DocDesk Online Copier Shop

DocDesk Online Copier Shop Online Typing & Printing Service

18/08/2026

ဖတ်လို့ကောင်းပြန်မျှဝေပေးလိုက်ပါတယ်
အငြိမ်းစားယူပြီးတဲ့နောက်
အဖေဟာ ဗုဒ္ဓဟူးနေ့တိုင်း အိမ်ထောင်သည် မိန်းမတစ်ယောက်ကို သွားပိုးပန်းနေတော့တယ်။

🔹

“မင်းအဖေ အခုတစ်လော မိန်းမအသစ်တစ်ယောက် ရှိနေပြီနော်။”

အိမ်နီးချင်းအဒေါ်ကြီးက ကျွန်တော့်ကို လမ်းကြားထဲ ဆွဲခေါ်ပြီး အသံတိုးတိုးနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်တစ်ခု ပြောသလို ပြောတယ်။

“ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းဆို သူက အဲဒီရှပ်အင်္ကျီပြာ ဝတ်ပြီး ထွက်သွားတယ်။ ရေမွှေးတောင် ဆွတ်ထားသေးတယ်။”

“အဖေက ဘုရားကျောင်းသွားတာ နေမှာပါ" လို့ ကျွန်တော်ပြောတော့ အဒေါ်ကြီးက “ဘယ်ဘုရားကျောင်းက နှင်းဆီပန်းတွေ ယူဖို့ လိုလို့လဲ” လို့ ပြန်ပြောတယ်။

ကျွန်တော် တိတ်နေလိုက်တယ်။ အဖေက ဘာသာတရားကို ခိုင်ခိုင်မာမာ ယုံကြည်သူတစ်ယောက်ဖြစ်ပြီး ပုံမှန်အားဖြင့် သူ့ရဲ့ အပျော်ဆုံးအချိန်က ဧည့်ခန်းမှာထိုင်ပြီး သတင်းကြေညာသူတွေရဲ့ လည်စည်းကို ဝေဖန်တာပဲဖြစ်တယ်။

ရှပ်အင်္ကျီပြာကို အဖေ သေသေချာချာ ဝတ်ခဲ့တဲ့ နောက်ဆုံးအကြိမ်က အမေ့ကို သက်ကြီးစောင့်ရှောက်ရေးဂေဟာ သွားပို့တဲ့ နေ့ကဖြစ်တယ်။

🔹

အသက် ၆၅ နှစ်ကျော်လာတဲ့နောက်ပိုင်း အမေဟာ ပစ္စည်းတွေကို နေရာမှားထားတတ်လာတယ်။ တီဗွီရီမုကို ရေခဲသေတ္တာထဲ ထည့်ထားတတ်တယ်။ ပဲငံပြာရည်ဘူးကို ဖိနပ်စင်ပေါ် တင်ထားတတ်တယ်။

တစ်ခါက အဖေရေချိုးနေတုန်း အမေဟာ လုံခြုံရေးရုံး ပြေးပြီး ... အိမ်ထဲ အဝတ်မပါတဲ့ အဘိုးကြီးတစ်ယောက် ဝင်လာတယ်ဆိုပြီး ရဲကို ဖုန်းဆက်ဖို့ တိုင်တယ်။

လုံခြုံရေးဝန်ထမ်းက အမေ့ကို အိမ်ပြန်ပို့တော့ အဖေက တံခါးဝမှာ ရေချိုးပုဝါတစ်ထည်နဲ့ ရပ်နေတယ်။

အမေက အဖေ့ကို လက်ညှိုးထိုးပြီး .."ဒီလူပဲ... ဒီလူ လူကောင်းမဟုတ်ဘူး” လို့ အော်တယ်။

အမေ့ရဲ့ မှတ်ဉာဏ်တွေ တဖြည်းဖြည်း ယုတ်လျော့သွားလိမ့်မယ်လို့ ဆရာဝန်က ပြောတယ်။

အရင်ဆုံး မနေ့က ဘာစားခဲ့လဲဆိုတာ မေ့မယ်။ နောက်တော့ အိမ်ပြန်လမ်းကို မေ့မယ်။ နောက်ဆုံး ကိုယ့်ဘေးနားက လူတွေကိုတောင် မမှတ်မိဘဲရှိမယ်။

အဖေက အမေ့ကို နှစ်နှစ်ကြာ ပြုစုစောင့်ရှောက်ခဲ့တယ်။ တစ်နေ့ မနက်စောစောမှာ အမေက တံမြက်စည်းကိုင်ပြီး အဖေ့ကို အိမ်ထဲကနေ မောင်းထုတ်တယ်။

“ကျွန်မမှာ ယောက်ျားရှိတယ်။ ရှင် ထွက်မသွားရင် ယောက်ျားကိုခေါ်ပြီး ရှင့်ကို ရိုက်ခိုင်းမယ်”

အဖေက အမေ အိပ်ပျော်သွားတဲ့အထိ လှေကားထစ်မှာ ထိုင်စောင့်ပြီးမှ အိမ်ထဲ ပြန်ဝင်တယ်။

တစ်ပတ်ကြာတော့ အမေ့ကို စောင့်ရှောက်ရေးဂေဟာ ပို့ဖို အဖေစီစဉ်လိုက်တယ်။

🔹

အိမ်နီးချင်းအဒေါ်ကြီးရဲ့ စကားကို ကြားတဲ့နောက် အဖေ့နောက် လိုက်ကြည့်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။

ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာရီ..
အဖေ မုတ်ဆိတ်ရိတ်တယ်။
ရှပ်အင်္ကျီပြာ လဲတယ်။
ပြီးတော့ မှန်ရှေ့မှာ ဆံပင်တွေကို ခုနစ်မိနစ်လောက် သေချာဖြီးတယ်။ အိမ်ကထွက်ခါနီး နှင်းဆီတစ်ပွင့် တကယ် ဝင်ဝယ်တယ်။

ကားက အမေရှိတဲ့ စောင့်ရှောက်ရေးဂေဟာရှေ့မှာ ရပ်သွားတယ်။ မှန်ထဲကနေ ကျွန်တော် လှမ်းကြည့်တဲ့အချိန် အဖေက အမေ့ရှေ့မှာ ခါးနည်းနည်းညွှတ်ပြီး.... "မရေ.. ဒီနေ့ ကျွန်တော်နဲ့ ကော်ဖီတစ်ခွက် အတူသောက်ဖို့ အဆင်ပြေလားခင်ဗျာ" လို့ ပြောတယ်။

အမေက အဖေ့ကို အပေါ်အောက် အကဲခတ်ကြည့်ပြီး "ရှင် ဘယ်သူလဲ" မေးတယ်။

"မရဲ့ အိမ်နီးနားမှာနေတဲ့သူပါ။”

“အိမ်ထောင်ရှိလား”

အဖေက လည်ချောင်းရှင်းပြီး
“မိန်းမတစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ သူက အခုတစ်လော ကျွန်တော့်ကို သိပ်မမှတ်မိဘူး။”

အမေက မျက်မှောင်ကြုတ်ပြီး “ဒါဆို ရှင်က ဘာလို့ ကျွန်မကို လိုက်ကြိုက်နေတာလဲ.. ရှင့်အကျင့် မကောင်းဘူးနော်။”

သူနာပြုဆရာမက တစ်ဖက်လှည့်ပြီး နေတယ်။ သူ့ပခုံးတွေက ရယ်ချင်လွန်းလို့ တုန်နေတယ်။

အဖေက နှင်းဆီပန်းကို ကမ်းပေးပြီး “ကော်ဖီတစ်ခွက်ပဲ သောက်မှာပါ။”

အမေ မယူဘူး။

“အရင်ပြောထားမယ်နော်။ ကိုယ်သောက်တာ ကိုယ်ရှင်းမယ်။”

🔹

အဖေက အပတ်တိုင်း လာတယ်လို့ သူနာပြုဆရာမက ကျွန်တော့်ကို ပြောပြတယ်။ ပြီးခဲ့တဲ့အပတ်က အဖေ့ကို တွေ့ခဲ့လည်း အမေက မမှတ်မိဘူး။ ဒါကြောင့် အဖေက လာတိုင်း အစကနေ ပြန်မိတ်ဆက်ရတယ်။

တစ်ခါတလေ ကော်ဖီသောက်ဖို့ အမေလိုက်တယ်။ တစ်ခါတလေ ငါးမိနစ်တောင် မထိုင်လိုက်ရဘဲ အမေက မောင်းထုတ်တယ်။

အဆိုးဆုံးတစ်ခေါက်က ဘေးခုတင်က ဦးလေးကြီးတစ်ယောက်က လက်ဖက်ကြက်ဥပြုတ်နှစ်လုံး လာပေးတော့ အမေက လက်ခံရုံမက “သိပ်ဂရုစိုက်တတ်တာပဲ” လို့တောင် ချီးကျူးလိုက်တယ်။

အိမ်ပြန်ရောက်တော့ အဖေဟာ တစ်ညလုံး ဧည့်ခန်းမှာ ကြက်ဥအခွံခွာနည်း လေ့ကျင့်နေတယ်။

“ဒီလောက်များတဲ့ ကြက်ဥတွေ အဖေ တကယ်စားနိုင်လို့လား” လို့ ကျွန်တော်မေးတော့

“ရန်သူ့အခြေအနေကို လေ့လာနေတာ။” လို့ အဖေဖြေတယ်။

🔹

အဖေနဲ့ ကျွန်တော်တစ်ခေါက် လိုက်သွားပါတယ်။

အဲဒီနေ့က အမေ့စိတ်အခြေအနေကောင်းပြီး ကျွန်တော်တို့နဲ့ ပန်းခြံမှာ ထိုင်ဖို့ သဘောတူတယ်။

အမေက အဖေ့ကို “ရှင်က ဘာလို့ အပတ်တိုင်း လာနေတာလဲ” မေးတယ်။

“မကို ကြိုက်လို့လေ။” လို့ အဖေဖြေတယ်။

“ကျွန်မမှာ ယောက်ျားရှိတယ်နော်။”

“သိပါတယ်။”

“ကျွန်မယောက်ျားက သိပ်ချောတယ်။ ရှင်လို ဆံပင်တောင် တစ်ဆုပ်လောက်ပဲ ကျန်တဲ့သူ မဟုတ်ဘူး။”

အဖေက ခေါင်းပေါ် လက်နဲ့ စမ်းပြီး..
“ဒါဆို သူ အခု ဘယ်ရောက်နေလဲဆိုတာ မှတ်မိလား”

အမေ အတော်ကြာ စဉ်းစားတယ်။

“မသိဘူး…”

အမေက ခေါင်းငုံ့ပြီး စက္ကူခွက်ရဲ့ အနားကို ဖြည်းဖြည်းချင်း ဆွဲဖြဲနေတယ်။ အသံကလည်း တိုးသွားတယ်။

“သူလည်း ကျွန်မကို မလိုချင်တော့လို့ ဖြစ်မယ်…”

အဖေက ထိုင်ခုံကို အမေ့ဘက် နည်းနည်းရွှေ့ပြီး “မကို သူ မလိုချင်တော့တာ မဟုတ်ပါဘူး။”

“ရှင်က ဘယ်လိုသိတာလဲ”

“မက လိုက်ရခက်တဲ့ မိန်းမလေ။ ရပြီးသွားရင် သူက ဘယ် လက်လွှတ်ရက်မှာလဲ။”

အမေက အဖေ့ကို မော့ကြည့်တယ်။
အိုမင်းလာတဲ့ အဲဒီမျက်နှာပေါ်မှာ တစ်စုံတစ်ခုကို ရှာဖွေနေသလိုပဲ။

စက္ကန့်အနည်းငယ်ကြာတော့ အမေက စားပွဲပေါ်က ကိတ်မုန့်တစ်ဝက်ကို အဖေ့ဘက် တွန်းပေးလိုက်တယ်။

“ဒါကို ရှင်စားလိုက်.. ကျွန်မ ဝမှာကြောက်တယ်။”

အဖေက ပြုံးပြီး လက်ခံလိုက်တယ်။

ဒါဟာ အမေ နုနယ်ချိန်က အဖေ့ကို လုပ်လေ့ရှိတဲ့ အကျင့်လေးတစ်ခုဖြစ်တယ်။

🔹

အိမ်ပြန်လမ်းမှာ အဖေ့ကို
“အမေက အဖေ့ကို မမှတ်မိတော့ဘူး။ အဖေကလည်း အပတ်တိုင်း အစကနေ ပြန်ပြီး အမေ့ကို ချစ်ရေးဆိုနေရတယ်။ မပင်ပန်းဘူးလား” လို့ ကျွန်တော်မေးလိုက်တယ်။

အဖေက မပေးဖြစ်လိုက်တဲ့ နှင်းဆီပန်းကို ကားရှေ့ခုံမှာ ထားပြီး “အရင်တုန်းက မင်းအမေ့ကို ပိုးပန်းတာ နှစ်နှစ်တောင် ကြာတယ်။” လို့ ပြောတယ်။

“ဒါဆို....”

“ခုက လပိုင်းလေးပဲ ရှိသေးတယ်.. ဘာလို့ အလျင်လိုရမှာလဲ”

နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာလည်း အဖေက အဲဒီရှပ်အင်္ကျီပြာကို ပြန်ဝတ်တယ်။

ဒီတစ်ခါတော့ အိမ်ကထွက်ခါနီး လက်ဖက်ကြက်ဥနှစ်လုံးကိုပါ သူယူသွားတယ်။

🔹

ခြောက်လကြာတဲ့နောက်
အဖေဟာ အိပ်ပျော်နေရင်း အသက်ကုန်သွားတယ်။

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ
အမေဟာ အဝတ်အစားလဲပြီး
ခြောက်နေတဲ့ နှင်းဆီပန်းကို လက်ထဲမှာ ကိုင်ပြီး စောင့်ရှောက်ရေးဂေဟာမှာ ညမှောင်တဲ့အထိ စောင့်နေတယ်။

“အန်တီ ဘယ်သူ့ကို စောင့်နေတာလဲ” လို့သူနာပြုဆရာမက မေးတော့ အမေက ခေါင်းခါပြီး .. “မသိဘူး…” လို့ ဖြေတယ်။

ခဏကြာတော့ တိုးတိုးလေး ထပ်ပြောတယ်...

“ဆံပင်နည်းနည်းပဲ ကျန်တဲ့ လူတစ်ယောက်ရှိတာတော့ မှတ်မိတယ်.. သူက ကျွန်မကို အကြာကြီး လိုက်ကြိုက်နေတာလေ…”

-- ဘာသာပြန် မျှဝေပါတယ်

💌
#နိုင်းနိုင်းစနေ

17/08/2026

မင်းဘဝ ဘယ်လောက်ပဲ အောင်မြင်နေပါစေ၊
ဘယ်လောက်ပဲ အစွမ်းအစရှိနေပါစေ
မင်းဆီ ငါ ဘာအကူအညီမှ မတောင်းသရွေ့
ငါ့အမြင်မှာ မင်းဟာ ဘာမှမဟုတ်ဘူး။

ငါ့ကိုကြည့်ပြီး ဆင်းရဲတယ်၊
အဝတ်အစားတွေ ဟောင်းနွမ်းတယ်လို့ မဆိုနဲ့။
စားဝတ်နေရေးအတွက်
မင်းကို ငါ အားမကိုးရသရွေ့
ဒါဟာ ငါ့ရဲ့အကြီးမားဆုံး အစွမ်းအစပဲ။

မင်းက ငါ့ကို အထင်မကြီးချင်လည်း ရတယ်။
ငါကလည်း မင်းကို အထင်ကြီးစရာ မရှိဘူး။

ရေမစီးဘဲ ငြိမ်နေရင်
ရေမျက်နှာပြင်က ညီနေတယ်ဆိုသလို
ဘယ်သူ့ကိုမှ အကူအညီမတောင်းသရွေ့
လူတိုင်း အဆင့်အတန်း တူတူပဲ။

မင်းမှာ မင်းရဲ့ တောက်ပမှုရှိသလို
ငါ့မှာလည်း ငါ့ရဲ့ ရိုးရှင်းတဲ့ဘဝနဲ့ မလျှော့တဲ့ဇွဲရှိတယ်။

သူများနဲ့ မယှဉ်ဘူး၊
သူများဆီ မတက်ကပ်ဘူး၊
သူများနဲ့ မပြိုင်ဘူး။
ကိုယ့်စိတ်နဲ့ကိုယ် လွတ်လွတ်လပ်လပ် နေနိုင်တာကိုက ငါ့ရဲ့ အခိုင်မာဆုံး အားကိုးရာပဲ။

သူများက ကိုယ့်ကို အထင်သေးတာ ကိစ္စမရှိဘူး။
ဒါပေမဲ့ ကိုယ်တိုင်က ကိုယ့်ကိုယ်
ကိုယ် ဘယ်တော့မှ အထင်မသေးဘူး။

လူတစ်ယောက်ဟာ တစ်သက်လုံး
ကံဆိုးနေတာ မဟုတ်ဘူး။
အုတ်ကြွပ်တောင် တစ်နေ့မှာ လှန်နိုင်သေးတာပဲ။
အရှေ့လေကလည်း တစ်နေ့
တောင်ဘက်ကို ပြောင်းတိုက်နိုင်တာပဲ။

အခု တခြားလူထက် ကိုယ် နိမ့်ကျနိုင်တယ်။
ဒါပေမဲ့ အမြင့်ကို တစ်နေ့ ကိုယ်လည်း ရောက်နိုင်တယ်။

ပြန်ထရုံတင် မဟုတ်ဘူး...
ပိုမြင့်တဲ့နေရာကို ကိုယ်အရောက်သွားနိုင်တယ်။

--- မာနတစ်ခွဲသားနဲ့ ရေးတဲ့စာ
I am on fire 🔥😎🤣

ဖတ်မိတာ​လေး သဘောကျလို့ မျှဝေတာပါနော်

💌
#နိုင်းနိုင်းစနေ

16/08/2026

ဈေးနှုန်းချိုသာစွာနဲ့ စာစီစာရိုက်ပြုလုပ်လို့ရပါပြီ။DocDeskမှာ ကိုယ်ရိုက်ချင်တဲ့ စာမူကြမ်းကို Vb/Telegram က ပို့ပေးလိုက်ရ...
13/08/2026

ဈေးနှုန်းချိုသာစွာနဲ့ စာစီစာရိုက်ပြုလုပ်လို့ရပါပြီ။
DocDeskမှာ ကိုယ်ရိုက်ချင်တဲ့ စာမူကြမ်းကို Vb/Telegram က ပို့ပေးလိုက်ရုံနဲ့ ကိုယ်လိုချင်တဲ့ files နဲ့ ပြန်ပေးနေပါတယ်။
မေးခွန်းတွေရိုက်ချင်လို့ပဲဖြစ်ဖြစ်.....
သင်ခန်းစာတွေ စာအုပ်ပြန်ရိုက်ချင်လို့ပဲဖြစ်ဖြစ်.....
တရားစာ/ဘုရားစာများကို ကိုယ့်စိတ်ကြိုက်ပြန်စာစီချင်လို့ပဲဖြစ်ဖြစ်.....
လုပ်ငန်းရှင်များအတွက် အမည်စာရင်းစတာတွေကို excel file နဲ့ ပြန်ရိုက်ချင်လို့ပဲဖြစ်ဖြစ်....
ကုမ္ပဏီရုံးများတွက် ရုံးစာ/ letterhead များကို ပြန်လည်ပြုပြင်ချင်လို့ပဲဖြစ်ဖြစ်....
ဘာပဲအလိုရှိသည်ဖြစ်စေ....
အွန်လိုင်းမိတ္တူဆိုင်ဖြစ်တဲ့ DocDesk မှာ တစ်ထိုင်တည်းနဲ့ ရနေပါပြီ။
အချိန်ကုန်သက်သာမယ်၊ အပြင်သွားစရာမလိုလို့ လူပင်ပန်းသက်သာမယ်၊ ဈေးနှုန်းချိုသာတဲ့အပြင် Customer စိတ်ကျေနပ်တဲ့အထိ အပြည့်အဝဝန်ဆောင်မှုပေးနေပါပြီ။
DocDeskမှာ Printing Service လည်းရှိပါတယ်။ အဲတာကတော့ စာအုပ်/ မေးခွန်းဟောင်း စတာတွေကို ဈေးနှုန်းသက်သာစွာနဲ့ (print) ထုတ်ပေးပြီး အိမ်အရောက် ဝန်ဆောင်မှု‌ပေးနေပါတယ်။
အဲတာတွေအပြင် sticker/ Vinyl စတာတွေကိုလည်း ထုတ်ပေးပြီး အိမ်အရောက်ဝန်ဆောင်မှုပေးနေပါတယ်။
အသေးစိတ်ကို Vb Chat မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။
လိုအပ်တဲ့အခါ ဆက်သွယ်နိုင်ဖို့ Vb/Telegram နံပါတ် 09 679130944 မှာ ဟိုင်းထားလိုက်ပါ။

09/08/2026


09/08/2026
မပူပါနဲ့ ချစ်ရယ်🤪Crd
07/08/2026

မပူပါနဲ့ ချစ်ရယ်🤪
Crd

 #စိတ်ချစွာအပ်နှံ_ယုံကြည်စွာလက်တွဲ.... Docdesk ဟာ ကိုယ်သွားသွားနေရတဲ့ မိတ္တူဆိုင်လိုမျိုးပါပဲ။ သင်လိုချင်တာ တနေရာတည်းမှာ...
06/08/2026

#စိတ်ချစွာအပ်နှံ_ယုံကြည်စွာလက်တွဲ....
Docdesk ဟာ ကိုယ်သွားသွားနေရတဲ့ မိတ္တူဆိုင်လိုမျိုးပါပဲ။ သင်လိုချင်တာ တနေရာတည်းမှာ ရရှိနိုင်ပါတယ်။
စာရိုက်မလား....၊ မွေးနေ့ကတ်လေး လုပ်မလား....၊ print လေး ထုတ်မလား.....။
အကုန်လုပ်လို့ရပါတယ်။

ခုခေတ်ဟာ Digital ခေတ် ဖြစ်နေပါပြီ။
အားလုံး Digital နဲ့ပဲ သွားနေကြပြီ။
ကိုယ်သုံးနေတဲ့ ဖုန်းထဲကနေ ကလစ်ချက်နှိပ်လိုက်....
ကိုယ်လုပ်ရမယ့် အလုပ်ကိစ္စတွေ ချက်ချင်းပြီးမြောက်သွားတယ်။
ဒါဟာ Digital ခေတ်ပါပဲ။
ဒီခေတ်မှာ ကိုယ်ကိုယ်တိုင် ကောင်းကောင်းမွန်မွန် အသုံးချလိုက်ပါ။

DocDesk for you


အပြင်ထွက်စရာမလိုဘဲ အနီးနားက မိတ္တူဆိုင်ရောက်သွားသလို အလုပ်တွေ ပြီးမြောက်သွားချင်ပါသလား? 🛵❌နေပူထဲ အပြင်ထွက်၊ မိတ္တူဆိုင်မ...
06/08/2026

အပြင်ထွက်စရာမလိုဘဲ အနီးနားက မိတ္တူဆိုင်ရောက်သွားသလို အလုပ်တွေ ပြီးမြောက်သွားချင်ပါသလား? 🛵❌
နေပူထဲ အပြင်ထွက်၊ မိတ္တူဆိုင်မှာ တန်းစီ၊ စာရိုက်ခစောင့်ရင်း အချိန်တွေ အလကားကုန်နေတဲ့ ခေတ်မဟုတ်တော့ပါဘူး။
သင့်အိမ်မှာ၊ သင့်ရုံးခန်းမှာပဲ အေးအေးဆေးဆေး ထိုင်နေပါ… ကျန်တာ DocDesk ကို လွှဲလိုက်ပါ! 🤝
💡 DocDesk Online Service ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?
* ⏱️ အချိန်၊ ငွေနှင့် လူအင်အား သက်သာခြင်း
အပြင်ထွက်ရတဲ့ လမ်းစရိတ်၊ ကားပိတ်တဲ့ဒုက္ခနဲ့ အချိန်ကုန်တာတွေကို လုံးဝ အနားယူလိုက်ပါ။ စာရွက်စာတမ်းတွေကို Phone ထဲကနေ တန်းအပ်ရုံပါပဲ။
* 💯 အပြင်ဆိုင်သွားသလို အပြည့်အဝ ပြီးမြောက်ခြင်း
စာစီစာရိုက်၊ Digitizing၊ Document Formatting ကနေ Printing & Design အထိ အပြင်ဆိုင်မှာလုပ်သလို တိကျသပ်ရပ်စွာ အချောသတ်ပေးပါတယ်။
* 💸 ဈေးနှုန်း အထူးချိုသာခြင်း
ကျောင်းသား/သူများ၊ ရုံးဝန်ထမ်းများနှင့် လုပ်ငန်းရှင်များအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေမယ့် သက်သာသော ဈေးနှုန်းများ။
* ✏️ စိတ်ကြိုက် ပြန်လည်ပြင်ဆင်ခွင့်
မိမိစိတ်ကြိုက် လိုအပ်ချက်အတိုင်း မဖြစ်မချင်း စာသား၊ Layout များကို စိတ်ရှည်လက်ရှည် ပြန်လည်ပြင်ဆင်ပေးတာကြောင့် စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်။
👇 အောက်မှာ Comment ရေးခဲ့ပါဦး!
"လက်ရှိ အပြင်ထွက် စာရိုက်/မိတ္တူကူးရတာမှာ ဘယ်အချက်က အဆိုးဆုံး ဒုက္ခပေးနေလဲ?"
(၁) ကားပိတ်တာ/နေပူတာ
(၂) ဆိုင်မှာ ကြာရှည် တန်းစီရတာ
(၃) စာလုံးပေါင်းအမှားများတာ
📲 အချိန်မကုန်၊ အပင်ပန်းမခံဘဲ အလုပ်တွေကို အမြန်ဆုံး အချောသတ်ချင်ရင်တော့ DocDesk Messenger ကို အခုပဲ စာပို့လိုက်ပါနော်! 🚀
09679130944

( #စာစီစာရိုက် )

ထီကို ကံစပ်အောင်ဆိုပြီး မိတ်ဆွေနဲ့ သော်လည်းကောင်း သူငယ်ချင်းနဲ့သော်လည်းကောင်းရှယ်ယာလုပ်ပြီး ထိုးနေကြတဲ့လူတွေကို သတိပေးချ...
02/08/2026

ထီကို ကံစပ်အောင်ဆိုပြီး
မိတ်ဆွေနဲ့ သော်လည်းကောင်း
သူငယ်ချင်းနဲ့သော်လည်းကောင်း
ရှယ်ယာလုပ်ပြီး ထိုးနေကြတဲ့လူတွေကို
သတိပေးချင်ပါတယ်

ဖြစ်နိုင်ရင် ထီကို ကိုယ်တိုင်ပဲထိုးကြပါ
ဘယ်သူ့ကိုမှ မယုံကြည်ပါနဲ့ ။
ကျနော်ကိုယ်တွေ့ပါ

ကျနော်သွားမထိုးအားလို့ သူငယ်ချင်းတစ်ယောက်နဲ့
စပ်တူထိုးမယ်ဆိုပြီး သူနဲ့ထိုးခိုင်းလိုက်တယ်

နာမည်တော့ မပြောတော့ပါဘူး
ထီထိုးတာကလည်း ထီဖွင့်ဖို့၂ရက်အလိုမှာထိုးတာပါ
သူလည်း ထီထိုးပြီးပြီးချင်းဓာတ်ပုံရိုက်ပို့ပေးတယ်
ပြီးတော့ကျနော်နဲ့ သူနဲ့မတွေ့ဖြစ်ဘူး ။

ထီထွက်တော့ ပို့ထားတဲ့ပုံနဲ့ တိုက်ကြည့်တော့
ထိုးထားတဲ့ထီကမပေါက်ဘူးဖြစ်နေတယ်
အာ့နဲ့ ကျနော်လည်းသူ့ကို ပိုက်ဆံ မပေးရသေးတော့
ရှောင်နေလိုက်တယ် .. ။

အဲ့ကောင် ယုတ်မာချက်က
အိမ်ထိတောင် လာတောင်းသွားတယ် ..
လူဆိုတာ ကိုယ်ချင်းစာတတ်ဖို့ပဲလိုတာပါ ..

အဲဒါကြောင့် ကျနော့်လို
မဖြစ်ရအောင် အားလုံး ဆင်ခြင်နိုင်စေဖို့
ရေးသား မျှဝေပေးလိုက်ပါတယ်

Address

Hlaing
Yangon

Website

Alerts

Be the first to know and let us send you an email when DocDesk Online Copier Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share