03/07/2019
March for Victoria
ကျွန်တော်တို့ Victoria (ဗစ်တိုးရီးယားလေး) အတွက် ဒီစနေ (ဇူလိုင် ၆ ရက် ၂၀၁၉) နေ့မှာ ဆန္ဒပြပါမယ်။ သာမန်ပြည်သူတယောက်အနေနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုကို မြှင့်တင်ပြီး ကလေးမိဘများအနေဖြင့် နောက်ထပ် ဗစ်တိုးရီးယားတွေ ထပ်မံမပေါ်ပေါက်လာစေဖို့အတွက်ပဲ အဓိကရည်ရွယ်ပါတယ်။ ကျွန်တော်တို့သည် မည်သည့်အသင်းအဖွဲ့၊ နိုင်ငံရေးပါတီကိုမျှ ကိုယ်စားပြုခြင်းမရှိပါ။ တနည်းအားဖြင့်ပြောရလျှင် မည်သည့်နိုင်ငံရေးအရောင်မျှမပါပါ။ ဆန္ဒဖော်ထုတ်တာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကတော့
၁) ရည်ရွယ်ချက်များ
(က) ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရရှိရေး၊
(ခ) ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊
(ဂ) နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး၊
(ဃ) ကျွန်တော်တို့မျိုးဆက်အတွက် လွတ်လပ်လုံခြုံစိတ်ချရတဲ့ လူ့အဖွဲ့အစည်းတခုကို ဖန်တီးနိုင်ရေး။
၂) စုရပ်။ ။ ကျောက်တော်ကြီးဘုရား၊ မင်းဓမ္မကုန်း၊ အင်းစိန်၊ ရန်ကုန်။ (အင်းစိန်စီအိုင်ဒီ (CID) ရုံးရှေ့သို့ချီတက်မည်ဖြစ်သောကြောင့် ကျောက်တော်ကြီးဘုရားကိုစုရပ်အဖြစ်ထားရှိရခြင်းဖြစ်ပါသည်)။
၃) နေ့ရက်။ ။ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၆) ရက်၊ စနေနေ့။
၎) အချိန်။ ။ နံနက် (၉ ) နာရီ။
၅) ချီတက်မည့်လမ်းကြောင်း။ ။ ကျောက်တော်ကြီးဘုရားမှ အင်းစိန်စီအိုင်ဒီရုံး (အင်းစိန်ရွာမရှေ့ရပ်ကွက်၊ ရုံးကြီးမှတ်တိုင်)
၆) ဆောင်ရန် ရှောင်ရန်များ
လိုက်ပါမည့်လူပုဂ္ဂိုလ်များသည် အောက်ပါတို့အား ဆောင်ရန် ရှောင်ရန်အဖြစ် လေးစားလိုက်နာရန် မေတ္တာရပ်ခံအပ်ပါသည်။
(က) ဆောင်ရန်-
- ကလေးသူငယ်တိုင်း၏အခွင့်အရေးကို လေးစားလိုက်နာရန်၊
- တည်ဆဲဥပဒေများအား လေးစားလိုက်နာရန်၊
- ရုန်းရင်းဆန်ခတ်မှု၊ အကြမ်းဖက်မှုများမပေါ်ပေါက်အောင် ထိန်းသိမ်းဆင်ခြင်ရန်၊
- အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အကျီင်္အဖြူရောင်ကိုသာလျှင် ၀တ်ဆင်လာရန်။
(ခ) ရှောင်ရန်-
- လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုခုကို ပုဂ္ဂိုလ်ရေးဆန်ဆန်တိုက်ခိုက်ခြင်း။
- အဖွဲ့အစည်းတခုဖြစ်စေ၊ နိုင်ငံရေးပါတီတခုဖြစ်စေ ကိုယ်စားပြုခြင်း။
- မလိုလားအပ်သောကြွေးကြော်မှုများ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ မအော်ဟစ်ရန်။
၇) ဆောင်ပုဒ်များ-
အောက်ဖော်ပြပါဆောင်ပုဒ်များကိုသာလျှင် ကိုင်ဆောင်၍ ဆန္ဒပြပါမည်။
- ဗစ်တိုးရီးယားအတွက် တရားမျှတမှုကို ရှာဖွေပေးပါ။ (Justice for Victoria)
- ကလေးသူငယ်များအတွက်လွတ်လပ်လုံခြုံတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပေးပါ။ (Safe environment for every child)
- နောက်ထပ်ဗစ်တိုးရီးယားများအလိုမရှိပါ။ (No more Victorias)
ကျွန်တော်တို့အနေဖြင့် ခွင့်ပြုမိန့်ရရှိရန် ကြိုးစားနေပါသည်။ ခွင့်ပြုမိန့်ရ၊ မရဆိုသည်ကို အချိန်မှီအကြောင်းပြန်ပေးပါမည်။
ကျွန်တော်တို့အနေဖြင့် နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊ ကိုယ်ကျိုးရှာလိုသူများ၊ မသမာသူများပါမလာစေရန် အထူးဂရုပြုလုပ်ဆောင်မည်ဖြစ်ပါသဖြင့် တတ်နိုင်သမျှပူးပေါင်းပါဝင်ပေးကြပါရန် တောင်းဆိုအပ်ပါသည်ခင်ဗျာ။
ကျွန်တော်တို့ (၃) ယောက်သည် ဤဆန္ဒပြပွဲအား/အပေါ် တာဝန်ယူ တာဝန်ခံစီစဉ်သည့် သာမန်ပြည်သူလူထုများသာလျှင်ဖြစ်ပါသည်။ ဦးဆောင်သူများမဟုတ်ကြပါ။ ထို့ကြောင့်ကျွန်တော်တို့နှင့် ယုံကြည်ချက်တူသူ ပြည်သူလူထုအား ပူးပေါင်းပါဝင် ၀န်းရံပေးရန်မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။
ဤဆန္ဒထုတ်ဖော်မည့်သတင်းအချက်အလက်များအား ပျံ့နှံ့စေချင်ပါက မရှဲပဲ ကော်ပီကူး၍တင်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
Credit : KYi MIn HAn