Javelin Services - Intelligent Pest Control

Javelin Services - Intelligent Pest Control Myanmar's only BPCA-accredited pest control company with ISO9001 for their Myanmar operations.

14/08/2026

လူမိသွားသောအခါ 😢

𝐖𝐞 𝐚𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠! 👷ရာထူး - ပိုးသတ်ဆေးဖြန်းဝန်ထမ်း (ကျား ၁၀ ဦး)အလုပ်တည်နေရာ - ရန်ကုန်၊ မော်လမြိုင်အခြေခံလစာ ကျပ် ၃၀၀,၀၀၀ - ...
13/08/2026

𝐖𝐞 𝐚𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠! 👷

ရာထူး - ပိုးသတ်ဆေးဖြန်းဝန်ထမ်း (ကျား ၁၀ ဦး)
အလုပ်တည်နေရာ - ရန်ကုန်၊ မော်လမြိုင်
အခြေခံလစာ ကျပ် ၃၀၀,၀၀၀ - ကျပ် ၃၅၀,၀၀၀
အခြားအကျိုးခံစားခွင့် - အချိန်ပိုကြေး + ခရီးသွားလာစားရိတ် + ထမင်းစားရိတ်(အများပြည်သူရုံးပိတ်ရက်များသာ) + လုပ်ငန်းလိုအပ်ချက်အရ သင်တန်းများ တက်ရောက်နိုင်ခြင်း
အလုပ်တက်ရက် - တနင်္လာနေ့ မှ စနေနေ့ထိ
အလုပ်ချိန် - မနက် ၈ခွဲ မှ ညနေ ၅ခွဲ (လုပ်ငန်းလိုအပ်ချက်အရ အလုပ်ချိန်အပြောင်းအလဲရှိနိုင်ပါသည်)

💯 လိုအပ်သည့်အရည်အချင်းများ
၁။ ပညာအရည်အချင်း အနည်းဆုံး အထက်တန်းအောင်ရမည်။
၂။ ခရီးသွားနိုင်ရမည်။
၃။ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းကို စိတ်ဝင်စားသူဖြစ်ရမည်။
၄။ ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

💼 တာဝန်အကျဉ်းချုပ်
ကုမ္ပဏီ၏ဝန်ဆောင်မှုများဖြစ်သည့် ပိုးသတ်ဆေးဖြန်းခြင်း၊ ပိုးမွှားနှိမ်နှင်းခြင်းစသည့် လုပ်ငန်းများကိုအချိန်မရွေး လုပ်ငန်းအချိန်ဇယားအတိုင်း လုပ်ဆောင်ရမည်။

☎ လျှောက်ထားလိုသူများသည် ၀၉ ၇၅၂၆၃၀၈၉၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပြီး ကိုယ်ရေးရာဇဝင်အကျဉ်းများကို ဖော်ပြပါဖုန်းနံပါတ်သို့ Viber မှတဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

မိုးရာသီကာလမှာ ဝမ်းပျက်ဝမ်းလျှော နဲ့ အစာအဆိပ်သင့် စတဲ့ ရောဂါတွေကို သယ်ဆောင်လာတဲ့ အဓိက တရားခံကတော့ ယင်ကောင်တွေပါပဲ။ ယင်ကေ...
12/08/2026

မိုးရာသီကာလမှာ ဝမ်းပျက်ဝမ်းလျှော နဲ့ အစာအဆိပ်သင့် စတဲ့ ရောဂါတွေကို သယ်ဆောင်လာတဲ့ အဓိက တရားခံကတော့ ယင်ကောင်တွေပါပဲ။

ယင်ကောင်တွေဟာ မစင်နဲ့ ပုပ်သိုးနေတဲ့ အညစ်အကြေးတွေ ကိုအဓိက စားသုံးတဲ့အပြင်
သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ခြေထောက်တွေမှာလည်း Pathogens လို့ခေါ်တဲ့ ရောဂါဖြစ်စေသော ပိုးမွှားသန်းပေါင်းများစွာ ကပ်တွယ်နေတာကြောင့် လူတို့စားသုံးမယ့် အစားအစာတွေပေါ် စက္ကန့်ပိုင်းမျှ နားလိုက်ရုံနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အစာအဆိပ်သင့်ခြင်း၊ ကာလဝမ်းရောဂါနဲ့ တိုက်ဖွိုက် အူရောင်ငန်းဖျား စတဲ့ ရောဂါတွေကို တိုက်ရိုက် ကူးစက်စေပါတယ်။

ဒီလိုဝမ်းပျက်ဝမ်းလျှော နဲ့ အစာအဆိပ်သင့်ရောဂါများ အန္တရာယ်ကနေ ကာကွယ်ဖို့ အစားအသောက်များကို လုံခြုံစွာ ဖုံးအုပ်ထားခြင်း၊ အမှိုက်ပုံးများကို အဖုံးလုံအောင် ပိတ်ထားခြင်း၊ အိမ်တွင်းရှိ ရေဝပ်နိုင်တဲ့ ပစ္စည်းများကို ဖယ်ရှားရှင်းလင်းခြင်း စတာတွေကို လုပ်ဆောင်ပေးဖို့လိုအပ်တဲ့အပြင် ထိရောက်ပြီး စိတ်ချရတဲ့ အင်းဆက်ပိုးမွှားထိန်းချုပ်ရေး နည်းလမ်းများ လုပ်ဆောင်ဖို့အတွက် ကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

သာမာန် အိမ်နဲ့ ဆိုင်တွင်း သန့်ရှင်းရေး လုပ်ရုံနဲ့ မိုးရာသီမှာ ပိုမို ပေါက်ဖွားမှု များပြားလာတဲ့ ယင်ကောင် ပြဿနာကို ရာနှုန်းပြည့် ထိန်းချုပ်နှိမ်နင်းဖို့ မလုံလောက်ပါဘူး။ သင့်ရဲ့မိသားစု ကျန်းမာရေးနဲ့ စားသောက်ဆိုင်၊ ဟိုတယ် အစရှိတဲ့ စီးပွားရေးလုပ်ငန်းများ ကို ခြိမ်းခြောက်နေတဲ့ အင်းဆက်ပိုးမွှား ပြဿနာများအတွက် Javelin မှ အထိရောက်ဆုံး နဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးလျက်နေပါတယ်။

အင်းဆက်ပိုးမွှား ပြဿနာတွေအားလုံးအတွက် Javelin ကို အခုပဲ ဆက်သွယ်လိုက်ပါ။

Contact JAVELIN for Intelligent Pest Control -
☎️09 450 6222 63/64

#ယင်ကောင် #ဝမ်းပျက်ဝမ်းလျှော #အစာအဆိပ်သင့် #ဝမ်းရောဂါ #အူရောင်ငန်းဖျား

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ကိုယ်စိတ်နှဖြာ ကျန်းမာ၊ ချမ်းသာ၍ လိုအင်ဆန္ဒများပြည့်ဝကြပါစေကြောင်း JAVELIN Serv...
29/07/2026

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ကိုယ်စိတ်နှဖြာ ကျန်းမာ၊ ချမ်းသာ၍ လိုအင်ဆန္ဒများပြည့်ဝကြပါစေကြောင်း JAVELIN Services Limited မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်၊

May you be blessed with well-being, peace, and the fulfillment of your wishes on the auspicious Full Moon Day of Waso (Dhammacakka Day).
With warm wishes from Javelin Services Limited.

24/07/2026

လူကြီးမင်းတို့ ဘဝမှာ ဘယ်သူ့ကိုမှ ယုံလို့မရရင်တောင် အင်းဆက်ပိုးမွှား ပြဿနာအတွက်ဆိုရင်တော့ Javelin ကို အပြည့်အဝ ယုံကြည်လိုက်ပါ...🎯

Contact JAVELIN for Intelligent Pest Control -
☎️09 450 6222 63/64

တောင်ကြီး၊ အင်းလေးဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ ဟိုတယ်၊ အပန်းဖြေစခန်းနှင့် စားသောက် ဆိုင်လုပ်ငန်းများအတွက် Javelin မှ ထိရောက...
22/07/2026

တောင်ကြီး၊ အင်းလေးဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ ဟိုတယ်၊ အပန်းဖြေစခန်းနှင့် စားသောက် ဆိုင်လုပ်ငန်းများအတွက် Javelin မှ ထိရောက်ပြီး စိတ်ချရတဲ့ အင်းဆက်ပိုးမွှားထိန်းချုပ်ရေးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါတယ်။

👉🏼 ဒီလိုမျိုး စိုစွတ်တဲ့ ဒေသတွေရဲ့ သဘာဝအရ ခြ၊ ခြင်၊ ယင် စတဲ့ အင်းစက်ပိုးမွှားတွေဟာ လာရောက်အပန်းဖြေတဲ့သူတွေရဲ့ စိတ်ကျေနပ်မှုကိုအချိန်မရွေးနှောင့်ယှက်ဖျက်ဆီးနိုင်ပါတယ်။

⚠️ အင်းဆက်ပိုးမွှားပြဿနာတွေကို DIY နည်းလမ်းတွေအသုံးပြုပြီး ဖြေရှင်းတာဟာ ရေရှည်ထိရောက်မှုမရှိတဲ့အပြင် ပြင်းထန်တဲ့ ဓာတုဆေးဝါးတွေအသုံးပြုမိပါကလည်း လူ့ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။

✅ Javelin မှာ ဘေးကင်းစိတ်ချရတဲ့ နည်းစနစ်တွေကို အသုံးပြုပြီး ကြွက်နဲ့ အင်းဆက်ပိုးမွှားတွေကို စနစ်တကျ နဲ့ အထိရောက်ဆုံး ကာကွယ်ထိန်းချုပ်နှိမ်နင်းပေးနေပါပြီ။

📌 လူကြီးမင်းတို့ ဧည့်သည်တွေရဲ့ စိတ်ကျေနပ်မှုကို ထိန်းသိမ်းဖို့ Javelin ကို အခုပဲဆက်သွယ်လိုက်ပါ။

Contact JAVELIN for Intelligent Pest Control -
☎️09 450 6222 63/64

ယနေ့ကျရောက်သော ၇၉ နှစ်မြောက် အာဇာနည်နေ့ တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါဝရပြု ဦးညွှတ်ပါသည်။ On this 79th Martyrs' D...
19/07/2026

ယနေ့ကျရောက်သော ၇၉ နှစ်မြောက် အာဇာနည်နေ့ တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါဝရပြု ဦးညွှတ်ပါသည်။

On this 79th Martyrs' Day, we pay our respects and bow in honour of our fallen martyred leaders.

ခြင်ဆေးခွေထွန်းရုံ၊ ခြင်ဆေးဖြန်းရုံနဲ့ ခြင် အန္တရာယ်ကနေ ကာကွယ်နိုင်ပြီလား?အရေပြားယားယံခြင်းကနေ စတင်ပြီး အသက်အန္တရာယ်စိုး...
15/07/2026

ခြင်ဆေးခွေထွန်းရုံ၊ ခြင်ဆေးဖြန်းရုံနဲ့ ခြင် အန္တရာယ်ကနေ ကာကွယ်နိုင်ပြီလား?

အရေပြားယားယံခြင်းကနေ စတင်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ရောဂါတွေ ကူးစက်နိုင်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ ခြင်တွေဟာ ပိုးလောက်လန်းအဆင့်ကနေ အစာရှာထွက်တတ်တဲ့ သက်ကြီးကောင်အဆင့် ရောက်ဖို့အတွက် ၅ရက် မှ ၁၀ရက် ဝန်းကျင်သာ ကြာမြင့်ပါတယ်။

ခြင်ဆေးထွန်းခြင်း၊ ခြင်ဆေးဖြန်းခြင်းတို့ဟာ သက်ကြီးကောင်အဆင့်ရောက်နေပြီဖြစ်တဲ့ ခြင်တွေကိုသာ ထိန်းချုပ်နိုင်တာကြောင့် ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေဖြစ်တဲ့ ရေဝပ်နိုင်တဲ့နေရာတွေ၊ ရေမြောင်း၊ ရေအိုင် စတဲ့ နေရာတွေမှာ ရှိနေတဲ့ ခြင်ဖြစ်လာမယ့် ပိုးလောက်လန်းတွေ ကို နှိမ်နင်းနိုင်ခြင်းမရှိပါဘူး။

ခြင်များကို စနစ်တကျ ထိန်းချုပ်နှိမ်နင်းဖို့အတွက် ခြင်ပေါက်ဖွားနိုင်တဲ့ အရင်းအမြစ်တွေကနေ စတင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

မိမိတို့အိမ် နဲ့ အဆောက်အဦး အတွင်းအပြင်မှာ ရှိတဲ့ ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေကို စနစ်တကျ ရှင်းလင်းမှသာ ခြင်ပေါက်ဖွားမှု နဲ့ ခြင်ပြဿနာတွေကို ထိရောက်စွာထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

ခြင်တွေကို ပိုးလောက်လန်းအဆင့်မှာကတည်းက နှိမ်နင်းဖို့အတွက် Larviciding လို့ ခေါ်တဲ့ ပိုးလောက်လန်း နှိမ်နင်းရေးနည်းလမ်းဟာ ထိရောက်တဲ့ နည်းလမ်းတခုဖြစ်ပါတယ်။

Larviciding ဆိုတာဘာလဲ?
Larviciding ဆိုတာ ရှင်းလင်းရန်ခက်ခဲတဲ့ ဥပမာ ရေမြောင်း၊ ရေကန်စတဲ့ ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေကို ရှာဖွေပြီး ပိုးလောက်လန်းနှိမ်နင်းနိုင်တဲ့ဆေးကို စနစ်တကျ ဆေးခပ်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် Javelin မှာ ခြင်ဆေးမှုတ်ခြင်း၊ ဆေးဖြန်းခြင်းတို့တင်သာမက Larviciding နည်းလမ်းကိုပါ အသုံးပြုပြီး ခြင်ထိန်းချုပ်နှိမ်နင်းရေးကို စနစ်တကျ လုပ်ဆောင်ပေးလျက်ရှိပါတယ်။

ခြင် နဲ့ အင်းဆက်ပိုးမွှား ကာကွယ်နှိမ်နင်းရေးအတွက် အတွေ့အကြုံရှိ ဝန်ထမ်းများမှ နိုင်ငံတကာစံညွှန်းများနှင့်အညီ ဝန်ဆောင်မှုပေးနေတဲ့ Javelin ကို အခုပဲ ဆက်သွယ်လိုက်ပါ…

Contact JAVELIN for Intelligent Pest Control -
☎️09 450 6222 63/64

#ခြင်

Crush လေးကို တွေ့လိုက်ရတာထက် ပိုရင်ခုန်ရတဲ့အချိန်က ပိုးဟပ်တကောင် ကိုယ့်ဆီတည့်တည့် ပျံလာတဲ့အချိန်ပါပဲ...👉🏼 ဒါပေမယ့်… သင်သ...
10/07/2026

Crush လေးကို တွေ့လိုက်ရတာထက် ပိုရင်ခုန်ရတဲ့အချိန်က ပိုးဟပ်တကောင် ကိုယ့်ဆီတည့်တည့် ပျံလာတဲ့အချိန်ပါပဲ...

👉🏼 ဒါပေမယ့်… သင်သိပါသလား?
ပိုးဟပ်တိုင်း မပျံသန်းနိုင်ပါဘူး...။

ဂျာမန်ပိုးဟပ် (Blattella germanica) မျိုးစိတ်တွေဟာ အတောင်ပံပါပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ တောင်ပံကြွက်သားတွေဟာ အားနည်းလွန်းတဲ့အတွက် မပျံသန်းနိုင်ကြပါဘူး၊

ဒါပေမယ့် ဂျာမန်ပိုးဟပ်တွေဟာ အမတကောင်တည်းကနေ တနှစ်အတွင်း အကောင်ရေ သောင်းဂဏန်းထိ ပွားနိုင်တဲ့အထိ မျိုးပွားနှုန်း ကြောက်ခမန်းလိလိ မြန်ဆန်ပါတယ်။

အမေရိကန်ပိုးဟပ် (Periplaneta americana) မျိုးစိတ်ကတော့ ဂျာမန်ပိုးဟပ်တွေထက် အရွယ်အစားပိုကြီးပြီး အတောင်ပံအပြည့်အစုံပါရှိတဲ့အတွက် အမြင့်ကနေ လျှောတိုက်ပျံသန်းခြင်းကို ၃စက္ကန့်အထိ ပြုလုပ်နိုင်ကြတဲ့ အကောင်တွေပါ။

ဒါပေမယ့် ပိုးဟပ်တွေဟာ သင့်ကို တိုက်ခိုက်ဖို့ အတွက်တမင် ပျံသန်းလာကြတာမဟုတ်ပါဘူး...၊ လေ့လာချက်တွေအရ လူတွေ ပိုးဟပ်ကြောက်တာထက် ပိုးဟပ်တွေက လူတွေကို ပိုပြီးကြောက်ရွံ့ကြပါတယ်။

သင်တကယ်ကြောက်သင့်တာက ပိုးဟပ်အကောင်တွေကို မဟုတ်ဘဲ သူတို့ သယ်ဆောင်လာနိုင်တဲ့ ရောဂါပိုးတွေပါ။

အမေရိကန်ပိုးဟပ်တွေဟာ ညစ်ညမ်းတဲ့ပတ်ဝန်းကျင်၊ အညစ်အကြေးတွေမှာ ကျက်စားတဲ့အတွက် သူတို့ရဲ့ ခြေထောက်နဲ့ခန္ဓာကိုယ်တွေကနေ တဆင့် အစာအဆိပ်သင့်စေနိုင်တဲ့ E.Coli နဲ့ Salmonella အပြင် ဘက်တီးရီးယားနဲ့ ကပ်ပါးကောင် မျိုးစုံကို သယ်ဆောင်လာနိုင်ပြီး ဂျာမန်ပိုးဟပ်တွေကတော့ သူတို့ရဲ့ ခန္ဓာကိုယ်က ထွက်ရှိတဲ့ ပရိုတင်းဓတ်တွေဟာ လူတွေ အထူးသဖြင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာ ပန်းနာရင်ကျပ်နဲ့ ဓာတ်မတည့်ခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

အိမ်နဲ့ စားသောက်ဆိုင်တွေမှာ တွေ့ရများတဲ့ ဒီပိုးဟပ်တွေဟာ မျိုးစိတ်အပေါ် မူတည်ပြီး ဇီဝကမ္မနဲ့ နှိမ်နင်းရမယ့် နည်းလမ်းတွေ ကွဲပြားတဲ့အတွက် မျိုးစိတ်ခွဲခြားသိခြင်းဟာလည်း ထိရောက်တဲ့ ကာကွယ်နှိမ်နင်းရေးအတွက် အရေးကြီးတဲ့အချက်တခုပဲဖြစ်ပါတယ်။

ဆိုတော့ နောက်တခါ ပိုးဟပ်တကောင်ပျံနေတာ တွေ့ရင်….🪳
Javelin ကို သာ အမြန်ဆုံးဆက်သွယ်ပြီး အခမဲ့ လာရောက်စစ်ဆေးမှုကို ရယူလိုက်ပါ။

ကြွက်နဲ့ အင်းဆက်ပိုးမွှား ကာကွယ်ထိန်းချုပ်နှိမ်နင်းရေးအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ Javelin က အသင့်ရှိနေပါတယ်။

Contact JAVELIN for Intelligent Pest Control -
☎️09 450 6222 63/64

#ပိုးဟပ်

07/07/2026

သင့် အိမ်၊ အဆောက်အအုံတွေမှာ ခြတွေ၊ ခြလမ်းကြောင်းတွေ တွေ့ရင် ဘာလုပ်ရမလဲ? ⚠️

ခြ နဲ့ အင်းဆက်ပိုးမွှားများကို အထိရောက်ဆုံး ကာကွယ်ထိန်းချုပ်နှိမ်နင်းဖို့ အတွက် Javelin ကို အခုပဲ ဆက်သွယ်လိုက်ပါ…📲

Contact JAVELIN for Intelligent Pest Control -
☎️09 450 6222 63/64

Address

Level 2, No. 226, Wizaya Plaza, Corner Of Dhamazedi & U Wisara Rds, Bahan Township
Yangon
11201

Opening Hours

Monday 08:30 - 18:30
Tuesday 08:30 - 18:30
Wednesday 08:30 - 18:30
Thursday 08:30 - 18:30
Friday 08:30 - 18:30
Saturday 08:30 - 13:00

Telephone

+959450622263

Alerts

Be the first to know and let us send you an email when Javelin Services - Intelligent Pest Control posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Javelin Services - Intelligent Pest Control:

Shortcuts

Share