဂုဏ်ပြုသောအားဖြင့် ဤအခါသမယတွင်—🪔...
20/10/2025

✨ Happy Deepavali 2025 ✨

သစ်ထက်ဆန်း ကုမ္ပဏီ မိသားစုမှ
ဒီဝါလီပွဲတော် (Deepavali) ၂၀၂၅ ကို ဂုဏ်ပြုသောအားဖြင့်

ဤအခါသမယတွင်—

🪔 မီးအလင်းရောင်များကဲ့သို့
အောင်မြင်မှုများ၊
ကျန်းမာချမ်းသာမှုများ၊
စီးပွါးတိုးတက်မှု့ နှင့်
ချမ်းမြေ့အေးချမ်းမှုများ
ပိုင်ဆိုင်နိုင်ကြပါစေကြောင်း
မေတ္တာဖြင့် ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ရက်သက်တစ်ပတ်ရဲ့အစ 💜လတစ်လရဲ့ အစ 💜ဒီလိုနေ့မျိုးမှာ ….ကျွန်တော်တို့ သစ်ထက်ဆန်းကုမ္ပဏီကို အစပြုခဲ့တာ …. 💜💜💜💜💜💜💜💜💜ဒီနေ့ဆိုလျှ...
01/09/2025

ရက်သက်တစ်ပတ်ရဲ့အစ 💜
လတစ်လရဲ့ အစ 💜
ဒီလိုနေ့မျိုးမှာ ….
ကျွန်တော်တို့ သစ်ထက်ဆန်းကုမ္ပဏီကို အစပြုခဲ့တာ ….
💜💜💜💜💜💜💜💜💜
ဒီနေ့ဆိုလျှင် ၉နှစ်တိုင်ခဲ့ပါပြီ။

ဒီ ၉ နှစ်တာ ကာလအတွင်း
💜ယုံကြည်စွာ အလုပ်အပ်နှံခဲ့သော ထမင်းရှင်များအားလုံး …..
💜ကြိုးစားစွာ လက်တွဲခဲ့သော
လုပ်ဖော်ကိုင်ဖက်များအားလုံး…..
💜ချစ်ခင်စွာ အားပေးဝန်းရံခဲ့သော ဆွေမျိုးမိတ်ဆွေများအားလုံးကို …..

ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာရတင်ရှိကြောင်း ပြောပါရစေ ။
၉ နှစ်ပြည့်မှသည် ရှေ့ဆက်ပြီး
အများအကျိုးကူညီသယ်ပိုး ကြိုးစားသွားပါမည်။

💜သစ်ထက်ဆန်းကုမ္ပဏီနှင့် ပတ်သတ်
ဆက်စပ်သမျှအားလုံး
💜ဘေးရန်ကင်းကြပါစေ။
💜စိတ်ဆင်းရဲ ကိုယ်ဆင်းရဲကင်းကြပါစေ။
💜ကျန်းမာချမ်းသာကိုယ်ခန္ဓာ
ကောင်းစွာရွက်ဆောင်နိုင်ကြပါစေ။

1st September 2016 ~~~~~~~~~~
1st September 2025

💜မင်္ဂလာနှစ်သစ်ဖြစ်ပါစေ ။ 💜ဘေးဘယာတွေကင်းဝေးပါစေ။ 💜ချမ်းသာကိုယ်စိတ်မြဲပါစေ။
16/04/2025

💜မင်္ဂလာနှစ်သစ်ဖြစ်ပါစေ ။
💜ဘေးဘယာတွေကင်းဝေးပါစေ။
💜ချမ်းသာကိုယ်စိတ်မြဲပါစေ။

သို့ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့အတာကူးတဲ့ အခါသမယ မြန်မာ သက္ကရာဇ် ၁၃၈၆ခုနှစ်မှ ၁၃၈၇ခုနှစ် ကို ကူးပြောင်းမဲ့ သင်္ကြ...
12/04/2025

သို့
ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့

အတာကူးတဲ့ အခါသမယ မြန်မာ သက္ကရာဇ် ၁၃၈၆ခုနှစ်မှ ၁၃၈၇ခုနှစ် ကို ကူးပြောင်းမဲ့ သင်္ကြန်ကာလ ကို ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။
နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်ဖို့
သင်္ကြန်အကြို
သင်္ကြန်အကျ
သင်္ကြန်အကြတ်
သင်္ကြန်အတက်
နှစ်ဆန်းတစ်ရက် လို့ သတ်မှတ်ပြီး တစ်နှစ်ပြီး တစ်နှစ် ကူးပြောင်းလာခဲ့သည်မှာ မြန်မာ့သက္ကရာဇ် ၁ နှစ်မှ ၁၃၈၇ ထိ တိုင်အောင် သင်္ကြန် - ပြောင်းလဲခြင်း များစွာဖြင့် အမြဲတမ်း အသစ် အသစ် ပြောင်းလဲခဲ့ပြီး ဖြစ်ပါသည်။
လူတိုင်း လူတိုင်း ကောင်းသော ပြောင်းလဲခြင်းကိုသာ အလိုရှိကြသည်။
လာဘ် မရခြင်းမှသည် လာဘ် ရခြင်း သို့
အခြွေအရံ နည်းခြင်းမှသည် အခြွေအရံများခြင်း သို့
ကဲ့ရဲ့ခံရခြင်းမှသည် ချီးမွမ်းခံရခြင်း သို့
ဆင်းရဲခြင်းမှသည် ချမ်းသာခြင်းဆီ သို့
ကူးပြောင်းလိုသော စိတ် ဆန္ဒ အယူအဆပေါင်း များစွာဖြင့် ကောင်းသော အရာများ ဖြစ်လာစေရန် ရည်ရွယ်ကြလျက် မိမိတို့ သိ တတ် နားလည်ရာ ကောင်းမည်ထင်သည့်အရာများကို ပြုလုပ်ဆောင်ရွက် ပြောဆို ကြံစည်ကြရင်း ဆုတောင်းခြင်းပေါင်းစုံတို့ဖြင့် ပြောင်းလဲမှုများ အဆင့်ဆင့် ပြောင်းလဲခဲ့သည်မှာ ယခုဆိုလျှင်ဖြင့် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းမည့် အချိန်ကာလ ကို ရောက်ရှိလာခဲ့ပြန်လေသည်။

မိမိအနေဖြင့် မြတ်စွာဘုရား၏ သာသနာတော်ကြီးနှင့် တွေ့ဆုံခွင့်ရသော မဟာအခွင့်အရေး၌ သင်၊ သိ၊ မှတ်၊ ကျင့်၊ တတ်မြောက်ခွင့်ရသော အသိတရားတို့အား အခြေခံလျက် မိတ်ဆွေအပေါင်းအား ကောင်းမွန် မှန်ကန်သော ပြောင်းလဲခြင်းတို့၏ အကျိုးဖြစ်စေမည့် အကြောင်းအား ဖြစ်တည်စေခြင်းငှာ မိမိ၏ အသိ တစ်စိတ် တစ်ဒေသအား မျှဝေပေးလိုက်ပါသည်။

သင်္ကြန်အကြို - ပြောင်းလဲခြင်း အကြို
မည်သူမဆို မနက်ဖြန် မဆိုနှင့် နောက်လာမည့် တစ်နာရီကိုမျှပင် ကြိုတင်သိခြင်းငှာ စွမ်းနိုင်သူများ မဟုတ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ကြစမြဲ ဖြစ်လေ၏။
ကြိုတင်ပြင်ဆင်မှု၌ ကြိုတင်မသိနိုင်သော အရေးအကြီးဆုံး ဖြစ်သည့် လူတိုင်းနှင့်သက်ဆိုင်သည့် နောက်ဘဝတွင် ဘာဖြစ်မည်ဆိုသည်ကို ထား
ဘယ် အချိန် ကာလ
ဘယ် အသက်အရွယ်၌
ဘယ်လိုသော ရောဂါဖြင့် သေဆုံးပြီး
ဘယ်သို့သော သုဿန်တွင် မြှုပ်နံရမည်ကို မသိကြသဖြင့်
ပစ္စုပ္ပန်၌ ပျော်အောင်သာ နေကြရင်း
တစ် စက္ကန့်ပြီး တစ် စက္ကန့်
တစ်မိနစ်ပြီး တစ် မိနစ်
တစ်နာရီ ပြီး တစ်နာရီ
တစ်တရက်ပြီး တစ်ရက်
တစ်လပြီး တစ်လ
တစ်နှစ်ပြီး တစ်နှစ်
အမျိုးမျိုးသော အတိတ်၏ အတွေ့အကြုံများကို သင်ခန်းစာယူကြပြီး ကောင်းမည်ထင်သမျှကို ပြုလုပ်ကြရင်း ဖြတ်သန်းခဲ့ကြပေသည်။
ကြိုတင်ပြောင်းလဲသင့်သည့် အရာများသည်ကား
၁။ သူတစ်ပါး အသက်ကို သတ် မိနေပါက မသတ်ခြင်းဖြင့် လည်းကောင်း
၂။ သူတစ်ပါး ဥစ္စာကို ခိုးမိနေပါက မခိုးယူခြင်းဖြင့်လည်းကောင်း
၃။ သူတစ်ပါး သားမယားကို ပြစ်မှားမိနေပါက မပြစ်မှားခြင်းဖြင့် လည်းကောင်း
၄။ လိမ်ခြင်း၊ ဆဲခြင်း၊ ကုန်းတိုက်ခြင်းနှင့် အကျိုးမရှိသောစကားများကို ပြောဆိုနေခြင်းမှ မပြောဆိုခြင်းသို့ လည်းကောင်း
၅။ မူးယစ်ဆေးဝါးသုံးစွဲနေခြင်းတို့မှ မသုံးစွဲခြင်းဖြင့် လည်းကောင်း
၆။ မလှူတတ်ခြင်းမှ လှူတတ်ခြင်းသို့ လည်းကောင်း
၇။ မှန်ကန်သော အသိမရှိခြင်း မှ မှန်ကန်စွာ သိ ရှိခြင်းသို့ လည်းကောင်း
၈။ မှန်ကန်စွာ မတွေးတတ်ခြင်းမှ မှန်ကန်စွာဖြင့် တွေးတတ်ခြင်းသို့လည်းကောင်း
အစရှိသဖြင့် ကြိုတင် ပြောင်းလဲသင့်သည့် ကောင်းသော ပြောင်းလဲခြင်းများ ဖြစ်ကြောင်း ကြိုတင်သိရှိစေလိုပါသည်။

သင်္ကြန်အကျ - လက်တွေ့ပြောင်းလဲခြင်း

ဖော်ပြပါ ကြိုတင်ပြောင်းလဲရမည့်အရာများသည် ကိုယ်တိုင် ကိုယ်ကျ ပြုလုပ်ရမည်ဖြစ်ပြီး ကောင်းသောပြောင်းလဲခြင်း ဖြစ်ကို ဖြစ်ရမည်ဟု သန္နိဌာန်ချလျက်
ပြောင်းလဲ လိုသော ဆန္ဒ
ပြောင်းလဲ လိုသော စိတ်
ပြောင်းလဲနိုင်ရန် ဝီရိယ
ပြောင်းလဲမည့် ဝီမံသ တည်းဟူသော အဓိပတိဖြင့် ကြိုးစားသင့်ပါကြောင်း အကြံပြုလိုပါသည်။

သင်္ကြန် အကြတ် - ရင့်ကျက်သော ပြောင်းလဲခြင်း

ဘယ်သူမပြု မိမိမှု ဖြစ်ရာ

ကောင်းသော ပြောင်းလဲခြင်း ပြုလုပ်သူသည် ကောင်းကျိုးကို ခံစားရခြင်း

ကောင်းသော ပြောင်းလဲခြင်းကို မပြုလုပ်သူသည် ဆိုးသောအကျိုးကိုသာ ခံစားကြရမည်ကို မှန်ကန်သော အသိ သတိ ယုံကြည်မှုတို့ဖြင့် ရင့်ကျက်သော ပြောင်းလဲမှုတို့ကို မဆုတ်မနစ်ပြုလုပ်ရပေမည်။

သင်္ကြန်အတက် - တိုးတက်သော ပြောင်းလဲခြင်း

မြတ်စွာဘုရားအဆူဆူ ဟောကြားတော်မူခဲ့သော မကောင်းမှု ရှောင်
ကောင်းမှု ဆောင်
ဖြူအောင် စိတ်ကိုထား
နိုင်စေဖို့ ကြိုးစားပြောင်းလဲသူသည် တိုးတက် မှန်ကန်သော ပြောင်းလဲမှု အစစ်ဖြစ်သကဲ့သို့

မပြောင်းလဲသူသည်လည်း ဆုတ်ယုတ်သော ပြောင်းလဲမှု ဖြစ်ကြောင်း အသိဝင်သင့်ပေ၏။

နှစ်ဆန်းတစ်ရက်နေ့ - ကောင်းမွန်သော တောင်းဆုတို့ ပြည့်လိုသောနေ့

ဆုတောင်းတိုင်း ပြည့်ဝလိုလျှင်
သဒ္ဓါ - ကံ ကံ၏အကျိုးနှင့် သံသရာကို ယုံကြည်ခြင်း
သီလ - စောင့်ထိန်းရမည့် ကိုယ်ကျင့်တရားတို့ စင်ကြယ်စေခြင်းငှာ
မကောင်းမှုများအား ကိုယ်တိုင်၊တိုက်တွန်း၊ ချီးမွမ်း၊ စိတ် တူ ဖြင့် ရှောင်ကြဥ်ကြလျက်

သုတ - လောကုတ္တရာကိုးပါးကို ပေးစွမ်းနိုင်သော ပရိယတ်စာပေများကို အကြားအမြင်ရှိစေရန် သင်ယူဆည်းပူးခြင်းဖြင့်

စာဂ - စွန့်လွတ်လှူဒါန်းမှုတို့အား အလှူခံပုဂ္ဂိုလ် ကျန်းမာ ချမ်းသာ ဝမ်းသာစေလိုသည့် စိတ် စေတနာ အဓိပတိတို့ဖြင့် ပေးကမ်းကာ

ပညာ - ကောင်းမကောင်း၊ သင့် မသင့်၊ မှန် မမှန်အား ဝေဖန်ပိုင်းခြား ဆင်ခြင်ဆုံးဖြတ်တတ်သည့် ဥာဏ်ပညာတို့ကို ရရှိစေခြင်း စသည့်
သူတော်ကောင်းတရားတို့အား ကျင့်သုံးနေထိုင်ခြင်းဖြင့်

မဟုတ်တာ ပြုလုပ်ရမည်ကို ရှက်တတ်လာခြင်း
မဟုတ်တာ ပြုလုပ်ခြင်းကြောင့် အပါယ်ဘဝ ရောက်ကြရမည်ကို ကြောက် တတ်လာခြင်းနှင့်အတူ
မိတ်ဆွေတို့၏ လောဘ၊ ဒေါသ၊ မောဟ ကင်းသော တောင်းဆုများတို့သည် ပြည့်ဝလာနိုင်မည်ဖြစ်ပါကြောင်းကို ပြောင်းလဲခြင်း (၁၃၈၆-၁၃၈၇) သင်္ကြန် အမှတ်တရအဖြစ်ဖြင့် မျှဝေ လိုက်ရပေသည်။

မြန်မာနိုင်ငံသူ/ သား အားလုံး
ကမ္ဘာသူ/ သား အားလုံး
အနန္တ စကြဝဠာရှိ သတ္တဝါအားလုံး
မိမိနှင့်တကွ (၃၁)ဘုံသား အားလုံး
ဘေးရန် ကင်းကြပါစေ။
စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ။
မှန်ကန်သော မဂ္ဂင် အသိတရားများ ရကြပါစေ။
ကျန်းမာ ချမ်းသာ ကိုယ်ခန္ဓာ ကောင်းစွာရွက်ဆောင်နိုင်ကြပါစေ။

သတ္တဝါမှန်သ၍ တရားတွေ့ ချမ်းမြေ့သာယာရှိကြပါစေ။

💔၂၈-၃-၂၀၂၅ သောကြာနေ့တွင် ဖြစ်ပွါးခဲ့သော ငလျင်ကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှု့များအတွက် မိမိတို့ သစ်ထက်ဆန်းကုမ္ပဏီမိသ...
30/03/2025

💔၂၈-၃-၂၀၂၅ သောကြာနေ့တွင် ဖြစ်ပွါးခဲ့သော ငလျင်ကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှု့များအတွက်
မိမိတို့ သစ်ထက်ဆန်းကုမ္ပဏီမိသားစုအနေဖြင့် အလွန်ပင် စိတ်မကောင်းဖြစ်ရပါသည်။

💜သို့ပါ၍ မိမိတို့ တတ်ကျွမ်းသည့်ပညာအားဖြင့် မေတ္တာရှေ့ထားကူညီပေးပါမည်။

❤️ထို့ကြောင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အဦများ၏ ပြန်လည်ပြုပြင်ရေးနှင့် ဆက်လက်နေထိုင်ရန် သင့်မသင့်သိစေရန်အတွက် လူကြီးမင်းတို့၏ပျက်စီး ယိုယွင်း သွားသော နေရာမှ အက်ကြောင်းများ၊ ပြိုကျပျက်စီးခြင်းများကို ဓာတ်ပုံ သို့ Video ဖြင့် သေချာစွာ ရိုက်ကူး၍ သစ်ထက်ဆန်း ကုမ္ပဏီ page massager သို့ Viber , telegram သို့ ပေးပို့ ၍ အခမဲ့ အကြံဥာဏ်ရယူနိုင်ပါသည်။

🙏🏻မြန်မာနိုင်ငံသူ/ နိုင်ငံသား အားလုံး
ဘေးရန်ကင်းကြပါစေ။
🙏🏻စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ကင်းကြပါစေ။
🙏🏻မှန်ကန်သော မဂ္ဂင် အသိတရားများ ရကြပါစေ။
🙏🏻ကျန်းမာ ချမ်းသာ ကိုယ်ခန္ဓာ ကောင်းစွာ ရွက်ဆောင်နိုင်ကြပါစေ။
🙏🏻သတ္တဝါ မှန်သ၍ တရားတွေ့ ချမ်းမြေ့သာယာ ရှိကြပါစေ။

Thit Htet Sann Co, Ltd
Viber / telegram - 09259010931




23/03/2025
23/03/2025

ဘယ်မှာပဲ အလုပ်လုပ်လုပ် ဒီအချက် ၆ ချက်ကို မှတ်ထားပါ။

(၁) အလုပ်မှာ လူပို အလိုမရှိဘူး၊၊ အဖွဲ့၊အသင်းမှာ လူပျင်း မထားဘူး။

(၂) အလုပ်စ ဝင်တဲ့အခါ လခ တိုးအောင် အရင်မစဉ်းစားနဲ့ ။ ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် အရင်လုပ်ပါ။

(၃) ဘယ်လို အလုပ်မျိုးပဲလုပ်လုပ် ရာနှုန်းပြည့် အဆင်မပြေနိုင်ဘူး။အနိုင်ကျင့်ခံရ မှာသေချာတယ်။

(၄) လွယ်လွယ်နဲ့ ပိုက်ဆံ ရတဲ့ အလုပ်၊ ဘယ်မှာမှ မရှိဆိုတာ စိတ်ထဲမှာ မှတ်ထားပါ။

(၅) #ပိုက်ဆံမစုမိတဲ့ အလုပ်ဆိုရင် ပညာစုပါ၊၊ #ပညာမရတဲ့ အလုပ်မှာ အတွေ့အကြုံ စုပါ၊၊ #အတွေ့အကြုံ မရတဲ့ အလုပ်မှာ လူခင်အောင်ပေါင်းပါ။

(၆) ကိုယ့်ရဲ့ စိတ်နေ စိတ်ဓါတ် ကိုပြောင်းမှ၊ ကိုယ့်ရဲ့ အမြင်ကိုပြောင်းနိုင်မယ်။ ကိုယ့်ရဲ့ အလုပ်လုပ်တဲ့ တာဝန်ယူစိတ်ဓါတ်ကိုပြောင်းမှ၊ လေးလံ တဲ့ဝန်ကို ထမ်းနိုင်မယ်။



Thit Htet Sann Co.,Ltd

အမှတ် ၁၁၀၁ ၊ ကန်သာယာ ၂ လမ်း ၊
၃၅ စံပြရပ်ကွက်
မြောက်ဒဂုံမြို့နယ်
09-259010931

Address

Knatharyar 2nd Street
Yangon

Telephone

09259010931

Website

Alerts

Be the first to know and let us send you an email when Thit Htet Sann Co.Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thit Htet Sann Co.Ltd:

Share