ဗ်ာလႅ

ဗ်ာလႅ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဗ်ာလႅ, Business, No, (491), Mandalay Street, (36) Quarter, North Dagon Township, Yangon.

 #ဗျာလ္လအသင့်စားဟင်းရည်ခြောက်မှုန့်ထုပ်ပိုးမှု့ ပုံစံပြောင်းထားပါတယ်ရှင့်တစ်ထုပ်မှာ ရခိုင်မုန့်တီ ဟင်းရည်ခြောက် ( ၅၀ )ကျ...
26/12/2023

#ဗျာလ္လအသင့်စားဟင်းရည်ခြောက်မှုန့်

ထုပ်ပိုးမှု့ ပုံစံပြောင်းထားပါတယ်ရှင့်
တစ်ထုပ်မှာ ရခိုင်မုန့်တီ ဟင်းရည်ခြောက် ( ၅၀ )ကျပ်သားထုပ် ( ၅ )ထုပ် ပါပါတယ်

( ၅ )ထုပ်ပါ တစ်ထုပ် - ၁၂၅၀ဝိကျပ်

ဖုန်း 09441291336
09792234191

 #ဗျာလ္လအသင့်စားရန်ကုန်မုန့်ဟင်းခါး( ၃ ) လပိုင်း ၂၀၂၃ နောက်ဆုံးတစ်ခေါက် လုပ်ပြီးကတည်းက ကုန်ကြမ်းဈေးနှုန်းတတ်လွန်းလို့ ခေ...
31/10/2023

#ဗျာလ္လအသင့်စားရန်ကုန်မုန့်ဟင်းခါး

( ၃ ) လပိုင်း ၂၀၂၃ နောက်ဆုံးတစ်ခေါက် လုပ်ပြီးကတည်းက ကုန်ကြမ်းဈေးနှုန်းတတ်လွန်းလို့ ခေတ္တ အရောင်းရပ်ထားခဲ့တာပါ
မှာသူတွေ မေးကြတာလည်း အားနာလှပါပြီ

ခု..တစ်ခေါက်က စပြီး အရင်ထက် အရသာပိုင်း၊ မွှေးတဲ့ ရနံပိုင်း အသေအချာ အာရုံစိုက်ပြီး လုပ်ထားတာမို့ ရှယ်ပေါ့နော်

ငါးက ၂မျိုး သုံးပါတယ်
ငါးကြင်း နဲ့ ငါးဖယ်ပါ
ဆီက Sunar နေကြာဆီ
ဟင်းခတ်မှုန့်က ဝေ့ချွမ်
ငရုပ်ခြောက်ကလည်း အသေအချာ မှိုရွေး တစ်တောင့်ခြင်း ဖုန်သုတ်ပြီးမှ ကြိတ်တာပါ
သန့်ရှင်းမှု့နဲ့အရသာပိုင်းကို အထူးအလေးထားပြီး
တစ်ပိုင်တစ်နိုင်ပဲ ထုတ်ထားတာမို့ တစ်ခါလုပ်ရင် အရည်အတွက်က အထုပ်ရည် ( ၁၂၀ ) သာ ထုတ်ပါတယ်

မထုတ်ခင်ကတည်းက ကြိုတင်အမှာ
ငါးဆယ်ကျပ်သားထုပ် ၁၀ထုပ်
သုံးဆယ်ကျပ်သားထုပ် ၃၀ထုပ်
ကြိုတင် အမှာရှိထားပါပြီ

၁၁လပိုင်း ၈ ရက်နေ့ဆို ရပါပြီနော်

မုန့်ဖက် သုံးဆယ်သား စားလို့ရတဲ့ အထုပ်သေး တစ်ထုပ်- ၄၀၀ဝိကျပ်
မုန့်ဖက် ငါးဆယ်သား စားလို့ရတဲ့ အထုပ်ကြီး တစ်ထုပ် - ၈၀၀ဝိကျပ်

မှတ်ချက်။ ။ အထုပ်သေး တစ်ထုပ် မုန့်ဖက် ၃၀ကျပ်သား ဆိုပေမယ့် ၄၀ကျပ်သားထိ စားလို့ရသလို
အထုပ်ကြီး တစ်ထုပ် မုန့်ဖက် ၅၀ကျပ်သား ဆိုပေမယ့် ၇၅ ကျပ်သား စားလို့ ရပါတယ်ရှင်😊

25/10/2023

#အာပူလျှာပူမှုန့်

ရခိုင်သုပ် ( ခေါ် )အစိမ်းသုပ် ( ခေါ် )အာပူသုပ်လို့
အမျိုးမျိုး အမည်မည့်ခေါ်ကြတဲ့ အသုပ်အတွက်
အနှစ်စို မဟုတ်ပဲ
သယ်ရလွယ်
သိမ်းရလွယ်
သုပ်စားရလွယ်တဲ့
အာပူလျှာပူမှုန့်နဲ့ သုပ်ပြထားတဲ့
ဗီဒီယိုဖိုင်လေးပါရှင့် 😊
ထုတ်ကုန်အဖြစ် ထုတ်ဖို့ မရည်ရွယ်ထားပဲ
မိမိကိုယ်ပိုင် အမှတ်တံဆိပ်ဖြင် စီးပွားရေး
ဈေးကွက်ထဲ ထိုးဖောက်ချင်သူတို့အတွက်
သင်တန်း ပေးဖို့သာ
ရည်သန်ထားပါတယ်....

 #အာပူလျှာပူမှုန့်အနှစ်စို မဟုတ်တဲ့ အတွက် သယ်ရ လွယ်ကူသလို ရေခဲသေတ္တာထဲလည်း ထားစရာမလိုတာရှည်ခံဆေး လုံးဝလုံးဝ မသုံးပဲသဘာဝန...
22/10/2023

#အာပူလျှာပူမှုန့်

အနှစ်စို မဟုတ်တဲ့ အတွက် သယ်ရ လွယ်ကူသလို
ရေခဲသေတ္တာထဲလည်း ထားစရာမလို
တာရှည်ခံဆေး လုံးဝလုံးဝ မသုံးပဲ
သဘာဝနည်းနဲ့ အနှစ်စို ကို အနှစ်ခြောက် ပုံစံ ပြုလုပ်ထားပြီး ရေနွေး အနည်းငယ် သုံးယုံနဲ့
အသင့်စားလို့ရပါပြီ
ထုတ်ကုန်သစ် အဖြစ် ထပ်မံ ထုတ်ဖို့ထက်
မိမိ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် ထုတ်ချင်သူတို့အတွက် သင်တန်းမှာ သင်ပေးဖို့သာ ရည်သန် ထားပါသည်

မနက်ဖြန်
အာပူလျှာပူ အနှစ်ခြောက်လေး သုံးပြီး ရခိုင်မုန့်တီ အာပူလျှာပူသုပ် ဖိုင်‌ရိုက်ပြီး တင်ပေးပါဦးမယ်နော်😊

 #အာပူလျှာပူမှုန့်စပြီး ထုတ်မယ် ဆိုကတည်းက ခေါင်းထဲ စီထည့်ထားခဲ့တာ ခုမှပဲ လက်တွေ့ အကောင်အထည် ဖော်ဖြစ်တော့တယ်အသင့်စား ဆိုတ...
21/10/2023

#အာပူလျှာပူမှုန့်

စပြီး ထုတ်မယ် ဆိုကတည်းက ခေါင်းထဲ စီထည့်ထားခဲ့တာ ခုမှပဲ လက်တွေ့ အကောင်အထည် ဖော်ဖြစ်တော့တယ်

အသင့်စား ဆိုတဲ့ အတိုင်း မုန့်ဖတ်ရယ်၊ မန်ကျည်းရည် ဒါမှမဟုတ် သံပုရာရည်လေးညှစ်ပြီး ခု အမှုန့်ကို ရေနွေးဖျော်ပြီး သုပ်စားယုံပါ
ဒီကနေ့တော့ ဒီအဆင့်ထိ အချိန်လုပြီး လုပ်လိုက်တာမို့
မနက်ဖြန် နောက်ထပ် ပေါင်းစပ် ကုန်ကြမ်း ၃ မျိုး ထည့်ပြီးရင် အသင့်စားလို့ရတဲ့
အာပူလျှာပူမှုန့် ဖြစ်ပြီပေါ့
အစ ကနဦး ရည်ရွယ်ခဲ့စဉ်က ထုတ်ကုန်အသစ်အနေနဲ့ ထုတ်ဖို့ ရည်ရွယ်ခဲ့ပေမယ့်
ရေကျိုငပိရည်မှုန့် အသစ်တိုးထုတ်ခဲ့တော့
ထုတ်ကုန်တွေ က နေ့စဉ် လုပ်နေရသလိုလည်း ဖြစ်နေတော့
ခု အာပူလျှာပူမှုန့်ကို မိမိ ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ ထုတ်လုပ် ဖြန့်ချီဖို့ ရည်သန်ထားသူတွေ အတွက်
သင်တန်းမှာ သင်ပေးဖို့သာ စိတ်ကူးထားလိုက်ပါတော့တယ်....

13/10/2023

#ဗျာလ္လအသင့်စားရခိုင်မုန့်တီဟင်းရည်ခြောက်မှုန့်

ယခင် ထုတ်ခဲ့တဲ့ ကုန်ကြမ်း အချိုးကို အသေအချာ အနံ၊အရသာ ပိုထိမိအောင် အချိုးပြန်ချ၊ မျှင်ဖြူ ငပိကို အသုံးပြုပြီး ထုတ်ထားတဲ့ အတွက် ယခင် စားနေကြ ပုံစံထက် ပိုပြီး အနံ၊အရသာ ထိထိမိမိ ရှိမှာ အသေအချာပါ
အငံကိုတော့ အများစားလို့ရအောင့် ခပ်ပေါ့ပေါ့သာ ထုတ်ပေးထားပါတယ်ရှင်...

အငံ အနေတော်၊ အငံ ခပ်ကဲကဲ စားတတ်သူက ဆားအနည်းငယ် ခပ်စားရပါမယ်ရှင့်...

ငါးရွှေငါးရဲ့ အချို လေးပင်မှု့ကြောင့် ဟင်းရည်မှာ ဟင်းချိုမှုန့် ထပ်မံထည့်စရာ မလိုပါ

ဟင်းချိုမှုန့် ပါမှ ပိုစားကောင်းတာလို့ မှတ်ချက်ပြုသူတွေကတော့ ကြိုက်တတ်ရင် အနည်းငယ်ထည့်စားပေါ့နော်...

အာမခံတာကတော့ ယခင်ထက် အနံ၊ အရသာ ပိုပြီး ဆွဲဆောင်နေမှာတော့ အသေအချာပေါ့ရှင်...😊

Exp ၈ လပါ
အထုပ်ကို မဖောက်ပဲ ထားမယ်ဆို ၁ နှစ်တိတိ
အနံ၊ အရသာ မပြောင်းပါရှင့်

ရခိုင်မုန့်တီ ငါးဆယ်သားထုပ် ၂၀၀ဝိကျပ်
ရခိုင်မုန့်တီ တစ်ပိသာထုပ် ၃၅၀ဝိကျပ်

01/09/2023

Address

No, (491), Mandalay Street, (36) Quarter, North Dagon Township
Yangon

Website

Alerts

Be the first to know and let us send you an email when ဗ်ာလႅ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category