B I L L I O N A I R E Lottery

B I L L I O N A I R E   Lottery B I L L I O N A I R E Lottery

29/04/2022

နောက်ဆုံးနေ့များဆီအထိ မေတ္တာတရားတွေ
ငါ့အပေါ်ထားနိုင်မလား ငါ မျှော်လင့်မိပါတယ်
ငါ ယုံစားမိပါတယ်
ငါပဲရူးနှမ်းခဲ့တာ အပြစ်ရှိသမျှ ငါ့အပေါ်ပုံချလိုက်ပါတော့
ဘယ်တော့မှ လှည့်မကြည့်နဲ့ ဘာတစ်ခုမှ မငဲ့ညှာနဲ့
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ အဆုံးလှည့်စားလိုက်တာတွေ ...
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ တစ်ဆုံးလှည့်စားခဲ့တာတွေ ...

အခွင့်အရေးလည်း မရှိပါဘူး မင်းခြေလှမ်းတွေ တခြားနေရာ သွားချိန်မှာ
ဘယ်လို ငါက လိုက်ရှာမလဲ ဘယ်လို ငါ တားဆီးနိုင်မလဲ
ငါပဲစချစ်မိတာ အပြစ်ရှိသမျှ ငါ့အပေါ်ပုံချလိုက်ပါတော့
ဒါဟာ ကိုယ့်ထိုက်ကိုယ့်ကံပဲ ငါ ဘာတစ်ခုမှမတတ်နိုင်ခဲ့
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ အဆုံးလှည့်စားလိုက်တာတွေ ...
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ တစ်ဆုံးလှည့်စားခဲ့တာတွေ ...

ဘယ်ဟာအမှန် ဘယ်ဟာအမှား အချစ်အားကြီးတော့ ခွဲခြားမရ
သံကြိုးများလို ခိုင်မာတဲ့ နှောင်ဖွဲ့ထားသမျှ မေတ္တာကို
ငါ ဘယ်လိုဖြတ်မလဲ
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ အဆုံးလှည့်စားလိုက်တာတွေ ...
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ တစ်ဆုံးလှည့်စားခဲ့တာတွေ ...

ဖြူဖြူကျော်သိန်း - လှည့်စားလိုက် (Cover By Ko Htett)

15/08/2021

🎼 မနိုးပါစေနဲ့မိုးရယ် 🎼

မိုးတိမ်တွေမည်းနက်ရိပ်နဲ့ အာကာပြင်မှာထင်ခြယ်
လျှပ်နွယ်လျှပ်ပန်း ငှက်များရဲ့ အော်မြည်သံတို့ကြောက်စဖွယ်
မင်းဟိုတစ်ခါပြောဖူးခဲ့တဲ့ ဒဏ္ဍာရီလေးရှိတယ်
မိုးခြိမ်းရင် မေ့ရဲ့ရင်မှာကြောက်စိတ်တွေ၀င်မိတယ်
ကောင်းကင်ကိုမော့ကြည့်ရင်းနဲ့ ရင်မှာပူပင်လာတယ်
အခုဆိုရင်မင်း‌ကလေးတစ်ယောက် ကြောက်နေရှာရော့တော့မယ်
ဟိုစဥ်မှာမင်းပုန်းစရာမောင့်ရင်ခွင်လေးနွေးသလို
ချစ်သူဆီ ထီးကိုယူလို့ ပြေးလာနေမိတော့တယ်...
မေအိပ်တဲ့အုတ်ဂူလေးထက်မှာ မောင်ထီးကလေးမိုးကာပေးပါ့မယ်
ဒီမိုးကလေးတိတ်ကာမသွားထိအောင် စောင့်ကာနေပါမယ်
မေအိပ်တဲ့အုတ်ဂူလေးနွေးအောင် လက်ကလေးနဲ့ထွေးကာပွေ့ထားမယ်
ရေစက်ကလေးများရွှဲစိုကာချမ်းလွန်းပါစေ မပြန်သေးပါကွယ်
မိုးရွာတာရပ်လိုက်ပေးပါ ဒေဝါအမ္ဗုန်ရှင်ရယ်
တောင်းပန်တယ် ကျွန်တော့်ရဲ့အချစ်
ချမ်းနေရှာရော့တော့မယ်
ပျော်ရွှင်စွာသူရဲ့အုတ်ဂူဖြူဖြူအိမ်ကလေးထဲမှာ
မှေးပျော်ကာအိပ်နေတာလေး 🎼 မနိုးပါစေနဲ့မိုးရယ် 🎼

ကိုင်ဇာ

12/12/2020

"ဘယ်လိုမေ့လို့ရမှာလဲ" - THE MARIONETTE

မင်းထင်သလောက် ငါ့သိက္ခာမဆင်းရဲ .....
ငါ့ခြေနဲ့ငါ လှည့်ထွက်သွားမယ် .....
အတိတ်တွေက လူကိုသတ်နေဆဲပဲ .....
ငါ့ခြေနဲ့ငါ ရပ်တည်သွားမယ် .....

ဒီအပေါစားမေးခွန်းများနဲ့ ငါ့ရင်ကို .....
မင်းရဲ့အပြုံးတုများနဲ့ ဆီးလို့ကြို .....
ဒါဆိုကြယ်တွေကြွေသော ညတွေကို .....
အကောင်းဆုံးညအသွင် ပြောင်းမယ်ဆို .....?
မင်းအတွက်ပေးခဲ့ဖူးတဲ့ အနမ်းတွေကို .....
သိမ်းဆည်းလိုက်ပါ ငါ့အတွက်အပို .....
ငါယုံကြည်နေခဲ့သော နေ့တွေကို မင်းမေ့လို့ ရနိုင်ခဲ့ပြီ .....

မင်းမြင်သလောက် ညတွေအလင်းမဲ့ .....
ငါ့အိပ်မက်နေ့တွေ ခြောက်ကပ်လွန်းလည်း .....
အတိတ်တွေက လူကိုသတ်နေဆဲပဲ .....
ငါ့ရင်ထဲမှာမင်းဟာ အကြွင်းမဲ့ .....

ငါတစ်နေ့နေ့ မင်းရဲ့ရှေ့သို့ရောက်နိုင်ရင် .....
မင်းလည်းအပြုံးတုများနဲ့ ဆီးလို့ကြို .....
ဒါဆိုကြယ်တွေကြွေသော ညတွေကို .....
အကောင်းဆုံးညအသွင် ပြောင်းမယ်ဆို .....?
မင်းအတွက်ပေးခဲ့ဖူးတဲ့ အနမ်းတွေကို .....
သိမ်းဆည်းလိုက်ပါ ငါ့အတွက်အပို .....
ငါယုံကြည်နေခဲ့သော နေ့တွေကို ဘယ်လိုမေ့လို့ရနိုင်မလဲ .....
ယုံကြည်သူ ယုံလွယ်သူ လမ်းဆက်လျှောက်နေခဲ့အတူ .....
ဒီလောကကြီးထဲမှာ ငါချစ်ခဲ့ပြီးသားပါမင်းနဲ့ ဒီအပြုံးလည်းအတူ .....

ငါတစ်နေ့နေ့ မင်းရဲ့ရှေ့သို့ရောက်နိုင်ရင် .....
မင်းလည်းအပြုံးတုများနဲ့ ဆီးလို့ကြို .....
ဒါဆိုကြယ်တွေကြွေသော ညတွေကို .....
အကောင်းဆုံးညအသွင် ပြောင်းမယ်ဆို .....?
မင်းအတွက်ပေးခဲ့ဖူးတဲ့ အနမ်းတွေကို .....
သိမ်းဆည်းလိုက်ပါ ငါ့အတွက်အပို .....
ငါယုံကြည်နေခဲ့သော နေ့တွေကို ဘယ်လိုမေ့လို့ရနိုင်မလဲ .....
ယုံကြည်သူ ယုံလွယ်သူ လမ်းဆက်လျှောက်နေခဲ့အတူ .....
ဒီလောကကြီးထဲမှာ ငါပြည့်စုံပြီးသားပါ မင်းနဲ့အတူ .....

09/12/2020

နေရယ်၊ လရယ်၊ အမှန်တရား ...
နေရယ်၊ လရယ်၊ အမှန်တရား ...
နေရယ်၊ လရယ်၊ အမှန်တရားတဲ့ ...
ဖုံးကွယ်လို့မရတဲ့ သစ္စာတရား ...
နေရယ်၊ လရယ်၊ အမှန်တရားတဲ့ ...
ဖုံးကွယ်လို့မရတဲ့ သစ္စာတရား ...

လှိုင်းကြမ်းလေ မုန်တိုင်းကြမ်း ...
တစ်ခါတစ်လေမှာ ဘဝဇာတ်လမ်း ...
မှန်းရမလွယ် လမ်းတွေလွဲ ကယ်သူမယ့် ရေး ...
လူသားကို လူသားကလေ ပြန်ဖျက်စီးကြ ...
အမှန်တရားများ ပျောက်ကွယ်လည်း ခဏပါပဲ ...

နေရယ်၊ လရယ်၊ အမှန်တရားတဲ့ ...
ဖုံးကွယ်လို့မရတဲ့ သစ္စာတရား ...
နေရယ်၊ လရယ်၊ အမှန်တရားတဲ့ ...
ဖုံးကွယ်လို့မရတဲ့ သစ္စာတရား ...

တို့ရဲ့မြေ ကြုံတွေ့ရ လူတွေရဲ့ မောဟများ
အတောမသတ်နိုင် ကမ်းမမြင်လည်း ဒီလူသားကပင်
ဥပဒေဟာ အမှန်တရားပဲ အမှန်ကိုပဲ ဆုံးဖြတ်ရမယ်
အမှန်တရားရဲ့ အလင်းရောင်များ ရှိနေရမယ် ...

နေရယ်၊ လရယ်၊ အမှန်တရားတဲ့ ...
ဖုံးကွယ်လို့မရတဲ့ သစ္စာတရား ...
နေရယ်၊ လရယ်၊ အမှန်တရားတဲ့ ...
ဖုံးကွယ်လို့မရတဲ့ သစ္စာတရား ...
နေရယ်၊ လရယ်၊ အမှန်တရားတဲ့ ...
ဖုံးကွယ်လို့မရတဲ့ သစ္စာတရား ...
နေရယ်၊ လရယ်၊ အမှန်တရားတဲ့ ...
ဖုံးကွယ်လို့မရတဲ့ သစ္စာတရား ...

နေရယ်၊ လရယ်၊ အမှန်တရားရယ်

Address

Orchard Road
Yangon

Website

Alerts

Be the first to know and let us send you an email when B I L L I O N A I R E Lottery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to B I L L I O N A I R E Lottery:

Share