11/10/2024
ကျွန်တော်ငယ်ငယ်က အဖွားနဲ့စျေးဝယ်ပြီးပြန်လာရင်
အဖွားက စျေးခြင်းလေးထဲကပစ္စည်းတွေထုတ်ဖယ်ပြီးတာနဲ့ ကျွတ်ကျွတ်အိတ်ခေါ် ပလပ်စတစ်အိတ်လေးတွေကို ခေါက်တန်တာခေါက် လုံးချေတန်တာလုံးချေပြီး မီးဖိုချောင်ထောင့်မှာချိတ်ထားတဲ့ကြိမ်ခြင်းထဲထည့်တာဖြစ်ဖြစ် မီးဖိုချောင်ဝါးထရံမှာညှပ်ထားတာဖြစ်ဖြစ်လုပ်လေ့ရှိတယ် အဲ့လိုပဲ စုံစီနဖာ ဘူးပလုံးလေးတွေကိုလဲ သင့်တော်ရာခြင်းတစ်ခုခုထဲထည့်သိမ်းထားတတ်ပါသေးတယ်
ဒီလိုလုပ်တာဘာကြောင့်လဲဆိုတာ ကျွန်တော်နားမလည်ဘူး အလကားရတဲ့ဟာကို အလုပ်ရှုပ်ခံပြီးဘာလို့သိမ်းနေတာလဲပေါ့ ကလေးဆိုတော့လဲ ကလေးအတွေးပေါ့လေ
တစ်ခါတော့ ကျွန်တော်သိချင်စိတ်ဖြစ်လာတာနဲ့ အဖွားကို ဘာလို့သိမ်းတာလဲမေကြီးရဲ့ ရှုပ်ကရှုပ်နဲ့လို့ လို့ပြောမိတယ် (ကျွန်တော်တို့နယ်မြို့ကလေးမှာတော့ အဖွားကို မေကြီးလို့ခေါ်ဝေါ်သုံးနှုန်းကြပါတယ် )
အဖွားက -“အသုံးမတည့်တဲ့ပစ္စည်း အသုံးမဝင်တဲ့ပစ္စည်းရယ်လို့မရှိဘူး အသုံးမဝင်သေးတာ သုံးစရာမလိုသေးတာနဲ့ မသုံးတတ်တာမျိုးပဲ ရှိတာ အခုလိုစုထားသိမ်းထားတော့ လိုအပ်လာတဲ့အခါ အသုံးမဝင်ပေဘူးလား လောလောဆယ်သုံးမရသေးတာနဲ့ပဲ အားလုံးကိုလွှင့်ပစ်ဖယ်ထုတ်စရာမလိုပါဘူး ငါ့မြေးကြီးလာရင် အလိုလိုနားလည်လာပါလိမ့်မယ် “ လို့ပြန်ဖြေခဲ့ဖူးတယ်
အံ့ဩစရာကောင်းတာက
အဖွားရဲ့ပလပ်စတစ်အိတ်လေးတွေဟာ အမြဲအသုံးဝင်ခဲ့တာပါပဲ
ဘုရားပွဲမုန့်လက်ဆောင်ထည့်ဖို့ အမှိုက်စိုတွေထည့်ဖို့
ဒါမှမဟုတ် မီးသွေးထည့်ဖို့ ထင်းစလေးတွေသိမ်းဖို့
မိုးရာသီကျောင်းတက်ရက်တွေထဲ စာအုပ်ကလေးတွေရေမထိဖို့ကိုလဲ အမြဲကာကွယ်ပေးနိုင်ခဲ့ပါသေးတယ်
ကျွန်တော်အခု အဖွားရဲ့နည်းလမ်းကို ကောင်းကောင်းအသုံးချနိုင်ခဲ့ပြီပဲ
ဒီ page ဟာ ဒီနေ့မနက်ပိုင်းအထိ သက်ဝင်လှုပ်ရှားခြင်းမရှိခဲ့ပဲ ဒီအတိုင်းသိမ်းထားခံရတဲ့ page တစ်ခုပါပဲ
လွန်ခဲ့တဲ့ ၁၀နှစ်ဝန်းကျင်က အပျော်ဖတ်စာတွေတင်ဖို့ attention ယူရုံ အပျော်တမ်းဖွင့်ထားတဲ့ page ပါ
Follower 28k ရှိတဲ့ ဒီ page ကို ရောင်းထုတ်ပစ်ဖို့လဲ အကြိမ်ကြိမ်စဉ်းစားမိဖူးတယ်
ဒါပေမယ့် ကိုယ်တိုင်ဖန်တီးထားပြီးမှ ကိုယ့်ပိုင်ဆိုင်မှုကို ငွေပမာဏနည်းနည်းနဲ့ လဲပစ်ရမှာကိုလဲ နှမျောစိတ်လေးကကပ်လာတတ်တော့ မရောင်းဖြစ်ခဲ့ပဲ အခုထိရှိနေတာမျိုးပေါ့
နောက်တစ်ခုက page ကိုတော်တော်လေးသိလာကြပြီးမှ ရောင်းထုတ်လိုက်ရင်နောက်ထပ် ဒီလိုအင်အားတစ်ခုရှိတဲ့ page ပြန်လုပ်ဖို့မလွယ်မှန်း မလုပ်နိုင်တော့မှန်း သဘောပေါက်သွားတာလဲပါပါတယ်
အခုတော့
အဖွားရဲ့ ကျွတ်ကျွတ်အိတ်လေးတွေနဲ့ တူတဲ့
မသုံးပဲပစ်ထားခဲ့တဲ့ page က အသုံးဝင်လာပါပြီ
ဆက်လက်ပြီး ဒီ page နဲ့ Professional အလုပ်ကို တရားဝင်လုပ်ကိုင်ဖို့ အဆင်သင့်ခဲ့ပါပြီ
Page ကို ကူညီသောအားဖြင့် Like & Share လေးလုပ်ပေးဖို့ မေတ္တာခံယူပါရစေခင်ဗျာ
ကျေးဇူးတင်ပါတယ် 🤍
အားလုံးကို နှလုံးသားအတွင်းကလာတဲ့ မေတ္တာများနဲ့ ကာကွယ်ပေးနေတဲ့ AIA Insurance Myanmar (MOM team) မှ
Financial Service Consultant -Cham Min Ko
ဖြစ်ပါတယ်
More Information
AIA Myanmar - MOM team
FSC - Cham Min Ko
Email : [email protected]
Phone : +959 941528553
Office Address : 22F,Juction City Tower,
Bogyoke Aung San Street,
Yangon,Myanmar