Cloud vision myanmar

Cloud vision myanmar Consulting & Analyzing Service
Collaboration with other parties such as SI, App Developer, Telecom, etc.

CLOUD VISION TECHNOLOGY (MYANMAR) is an authorized distributor of innovative IT solutions, covering technology areas for every part of the Enterprise IT solution. Sales, Products & Technical Training
POC Testing
Pre-Sales & After-Sales Support
24x7 Critical Support
Next-Business-Day Production Support

HAPPY NEW YEAR!အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့  ပျော်ရွှင်ခြင်းအပြည့်ရှိတဲ့ နှစ်သစ်လေး ဖြစ်ပါစေလို့ ကျွန်တော်တိ...
01/01/2026

HAPPY NEW YEAR!

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ပျော်ရွှင်ခြင်းအပြည့်ရှိတဲ့ နှစ်သစ်လေး ဖြစ်ပါစေလို့ ကျွန်တော်တို့ Cloud Vision Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


မင်္ဂလာပါဒီနေ့ ကျွန်တော်တို့ DingTalk အကြောင်း အနည်းငယ်မိတ်ဆက်ပေးပါ့မယ်✅️ DingTalk သည် Alibaba Group မှ ဖန်တီးထားသော စီး...
03/05/2025

မင်္ဂလာပါ
ဒီနေ့ ကျွန်တော်တို့ DingTalk အကြောင်း အနည်းငယ်မိတ်ဆက်ပေးပါ့မယ်

✅️ DingTalk သည် Alibaba Group မှ ဖန်တီးထားသော စီးပွားရေးလုပ်ငန်းများအတွက် Smart Collaboration Platform ဖြစ်ပြီး၊ အဓိကအားဖြင့် အဖွဲ့အစည်းများ၊ ကျောင်းများနှင့် အဖွဲ့အစည်းများအတွက် ဆက်သွယ်ရေး၊ လုပ်ငန်းစီမံခန့်ခွဲမှုနှင့် အလုပ်လုပ်ဆောင်မှုများကို ပိုမိုထိရောက်စွာ စုစည်းပေးထားသည်။



မြန်မာနှစ်သစ်ကူးအခါသမယတွင် မြန်မာပြည်သူများအားလုံး ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်းနှင့် စည်ပင်သာယာခြင်းတို့ ပြည့်စုံပါစေဟု...
12/04/2025

မြန်မာနှစ်သစ်ကူးအခါသမယတွင် မြန်မာပြည်သူများအားလုံး ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်းနှင့် စည်ပင်သာယာခြင်းတို့ ပြည့်စုံပါစေဟု ကျွန်တော်တို့ Cloud Vision မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဤသင်္ကြန်ရေစင်တွင် ပူဆွေးသောကများ ကင်းစင်ပျောက်ကွယ်ကာ ပျော်ရွှင်မှုနှင့် အောင်မြင်မှုတို့ အစပျိုးခြင်းများ ရရှိပါစေ။


A Successful Event: Powering the Future of AI & Cloud Technology with Alibaba Cloud & Cloud Vision!2025 ခုနှစ် မတ်လ 5 ရက...
07/04/2025

A Successful Event: Powering the Future of AI & Cloud Technology with Alibaba Cloud & Cloud Vision!

2025 ခုနှစ် မတ်လ 5 ရက်နေ့၊ Wyndham Grand Yangon Hotel တွင် ကျွန်တော်တို့ Cloud Vision နှင့် Alibaba Cloud တို့ ပူးပေါင်းကျင်းပသောပွဲသို့ တက်ရောက်ပေးကြသော ဖိတ်ကြားထားသောကုမ္ပဏီအသီးသီးမှ ဧည့်သည်များအား အထူးပင်ကျေးဇူးတင်ရှိပါသည်။ အခမ်းအနားတွင် Alibaba Cloud ၏ Cloud Computing၊ AI နှင့် Big Data ဆိုင်ရာ အကြောင်းအရာများကို ‌‌အဓိကထားရှင်းပြခဲ့ပါသည်။ ယခုပြုလုပ်သည့်ပွဲသည် အကြံဥာဏ်များဖလှယ်ရန်၊ ခေတ်မီသောဖြေရှင်းနည်းများကို စူးစမ်းလေ့လာပြီး လုပ်ငန်းကျွမ်းကျင်သူများနှင့် ချိတ်ဆက်ရန်အတွက် မယုံနိုင်လောက်အောင်ကောင်းမွန်သော အခွင့်အလမ်းတစ်ခုဖြစ်သည်။

ယခုကျင်းပသော Event တွင် သက်ဆိုင်ရာနည်းပညာများကို ရှင်းလင်း‌ပြောကြားပေးကြသော Alibaba Cloud Malaysia မှ Siju၊ Lawrence & Chris နှင့် Accordia Solution – Bernard၊ DingTalk – Yang Shun တို့အား ကျွန်တော်တို့ Cloud Vision မှ အထူးကျေးဇူးတင်ရှိပါသည်။









06/04/2025
မင်္ဂလာပါခင်ဗျာ▶️ ကျွန်တော်တို့ Cloud Vision (Myanmar) Co., Ltd. မှ အသစ်ဖြန့်ချီမယ့် Product ဖြစ်တဲ့ Noname API Security...
20/02/2023

မင်္ဂလာပါခင်ဗျာ
▶️ ကျွန်တော်တို့ Cloud Vision (Myanmar) Co., Ltd. မှ အသစ်ဖြန့်ချီမယ့် Product ဖြစ်တဲ့ Noname API Security ရဲ့ Online Workshop လေးကို 2023 ခုနှစ် February လ 16 ရက်နေ့မှ 17 ရက်နေ့အထိ 2 ရက်တိတိကျင်းပပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ Online Workshop လေးကိုတက်ရောက်ပေးခဲ့ကြတဲ့ Customer ကုမ္ပဏီများ၊ Partner ကုမ္ပဏီများအားလုံးကို ကျွန်တော်တို့ Cloud Vision (Myanmar) Co., Ltd. မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

▶️ ထပ်မံပြီး Event များ Workshop များ စီစဉ်ဖြစ်တယ်ဆိုရင်လည်း Customer ကုမ္ပဏီများ၊ Partner ကုမ္ပဏီများအားလုံးကို ဖိတ်ကြားပေးသွားပါ့မယ်ခင်ဗျာ။



မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ Nutanix ရဲ့ Acropolis Operating System (AOS) ရဲ့ သဘောတရားကို အနည်းငယ်ရှင်းပြချင်ပါတယ်။▶️ AOS...
09/09/2022

မင်္ဂလာပါခင်ဗျာ
ဒီနေ့မှာတော့ Nutanix ရဲ့ Acropolis Operating System (AOS) ရဲ့ သဘောတရားကို အနည်းငယ်ရှင်းပြချင်ပါတယ်။

▶️ AOS က Nutanix ရဲ့ Enterprise Cloud OS တစ်ခုဖြစ်ပါတယ်။
▶️ Acropolis Hypervisor (AHV) က AOS ရဲ့ Virtualization Platform ဖြစ်ပါတယ်။
▶️ AHV မှာ High Availability (HA) feature ကလည်း Built-in ပါပါတယ်။
• AHV ရဲ့ HA ကိုအသုံးပြုနိုင်ဖို့အတွက် Nutanix Appliance တစ်ခုမှာ အနည်းဆုံး Node ၃ ခုကစပြီးသုံးပေးရပါတယ်။
• Node ၁ ခုခုက အကြောင်းအမျိုးမျိုးကြောင့် Failure ဖြစ်ခဲ့ရင်လည်း VM တွေက စက္ကန့်ပိုင်းအတွင်း အလိုလျောက် ပြန် Power On ပေးပါတယ်။
• ထို့အပြင် VM Snapshot, Clone, Migration နဲ့ Disaster Recovery (DR) တို့လို Security Feature တွေကလည်း Built-in ပါဝင်ပါသေးတယ်။
• AHV က တခြား Virtualization တွေဖြစ်တဲ့ VMWare, Hyper-V နဲ့ Citirx တွေရဲ့ VM တွေကိုလည်း Cross-Migrate လုပ်လို့ရပါတယ်။
• AOS က AHV အပြင် VMware ESXI, Microsoft Hyper-V, Citrix XenServer စတဲ့ တခြား Virtualization တွေကိုလည်းသုံးနိုင်ပါတယ်။
• AOS ကိုအခြေခံအားဖြင် Web-Scale Architecture နဲ့ တည်ဆောက်ထားပါတယ်။
• ဒါ့ကြောင့် On-Primises Sever ကို Cloud Sever တစ်ခုလိုပဲ အလွယ်တကူနဲ့ တိုး/လျော့နိုင် Manage လုပ်နိုင်ပါတယ်။
• AOS ကို Nutanix Hardware အပြင် တခြား Hardware တွေနဲ့လည်းတွဲဖက်အသုံးပြုနိုင်ပါသေးတယ်။
• ဒါ့အပြင် တခြား Cloud Services တွေနဲ့လည်း အတူတွဲပြီး Hybrid Cloud အနေနဲ့လည်းသုံးနိုင်ပါတယ်။

Nutanix ရဲ့ အမျိုးမျိုးသော Feature တွေကိုလည်း ဆက်လက်ပြောပြပေးသွားပါဦးမယ်နော်



မင်္ဂလာပါခင်ဗျာဒီနေ့ Nutanix (HCI) ရဲ့  Native Hypervisor ဖြစ်တဲ့ Acropolis Hypervisor (AHV) နဲ့ Prism Management Consol...
19/08/2022

မင်္ဂလာပါခင်ဗျာ
ဒီနေ့ Nutanix (HCI) ရဲ့ Native Hypervisor ဖြစ်တဲ့ Acropolis Hypervisor (AHV) နဲ့ Prism Management Console တွေအကြောင်းအနည်းငယ် မိတ်ဆက်ပေးသွားပါမယ်။

▶️ Acropolis Hypervisor (AHV) က KVM-based hypervisor ဖြစ်ပါတယ်။
- AHV မှာ Starter, Pro, Ultimate ဆိုပြီး Edition ၃ မျိုးရှိပါတယ်။
- Nutanix Appliance နဲ့အတူ AHV ရဲ့ Starter Version က Free ပါဝင်ပါတယ်။
- Free ပါဝင်တဲ့ Starter Version ကလည်း အခြေခံအားဖြင့် Nutanix Appliance ၃ခု ဒါမှမဟုတ် Node ၁၂ခုထိ သုံးနိုင်ပါတယ်။
- Node ၁၂ခုထက်ပိုသွားမှသာ Pro နဲ့ Ultimate License တစ်ခုခုကို Upgrade လုပ်ပေးရမှာဖြစ်ပါတယ်။
- AHV ရဲ့ License Version တွေကိုတော့ Node အရေအတွက်အကန့်အသတ်မရှိ ထပ်တိုးနိုင်ပါတယ်။

▶️ Prism ကလည်း AHV ရဲ့ Management Console ဖြစ်ပြီး Free အသုံးပြုနိုင်ပါတယ်။
- Prism က Web-based Console တစ်ခုဖြစ်တာကြောင့် Browser တစ်ခုခုမှ လွယ်ကူစွာပဲ အသုံးပြုနိုင်ပါတယ်။
- DC တစ်ခုလုံးကိုလည်း Prism ကနေပဲ One-Click Operation များဖြင့် အလွယ်တကူ Manage လုပ်နိုင်ပါတယ်။
- AHV အပြင် တခြား Hypervisor တွေဖြစ်တဲ့ VMware, Hyper-V နဲ့ Citrix တွေကိုလည်း Prism ကနေ Manage လုပ်နိုင်ပါတယ်။
- Prism ကို Prism Element နဲ့ Prism Central ဆိုပြီး ၂မျိုးထပ်ခွဲလို့ရပါတယ်
- Prism Element ကတော့ Cluster တစ်ခုတည်းကို Manage လုပ်တာဖြစ်ပြီး၊ Prism Centralကတော့ တခြား Cluster တွေကိုပါ Centralized Manage လုပ်နိုင်တာဖြစ်ပါတယ်။
- ဒါ့အပြင် Prism ကိုလည်း Pro နဲ့ Ultimate License တွေထိ Upgrade လုပ်လို့ရပါတယ်။



မင်္ဂလာပါခင်ဗျာ▶️ ဒီနေ့ ကျွန်တော်တို့အနေနဲ့ Nutanix (HCI) ရဲ့ Hardware တွေအကြောင်းကို အနည်းငယ်မိတ်ဆက်ပေးချင်ပါတယ်။အရင်ဆု...
17/08/2022

မင်္ဂလာပါခင်ဗျာ
▶️ ဒီနေ့ ကျွန်တော်တို့အနေနဲ့ Nutanix (HCI) ရဲ့ Hardware တွေအကြောင်းကို အနည်းငယ်မိတ်ဆက်ပေးချင်ပါတယ်။

အရင်ဆုံးပြောပြချင်တာက Nutanix ရဲ့ Node တွေအကြောင်းပါ။
▶️ Node တစ်ခုမှာ Compute နဲ့ Storage တွေပါဝင်ပါတယ်။
- Compute ကတော့ CPU ၂ ခုအထိပါဝင်ပြီး Memory ကတော့ အနည်းဆုံး 128GB ကနေစပြီးအသုံးပြုနိုင်ပါတယ်။
- Storage အတွက် Harddisk ကတော့ အနည်းဆုံး ၃ ခု ကစပြီး Series အလိုက် အရေအတွက်အမျိုးမျိုးရှိပါတယ်။

▶️ Series မြင့်လာရင် Compute နဲ့ Storage တွေရဲ့ အနည်းဆုံး Support ပေးတဲ့ပမာဏတွေလည်းမြင့်လာပါတယ်။

▶️ Node တွေရဲ့ Compute နဲ့ Storage တွေကလည်းပုံသေမရှိပဲ လိုအပ်သလို Customize လုပ်နိုင်ပါတယ်။ ဒါ့ကြောင့် Nutanix Appliance တွေက Series တစ်ခုထဲမှာတင် Capacity တွေကွဲပြားသွားနိုင်ပါတယ်။

▶️ နောက်ပြီး HCI Node, Compute Node နဲ့ Storage Node ဆိုပြီးလည်း Node အမျိုးအစား ၃ မျိုးရှိပါသေးတယ်။

▶️ Network ကတော့ 1G ကနေ 10GbE အထိ On-board ပါဝင်ပါတယ်။
ထို့အပြင် Network Card တွေကိုလည်း 100GbE အထိတိုးမြှင့်ပြီးအသုံးပြုနိုင်ပါတယ်။
Node, Harddisk နဲ့ Power Supply တွေအကုန်လုံးကလည်း Hot Plug/Hot Swap ရပါတယ်။

▶️ Nutanix (HCI) Appliance မှာ 1000, 3000 နဲ့ 8000 ဆိုပြီး Series ၃ မျိုးရှိပါတယ်။
Chassis Size တွေကတော့ 1U နဲ့ 2U နှစ်မျိုးရှိပါတယ်။
- 1U Size Chassis တွေမှာတော့ Node ၁ ခုထဲပါပါတယ်။
- 2U Size Chassis တွေမှာတော့ Node ၁ ခု၊ ၂ ခု နဲ့ ၄ ခုထိပါပါတယ်။



14/08/2022

▶️ Cloud Vision Technology (CVT) Myanmar က Malaysia နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး Enterprise IT Solution တွေဖြစ်တဲ့ Virtualization, Backup Solution, Backup Storage, Application Performance Monitoring နဲ့ Cloud Solution တွေကို Authorized Distributor အနေနဲ့ဖြန့်ဖြူးပေးနေပါတယ်။

▶️ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅ နိုင်ငံမှာ စိတ်ချယုံကြည်ရတဲ့ နည်းပညာကုမ္ပဏီများနဲ့ ပူးပေါင်းပြီး မိတ်ဆွေတို့ရဲ့လိုအပ်ချက်များနဲ့ကိုက်ညီသော IT Solution အမျိုးမျိုးကိုလည်း ဝန်ဆောင်မှုပေးနေပါတယ်။

▶️ ထိုနည်းပညာကုမ္ပဏီများနဲ့လက်တွဲပြီး မိတ်ဆွေတို့၏ IT နည်းပညာ လိုအပ်ချက်များနှင့်ပတ်သတ်၍ ဆွေးနွေးပေးခြင်း၊ အကြံပြုခြင်းများကိုလည်း ကူညီဆောင်ရွက်ပေးပါတယ်။

▶️ ထို့အပြင် ကျွန်တော်တို့ CVT က Authorized Distributor ဖြစ်တာနဲ့ အညီ သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ ရုံးခွဲများမှ Sales Team၊ Technical Team များကလည်း အချိန်နဲ့တပြေးညီ မိတ်ဆွေတို့ကိုဝန်ဆောင်မှုပေးနေပါတယ်။

😊 မိတ်ဆွေတို့အတွက် IT နည်းပညာနှင့်ပတ်သတ်၍လိုအပ်နေသည်များကို ယုံကြည်စိတ်ချစွာမေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ 😊

Address

520, Kabar Aye Pagoda Road, Unit 206, Excel Tower, 2nd Floor, Bahan Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+959960223308

Alerts

Be the first to know and let us send you an email when Cloud vision myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cloud vision myanmar:

Share