03/03/2024
#ရန်ကုန်တိုင်းယစ်မျိုးလိုင်စင်အထူးဝန်ဆောင်မှု_Liquor_License_Agent
ယစ်မျိုးလိုင်စင် အမည်ပြောင်း ၊ တည်နေရာပြောင်းခြင်း အထွေထွေဗဟုသုတ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
- ယစ်မျိုးလိုင်စင်- အမည်ပြောင်း၊ တည်နေရာပြောင်းခြင်း ဆောင်ရွက်ရာတွင် မိမိဝယ်ယူလိုက်သော မြို့နယ်မှ မြို့နယ်အထွက်အမှုတွဲလုပ်ပေးရုံဖြင့် အမည်ပြောင်း တည်နေရာပြောင်း ကျမည်မဟုတ်ပါ။
- မိမိဝယ်ယူလိုက်သောမြို့နယ်မှ အမှုတွဲထွက်ပြီး ပြောင်းရွေ့လိုသော မြို့နယ်သို့ အမှုတွဲဝင်ရမည်ဖြစ်သည်။
- ထို့နောက် တိုင်း နှင့် ရုံးချုပ် သို့အဆင့်ဆင့် အမှုတွဲတင်ပြီး ရုံးချုပ်မှ အတည်ပြုမှသာ မိမိအမည်ပေါက်ကျလာမည် ဖြစ်သည်။
- မိမိအမည်ဖြင့် လိုင်စင်ကဒ်ပြားကျပြီးမှသာ အမည်ပြောင်းတည်နေရာပြောင်းသည့် လုပ်ငန်းစဉ်ပြီးဆုံးမည်ဖြစ်ပါသည်။
- မူလ (၄) ခရိုင်မှ (၁၄) ခရိုင်သို့ပြောင်းလဲဖွဲ့စည်းလိုက်သောကာလတွင် မိမိ၏ အမည်ပြောင်း၊ တည်နေရာပြောင်းခြင်းများအား ပိုမိုဂရုစိုက်ရန်လိုအပ်ပါသည်။
ထို့ကြောင့်-
မြို့နယ်အထွက်လုပ်ပေးရုံဖြင့် အမည်ပြောင်း၊ တည်နေရာပြောင်း ကိစ္စရပ်များ မပြီးဆုံးသည်ကို ဝယ်ယူသူများအနေဖြင့် သတိချပ်စေလိုပါသည်ရှင် ။