ရွှေစကြာ ယိုးဒယားအထည်အမျိုးမျိုးလက်လီ/လက်ကားOnline Shopping

  • Home
  • Myanmar
  • Yangon
  • ရွှေစကြာ ယိုးဒယားအထည်အမျိုးမျိုးလက်လီ/လက်ကားOnline Shopping

ရွှေစကြာ ယိုးဒယားအထည်အမျိုးမျိုးလက်လီ/လက်ကားOnline Shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေစကြာ ယိုးဒယားအထည်အမျိုးမျိုးလက်လီ/လက်ကားOnline Shopping, Business, Shwetigon Pagoda Road, Yangon.

အပြာရောင်၅၅၀၀-ကျပ် တထည်စျေး
10/07/2022

အပြာရောင်
၅၅၀၀-ကျပ် တထည်စျေး

24/01/2018

ပညာရှိ နှင့် စည်
မတီးပဲမမြည်ပါနှင့် စည်သည် တီးမည့်သူရှိမှသာ
မည်ရသည် ထို့အတူ ပညာရှိသည် ကျင့်သုံးနေထိုင်ရ
ပါမည် လောကနီတိဆုံးမစာ

23/01/2018

မည်သူ့ထံမှ အကူအညီရနိုင်ကြပါသလဲ?????
ကိုယ့်အားကိုယ်ကိုးပါဆိုတာကို ကံကိုပြုလုပ်သည့်
နေရာမှာ ပြောဆိုမည်ဆိုပါက အထူးသင့်လျော်ပါသည်
အလုပ်လုပ်ရာမှာ ကိုယ့်အားကိုယ်ကိုးပါဆိုပါလျှင်
တဦးတယောက်တည်းဖြင့် လုပ်ကိုင်လို့ရမည့်အရာမျိုး
မဟုတ်ပါ လူအချင်းချင်းအတူလက်တွဲအလုပ်လုပ်နေရ
သည်မဟုတ်ပါလား
လူမှုရေးမှာမိမိနှင့်နေ့စဉ်ထိတွေ့ဆက်ဆံနေရသူ
များသည် မိမိ၏လူမှုရေးအင်အားဖြစ်လာစေမည့်သူများ
ဖြစ်ပေသည် မိမိ၏လူမှုရေးအင်အားကောင်းစေရန်မှာ မိမိ၏လူမှုရေးကောင်းမှု လူမှုရေးမကောင်းမှု အပေါ်၌
တည်မှီနေပါသည်
လူမှုရေးအင်အားစုတခုဖြစ်တည်လာစေဖို့ အတူ
လက်တွဲလုပ်ဆောင်ကြပါစို့

23/01/2018

ဥာဏ် ဝီရိယ ကံ နှင့် လူသားများ၏ နေ့စဉ် ဘဝ
ကံ အရင်ဖြစ်လာတာလား ဥာဏ် အရင်ဖြစ်လာ
တာလား ဝီရိယ အရင်ဖြစ်လာတာလား
ဥာဏ် ဝီရိယ ကံ တပြိုင်ထဲဖြစ်လာတာလား
ဘဝဆိုတာ ကံစီမံရာနာခံနေကြရတာပဲလား ဒါဆိုရင်
ကိုယ်ပိုင်ဥာဏ်ဖြင့်စဉ်းစားဆင်ခြင်ပြီး ဝီရိယဖြင့်ကြိုးစား
ပြုလုပ်ပြောဆိုသမျှက ဘာအကျိုးမှမရှိတော့ဘူးလား
အကျွန်ုပ်သည် ကံစီမံရာမနာခံခဲ့ပါ အကျွန်ုပ်၏
ကံကို အကျွန်ုပ်ကိုယ်တိုင်ပြုလုပ်ခဲ့သည်သာဖြစ်၏ ကံ
ဇာတ်ဆရာအလိုကျ ဘဝဇာတ်ဆရာအလိုကျ ကပြသူ
တယောက်မဟုတ်ပါ
ကောင်းမှုမှန်သမျှအားလုံး အကျွန်ုပ်လုပ်ပါသည်
ကောင်းမှုမှန်သမျှအားလုံးသည် ကောင်းကျိုးကိုသာပေး
ပါသည် ကောင်းမှုမှန်သမျှအားလုံးတွင်အမှားအမှန်မရှိ
မည်သည့်အလုပ်မဆို အကုသိုလ်ဖြစ်က အကုသိုလ်
အကျိုးပေးမည်
လောကီအလုပ်တွင်လည်း ကောင်းမှုရှိသည်
စီးပွါးရေးတွင်လည်း ကောင်းမှုဖြင့်ရင်းနှီးလုပ်ကိုင်လျှင်
ကောင်းကျိုးပေးမည်ဖြစ်ပြီး မကောင်းမှုဖြင့်ရင်းနှီးလုပ်
ကိုင်ပါက မကောင်းကျိုးပေးမည်သာဖြစ်သည်
ဘယ်အရာသည်ကောင်းမှုဖြစ်ပါသလဲ?????
အကုသိုလ် မှန်သမျှ မကောင်းမှုဖြစ်ပြီး ကုသိုလ်မှန်သမျှ
ကောင်းမှုဖြစ်နေမည်သာဖြစ်၏

21/01/2018

အားလုံးပဲမင်္ဂလာပါ
ကျေးဇူးတင်ပါတယ်ဗျား

24/11/2017

(09)400911251 သို့ဆက်သွယ်နိုင်ပါသည်
ပညာပါရမီလောကီသင်ပညာသင်တန်းများ
CourseများDiscussionများ 24hoursလေ့လာနိုင်ပြီ
၁ - ဂမ္ဘီရပညာသင်တန်းCourseများ
၂ -လက္ခဏာပညာသင်တန်းCourseများ
၃ - ဗေဒင်ပညာသင်တန်းCourseများ
၎ - မနောမယပညာသင်တန်းCourseများ ကို
group ဖွဲ့ထားပြီး သင်တန်းကြေးပေးသွင်းသူများအား group members အဖြစ် group ဖွဲ့သင်ပေးနေပါပြီ
လောကီပညာရပ်များ မတိမ်ကောမပျောက်ပျက်
ရအောင် လက်ဆင့်ကမ်းသင်ယူပြီးပြန်လည်လက်ဆင့်
ကမ်းပေးခြင်းမျှသာဖြစ်ပါသည်

22/09/2017

ကန်တော့ပွဲလှူရာတွင်လာဘ်ငွေမဖြစ်မနေတင်ရန်
ဆရာအဘရသေ့၏မိန့်မှာထားချက်
ကန်တော့ပွဲပြင်ဆင်ပြီး ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ
အားရည်စူးပြီးတင်လှူရာတွင် အဓိကအကျွန်ုပ်နှင့်(၇)
ရက်သားသမီးများလိုအပ်ချက် လိုချင်နေသောအရာမှာ
ဥစ္စာ(ရွှေ ငွေ)နှင့် ပညာ သာဖြစ်တယ်ဒါကြောင့် လာဘ်
ငွေ မဖြစ်မနေတင်ပေးရမှာဖြစ်တယ်လို့ဆိုလိုပါတယ်

လောကအရေး - ပညာ (၂)မျိုး
၁ - အတန်းကျောင်းနှင့် ဘွဲ့ရပညာ
အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်ပါတယ်
၂ - ပညာထူး(ခ)ဂမ္ဘီရဆိုင်ရာနှင့် သိဒ္ဓိပြီးစီးခြင်းပညာ
ထူးခြားထက်မြက်အစွမ်းထက်သောပညာရပ်များဖြင့်
လောကီအကျိုးစီးပွါးသိသိသာသာ တိုးတက်ကောင်း
မွန်လာစေသောပညာရပ်များဖြစ်ပါတယ်
ပညာထူးများကို ပုဂ္ဂိုလ်ထူးများထံတွင် သင်ယူ
ကြရပြီး ကန်တော့ပွဲများဖြင့် သင်ယူခြင်းအစဉ်အလာ
ရှိပါကြောင်း
ဆရာအဘရသေ့သည် တောထဲတောင်ထဲဂူထဲ
များတွင်အနေများသူဖြစ်ပါတယ် လွန်ခဲ့သော(၂၅)နှစ်
ကျော်အကျွန်ုပ်နှင့်စပြီးဆုံခဲ့စဉ်က ဆရာအဘရသေ့
သည် အကျွန်ုပ်၏ဖခင်အား တစုံတယောက်မှ ပညာဖြင့်
အသက်အန္တရာယ်ပြုထားသည်ကို အိမ်အထိတိုင်ကြွပြီး
အသက်ကယ်ပေးထားဖူးသော အသက်သခင်ကျေးဇူး
ရှင်ဖြစ်ခဲ့ပါတယ်
ဆရာအဘရသေ့ အကျွန်ုပ်၏ဖခင်အိမ် မကြာ
ခဏကြွပြီး (၁)ပတ်(၁၀)ရက်အစရှိသဖြင့် အိမ်တွင်
ယာယီသတင်းသုံးနေထိုင်ရင်း ပညာများသင်ကြားပေး
ခဲ့ပါတယ် နံနက်(၂)နာရီကျော်(၃)နာရီခန့်မှာနေ့စဉ်ထပြီး
ပုဂ္ဂိုလ်များ ပင့်ဖိတ်ခြင်း ဘုရားဆွမ်းတော်ကပ်ခြင်း
ဘုရားရှိခိုး မေတ္တာပို့ သစ္စာ အဓိဌါန်ပြုခြင်း အမျှဝေခြင်း
အစီအရင်များစီရင်ခြင်း ပုတီးစိပ် တရားထိုင်နေ့စဉ်
ဝတ်မပျက် ကျင့်ကြံနေထိုင်သူဖြစ်ပါတယ်
ဆရာအဘရသေ့နဲ့စတွေ့ခဲ့စဉ်က ဆရာအဘရသေ့
သည် ကျောက်ကလပ်တွင်သီတင်းသုံးနေထိုင်စဉ်နေပါ
တယ် ကျောက်ကလပ်အဘရသေ့ လို့ မွန်ပြည်နယ်
ကရင်ပြည်နယ်တွင်မသိသူမရှိသလောက်နာမည်ကျော်
ကြားထင်ရှားခဲ့တာပါ ကျောက်ကလပ်အပေါ်စေတီမှာ
နေ့စဉ်တရားထိုင်ပြီးအောင်မြင်မှုကိုစမ်းသပ်သည့်အနေ
ဖြင့်ကျောက်ကလပ်အပေါ်မှ ခုန်ဆင်းရာဂွမ်းဆိုင်ကဲ့သို့
ဖြေးညှင်းစွာ မြေပေါ်သက်ဆင်းရောက်သည်ပြောပြခဲ့၏
ကျောက်ကလပ်စေတီ ပြုပြင်ပြီးနောက် ရသေ့ပျံဂူ
တွင် ပြောင်းရွှေ့သတင်းသုံးနေထိုင်ခဲ့တယ် ရသေ့ပျံဂူ
အထက်ပိုင်းတွင် ဆေးကျောက်ပြင်နဲ့ဆေးကြိတ်ရန်
ကျောက်တုံးခုထက်တိုင်ရှိနေပြီး ဇော်ဂျီများဆေးကြိတ်
နေရာဖြစ်တယ်ပြောပြပါတယ်
ယခုအခါ ဆရာအဘရသေ့သည် သထုံမြို့နယ်
ဝေဘူလတောင်ထိပ်တွင် သီတင်းသုံးနေထိုင်လျှက်
ရှိပြီး ဘုရားတည်ခြင်း ကျောင်းဆောက်ခြင်းများပြုလုပ်
ဆောင်ရွက်လျက်ရှိနေပါကြောင်း

20/09/2017

ပဉ္စဂုဏံအဟံဝန္ဒာမိ အာစရိယဂုဏံအဟံဝန္ဒာမိ သဗ္ဗဒါ
မြစလွယ်အမည်ခံဆရာကြီးဦးထင်ပေါ်၏စေတနာ
အစီအရင်အထမမြောက်ခြင်း မအောင်မြင်ဖြစ်တတ်ခြင်း
(၁) စီရင်သူ၏ အကုသိုလ်ကံကြောင့်အစီအရင်များ
စီရင်ရာတွင်မအောင်မြင်ဖြစ်တတ်ပါတယ်
- ဒါန သီလ သမထသမာဓိ စသည့်ကုသိုလ်ကောင်းမှု
များပြုလုပ်ခြင်း ရတနာမြတ်(၃)ပါးအားရှိခိုးပူဇော်ခြင်း
ဖြင့် အကုသိုလ်ကံကိုအောင်မြင်စေအောင်ပြုရမည်
(၂)နတ်တို့နှောင့်ယှက်ဖျက်ဆီးတတ်ခြင်း
- နတ်ဒေဝတာများကိုမေတ္တာပြုခြင်း ပူဇော်ပသမှု
ပြုလုပ်ခြင်းဖြင့် နတ်တို့ဖျက်ဆီးခြင်းကိုအောင်မြင်
စေအောင်ပြုလုပ်ရပါမည်
(၃)နည်းမှန်လမ်းမှန် မဟုတ်လျှင်မအောင်မြင်ခြင်း
- ဆရာကောင်းများ၏နည်းမှန်လမ်းမှန်ကိုရရှိအောင်
ကြိုးစားရှာဖွေဆည်းပူးလေ့လာသင်ယူရပါမည်
(၄)ဥာဏ် ဝီရိယ ညံ့ဖျင်း၍မအောင်မြင်ခြင်း
- မိမိတို့၏ ဥာဏ်ကိုအဖန်ဖန်စီစစ်ခြင်း ပညာရှိတို့နှင့်
နှီးနှောခြင်း ကျမ်းဂန်၏သဘောကိုစစ်ကျော
သုတ်သင်၍ အလွန်လျှင်ထက်သော ဝီရိယ သမာဓိ
တရားများနှင့် ပူးပေါင်း၍ကြံစည်လုပ်ဆောင်ခြင်းဖြင့်
အစီအရင်ကိုအောင်မြင်စေခြင်း
ဘုရားရှိခိုး အောင်မြင်စေခြင်းဆုတောင်း ဂါထာ
ဇယစက္ကော ဇယန္တောယော ဇယိတဗ္ဗေ ဇယာသနေ
ဇယာပေသိ ဇယေသီနံ ဇယံဒေတု ဇယုတ္တယော

20/09/2017

ပဉ္စ ဂုဏံ အဟံ ဝန္ဒာမိ အာစရိယဂုဏံအဟံဝန္ဒာမိသဗ္ဗဒါ
မူလကျမ်းရေးဆရာ၏စေတနာကိုဖေါ်ပြချက်
ကန်တော့ပွဲပြင်ဆင်နည်း တင်နည်း များစွာရှိခြင်း
ရှေးထုံးအစဉ်အလာရှိသည်မှာ ဆရာသည် မိမိပညာ
သင်ကြားပေးခဲ့သော မိမိတပည့်အရင်းအချာများက မိမိ
တို့၏ဆရာ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်များအား ကျေးဇူး
သိတတ်သောအားဖြင့် အုန်း ငှက်ပျော လက်ဖက် ကွမ်း
ဆေး တို့ဖြင့် ကန်တော့သည့်အစဉ်အလာရှိခဲ့သည်
မျက်မှောက်ခေတ်တွင် တပည့်များတို့သည် မိမိတို့
၏ ကျေးဇူးရှင်ဆရာသမားများအား လက်တွေ့အကျိုးပြု
စားသုံးနိုင်သော လူများစားသုံးသောပစ္စည်းများ အိမ်သုံး
ပစ္စည်းများ ဖြင့် ဘိလပ်ပွဲ ခေါ် ကန်တော့ပွဲကို အုန်းငှက်
ပျောကန်တော့ပွဲအစားထိုးသုံးလာကြပါတယ်

ဘိလပ်ကန်တော့ပွဲ ပြင်နည်း
(၁) ဆန် (၂)ဆီ (၃)ဆား (၄)ဆေး (၅)နို့ဆီ
(၆)သကြား (၇)ကော်ဖီမှုန့် (၈)သွားတိုက်ဆေး
(၉)သွားပွတ်တံ (၁၀)ဆပ်ပြာ (၁၁)မျက်နှာသုတ်ပုဝါ
(၁၂)ကြက်သွန် ငရုတ် ကအစအထုပ်ကြီး အထုပ်ငယ်
များထုပ်ကာ လင်ဗန်း ဇလုံတခုထဲတွင်ထည့်ပြီး မိမိ၏
ဆရာများအားကန်တော့သည့်ပွဲဖြစ်သည်

ဝိဇ္ဇာကန်တော့ပွဲ ပြင်နည်းတင်နည်း
(၁)အုန်းသီး (၂)ငှက်ပျောသီး-၃-ဖီး
(၃)ကွမ်း ကွမ်းသီး ထုံး ဆေး (၄)အောင်သပြေ
(၅)ဆီမီးတစ်တိုင် (၆)သောက်တော်ရေချမ်း
(၇)အခြားလှူဒါန်းဖွယ်ရာပစ္စည်းများ
အစရှိသည်များကို စတီးဇလုံ ကြွေဇလုံတခုခုဖြင့်ပြင်ပြီး
ဘုရား စေတီ ပုထိုး တစ်ဆူဆူ၏ရှေ့တော်၌၄င်း (သို့)
မိမိနေအိမ်ရှိဘုရားခန်းရှေ့၌၄င်း ပြုလုပ်နိုင်ပါသည်
နေ့ညအချိန်အခါမရွေး ပြုလုပ်နိုင်သည် အာရုဏ်ဦးနှင့်
မနက်ပိုင်း(၉)နာရီခန့် အချိန်အခါသည်အသင့်လျော်ဆုံး
သော အချိန်ကာလဖြစ်ပါ၏

ကန်တော့ပွဲတင်ခြင်း၏အကျိုးတရားများ
လောကီဝိဇ္ဇာဓရပညာအမှန်ကို သိမြင်တတ်ကျွမ်း
သည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့ကို ယုံကြည်လေးစား
ကြည်ညိုစိတ်တို့ဖြင့် ကန်တော့ပွဲတင်လှူတာဖြစ်ခြင်း
ကြောင့် အောက်ပါအကျိုးတရားများကို ရရှိခံစားရပါမည်
(၁)ပညာထူးကိုရရှိတတ်ခြင်း
(၂)ဆရာစစ် ဆရာမှန် ဆရာကောင်းတို့နှင့်တွေ့ရခြင်း
(၃)ဂမ္ဘီရသိပ္ပ ဝိဇ္ဇာဓရ လောကီအတတ်ပညာ ဟူသမျှကို
သင်ယူတတ်မြောက်လွယ်ကူခြင်း
(၄)ဘေးအန္တရာယ်အပေါင်းတို့မှ ကင်းစင်ကင်းဝေး
ကင်းပခြင်း
အကျိုးများ ရရှိခံစားရမည်ဖြစ်ပေသည်

02/08/2017

ဂမ္ဘီရပညာ နှင့် ဂမ္ဘီရနယ်မြေ
ဂမ္ဘီရပညာဆိုတာ ဂမ္ဘီရနယ်မြေ၌ တည်ရှိနေကြ
သော အတတ်ပညာများ တန်ခိုးအစွမ်းသတ္တိများ သိဒ္ဓိ
များကို နားလည်ခြင်းတတ်မြောက်ခြင်းပင်ဖြစ်သည်
အတတ်ပညာတခုဟုဆိုရမည်ပင်ဖြစ်သည် ဂမ္ဘီရပညာ
တတ်မြောက်ဖို့ အစီအရင်များ ပြုလုပ်တတ်ရပါမည်
အသုံးပြုတတ်ရပါမည် အစီအရင်များ ပြုလုပ်တတ်
အသုံးပြုတတ်မှသာ ဂမ္ဘီရနယ်မြေကိုဆက်သွယ်နိုင်ပြီး
ဂမ္ဘီရပညာကိုသင်ယူရရှိနိုင်မှာဖြစ်ပါတယ်
ဂမ္ဘီရနယ်မြေဟူသည်ကား ဤစကြာဝဠာတစ်ခု
လုံးကိုဆိုလိုပေသည် ဘုံအားဖြင့်(၃၁)ဘုံရှိရာတွင်(၃၁)
ဘုံလုံးကိုဂမ္ဘီရနယ်မြေဟုဆိုရမည်ပင်ဖြစ်သည် နယ်မြေ
အားလုံးနှင့်ဆိုင်ရာဆိုင်ရာများအားလုံးနှင့်ပတ်သက်
ဆက်နွှယ်ပြီးသင်ယူရသည့်ပညာပင်ဖြစ်သည် ဂမ္ဘီရ
ပညာတကယ်တတ်မြောက်ကျွမ်းကျင်ပြီးမြောက်သူ
ဖြစ်ပါက စကြာဝဠာတခွင် အပိတ်အပင် အတားအဆီး
အားလုံးကိုရင်ဆိုင်ကျော်လွှားပြီး မည်သည့်အရာတွင်
မဆိုအောင်မြင်ပြီးမြောက်သိဒ္ဓိရောက်မည်မှာဧကန်
အမှန်ပင်ဖြစ်ပါကြောင်း

01/08/2017

message-မက်ဆေ့-ပို့ပြီးမေးမြန်းဆွေးနွေးတိုင်ပင်ပါ
ဗေဒင်မေးချင်သူများ
ဗေဒင်ပညာနှင့်ဥာဏ်ပညာဖြင့်အရာရာကိုတွန်းလှန်
ကာကွယ်ခြင်းPageမှဆက်သွယ်ပေးပါ

ဂမ္ဘီရ အစီအရင်များအလိုရှိပါက
ဂမ္ဘီရပညာဖြင့်လိုအင်ဆန္ဒများနှင့်အရာရာကို
အောင်မြင်ပြီးစီးစေခြင်းPageမှဆက်သွယ်ပေးပါ

မနောမယပညာဖြင့်အကျိုးရရှိလိုလျှင်
မနောမယပညာ လောကီအကျိုးစီးပွါရရှိအောင်အကျိုး
ပြုသောမနောမယပညာPageမှဆက်သွယ်ပေးပါ

ယတြာသီးသန့်အလိုရှိသူများ
ယတြာ ဆိုးကျိုးချေဖျက် ကောင်းကျိုးဆက် ထက်မြက်
ယတြာ စီရင်မှာPageမှဆက်သွယ်ပေးပါ

မေတ္တာရပ်ခံမေတ္တာခံယူလျက်လေးစားစွာဖြင့်
ဆရာရွှေလင်းအောင်မနောမယပညာရှင်
၇ ရက်သားသမီးများအကျိုးကို
Onlineမှဆောင်ရွက်ပေးနေပါသည်

Address

Shwetigon Pagoda Road
Yangon
108108

Website

Alerts

Be the first to know and let us send you an email when ရွှေစကြာ ယိုးဒယားအထည်အမျိုးမျိုးလက်လီ/လက်ကားOnline Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category