Makhan Trade In't Co.,Ltd.

Makhan Trade In't Co.,Ltd. EXPORT & IMPORT SERVICES

နယ်စပ်ကုန်သွယ်ရေးဇုံများအားလုံးနီးပါး ရပ်သွားပါပြ...... 😢
22/10/2024

နယ်စပ်ကုန်သွယ်ရေးဇုံများအားလုံးနီးပါး ရပ်သွားပါပြ...... 😢

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၃/၂၀၂၄) ထုတ်ပြန်ခြင်း။
31/05/2024

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၃/၂၀၂၄) ထုတ်ပြန်ခြင်း။

လဆန်းပိုင်းလောက်အထိ1us$ ကို 2000 ဝန်းကျင်ရွှေ ၁ ကျပ်သား သိန်း ၂၀ ဝန်းကျင်မှာ ငြိမ်နေခဲ့တာ ၃ လကျော်လောက်ရှိပါတယ်။ CBM rat...
01/09/2022

လဆန်းပိုင်းလောက်အထိ
1us$ ကို 2000 ဝန်းကျင်
ရွှေ ၁ ကျပ်သား သိန်း ၂၀ ဝန်းကျင်မှာ ငြိမ်နေခဲ့တာ ၃ လကျော်လောက်ရှိပါတယ်။ CBM rate 1850 ပါ

ဒေါ်လာဈေးက ၂၂၀၀ လောက်အထိစတက်တယ်။ ဘာလို့တက်တာလဲလို့ လေ့လာကြည့်တော့ CBM က စက်သုံးဆီတင်သွင်းသူတွေအတွက် ဒေါ်လာကို 1850 နဲ့ရောင်းပေးနေရာကနေ စက်သုံးဆီသမားတွေ ဒေါ်လာကို ဈေးကွက်ကနေ ကိုယ့်ဟာကိုယ်ဝယ်တော့ဆိုတဲ့ သဘောမျိုး (%တစ်ခုနဲ့ထင်ပါတယ်) ပြောလိုက်တဲ့အတွက် စက်သုံးဆီသမားတွေ $ ဝယ်ကြတာကြောင့် ဒေါ်လာဈေးတက်လာခဲ့တာပါ။
လက်ရှိမှာ စက်သုံးဆီဟာ ဒေါ်လာအများဆုံး သုံး
တဲ့ ကဏ္ဌဖြစ်ပါတယ်

အဲ့နောက် ၂ ရက်လောက်နေတော့ ရွှေဈေးကလဲ ၂၀၅၀၀၀၀ ကနေ တဖြေးဖြေးလိုက်တက်လာခဲ့ပါတယ်။

CBM rate 2100 အထိတိုးတယ်။ပို့ကုန်ရငွေတွေကို 100% CBM က ဖြတ်မယူတော့ဘူးစတာတွေကြေငြာတယ် ပိုအဆင်ပြေလာတော့မယ်လို့ ထင်ခဲ့ပေမယ့် စက်သုံးဆီသမားရဲ့ ဒေါ်လာလိုအပ်ချက်ကပိုကြီးမားတဲ့အတွက်ကြောင့် ဈေးတွေတက်ခဲ့တယ်ထင်ပါတယ်။

နောက်ပိုင်း ဒီ ၁၅ ရက်အတွင်းမှာ ဒေါ်လာ ၄၀၀၀ ရွှေဈေး ၃၅ သိန်းတွေအထိ ကမောက်ကမဖြစ်လာရတယ်။

နိုင်ငံခြားလုပ်သား လစာတွေကို ၂၁ ရက်အတွင်းလွတ်လပ်စွာရောင်းချခွင့်ပြုမယ်ဆိုတာ ကြေငြာတယ်။

မနေ့ညက စက်သုံးဆီကဏ္ဌအတွက် CBM ကနေ ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးပေးမယ်လို့စာထွက်တယ်။ အရင်ကြားထားတာက သန်း၄၀၀ ဆိုတော့ သန်း ၂၀၀ ၂ ကြိမ်ပေးမယ်ထင်တယ်။

ဒေါ်လာ သန်း ၄၀၀ နော်။

အဲ့ဒီအတွက် စပ်သုံးဆီသမားတွေ ဈေးကွက်ကနေ ဒေါ်လာဝယ်ဖို့ မလိုတော့ဘူး။

ဒါဆို ဒီ September မှာ ဒေါ်လာဈေးပြန်ကျသွားန်ိုင်တယ်။ ခန့်မှန်း ၃၀၀၀ ဝန်းကျင်ထိပြန်ဆင်းကောင်းဆင်းလာနိုင်တယ်။ ၃၀၀၀ အောက်ရောက်လေကောင်းလေပေါ့ဗျာ

ကမ္ဘာ့ရွှေကလဲ $1700 ဝန်းကျင်ထိ အကျပြနေပြန်တယ်။ မြန်မာဒေါ်လာဈေးကျရင် မြန်မာရွှေဈေးလဲလိုက်ကျမှာပါ။

အဲ့ဒါကြောင့် သတိနဲ့ ဉာဏ်နဲ့ယှဉ်ပြီးလုပ်ကိုင်ကြပါ။

ဒီအချိန် သိန်း ၁၀၀ ရှုံးဖို့လွယ်တယ်။ သိန်း ၁၀၀ မြတ်ဖို့ခက်တယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်ရောင်းဝယ်ခြင်းအချိန်မဟုတ်ပဲ အကြောက်တရားနဲ့ အလုပ်လုပ်နေရတဲ့အတွက် ဆုံးဖြတ်ချက်မှားရင် အသွား အပြန် အတွက် ၂ ဆ ရှူံးမှာမို့ပါ။

အားလုံးအဆင်ပြေကြပါစေ

PyiSoeOo

အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ထုတ်လုပ်တပ်ဆင်သည့် လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခွင့်နှင့် ...
14/12/2021

အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ထုတ်လုပ်တပ်ဆင်သည့် လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခွင့်နှင့် လုပ်ငန်းသုံးသကြားတင်သွင်းခွင့်အတွက် MIC ၏ ခွင့်ပြုချက် ယူရတော့မည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ ဒီဇင်ဘာ ၁၄

အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ထုတ်လုပ်တပ်ဆင်တဲ့ လုပ်ငန်းများရဲ့ ကုန်ကြမ်းပစ္စည်းတင်သွင်းခြင်းနဲ့ လုပ်ငန်းသုံး သကြားတင်သွင်းခြင်းတို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)ရဲ့ ခွင့်ပြုချက်ရယူပြီးမှ ကုန်သွယ်ရေးဦးစီးဌာနနဲ့ အကောက်ခွန်ဦးစီးဌာနတို့ထံ လျှောက်ထားခွင့်ရှိတယ်လို့ MIC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်ပြီး တင်သွင်းခွင့်အတွက် တင်ပြလျှောက်ထားလာမယ်ဆိုရင် နှစ်အလိုက် လိုအပ်ချက်ကို MIC ထံ တစ်နှစ်ချင်းအလိုက် တင်ပြဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

သတင်း - BETV

တရုတ်နယ်စပ် ကုန်သွယ်ရေး ကွန်တိန်နာဖြင့် တစ်ကြိမ်ပို့လျှင် ကျပ်နှစ်သိန်းခန့် ပိုမိုကုန်ကျမည်၊၂၀၂၁ - နိုဝင်ဘာ - ၂၇မြန်မာ -...
28/11/2021

တရုတ်နယ်စပ် ကုန်သွယ်ရေး ကွန်တိန်နာဖြင့် တစ်ကြိမ်ပို့လျှင် ကျပ်နှစ်သိန်းခန့် ပိုမိုကုန်ကျမည်၊

၂၀၂၁ - နိုဝင်ဘာ - ၂၇

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်ရန် ခြောက်လနီးပါးကြာ ပိတ်ထားသော မူဆယ်မြို့အနီးရှိ ကျင်စမ်းကျော့ ဂိတ်နှင့် ချင်းရွှေဟော်ဂိတ်များကို နိုဝင်ဘာ (၂၆)ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ထိုသို့ နယ်စပ်ကုန်သွယ်ရေးဂိတ်အချို့ ပြန်လည်ဖွင့်လှစ်သော်လည်း နှစ်နိုင်ငံ ကုန်သွယ်ရာတွင် ကုန်ပစ္စည်းများကို ကွန်တိန်နာဖြင့် ထည့်သွင်းတင်ဆောင်ပြီး ကွန်တိန်နာ လဲလှယ်စနစ်ဖြင့် ကုန်သွယ်ရမည်ဖြစသလို လက်ရှိတွင် ကျင်စမ်းကျော့ဂိတ်၌ တစ်နေ့လျှင် ကွန်တိန်နာ ငါးစီးသာ အဝင်အထွက် လက်ခံသေးသည်ဟု ဒေသခံ ကုန်သည်များက ပြောကြားသည်။

ကွန်တိန်နာ လဲလှယ်သည့် စနစ်ဖြစ်ခြင်းကြောင့် ကုန်ပစ္စည်း တစ်ကြိမ်တင်ပို့လျှင် ကျပ်နှစ်သိန်းဝန်းကျင် ပိုမိုကုန်ကျမည် ဖြစ်ကြောင်း၊ ထို့အပြင် တစ်နေ့လျှင် ကွန်တိန်နာ ငါးလုံးသာ တင်ပို့ခွင့်ရမည်ဖြစ်၍ အလှည့်ကျ စောင့်ရမည့် အနေအထားဖြစ်ကြောင်း မူဆယ်ဒေသခံ ကုန်သည်များက ဆိုသည်။

credit
MFP

နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်း ဆောင်ရွက်သည့် ကုမ္ပဏီများအား လက်လီ/လက်ကား ရောင်းချခွ...
16/11/2021

နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်း ဆောင်ရွက်သည့် ကုမ္ပဏီများအား လက်လီ/လက်ကား ရောင်းချခွင့်ပြုသည့် ဦးစားပေး ကုန်ပစ္စည်းအုပ်စုစာရင်း ဖြည့်စွက်ထုတ်ပြန်ခြင်း

#ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (19/2021)

နောက်ထပ်ရက်၃၀ အတွင်း ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရမည့် Company များ စာရင်းပိုကုန်ရငွေပြန်လည် ဝင်ရောက်ရန...
02/11/2021

နောက်ထပ်ရက်၃၀ အတွင်း ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရမည့် Company များ စာရင်း

ပိုကုန်ရငွေပြန်လည် ဝင်ရောက်ရန်ကျန်ရှိ

ကုမ္ပဏီ စုစုပေါင်း 663 ကုမ္ပဏီ

USD စုစုပေါင်း 576,831,789.82 ( USD ငါးထောင်ခုနှစ်ရာခြောက်ဆယ့်ရှစ်သိန်း သုံးသောင်းတစ်ထောင့်ခုနှစ်ရာ ရှစ်ဆယ့်ကိုး နှင့် ရှစ်ဆယ့်နှစ်ပြား)

ကုန်သွယ်‌မှုလမ်းကြောင်းအခြေအနေ*********************👉 မန့်ဝိန်းပေါက် - မဖွင့်‌သေးပါဘူး။ (ကျယ်ဂေါင်မှာ ပိတ်မိ‌ နေတဲ့ မြန်မ...
06/10/2021

ကုန်သွယ်‌မှုလမ်းကြောင်းအခြေအနေ
*********************

👉 မန့်ဝိန်းပေါက် - မဖွင့်‌သေးပါဘူး။ (ကျယ်ဂေါင်မှာ ပိတ်မိ‌ နေတဲ့ မြန်မာ ဘက်သွင်းမယ့် ကုန်တွေနဲ့ ကားတွေ ရှင်းထုတ်ဖို့ ညှိနှိုင်းနေတုန်း။ တရုတ်ဘက်မှ မြန်မာဘက်သို့ အထွက်ပဲရမည်။)

👉 ကျင်စန်းကျော့ - မဖွင့်သေးပါဘူး။ (ဆေးဝါးပစ္စည်းများမှ အပ အခြားကုန်မရပါ။ တရုတ်ဘက်မှ မြန်မာဘက်သို့ အထွက်ပဲရသည်။)

👉 ကြူကုတ် (ပန်ဆိုင်း) ဝမ်တိန်ပေါက် - မဖွင့်ပါ။

👉 ချင်းရွှေဟော် - မနက်ဖြန် အောက်တိုဘာလ ၆ ရက်နေ့က စ ပိတ်ပါမည်။ (ဆေးဝါးပစ္စည်းများမှ အပ အခြားကုန်မရပါ။ တရုတ်ဘက်မှ မြန်မာဘက်သို့ အထွက်ပဲရ တော့မည်။)

👉ဆင်ဖြူပေါက် - ပိတ်သည်။

👉 နန်းတော်ပေါက် - မြန်မာဘက် အထွက်ပဲရသည်။ အဝင်မရပါ။ (နှစ်နိုင်ငံ နိုင်ငံသား လွှဲပြောင်းမှုမှ အပ)

👉 မနက်ဖြန်ကစ အရှေ့မြောက်စီးပွားရေးတံခါးပေါက်များ အားလုံး ပိတ်သွားပါပြီ။ တရုတ် - မြန်မာ ကုန်သွယ်မှု ၁၀၀ % ရပ်တန့် သွားနိုင်ပါသည်။

***** 👉 လက်ရှိသိရသ‌လောက် အခြေအနေပါ။ အပြောင်းအလဲ ရှိနိုင်ပါတယ်။ ပိုသိသူများ မန့်‌ပေးကြပါ။
မူဆယ် အမှန်သတင်း


ဧရာကုန်သွယ်ရေး ဗဟိုဌာန

"လေဆိပ်ကုန်လှောင်ရုံအတွင်းက ဆေးနဲ့ဆေးပစ္စည်းတွေကို အမြန်ဆုံးထုတ်ယူကြဖို့ အကောက်ခွန်ကြေငြာ"အကောက်ခွန်ဦးစီးဌာနမှ လေဆိပ်ကုန...
14/09/2021

"လေဆိပ်ကုန်လှောင်ရုံအတွင်းက ဆေးနဲ့ဆေးပစ္စည်းတွေကို အမြန်ဆုံးထုတ်ယူကြဖို့ အကောက်ခွန်ကြေငြာ"
အကောက်ခွန်ဦးစီးဌာနမှ လေဆိပ်ကုန်လှောင်ရုံမှာ ရောက်ရှိနေတဲ့ ဆေးနဲ့ဆေးပစ္စည်းတွေကို စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး ထားပြီး အမြန်ဆုံး လာရောက်ထုတ်ယူကြဖို့ အသိပေးကြေငြာချက်ထုတ်ထားပါတယ်။

အကောက်ခွန်ဦးစီးဌာန

🤣🤣
09/09/2021

🤣🤣

15/07/2021

မြဝတီနယ်စပ်ကုန်သွယ်​ရေးက ကိုဗစ် ကာကွယ်/ကုသ​ရေး ဆက်စပ်ပစ္စည်းတင်သွင်းမှုက​တော့ ​အောက်ကစာရင်းပါအတိုင်းပါ....

၁-Oxygen gas(2m3)
၂-Oxygen liquid (15385m3)
၃-medical pure oxygen with cylinder (40L) 5unit
၄-medical pure oxygen gas (4m3)
၅-medical oxygen Generading&cylinder Filling (1)set
၆-Cylinder filling system (2)sets
၇-Mask(23218)kg
၈-Oxygen concentrator (10L) 3unit
၉-Empty Iron Oxygen Cylinder (40L) -50 unit
၁၀-Liquid oxygen Cylinder with complete sets (195)unit

စုစု​ပေါင်းပစ္စည်း(၁၀)မျိုးကို ယာဉ်(၁၂)စီးနဲ့ ​မြန်ဆန်သွက်လက်စွာ တင်သွင်းခွင့်​ပေးခဲ့ပါတယ်...

ထပ်မံပြီး​တော့ တရုတ်နဲ့ထိုင်း က​နေ Liquid Oxygen ​တွေ မကြာခင်ရက်ပိုင်းအတွင်း ဝင်လာဘို့ရှိတယ်လို့ သိရှိရပါတယ်ခင်ဗျား...

Credit:

10/07/2021

ကိုဗစ်​ကူးစက်​ရောဂါကူးစက်နှုန်းမြင့်မား​နေပြီး ​အောက်ဆီဂျင်လိုအပ်မှုများပြား​နေခြင်း​ကြောင့် လုပ်ငန်းရှင်မိတ်​ဆွေအချို့က ​Oxygen Concentrator လွယ်ကူစွာတင်သွင်းနိုင်​ရေး မည်သို့​ဆောင်ရွက်​ပေးမည်ကို ​မေးလာကြပါသည်...
သက်ဆိုင်ရာ ဝန်ကြီးဌာနများကOxygen Concentrator တင်သွင်းလိုသူလုပ်ငန်းရှင်များ လွယ်ကူစွာတင်သွင်းနိုင်​ရေးအတွက် ​အောက်ပါအတိုင်း ညှိနှိုင်း​ဆောင်ရွက်​ပေးထားပါ​ကြောင်း အသိ​ပေးအပ်ပါသည်..
၁..Oxygen Concentrator တင်သွင်းမှုအတွက် FDA ​ထောက်ခံချက် မလိုအပ်​တော့ပါ...
၂..စီးပွား/ကူးသန်းသို့ သွင်းကုန်လိုင်စင် ​လျှောက်ထားရန် မလိုပါ...
၃..တင်သွင်း​ရောက်ရှိလျှင် အ​ကောက်ခွန် ၃% ကို လက်ငင်းပေး​ဆောင်ရန်မလိုဘဲ အ​ကောက်ခွန်ဦးစီးဌာနတွင် စာရင်းမှတ်ထားပြီး ပစ္စည်းကို ချက်ချင်းထုတ်ယူနိုင်ပါသည်...
ကိုဗစ်​ရောဂါကူးစက်မှု ရပ်တန့်သွား​ရေးအတွက် မိမိကစ ကာကွယ်ကြပါ...မြန်မာတစ်နိုင်ငံလုံး ကိုဗစ်ကပ်​ဘေးမှ အမြန်လွတ်​မြောက်ပါ​စေ...

Credit:

Address

No. 65 ( First Floor ), Bo Soon Pat Street ( Lower Block ), (6) Ward, Pabedan Township
Yangon
09785061246,09955061246

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09785061246

Alerts

Be the first to know and let us send you an email when Makhan Trade In't Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Makhan Trade In't Co.,Ltd.:

Share