MaximaxSolution Corporate Advisory

Call Directions Website

MaximaxSolution Corporate Advisory Financial advisory and training company. In the business of addressing the financial literacy needs

💡 Collective Strength (စုပေါင်းအင်အား) ကို စနစ်တကျ အသုံးချပြီး စီးပွားရေးကို အရှိန်အဟုန်ဖြင့် တည်ဆောက်ခြင်းလုပ်ငန်းတစ်ခု...
28/09/2026

💡 Collective Strength (စုပေါင်းအင်အား) ကို စနစ်တကျ အသုံးချပြီး စီးပွားရေးကို အရှိန်အဟုန်ဖြင့် တည်ဆောက်ခြင်း

လုပ်ငန်းတစ်ခုကို တစ်ဦးတစ်ယောက်တည်း သွားခြင်းထက် စုပေါင်းအင်အားဖြင့် လုပ်ဆောင်ခြင်းက မတည်ရင်းနှီးငွေ၊ အတွေးအခေါ်၊ အတွေ့အကြုံနှင့် အကြံဉာဏ်များကို ပေါင်းစပ်နိုင်သည့်အတွက် Synergy အပြည့်ရရှိကာ လုပ်ငန်းကို မြန်ဆန်စွာ Growth ဖြစ်စေပြီး ပိုမိုတောင့်တင်းခိုင်မာ စေပါသည်။

သို့သော် စုပေါင်းအင်အား၏ ခြားနားချက်မှာ "စနစ်တကျ တည်ဆောက်ထားမှု" ပေါ်တွင် မူတည်ပါသည်။

ကြိုတင်ပြင်ဆင်မှုမရှိဘဲ စုပေါင်းပါက လူများပြီး မလိုလားအပ်သော ပဋိပက္ခများ ကြုံတွေ့ရနိုင်သဖြင့် အောက်ပါ အချက်များကို အစကတည်းက သေချာစွာ စနစ်တကျ ပြင်ဆင်ထားရန် လိုအပ်ပါသည် -

၁။ Investment Term Sheet & Shareholder Agreement ကို သေချာစွာ စနစ်တကျ ရေးဆွဲပြင်ဆင်ခြင်း

၂။ Shareholders, Executive Directors နှင့် Board of Directors (BOD) တို့၏ အခန်းကဏ္ဍ (Roles) နှင့် တာဝန်များကို ရှင်းလင်းပြတ်သားစွာ ခွဲခြားခြင်း

၃။ Do and Don’t (ပြုလုပ်ရန်နှင့် မပြုလုပ်ရန်) စည်းကမ်းချက်များကို တိကျစွာ သတ်မှတ်ထားခြင်း

ခိုင်မာသော ကုမ္ပဏီဖွဲ့စည်းပုံအခြေခံဥပဒေ (Company Constitution / Articles of Association) ဖြင့် စနစ်တကျ မူဘောင်ချမှတ် ပူးပေါင်းဆောင်ရွက်မှသာ Collective Strength ၏ အနှစ်သာရကို အပြည့်အဝ အသုံးချနိုင်ပြီး မျှော်မှန်းထားသည့် ပန်းတိုင်သို့ မြန်ဆန်ခိုင်မာစွာ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှု ရဲ့ ရလဒ် (𝗜𝗻𝘃𝗲𝘀𝘁𝗺𝗲𝗻𝘁 𝗥𝗲𝘀𝘂𝗹𝘁)● ဘဝမှာ ရာထူး၊ အခွင့်အလမ်း (သို့မဟုတ်) စိန်ခေါ်မှုတွေ ဘယ်လိုပဲ ရှိပါစေ၊...
27/09/2026

ရင်းနှီးမြှုပ်နှံမှု ရဲ့ ရလဒ် (𝗜𝗻𝘃𝗲𝘀𝘁𝗺𝗲𝗻𝘁 𝗥𝗲𝘀𝘂𝗹𝘁)

● ဘဝမှာ ရာထူး၊ အခွင့်အလမ်း (သို့မဟုတ်) စိန်ခေါ်မှုတွေ ဘယ်လိုပဲ ရှိပါစေ၊ မိမိ အမှန်တကယ် မြတ်နိုးတန်ဖိုးထားတဲ့ အလုပ်ကို လုပ်ဆောင်နေရခြင်းကသာ ရင်းနှီးမြှုပ်နှံမှု (𝗜𝗻𝘃𝗲𝘀𝘁𝗺𝗲𝗻𝘁) ရဲ့အမြင့်မားဆုံးနဲ့ အပြောင်မြောက်ဆုံးသောရလဒ်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်.....

● အပြည့်အဝစိတ်ကျေနပ်မှုမရှိသေးသမျှ ကာလပတ်လုံး လမ်းခုလတ်မှာ ရပ်မသွားဘဲ မိမိရဲ့ 𝗣𝗮𝘀𝘀𝗶𝗼𝗻 ကို ဆက်လက် ရှာဖွေနေသွားကြဖို့ လိုအပ်ပါတယ်.....

သန်းအောင်
𝗠𝗮𝗸𝗶𝗻𝗴 𝗘𝗮𝗰𝗵 𝗗𝗮𝘆 𝗕𝗲𝘁𝘁𝗲𝗿!

#ရင်းနှီးမြှုပ်နှံမှု #လုပ်ငန်းခွင်

ယုံကြည်မှု (𝗧𝗿𝘂𝘀𝘁) နဲ့ ယုံကြည်စိတ်ချရမှု (𝗖𝗿𝗲𝗱𝗶𝗯𝗶𝗹𝗶𝘁𝘆)​ဒီစကားလုံး (၂) ခုဟာ ဆင်တူသလိုနဲ့ ကွဲပြားပြီး၊ လူသားတွေရဲ့ ဘဝ၊ ဆက်...
25/09/2026

ယုံကြည်မှု (𝗧𝗿𝘂𝘀𝘁) နဲ့ ယုံကြည်စိတ်ချရမှု (𝗖𝗿𝗲𝗱𝗶𝗯𝗶𝗹𝗶𝘁𝘆)

​ဒီစကားလုံး (၂) ခုဟာ ဆင်တူသလိုနဲ့ ကွဲပြားပြီး၊ လူသားတွေရဲ့ ဘဝ၊ ဆက်ဆံရေးနဲ့ စီးပွားရေး တည်ဆောက်မှုတွေမှာ အခြေခံအကျဆုံး မဏ္ဍိုင်ကြီး (၂) ခု ဖြစ်ပါတယ်.....

● ​ယုံကြည်မှု (𝗧𝗿𝘂𝘀𝘁)။ ။ ခံစားချက်၊ ရင်းနှီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်နွှယ်မှု (𝗘𝗺𝗼𝘁𝗶𝗼𝗻𝗮𝗹 𝗖𝗼𝗻𝗻𝗲𝗰𝘁𝗶𝗼𝗻) အပေါ် မှာ အခြေခံပါတယ်.....

"ဒီလူ/ဒီအဖွဲ့အစည်းက ငါ့တို့ကို မာယာမရှိဘူး၊ သစ္စာရှိတယ်"
ဆိုတဲ့ ယုံကြည်စိတ်ချရတဲ့ စိတ်အေးရမှုမျိုးမှာသုံးနုန်းရတာမျိုးပါ.....

● ​ယုံကြည်စိတ်ချရမှု (𝗖𝗿𝗲𝗱𝗶𝗯𝗶𝗹𝗶𝘁𝘆)။ ။ အထောက်အထား၊ စွမ်းရည်၊ စံနှုန်းနဲ့ အတွေ့အကြုံ (𝗣𝗿𝗼𝗼𝗳 & 𝗖𝗼𝗺𝗽𝗲𝘁𝗲𝗻𝗰𝗲) အပေါ် အခြေခံပါတယ်......

"ဒီအကြောင်းအရာ/ဒီဝန်ဆောင်မှုက မှန်ကန်တယ်၊ အရည်အသွေး ပြည့်မီတယ်" ဆိုတဲ့ အချက်အလက်ဆိုင်ရာ ခိုင်မာမှုမျိုးပါ.....

​● ယုံကြည်မှု (𝗧𝗿𝘂𝘀𝘁) ဖြင့် တည်ဆောက်ခြင်းများ
​လူပုဂ္ဂိုလ်/သူငယ်ချင်း မိတ်ဆွေများကြား: စိတ်ချင်းဆက်ပြီး ရိုးသားစွာ ပေါင်းသင်းခြင်းဖြင့် ရေရှည်ခိုင်မာတဲ့ ချစ်ကြည်ရေးနှင့် ဘဝကို တည်ဆောက်ပေးပါတယ်.....

♤ ​လုပ်ငန်းခွင်အတွင်း (အထက်နှင့်အောက်)

အချင်းချင်း သစ္စာရှိမှု၊ တာဝန်ယူမှုတို့ဖြင့် အလုပ်လုပ်ရတာ စိတ်အေးချမ်းစေပြီး အလုပ်တွင်မှုကို မြှင့်တင်ပေးတယ်.....

♤ ​အဖွဲ့အစည်းများနှင့် နိုင်ငံအချင်းချင်း

အပြန်အလှန် ယုံကြည်မှုရှိမှသာ ရေရှည် ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးနှင့် ငွေကြေးရင်းနှီးမြှုပ်နှံမှု တည်ငြိမ်မှုများကို ဖန်တီးနိုင်ပါတယ်.....

● ယုံကြည်စိတ်ချရမှု (𝗖𝗿𝗲𝗱𝗶𝗯𝗶𝗹𝗶𝘁𝘆) အပေါ် မှီခိုပြီး ဆုံးဖြတ်ခြင်းများ
​သတင်းစကားနှင့် ဖြစ်ရပ်များ

♤ ကြားသိရတဲ့ သတင်းတစ်ခုရဲ့ ခိုင်မာသော အထောက်အထား (𝗖𝗿𝗲𝗱𝗶𝗯𝗶𝗹𝗶𝘁𝘆) ပေါ်မူတည်ပြီးမှန်/မှား ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်ပါတယ်.....

♤ ​အလုပ်အကိုင်နှင့် ဝန်ဆောင်မှုများ ကျွမ်းကျင်မှုနှင့် မှတ်တမ်းကောင်းများရှိတဲ့ လုပ်ငန်း/ပညာရှင်များကို ယုံကြည်စိတ်ချစွာ ငှားရမ်းခြင်းနှင့် ဝန်ဆောင်မှု ဝယ်ရယူခြင်းများ ပြုလုပ်ကြတယ်.....

♤ ​စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်များ

အသိအမှတ်ပြု စံချိန်စံညွှန်းများနှင့် ဘေးကင်းလုံခြုံမှု အထောက်အထားများရှိမှသာ စားသုံးသူများ စိတ်ချလက်ချ မှီဝဲသုံးစွဲကြပါတယ်.....

☆ ​ယုံကြည်စိတ်ချရမှု (𝗖𝗿𝗲𝗱𝗶𝗯𝗶𝗹𝗶𝘁𝘆) က သင့်ဆီကို အခွင့်အလမ်းတွေ၊ အလုပ်အကိုင်တွေနဲ့ ဖောက်သည်တွေကို ရောက်ရှိလာစေပြီး၊

☆ ယုံကြည်မှု (𝗧𝗿𝘂𝘀𝘁) ကတော့ အဲဒီဆက်ဆံရေးတွေနဲ့ အောင်မြင်မှုတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းပေးထားတာ ဖြစ်ပါတယ်.....

သန်းအောင်
𝗠𝗮𝗸𝗶𝗻𝗴 𝗘𝗮𝗰𝗵 𝗗𝗮𝘆 𝗕𝗲𝘁𝘁𝗲𝗿!

#ယုံကြည်မှု #ယုံကြည်စိတ်ချရမှု

ဝန်ဆောင်မှု (𝗦𝗲𝗿𝘃𝗶𝗰𝗲) ရဲ့ (𝗥𝗲𝗮𝗹 𝗩𝗮𝗹𝘂𝗲) အစစ်အမှန် တန်ဖိုး​စီးပွားရေးလုပ်ငန်း တော်တော်များများမှာ တွေ့ရလေ့ရှိပြီး  #ပြုပြင...
24/09/2026

ဝန်ဆောင်မှု (𝗦𝗲𝗿𝘃𝗶𝗰𝗲) ရဲ့ (𝗥𝗲𝗮𝗹 𝗩𝗮𝗹𝘂𝗲) အစစ်အမှန် တန်ဖိုး

​စီးပွားရေးလုပ်ငန်း တော်တော်များများမှာ တွေ့ရလေ့ရှိပြီး
#ပြုပြင်ဖို့လိုနေတဲ့အလေ့အထတစ်ခု ကတော့ သူများတွေ အဆင်သင့် ဖန်တီးပေးထားတဲ့ ဝန်ဆောင်မှု (𝗦𝗲𝗿𝘃𝗶𝗰𝗲) တွေကို အခကြေးငွေပေးပြီး ဝယ်ယူသုံးစွဲဖို့ တွန့်တိုနေကြတာကို တွေ့နေရပါတယ်.....

● "ကိုယ်တိုင်လုပ်ရင် ပိုက်ဆံသက်သာတယ်" ဆိုတဲ့ စိတ်ဓာတ် (အတွေး) နဲ့ အရာရာကို အစကနေ ကိုယ်တိုင်လိုက်လုပ်နေကြရင် -

၁. ​အချိန်တွေ ကုန်မယ်.....

၂. ​အမှားအယွင်းအတွက် ရင်းနှီးရတဲ့ ကုန်ကျစရိတ် (𝗘𝗿𝗿𝗼𝗿 𝗖𝗼𝘀𝘁) မြင့်မားမယ်.....

၃. ​လုပ်ငန်းရဲ့ တကယ့် အဓိကနေရာတွေကို အာရုံမစိုက်နိုင်ဘဲ စွမ်းအားတွေ လေလွင့်မယ်.....

● ​အမှန်တော့ "ကျွမ်းကျင်သူတွေ အဆင်သင့် ဖန်တီးထားတဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူပြီး အသုံးချ (𝗕𝘂𝘆 & 𝗔𝗽𝗽𝗹𝘆) လိုက်တာဟာ ကုန်ကျစရိတ် မဟုတ်ဘဲ၊ လုပ်ငန်း တရှိန်ထိုး တိုးတက်ဖို့ #အချိန် ကို ဝယ်ယူလိုက်တာ" ပဲ
ဖြစ်ပါတယ်.....

● ​ကိုယ်တိုင် ဦးနှောက်ခြောက်ခံပြီး မဖန်တီးရဘဲ စနစ်တကျ ရှိပြီးသား ဝန်ဆောင်မှုတွေ ကို ကိုယ့်လုပ်ငန်းရဲ့ လိုအပ်တဲ့ အစိတ်အပိုင်းမှာ အံဝင်ခွင်ကျ အသုံးချနိုင်တာဟာ -

(၁) ♤ လုပ်ငန်းကို မလိုအပ်ဘဲ ကြံ့ကြာမနေစေဘဲ မြန်မြန်ဆန်ဆန် ရှေ့ရောက်စေပါတယ်.....

(၂) ♤ ရလဒ်ကောင်းတွေကို သေချာပေါက်နဲ့ အချိန်တိုအတွင်း ရရှိစေပါတယ်.....

​စီးပွားရေးမှာ " #အချိန်" ဆိုတာ ပြန်ဝယ်လို့မရတဲ့ အကြီးမားဆုံး #အရင်းအနှီး (𝘁h𝗲 Biggest 𝗜𝗻𝘃𝗲𝘀𝘁𝗺𝗲𝗻𝘁) ဖြစ်ပါတယ်.....

​ကျွမ်းကျင်သူတွေရဲ့ ဝန်ဆောင်မှုမှာ မှန်မှန်ကန်ကန် ရင်းနှီးမြှုပ်နှံမှု (𝗔𝘁𝘁𝗿𝗮𝗰𝘁𝗶𝘃𝗲 𝗜𝗻𝘃𝗲𝘀𝘁𝗺𝗲𝗻𝘁) ကိုလုပ်ပြီး ကိုယ့်လုပ်ငန်း တိုးတက်မှုကို အရှိန်အဟုန်နဲ့ မြှင့်တင်လိုက်ပါ.....

သန်းအောင်
𝗠𝗮𝗸𝗶𝗻𝗴 𝗘𝗮𝗰𝗵 𝗗𝗮𝘆 𝗕𝗲𝘁𝘁𝗲𝗿!

𝗔𝘀𝘀𝗲𝘁𝘀 𝘃𝘀 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲𝘀♤ Leverage resources to earn more money!♤ Utilize assets to generate more revenue!● အရင်းအမြစ်တွေကို ...
23/09/2026

𝗔𝘀𝘀𝗲𝘁𝘀 𝘃𝘀 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲𝘀

♤ Leverage resources to earn more money!

♤ Utilize assets to generate more revenue!

● အရင်းအမြစ်တွေကို သေချာ အသုံးချပါ.....

● ပိုင်ဆိုင်မှုတွေကို ဝင်ငွေရအောင် ဖန်တီးပါ.....

ဒါမှသာ သင့်ရဲ့ ငွေကြေးအနာဂတ် ခိုင်မာလာမှာပါ.....

သန်းအောင်
𝗠𝗮𝗸𝗻𝗴 𝗘𝗮𝗰𝗵 𝗗𝗮𝘆 𝗕𝗲𝘁𝘁𝗲𝗿

#စီးပွားရေး #ငွေကြေးစီမံမှု #အောင်မြင်ရေး

𝗣𝗿𝗼𝗱𝘂𝗰𝘁 𝗠𝗶𝘅 ဆိုတာ 𝗕𝘂𝘀𝗶𝗻𝗲𝘀 ရဲ့ 𝗣𝗿𝗼𝗳𝗶𝘁 𝗠𝗮𝗿𝗴𝗶𝗻 အတွက် တကယ်ကို  #သိပ်အရေးကြီးတာပါ 💡📈​စီးပွားရေးမှာ ပစ္စည်းတွေ သာမန်ရောင်းနေရု...
22/09/2026

𝗣𝗿𝗼𝗱𝘂𝗰𝘁 𝗠𝗶𝘅 ဆိုတာ 𝗕𝘂𝘀𝗶𝗻𝗲𝘀 ရဲ့ 𝗣𝗿𝗼𝗳𝗶𝘁 𝗠𝗮𝗿𝗴𝗶𝗻 အတွက်
တကယ်ကို #သိပ်အရေးကြီးတာပါ 💡📈

​စီးပွားရေးမှာ ပစ္စည်းတွေ သာမန်ရောင်းနေရုံနဲ့ မပြီးပါဘူး။ ဘယ် Product က ငါတို့အတွက် မြတ်သလဲ (Profit Margin မြင့်သလဲ) ဆိုတာကို သေချာနားလည်ပြီး Correct Product Mix ကို Strategy ကျကျ စီမံခန့်ခွဲနိုင်ဖို့ လိုပါတယ်။

​💡 Product Mix ဆိုတာ ဘာလဲ?

မတူညီတဲ့ Product Line တွေ၊ Item တွေထဲက ဘယ်ဟာကို ဘယ်လောက် ပမာဏ ရောင်းမလဲဆိုတဲ့ အချိုးအစား (Ratio) ကို ဆိုလိုတာပါ။

​🎯 ဘာကြောင့် Profit Margin အတွက် ဒါလောက် တကယ်အရေးကြီးတာလဲ?

​1️⃣ High-Margin Products x Low-Margin Products Balance

​Volume တက်ပေမယ့် Margin နည်းတဲ့ Hero/Volume Drivers

● (ဥပမာ - ဘီစကစ်ထုတ်၊ သာမန် ကော်ဖီထုပ်)
​Volume နည်းပေမယ့် Margin မြင့်တဲ့ Profit Drivers (ဥပမာ - Premium Coffee Bean, Special Gift Sets)

👉 ဒီ နှစ်ခုရဲ့ Balance ကို မှန်မှန်ကန်ကန် တွဲဖက် မရောင်းတတ်ရင် ရောင်းအား (Sales Volume) ဘယ်လောက်ကောင်းကောင်း အမြတ် (Net Profit) က အဖတ်တင်မှာ မဟုတ်ပါဘူး။

​2️⃣ Cross-Selling & Bundling Opportunities

● ​Margin နည်းတဲ့ Product နဲ့ Margin မြင့်တဲ့ Accessory/Add-on တွေကို Bundle ဖွဲ့ပြီ း ရောင်းပေးခြင်းဖြင့် အမြတ်ရာခိုင်နှုန်းကို ချက်ချင်း မြှင့်တင်နိုင်ပါတယ်။

​3️⃣ Inventory & Operational Cost Efficiency

● ​Margin နည်းပြီး Storage/Shelf Space တက်စေတဲ့ မလိုအပ်တဲ့ Product တွေကို လျှော့ချပြီး အမြတ်များတဲ့ Star Products တွေကို အဓိကထား မားကတ်တင်းဆင်းနိုင်ပါတယ်။

​👉 Takeaway for CEOs၊ MDs၊ Business Owners, Shareholders, Investors
ရောင်းရသမျှ Product တိုင်းဟာ အမြတ်အတူတူ မကျန်ပါဘူး။
သင့်ရဲ့ Product Portfolio Matrix ကို သေချာ ပြန်လည် Analyse လုပ်ပါ။

ရောင်းအားကောင်းရုံတင်မကဘဲ Business ကို ရေရှည် အမြတ်ထွက်စေမယ့် Optimized Product Mix Strategy ကို အမြန်ဆုံး ဖန်တီးအသုံးချကြည့်လိုက်ပါ။

သန်းအောင်
𝗠𝗮𝗸𝗶𝗻𝗴 𝗘𝗮𝗰𝗵 𝗗𝗮𝘆 𝗕𝗲𝘁𝘁𝗲𝗿!

​

🚀 နေ့စဉ် Operation တွေထဲကနေ ရုန်းထွက်ပြီး လုပ်ငန်းကြီးထွားရေး (Growth) ကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့ လျှို့ဝှက်ချက်မန...
20/09/2026

🚀 နေ့စဉ် Operation တွေထဲကနေ ရုန်းထွက်ပြီး လုပ်ငန်းကြီးထွားရေး (Growth) ကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့ လျှို့ဝှက်ချက်

မနက်ရုံးရောက်တာနဲ့ ဝန်ထမ်းတွေရဲ့ ပြဿနာတွေဖြေရှင်းရ၊ စာရင်းတွေထိုင်စစ်ရ၊ Customer ကိစ္စတွေ ဝင်လုပ်ပေးရနဲ့ တစ်နေကုန် အလုပ်တွေရှုပ်နေပေမယ့် လကုန်သွားတဲ့အခါ လုပ်ငန်းက ရှေ့သိသိသာသာ မရောက်ဘဲ "နေရာဟောင်းမှာပဲ" လည်နေသလို ခံစားရဖူးပါသလား?

လုပ်ငန်းရှင် (Founder/CEO) တစ်ယောက်ရဲ့ တန်ဖိုးအရှိဆုံး အရာဟာ "အချိန်" ဖြစ်ပါတယ်။ အဲဒီအချိန်တွေကို နေ့စဉ် လည်ပတ်မှု (Daily Operations) တွေထဲမှာပဲ မြှုပ်နှံထားမယ်ဆိုရင် သင့်လုပ်ငန်းဟာ ဘယ်တော့မှ နောက်တစ်ဆင့် (Next Level) ကို ကူးပြောင်းနိုင်မှာ မဟုတ်ပါဘူး။
အောင်မြင်တဲ့ လုပ်ငန်းရှင်တွေရဲ့ အဓိက တာဝန်ဟာ အောက်ခြေ Operation တွေမှာ လက်ပတ်တီးထိုး ဝင်လုပ်ဖို့ မဟုတ်ပါဘူး။

လုပ်ငန်းရဲ့ အနာဂတ် (Vision)၊ ဈေးကွက်ချဲ့ထွင်ရေး (Expansion) နဲ့ မဟာဗျူဟာ (Strategy) တွေကို ဦးဆောင်လမ်းပြဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင် အများစုဟာ —

* စနစ် (System) မရှိခြင်း: ကိုယ်တိုင်မပါရင် အလုပ်မပြီးဘူးဆိုတဲ့ အခြေအနေမှာ ရှိနေခြင်း။

* တာဝန်ခွဲဝေမှု (Delegation) အားနည်းခြင်း: ဝန်ထမ်းတွေကို အပြည့်အဝ အာဏာကုန်လွှဲအပ်မှု (Empowerment) မလုပ်ရဲခြင်း။

* ယုံကြည်ရတဲ့ Financial Report များ မရှိခြင်း: မှန်ကန်တဲ့ စာရင်းအင်းနဲ့ Dashboard တွေ မရှိတဲ့အတွက် မျက်စိနောက်ပြီး ကိုယ်တိုင် ဝင်စစ်ဆေးနေရခြင်း... စတဲ့ အကြောင်းရင်းတွေကြောင့် Operation သံသရာထဲကနေ မထွက်နိုင်ကြတော့ပါဘူး။

ဒီသံသရာထဲကနေ ရုန်းထွက်ပြီး နေ့စဉ် Operation တွေထဲကနေ ရုန်းထွက်ကာ လုပ်ငန်းကြီးထွားရေး (Business Growth) ဆိုတဲ့ ပစ်မှတ်ဆီကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့ဆိုရင် အောက်ပါ အဓိက အချက် (၃) ချက်ကို မဖြစ်မနေ တည်ဆောက်ရပါမယ် —

၁။ Standard Operating Procedures (SOPs) တည်ဆောက်ခြင်း
လုပ်ငန်းရှင် မရှိလည်း အလုပ်တွေ မှန်မှန်ကန်ကန် လည်ပတ်နိုင်ဖို့၊ ဘယ်သူပဲလာလုပ်လုပ် စံချိန်စံညွှန်း မကျဖို့အတွက် လုပ်ငန်းစဉ်တွေကို စာရွက်စာတမ်းနဲ့ တိကျစွာ ရေးဆွဲပြဋ္ဌာန်းပါ။

၂။ Management Dashboard နှင့် KPIs များ အသုံးပြုခြင်း
နေ့စဉ် အသေးစိတ် စာရင်းစာအုပ်တွေကို ထိုင်စစ်နေမယ့်အစား၊ လုပ်ငန်းရဲ့ အခြေအနေမှန်ကို ချက်ချင်းသိနိုင်မယ့် အဓိက ကိန်းဂဏန်းများ (KPIs) ပါဝင်တဲ့ Management Dashboard များကို အသုံးပြုပါ။ အချက်အလက် (Data) ပေါ်မှာ အခြေခံပြီးသာ ဆုံးဖြတ်ချက်ချပါ။

၃။ ကျွမ်းကျင်သူများထံ အပ်နှံခြင်း (Outsourcing)
အချိန်ကုန်၊ လူပင်ပန်းဖြစ်စေတဲ့ စာရင်းအင်း၊ ဘဏ္ဍာရေးနဲ့ အခွန်အခ ဆိုင်ရာ လုပ်ငန်းစဉ်တွေကို ကျွမ်းကျင်တဲ့ ပြင်ပအဖွဲ့အစည်းများ (ဥပမာ - Outsourced CFO Services) ထံ လွှဲပြောင်းအပ်နှံပါ။

အခုပဲ သင့်လုပ်ငန်းရဲ့ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ပြီး နေ့စဉ်ပြဿနာတွေကို ဖြေရှင်းနေရတဲ့ "လုပ်ငန်းလည်ပတ်သူ" (Operator) ဘဝကနေ၊ စီးပွားရေးကို အရှိန်အဟုန်နဲ့ ကြီးထွားအောင် ပဲ့ကိုင်မယ့် "မဟာဗျူဟာမြောက် ဦးဆောင်သူ" (Strategic Leader) အဖြစ် ပြောင်းလဲလိုက်ပါ။

📈 လုပ်ငန်းတိုးချဲ့ဖို့အတွက် ကိုယ်ပိုင်အမြတ်ငွေကိုပဲ ပြန်သုံးမလား (Reinvestment)? ပြင်ပကနေ ငွေရှာမလား (External Funding)?...
19/09/2026

📈 လုပ်ငန်းတိုးချဲ့ဖို့အတွက် ကိုယ်ပိုင်အမြတ်ငွေကိုပဲ ပြန်သုံးမလား (Reinvestment)? ပြင်ပကနေ ငွေရှာမလား (External Funding)?

သင့်လုပ်ငန်းဟာ ဈေးကွက်ထဲမှာ နေရာတစ်နေရာ ရလာပြီ၊ ရောင်းအားတွေလည်း တက်လာပြီဖြစ်လို့ နောက်ထပ် ရုံးခွဲအသစ် ဖွင့်ဖို့ (သို့မဟုတ်) ထုတ်ကုန်အသစ်တွေ ထပ်ထုတ်ပြီး လုပ်ငန်းချဲ့ထွင်ဖို့ (Scale-up) စဉ်းစားနေပြီဆိုပါစို့။ ဒီအချိန်မှာ CEO တိုင်း မဖြစ်မနေ ရင်ဆိုင်ရမယ့် အကြီးမားဆုံး မေးခွန်းတစ်ခု ရှိလာပါတယ်။ "လုပ်ငန်းချဲ့ဖို့ လိုအပ်တဲ့ အရင်းအနှီးကို ကိုယ်ရထားတဲ့ အမြတ်ငွေထဲကပဲ ပြန်ထုတ်သုံးမလား? ဒါမှမဟုတ် ဘဏ်နဲ့ Investor တွေဆီကနေ ပြင်ပ အရင်းအနှီး ရယူမလား?" ဆိုတာပါပဲ။

ဒီလမ်းကြောင်း နှစ်ခုစလုံးမှာ ကိုယ်ပိုင် အားသာချက်၊ အားနည်းချက်တွေ အသီးသီး ရှိကြပါတယ်။

🔹 ၁။ ကိုယ်ပိုင်အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း (Reinvestment / Bootstrapping):

အားသာချက်: အကြွေးကင်းပါတယ်။ အတိုးပေးစရာ မလိုသလို၊ လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု (Equity) ကိုလည်း သူများပေးစရာ မလိုတဲ့အတွက် လုပ်ငန်းရှင်အနေနဲ့ ၁၀၀% အပြည့်အဝ ထိန်းချုပ်ခွင့် ရရှိပါတယ်။

အားနည်းချက်: ကြီးထွားမှုနှုန်း (Growth Speed) နှေးကွေးနိုင်ပါတယ်။ ကိုယ့်မှာရှိတဲ့ ငွေပမာဏလောက်နဲ့ပဲ ချဲ့ထွင်ရတဲ့အတွက် ပြိုင်ဘက်တွေက ဈေးကွက်ကို အရင်ဦးသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါ့အပြင် အမြတ်ငွေအားလုံးကို လုပ်ငန်းချဲ့ရာမှာ သုံးလိုက်တဲ့အတွက် ရုတ်တရက် အကျပ်အတည်းကြုံလာရင် Working Capital (လည်ပတ်ငွေ) ပြတ်လပ်သွားတတ်ပါတယ်။

🔹 ၂။ ပြင်ပမှ အရင်းအနှီးရယူခြင်း (External Funding - Bank Loans / Investors):

အားသာချက်: ငွေကြေးပမာဏ အမြောက်အများ ရရှိနိုင်တဲ့အတွက် လုပ်ငန်းကို အချိန်တိုအတွင်း အရှိန်အဟုန်နဲ့ ချဲ့ထွင်နိုင်ပါတယ်။ ဈေးကွက်ကို လျင်မြန်စွာ သိမ်းပိုက်နိုင်ပြီး ကြီးမားတဲ့ အခွင့်အလမ်းတွေကို အမိအရ ဖမ်းဆုပ်နိုင်ပါတယ်။

အားနည်းချက်: ဘဏ်ကနေ ချေးရင် လစဉ် အတိုးနဲ့ အရင်း ပြန်ဆပ်ရမယ့် တာဝန် (Debt Obligation) ရှိလာတဲ့အတွက် Cash Flow ကို ဖိအားဖြစ်စေပါတယ်။ Investor ဆီကယူရင်တော့ ကိုယ့်လုပ်ငန်းရဲ့ ရှယ်ယာ (Equity) နဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့် အချို့ကို ခွဲဝေပေးရမှာ ဖြစ်ပါတယ်။

ဘယ်လမ်းကြောင်းကို ရွေးချယ်မလဲ ဆိုတာဟာ သင့်လုပ်ငန်းရဲ့ လက်ရှိ ဘဏ္ဍာရေး ကျန်းမာရေး အခြေအနေ (Financial Health)၊ လိုချင်တဲ့ ကြီးထွားမှု အမြန်နှုန်း (Growth Velocity) နဲ့ စွန့်စားနိုင်မှု အတိုင်းအတာ (Risk Appetite) တွေအပေါ်မှာ မူတည်ပါတယ်။

လုပ်ငန်းချဲ့ထွင်မှုအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် လုပ်ငန်းရှင်များအနေဖြင့် —

Financial Forecasting (ဘဏ္ဍာရေး ခန့်မှန်းချက်): ရှေ့လာမည့် (၃) နှစ်မှ (၅) နှစ်အထိ ဝင်ငွေနှင့် ထွက်ငွေကို ကြိုတင်တွက်ချက်ထားပါ။

Cost of Capital တွက်ချက်ခြင်း: အတိုးပေးရမယ့်နှုန်းနဲ့ ကိုယ့်လုပ်ငန်းက ပြန်ရမယ့် အမြတ် (ROI) ကို သေချာ ချိန်ထိုးတွက်ချက်ပါ။

Cash Flow Stress Test: ပြင်ပကနေ ငွေယူသည်ဖြစ်စေ၊ ကိုယ့်ငွေကိုယ်သုံးသည်ဖြစ်စေ လုပ်ငန်းအဆင်မပြေတဲ့ လတွေမှာ ရပ်တည်နိုင်စွမ်း ရှိ/မရှိ ကြိုတင်ဆန်းစစ်ပါ။

အရင်းအနှီး ရှာဖွေခြင်းဆိုတာ "သတ္တိ" တစ်ခုတည်းနဲ့ ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘဲ၊ ခိုင်မာတိကျတဲ့ "ဘဏ္ဍာရေး ကိန်းဂဏန်းများ" အပေါ်မှာသာ အခြေခံပြီး မဟာဗျူဟာကျကျ ဆုံးဖြတ်ရမယ့် ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

📉 လုပ်ငန်းလည်ပတ်မှု စရိတ် (𝗢𝗽𝗲𝗿𝗮𝘁𝗶𝗻𝗴 𝗘𝘅𝗽𝗲𝗻𝘀𝗲𝘀) တွေထဲက မလိုအပ်တဲ့ ယိုစိမ့်မှုတွေကို ဘယ်လို ရှာဖွေဖော်ထုတ်မလဲ?**ရောင်းအားတ...
15/09/2026

📉 လုပ်ငန်းလည်ပတ်မှု စရိတ် (𝗢𝗽𝗲𝗿𝗮𝘁𝗶𝗻𝗴 𝗘𝘅𝗽𝗲𝗻𝘀𝗲𝘀) တွေထဲက မလိုအပ်တဲ့ ယိုစိမ့်မှုတွေကို ဘယ်လို ရှာဖွေဖော်ထုတ်မလဲ?**

ရောင်းအားတွေ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ လကုန်လို့ စာရင်းချုပ်တဲ့အခါ မျှော်မှန်းထားတဲ့ အမြတ်အစွန်းက ထွက်မလာဘဲ ဝင်လာသမျှငွေတွေက လည်ပတ်မှုစရိတ် (Operating Expenses - OpEx) တွေနဲ့တင် ကုန်ဆုံးသွားနေတာမျိုး ကြုံဖူးပါသလား? လုပ်ငန်းရှင်တော်တော်များများဟာ မျက်စိရှေ့မှာ တရိပ်ရိပ်တက်လာနေတဲ့ ကုန်ကျစရိတ်တွေကို သတိမထားမိလိုက်ဘဲ အမြတ်ငွေတွေ တိတ်တဆိတ် ယိုစိမ့်ပျောက်ဆုံးနေတာကို စာရင်းချုပ်မှ သဘောပေါက်တတ်ကြပါတယ်။

လုပ်ငန်းတစ်ခုမှာ OpEx လို့ခေါ်တဲ့ လည်ပတ်မှုစရိတ်တွေ ယိုစိမ့်ရခြင်းရဲ့ အဓိက အကြောင်းရင်းတွေကတော့ —

စာရင်းမရှင်းလင်းသော အသုံးစရိတ်များ (𝗨𝗻𝗺𝗼𝗻𝗶𝘁𝗼𝗿𝗲𝗱 𝗢𝘃𝗲𝗿𝗵𝗲𝗮𝗱𝘀):

လစဉ် ပုံမှန်ကုန်ကျနေပေမယ့် အမှန်တကယ် တန်ဖိုး (Value) ပြန်မရတော့တဲ့ Software Subscriptions တွေ၊ ရုံးသုံးပစ္စည်းနဲ့ ဝန်ဆောင်မှုစရိတ်တွေ။

လုပ်ငန်းစဉ် မစံသတ်မှတ်ရသေးခြင်း (𝗜𝗻𝗲𝗳𝗳𝗶𝗰𝗶𝗲𝗻𝘁 𝗣𝗿𝗼𝗰𝗲𝘀𝘀𝗲𝘀): လက်နဲ့လုပ်ရတဲ့ လုပ်ငန်းစဉ်တွေ များလွန်းလို့ အချိန်ကြန့်ကြာပြီး လူအင်အားနဲ့ အချိန်တွေ အလဟဿ ကုန်ဆုံးနေခြင်း။

𝗔𝗽𝗽𝗿𝗼𝘃𝗮𝗹𝘀 & 𝗖𝗼𝗻𝘁𝗿𝗼𝗹𝘀 အားနည်းခြင်း (Lack of Spend Control): ငွေကြေးသုံးစွဲမှုတွေမှာ အတည်ပြုချက် အဆင့်ဆင့် (Approval Matrix) တိကျစွာ မရှိဘဲ လိုသလို သုံးစွဲနေကြခြင်း။

𝗩𝗮𝗿𝗶𝗮𝗻𝗰𝗲 𝗔𝗻𝗮𝗹𝘆𝘀𝗶𝘀 မရှိခြင်း: ဘတ်ဂျက် (Budget) နဲ့ လက်တွေ့သုံးစွဲမှု (Actual) ဘယ်လောက် ကွာဟနေလဲဆိုတာကို လစဉ်ပုံမှန် မဆန်းစစ်မိခြင်းတို့ကြောင့် ဖြစ်ပါတယ်။

ဒီလို မလိုအပ်တဲ့ ယိုစိမ့်မှုတွေကို ရှာဖွေဖော်ထုတ်ပြီး ကုမ္ပဏီရဲ့ အမြတ်အစွန်းကို ပြန်လည် မြှင့်တင်ဖို့ဆိုရင် အောက်ပါအချက်တွေကို လုပ်ဆောင်ရပါမယ် —

၁။ 𝗟𝗶𝗻𝗲-𝗯𝘆-𝗟𝗶𝗻𝗲 𝗘𝘅𝗽𝗲𝗻𝘀𝗲 𝗔𝘂𝗱𝗶𝘁: အသုံးစရိတ်စာရင်း တစ်ခုချင်းစီကို စနစ်တကျ ပြန်လည်စစ်ဆေးပြီး ROI (Return on Investment) မရှိတော့တဲ့ စရိတ်များကို ဖြတ်တောက်ပါ။

၂။ 𝗘𝘀𝘁𝗮𝗯𝗹𝗶𝘀𝗵 𝗕𝘂𝗱𝗴𝗲𝘁 𝗠𝗼𝗻𝗶𝘁𝗼𝗿𝗶𝗻𝗴: လစဉ် ဘတ်ဂျက် စောင့်ကြည့်မှုတွေ ပြုလုပ်ပြီး သတ်မှတ်ဘတ်ဂျက်ထက် ကျော်လွန်နေတဲ့ နေရာတွေကို ချက်ချင်း ထိန်းချုပ်ပါ။

၃။ 𝗣𝗿𝗼𝗰𝗲𝘀𝘀 𝗔𝘂𝘁𝗼𝗺𝗮𝘁𝗶𝗼𝗻 & 𝗖𝗼𝘀𝘁 𝗖𝗼𝗻𝘁𝗿𝗼𝗹: Manual လုပ်ငန်းစဉ်တွေကို စနစ်သစ်ပြောင်းလဲခြင်းနဲ့ Cost Control များကို ကျွမ်းကျင်ပညာရှင်များနဲ့ တည်ဆောက်ပါ။

13/09/2026

လုပ်ငန်းခွင်မှာ ငွေကြေးပိုင်းဆိုင်ရာ အားနည်းချက်တွေရှိနေလို့ စိတ်ညစ်နေပါသလား? 🤔

𝗜𝗱𝗲𝗮 𝗧𝗶𝗺𝗲 𝗖𝗼., 𝗟𝘁𝗱 ရဲ့ 𝗠𝗮𝗻𝗮𝗴𝗶𝗻𝗴 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 ဦးကျော်မျိုးလှိုင်ကတော့ 𝗠𝗮𝘅𝗶𝗺𝗮𝘅𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 နဲ့ လက်တွဲပြီးနောက်ပိုင်း လုပ်ငန်းရဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အားနည်းချက် (Financial Weaknesses) တွေကို ဘယ်လိုကျော်လွှားနိုင်ခဲ့သလဲဆိုတာကို ဒီဗီဒီယိုလေးမှာ ဝေမျှပေးထားပါတယ်။

𝗠𝗮𝘅𝗶𝗺𝗮𝘅𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 ရဲ့ ကူညီပံ့ပိုးမှုတွေဖြစ်တဲ့...

✅ စနစ်ကျတဲ့ Financial Statement နဲ့ Report တွေ ရေးဆွဲပေးခြင်း

✅ လုပ်ငန်းနဲ့ကိုက်ညီတဲ့ Financial Model တွေ ဖန်တီးပေးခြင်း

✅ လုပ်ငန်းခွင်အဖွဲ့သား (Team) တွေကို သေချာ Training ပေးခြင်း
စတဲ့ ဝန်ဆောင်မှုတွေကြောင့် မလိုလားအပ်တဲ့ ငွေကြေးအလေအလွင့်တွေ လျော့ကျသွားပြီး ဆုံးဖြတ်ချက် (Decision) တွေ ချရာမှာ ပိုမိုမြန်ဆန်မှန်ကန်လာပါတယ်။

ဒါ့အပြင် လုပ်ငန်းရဲ့ Profit နဲ့ Value တွေ သိသိသာသာ တက်လာပြီး ပိုမိုကျန်းမာတဲ့ လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 📈

"𝗠𝗮𝘅𝗶𝗺𝗮𝘅𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 ကို ရွေးချယ်မယ်ဆိုရင် You Happy, I Happy တွေ ဖြစ်သွားမှာပါ" လို့ MD ဦးကျော်မျိုးလှိုင်က ယုံကြည်မှုအပြည့်နဲ့ ထောက်ခံပေးထားပါတယ်။ 🤝

သင့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးနဲ့ စာရင်းအင်းပိုင်းဆိုင်ရာတွေအတွက် ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော်ကို ရှာနေတယ်ဆိုရင်တော့ 𝗠𝗮𝘅𝗶𝗺𝗮𝘅𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 ကို အခုပဲ ဆက်သွယ်လိုက်ပါ။

📞 ဆက်သွယ်ရန် ဖုန်း - 09 7777 366 79, 09 7777 366 97

📍 ရုံးခန်းလိပ်စာ - အမှတ် (၅)၊ ၃ လွှာ၊ သစ္စာလမ်း၊ သံလမ်းမှတ်တိုင်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

⏰ Working Hours: Mon - Fri (8:00 AM - 5:00 PM)

MaximaxSolution Corporate Advisory
𝗠𝗮𝗸𝗶𝗻𝗴 𝗮 𝗪𝗼𝗿𝗹𝗱 𝗼𝗳 𝗗𝗶𝗳𝗳𝗲𝗿𝗲𝗻𝗰𝗲!

Address

No. 5, 4th Floor, Room-B, Kanbae Road, Yankin Township, Manmar
Yangon
11081

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 14:00

Telephone

09 44 222 00 81

Alerts

Be the first to know and let us send you an email when MaximaxSolution Corporate Advisory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share