PAUNG PAUNG BABY SHOP

PAUNG PAUNG BABY SHOP Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PAUNG PAUNG BABY SHOP, Business service, Ahlone Township, Yangon.

ထူးချွန်တဲ့ ကလေးတွေကို ဒီလိုပျိုးထောင်ကြပါတယ်။+++++++++++++++++++++++++++++++++++၁။ နေ့တိုင်း အနည်းဆုံး နာရီ၀င်ခန့် အချိ...
11/10/2024

ထူးချွန်တဲ့ ကလေးတွေကို ဒီလိုပျိုးထောင်ကြပါတယ်။
+++++++++++++++++++++++++++++++++++

၁။ နေ့တိုင်း အနည်းဆုံး နာရီ၀င်ခန့် အချိန်ယူပြီး သင့်ကလေးနဲ့ ဆွေးနွေးပါ။

၂။ အိမ်မှာနေတယ်ဆိုပေမဲ့လည်း “ မင်္ဂလာပါ။ Good morning, Good night, စတဲ့ ယဉ်ကျေးတဲ့ စကားတွေနဲ့ နူတ်ဆက်သင့်ပါတယ်။

၃။ ကလေးများ ငယ်စဉ်မှ စ၍ တစ်ကိုယ်ရည် သန့်ရှင်းရေး ကို အကျင့်ပါပါစေ။

၄။ ကလေးရဲ့ စိတ်တွင်းစကားကို သေသေချာချာ နားထောင်ကြည့်ပါ။
စိတ်ရှည်ပါ။ မေတ္တာအပြည့်အ၀ သုံးပါ။ ပျော်ရွှင်တဲ့စိတ်နဲ့ နားထောင်ပေးပါ။

၅။ ကလေးကို သတိပေးတယ်ဆိုပြီးတော့မှ ကလေးရဲ့ အနာဟောင်းကို ခဏခဏ သွားမဆွ ပါနဲ့

၆။ ကလေးအပြစ်တစ်ခုခု လုပ်မိရင် လေးလေးနက်နက် သဘောထားပြီး ရှင်းပြပါ။ ဆုံးမပါ။

ရ။ မိဘဆိုပြီးတော့မှ အမြဲတမ်း မျက်နာကြီး တည်မနေပါနှင့်၊ ကလေးတွေနဲ့ အတူ ရယ်မောနိုင်ပါစေ။ရယ်မောသံဟာ ကလေးတွေကို သူတို့ဘ၀ကို ပိုမို နှစ်သက်စေပါတယ်။
အပြုသဘော ပိုဆောင်ပါတယ်။ဘယ်အရာမဆို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ ပါးပါး ကြည့်မြင်တတ်တဲ့ အကျင့် ရှိသွားစေတတ်ပါတယ်။

၈။ ကလေးတွေကို ပုံ ပြင်ပြောပြတဲ့အခါ စိတ်ရှည်ပါ။ အကျိုးဖြစ်ထွန်းစေမဲ့ ပုံပြင်ကို ရွေးဖတ်ပြပါ။

၉။ ကိုယ်ဘ၀မှာ မအောင်မြင်ခဲ့တဲ့ ရည်ရွယ်ချက်တွေကို ကလေးအပေါ် ပုံမလွှဲပြောင်းပါနဲ့၊ မပုံချပါနဲ့

၁၀။ ကလေးရဲ့ အခြေအနေမှန်အပေါ် မူတည်ပြီး နေ့စဉ်နေ့တိုင်း ကလေးရဲ့ တိုးတက်ဖြစ်ထွန်းမူ တစ်ခုခု ကို စဉ်းစား အကြံအဥာဏ်ထုတ်ကြည့်ပါ။

၁၁။ ငယ်ရွယ်တဲ့ ကလေးများကို သူတို့ အဖိုးအဖွားတွေနဲ့ အချိန်အကြာကြီး မထားပါနှင့်၊ သားမှာအချစ်၊ မြေးမှာ အနှစ်၊ အနှစ်လွန်သွားရင် ကလေးကို လမ်းမှန်ပြန်ရောက်အောင် ပြန်ခေါ်ဆောင်ရတာ ခက်ခဲတတ်တယ်။ သုတေသန အရ မျိုးဆက်ကျော် ပျိုးထောင်မူ ဟာ ကလေးကို ထိခိုက်တတ်တဲ့ သာဓကတွေ အများကြီး တွေ့ရှိနေပါပြီ။

၁၂။ ကလေးများကို ပြုံးတတ်အောင် ငယ်စဉ်ကစပြီး သင်ကြားပေးထားပါ။

၁၃။ ကလေးများကို လွယ်လွယ်နဲ့ ဟိုဟာ၀ယ်ပေးမယ်။ ဒီခေါ်လည်မယ်လို့ ကတိပေးမလွယ်ပါနှင့်၊ ကတိပေးခဲ့ရင် ကတိကို ရအောင်အကောင်အထည်ဖေါ်ပါ။

၁၄။ မိဘများအနေနဲ့ နေရာလဲလည်ပြီး စဉ်းစားတတ်တဲ့အကျင့်ရှိပါစေ၊ ငါသူတို့အရွယ်တုန်းကကောဘယ်လို အနေအထားမျိုး ရှိပါသလဲ၊

၁၅။ အခြားကလေးထက် ညံံ့တယ်၊ အခြားကလေးကို ဘယ်နေရာမှာ မမှီဘူး လို့ ဘယ်တော့မှ မပြောမိစေနဲ့

၁၆။ ကလေးကို ချီးကျူးဖို့ အကြောင်းအရာ အမျိုးမျိုး ကို ရှာဖွေပါ။ ရက်ရက်ရောရော အသိအမှတ်ပြုပါ။ ချီးကျူးပါ။

၁၇။ ကလေးကို ဘယ်တော့အခါမှ မခြိမ်းခြောက်ပါနှင့်၊ အထူးသဖြင့် ဘာသာရေး ပုံပြင်များဖြင့် အခြိမ်းခြောက်ပါနှင့်

၁၈။ ကလေးကို လူရှေ့သူရှေ့တွင် မဆဲဆိုမိပါစေနှင့်၊ မလှောင်ပြောင်မိ ပါစေနှင့်၊ ကလေး ကိုယ့်ကိုကို ယုံကြည်ချက် ပျောက်ဆုံးသွားတတ်တယ်။

ကလေးပျိုးထောင်တဲ့ အကြောင်းအရာတွေကို မရေးဖြစ်တာတောင် အချိန်အတော်ကြာနေပါပြီ။ အဓိက ကတော့ ရေးစရာ အချက်အလက်တွေ ရေးရင်းရေးရင်းနဲ့ အပ်ကြောင်းထပ်လာလို့ပါ။ အမှန်တော့ ဘယ်နိုင်ငံပဲ ကြည့်ကြည့် ကလေးတွေ ပျိုးထောင်တဲ့ အခြေခံ အယူအဆတွေ သိပ် အကွာခြားကြီး မဟုတ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ရှည်ရှည် နဲ့ ကုန်ဆုံးအောင် ဖတ်ရူ့သူ မိဘများအားလုံးကို အစဉ် ကျေးဇူးတင်ပါတယ်။ အသုံး၀င် အကျိုး ပြု နိုင်ပါစေ။
Credit-Original Writer

မိဘများ ဆရာ/မများအားလုံး အတွက်ဗဟုသုတရစေမယ့် ပွဲလေးဖြစ်လို့ တက်ရောက်ကြဖို့ ဖိတ်ကြားပါရစေရှင့်။ပွဲလေးတက်ရောက်မယ်ဆိုရင် တီခ...
09/08/2024

မိဘများ ဆရာ/မများအားလုံး အတွက်ဗဟုသုတရစေမယ့် ပွဲလေးဖြစ်လို့ တက်ရောက်ကြဖို့ ဖိတ်ကြားပါရစေရှင့်။
ပွဲလေးတက်ရောက်မယ်ဆိုရင် တီချယ်စု စီမှာလည်းတိုက်ရိုက်စာရင်းပေးလို့ရပါတယ်ရှင့်။
09254116867
Talk Show Program
Main Topics are -
1. Speech and language
2. How to reduce the screen time
3. Inclusive education

Place-PBS Myanmar, G 103-105, Diamond Tower Ground Floor, Pyay Road, Yangon.
Date-11.8.2024 (Sunday)
Time-9 :00 AM to 11:30 AM

ပွဲသို့ တက်ရောက်လိုသော မိဘများအနေဖြင့် ကျောင်းဖုန်းနံပါတ် 09757775992 သို့ ဆက်သွယ်၍ Register ပြုလုပ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

30/06/2024

Super Sunday မူကြိုအတွက်interview ဝင်မည့်ဆရာ/မများအတွက်ပါ။
CV Form/ Certificate များ ယူလာပြီး
Interview 30.6.24 ညနေ2နာရီမှာဝင်လို့ရပါတယ်။

School location -ကြည့်မြင်တိုင်
အလံု
အလုပ်ချိန်-မနက်၈နာရီ ညနေ၄နာရီ
Monday to Friday

#လိုအပ်နေတဲ့ ရာထူးတွေကတော့
Main teacher-5post
Subject teacher-5post
Assistant teacher- 5post

Interview လာရောက်မည်ဆိုပါက 09254116867
သို့ ဖုန်းဆက် ၍ ကြိုစာရင်းပေးရပါမယ်ရှင့်။

21/06/2020

Happy Father's Day👨‍👦‍👦👨‍👧‍👦

Adminရဲ့ မီးမီး​လေး  ွေး​နေ့အထိမ်းအမှတ် စိတ်ကူးပုံ​ဖော်ဆွဲရ​အောင် ပုံဆွဲနည်းစာအုပ်(၅)အုပ်မဲပေါက်သူများဖြစ်ပါတယ်။1.Moe mo...
03/06/2020

Adminရဲ့ မီးမီး​လေး ွေး​နေ့အထိမ်းအမှတ်
စိတ်ကူးပုံ​ဖော်ဆွဲရ​အောင် ပုံဆွဲနည်းစာအုပ်(၅)အုပ်
မဲပေါက်သူများဖြစ်ပါတယ်။
1.Moe moe khaing
2.အေးမြချမ်း
3.Han Ni
4.Khin swe swe win
5.Phyo phyo lay
တို့ဖြစ်ပါတယ်။
အပ်ပေးမည်ဖြစ်ပါသောကြောင့်
မဲပေါက်သူများသည် မိမိတို့၏နေရပ်လိပ်စာအပြည့်အစုံကို
CB သို့ ပေးပို့ရမှာဖြစ်ပြီး အလုံသို့လာယူနိုင်သူများသည်
ဖုံးနံပါတ် ၀၉၂၅၄၁၁၆၈၆၇ သို့ ဆက်သွယ်၍ လာရောက်
ထုတိယူနိုင်ပါသည်။
(Deli ပို့ခကို မဲပေါက်သူများဘက်မှ ကျခံပေးရမည်ဖြစ်ပါသည်။)

ည​နေ5နာရီ ​မီးမီး​​လေး pinkyကိုယ်တိုင်liveလွှင့်ပြီးမဲနှိုက်​ပေးပါမယ်ရှင်🥰🥰
02/06/2020

ည​နေ5နာရီ ​မီးမီး​​လေး pinkyကိုယ်တိုင်liveလွှင့်ပြီးမဲနှိုက်​ပေးပါမယ်ရှင်🥰🥰

Address

Ahlone Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959254918122

Website

Alerts

Be the first to know and let us send you an email when PAUNG PAUNG BABY SHOP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share