Happy Life Home Delivery Service

Happy Life Home Delivery Service your trust is my life ..... ​ကောင်း​သော​နေ့

14/06/2019

ငွေမချေးခင်ငွေသုံးတတ်ပါစေ
====================

တစ်ခါက ဆွေးနွေးပွဲတစ်ခုမှာ လယ်သမားများကို စိုက်ပျိုးစရိတ်ထုတ်ချေးခြင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးကြတာကို နားထောင်ခွင့်ရလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်ဟာ လယ်သမားတွေကို လယ်ယာလုပ်ကိုင်ဖို့အတွက် စိုက်ပျိုးစရိတ်တွေ ထုတ်ချေးခဲ့ကြပါတယ်။ ဆွေးနွေးသူက ထောက်ပြဆွေးနွေးတာမှာ အဲဒီ စိုက်ပျိုးစရိတ်ဟာ အမှန်တကယ် စိုက်ပျိုးစရိတ်ကို မကာမိခဲ့ပါဘူး။ ဒီအတွက် လိုအပ်တဲ့ငွေကြေးကို လယ်သမားက ပြင်ပကနေ အတိုးနှုန်းကြီးကြီးနဲ့ ချေးယူရပါတယ်။ အတိုးကြီးတဲ့ ချေးငွေကြောင့် လယ်သမားတွေဟာ တစ်နှစ်တာ အလုပ်လုပ်ပြီးရင် စားဖို့ဖယ်ပြီး ကျန်တာက အကြွေးဆပ်ရတာနဲ့ပဲ ကုန်သွားပါတယ်။ ဒါကြောင့် လက်ရှိ စိုက်ပျိုးစရိတ်ထုတ်ချေးတဲ့ စနစ်ဟာ ခေတ်အဆက်ဆက် မအောင်မြင်တဲ့ စနစ်သာ ဖြစ်တယ်လို့သူကဆိုပါတယ်။ ဒါကို အောင်မြင်ဖို့အတွက် လယ်တစ်ဧကရဲ့ အမှန်တကယ် ကုန်ကျစရိတ်ကို တွက်ချက်ချေးသင့်သလို လယ်သမားတစ်ဦးကို ဘယ်နှစ်ဧကပဲ ချေးမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးကိုလည်း ဖြေလျှော့ပေးသင့်ကြောင်း သူက ဆွေးနွေးပါတယ်။ သူက ဆက်ပြီးဆွေးနွေးတာမှာ စိုက်ပျိုးစရိတ်ထုတ်ချေးတဲ့ စနစ်သာ အောင်မြင်အကျိုးရှိတယ်ဆိုရင် လယ်သမားတွေဟာ တစ်နှစ်ပြီးတစ်နှစ် အကျိုးအမြတ်တွေ ရလာတဲ့တွက် ငွေချေးယူမှု ပမာဏ လျော့ကျလာမယ်။ သူ့ရဲ့ ပိုလျှံတဲ့ စုဆောင်းငွေကို နှစ်စဉ် တိုးမြှင့်ထည့်သွင်းပြီး လယ်စိုက်မယ်။ နောက်ဆုံးတစ်နေ့မှာ သူများဆီက ငွေချေးစရာ မလိုတော့ဘဲ သူ့ငွေနဲ့သူ လယ်ယာစိုက်ပျိုးတဲ့ အခြေအနေကို ရောက်ရှိသွားရပါမယ်။ ဒီလိုမရောက်ရှိဘဲ အကြွေးသံသရာမှာ လည်နေတယ်ဆိုရင် တစ်စုံတစ်ရာမှားနေပြီဆိုတာကို သိရှိသင့်ပါတယ်လို့ သူက ဆိုပါတယ်။

လယ်သမားတွေကို ငွေထုတ်ချေးဖို့ဆိုပြီး အဖွဲ့အစည်းတစ်ခုက လာရောက်တိုင်ပင်ဖူးပါတယ်။ အဲဒီတုန်းက သူတို့နဲ့ ဆွေးနွေးဖြစ်တာက ငွေဘယ်လို ထုတ်ချေးမယ်ဆိုတာကိုပဲ မစဉ်းစားဖို့နဲ့ ချေးလိုက်တဲ့ငွေကို ပြန်ဆပ်နိုင်ဖို့အတွက် ချေးငွေကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာကို လယ်သမားများကို သင်ကြားပေးသင့်ကြောင်းကို အကြံပေးဖူးပါတယ်။ အခု နိုင်ငံပိုင်ဘဏ်များနဲ့ ပုဂ္ဂလိကဘဏ်တချို့က ဂျပန်နိုင်ငံကနေတဆင့်ယူချေးပေးနေတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေအတွက် နှစ်ဆင့်ချေးငွေ ( Two Steps Loan) မှာ ချေးငွေရယူသူဟာ ချေးငွေရဲ့ ၈၀%ကို လုပ်ငန်းမှာ အသုံးပြုမယ့် စက်ပစ္စည်း ဒါမှမဟုတ် ယာဉ်ယန္တယားဝယ်ယူရမယ်။ ကျန်တဲ့ ၂၀% ကိုသာ လုပ်ငန်းလည်ပတ်ငွေအဖြစ် အသုံးပြုရမယ်ဆိုတဲ့ ကန့်သတ်ချက်ပါဝင်လာတာကို တွေ့ရပါတယ်။ ဒီကန့်သတ်ချက်ကို ဂျပန်နိုင်ငံဖက်က အကြံပေးတွေက သတ်မှတ်ပေးခဲ့တာပါ။ ချေးငွေရလို့ယူပြီး ဈေးတက်မလားမျှော်လင့်ချက်နဲ့ မြေလျှောက်ဝယ်တာတို့၊ ကားအကောင်းစားကြီးကို ဈေးကြီးပေးဝယ်စီးပစ်တာတို့၊ ကလေးရှင်ပြုပစ်တာတို့၊ ဘုရားတည်ကျောင်းဆောက် အလှူလုပ်ပစ်တာတို့၊ လောင်းကစားပစ်တာတို့၊ မဟုတ်တဲ့နေရာတွေမှာ ကုန်ဆုံးစေတာတို့ဟာ ချေးငွေလောကမှာ မကြာခဏ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံဖက်က အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေ တကယ်ဖွံ့ဖြိုးတိုးတက်စေဖို့ လုပ်ငန်းချဲ့ထွင်ဖို့ လိုအပ်တဲ့နေရာတွေမှာ ရာခိုင်နှုန်းအများစုကို အသုံးပြုစေတာဖြစ်ပါတယ်။ စိုက်ပျိုးရေးချေးငွေတွေအတွက်လည်း ဒီလိုမျိုး စည်းကမ်းသတ်မှတ်တာ၊ ကြပ်မတ်တာ၊ သင်ကြားပေးတာတွေနဲ့ ချေးငွေဆိုတာ ပြန်ဆပ်ရတာဖြစ်တဲ့အတွက် အကျိုးအမြတ်အများဆုံးရအောင် ဘယ်လိုအသုံးပြုကြမလဲဆိုတဲ့ နည်းလမ်းကို ညွှန်ပြတာတွေကို ပညာပေးအဖြစ် ပူးတွဲ ဆောင်ရွက်ပေးသင့်ပါတယ်။

ကျွန်တော်တို့ဆီမှာ ချေးငွေသုံးမျိုး အဓိက တွင်ကျယ်နေပါတယ်။ ရပ်ထဲရွာထဲထိ အရောက်လာချေးနေတဲ့ အသေးစားငွေချေးလုပ်ငန်းက ချေးငွေတွေ (Microfinance)၊ ဘဏ်တွေကနေ လုပ်ငန်းရှင်အကြီးအငယ်အားလုံးကို အပေါင်ပစ္စည်းလက်ခံပြီး ချေးပေးနေတဲ့ချေးငွေတွေ (Business Loan) နဲ့ နိုင်ငံတကာက ကူညီငွေ၊ ချေးငှားငွေတွေကို အတိုးနှုန်းသက်သက်သာသာနဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေကို ထုတ်ချေးပေးနေတဲ့ ချေးငွေတွေ (SME Loan) ဆိုပြီး ဖြစ်ပါတယ်။ ဒီချေးငွေတွေဟာ အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေ၊ ငွေရေးကြေးရေးကုမ္ပဏီတွေနဲ့ ဘဏ်တွေကတဆင့် လူထုလက်ထဲကို နည်းမျိုးစုံနဲ့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အဖွဲ့အစည်းတချို့က လုံလောက်တဲ့ ပညာပေးတာတွေ လုပ်ပေမယ့် အများစုက ပညာပေးဖို့ထက် ချေးငွေ ထုတ်ချေးပေးရာမှာ အာမခံခိုင်မာဖို့နဲ့ ဆုံးရှုံးနိုင်ခြေအနည်းဆုံးဖြစ်ရေးကိုပဲ ဦးတည်ဆောင်ရွက်နေကြတာများပါတယ်။ အမြတ်အစွန်းရရှိရေးအတွက် အရေအတွက် များများထုတ်ချေးနိုင်ရေးနဲ့ အတိုးနှုန်းမှန်မှန်ရရှိရေးတွေကိုသာ အလေးပေးဆောင်ရွက်နေကြတာကိုလည်း တွေ့ရှိရပါတယ်။ တကယ်တော့ ချေးငွေဆိုတာ ထုတ်ချေးပေးလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ ချေးယူသူအတွက်လည်း ချေးငွေလျှောက်ထားချိန်မှာ ရဖို့အတွက် အစွမ်းကုန် အားထုတ်လုံ့လစိုက်ကြပေမယ့် ရပြီးနောက်တော့ ရလာတဲ့ချေးငွေကို သုံးသင့်တဲ့နေရာတွေမှာ အမှန်တကယ် အသုံးပြုနိုင်ဖို့ စိစစ်အားထုတ်တာ နည်းပါးလှတာကို တွေ့ရပြန်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လည်း ကြွေးဆုံးတွေ ဖြစ်ပေါ်လာတတ်တာဖြစ်ပါတယ်။

ငွေချေးပေးတဲ့အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ မတည်ရင်းနှီးငွေထဲက ထုတ်ချေးတာရှိသလို၊ အများပြည်သူ အပ်နှံငွေထဲကနေ ထုတ်ချေးတာမျိုးလည်း ရှိပါတယ်။ တခြားအဖွဲ့အစည်းတွေကတဆင့်ယူချေးပေးတာမျိုးလည်း ရှိပြန်ပါတယ်။ ဒီအတွက် ချေးငှားပေးလိုက်တဲ့ငွေကြေးတွေ မဆုံးရှုံးစေဖို့ကို အမြဲတမ်း ဦးစားပေး စဉ်းစားကြလေ့ရှိပါတယ်။ ဒီလိုစဉ်းစားရမှုတွေကြောင့်လည်း သေချာတဲ့လုပ်ငန်းကိုပဲ ချေးချင်ကြတယ်။ ခိုင်မာတဲ့ အာမခံတစ်ခုခုကို ယူထားချင်ကြပါတယ်။ တကယ်တော့ ချေးငွေရယူတဲ့ လုပ်ငန်းနဲ့ ငွေချေးအဖွဲ့အစည်းတွေဟာ လုပ်ငန်းအကျိုးစီးပွားတူတဲ့ မိတ်ဖက်တွေပဲဖြစ်ပါတယ်။ ချေးငွေရယူသူရဲ့ လုပ်ငန်းကိုင်ငန်း မကောင်းမွန်ရင် နှစ်ဦးနှစ်ဖက်စလုံး အကျိုးစီးပွားကို ထိခိုက်တတ်တာ ဓမ္မတာပါပဲ။ ဒါကြောင့် ငွေချေးအဖွဲ့အစည်းတွေက ချေးငွေများများထုတ်ပေးနိုင်ရေးနဲ့ အတိုးမှန်မှန်ရရှိရေးတစ်ခုတည်းကို အာရုံစိုက်လို့ မရတော့ပါဘူး။ ကိုယ့်ရဲ့ မိတ်ဖက်ဖြစ်တဲ့ ချေးငွေရယူသူလုပ်ငန်းအတွက် လိုအပ်တဲ့ အကြံကောင်း ဥာဏ်ကောင်းကို ပေးနိုင်ရပါမယ်။ သတင်းအချက်အလက်ပေးဝေတာ၊ ဆုံးရှုံးနိုင်ခြေတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့သတိပေးမှုတွေ လုပ်ပေးတာမျိုးအပြင်၊ ငွေကြေးစီမံခန့်ခွဲမှုအကြောင်းကို သင်ကြားပေးသင့်ပါတယ်။ ကိုယ့်မိတ်ဖက်လုပ်ငန်းတွေရဲ့ တိုးတက်အောင်မြင်မှုဟာ ကိုယ့်အတွက်အကျိုးရှိသလို၊ ကိုယ်တာဝန်ယူထားရတဲ့ အများပြည်သူအပ်နှံငွေအတွက်လည်း ဆုံးရှုံးနိုင်ခြေနည်းသွားစေ ပါလိမ့်မယ်။

မြန်မာနိုင်ငံက ငွေချေးအဖွဲ့အစည်းတွေကနေ ခုနောက်ပိုင်း သင်တန်းပေးတာတွေ အကြံဥာဏ်ပေးတာတွေ စလုပ်နေကြပါပြီ။ ဒါပေမယ့် ချေးငွေ ဘယ်လို ရယူမလဲဆိုတာကိုပဲ ဦးစားပေး သင်ကြားပေးနေကြတာကို တွေ့ရပါတယ်။ ရလာတဲ့ ချေးငွေကို ဘယ်လို ရင်းနှီးမြှုပ်နှံပြီး ကာလဘယ်လောက်မှာ ဘယ်နည်းနဲ့ ပြန်ဆပ်မယ်ဆိုတာမျိုးကို အကြံပေးနိုင်တာမျိုး မတွေ့ရသေးပါဘူး။ တခြားနိုင်ငံတွေမှာတော့ ဘဏ်လုပ်ငန်းထဲက ဝန်ထမ်းဆိုတာမှာ အကြံဥာဏ်ပေးနိုင်တဲ့ ငွေကြေးစီမံခန့်ခွဲမှုအကြောင်းကို နားလည်တဲ့ ဝန်ထမ်းတွေကို သီးခြားလေ့ကျင့်သင်ကြားပေးပြီး အသုံးပြုနေကြတာ ကြာပါပြီ။ ကျွန်တော်တို့ဆီမှာလည်း ပုဂ္ဂလိကဘဏ်တချို့က နိုင်ငံတကာပုံစံကို ပြောင်းလဲနိုင်ဖို့ စတင်ကြိုးစားနေတာလေးတွေ တွေ့နေရပေမယ့် အများစုကတော့ လမ်းဟောင်းအတိုင်း သွားနေတုန်းပဲ ရှိပါသေးတယ်။ ဒါကြောင့် အားလုံးက လမ်းသစ်ကို ဖောက်နိုင်ဖို့ ဒီအချိန်မှာ အားထုတ်သင့်နေပြီဖြစ်ပါတယ်။

ချေးငွေရယူသူတွေအနေနဲ့လည်း ကိုယ့်နိုင်ငံရဲ့ အခြေအနေကို သဘောပေါက်အောင် လေ့လာထားသင့်ပါတယ်။ နိုင်ငံဟာ နိုင်ငံရေးစနစ်တစ်ခုတည်း ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ အစစအရာရာ ပြောင်းလဲနေပါပြီ။ တချို့ပြောင်းလဲမှုတွေဟာ မြန်ဆန်လွန်းလို့ နာရီပိုင်းအတွင်းတောင် ခေတ်နောက်ကျကျန်ခဲ့တဲ့ ခံစားချက်မျိုးကို ဖြစ်စေနိုင်ပါတယ်။ သတင်းစီးဆင်းမှု ပိုမိုမြန်ဆန်လာတယ်၊ လူတစ်ဦးချင်းရဲ့ စိတ်နေစိတ်ထားတွေ ပိုမိုလွတ်လပ်လာတယ်၊ အကောင်းအဆိုး ဝေဖန်ထုတ်ပြောဖို့ကို ဝန်မလေးကြတော့ဘူး၊ နီးစပ်သူတွေအခွင့်အရေးပိုရတဲ့ လက်သင့်ရာစားတော်ခေါ်တဲ့အလေ့အထတွေ အများကြီးလျော့ကျသွားပြီ။ လုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်ရမှုက ကိုယ့်မြို့ကိုယ့်နယ် ယှဉ်ပြိုင်မှု မဟုတ်တော့ဘဲ အင်တာနက်ကြောင့် နိုင်ငံလုံးချီယှဉ်ပြိုင်ရမှုမျိုး ရှိလာသလို၊ ဒေသတွင်းနိုင်ငံတွေက လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်ရတာတွေ ရှိလာနေပြီဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်တည်း လုပ်ခွင့်ရလို့ အမြတ်အစွန်းကို လိုချင်သလောက် ရနိုင်တယ်ဆိုတာမျိုးအစား ကိုယ်လိုလူတွေအများကြီးထဲကနေ ကိုယ်က ဘာကို ပိုကောင်းအောင်လုပ်ပေးမလဲဆိုတဲ့ မတူထူးခြားမှုကို ထပ်ဖြည့်ပေးရင်း ခပ်ပါးပါး အမြတ်အစွန်းပေါ်ကနေ လုပ်ငန်းလည်ပတ်စရိတ်ကို စိစိစစ်စစ် သုံးစွဲရမယ့် ခေတ်လည်းဖြစ်သွားပါပြီ။ ဒါကို သတိကြီးကြီးထားပြီး စီးပွားရေးလုပ်ကြမှသာ အကျိုးအမြတ်ဖြစ်ထွန်းမှာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်အများစုက ဘဏ်ချေးငွေရရင် ပျော်ပြီး၊ ဘဏ်အရာရှိကြီးတွေကို ကျေးဇူးတင်ကြ။ ကျွေးကြမွေးကြ။ လက်ဆောင်တွေ ပေးကြကမ်းကြနဲ့ရယ်။ တကယ်တော့ အဲဒီ ချေးငွေဆိုတာ ပြန်ဆပ်ရမယ်ဆိုတာကို မမေ့သင့်ပါ။ ဘယ်လို ဆပ်ရမလဲဆိုရင် အတိုးနဲ့တကွ ဆပ်ရမှာဖြစ်ပါတယ်။ အတိုးဆိုတာကလည်း ၃ လ တစ်ကြိမ် ပေးသွင်းရမှာ ဖြစ်ပါတယ်။ တစ်နှစ်ပြည့်လို့ ချေးငွေ သက်တမ်းတိုးတဲ့အချိန်မှာ အခန့်မသင့်ရင် ချေးထားတဲ့ ချေးငွေကို ယာယီပြန်ပြဖို့ ဘဏ်က တောင်းဆိုတာမျိုးလည်း ကြုံရနိုင်ပါသေးတယ်။ ဒါကြောင့် ဘဏ်ချေးငွေရရင် ဘယ်လိုပုံစံ ပြန်ဆပ်မလဲ။ ပြန်ဆပ်နိုင်အောင် ဘယ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမလဲ။ အကောင်းဆုံးအသုံးပြုမှုက ဘာလဲဆိုတာကို သေသေချာချာ စဉ်းစားကြဖို့ လိုအပ်ပါတယ်။ စဉ်းစားပါ။ ဆုံးဖြတ်ပါ။ အလုပ်လုပ်ပါ။ ချေးငွေပြန်ဆပ်ပြီး အမြတ်ကျန်တယ်ဆိုမှသာ ပျော်ကြရမှာဖြစ်ပါတယ်။

အချုပ်ပြောရရင်တော့ ငွေကြေးအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ အဲဒီအဖွဲ့အစည်းတွေကနေ ချေးငွေရယူသူ လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ် အရင်လို ငွေချေးပေးသူနဲ့ ငွေချေးယူသူဆိုတဲ့ ဆက်ဆံရေးဟာ လုံလောက်တဲ့ ဆက်ဆံရေးမဟုတ်တော့ပါဘူး။ နှစ်ဖက်စလုံးက ဒီငွေကို အကျိုးရှိအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို စာရွက်တွေပေါ်မှာ အစည်းအဝေးတွေထဲမှာ အဖြေအရင်ရှာကြရမှာဖြစ်ပါတယ်။ အထူးသဖြင့် ငွေကြေးအဖွဲ့အစည်းတွေက ချေးငွေမပေးခင် ချေးငွေရဲ့ သဘောတရားကို ချေးငှားသူသိအောင် ပညာများများပေးသင့်ပါတယ်။ ချေးငွေဆိုတာ အတိုးနဲ့တကွ ပြန်ဆပ်ရတဲ့ အမျိုးဆိုတာကို မမေ့ဖို့နဲ့ ပုံမှန်အခြေအနေမှာ ဘဏ်နဲ့ တရားဆိုင်လို့ အမြတ်ထွက်သူ မရှိနိုင်ဘူးဆိုတာကို သေသေချာချာ ရှင်းပြပေးရပါမယ်။ ဒါကြောင့် ဒီငွေကို ပြန်ဆပ်နိုင်ဖို့ ဘယ်လို ခွဲဝေသုံးစွဲမယ်ဆိုတာကို အကြံဥာဏ်ပေးသင့်ပါတယ်။ သင်ကြားဖို့လိုအပ်တယ်ဆိုရင်လည်း သင်ကြားပြသပေးကြရမှာဖြစ်ပါတယ်။ ငွေရေးကြေးရေးအဖွဲ့အစည်းဆိုတာ ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ ငွေမချေးခင် ငွေသုံးတတ်သူတွေဖြစ်စေဖို့ အားလုံးက အလေးဂရုပြုကြမှာ ဖြစ်ပါတော့တယ်။

Democracy Today, 6/114, 1-5-2019

အားလုံး Ok Is Ok?
17/05/2018

အားလုံး Ok
Is Ok?

လက်တွဲလုပ်ကိုင်ကြသောMy  All  Os များအားလုံးကျေးဇူးပါနော်😘😘😘
17/05/2018

လက်တွဲလုပ်ကိုင်ကြသော
My All Os များအားလုံးကျေးဇူးပါနော်
😘😘😘

Welcome December!
29/11/2017

Welcome December!

11/11/2017

အောင်မင်္ဂလာအဝေးပြေးပို့ရန် ထုတ် ရှိပါက
09 9515 84236 or CB
ကိုဆက်သွယ်ပါနော်
နေ့စဉ်လမ်းကြောင်းရှိပါတယ်
⛤⛥⛦⛧⛧⛧⛧⛧⛧
(ပစ္စည်းပျောက်ဆုံးမှုမရှိစေရ)
လုံခြုံ စိတ်ချ ယုံကြည်စွာ
အပ်နိုင်ပါတယ်ရှင့်

18/09/2017
16/09/2017

သီတင်းကျွတ်​ အထူးအစီအစဉ်​ပါ​နော်
👍👍👍 ​ငွေကြိုရှင်း​ပေးပါမည်​👍👍👍

10 အထက်​ Delivery အပ်​​သော

Customer များအား

📢 ရန်​ကုန်​မြို့တွင်း 📢
👉1နေရာ👈 Delivery Free 👏👏👏
ပို့​ပေးမယ့်​ အစီအစဉ်​​လေးရှိ​နေပါတယ်​​နော်

October လ (1.10.2017 to 31.10.2017)ထိ

ပဲမို့ အခုချိန်​ကစ

Online Shopping လုပ်​​ငန်းရှင်​များ အားလုံး

09-455 040 781/ 09- 422 423 215/
Viber/ CB မှာ ဆက်​သွယ်နိုင်​ပါပီရှင့်

အရင်​အပ်​သူများအား ဦးစား​ပေးစီစဉ်​​ပေးမှာဖြစ်​လို့

အခုအချိန်​ကစ Noti ​ပေးနိုင်​ပါပီရှင့်

😊 All My Customers များအား ​ကျေးဇူးတင်​ပါတယ်​ရှင့်

နှစ်​သစ်​မှာလူတိုင်း လူတိုင်းအပြုံးကိုယ်​စီ ပိုင်​ဆိုင်​နိုင်​ပါ​စေရှင့်
31/12/2016

နှစ်​သစ်​မှာ

လူတိုင်း လူတိုင်း

အပြုံးကိုယ်​စီ ပိုင်​ဆိုင်​နိုင်​ပါ​စေရှင့်

အောင်မြင်သော စီးပွားရှင်များဖြစ်ဖို့ဇွဲ လုံလ ဝီရိယ များနှင့်အောင်မြင်မှုဆီသို့
16/10/2016

အောင်မြင်သော စီးပွားရှင်များဖြစ်ဖို့

ဇွဲ လုံလ ဝီရိယ များနှင့်

အောင်မြင်မှုဆီသို့

All online shopping owner   :)
15/09/2016

All online shopping owner
:)

30/08/2016

Happy Life Home deliveryservice
အတွင်းနေထိုင်ကျသော
မိဘပြည်သူများအဆင်ပြေစေရန်အတွက်
အောင်မင်္ဂလာအဝေးပြေး နှင့် ဒဂုံဧရာအဝေးပြေး ဂိတ်များသို့
ပစ္စည်းလွှဲအပ်ပေးခြင်း
ပစ္စည်းထုတ်ယူပို့ဆောင်ပေးခြင်းများ
ကိုလည်းချိုသာသောနှုန်းထားများဖြင့်
အိမ်တိုင်ရာရောက် ယုံကြည် စိတ်ချ လျှင်မြန်စွာ အထူးဝန်ဆောင်မှု့
ပေးနေပြီဖြစ်ပါကြောင်းဂုဏ်ယူစွာ တင်ပြအပ်ပါသည်ရှင့်

ဆက်သွယ်ရန် ဖုန်း 09455040781
ဖုန်း 09422423215

လိုအပ်သည်များကိုလည် Chart box တွင်သော်လည်းကောင်း
ဖုန်းဖြင့်သော်လည်းကောင်းမေးမြန်းနိုင်ပါသည်။
ကျေးဇူးတင်စွာဖြင့်​ :) :) :)

Address

Yangon
SHWEBO

Alerts

Be the first to know and let us send you an email when Happy Life Home Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share